Sunday, March 7, 2010

အလုပ်သမားတော်လှန်ရေးမှသည် လူထုအရေးတော်ပုံသို့ ...

အလုပ်သမားတော်လှန်ရေးမှသည် လူထုအရေးတော်ပုံသို့ ...
ဗိုလ်သူ

တရွေ့ရွေ့ပြောင်းလဲခြင်းများစုစည်းရာမှ တဟုန်ထိုးပြောင်းလဲခြင်းဖြစ်စေ၏…။ ဒါဆိုရင် တနေရာပြီးတနေရာ ဆက်တိုက်ဖြစ်လာနေတဲ့ အလုပ်သမားဆန္ဒပြပွဲတွေကနေ ရန်ကုန်တမြို့လုံးနေရာစုံ လုပ်ငန်းစုံက အလုပ်သ မားတွေရဲ့ဆန္ဒပြပွဲတွေ ဆက်ဖြစ်မလာနိုင်ဘူးလား။ တနိုင်ငံလုံးက အလုပ်သမားတွေရဲ့ဆန္ဒပြပွဲတွေ ဆက်ဖြစ် မလာနိုင်ဘူးလား။ အလုပ်သမားတွေသာမက လယ်သမားတွေ၊ ၀န်ထမ်းတွေ၊ ငတ်မွတ်နေတဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ရဲတွေ၊ တပ်မတော်သားတွေပါဝင်တဲ့ အလွှာစုံ လူထုအုံကြွမှုအရေးတော် ပုံကြီး ဆက်ဖြစ်မလာနိုင်ဘူးလား။

ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနဲ့ ၂၀၀၇ စက်တင်ဘာအရေးတော်ပုံတွေဟာ လည်း ဒီလိုဆင့်ကဲဖြစ်စဉ်တွေ ပေါင်းစည်းပြီး ဖြစ်ခဲ့တာပါ ။ ၁၉၇၄-၇၅ အလုပ်သမားသပိတ်အပါအ၀င် စစ်အာ ဏာရှင်စနစ် စတင်ခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ (၂၆) နှစ်လုံးလုံးဖြစ်လာတဲ့ ကျောင်းသားတိုက်ပွဲတွေပေါင်းစည်းပြီး ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့သလို ၁၉၈၈ နောက်တကြိမ်အာဏာသိမ်းအပြီးကနေ တ ရွေ့ရွေ့ဖြစ်လာတဲ့ အခြေအနေတွေက သံဃာတော်တွေ ဦးဆောင်တဲ့ ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံကြီး ဖြစ်စေခဲ့တာပါပဲ ။

ခု ၂၀၁၀ ထဲမှာတင် လှိုင်သာယာမြို့နယ်က အိုပယ်အထည်ချုပ်စက်ရုံ၊ ကျားမင်းအထည်ချုပ်စက်ရုံ၊ တိုင်ယီ အထည်ချုပ်စက်ရုံ၊ မြဖက်ရှင်အထည်ချုပ်စက်ရုံ၊ ပုဇွန်အအေးခန်းစက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ Weng Hong Hung အထည်ချုပ်စက်ရုံ၊ အင်းစိန်မြို့နယ်က Sky အထည်ချုပ်စက်ရုံ၊ Lion City အထည်ချုပ်စက်ရုံ ၊ တောင်ဒဂုံစက် မှုဇုန်က ပြုံးပန်းတစ်ရာ အထည်ချုပ်စက်ရုံ၊ ရွှေပြည်သာမြို့နယ်က Super Garment စက်ရုံ ၊ Grand Royal ၀ီ စကီစက်ရုံ၊ Yes2 စက်ရုံ၊ Good Family စက်ရုံ၊ UIB အထည်ချုပ်စက်ရုံ၊ အာရှသမာဓိ အထည်ချုပ်စက်ရုံ ၊ မင်္ဂ လာဒုံမြို့နယ်က ဖာမိုတို အထည်ချုပ်စက်ရုံ၊ စုစုပေါင်းစက်ရုံ (၂၀) ခန့်က အလုပ်သမားတွေဟာ သူတို့ရဲ့မ လောက်ငှမှုတွေအတွက် ဆန္ဒပြခဲ့ကြပါပြီ။

“စစ်အစိုးရကတော့ အခု အလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေဟာ လစာနည်းလို့ အလုပ်ရှင်ကို ဆန္ဒပြနေကြတယ်ဆိုတာထက် သူတို့ရဲ့ အုပ်ချုပ်မှုအလွဲတွေကြောင့်၊ စီပွားရေးမတည်ငြိမ်မှုတွေကနေ တစစကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ပေါက်ကွဲဖို့ တာစူနေကြတာဖြစ်တယ်ဆိုတာ သိနေပါတယ်။ ဆန္ဒပြအလုပ်သမားတွေ စက်ရုံဝန်းတွေထဲကနေ လမ်းမတွေပေါ်ကို ထွက်လာမှာ၊ အလုပ်ရှင်တွေကို ဆန္ဒပြနေရာကနေ တကယ့်တရားခံအစစ်ဖြစ်တဲ့ သူတို့ဆီ ဦးလှည့်လာမှာကို စိုးရိမ်မကင်းဖြစ်နေတာ သေချာပါတယ်”

စစ်အစိုးရကတော့ အခု အလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေဟာ လစာနည်းလို့ အလုပ်ရှင်ကို ဆန္ဒပြနေကြတယ် ဆိုတာထက် သူတို့ရဲ့အုပ်ချုပ်မှုအလွဲတွေကြောင့် စီပွားရေးမတည်ငြိမ်မှုတွေကနေ တစစကြီးမြင့်လာတဲ့ ကုန် ဈေးနှုန်းတွေကြောင့် ပေါက်ကွဲဖို့ တာစူနေကြတာဖြစ်တယ်ဆိုတာသိနေပါတယ်။ ဆန္ဒပြအလုပ်သမားတွေ စက် ရုံဝန်းတွေထဲကနေ လမ်းမတွေပေါ်ကို ထွက်လာမှာ၊ အလုပ်ရှင်တွေကို ဆန္ဒပြနေရာကနေ တကယ့်တရားခံအ စစ်ဖြစ်တဲ့ သူတို့ဆီ ဦးလှည့်လာမှာကို စိုးရိမ်မကင်းဖြစ်နေတာ သေချာပါတယ်။ စစ်ကားလုံထိန်းကားတွေ အစီ အရီနဲ့ ဆန္ဒပြစက်ရုံတွေဝန်းကျင်မှာ အင်အားပြ ခြိမ်းခြောက်ထားပုံဟာ အလုပ်သမားထုတော်လှန်ရေးအဖြစ် ကူးပြောင်းသွားမှာ စိုးရိမ်နေကြောင်း၊ လူထုအရေးတော်ပုံကြီးရဲ့အစ ဖြစ်လာမှာစိုးရိမ်နေကြောင်း ပြနေတာပါ။

စစ်အာဏာရှင်တွေ တော်တော်လေး ဘေးကျပ်နံကျပ်ဖြစ်နေပါပြီ။ တဖက်သတ် ချုပ်ကိုင်ထားတဲ့ အာဏာကို အသက်ဆက်ဖို့ ရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဉ်တခုကို ဖန်တီးခဲ့ပေမယ့် အဲဒီခေါင်းစဉ်အတိုင်းတောင် သူ့ဇာတ် သူနိုင်အောင်မကနိုင်ပါဘူး။ အခြေခံနိုင်ငံရေးရိုးသားမှုမရှိတာကြောင့် ဗမာပြည်ရဲ့ အဓိကဖြစ်တဲ့ တိုင်းရင်းသား ကိစ္စမှာ တိုင်းရင်းသားအားလုံးကိုမဆိုထားနဲ့ အပစ်ရပ် (ငြိမ်း) အဖွဲ့တွေကိုတောင် ရအောင်မစည်းရုံးနိုင်ပါဘူး။ မက်လုံးတွေပေးလိုက် ခြိမ်းခြောက်လိုက်နဲ့ တိုင်းရင်းသားခေါင်းဆောင်တယောက်ချင်း လိုက်တွေ့၊ တိုင်းရင်း သားဒေသတွေမှာ တပ်တွေချ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေကို နည်းမျိုးစုံနဲ့ တပ်ထဲသွင်း စစ်သားစု လုပ်နေရပါတယ်။ အချိန်မရွေး တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်နေရမှုဟာ စစ်ဗိုလ်ချုပ် တွေ ခေါင်းမအေးရတဲ့ ပြဿနာကြီးတခုပါ။

နောက်တခုက NLD, ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူလူထုတွေပါ။ NLD က ထိထိရောက်ရောက် မလုပ်နိုင် သေးပါဘူးဆိုပေမယ့် ကမ္ဘာသိ ပြည်သူက ရွေးချယ်ထားတဲ့ ပါတီဆိုတာကိုက စစ်ဗိုလ်ချုပ်တွေအတွက် ပြဿ နာကြီးတခုပါ။၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆန္ဒပြုခဲ့တဲ့ ပြည်သူတွေ မေ့ပျောက်အောင် တကယ်တမ်း မစွမ်း ဆောင်နိုင်သေးပါဘူး။ ၂၀၀၈ မေလ ဖွဲ့စည်းပုံဥပဒေဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒအမှန်မဟုတ်ဘူးဆိုတာ သူတို့ ကိုယ်တိုင်သိနေတာပါ။ NLD က သူတို့ခင်းတဲ့လမ်းကို မလျှောက်ခဲ့ရင် ဘာလုပ်မလဲ၊ နိုင်ငံတကာဖိအားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ ဘယ်လိုကိုင်တွယ်မလဲ၊ ခေါင်းခဲနေရတဲ့ အခြေအနေပါ (ခု ဦးတင်ဦး၊ ဦးဝင်းတင် တို့ကိုတောင် လွှတ်မပေးချင်ပဲ လွှတ်ပေးလာရပါပြီ)။

သူတို့ အဓိကပြင်နေတာက ရွေးကောက်ပွဲဆိုတဲ့ ပြယုဂ်တခုတည်းမဟုတ်ပါဘူး။ စစ်အာဏာ ဖြန့်ကျက်နိုင်ရေး ပါ။ စစ်ဗိုလ်တမတ်သားလွှတ်တော်ထဲပါရေး သူတို့စိတ်မ၀င်စားပါဘူး။ စစ်တပ်က အားလုံးချုပ်ကိုင်ထားနိုင်ရေး ပဲ စဉ်းစားတာပါ။ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်စွမ်းအား စတဲ့ စစ်တပ်နဲ့ ဘာမှ မဆိုင်တဲ့ ဌာနတိုင်းမှာ၊ အောက်ခြေအဆင့် အုပ်ချုပ်သူကအစ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေကို ယူနီဖောင်းချွတ် နေရာချထားတာကြည့်ရင် လွှတ်တော်ကိုယ်စားလှယ်ဆိုတာထက်ပိုတဲ့ လွှမ်းမိုးမှုရဖို့ ပြင်နေတာသိနိုင်ပါတယ်။ အဲဒီမှာ ဘယ်သူ့တပည့်တွေကို ဘယ်ဌာနတွေမှာထားမလဲ၊ ဘယ်ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်မလဲ၊ နေရာခွဲ ဝေမှုပြဿနာ ရှိလာပြန်ပါတယ်။ အထက်အောက်ကွာဟမှုကြီးမားပြီး အုပ်စုလိုက်ရော၊ တဦးချင်းပါ အကျိုးစီး ပွား အားပြိုင်နေကြတဲ့ စစ်ဗိုလ်ချုပ်တွေ ဒီပြဿနာ ညှိမပြီးသေးပါဘူး။ နိုင်နိုင်နင်းနင်း (ကိုယ့်ကုလားဖန်ကိုယ် ထိုးကိုယ့်ဖဲကိုယ်ချိုး) လုပ်နိုင်မယ်ထင်ခဲ့လို့ ၂၀၀၈ မတိုင်ခင်ထဲက ကြေညာထားခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဆို တာကို ခုထိ ဘယ်နေ့ဘယ်လိုလုပ်မယ် မကြေညာနိုင်သေးပါဘူး။

စစ်အုပ်စု အဆိုးဆုံးရင်ဆိုင်ရမယ့်၊ ရင်ဆိုင်နေရတဲ့၊ ပြဿနာက လူထုစားဝတ်နေရေး ပြေလည်အောင် ဖြေရှင်း မပေးနိုင်တဲ့ကိစ္စပါ။ တပ်တွင်းကပဲ ပုန်ကန်မလား၊ ၀န်ထမ်းတွေပဲ ထကြွမလား ပူပန်ရင်း လစာတိုးပေးတဲ့ နည်း လမ်းနဲ့ ဖြေရှင်းခဲ့တာလည်း အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ အာဏာလက်ဝယ်ရှိသူမို့ (၅၀၀၀) တန်လို ငွေစက္ကူတွေ ရိုက် ထုတ်နိုင်တာကြောင့်နဲ့ နိုင်ငံ့ဘဏ္ဍာကို ထင်တိုင်းကြဲ သုံးနိုင်တာကြောင့် ၀န်ထမ်းတွေကို လစာတိုးပေးနိုင်ပေ မယ့် ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက လိုက်မတိုးပေးနိုင်ပါဘူး။ ကုမ္ပဏီအလုပ်သမားတွေနဲ့ တနေ့လုပ် တနေ့ စား လုပ်သားတွေဟာ ၀င်ငွေတိုးမရကြပါဘူး။ စစ်အုပ်စုရဲ့ ဖြေရှင်းမှုအမှားနောက်က ကပ်ပါလာတဲ့ ကုန်ဈေး နှုန်းကြီးမြင့်မှုဒဏ်ကိုတော့ အလူးအလဲခံကြရပါတယ်။

ဝန်ထမ်းတွေကရော လစာတိုးရလို့ အဆင်ပြေချောင်လည်သွားပါပြီတဲ့လား။ တနေ့လုပ်တနေ့စားတွေလောက် စက်ရုံလုပ်သားတွေလောက် မဆိုးတာပဲရှိပါတယ်။ နှစ်သိမ့်ခံလိုက်ရတာ သက်သက်ပါပဲ ။ တလ သုံးလေး သောင်းဆိုတဲ့ဝင်ငွေဟာ လူတယောက် စားဖို့တောင် လောက်တယ်ဆိုရုံပါ၊ အ၀တ်အစားနဲ့ ဗာဟီရ လူ့အသုံး အဆောင်တွေ မ၀ယ်နိုင်ပါဘူး။ ကျန်းမာရေးချို့တဲ့ရင် ဆေးကုဖို့ မတတ်နိုင်ပါဘူး။ လူတဦးချင်းအတွက်တောင် လောက်ငှမှုမရှိတာ မိသားစုဘ၀တွေ ဘယ်လိုတည်ဆောက်ကြပါ့မလဲ။

ခေါင်းဆောင်မှုချို့တဲ့၊ နှိုးဆော်သူချို့တဲ့နဲ့ မချိတင်ကဲခံနေခဲ့ရတဲ့ လူထုကြီးထဲက အငတ်မွတ်ဆုံး အလုပ်သမား တွေရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ လှုပ်ရှားမှု၊ ဆန္ဒပြမှုတွေကတော့ တစစ ကြီးထွားလာနေပါပြီ။ လစာနည်း တာလား၊ မလောက်ငှတာလား ကွဲပြားပြီး၊ စက်ရုံတရုံချင်းကနေ စက်ရုံတွေ အားလုံးပေါင်းစည်းပြီး၊ အလုပ်သ မားတွေ ပေါင်းစည်းပြီး လမ်းပေါ်ထွက်လာဖို့ တာစူနေပါပြီ။ အလုပ်ရှင်တွေဆီကနေ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုထက် အာဏာရှင်တွေဆီက လူ့အခွင့်အရေးတွေ တောင်းဆိုဖို့ လူထုတရပ်လုံး အုံကြွပါဝင်ဖို့ လမ်း စဖြစ်လာပါပြီ။

ရှေးက နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှာ “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုက်ပွဲဝင် တွန်းလှန ခဲ့ကြတယ်။ ခုလည်း “စစ်အုပ်စုအခက် လူထုအချက်” လို့ ကြွေးကြော်တိုက်ပွဲဝင်ရမယ့် အချိန်ရောက်နေပါပြီ။ စက်ရုံအလုပ်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲမှာ အားဖြည့်ပါဝင်ရင်း အလုပ်သမားတော်လှန်ရေးမှသည် လူထု အရေးတော်ပုံသို့ ဦးတည်ချီတက်ကြပါစို့ ...။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်ရမည်။

ယုံကြည်ချက်ဖြင့် ...
ရဲဘော် ဗိုလ်သူ

3 comments:

Unknown said...

မီးပွားလေးတွေဖြစ်လာရင် မီးတောက်မဖြစ်အောင် ငြိမ်းသတ်ဖို့အတွက် ရေပုံးနဲ့ရေ ယူလာရမယ့်အစား ဓာတ်ဆီပုံးထမ်းပြီး မီးအားပေးနေသလိုဖြစ်နေသလားပဲ....

Zizawars said...

Let it go freely. Sometime, outsider leading hint couldn't support the struggle. Strike may be bursting out by itself normally but some people would like to promote by their words.

မိုးဦးလေဦး said...

အပြုသဘောနဲ့ ဘဲပြောချင်ပါတယ်

ရှေးက နယ်ချဲ့ဆန့်ကျင်ရေးခေတ်မှာ “အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုက်ပွဲဝင် တွန်းလှန ခဲ့ကြတယ်။ ခုလည်း “စစ်အုပ်စုအခက် လူထုအချက်” လို့ ကြွေးကြော်တိုက်ပွဲဝင်ရမယ့် အချိန်ရောက်နေပါပြီ။
အဲ့ဒီအချိန်က အခြေအနေတွေ ဖြစ်ရပ်တွေ အခင်းအကျင်းတွေနဲ့ အခုအနေအထား တူတယ်ဘဲထားလိုက်ဗျာ ၊
( စာကြွင်း။ ။ တကယ်ကတော့ဗျာ ဘာတစ်ခုမှမတူပါဘူး။ တကယ်တော့ ပုံလည်းမတူအသံလည်းကွဲ အချဉ်းတိုင်မတူစွာ မွေးလာတဲ့ အရာတွေပါ)

ကဲဗျာ အဲ့ဒီအချိန်တုံးကပြောတဲ့သူက ဘယ်သူလည်း။
ပြောတဲ့သူတွေကိုလည်း ပြည်သူအများကယုံကြည်တဲ့အနေအထားဘယ်လောက်ရှိမရှိသိသာပါတယ်။
ပြောတဲ့သူတွေ ကလည်း သူပြောတာကိုသူယုံကြည်မှု၊တာဝန်ခံမှုနဲ့ မာန်အပြည့်နဲ့ ဦးဆောင်မှုအပြည့်နဲ့ ပြောကြတာပါ။

အဲလိုပြောသလိုလိုက်လုပ်တဲ့သူတွေနဲ့ သိုင်းတဲ့သူတွေကကော ဘယ်သူတွေလည်း
ဒီတော့ပါဝင်ကြတဲ့ပြည်သူတွေက အလွှာရွေးစရာမလိုအောင်ဖြစ်တည်ပါတယ်။

အခုအချိန်မှာ ...
ဘယ်သူက တာဝန်ယူုလည်း
ဘယ်သူက တာဝန်ခံလည်း
ဘယ်သူက တာဝန်ယူရဲကြောင်း၊တာဝန်ခံရဲ ကြောင်းဆိုတဲ့ အနေအထားကို ဖြစ်ဖို့ ယုံကြည်လောက်တဲ့ အနေအထားတွေကို ပြသလုပ်ဆောင်အောင်မြင်ခဲ့ပြီးပြီလား၊ အဲလို ဆိုအောင်မြင်ခဲ့တဲ့အချက်တွေရှိရင်တော့ဗျာ ခင်ဗျားပြောသလို ဖြစ်မယ်။ ဘာလို့ လည်းဆိုတော့ မြန်မာလူမျိုး က ခေါင်းဆောင်ကိုအရမ်းတန်ဖိုးထားတယ်
ခေါင်းဆောင်ကိုရွေးတယ်။ ခေါင်းဆောင်ကို အရမ်းကြည့်တယ်။

ဒီတော့ဗျာ မီးတောက် ကို ကြီးချင်ကော ၊လောင်စေချင်ရင်ကော၊ မီးတောက်ကို ငြိမ်းချင်ရင်ကော သက်ဆိုင်သူတွေရဲ့ လက်ထဲနဲ့ ကစားကွက်ထဲမှာဘဲရှိပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီရဖို့ လုပ်ဆောင်တဲ့ စစ်အစိုးရနဲ့ ဆန့် ကျင် ဖက်အုပ်စု အချင်းချင်းဘဲဖြစ်ဖြစ်၊ အုပ်စုမတူတဲ့သူတွေဘဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်ကြပါဘူး၊ မယုံစရာတွေကလည်း ပြောရရင် လုပ်ရည်ကိုင်ရည်ပေါ်မှာထက် အစွဲတွေပေါ်မှာထားနေကြလို့ ဆိုတာတွေ့ ရမှာပါ ။
နောက်ပြီးတော့ ဖြစ်နေတဲ့ ပြသနာကို ကြည့်တတ်ဖို့ နဲ့ ဘယ်လို ဖြေရှင်းနိုင်တယ်ဆိုတာကို ကောင်းကောင်းကျင့်သုံးနိုင်တဲ့
ကျင့်သုံးရဲတဲ့သူတွေ နည်းပါးပါတယ်။ တကယ်က အများကြီးကိုမှ အများကြီးလိုပါတယ်။

နှစ် ၂၀အတွင်းမှာ ဦးဆောင်သူတွေအားလုံးက ခေတ်ပေါ် ပေါ်ပြူလာ အကြိုက် စကားလုံးတွေနဲ့ ဗျာ ကျွန်တော်တို့ တိုက်လာကြတာ၊အော်လာကြတာ၊ အားလုံးကဒီအပေါ်မှာသာယာပျော်မွေ့ ပြီး ဆီထိဂွမ်းပမာ ဖြစ်ကာ နားထောင်ရ၊ အော်ရ၊ပြောရ၊ ရေးရ၊ တာကို ကျွန်တော်တို့  အတိုက်အခိုက်တွေဘက် သဘောကြတာလေ။ အဲလိုတွေပြောရရင်၊ရေးရရင်၊ ဘဲ ရွှေစိတ်တော်က သဘောတွေကျနေ လိုက်ကြတာ၊၊ အားလုံးရဲ့ စိတ်တွေကကြွလို့ ၊ မနက်ဖြန်ဘဲ နိုင်ငံတော်အာဏာကို ရမဲ့ကိမ်းတွေထုတ်လို့ နဲ့ လာခဲ့ကြ
တာပါဗျာ၊ သေသေချာချာစဉ်းစားကြည့်ပါ ......

အဲ တဖက်က ရန်သူလိုသတ်မှတ်သူ၊ သို့ တည်းမဟုတ် ကိုယ်နဲ့ ဆန့် ကျင်သူ သို့ မဟုတ် ကိုယ်ကို အာဏာကိုင်ကာ နှိပ်စက်သူ၊ က သူမျီုးဆက်ကို ကောင်းကောင်းအားကောင်းမောင်းသန် အောင်မွေးဖို့ လေ့ကျင့်ဖို့ အချိန် တွေမတရား ရသွားတာရယ်၊ တကယ်ကို မျီုးဆက် ၂ဆက်လောက်မွေးပေးနိုင်သွားတာကို မြင်တွေ့ ရ မယ်ထင်ပါတယ်

ဒီတော့၊ ကျွန်တော်တို့ နားလည်ရမှာက တချိန်က လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့သူတွေ အချင်းချင်း ကိုင်ကြတဲ့ပွဲ
နောက် တော့ စစ်အေးကာလကထွက်ပြီး နိုင်ငံတကာရဲ့ နိုင်ငံရေး၊စစ်ရေး၊ စီးပွားရေးတွေ၊ ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းတွေ၊ ပြောင်းတဲ့အချိန်မှာ ယခင်တုံးက လွတ်လပ်ရေးကို ရအောင်တိုက်ပွဲဝင်ခဲ့တဲ့သူတွေ မဟုတ်တော့ဘူး၊
ယနေ့ ကျန်နေသူတွေမှာ အနည်းစုက လက်ချိုးရည်တွက်ရင်တောင်ရပါတယ် လွတ်လပ်ရေးရပြီးနောက်ပိုင်းကပါလီမာန်ခေတ်ကလူတွေနဲ့ ပါလီမာန်ခေတ်ကျဆုံးပြီး မဆလတပါတီအာဏာရှင်စနစ် အစပြိုးချိန်ကလူတွေ
တွဲလာတဲ့သူတွေဆိုလို့ 
များသောအားဖြင့် က ဆိုရှယ်လစ် တပါတီအောက်မှာကြီးလာတဲ့သူတွေ ၊ ပြောရရင်နောက်ပေါက် မျီုးဆက်တွေ ၊

အခု ၂၀၀၈ ကျော်လို့ ၂၀၁၀ ရောက်လာပြီ။
ဘယ်သူတွေအများစုကဦးဆောင်နေလည်း၊ တွက်လေဗျာ။ အာဏာရှိတာမရှိတာကိုပြောတာမဟုတ်ပါဘူး

အခုချိန်ကတော့ မျီုးဆက်အသစ်တွေဖြစ်ကြတော့မဲ့ပွဲ ၊ဒီတော့ဗျာ ကိုယ်ပြောတာကိုယ်တာဝန်ယူတဲ့ သူတွေထွက်လာသလို၊ ထိုသူတွေကို ပြည်သူက ယုံကြည်ရင် ထိုသူတွေဦးဆောင်သော လူထုအရေးတော်ပုံမှသည် အာဏာရှင်စနစ်ကျဆုံးကာ ဒီမိုကရေစီဝါဒမျိုးစေ့ ကောင်းအောင် လုပ်ဆောင်ပေးနိုင်မဲ့အစိုးရပေါ်လာနိုင်ပါတယ်။