ရဲဘော်ဗိုလ်သူ
စစ်အုပ်စု နိုင့်ထက်စီနင်း ထုတ်ပြန်လာတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေက NLD ဘာလုပ်မလဲလို့ စိန်ခေါ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ထိုးနှက်မှုကြောင့် NLD ပါတီတွင်း ရှေ့ ဘယ်လိုရပ်တည်မလဲ၊ သဘောထားကွဲလွဲမှုတွေ ထုံးစံအတိုင်းရှိခဲ့ပေမယ့် “ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်နဲ့ ရွှေဂုံတိုင်ကြေညာ စာတမ်းကို အခိုင်အမာ ဆုပ်ကိုင်ရင်း အညံ့မခံ အရှုံးမပေးတဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ချမှတ်လိုက်ပါပြီ။
ဒါဟာ စစ်အုပ်စုရဲ့ စိန်ခေါ်မှုကို “မှတ်ပုံမတင်ဘူး၊ ဘာလုပ်မလဲ” ဆိုတဲ့ စိန်ခေါ်မှုနဲ့ တုန့်ပြန်လိုက်တာပဲဖြစ်ပါ တယ်။ ခုလောက်ညီညွတ်ကြမှာမဟုတ်ဘူးလို့ တွေးထင်ပြီး ရည်ရွယ်ချက်ရှိရှိ NLD ပြိုကွဲအောင်လုပ်ခဲ့ပေမယ့် ဒီလို မပြိုမကွဲ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တော့ စစ်အုပ်စု နည်းနည်းတော့ ပြာယာခတ်သွားမှာပါ။ ဒါပေ မယ့် ဒီလိုဖြစ်လာရင် ဘာလုပ်မလဲဆိုတဲ့ ကြိုပြင်ထားတာမျိုးလည်း ရှိချင်ရှိမှာပါ။ သူတို့ရဲ့ထုံးစံအတိုင်း တက် ကြွသူတွေကို ဖမ်းမယ်၊ မတရားအသင်း ကြေညာမယ်၊ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချခိုင်းမယ်၊ အနိုင်ကျင့်မှုမျိုးစုံ ကို ကောက်ကျစ်တဲ့ နည်းလမ်းစုံသုံးပြီး လုပ်လာမယ်။ ကြံ့ဖွတ်တွေ၊ ရာဇ၀တ်သားတွေကို သုံးပြီး NLD အဖွဲ့ဝင် တွေကို ၀ိုင်းရိုက်တာမျိုးတွေ လုပ်လာမယ်။ ပြီးတော့ NLD ထဲက မှတ်ပုံတင်ချင်တဲ့ လူကြောက်တွေ၊ ရွေး ကောက်ပွဲဝင်ချင်တဲ့ အခွင့်ရေးသမားတွေကို မြှောက်ပေးပြီး အနိမ့်ဆုံးအဆင့် NLD က နှုတ်ထွက်ပါသည် ဆို တာမျိုး လုပ်ခိုင်းနိုင်ပါတယ်။
NLD အနေနဲ့လည်း ရှေ့လုပ်ငန်းစဉ်တွေ ပြင်ရပါတော့မယ်။ စစ်အုပ်စုရဲ့ မတရားတဲ့ ဥပဒေတွေအောက်မှာ ပါ တီမှတ်ပုံမတင်ဘူး၊ တင်စရာမလိုတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ စောင့်ကြည့်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာ ဗမာပြည် ပြည်သူလူထုကြားမှာ ဒီမိုကရေစီအင်အားစုတွေကြားမှာ ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက်သာဖြစ်ပါ တယ်။ အဲဒီရပ်တည်ချက် ခိုင်မာကြောင်းပြဖို့၊ ရန်ပြုလာမယ့် စစ်အုပ်စုကိုကာကွယ်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ရ ပါမယ်။
ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်တွေကို ကြွေးကြော်သံအဖြစ်ကိုင်ဆွဲရင်း လူထုကို ဦးဆောင်ရပါမယ်။ NLD ဟာ လူထုဦးဆောင်ပါတီ၊ လူထုရှေ့က တပ်ဦးပါတီ ဖြစ်နေရပါမယ်။ စစ်အုပ်စုက ဖိနှိပ်မှုမျိုးစုံ လုပ်လာခဲ့ရင် နယ်စပ်ကို ထွက်လာတာမျိုးမဖြစ်ဖို့တော့ သတိထားရပါမယ်။ ကိုယ်က နယ်စပ်မှာနေပြီး ဒီလိုပြောရတာ NLD ကို အားနာမှုများစွာနဲ့ တောင်းပန်ပါတယ်။ စစ်အုပ်စုက နယ်စပ်က တော်လှန်ရေးအင်အားစုတွေကို လက် ရှိ အခြေအနေမှာ ဂရုကိုမစိုက်ပါဘူး။ ပြည်သူလူထုအုံကြွမှာနဲ့ ငြိမ်းချမ်းရေးရထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြန်တိုက်မှာပဲ ဂရုစိုက်တာပါ။ လူတွေ နယ်စပ်ကိုထွက်တာ တခြားနိုင်ငံတွေကို ခိုလှုံတာ စစ်အုပ်စုအကြိုက်ပါ။ နယ်စပ်ရောက်သွားပြီးရင် တော်လှန်ရေးအလုပ်ထက် ဘ၀ရပ်တည်ရေးအလုပ်တွေပဲ လုပ်ဖြစ်သွားကြတာများ ပါတယ်။
လက်ရှိ နယ်စပ်တွေမှာ ရှိနေကြတဲ့ နိုင်ငံရေးသမားဆိုသူ အများစုဟာ အလုပ်သမားရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ကလေးအခွင့်အရေး၊ အမျိုးသမီးအရေး ... စသဖြင့် ခေါင်းစဉ်တွေပြ၊ NGO တွေနဲ့ပေါင်းပြီး ကိုယ့်ရပ်တည် ရေးအတွက် ကိုယ်လုပ်နေကြတာများပါတယ်။ လင်မယားနှစ်ယောက်ရှိရင် လင်က တဖွဲ့၊ မယားက တဖွဲ့၊ လင် မယားနှစ်ယောက်ပေါင်းပြီး တပ်ပေါင်းစုရယ်လို့ တဖွဲ့၊ နှစ်ယောက်ရှိရင် သုံးဖွဲ့ ဖွဲ့ပြီး လစာထုတ်စားနေကြတဲ့ လ ခစား နိုင်ငံရေးသမားတွေ များပါတယ် (မှန်မှန်ကန်ကန် တိုက်ပွဲဝင်နေသူတွေကို မပြောပါ)။
ဒါကြောင့် စစ်အုပ်စုက နယ်စပ်က လူတွေကို မကြောက်ပါဘူး။ ပြည်တွင်းထဲက NLD အဖွဲ့ဝင်တွေကိုတော့ လူ ငယ်လေးတွေကအစ သူတို့ ကြောက်ပါတယ်။ ပြည်သူတွေနဲ့ ထိတွေ့နေပြီး ပြည်သူ့အုံကြွမှုကို ဦးဆောင်နိုင် မယ့်သူတွေ ဖြစ်သွားမှာ စိုးရိမ်လို့ပါ။ ဗမာပြည် အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား (၂၁၀၀) ကျော်မှာ NLD အဖွဲ့ဝင် (၅၀၀) နီးပါးရှိနေတာ လူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့ NLD ကို စစ် အုပ်စု တလျှောက်လုံး ကြောက်နေခဲ့လို့ပါ။ အဲဒီတော့ အဖမ်းခံစရာရှိ ရဲရဲအဖမ်းခံ၊ သေစရာရှိ ရဲရဲသေပြီး ပြည် တွင်းမှာပဲ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ရင်း ဖြတ်သန်းဖို့၊ ပြည်သူကို ဦးဆောင်မှုပေးဖို့ အားနာနာနဲ့ပဲ တောင်း ဆိုပါရစေ။
“ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုသည်” လို့ တဆက်တည်း ဆုံး ဖြတ်ခဲ့တာ ဒီကနေ့အဖြေအနေနဲ့ အကိုက်ညီဆုံး တောင်းဆိုမှုပါ။ အရေးကြီးတာက တောင်းဆိုမှုက အချိန်အ ကန့်အသတ် လိုနေပါတယ်။ ပြီးရင် အဲဒီအချိန်အတွင်း တောင်းဆိုမှုကို မလိုက်လျောရင် ဘာလုပ်မလဲဆိုတာ ပါ။ ကြိုတင်ပြင်ထားဖို့လိုပါတယ်။ တောင်းဆိုနေရုံသက်သက်ဆိုရင်တော့ စစ်အုပ်စုက မလိုက်လျောတတ်ဖူး ဆိုတာ (၂၁) နှစ်စာ အတွေ့အကြုံတွေကနေ သိသင့်ပါပြီ။ တိုက်ပွဲနဲ့ တောင်းဆိုမှရမှာပါ။
ကျနော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံးကလည်း NLD ကို တပ်ဦးတင် လိုက်ပါဖို့ လိုပါတယ်။ စစ်အုပ်စု က NLD ကို (၂၁) နှစ်တာကာလ တလျှောက်လုံး နှိပ်ကွပ်ခဲ့သလို ခုလည်း အရင်ထက်ဆိုးတဲ့ နှိပ်ကွပ်မှုတွေနဲ့ တုန့်ပြန်လာတော့မှာပါ။ ခုချိန်မှာ NLD အရေးဟာ ပြည်သူ့အရေးပါ။ NLD ဖြိုခွဲခံရရင် ကျနော်တို့တော်လှန်ရေး ကြာသထက်ကြာနေဦးမှာပါ။ “စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ ပါတီမှတ်ပုံတင်ဖို့မလိုပါ” ဆို တဲ့ NLD ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါသည်ဆိုတာမျိုး၊ ကြေညာချက်တွေ ထုတ်နေရုံသာမဟုတ်ပဲ NLD နှင့်ထပ်တူ ထိထိရောက်ရောက် တိုက်ပွဲဝင်မှုမျိုး လုပ်ကြရပါတော့မယ်။ ၂၀၁၀ လူထုတိုက်ပွဲကြီး လူထုအရေး တော်ပုံကြီးဆင်နွှဲဖို့ အချိန်ကျပါပြီ။ ဦးဆောင်ရမှာက NLD ပါ။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။
ယုံကြည်ချက်ဖြင့် ...
ရဲဘော်ဗိုလ်သူ
3 comments:
၂၀၁၀ စက်တင်ဘာလ ..........
........စစ်အစိုးရ က လက် ရှိ NLD ကို ဖျက် သိမ်း ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ထဲ ပို. လိုက်သည်။
................NLD အ မည် သစ် ဖြင့် ယ ခင် NLD မှ ထွက် လာသူ များ ကအစိုးရ အထောက် အ ပံ့ ဖြင့် မှတ်ပုံတင် လိုက်ကြသည်။
...............ဦးဝင်းတင် ဦး ဆောင် ၍ တစ်ချို့ အစိတ်အပိုင်း များ က လက်နက် (၃)
မျိုးကိုင်စွဲကာ လွတ် မြောက် န ယ် မြေ မှ မ သေမ ချ င်းဆန့်ကျင် မည် ဟု ကြေညာ လိုက် ရာစစ်အစိုးရက
မြ၀ တီ န ယ် စပ် အထိ ပို. ဆောင်ပေး လိုက် သည်။
..........စစ်အစိုးရက .၀အဖွဲ့ ၊ ကချင် အဖွဲ့ ၊ ရှမ်းအဖွဲ့ ၊နှင့် မွန်အဖွဲ့ တို့ ကို မတရား အသင်း အဖြစ် ကြေညာ ၍ စစ်လေယာဉ် များ ပါဝင် သော တပ်များ ဖြင့် တိုက်ခိုက်ရာ နေ့ စဉ်နှစ်ဘက် အကျအဆုံး များလျှက်ရှိ သည်။.
..........နယ် စပ် မြို့.များတွင်.တိုက်ပွဲ.များ ဖြစ်ပွား နေ ၍ ကုန် သွယ်ရေး ရပ်ဆိုင်း သွားပြီး ကုန်ဈေး နှုန်း များ အ ဆ မ တန် မြင့် မား၍ ဗုံးများ မကြာခဏ ပေါက်ကွဲ နေ သည်။
.............. .မြို့.များတွင် လည်း NLD ကိုထောက်ခံ သူများက ဆန္ဒပြ လျှက်ရှိ ကြ ရာ အစိုးရ က ပစ်ခတ် ဖြို ခွဲ ၍ (၂) ပတ် အ တွ င်း ၁၅၀ ခန့် သေဆုံးသွား သည် ဟု သတင်းများ ထွက် ပေါ် လျှက်ရှိ သည်။
.................ကုလသမဂ္ဂ အမေရိကန် အီးယူ နှင့်အာဆီယံ တို့က လည်း " အ ထူး စိုး ရိမ် ကြောင်း " ကြေညာ ချက် များ ထုတ်ပြန် ကြ သည်။
................... ပြည်ပ ရှိ စစ်အစိုးရသံရုံး များ ရှေ့ တွ င် ထုံးစံအတိုင်း ဆန္ဒပြ ကြ ပြီး အ ချို့ က ဖိနပ်များ ဖြင့် ပစ် ပေါက်လျှက်ရှိ ကြ သည်။
....................ပြည်ပ အတိုက်အခံ အင်အားစု ဆို သူများက လည်း ဆန်း သစ် သော စိတ် ကူး များ ဖြင့် ဆို သော ယခင် proposal များ ကို တင် ၍ ငွေကြေးတောင်း ခံ လျှက်ရှိ ကြ သည်။
....................၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာ ကွ ယ် ရ န် စစ် တပ် ၏ ပစ်ခတ် နှိမ် နင်း မှု ကို ထောက်ခံ ကြောင်း ပြည် တွင်း ရှိ မှတ်ပုံတင် ထားသော ပါတီ များ က ကြေညာ ချက် များ ထုတ်ပြန် ကြ သည်။
သေ ကုန် အောင်ေ မြှာက်ပေးနေတယ်..." This will never happen"
ရဲဘော်ဗိုလ်သူ...
မဖြစ်နိုင်တာတွေစိတ်ကူယဉ်ပြီးလျှောက်ပြောမနေနဲ့တော့။ခင်ဗျားပြောသလိုဆို ဖြစ်ချင်ရာဖြစ်၊ အစီုးရကိုတော်လှန်၊ နောက်ဆုံး NLD အာဏာရတဲ့အထိ အစီုးရဆန့်ကျင်ရေးလုပ်။ အဲ တစ်ခုခုဖြစ်ရင်တော့ နယ်စပ်ကိုမလာနဲ့၊ ထောင်ထဲမှာဘဲအနှိပ် စက်၊ အညှင်းပန်းခံ။ အသေခံ။ နယ်စပ်မှာ ခွင်ကျပ်နေပြီ။ ဆိုတဲ့သဘောဖြစ်နေပြီ။
ခင်ဗျားတောင်ကြောက်လို့နယ်စပ်မှာနေပြီး ကျန်ခဲ့တဲ့ သူတွေကြတော့ သေသေ၊ ကြေကြေ အနှိပ်ဆက် အညှင်းပန်းခံပြီး NLD က အင်္ဂလိပ်ကုလားဖြူမယား (ဒေါ်စုကြည်)နဲ့အပေါင်းပါများ အာဏာရတဲ့ အထိ အသေခံပြီးလုပ်ကြဆိုပြီးပြောနေတော့.....
ဒီလိုလုပ်ကွာ...
လွဏ်ဆွေဝက်ဆိုက်ဒ်ကလည်းရှိနေဦးမှာဆိုတော့...
တိုင်းပြည်နဲ့လူထုရဲ့ တကယ့်ဆုံးဖြတ်ချက်ကို မင်းသတ်တိရှိရှိနဲ့ ယုံကြည်တယ်ဆိုရင်... 2010 ရွေူကောက်ပွဲအပြီးမှာ မင်း ဆောင်းပါးလေးတစ်ပုဒ် လောက်ထပ်ရေးပါလား။ ဘာအကြောင်းလဲဆိုတော့ NLD က မင်းပြောသလိုလူထုဦးဆောင် ပါတီ ဟုတ်/မဟုတ် ကိုပေါ့ကွာ။
မင်းပြောသလို NLD က လူထုဦးဆောင်ပါတီဆိုရင် ပြည်သူတွေ က အခုအရွေးကောက်ပွဲမှာ မဲမပေးဘဲ သပိတ်မှောက်မှာပေါ့။ အဲလူထုက2010 ရွေးကောက် ပွဲမှာအားပါးတရနဲ့တခဲနက်မဲပေးရင်တော့ မင်းပြော သလို NLD က လူထုဦးဆောင်ပါတီမဟုတ် တော့ဘူး ပေါ့ကွာ။ ဘယ်နဲ့လဲ။
Post a Comment