Saturday, March 20, 2010

လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ

လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ
မိုးမခ၀က်ဘ်ဆိုက် (မတ် ၁၉၊ ၂၀၁၀)

“ရွေးကောက်ပွဲဥပဒေကို ကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေ ရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲလည်း မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေညာစာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယောက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တခုတည်းသော အဖြေကိုပဲ ကျနော်ပေးခဲ့တယ်။

အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ၊ ရွေးကောက်ပွဲလည်း ၀င်မှာပဲဆိုတဲ့ အဖြေ ပဲ။ ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် (၂၀) ကာလအတွင်း အန်အယ်လ်ဒီ ဌာနချုပ် ခေါင်း ဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲဆိုရင် အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် (၂၀) လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် (၂၀) အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ် ဒီဟာ မသိကျိုးကျွန်ပြုနေခဲ့တာပဲ။

“အဲဒီအနှစ် (၂၀) အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ်ဒီဟာ မသိကျိုးကျွန်ပြုနေခဲ့တာပဲ …

ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက်လောက်တောင်မှ တိုင်း ပြည်အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘ ရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုးတွေ့ရတယ်။ တခါ လယ်ယာအသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲ ရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့် ဆောင်ရွက်လို့ပဲ ထောင်က ပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ ဘာမှမဆိုင်သလိုပဲနေတယ်။ သူတို့ရဲ့ တခွန်းတည်းသော အပြောကတော့ ပါတီရေ ရှည်တည်တံ့ရေးအတွက် သူတို့ဟာ ဒီလိုလုပ်ရတာလို့ ပြောတယ်။

“ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထုအတွက် ဘာမှမလုပ်ဘဲ ရပ်တည်နေရင် အဲဒီပါတီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ …”

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထုအတွက် ဘာမှမလုပ်ဘဲ ရပ်တည်နေရင် အဲဒီပါ တီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ပါတီတခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက် ဆောင်သလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌာနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့် ရင်တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှမထူးတော့ဘူး။ အစိုးရခိုင်းတာပဲ လုပ်မယ်။ အစိုးရမကြိုက်တာ မလုပ်ဘူး။ ဒါ ဆိုရင်တော့ တစညနဲ့လည်း တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။

“ပါတီတခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက်သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌာနချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှမထူးတော့ဘူး …”

တခါတုန်းက ဆရာပြောခဲ့ဖူးတယ်။ အန်အယ်လ်ဒီပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ ကျော်တွေ ဖြစ်ကုန် ကြပြီ မျက်စေ့မမြင်တဲ့သူလည်း မမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ် ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ် တွေနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးပါတီတခု၊ ဌာနချုပ်တခုနဲ့ မတူဘူး။ နိုင်ငံရေးပါတီဆိုတာ အမြဲတမ်း နိုင်ငံရေးအကြောင်း လူမှုရေးအ ကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံး ဟာတိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကို ဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက် မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေလည်း ကြားရတယ်။

“နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေးအကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ …”

အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာကတော့ ဌာနချုပ် ကိုအမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါ တီအပေါ်မှာ တဘက်က ပရက်ရှာ(ဖိအား)တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့် နေလိုက်ဦးမယ် ဆိုပြီးစောင့်နေလိုက်တာ။

စောင့်နေလိုက်တဲ့အတွက် ဌာနချုပ်ကို အမြောက်နဲ့ထုကြဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက် ရရင် တော်တော်ကောင်းမယ်ဆိုပြီး အခုနောင်တရမိတယ်။ ဘာကြောင့် ဌာနချုပ်ကို အမြောက်နဲ့ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီဌာနချုပ်ဟာ အနှစ် (၂၀) အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထုအ တွက်လုပ်တာမရှိခဲ့ဘူး။ ပါတီဌာနချုပ်ဟာလည်း ဒီမိုကရေစီပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူး တော့ဘူး။ တယောက်ထဲကနေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီအမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလား ဆိုလား ငြင်းလား ခုံလားလည်း ဘာမှမရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီဌာနချုပ်ဟာ တ တိုင်းပြည်လုံးမှာရှိတဲ့ အန်အယ်လ်ဒီ အောက်ခြေပါတီဝင်တွေနဲ့ လုံးဝကင်းကွာပြီးတော့ တခြားစီဖြစ်နေပြီ။

“ဌာနချုပ်ကို အမြောက်နဲ့ထုကြဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ်ဆိုပြီး အခုနောင်တရမိတယ် …”

အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ (၈၀) ကျော် (၉၀)ကျော် စီအီးစီတွေအစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒီ့ထက် အဆတရာလောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။ အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်လ် ဒီပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ်။

“အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်လ်ဒီပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ် …”

လူတွေကို မသိပေမယ့်လို့ နာမည်တွေကို ကြားဖူးနေပြီး ခေါင်းထဲမှာစွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်း မြမြတို့၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးတို့၊ ရန်ကုန်က နော်အုန်းလှတို့၊ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့၊ ဒေါ်အုန်းမြတို့၊ ခင်စန္ဒာဝင်းတို့ဆိုတဲ့ နာမည်တွေ အဲဒီအမျိုးသမီးတွေဟာ တကယ်တမ်း ပြည်သူလူထုအတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သားကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စလည်း ၀င်ပါကြ တာပဲ။ နာဂစ်ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီအမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင် တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ်ဆိုပြီး နောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။

အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရ လောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရအ ကြိုက် လိုက်လုပ်မှာပဲလို့ ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲလို့ ပြောလိုက် တယ်။

ရွေးကောက်ပွဲ ၀င်တာ ကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာ ကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာမဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဖန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့်သူတွေကိုလည်း ဆရာ ဘာမှပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီအနေနဲ့ကတော့ မူမရှိတဲ့အဖြစ်ကို ထောက်ပြတာ ပါ။

“သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ …”

ဘယ်လိုမူမရှိလဲဆိုတော့ အမျိုးသားညီလာခံကနေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက် လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲဝင်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျနော် တို့မှားပါတယ်ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ကြေညာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေညာ စာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေညာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် (၂၀) အတွင်းမှာ ကြေညာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေညာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓာတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူ မရှိတဲ့ နိုင်ငံရေးပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင် ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ။ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေး ကောက်ပွဲလည်း ၀င်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။

“အန်အယ်လ်ဒီပါတီဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက်ဝိညာဉ် မရှိတဲ့အဖွဲ့အစည်းပဲ ဖြစ်မယ် …”

သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါဘဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲဝင်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက တစညက (၇) နေရာ အနိုင်ရ တယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ (၇) နေရာမပြောနဲ့ (၃) နေရာ (၄) နေရာတောင် အနိုင်ရ မယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ အန်အယ်လ်ဒီပါတီဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါ တီလို့ နားလည်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက် ၀ိညာဉ်မရှိတဲ့ အဖွဲ့အ စည်းပဲဖြစ်မယ်။ သူတို့ဘယ်လိုနည်းနဲ့မှ ရွေးကောက်ပွဲမှာ နိုင်မှာမဟုတ်ဘူး။ နိုင်တာ ရှုံးတာထား၊ ရွေးကောက် ပွဲ ၀င်တာမ၀င်တာလည်း သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မ ကောင်းဘူးလည်း မပြောဘူး၊ မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလားလို့ လာလာမေးကြတဲ့သူတွေကို အဲလိုဖြေလိုက်တာ။ အဲလိုဖြေရတဲ့ အကြောင်းရင်းကို ဆရာ ရှင်းပြတာ။

“အန်အယ်လ်ဒီ မရှိလည်း ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီးတခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ …”

ဒါက တလျှောက်လုံးပေါ့လေ မောင်စူးစမ်းတို့ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှတပါး အခြားနည်းလမ်း မရှိပြီ။ ရွေးကောက်ပွဲဆိုတာဟာ ထွက်ရပ်လမ်းမဟုတ်ဘူး။ အခြားနည်းလမ်းတွေနဲ့လည်း အကျပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရတာ ရှိနိုင်တယ်၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ် တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ ကြောင့် အန်အယ်လ်ဒီပါတီဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ ကြောင့်မို့ သူတို့ ဟာ စင်ပေါ်ရောက်လာတဲ့သူတွေပါ။ အန်အယ်လ်ဒီမရှိလည်း ၈၈ လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီးတခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ။ အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီမရှိလဲဘဲ တိုင်းပြည်က ဘာမှမဖြစ် ပါဘူး။ အန်အယ်လ်ဒီရှိနေလည်း ဘာမှ မဖြစ်ပါဘူး။

လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်က အင်တာနေရှင်နယ် ဟယ်ရယ်ထရီဗြွန်းမှာ ဆရာဆောင်းပါးရေးခဲ့တယ်။ အခြေအ နေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့အဆုံး အုံကြွမှု တွေ ပေါ်လာနိုင်တယ်။ အဲဒီလို သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဖူး တယ်။ ဒါတွေကို ဆရာတို့က ကြိုပြီးတော့မြင်နေလို့ပဲ။

“သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဖူးတယ် …”

၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့လို့ဆိုပြီး တော့တခဲနက်ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေ ဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈ နဲ့ အဆုံးသတ်သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေး ကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာ ရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာမဟုတ်ဘူး။ ဒီလို ၈၈ တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ် တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက် အဲဒါကြောင့်လည်း စကားပြောကြပါ။ ဆွေးနွေးကြပါလို့ ပြော နေရခြင်းဖြစ်တယ်။ ဒါမလုပ်ရင် ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသ မားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေရဲ့ သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန် အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ။”

“ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေရဲ့ သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ …” (လူထုစိန်ဝင်း)

18 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ်တယ် မှန်တယ်ဗျိုး ကိုယ်ထုတ်တဲ့ကြေညှာချက် ကိုယ်ပြန်လေးစားသင့်တယ် ကိုယ်ပြောတာတမျိုး လုပ်နေတာတမျိုးနဲ့ အလကား အယ်လ်နယ်ဒီ ဘယ်တုန်းကမှ သုံးမရဘူး ပြည်သူကို စော်ကားတယ် ပေးခဲ့ရတဲ့မဲတွေကို တန်ဘိုးမထားတတ်ဘူး ပြည်သူတွေခမျာ ကြောက်ကြောက်ရွံ့ ရွံ့  နဲ့ ပေးခဲ့ရတာ အလကား ကောင်တွေ

အေးခိုင် said...

လူထုဦးစိန်ဝင်းကိုပြောချင်ပါတယ်..အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံး၊အလုပ်အမှုဆောင်များအားလုံးဟာ ဘဝတွေပေးဆပ်ပြီးနိုင်ငံတော်ရဲ့အနာဂါတ်အတွက်လုပ်နေတာကိုဦးစိန်ဝင်းသိသိကြီးနဲ့မစော်ကားသင့်ဘူး။
ပဲခူးရိုးမထဲက ဗကပအတွေးအတွေးအခေါ်ဟောင်းတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက်ဘယ်တုန်းကမှအကျိုးမပြုခဲ့ဘူး။
လက်ဝဲသူငယ်နာကင်းကင်း နဲ့ အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့တိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းသောအကြံညဏ်များပေးစေလိုပါသည်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

အခုအချိန်ကရှုပ်ထွေးနေတယ်။ NLDကို ဝေဖန်ရတာ လွယ်ကူပြီး အဆင်ပြေတယ်။

Unknown said...

လူထုဦးစိန်ဝင်းအား လေးဂရုပြုလိုက်ပါ၏။ လုံးဝမှန်ကန်သင့်မြတ်ကြောင်း။ လက်နဲ့ရေးပြီး ခြေထောက်နဲ့ ဖျက်သည့် ဦးအောင်ရွေ (မဆလ) တို့ကို လုံးဝကန့်ကွတ်ကြောင်း။ လူထု၏ ယုံကြည်ကိုးစားမှု အလွဲသုံးလုပ်သူတွေ၊ အဲဒါ လူထုကိုစော်ကားတာသာဖြစ်တယ်။ လူထုစော်ကားသော သူ (ပါတီ)သည် ကျဆုံးခြင်းဖြင့်သာ နောက်ဆုံးမှာ အရှက်တရားဖြင့် ဆုံးသတ်ရမည်မှာ မလွဲဧကန်ပဲ။

Unknown said...

အတွေးမမှား၊ အရွေးမမှားဖို့ - ဗညားအောင်
ကြေးမုံသတင်းးစာ စာမျက်နှာ ၈, ၂ဝ-၃-၂ဝ၁ဝ

http://www.scribd.com/doc/28667781/2010-03-20-Banyaraung-Article


THE CONSTITUTION OF THE UNION OF BURMA (1947)

Source: http://www.blc-burma.org/html/Constitution/1947.html

74. (1)Any person who –
(i) is under any acknowledgement of allegiance or adherence to a foreign Power, or is a subject or citizen or entitled to the rights and privileges of a subject or a citizen of a foreign Power; or
(ii) is an undischarged bankrupt or insolvent; or
(iii) is of unsound mind and stands so declared by a competent Court; or
(iv) hold any office of profit in the service of the Union or of any unit other than an office declared by an Act of the Parliament not to disqualify its holder; or
(v) whether before or after the commencement of this Constitution, has been convicted or has, in proceedings for questioning the validity or regularity of an election, been found to have been guilty of an offence or corrupt or illegal practice relating to elections which has been declared by an Act of the Legislature of Burma or of the Parliament to be an offence or practice entailing disqualification for membership of the Legislature or of the Parliament, unless such period had elapsed as may be specified in that behalf in the provisions of that Act; or
(vi) whether before or after the commencement of this Constitution, has been convicted, in any of the territories included within the Union, of any other offence, and has, in either case, been sentenced to transportation or to imprisonment for not less than two years, unless a period of five years or such less period as the President may, in his discretion, allow in any particular case, has elapsed since his release; or
(vii) having been nominated as a candidate for the Parliament or having acted as an election agent of any person so nominated, has failed to lodge a return of the election expenses within the time and in the manner required by any Order made under this Constitution or by any Act of the Parliament, unless five years have elapse from the date by which the return ought to have been lodged, or the President, in his discretion, had removed the disqualification;
Shall be disqualified for being as and for being a member of either Chamber:
Provided that a disqualification under paragraph (vii) of this sub-section shall not take effect until the expiration of one month from the date by which the return ought to have been lodged, or of such longer period as the President acting in his discretion may, in any particular case, allow.
(2) A person shall not be qualified for being chosen a member of either Chamber while he is serving a sentence of transportation or of imprisonment for a criminal offence:
Provided that, where the sentence does not exceed two years, the President may in his discretion remove such disqualification.
(3) Where a person who, by virtue of a conviction or a conviction and a sentence, becomes disqualified by virtue of paragraph (v) or paragraph (vi) of sub-section (1) of this section is at the date of the disqualification a member of a Chamber, his seat shall, notwithstanding anything in this or the last preceding section, not become vacant by reason of the disqualification until three months have elapsed from the date thereof or, if within those three months an appeal or petition for revision is brought in respect of the conviction or the sentence, until that appeal or petition is disposed of, but, during any period wherein his membership is preserved by this sub-section, he shall not sit or vote.

taryar said...

Black Poem ဆိုတဲ့ ရောင်းရင်း ခင်ဗျား လူထုဦးစိန်ဝင်းရဲ့ ဆောင်းပါးကို အကြိမ်ကြိမ်အထပ်ထပ် ပြန်ဖတ်ပါလို့ အကြံပေးချင်ပါတယ် ဗမာလိုရေးတဲ့စာကို ဖတ်တဲ့နေရာမှာ ဘာကိုပေးချင်တာလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်းရစေချင်ပါတယ်.. လူထုဦးစိန်ဝင်းဟာ ပါတီတစ်ခုလုံးကို ရည်ရွယ်
တာလား ဒါမှမဟုတ် သုံးစားလို့ မရတဲ့ စီအီးစီ တချို့ ကိုရည်ရွယ်တာလား ဆိုတ်ာရှင်းအောင်ပြန်ဖတ်စေချင်ပါတယ်.. ပဲခူးရိုးမထဲက ကွန်မြူနစ်နဲ့ စစ်အာဏာရှင်နဲ့ လက်ရှိ အန်အယ်ဒီထဲက စီအီးစီ တချို့ နဲ့ ဘာကွာလဲ ဆိုတာ ကိုယ့်ဖာသာ ပြန်သုံးသတ်ပါလို့ ပြောချင်ပါတယ်..။

hla aye said...

NLD အကြောင်းက၊ပြောရမှာလည်း၊ဂရုဏာလည်းသက် စရာကောင်းတယ်။ပြောစရာတွေလည်းရှိတယ်၊အတိတ် ကအကြောင်းတွေပြန်ပြောရတာလည်း၊အခုအချိန်မှာ၊သိပ် ထူးတော့မဲ့သဘောမရှိဘူးထင်တယ်၊ သူတို့တွေအဖမ်းခံ ထောင်ကျခံကြရတယ်၊ဒါပေမဲ့အဲဒါပြန်ကြည့်ရင်၊ပါတီရဲ့မူတ ခုအပေါ်မှာရပ်တည်၊အကောင်အထည်ဖေါ်ကြလို့၊ထောင် ကျကြတာမျိုးမဟုတ်ပဲ၊မိမိတို့ကိုယ်စီခံယူထားသလိုမျိုးတွေ ထလုပ်လို့၊ထုတ်ပြောလို့ဆိုတာမျိုးတွေပဲ။ဥပမာ၊၂၀၀၇ စက်တင်ဘာတုံးကလည်း၊တချို့မြို့နယ်တွေက၊ပါတီဝင်တွေ လိုက်လုပ်ကြတယ်၊အဖမ်းခံရတာရှိတယ်၊အဲဒါပါတီ မူနဲ့လုပ်တာမဟုတ်ဘူး၊တဦးချင်းရဲ့ခံယူချက်၊ယုံကြည်ချက်နဲ့လုပ်ကြတာ၊နောက်တခုကလည်း၊အခုနောက်ပိုင်းမှ ပါတီကထုတ်ထားတဲ့ကြေညာချက်အပေါ်မှာရပ်ပြောတာ မျိုးရှိလာတာလို့မြင်တယ်၊ နအဖကလည်းNLDပါတီ ၀င်တိုင်းရဲ့လုပ်သမျှ၊ပြောသမျှကို၊သူ့ကိုကြိုးစင်တင်ဘို့ ချည်းဖြစ်တယ်ဆိုတာအမြဲခံယူထားပုံပေါ်တယ်၊ ဒါကြောင့်အကုန်ဖမ်းတယ်၊ ဒါလည်းခုနပြောသလို ပါတီအာဘော်ဟုတ်သလား၊မဟုတ်လားမသိတဲ့ ဦးကြည်မောင်ပြောခဲ့တဲ့စကားကြောင့်လို့ပဲထင်တယ်။ အဲဒီစကားကို၊စစ်အစိုးရကအခုထိသေအောင်မှတ်ထား ပုံပေါ်တယ်။အဲဒီစကားက၊အခုNLDပါတီအတွက်ရော လူထုအတွက်ပါ၊တခါတည်းဆိုးဝါးတဲ့ကံကြမ္မာတွေဖြစ် ကုန်တာပဲ၊အဲဒါကြောင့်စကားတခွန်းပြောတာတောင် ပါတီရဲ့ မူနဲ့၊ရပ်တည်ချက်နဲ့၊ပြောဘို့အရေးကြီးတယ်လို့ ထင်တယ်။

hla aye said...

(အခုနောက်ပိုင်းကျမှ)ဆိုတာကျန်ခဲ့ပါတယ်။
အခုနောက်ပိုင်းကျမှ၊ပါတီရဲ့ကြေညာချက်တွေအပေါ် မှာရပ်ပြောတာမျိုးရှိလာတာ၊

Thura said...

Sayagyi,

Would you like to see our unity?
Should you write this post in present situation?
I hope you also love Myanmar People and Democracy.
Can you show us the way how can we win?
We hope to see your way how we can get Democracy.

Regards,

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ရွေးကောက်ပွဲကိုထောက်ခံသူတွေကိုတော့ ပုဂ္ဂိုလ်ရေးမတိုက်ခိုက်သင့်ဘူးလို့ထင်တယ်။ လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ တစ်ဦး တဖွဲ့ပေါ်လက်ညှိးထိုးအပြစ်တင်ရတာ လွယ်ပါတယ်။ အပြစ်တင်ပုတ်ခတ်လို့ ဘယ်လိုအကျိုးကျေးဇူး ရလာမှာလဲ?အဓိကဦးတည်ချက်က ဘာလဲ? ရွေးကောက်ပွဲကို ဖျက်ချင်တာမဟုတ်လား? ဒါဆိုရင်ဘယ်လိုနည်းနဲ့ ရွေးကောက်ပွဲကိုဖျက်ရမလဲဆိုတာ ရေးသားတင်ပြသင့်တယ်။ အချိန်က ဘာမှမကျန်တော့ဘူး။ စာရေး.. စကားပြောနေယုံနဲ့ မပြီးဘူး။ လက်တွေ့လုပ်ဖို့ လူသူစုဆောင်းရဦးမှာ မဟုတ်လား?

Unknown said...

NLD အနေနဲ့  ရွေး ကောက်ပွဲ မ၀င် သင့် ပါဘူး
အင်မတန်ဝင်ချင် သပ ဆို တခြား နာမည်နဲ့ ဝင်ပါ
ဒီနာမည် ကို ဒီမှာတင် အဆုံးသတ်သင့်ပါပြီ
ကိုယ်ထွေးပြီးသားတံတွေး ပြန် မြိုပါနဲ့ တော့ 
အဲလို ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ၁၉၉၅ ထဲက အမျိုးသားညီလာခံကနေ ထွက်လာစရာ အကြောင်းကို မရှိတာပါ
ဥက္ကဌ ဦးအောင်ရွှေက နအဖ လူ
NLD စီအီးစီရဲ့  ၉၀ %က ထောင်ကျဖူးပြီးသူတို့ ရဲ့  ထောင် သက်တမ်းတွေ ပေါင်းလိုက်ရင် အနှစ် ၂၀၀ လောက် ရှိ ပါတယ်
ဦးအောင်ရွှေ တခါမှ ထောင် မကျ ပါဘူး
အစိုးရ အလိုကျ လက်ညိုးထောင် ခေါင်းညိတ် လုပ်နေလို့ ပါ
၉၃ အမျိုးသားညီလာခံ စတယ်
ဒေါ် အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ အဖမ်းခံထားရတယ်
သူ့ သဘောနဲ့  တက်တယ်
၉၅ ဒေါ်အောင်ဆန်းစုကြည် လွှတ်လာတယ်
ညီလာခံက ထွက် လိုက်ရတယ်
ဒါတွေဟာ သူ့ ရဲ့ ခေါင်းဆောင် မပီသမှု.... တွေဝေမှု... ဆုံးဖြတ်ချက် မခိုင်မာမှု တွေကို ပြ နေတာပဲ
အခုလဲ သူက ရွှေးကောက်ပွဲ ၀င်ချင်ပြန်ပြီ
အသက် ၉၀ ကျော် လူတယောက် ဟာ နိုင်ငံရေးနဲ့ မပတ်သတ်သင့်တော့ ဘူး
ဒီလိုလူမျိုးတွေ ဆီကလဲ ခိုင်မာတဲ့ ရပ်တည်ချက်တွေ မရနိုင်တော့ ဘူး
အနား ယူသင့် ပါပြီ
နှုတ်ထွက်သင့်ပါပြီ
သူ့ ရဲ့  ငါသာ အာဏာ ရခဲ့ ရင် ဒင်းတို့ တွေ့ ကို ပြန်ပြီး ဂလဲ့ စား ချေမယ် ဆိုတဲ့  ......နိုင်ငံရေး အာဃာ တ တရားတွေကို လဲ စွန့် လွှတ်သင့်ပါပြီ
NLD ပါတီကို သူ အပါအ၀င် စီအီးစီ တော်တော်များများ က ဖက်တွယ် ထားတာပါ
NLD မရှိရင် နိုင်ငံေ၇း မလုပ်စား တတ်တော့ ဘူး NLD မရှိရင် ရွှေတောင်ကြီး ပြိုသလို ဖြစ်မယ့်  သူတွေ ပါ...
NLD မရှိရင် ဘာဖြစ်လဲ
NLE ဆိုပြီး ပါတီထောင်လို့ မရဘူးလား ....... NLF ဆိုပြီးတော့  လာမယ်ကွာ ......ဘာဖြစ်လဲ
ပါတီရှိမှ နိုင်ငံရေး လုပ်စား လို့ ရတာ မဟုတ်ဘူး
လွတ်လပ်ရေးကျိုးပမ်းမှု တလျှောက်မှာ.... ဒီလိုပဲ အဖွဲ့ စည်းအမျိုးမျိုး ပြောင်းဖွဲ့ ပြီး တိုက်ပွဲ ၀င်ခဲ့ ရတာပဲ
၁၉၀၅ ၀ိုင်အမ်ဘီအေ ကစလို့  ၁၉၄၈ ဖဆပလ အထိ
အသင်းပေါင်းများစွာ ပါတီပေါင်းများစွာ ဖွဲ့ ပြီး တိုက်ပွဲဝင်ခဲ့ ရတာပါ
NLD ကို ဖက်တွယ် မထားပါနဲ့ 
သမိုင်းကြောင်းအရ အခြေအနေအရ ဂုဏ်သိက္ခာရှိစွာ ကျဆုံး ခဲ့ ရတာပါ
ဝမ်းနဲစရာ မလို ပါဘူး
ဘန်ကီမွန်းအပါအ၀င် တကမ္ဘာ လုံးက လူတွေက မတရားလို့  ၀ိုင်း ကန့် ကွက် နေတဲ့ အထဲမှာ
ကိုယ့် ပြည်တွင်းကသူတွေက ရွေးကောက်ပွဲ ၀င်ဖို့  ပြင်ဆင် နေကြတယ်
၉၀ ပြည့်ရွေးကောက်ပွဲရဲ့  အဓိက ပါတီကြီး မပါ တဲ့  ၂၀၁၀ရွေးကောက်ပွဲ ဟာ ဘယ်လို မှ အသက်ဝင် တရားဝင်စရာ မရှိဘူး
နအဖ လိုချင်နေတဲ့  recognization ဆိုတဲ့ နိုင်ငံတကာက အသိမှတ်ပြုမှု legitimacy ဆိုတဲ့  တရားဝင်ဖြစ်တည်မှု တွေ က အဲလိုသာဆို ဘယ်လိုမှ ဖြစ်လာစရာ အကြောင်းမရှိဘူး

နောက်ဆုံးအနေနဲ့  ၂၀၀၈ အခြေခံ ဥပဒေကို ဆန့် ကျင် ကြောခိုင်းပြီး ရွေးကောက်ပွဲကို မထောက်ခံတဲ့ အတွက် အကျဉ်းထောင်တွေမှာ ဆက်လက် ပြီး အကျဉ်း ကျခံနေရတဲ့ 
ကိုမင်းကိုနိုင်တို့  ရဲ့  ၈၈ မျိုးဆက် ကျောင်းသားများ အပါအ၀င် အားလုံးသော ပုဂ္ဂိုလ်များရဲ့  မျက်နှာကို ထောက်ထားပြီး ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့် ကျင် ကြပါ

Unknown said...

ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို အလွယ်တကူ ရယူ ဖတ်ရှုနိုင်အောင် စီစဉ်ပေးတဲ့ ကျေးစေတမန် ဘလော့ ကို နိုင်ငံသား တစ်ဦးအနေနှင့် အထူးကျေးဇူး တင်ပါသည်။ ဒီလို အစီအမံ မျိုးကို ဆက်လက် ကြိုဆိုလျက် ရှိပါသည်။

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရန် အတွက် ဦးတည် ကျင်းပခဲ့သည့် ၁၉၉ဝ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မတိုင်မှီက ၁၉၉ဝ ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေများနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ စာအုပ်များမှာ အရောင်းထိုင်းခဲ့ပြီး ရွေးကောက်ပွဲအပြီးမှ အနိုင်ရပါတီများမှ ရွေးကောက်ပွဲ စရိတ်တင်ရန် လိုအပ်သဖြင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် ရုံးများတွင် အပြေးအလွှား လာဝယ်ကြသည် ဟု ကြားသိခဲ့ ရဖူးပါသည်။

အခု ၂ဝ၁ဝ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများစာအုပ် နာရီပိုင်းအတွင်း ရောင်းကုန် သွားသည် ဟု ကြားသိရသဖြင့် ဒီတစ်ခါတော့ ငါတို့ ပြည်သူတွေ နိုင်ငံအတွက် အမှန်တစ်ကယ် တစ်ကယ် အကျိုးပြုမဲ့ ပါတီတွေနဲ့  ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် တွေကို ရွေးချယ် ပေကြတော့မည် ဟု ခန့် မှန်း နိုင်ပါသည်။

၁၉၉ဝခုနှစ် ရွေးကောက်ပွဲတုံးက ရွေးကောက်ပွဲမတိုင်ခင် လွတ်ငြိမ်း ချမ်းသာခွင့် ဖြင့် လွတ်လာသူ (အမေ နှင့်ညီမအရင်းကိုသတ် အိမ်အောက် တွင်မြုပ်၊ ကျန်တဲ့ညီမအရင်းကို မယားအဖြစ် ပေါင်းသင်းပြီး အမွေဆိုင် အိမ်ကိုသိမ်းပိုက် သဖြင့် ထောင်ကျခဲ့သူ) က ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့သေးသည်။ နောက်ပါတီ တစ်ခုကတော့ ခင်ပွန်းဖြစ်သူက ဤပါတီတွင် ဥက္ကဌ၊ ဇနီးဖြစ်သူက အထွေထွေ အတွင်းရေးမှူး၊ နောက်အမည်တစ်မျိုးဖြင့် ပါတီတွင် ထိုသူကပင် အထွေထွေ အတွင်းရေးမှူး၊ ဇနီးဖြစ်သူက ဥက္ကဌ၊ ဆွေမျိုးတွေက ပါတီဝင်ဖြစ်ခဲ့သည်။ တယ်လီဖုန်း နှင့် ဓါတ်ဆီရရန် အတွက် ပါတီ ထောင်ကြသည်။

ပါတီများ အလွန်ဖေါင်းပွခဲ့ပါသည်။ သင်္ကန်းကျွန်းလို နေရာမှပင် ဆိုင်းဘုတ် မရှိ၍ လိုက်ရှာရန် ခက်ခဲသော ပါတီ ပေါင်း (၉ဝ) ကျော်ခဲ့သည် ဟု ကြားသိ ခဲ့ရသည်။

ဆွေမျိုးတွေ စုထောင် ထားသော အဖွဲ့  ဝင် (၇၅) ဦးရှိ ပန်းဘဲတန်းမှ ပါတီ တစ်ခု ရွေးကောက်ပွဲ အပြီး မဲ အရေအတွက် (၆ဝ) ရတာမျိုး၊ တစ်သီးပုဂ္ဂလ ဝင်ပြိုင်သူ တစ်ဦး (၁) မဲဘဲ ရတာမျိုးလဲ တွေ့ ခဲ့ရသည်။

ယခုဥပဒေ၊ နည်းဥပဒေများကို သေသေချာချာ ဖတ်ရှု လေ့လာလိုက်ရတဲ့ အခါ ပြည်သူများအနေဖြင့် မိမိဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်၊ နိုင်ငံရေး ပါတီများအနေဖြင့် စည်းကမ်းတကျ ပါတီထူထောင်ခွင့်များ ရရှိအောင် ဒီမိုကရေစီ နည်းလမ်းတကျ အာမခံထားသည်ကို တွေ့ရပါသည်။

ထို့ကြောင့် ဘယ်သူတွေ ဘာဘဲ ပြောပြော၊ အတွေးမမှားဘဲ၊ အရွေးမမှားဘဲ မိမိတို့ မျှော်မှန်း သည့် ဒီမိုကရေစီ နိုင်ငံသစ် အဖြစ်သို့  ရောက်အောင် ဆက်လက် ချီတက် နိုင်ရန် မဲရုံကို သွားကြရန်သာ လိုပါသည်။

Unknown said...

ကချင်၊ ၀၊ ချင်း၊ ပလောင်၊ ပအိုဝ်၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ကယား၊ လားဟူ စတဲ့ အဖွဲ့အစည်းတွေ အားလုံး တစ်သံတည်းအော်ရမှာက၂၀၀၈ အခြေခံဥပဒေကို မပြင်ရင် ပြည်ထောင်စုက ခွဲထွက်မယ် ဆိုတဲ့ အော်သံပဲ ဒါကတာ ၂၀၀၈ အခြေခံဥပဒေကို ပျက်ပြားစေနိုင်မယ်

Kyaw Zin said...

မြင့်လွင်သို့
ခင်ဗျားရောက်ချင်တဲ့ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကိုဘယ်သူတွေကအုပ်ချုပ်မှာလဲ?။စစ်တပ်နဲ့အခွင့်အရေးသမားအချောင်သမားတွေလား?။သူကလားဖန်ထိုး၊သူချိုး၊သူဝေတဲ့အပြင်သေနပ်နဲ့လဲချိန်ထားသေး။မဝင်စေချင်သူကိုလဲတံခါးပိတ်သော့ခတ်ထားသေး။ဒီအခြေခံဥပဒေနဲ့ဒီရွေးကောက်ပွဲဥပဒေတွေကိုမင်းတို့လိုစစ်တပ်လူ(သို့)အချောင်သမားတွေပဲလက်ခံမှာ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့ ကိုကျော်ဇင်
ဘာအတွက် ရွေးကောက်ပွဲထောက်ခံသူတွေကို အချောင်သမားတွေ… စစ်တပ်လူတွေလို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာလဲ? လူအားလုံး တစ်စိတ်ထဲ တစ်ဥာဏ်တည်းဖြစ်ရမယ်လို့ လက်ခံထားသလား?

Kyaw Zin said...

သို့- သခင်မျိုးဟေ့ဒို့ဗမာ
စစ်တပ်က ၂၅%ကိုအသားလွတ်ဝင်ယူထားတဲ့။စစ်ဦးစီးချုပ်ကအာဏာတွေစုပြုံယူထားတဲ့ဒီအခြေခံဥပဒေကိုအသက်သွင်းပေးမယ့်။တသက်လုံးစစ်ကျွန်အဖြစ်ကိုဦးတည်နေတဲ့ဒီရွေးကောက်ပွဲကိုထောက်ခံသူတွေကိုမှစစ်တပ်လူလို့မခေါ်ရင်ဘယ်သူ့ကိုခေါ်ရမှာလဲခင်ဗျာ။အဲဒီစစ်ကျွန်ဘဝကိုရောက်ချင်ရောက်ပစေအမတ်ဖြစ်ပြီးနေရာကလေးရရင်တော်ပြီဆိုပြီးဝင်ပြီးအရွေးခံမယ့်သူတွေကိုမှအခွင့်အရေးသမားလို့မခေါ်ရင်ဘယ်သူ့ကိုခေါ်ရမှာလဲ။

Anonymous said...

လုပ်ချင်၇ာသာလုပ်ကြတော့ မင်းတို့ ခေတ်ဘဲဟုတ်တယ်ဟုတ် ၇ှင်း၇ှင်းပြော၇၇င်NLDနဲ့ နအဖ နှစ်ယောက်ထဲကတစ်ယောက်မ၇ှိ၇င်အေးတယ် မြန်မာနိုင်ငံေ၇းသမားဆိုပြီးခေါင်းစဉ်တတ် နိုင်ငံခြားကပိုက်ဆံလိမ်ယူတဲ့ လူလို
ပြည်သူ့ တွက်ဆိုပြီးခေါင်းစဉ်တတ်ပြည်သူကိုနိတ်စက်နေတဲ့ လူတွေကြားငါတို့ ပြည်သူတွေဘာမှမပြောလိုမင်းတို့ တွေကိုလုပ်ချင်၇ာသာလုပ်ကြဟေ့ ငြင်းနေခုံနေကြတစ်ချိန်လုံး ဘာအလုပ်မှမလုပ်ကြနဲ့ အဲလိုထိုင်ငြင်းနေ၇င်းနိုင်ငံကြီးတိုးတတ်အုံးမယ်