ဒေါက်တာလွဏ်းဆွေ
လွတ်မြောက်နယ်မြေမှာ ကျင်းပပြုလုပ်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေကို ကျနော် မတက်ဖြစ်တာ ကြာ ပြီ။ အကြောင်းကတော့ ဘလော့ဂ်လုပ်ဖို့ အချိန်လုနေရတာရယ်၊ သွားတက်ရင် ဝေ့လည်ကြောင်ပတ် အပြော အဆိုတွေပဲ ပျင်းရိပျင်းတွဲ နားထောင်ရတာရယ်၊ အားကုန်ပြီး ပြန်လာရတဲ့ အခမ်းအနားတွေက ခပ်များများမို့ ရယ် မတက်ဖြစ်တော့တာပါ။ ဘာတွေ အားကုန်တာလဲဆိုတော့ တချို့က အခမ်းအနားမှာ မိုက်ခွက်ကြီး လက် ထဲရောက်ပြီဆိုတာနဲ့ သူတို့ ပေးဆပ်ခဲ့ရတယ်ဆိုတာတွေကိုပဲ လွမ်းဋီကာချဲ့ပြီး ငိုသံပါကြီးတွေနဲ့ ဟောကြပြော ကြလွန်းလို့ပါ။ ကျနော်ကလည်း နာမည်မှာ ‘လွဏ်း’ ပါတဲ့အပြင် “လွမ်းခန်းတွေရောက်ရင် xxx လူသားတွေ မျက်ရည်ဝဲတယ် xxx ” ဆိုတဲ့ သီချင်းလို (အသည်းကလည်း ခပ်ငယ်ငယ်ဆိုတော့ …) အဲသလို ငိုတာ ယိုတာ နှပ်ထွက်တာတွေဆို သိပ်ခံစားဝံ့ ကြည့်ဝံ့တာမဟုတ်ဘူး။
ဒါပေမယ့် ကျနော်လည်း အလွမ်းသယ်ဖို့ စိတ်ကူးထားတာတော့ ရှိပါတယ်။ ဒါပေမယ့် အခုမဟုတ်သေးဘူး။ ဆရာဒဂုန်တာရာရဲ့ ၀တ္ထုခေါင်းစီးလို “ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ” ဆိုတဲ့ ကျနော်တို့ခေတ်ကို ရောက် တဲ့အခါကျမှပေါ့။ အဲဒီအချိန်ကျမှပဲ ကျနော်လည်း ရှေးဟောင်းနှောင်းဖြစ်တွေ စားမြုံ့ပြန်ရင်း လွမ်းသင့်တာ လွမ်းမယ်ပေါ့၊ ငိုသင့်တာ ငိုမယ်ပေါ့၊ နှပ်ထွက်သင့်တာ နှပ်ထွက်မယ်ပေါ့၊ ရင်ဘတ်စည်တီးသင့်တာ တီးမယ် ပေါ့၊ အမျှဝေသင့်တာ ဝေမယ်ပေါ့။ အဲသလို စိတ်ကူးထားတာပါ။ ဒါပေမယ့် အခုအချိန်က တိုက်ပွဲကာလ၊ တော် လှန်ရေးကာလဆိုတော့ သိပ်ပြီး အလွမ်းမသယ်ချင်ဘူးလေ။ ရဲစိတ်ရဲမာန်ပဲ တက်ကြွချင်တာပေါ့။ တိုက်ရခိုက် ရဦးမယ့် ကာလမဟုတ်လား။ အလွမ်းသယ်လွန်းပြီး အားကုန်နေလို့ ဘယ်ဖြစ်မလဲလေ .. နော့။ အဲဒါကြောင့်မို့ အငိုမင်းသားတွေ များလွန်းတဲ့ အခမ်းအနားတွေကို ယာယီရှောင်တိမ်းရင်း ကျနော် တိတ်တိတ်ပုန်း အားမွေး နေမိတယ်ဆိုပါတော့ …။
ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လ (၁၃) ရက်မှာ ကျင်းပတဲ့ ဖုန်းမော်နေ့ အခမ်းအနားကိုတော့ ကျနော် ရောက်သွား တယ်။ ရောက်ဖြစ်တဲ့အကြောင်းကတော့ (ကို) ဖုန်းမော်ဆိုတာက မြန်မာ့နိုင်ငံရေးရဲ့ ကြီးမားတဲ့ အလှည့်အ ပြောင်းကြီးတခုဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး မြစ်ဖျားခံရာ ကနဦးတိုက်ပွဲမှာ အသက်ပေးလှူသွားခဲ့တဲ့ သက်တူရွယ်တူ (ကြီးနည်းနည်း ငယ်နည်းနည်းပဲထင်ရဲ့) ခေတ်ပြိုင်ပုဂ္ဂိုလ်တဦးမို့ သူ့ကို ဂုဏ်ပြုလိုတာက တကြောင်း၊ ဖုန်းမော်နေ့ အခမ်းအနားကို ဦးစီးကျင်းပတဲ့ ‘ကိုသံဒုတ်၊ မန်းစိန်ဟန်၊ ကိုမင်းဇော်’ တည်းဟူသော အာရ်အိုင်တီကျောင်းသားဟောင်း ဟဲဗီးဝိတ်သုံးဦးနဲ့ကလည်း မျက်နှာနာနေတာရယ်ကြောင့် တကြောင်းပေါ့။ ဘယ်လို မျက်နှာနာတာလဲဆိုတော့ အဆိုပါ ဟဲဗီးဝိတ် ပုဂ္ဂိုလ်သုံးဦးစလုံးနဲ့က တနှစ်မှာ တလ၊ တလမှာ တ ရက်ဆိုသလို နှစ်စဉ် ဧပရယ်လ်ဖူးလ်ပြီဆိုတာနဲ့ ချိန်းဆိုခေါင်းချင်းဆိုင်ပြီး သူသေကိုယ်ကြေ ထိုးသတ်ဖြစ်တာ ရယ်၊ ထိုးသတ်ဖြစ်တိုင်းလည်း ကျနော်ကပဲ သူတို့ကို ထုထောင်းခဲ့တဲ့ အကြိမ်ရေ များတာရယ်ကြောင့် (အဟဲ) မျက်နှာနာပြီး သွားတက်ဖြစ်တယ်ဆိုပါတော့ …။
ကံကောင်းတယ်လို့ပဲ ပြောရမယ်။ သွားတက်ဖြစ်တဲ့ ဖုန်းမော်နေ့ အခမ်းအနားမှာ အလွမ်းသယ်သူကြီးတွေနဲ့ မဆုံစည်းလိုက်ရဘူး။ အခမ်းအနား အာဂျင်ဒါဆွဲတဲ့ ဟဲဗီးဝိတ်ပုဂ္ဂိုလ်တွေ တော်တယ်ပြောရမယ်။ ရောက်တာနဲ့ ကျဆုံးသွားလေသူ (ကို) ဖုန်းမော်အတွက် ရေစက်ချ တရားနာ၊ သံဃာတော်တွေကို ဆွမ်းကပ်၊ ပြီးတာနဲ့ နေ့ လည်စာ ကျွေးတာဆိုတော့ အခါတိုင်း အခမ်းအနားတွေလို မိုက်ခွက်ကြီးတွေကိုင်ပြီး အလွမ်းသယ်ချင်သူတွေ သယ်ချိန်မရလိုက်ဘူးဆိုပါတော့။ အဲ .. နေ့လည်စာ ကျွေးပြီးတော့မှ အစီအစဉ်က ကောင်းတော့တာပဲလို့ ပြော ရမယ်။
ဘယ်လိုကောင်းတာလဲဆိုတော့ ခါတိုင်းအခမ်းအနားတွေလို မိုက်ကိုင်နေကျ အလွမ်းသယ်နေကျ ပုဂ္ဂိုလ်တွေ က အလှည့်ကျ အာတဲ့ အစီအစဉ်မဟုတ်ဘဲ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတဲ့ အစီအစဉ်မို့လို့ပါပဲ။ အစကတော့ ထမင်းစားပြီး အခြေအ နေမကောင်းရင် အိမ်ကို ပြန်ပြေးပြီး ဘလော့ဂ်ပို့စ်တွေ ပြန်တင်မလို့ပဲ။ ဒါပေမယ့် ဖရီးဒစ်စကပ်ရှင် ဆိုတာနဲ့ ဓာတ်ပုံလျှောက်ရိုက်နေရာကနေ မျက်လုံးကျယ် နားရွက်ထောင်သွားပြီး မပြန်ဖြစ်တော့ဘဲ ဟိုလူပြော ဒီလူ ပြောတာကို နားစွင့်နေဖြစ်တော့တယ်။
ဆွေးနွေးကြတဲ့ အဓိကအကြောင်းအရာကတော့ နအဖက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့ ရက်ပေါင်း (၆၀) အတွင်း ပါတီတွေ မှတ်ပုံတင်ရမယ်ဆိုတဲ့အပေါ် အခြေခံပြီးဆွေးနွေးကြတာပါ့။ အဲဒီအပေါ်မှာ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲအခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ၊ ဘယ်လိုထင်လဲ၊ ဘာတွေလုပ်ကြမလဲဆို တာတွေကို မိုက်တောင်းပြီး တယောက်တလှည့်စီ ကိုယ်ထင်ရာမြင်ရာ ထပြောကြတာပေါ့။
ပြောကြဆိုကြရင်း လွတ်လွတ်လပ်လပ် ပြောခွင့်ရကြေးဟေ့ဆို ၀မ်းတွင်းပါ ပိုးက ထကြွလာတာကြောင့် ကျ နော်လည်း မိုက်အားမယ့် အချိန်ကို အသာလေး စောင့်နေမိတယ်။ အားပြီဆိုတာနဲ့ အခမ်းအနားမှူးကြီး ကိုသံ ဒုတ်ဆီကနေ မိုက်ကို အမြန်ပြေးဆွဲလိုက်တယ်။ ပြီးတာနဲ့ ကျနော် ဆွေးနွေးချင်တဲ့ အကြောင်းအရာကို အစချီ ပါတော့တယ်။ မှတ်မိသလောက် ဆိုလိုရင်းကို ပြန်ပြောပြရရင် (အတိအကျတော့ မဟုတ်ပါဘူး) …
“ကျနော်အနေနဲ့ ဒီကနေ့အချိန်ကာလမှာ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို အဆုံးသတ်နိုင်စရာ နည်းလမ်းနှစ်ခု ပဲ မြင်မိပါတယ်။ တလမ်းက လူထုအုံကြွမှုနဲ့ အဆုံးသတ်နိုင်ဖို့ရယ်၊ နောက်တလမ်းက တပ်တွင်းပုန်ကန်မှုနဲ့ လူ ထုအုံကြွမှုပေါင်းစပ်ပြီး တိုက်ပွဲကို အဆုံးသတ်ဖို့ရယ် ဒီနှစ်လမ်းပဲ မြင်မိပါတယ်။ ဒါပေမယ့် တပ်တွင်းပုန်ကန်မှု ဆိုတာက ကျနော်တို့နဲ့ နည်းနည်းအလှမ်းဝေးတယ်ဆိုတော့ ကျနော်တို့ နီးစပ်တဲ့ လူထုအုံကြွမှုအကြောင်းကိုပဲ အဓိကထား ပြောချင်ပါတယ်။ ဒီကနေ့ မြန်မာပြည်မှာ ပြည်သူလူထုကို လမ်းပေါ် ‘ဝေါကနဲ’ ဆင်းလာအောင် လုပ်နိုင်တာမှာ လူပုဂ္ဂိုလ်အနေနဲ့ပြောပါဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့အစည်းအနေနဲ့ပြောပါဆိုရင် NLD ပါတီပဲဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့ (၁၀၀) ပေါင်းပြီး ကြေညာချက်ထုတ် လမ်းပေါ်ထွက်အောင်လုပ်လည်း လူထု က လမ်းပေါ်ထွက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီကနေ့ အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြသူတွေအနေနဲ့ လူထု တိုက်ပွဲ ပေါ်ပေါက်ရေးအတွက် အဓိက ပဲ့ကိုင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ကောင်းမွန် တဲ့ တိုက်ပွဲနည်းနာတွေ (ဆရာလုပ်တာ မဟုတ်ပါဘဲ) တညီတညာတည်း၊ တသံတည်း တိုက်တွန်းအကြံပြုနိုင် အောင် ဆွေးနွေးပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ အဲဒါဆိုရင် ကျနော်တို့တိုက်ပွဲအတွက် ပိုလည်းအကျိုးရှိမယ် လို့ ထင်ပါတယ်” ဆိုတဲ့သဘော ကျနော် ပြောလိုက်မိပါတယ်။
အဲဒီနောက်ပိုင်း ဆွေးနွေးကြရင်း မအိရွှေစင် အလှည့်မှာ သူမက “ကျမအနေနဲ့ကတော့ NLD ကို ရက်ပေါင်း (၆၀) အတွင်းမှာ အမြန်ဆုံး အစိုးရဖွဲ့စေချင်ပါတယ်” ဆိုတဲ့ တိုက်ပွဲနည်းနာကို အဆိုပြုပါတယ်။ အဲဒီမှာတင် ကျ နော်လည်း မိုက်ခွက်ကို အလျင်အမြန် ဖြတ်ယူလိုက်ရင်း “ခုနက မအိရွှေစင် ပြောတာကို ကျနော် သဘောတူပါ တယ်၊ နအဖက ရက်ပေါင်း (၆၀) အတွင်း ပါတီမှတ်ပုံတင်ရမယ်ဆိုတာ အန်အယ်လ်ဒီအပါအ၀င် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တွေရဲ့ ၉၀ မန်းဒိတ်ကို နောက်ဆုံးပိတ် စိန်ခေါ်လိုက်တာပဲလို့ ကျနော် ယူဆပါတယ်။ အဲ ဒါကြောင့်မို့ ဒီနေ့ဒီအချိန်ခါမှာ အန်အယ်လ်ဒီပါတီအနေနဲ့ နအဖကို ၉၀ မန်းဒိတ်နဲ့ အစိုးရဖွဲ့ ချဲလင့်ခ်ျခေါ်ပြီး အ လျင်အမြန် တိုက်ပွဲဝင်မှ ဖြစ်ပါတော့မယ်။ ဒီနည်းက အမြန်ဆုံးပဲ၊ ဒါမှလည်း လူထုပါလာမှာပါ။ ၉၀ မန်းဒိတ်ဆို တဲ့ လက်နက်ကြီးနဲ့သာထု၊ ၂၀၁၀ ရွေးကောက်ပွဲ အော်တိုမစ်တစ် မြောင်းထဲရောက်ပြီး ကျနော်တို့ရဲ့ အဆုံး သတ်တိုက်ပွဲ သေချာပေါက်အောင်မြင်မှာပါ။ မဟုတ်လို့ကတော့ ရက် (၆၀) ကျော်ရင် အကုန်ဒုက္ခများကုန်ပါ လိမ့်မယ်။ ဒီအကြံပြုချက်အပေါ် အခြားလူတွေလည်း ၀ိုင်းပြီး ဆွေးနွေးပေးကြစေလိုပါတယ်” ဟု တိုက်တွန်း ပြောဆိုလိုက်မိတယ်။
အဲဒီနောက် အကြိတ်အနယ် ငြင်းခုံဆွေးနွေးအကြံပြုကြရင်း အခမ်းအနားပြီးချိန် ညနေ (၅) နာရီလောက်မှာ အခမ်းအနားတက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေ၊ ကျနော့်လို တသီးပုဂ္ဂလသမားတွေ အ များစုရဲ့ သဘောတူညီချက်နဲ့ ဖုန်းမော်နေ့ စတိတ်မန့်တစောင်ကို ထူးထူးခြားခြား ထုတ်ပြန်နိုင်ခဲ့တယ် ဆိုပါ တော့။ အဲဒီထဲမှာ (အဲဒီနေ့က တက်ရောက်ဆွေးနွေးတဲ့ ၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း စာချောစီပေးတဲ့) “လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကို လည်း ကောင်း (သို့မဟုတ်) တာဝန်သိသည့် တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေး ချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း ပြည်သူ့အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်းကြောင်း၊ ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရကို တခဲနက် ထောက်ခံအားပေး မည်ဖြစ်ကြောင်း” ဆိုတဲ့ အကြံပြုတိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တခုကိုလည်း ထည့်သွင်းနိုင်ခဲ့ပါတယ်။ တချိန်လုံး ဆွေးနွေးပွဲမှာ ရှိနေခဲ့တဲ့ ပုဂ္ဂိုလ်တဦးစ နှစ်ဦးစကတော့ ပွဲအပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြတဲ့အချိန်မှာ (ဘာဖြစ်လို့လဲမသိ) ကုပ်ကုပ်ကလေး ဆင်းပြေးသွားတာတွေ့ရတယ်။
အဲဒီ ပြည်သူ့အစိုးရ အမြန်ဆုံးဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ကို နောက်တနေ့ ကျင်းပတဲ့ MPU (Members of Parlia- ment Union) ရှင်းလင်းပွဲမှာလည်း MPU အဖွဲ့က ထောက်ခံကြောင်းနဲ့ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီတိုက်ပွဲ ၀င် အဖွဲ့အစည်းအသီးသီးအနေနဲ့လည်း တိုက်တွန်းထောက်ခံကြစေလိုကြောင်း မေတ္တာရပ်ခံပန်ကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး များမကြာမီက ကျင်းပခဲ့တဲ့ လွတ်မြောက်နယ်မြေက ဗွီအိုင်ပီဆိုသူ များ တက်ရောက်တဲ့ ဗဲရီးအင်ပေါ့တဲန့် အစည်းအဝေးကြီးမှာ အဲဒီဖုန်းမော်နေ့ စတိတ်မန့်က ပြည်သူ့အစိုးရ အ မြန်ဆုံးဖွဲ့စည်းရေး တိုက်တွန်းချက်ဟာ စိတ်ကူးယဉ်ဆန်တယ်၊ အန်အယ်လ်ဒီကို အကျဉ်းအကျပ်ထဲ ရောက် အောင်လုပ်တယ်ဆိုတဲ့ မကျေလည်တဲ့သဘော ပွစိပွစိအသံတွေ ထွက်ပေါ်ခဲ့တယ်လို့ တဆင့်စကား တဆင့် နားနဲ့ ပြန်ကြားရလေရဲ့ (အဲဒီလိုကြားရတော့ သြော် … အကျဉ်းအကျပ်ကို မဖြတ်ဘဲ ကမ္ဘာပေါ်မှာ ဘယ်တော် လှန်ရေးတွေများ အောင်မြင်ခဲ့ပါလိမ့်လို့ ပြန်လှန်တွေးတောနေမိတယ်)။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့အတိုင်း ထင်မြင်ယူဆချက်တွေ ကွဲပြားခြားနားတတ်တာဟာ သဘာဝကျပါ တယ်။ အပြစ်ဆိုစရာ လုံးဝမရှိပါဘူး။ ထောက်ခံတဲ့သူ ထောက်ခံနိုင်သလို သဘောမတူချင်သူလည်း သဘော မတူပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကျနော် စဉ်းစားဖြစ်တာက ဒီကနေ့ လက်ရှိဖြစ်တည်နေတဲ့ (နိုင်ငံရေးအကျပ် အတည်း အကြီးအကျယ်ဆိုက်နေတဲ့) အနေအထားကနေ အပြီးသတ်အောင်ပွဲရတဲ့အထိအောင် ဘယ်လိုနည်း လမ်းရှာမလဲဆိုတဲ့ တိုက်ပွဲနည်းနာကို စဉ်းစားကြည့်တာပါ (ပရိုပိုဇယ်ထုပ်ပိုက်ပြီး ကမ္ဘာ့တပတ် ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ရေး ကမ်ပိန်းထုရုံအဆင့်လောက် ခပ်တိမ်တိမ်ပဲ ကျနော် စဉ်းစားတယ်ဆိုရင်တော့ အ ပြီးသတ် အောင်ပွဲရတဲ့အထိအောင် ဘယ်လိုနည်းလမ်းရှာမလဲဆိုတဲ့ တိုက်ပွဲနည်းနာကို ဆက်ဆွေးနွေးစရာ အ ကြောင်းမရှိဘူးပေါ့)။
ကျနော်ကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရုံ၊ ကန့်ကွက်ရှုတ်ချရုံ၊ အသိအမှတ်မပြုရုံလောက်နဲ့ တော့ အဆုံးသတ်အောင်ပွဲဆီကို လှမ်းနိုင်မယ်လို့ မထင်ရေးချ မထင်ပါ။ ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့် ကျင်ရုံ၊ ကန့်ကွက်ရှုတ်ချရုံ၊ အသိအမှတ်မပြုရုံလောက်အဆင့်ဆိုတာက ဘောလုံးစကားနဲ့ပြောရင် ခံစစ်နဲ့ ပိတ် ကစားတဲ့အဆင့်ပါပဲ။ ဂိုးမပေးရရုံပဲ ရှိမယ်၊ ဂိုးတော့ မရနိုင်ပါဘူး။ ဂိုးမရနိုင်တဲ့အပြင် မထင်ရင် မထင်သလို အ နိုင်ကျင့် ယုတ်ပတ်တတ်တဲ့ နအဖအသင်းသားတွေ လူချကစားလို့ ကိုယ့်ဘက်သားတွေ ပိုပိုပြီး ကျိုးကန်းဒဏ် ရာရဖို့ပဲရှိပါတယ် (အနှစ် ၂၀ အတွင်းမှာလည်း နအဖ လူယုတ်မာတွေ လူချကစားလို့ ကိုယ့်ဘက်သားတွေ ထော့နင်းထော့နင်း၊ ကွတကွတ ဖြစ်နေကြတာ အားလုံးအမြင်ပဲမဟုတ်ပါလား)။
အဲဒီတော့ ကျနော်တို့ ဒီမိုကရေစီဘက်တော်သားအသင်းရဲ့ အနေအထားက ဂိုးရမှ ဖြစ်မှာပါ။ ဂိုးရမှ နိုင်မှာပါ (အောင်ပွဲရမှာပါ)။ အဲဒီတော့ ဂိုးရဖို့ဆိုတာ ကိုယ်ဘက်ကနေ နအဖအသင်းဘက်ကို တန်ပြန်တိုက်စစ်ဖွင့်ပြီး အ ရဲစွန့် အနာခံကစားမှ ရမှာပါ။ အခုအချိန်မှာ ဒီမိုကရေစီဘက်တော်သားအသင်းဘက်က တန်ပြန်တိုက်စစ် ဖွင့် ကစားဖို့ အကောင်းဆုံး ကစားကွက်ကြီး ရှိနေပါသေးတယ်။ အဲဒီကစားကွက်ကြီးက ဒိတ်လည်းမအောက်သေး ပါဘူး။ အဲဒီအကောင်းဆုံး နည်းဗျူဟာကြီးကတော့ ပြည်သူက အာဏာကုန်အပ်နှင်းထားတဲ့ ၉၀ မန်းဒိတ်ကြီးနဲ့ ချဲလင့်ခ်ျခေါ် (အစိုးရဖွဲ့) တဲ့ နည်းဗျူဟာပါပဲ။ ပေါ်တင်လုပ်ရတော့မယ့် အချိန်ဖြစ်လို့၊ ပေါ်တင်လုပ်မှလည်းဖြစ် မှာမို့လို့ (လုပ်ခွင့်လည်း အပြည့်အ၀ရှိလို့) ပေါ်တင်ပဲ ပြောရတော့တာပါ။
အဲဒီမန်းဒိတ်ကြီးကို ရဲရဲဝံ့ဝံ့ အသုံးချ တိုက်စစ်ဆင်ရဲတဲ့ နည်းဗျူးဟာနဲ့မှ ကျနော်တို့ ဂိုးသွင်းနိုင်မယ့် အနေအ ထား ဖြစ်တည်လာမှာပါ။ အဲဒီအခါကျမှလည်း အောင်ပွဲဆိုတဲ့ရလဒ် ဖြစ်ပေါ်လာမှာပါ။ အဲဒီလို ဖြစ်ပေါ်လာဖို့အ တွက်ကတော့ ၉၀ မန်းဒိတ် အပ်နှင်းခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီက ပုဂ္ဂိုလ်တွေ အပါ အ၀င် သက်ရှိထင်ရှားရှိနေကြတဲ့ (အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ ကျဉ်တုပ်ခံဝံ့ မခံဝံ့ (ဒီစကားကတော့ ဖုန်းမော်နေ့ ဆွေးနွေးပွဲမှာ ဒီအေဘီအဖွဲ့က ဆရာ ဒေါက်တာကျော်ညွန့် ဆွေးနွေးတဲ့အထဲမှာ ပါတာပါ) ဆိုတာက အခရာကျပါတယ်။
ပြည်သူက မန်းဒိတ်အပ်နှင်းထားတဲ့သူတွေ ကျဉ်တုပ်မခံဝံ့လို့တော့ မရပါဘူး။ ကျဉ်တုပ်ခံပြီးတော့ကို ဗြောင် ပြော ဗြောင်ချဲလင့်ခ်ျခေါ်ပြီး “ပြည်သူကပေးတဲ့ မန်းဒိတ်နဲ့ အစိုးရဖွဲ့တယ်ဟေ့” ဆိုတဲ့ ကေ့စ် (Case) တခုကို တိုင်းသိပြည်သိ ကမ္ဘာ့သိ ဖွင့်ချလိုက်ရမှာပါ (ဒါဟာ စိတ်ကူးယဉ်ဆန်တာ မဟုတ်ပါဘူး။ အကောင်အထည်မရှိ တာကို အရူးချေးပန်း ထလုပ်တဲ့ကိစ္စ မဟုတ်ပါဘူး။ လူထုက သူတို့လက်နဲ့ ကိုယ်တိုင်မဲထည့်ပြီး အပ်နှင်းခဲ့တဲ့ လုပ်ပိုင်ခွင့်ကို အသုံးချတာပါ)။ နအဖကိုလည်း ခွင့်တောင်းနေစရာမလိုဘဲ ပြည်သူလွှတ်တော်ကိုယ်စားလှယ် တွေ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် နောက်ဆုံးပိတ် တိုက်ကွက်ပါ။ အဲသလို ကမ္ဘာသိ၊ မြန်မာသိ ကေ့စ် (Case) ကြီးတခုကို ဖွင့်ချလိုက်ပြီးမှ နိုင်ငံတကာဖိအား၊ ပြည်တွင်းပြည်ပဖိအားနဲ့ အဲဒီကေ့စ်(Case) ကို ၀ိုင်းဝန်းဖြေရှင်း ကြမယ်ဆိုရင် နအဖ စိတ်ကူးယဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲအိပ်မက် အော်တိုမစ်တစ် မြောင်းထဲကျသွားပြီး နအဖ စစ်ဗိုလ်တွေ ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ခြေသလုံးဖက်လာရမှာပါ။ အဲဒါမှ နိုင်ငံရေးအကျဉ်း သားတွေ လွတ်မြောက်လာမှာပါ။ အဲဒါမှ နအဖ လက်နက်အားကိုးနဲ့ မတရား ရယူထားတဲ့ အာဏာ ပြည်သူလူ ထုလက်ထဲကို ပြန်ရောက်လာမှာပါ။
အဲသလိုမဟုတ်ဘဲ ပြည်သူက မန်းဒိတ်အပ်နှင်းထားတဲ့ ပုဂ္ဂိုလ်တွေ ကြောက်ရွံ့နောက်တွန့်နေ (ကျဉ်တုပ်မခံဝံ့) လို့ကတော့ ရက်ပေါင်း (၆၀) ကျော်တာနဲ့ ကျန်ရှိနေတဲ့ ၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး သ မိုင်းကွေးကြမှာဖြစ်သလို ကျနော်တို့ မြန်မာပြည်သူပြည်သားတွေလည်း စစ်ဖိနပ်နဲ့ နင်းတဲ့ဒဏ် ၀ဋ်ရှိသရွေ့ ဆက်ခံကြပေဦးဆိုတဲ့ကိန်း ဆိုက်ရောက်သွားလိမ့်မယ်လို့ သတိပေးခေါင်းလောင်း ခပ်ကျယ်ကျယ်လေး ထိုး လိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
Monday, March 29, 2010
မန်းဒိတ်ရှိသူတွေ ကြောက်ရွံ့ နောက်တွန့်နေသရွေ့ ခံပေဦးတော့ မြန်မာပြည် သူတွေ …
Subscribe to:
Post Comments (Atom)
13 comments:
ဒီလို ရှိတယ်ဆရာလွမ်းရဲ့ “ ကောင်းတော့ကောင်းတယ် မျက်စိစပ်တယ်တဲ့”
အဲဒီကော်မရှင်ဥပဒေမထွက်ခင်ထည်းက အထည်းက အမတ်မင်းတွေကို ပြောဘူးဆိုဘူး ဆွေးနွေးဘူးပါတယ် သူတို့ က “ မင်းတို့ က အပြင်က အော်နေတာ ငါတို့ အထည်းက လူတွေက လုပ်ရတာတော်တော်ကြပ်နေတယ်ကွ မင်းတို့ လာလုပ်ပါလားတဲ့ မင်းတို့ ကျ ကြောက်လို့ ထွက်ပြေးပြိး အပြင်ကနေကြီးကြိးကျယ်ကျယ် လျှောက်ပြောမနေနဲ့ ” ဆိုဘဲ နောက်ဆက်တွဲပြောလိုက်သေးတယ် “ အယ်နယ်ဒီထည်းမှာလည်း ထောင်ကျမှာကြောက်နေတဲ့ မစွန့် စားရဲတဲ့ မလုပ်ရဲတဲ့ အမတ်မင်းတွေ အများကြီး ” ဆိုဘဲဗျာ
ပြောတာက လွယ်ပါတယ်။
တိုက်တယ်ဆိုတာ နိုင်ချေ ၅၀ % ၅၀% ဆို မဆိုးပါဘူး။ အနာခံတဲ့လူလည်း လုပ်သင့်ပါတယ်။
အခုက
၁) အခု အစိုးရအဖွဲ့ကျေညာ နာရီပိုင်းအတွင်း ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားရော။ သူတို့အနစ်နာခံတာ ဘယ်သူက ကယ်မလဲ။
၂) ပြည်သူလူထု လမ်းပေါ်ထွက်တယ်ဆိုတာ လမ်းပေါ်မှာ ထောင်သောင်းချီတဲ့ လူထုကြီးရှိမှ ထွက်ရဲကြတာကလား။
၃) နအဖကလည်း လျင်သွားပီ။ လူထောင်သောင်း အဖြစ်မခံဘူး။ စပြီး လူ ၃၀ ၄၀ စုတာနဲ့ ဝေါကနဲ ရောက်လာ ချက်ချင်းဆွဲတင်သွား။
တိုက်စိတ်ခိုက်စိတ် ရှိရုံနဲ့ တော်လှန်ရေးဆိုတာ ဖြစ်တာ မဟုတ်သေးဘူး။ အစီအမံကောင်းဖို့ လိုသေးတယ်။ ကိုယ်ဖြစ်ချင်တာပဲ ကြည့်လို့ မရဘူးလေ။ သူက ဘာလုပ်မလဲ။ ကိုယ်က ဘာပြန်လုပ်မလဲ။ ကြိုစီမံထားဖို့လိုပါတယ်။ ပြည်ပနိုင်ငံတွေ ထည့်မတွက်ပါနဲ့။ သင်္ကြန်အမြောက်တွေပါ။
ကိုလွမ်းဆွေနဲ့မအိရွှေစင်တို့ပြောတဲ့နည်းကNLDရော၊ မြန်မာပြည်သူတွေရောအတော်အနစ်နာခံကြရမှာမှန်ပေမဲ့ မြန်မာပြည်ကိုစစ်ကျွန်ဘဝကအချိန်မီကယ်တင်ဖို့ အတွက်တော့ဒီနည်းလမ်းပဲရှိတော့တယ်လို့ ကျနော်လည်းသဘောတူတယ်။အဲဒါမှတပ်ကတချို့လည်း ကူးကောင်းကူးလာနိုင်ကြမှာပါ။တရားဝင်အစိုးရတရပ်မရှိဘဲ နဲ့တော့တပ်ကတုပ်တုပ်မှလှုပ်မှာမဟုတ်ပါဘူး။ တရားဝင်အစိုးရတဖွဲ့လုံးကိုသူပုန်တပ်ဖွဲ့(လက်ရှိတပ်)တဖွဲ့က အကြာကြီးတော့ဖမ်းထားလို့မရဘူးလေ။ ညှိပါညှိပါဆိုတာသန်းရွှေကအညှိမှမခံပဲ။ သူလုပ်ချင် ရာပဲလုပ်မှာဆိုတာအခုအကောင်လိုက်ပြခဲ့ပြီးပြီ။ ညှိလို့များရဦးမလားလို့မျှော်လင့်နေသေးတာကသာ စိတ်ကူးယဉ်နေတာဖြစ်ပါတယ်။NLDကိုပြည်သူက အားမလိုအားမရဖြစ်နေခဲ့တာ အနှစ်၂၀ ရှိခဲ့ပါပြီ။ ဒီတခါတော့အပြတ်အသတ်အနိုင်ရပါတီတရပ်အနေနဲ့ ကိုလွမ်းဆွေပြောသလိုလုပ်သင့်ပြီလို့ထင်တာပါပဲ။
၂၀၁၀ စက်တင်ဘာလ ..........
........စစ်အစိုးရ က လက် ရှိ NLD ကို ဖျက် သိမ်း ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ထဲ ပို. လိုက်သည်။
................NLD အ မည် သစ် ဖြင့် ယ ခင် NLD မှ ထွက် လာသူ များ ကအစိုးရ အထောက် အ ပံ့ ဖြင့် မှတ်ပုံတင် လိုက်ကြသည်။
...............ဦးဝင်းတင် ဦး ဆောင် ၍ တစ်ချို့ အစိတ်အပိုင်း များ က လက်နက် (၃)
မျိုးကိုင်စွဲကာ လွတ် မြောက် န ယ် မြေ မှ မ သေမ ချ င်းဆန့်ကျင် မည် ဟု ကြေညာ လိုက် ရာစစ်အစိုးရက
မြ၀ တီ န ယ် စပ် အထိ ပို. ဆောင်ပေး လိုက် သည်။
..........စစ်အစိုးရက .၀အဖွဲ့ ၊ ကချင် အဖွဲ့ ၊ ရှမ်းအဖွဲ့ ၊နှင့် မွန်အဖွဲ့ တို့ ကို မတရား အသင်း အဖြစ် ကြေညာ ၍ စစ်လေယာဉ် များ ပါဝင် သော တပ်များ ဖြင့် တိုက်ခိုက်ရာ နေ့ စဉ်နှစ်ဘက် အကျအဆုံး များလျှက်ရှိ သည်။.
..........နယ် စပ် မြို့.များတွင်.တိုက်ပွဲ.များ ဖြစ်ပွား နေ ၍ ကုန် သွယ်ရေး ရပ်ဆိုင်း သွားပြီး ကုန်ဈေး နှုန်း များ အ ဆ မ တန် မြင့် မား၍ ဗုံးများ မကြာခဏ ပေါက်ကွဲ နေ သည်။
.............. .မြို့.များတွင် လည်း NLD ကိုထောက်ခံ သူများက ဆန္ဒပြ လျှက်ရှိ ကြ ရာ အစိုးရ က ပစ်ခတ် ဖြို ခွဲ ၍ (၂) ပတ် အ တွ င်း ၁၅၀ ခန့် သေဆုံးသွား သည် ဟု သတင်းများ ထွက် ပေါ် လျှက်ရှိ သည်။
.................ကုလသမဂ္ဂ အမေရိကန် အီးယူ နှင့်အာဆီယံ တို့က လည်း " အ ထူး စိုး ရိမ် ကြောင်း " ကြေညာ ချက် များ ထုတ်ပြန် ကြ သည်။
................... ပြည်ပ ရှိ စစ်အစိုးရသံရုံး များ ရှေ့ တွ င် ထုံးစံအတိုင်း ဆန္ဒပြ ကြ ပြီး အ ချို့ က ဖိနပ်များ ဖြင့် ပစ် ပေါက်လျှက်ရှိ ကြ သည်။
....................ပြည်ပ အတိုက်အခံ အင်အားစု ဆို သူများက လည်း ဆန်း သစ် သော စိတ် ကူး များ ဖြင့် ဆို သော ယခင် proposal များ ကို တင် ၍ ငွေကြေးတောင်း ခံ လျှက်ရှိ ကြ သည်။
....................၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာ ကွ ယ် ရ န် စစ် တပ် ၏ ပစ်ခတ် နှိမ် နင်း မှု ကို ထောက်ခံ ကြောင်း ပြည် တွင်း ရှိ မှတ်ပုံတင် ထားသော ပါတီ များ က ကြေညာ ချက် များ ထုတ်ပြန် ကြ သည်။
ဆရာလွမ်းဆွေရေ တော်လှန်တယ် ဆန့်ကျင်တယ် ပုန်ကန်တယ် ဆိုတာ လူထုရှိမှကောင်းတယ် ဟုတ်တယ်နော်...လူထုတကယ်nld အနောက်မှာရှိတယ် ဆိုရင် လုပ်ပေါ့ဗျာ ဒါပေမယ့်အဲဒီလူထု ရှိပါတယ်ဆိုတဲ့အကြောင်းပြချက်ကြီးက ၉၀ mandate ကြောင့်ဆိုတာကြီးနှင့်ပဲပြတာဆိုတော့ တကယ်ပဲကောင်းတော့ကောင်းတယ် မျက်စိစပ်တယ်ဆိုတာကြီးပါပဲ ၈၈ က ဒေါက်တာမောင်မောင် ပြောတဲ့ (အခုအခြေခံဥပဒေက လွန်ခဲ့တဲ့ ၁၄နှစ်ကမှ တစ်တိုင်းပြည်လုံးချိမ့်ချိမ့်သဲသဲမဲပေးခဲ့ကြတာပါ)ဆိုတဲ့အပြောမျိုးလိုပဲ လက်ရှိအခြေအနေကို မသုံးသပ်ပဲ ကိုယ်ပီတိတွေဖြစ်ခဲ့တဲ့အချိန်တွေကို အာသာငမ်းငမ်းတရှိုက်ရှိုက်မက်မ
က်ဖြစ်ပြနေတာကြီးပါ... ကျွန်တော်တစ်ယောက်တည်းအနေနှင့် ပြောမယ်ဗျာ 90မှာ nld ကိုမဲထည့်ခဲ့တယ်ဗျာ အခုအချိန် nld ကိုလုံးဝအယုံအကြည်မရှိဘူးဗျာ အဲလိုလူမျိုးကျွန်တော် တစ်ယောက်တည်းရှိခဲ့ရင်တော့ ဆရာလွမ်းအစီအစဉ်ကောင်းတယ်ပြောရမှာပေါ့...
ကျွန်တော်တို့အခုလက်ရှိအချိန်မှာ နအဖကိုမကြိုက်ဘူးဗျာ တစ်နိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန်လက် ရှိအုပ်ချုပ်ရေး လူမှုရေး စီးပွားရေး အကုန်လုံး နအဖကို မကြိုက်လို့ သောက်တင်းထိုင်ပြောကြတယ်ဗျာ ဒါက အသိသာကြီးပါ အပြောင်းအလဲကိုလိုချင်ကြလို့ပေါ့ ဒါပေမယ့်ဒီပြယုဒ်တွေက nld ဦးဆောင်မှုကို တိုင်းပြည်က လိုလားနေပါတယ်လို့သုံးသပ်မယ်ဆိုရင်တော့ သုံးသပ်တဲ့သူတွေသဘောပါ.....
သတိချပ်သင့်တယ်ထင်လို့ဝင်ရောက်ဆွေးနွေးကြည့်
တာပါဒီလိုမျိုးလူမျိုးမင်းတစ်ယောက်တည်းပါ တစ်တိုင်းပြည်လုံးနှင့် တစ်ကမ္ဘာလုံး ငါတို့ nld ကိုထောက်ခံတယ်ဆိုရင်တော့လုပ်ကြည့်လိုက်ပေါ့
HAVE YOU PREPARED FOR THE WORST SITUATION AFTER ANNOUNCED FOR 1990 MANDATE? Need to have the plan for a few options. Or else most of the lives in Myn be lost or sacrificed again. Then suffer again in many areas. Normally they don't care. They just enlarge or expend the prisons over there. Can't expect that whole country will follow as 1988.
ကိုလွဏ်း...
နိုင်ငံခြားမှာနေပြီး၊ ဖွတ်မရဒါးမဆုံးမယ့် အကွက်တွေ လုပ်မနေပါနဲ့တော့ဗျာ။(ခင်ဗျားလည်းသတ်တိမရှိလို့ အပြင်ကိုပြေးတာဘဲမဟုတ်လား) အပြင်ရောက်မှ ဟိုလိုလုပ်လိုက်ပါလား၊ ဒီလိုလုပ်လိုက်ပါလား၊ ဆိုပြီး ထ "ဟော့" နေတာကတော့မလှဘူးဗျာ။ အထဲက ကောင်တွေကို ဇာတ်နာအောင် အတင်း သေခိုင်းနေ သလိုဖြစ်နေပြီ။ အထဲကကောင် တွေဇာတ်နာမှ၊ ဒီလိုဇာတ်နာကိုအကြောင်းပြုပြီး(ဘယ်လိုမှမဖြစ်နိုင် တော့တဲ့) အပြောင်းအလဲဖြစ်မှ ခင်ဗျားတို့က ခန့်ခန့်ကြီးပြန်လာမှာလား။ ကိုလွဏ်းရေ ဒါဆို ခင်ဗျားသမိုင်း သိပ်ကောင်းမှာမဟုတ်ဘူးနော်...
စစ်တပ်က သူလုပ်ချင်ရာသူလုပ်လာတာလဲ အနှစ် နှစ်ဆယ် ကျော်ပြီ။ NLDအရည်အချင်း မရှိတာကို ပြည်သူတွေတွေ့ နေရတာလည်း အနှစ်နှစ်ဆယ်ရှိ လာပြီ။ ရှင်းရှင်းလေးဘဲ NLD မလုပ်နိုင်တာကို ဘာလို့ ပြည်သူတွေကိုထပ်ပြီးလုပ်ခိုင်းနေသေးသလဲ။ 1990 တုံးက ယုံလို့ပေးခဲ့တဲ့ Mandate ကို အလုပ်ဖြစ်အောင်အကောင်အထည်မဖေါ်နိုင်ဘဲနဲ့ အခုအထိ အားပါးတရ ဆွဲကိုင်ထားတုံးဆိုတာ ဘာနဲ့တူသလဲဆိုတော့ အဲ့ဒီတုံး(မဆလကိုမုန်းလို့) မဲပေးခဲ့တဲ့ပြည်သူကိုရော၊ အဲ့ဒီနောက်ပိုင်းမှာအသက် 18 နှစ်ပြည့်လာတဲ့ပြည်သူသန်းပေါင်းများစွာကိုရော ထည့်မတွက်တော့ဘူးဆိုတဲ့သဘောရှိနေပြီ။ အဝေကြီး မကြည့်နဲ့ဦး... 2008 Refremdum မှ NLD ဘာကိုထိထိရောက်ရောက်လုပ်နိုင်ခဲ့လို့လဲ။ 1990 တုံးက မဲပေးထားတယ်ဆိုတဲ့သူတွေနဲ့ နောက်မဲမပေးဘူးသေးတဲ့လူငယ်အများများရော NLD ရဲ့ ရပ်တည်ချက်အတိုင်းလိုက်လုပ်ခဲ့ကြလို့လား။
ကိုလွဏ်းသေသေချာချာစဉ်းစားရင်သိပါတယ်ဗျာ။
NLD က ဒီအတိုင်းသွားရင်ဇာတ်သိမ်းနေပြီ။ ပြည်သူ ထောက်ခံမှုကလည်း 1990 မဟုတ်တော့ဘူး။ စဉ်းစားဦးဆရာရေ....
ဆရာလွဏ်းကတော့ ဒီတစ်ခါတော့ စိတ်မမှန်တော့သလိုပဲ။ ခင်များက ပါးနဲ့၊ စာနဲ့ လျှောက်ပြောချင်တိုင်း မပြောနဲ့လေ။ ခင်များလိုတော့ လူတိုင်း ပြောတတ်ကြတာပဲ။ ကြောက်ရွံ့ဆိုတဲ့ စကားလုံးကို ခင်ဗျားသုံးသွားတာကတော့ တော်တော်ကြီးကို အလွန့်အလွန်ကို ရယ်စရာကောင်းမနေဘူးလား။ ဒီစာကိုတောင် ခင်ဗျားပြည်ပမှာ ကြောက်ချီးပန်းပြီး ရေးတာများလား။ ကိုယ်တိုင်မှ သတ္တိမရှိရင် သူများသတ္တိမရှိတာတွေ မပြောစမ်းပါနဲ့ဗျာ။
ကိုလွဏ်းဆွေပြောတာ မကောင်းဘူး မပြောပါဘူး။ ဒါပေမဲ့ ခင်ဗျားစဉ်းစားတာတွေကို နအဖက မစဉ်းစားဘဲ နေသလား ဒါ တစ်ချက်ပြန်ကြည့်။ အခုဆိုရင်ပဲ လူထုအုံကြွပြီဆိုပါစို့ ရန်ကုန်တနယ်မှာပဲ လူသုံးထောင်အများဆုံး စုလို့ရမယ်။ ကိုင်းတချိန်တည်းမှာ ၀ကထကြွဖို့ မျှော်လင့်တယ်ဆိုပါစို့။ အဲဒီဝ တပ်က တောထဲပြန်ဝင်မှ လှုပ်လို့ရှားလို့ရမှာ။ အခု တောထဲဝင်မရအောင် တပ်တွေ ကပ်ထားလိုက်ပြီ။ ကွင်းပြောင်ပြောင်မှာလေတပ်က ဆော်တာကို မတ်တပ်ရပ်ကြည့်နေရုံပဲ။ ပြည်ပဖိအားကို မျှော်လင့်သလား။ဖိတော့ ဖိမှာပါ။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားနဲ့က ဖိအားတစ်ဝက်လောက်ကို ပြန်တွန်းထုတ်လိုက်မှာပဲ။ ဒါဖြင့် တပ်ထဲကို ယူဂျီထည့်ပြီး စည်းရုံးနိုင်ပြီလားဆိုတော့ရော။
ဒါတွေအားလုံးက ဘာကိုပြသလဲဆိုရရင် တစ်ဖက်က ပလန်တွေဘာတွေနဲ့ အကျအန ကိုင်နေချိန်မှာ ရက်ပေါင်း အနည်းဆုံး ၂၀ လောက် ကျနော်တို့ခြေလှမ်းကို ရိပ်မိနေချိန်မှာ ကျနော်တို့မှာတော့ ပလန်လည်း နတ္ထိ အစိုးရရဲ့ နည်းဗျူဟာပိုင်းကို ရိပ်မိတာမျိုးလည်းမရှိ ပရမ်းပတာ ဖြစ်နေပါတယ်။
အုံကြွခြင်း လုပ်ရပ်က မဖြစ်နိုင်ဘူး မပြောပါဘူး။ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မအောင်မြင်နိုင်ဘူး။ မအောင်မြင်ရင် ဘာကောင်းသလဲ။ ဘာအမြတ်ရှိသလဲ။ ကုသိုလ်ကံကိုချည်း ပုံချနေလို့တော့ မဖြစ်ဘူးလေ။ ဒါတွေက လူ့အသက်တွေ ဖြစ်ပါတယ်။ ကလေးကစားစရာ မဟုတ်ဘူးနော်...
ဆရာလွမ်းဆောင်းပါးအပေါ် နအဖဘက်ကလူတွေ တုံ့ပြန်တာ နဲနဲတော့ အဆင်မြင့်လာပြီ။ သူတို့အရင်လိုမဟုတ်တော့ဘူး။ နအဖလူမှန်းမသိအောင် တုံ့ပြန်ဖို့ကြိုးစားလာကြတာ။ ဒါပေမယ့် ခြေသံတော့မလုံကြသေးဘူး။ အပေါ်ဖုံး အောက်ပေါ်ပေါ့။ ရယ်ရတယ်။ သူတို့စိုးရိမ်နေကြတယ်။ သေချာတယ်။ ကြိုးစားကြ ကြိုးစားကြ။
Htwe,
Your suggestions are very good. I noticed that whenever you or others sugggest that there should be widespead civil disobedience against this theiving, murderous regime, their syncophants write comments on this blog disparaging you and other exiled democracy activists. They claimed that they are themselves democracy activists and worry about life and limbs of the populace. Actually they are the lackeys of the regime and they are shitting in their pants whenever they hear widespread civil disobedience, which, by the way,was how we removed their stepfather and the son of the bitch, Nay Win, in 1988. They are faraid that the same fate will fall on them.
Keep up good works and keep promoting civil disobedience!!
promoting civil disobedience?
outstanding! again .. bravo!
Post a Comment