Sunday, March 14, 2010

ပြည်တွင်း၌ ပြည်သူ့အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းရန် ဖုန်းမော်နေ့ တိုက်တွန်း ချက်ကို MPU ထောက်ခံ

ပြည်တွင်း၌ ပြည်သူ့အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းရန်
ဖုန်းမော်နေ့ တိုက်တွန်းချက်ကို MPU ထောက်ခံ

သတင်းနှင့် ဓာတ်ပုံ - ကိုလတ်

လွတ်မြောက်နယ်မြေတွင် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် MPU (Members of Parliament Union) က ယနေ့ မတ်လ (၁၄) ရက် တနင်္ဂနွေနေ့ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ “နအဖထုတ်ပြန်သည့် ၂၀၁၀ ပြည့်နှစ် အ ထွေထွေရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအပေါ် ဆန့်ကျင်ရှုတ်ချမှု ရှင်းလင်းပွဲ” ကို ဖဒိုမန်းရှာလားဖန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှင်းလင်းပွဲတွင် MPU အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ ဥပဒေများအပေါ် ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲရလဒ် ပျက်ပြယ်ခြင်းမရှိကြောင်း တရားဝင် ထုတ်ပြန်အသိပေးကြေညာသည်။ ထို့ နောက် တက်ရောက်လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သူတို့၏ အမြင်များ၊ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအ နေများကို လွတ်လပ်ပွင့်လင်းစွာ အကျယ်တ၀င့် သုံးသပ်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် MPU (Members of Parliament Union) မှ တာဝန်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မတ်လ (၁၃) ရက် ဖုန်းမော်နေ့အခမ်းအနားတွင် တိုက်တွန်းခဲ့သည့် “လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ် တော်ကိုယ်စားပြုကော်မတီ (CRPP) ကို လည်းကောင်း (သို့မဟုတ်) တာဝန်သိသည့် တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များကိုလည်းကောင်း ပြည်သူ့အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်းကြောင်း၊ ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရကို တခဲနက် ထောက်ခံအားပေးမည်ဖြစ်ကြောင်း” ထုတ်ပြန်ကြေညာချက်ကို ထောက်ခံကြောင်း နှင့် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီတိုက်ပွဲဝင် အဖွဲ့အစည်းအသီးသီးအနေနှင့်လည်း တိုက်တွန်းထောက်ခံကြစေ လိုကြောင်း မေတ္တာရပ်ခံပန်ကြားခဲ့သည်။

10 comments:

Unknown said...

we are fully support and then really proud of all of you. From '8888's mumber

Unity To Fight Dictatorship said...

ထောက်ခံရုံအပြင်ကော အမ်ပီယူတွေက တိုင်းပြည် ပြောင်းလဲအောင် ဘာလုပ်မယ်များစဉ်းစားကြလဲ မသိ ဘူး။ လူထုရွေးချယ်တင်မြှောက်တာခံထားရသူတွေ ဟာသူများနောက်ကလိုက်ထောက်ခံရုံတင်မဟုတ်ပဲ ကိုယ်တိုင်လဲ ထိထိရောက်ရောက်လူထုရှေ့ကရပ်ဘို့ လိုမယ်။ ဘာလုပ်ကြမှာလဲ။ ထောက်ခံကြောင်း ကြေညာဘို့လောက်ပါပဲ ဒီအမတ်တွေက တတ်ကြ လား။

ခင်မင်းဇော် said...

တကယ်ရူးနေတာ နအဖပါ အမ်အာ ရယ်။ အာဏာအတင်းလုယူပြီးပေးရမှာကြောက်လို့ ဥပဒေအရ အာဏာတည်တဲ့အမိန့်တွေထုတ် ပြီး အဲဒါကို နောက်ထပ် ဥပဒေအရအာဏာတည်တဲ့အမိန့်နဲ့ ထပ်ဖျက်နဲ့ သိပ်သနားစရာကောင်းတယ် ။ ရူးချက်က ကမ်းကုန်တယ် ဆိုတဲ့ နအဖပေါ့ကွယ်။

UTFD ရေ..နင်တို့လို ဘေးထိုင်ဘုပြောတွေကို အသေးစိတ် ပြောစရာမလိုဘူး ထင်တယ်။ ဒါ့ကြောင့် ကျေညာချက်လောက်ပဲ ပေးသိစေတာပေါ့။

Unknown said...

ကြေငြာချက်ထုတ်တာကလည်း နှစ် ၂၀ ရှိပြီ...မလုပ်နိုင်ရင်လည်း မလုပ်နိုင်ဘူးပေါ့...

Unknown said...

I really agree with UTFD, what they can do is that's it. When they used to have 50,000 soldiers along the border last two decades, they couldn't control the army, now a day they don't have any soldiers what can they do??? statements, go international trips and protest in the third countries........

Unity To Fight Dictatorship said...

အဲ့ဒီလိုဘာမှလဲမသိ၊ ကိုယ်ကျိုးရှာဘို့ သတင်းဌာနမှာလုပ်တာလောက်ကို နိုင်ငံကိုကယ်တင်နေတယ်ထင်ပြီး အရင် မဆလ-နအဖစိတ်ဓါတ်ဖြစ်တဲ့ ဖေါ်လံဖါး ကိုယ်ကျိုးရှာ နေတဲ့သူတွေများလို့ ပြောင်းလဲမှုဆိုတာ မဖြစ်သေး တာ။ သူများဘာလုပ်နေမှန်းမသိပဲနဲ့ ဘေးထိုင်ဘုပြော ပြောတယ်ထင်နေတာက အသိဥာဏ်ကင်းမဲ့တဲ့ ဖဲသမားမယားစိတ်ဓါတ် လောက်ပဲရှိတာ။
ဦးနှောက်ကိုသုံးပြီး စဉ်းစားပါ။ ဘာပြောနေတာလဲဆိုတာကို။ ထောက်ခံနေရုံနဲ့မပြီးဘူး။ အားလုံးဝိုင်းလုပ်မှရမယ်ဆိုတဲ့အနက်ကို မသိတတ်ပဲနဲ့ ကိုယ့်အကြောင်းကိုယ်ပဲ မြှောက်ထင်ပေါ်အောင်ရေးပါဗျာ။

ခင်မင်းဇော် said...

UTFD
နင့်လို အမှောင်ထဲက ကိုယ့်ကိုယ်ကိုယ်တောင် မဖေါ်ရဲတဲ့ ကောင်ကရော နိုင်ငံကို ဘယ်လိုကယ်တင်ပေးဦးမလဲ ။
ကိုယ့်အကြောင်းကိုယ်ရေးနိုင်လောက်အောင်လဲ လုပ်ပြပါဦးနော်....

Unity To Fight Dictatorship said...

အများအတွက်လုပ်တာလား၊ ကိုယ့်အကြောင်းကိုရေး ဘို့လုပ်တာလားကို မစဉ်းစားတတ်တဲ့ခွေးတွေနဲ့ ဖက် ကိုက်ဘို့မရှိပါကြောင်း။

Unity To Fight Dictatorship said...

တခုတော့ပြောချင်တယ်ဗျာ။ မစဉ်းစားတတ်ပြည်တွင်း လုပ်ငန်းအကြောင်းလဲမသိတတ်တဲ့ ဖေါ်လန်ဖါးကိုကျိုးရှာရေ။ ခင်ဗျားယောင်္ကျားက အောက်ကရဲဘော်တွေကို ဂရုမစိုက်ပဲဖဲရိုက်ကောင်း နေတဲ့အချိန်မှာ ကျွန်တော်တို့က အောက်ခြေရဲဘော် တွေကို ဘေးလွတ်ရာရွှေ့ထုတ်နေရတယ်။
ဒီဘက်မှာ လုပ်စားကောင်းရုံအမည်လိုက်ကြေညာနေ တဲ့ထဲမှာတော့ ကျွန်တော်တို့ ဘယ်တော့မှမပါမှာ သေချာပါတယ်။ သူတော်ချင်းချင်းသူတင်းလွေ့လွေ့ တွေပဲ ပေါင်းဖြစ်ကြတာကိုး။

ခင်မင်းဇော် said...

UTFD

ကိုယ့်ကိုယ်ကိုယ်တောင် လူသိမခံရဲတဲ့ လူလိမ်လူညာတယောက်ရဲ့ စကားနဲ့ အလင်းထဲက ကိုယ်ထင်ပြ အလုပ်လုပ်နေသူတယောက်ရဲ့ စကား ဘယ်သူ ယုံမယ်ဆိုတာကတော့ ခေါင်းရှိသူတိုင်း နားလည်နိုင်ပါတယ်။
ဒီလောက်ပြန်ပြောမိတာတောင် ကိုယ့်ကိုယ်ကိုယ် အားနာမိပါတယ်။ ကိုယ်အလုပ် ကိုယ်ဆက်လုပ်နေဦးမှာပါ။ ရှင်လဲ ရှင့်အလုပ်ဆိုတာကို ဦးနှောက်သုံးပြီးလုပ်ပါ။ ရှင့်အသုံးမကျမှုကြောင့် ဘယ်သူတွေနစ်နာခဲ့တယ်ဆိုတာ ပြန်တွေးပါ။ လူတွေရှေ့မှာ မားမားရပ်ပြနိုင်တဲ့ လူဖြစ်အောင် အရင်ကြိုးစားပါ။