Friday, March 26, 2010
Subscribe to:
Post Comments (Atom)
၁၉၇၀ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် မွေးဖွား။ ၁၉၉၅ တွင် ဆေးတက္ကသိုလ် (၂) မှ M.B.,B.S ဘွဲ့ရ။ ၁၉၉၆ စက်တင်ဘာမှ ၁၉၉၇ ဖေဖော်ဝါရီအထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်။ ၁၉၉၆ နိုဝင်ဘာမှ ၂၀၀၅ ဇွန်အထိ မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်။ ၂၀၀၅ ဇူလိုင် ၁ ရက်တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ။ ၂၀၀၆ ဇန်န၀ါရီမှ ၂၀၁၄ ဧပြီအထိ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းတွင် ဒု-ဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့။ ရွှေဝါရောင်သံဃာများ မေတ္တာပို့ စီတန်းလမ်းလျှောက်သည့် ၁၈-၉-၂၀၀၇ တွင် ဘလော့ဂ်တင်ဆက်မှု စတင်။
2 comments:
အပြုသဘောနဲ့ ပြောရင် လက်ခံပါတယ်..ဒါပေမဲ့ ဘုန်းကြီးတပါး အနေနဲ့ ခြိမ်းခြောက် ပြောဆိုတာမျိုး မဖြစ်သင့်ဘူး..
NLD ဆိုတာ ပြည်သူအတွက်ဘာအလုပ်မှမလုပ်လို့  ပြည်တွင်းက ပြည်သူက ရှိတယ်လို့ တောင်မထင်ကြတော့ပါဘူးဘုရား။
ပြည်ပမီဒီယာက အထူးသဖြင့် ဘီဘီစီက အော်ပေးနေလို့ သာ ခပ်ရေးရေး ခပ်ဝါးဝါးပဲ ပြည်သူက သိနေကြတာကြာပါပြီ။
ဒီတော့ ရွေးကောက်ပွဲ ၀င်ဝင် မ၀င်ဝင် ပါတီရှိချင်ရှိ မရှိချင်နေ ပြည်သူအတွက်ဘာမှအဓိပ္ပါယ်မရှိ အရေးမပါတော့ပါဘူး။
မြန်မာ့နိုင်ငံရေးလောကဟာ လေထဲမှာပဲ လုပ်နေကြတဲ့ လေထဲတိုက်ဆောက်နေတဲ့ လောကဖြစ်သွားပါပြီ။ စစ်အစိုးရက သူ့ ဝသွအတိုင်းသူ့ ခံယူချက်အတိုင်း လေနဲ့ မဟုတ်ပဲလက်တွေ့ ပြပါတယ်။ နိုင်ငံရေးသမား တော်လှန်ရေးသမားတွေသာ လေနဲ့ ပဲ လုပ်နေတာ အနှစ်၂၀ ရှိသွားပါပြီ။ ဒါကြောင့် ကြာလေကြာလေ ပြည်သူက ယုံကြည်မှုကင်းလာလေပါပဲ။
ဒါကို မယုံရင် ဒီတခါ ၀င်ပြိုင်ရင် သေချာပေါက်ရှုံးမှာပါ။
မပြိုင်ရင်တော့ နဲနဲတော့ ပြောအားရှိတာပေါ့။
ဒါပေမယ့်လဲ နယ်စပ်တွေက သူပုန်အဖွဲ့အစည်းတွေလိုဖြစ်သွားမှာပါ။
မြန်မာ့အရေးကို ကမ္ဘာက သိပ်စိတ်မ၀င်စားတာ မြေအောက်အဖွဲ့ အစည်းတွေရဲ့ ပြောစကားမို့ ကမ္ဘာက ချင့်ချိန်လုပ်နေတာပါ။
လူ့ အခွင်းရေးချိုးဖောက်မှုတွေကို ခဏခဏအစီရင်ခံစာ တင်နေတာပဲ။
ဘာလို့ မအောင်မြင်လဲဆိုတော့ တရားဝင်အဖွဲ့ အစည်းမဟုတ်တဲ့ သူပုန်တွေဆီက သတင်းမို့ လို့  ကမ္ဘာကအရမ်းမယုံရဲကြတာပါ။ NLD ရဲ့ စကားလဲ နောက်အဲလိုဖြစ်သွားမှာပါ။
စိတ်မကောင်းပါဘူး။
Post a Comment