တပ်မှူး အမိန့်ပေးပါ
ရဲဘော်သန်းနိုင်
ရဲဘော်သန်းနိုင်
ပြည်တွင်းက ကြားနေရတဲ့အသံတွေကတော့ အတော်မကောင်းပေ။ အထူးသဖြင့် NLD ထိပ်ပိုင်းက လူတွေရဲ့ တွေးခေါ်စဉ်းစားမှုတွေကို အတော်အော့နှလုံးနာမိတယ်။ ကျန်းမာရေးမကောင်းဘူးဆိုကာ ရုံးတောင်မတက် နိုင်တဲ့ ဦးအောင်ရွှေတယောက်၊ ရွေးကောက်ပွဲဥပဒေ၊ ပါတီမှတ်ပုံတင်ဥပဒေတွေလည်း ထွက်ကရော ရုံးကို အပြေးအလွှားလာပြီး မှတ်ပုံသွားတင်ဖို့ ပြောတယ်ဆိုတာ သတင်းတခုအရ သိရတော့ အော် .. ဒီဗိုလ်ကြောက် တွေနဲ့တော့ “... ပြောကို မပြောချင်တော့ဘူး ...” လို့ပဲ ဒေါ်မြလေးလေသံနဲ့သာ ပြောလိုက်ချင်တော့တယ်။
ဒေါ်အောင်ဆန်းစုကြည်ခမျာမှာတော့ ရတဲ့အခွင့်အရေးလေးကိုအသုံးချပြီး ကိုယ်လူကြီးတွေဆီ အပြေးအလွှား သွားဂါရဝပြုရ၊ အားပေးရနဲ့ ထောင်ကျနေရက်နဲ့တောင် ကိုယ်ရဲဘော်ရဲဘက် အချင်းချင်း သွေးစည်းဖေးမမှုကို ပြရှာတယ်။ ဟော ... ခုတော့ သူတို့ (ဗိုလ်ကြောက်တွေနဲ့ အပေါင်းပါတွေ) က သူတို့ရဲ့ဇာတိရုပ်တွေကို ဖွင့်ပြ လိုက်ကြပါပြီ။ ပြည်သူလူထုအကျိုးစီးပွားတို့၊ တိုင်းပြည်အတွက်တို့ဆိုတာ စစ်အာဏာရှင် မဆလထိပ်သီး ဗိုလ် နေဝင်းကအစ ကနေ့ နဝတ/ နအဖ စစ်အာဏာရှင်တွေအဆုံး အသံပြာတဲ့အထိ ကုန်းအော်ခဲ့တာပဲမဟုတ်ပါ လား။ ဒါပေမယ့် လက်တွေ့မှာ ဒင်းတို့တတွေ ဘာတွေလုပ်ခဲ့ကြပြီး ပြည်သူလူထုကြီးနဲ့ တိုင်းပြည်မှာတော့ ဘယ်ဘဝရောက်သွားရတယ်ဆိုတာ အစိမ်းလတ်လတ်ကြီး တွေ့မြင်ခံစားနေကြရပြီမဟုတ်ပါလား။
ခုလည်း ကျနော်တို့ပြည်သူလူထုက လူထုတပ်ဦးပါတီကြီးအဖြစ် တာဝန်အပ်နှင်းထားတဲ့ပါတီ NLD က ခေါင်း ဆောင်ကြီးများဆိုတဲ့ လူတစုက စစ်အာဏာရှင်တွေရဲ့ လေသံကိုလိုက်ပြီး စစ်အာဏာရှင်တွေ အလိုကျ လူထု ကို သစ္စာဖောက်၊ ကိုယ့်ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ခေါင်းတွေကို တက်နင်းပြီး တိုင်းပြည်ကို စစ် ကျွန်ပြုတဲ့ သမိုင်းလုပ်ရပ်ထဲမှာ ပူးတွဲကြံရာပါတွေအနေနဲ့ ပါဝင်ဖို့ စိုင်းပြင်းနေကြပြန်ပါတယ်။
နဝတ၊ နအဖကောင်တွေဟာ ဒီအုပ်စုကို အစီအစဉ်ရှိရှိများ NLD ထဲမှာ ယူဂျီအနေနဲ့ မြှုပ်နှံထားလေသလားလို့ တောင် ထင်ရလောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် NLD ရဲ့ နှစ် (၂၀) ကျော်ခရီးမှာ ရန်သူနဲ့ ထိပ်တိုက်တွေ့ရ ပြီ၊ လူထုကို ပြတ်ပြတ်သားသား ဦးဆောင်မှုပေးဖို့ လိုလာပြီဆိုတိုင်း အဲ့ဒီလူတွေဟာ အကြောင်းအမျိုးမျိုးပြပြီး တိုက်ပွဲလမ်းကြောင်းကို ပြောင်းသွားအောင်၊ ရန်သူက ဖြစ်စေချင်တဲ့ပုံစံအတိုင်း ဖြစ်သွားအောင်၊ လုပ်ဆောင် လာခဲ့ကြတာကို နှစ် (၂၀) သမိုင်းမှာ ပြန်ကြည့်ရင် တွေ့ရမှာဖြစ်တယ်။ လူထုအတွက် လက်တွေ့ကျတဲ့ ဦး ဆောင်မှုဘာတခုမှ မယ်မယ်ရရ ဆုံးဖြတ်ဦးဆောင်ပေးခဲ့တာ မတွေ့ရပေမယ့် ကိုယ့်ခေါင်းဆောင်နဲ့ ကိုယ့်ရဲ ဘော်တွေကို ရန်သူ့အလိုကျ ထုတ်ပစ်စေချင်တဲ့အခါမှာတော့ ပြတ်သားစွာ လုပ်ဆောင်ပြတာကို တွေ့ရတယ် မဟုတ်ပါလား။
အစိုးရ (ရန်သူ) အလိုကျနေ၊ ထိပ်တိုက်မဖြစ်စေနဲ့၊ ဒါပေမယ့် ကမ္ဘာကျော်အတိုက်အခံ နိုင်ငံရေးပါတီကြီးတခု ဆိုတော့လည်း အများအမြင်မှာ တူတူတန်တန် ရှိအောင်လောက်တော့ ဖိန့်ဖိန့်လေးနဲ့ ကြေညာချက်ကလေး ဘာလေး တချက်တချက် ထုတ်၊ ရန်သူငြိုငြင်မယ့်ကိစ္စဆို ဝေးဝးကရှောင်၊ ဒါပဲတလျှောက်လုံး လုပ်လာတာပါ။ ဒီတချီတော့ ဖောရွှီးလုပ်နေလို့မရတော့ပါဘူး။
NLD ထဲမှာ ဘယ်သူကတော့ ပြည်သူ့ဘက်တော်သား၊ ဘယ်သူကတော့ ရန်သူ့ဘက်တော်သားဆိုတာ ကွဲကွဲ ပြားပြားတွေ့ကြရတော့မှာပါ။ စစ်အာဏာရှင်တွေရဲ့ စစ်ကျွန်ဇာတ်သွင်းတာကို ဘယ်လူတွေကတော့ လက်မခံ ဘူး၊ ဘယ်သူတွေကတော့ စစ်အာဏာရှင်တွေရဲ့ ခြေထောက်အောက်ကို လေးဘက်ထောက်ဝင်သွားကြတယ် ဆိုတာ ကျနော်တို့ပြည်သူတွေ မကြာခင် ပြတ်ပြတ်ထင်ထင် တွေ့မြင်ကြရတော့မှာပါ။
ဦးခင်မောင်ဆွေဆိုသူက မေးမြန်းခန်းတခုမှာ ပြောလိုက်သေးတယ် “ ကျနော်တို့ရွေးကောက်ပွဲကိုဝင်တာဟာ ခေါင်းငုံ့အရှုံးပေးတာ မဟုတ်ပါဘူး …” တဲ့။ ဒီပြောစကားကိုကြည့်ရင် ဒီလူတွေမှာ နိုင်ငံရေးအရ ခံယူချက်တို့၊ နိုင်ငံရေးဂုဏ်သိက္ခာတို့၊ လမ်းစဉ်တို့ မရှိဘူးဆိုတာ ပေါ်လွင်လှပါတယ်။ ဒီလူတွေဟာ သူတို့ ဒီနေရာရောက် လာအောင် သွေးလမ်းခင်းပေးခဲ့ကြရရှာတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ မျက်နှာမကြည့်တော့ဘဲ သစ္စာဖောက်ဖို့ ကြံစည်နေကြတာလို့ ပြည်သူတွေကိုယ်စား၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်စံနစ် တိုက် ဖျက်ရေး တိုက်ပွဲပေါင်းစုံမှာ အသက်ပေးလှုခဲ့ကြရတဲ့ ရဲဘော်အားလုံးရဲ့ကိုယ်စား ကျနော် ပြောချင်တယ်။
စစ်အာဏာရှင်တွေရဲ့ စစ်ကျွန်ဘဝကို ပြည်သူတွေကို အတင်းမောင်းသွင်းနေတာကို တောင်ထိပ်ပေါ် ဆင် ရောက်နေသလို အထင်းသား မြင်တွေ့နေရပါရက်နဲ့ ဒီအထဲ ဝင်လုပ်တာကပဲ လူထုအတွက်လုပ်သလို ပြောဆို လာတာကတော့ လုံးဝလက်မခံနိုင်စရာပါ။ ဒီမိုကရေစီတော်လှန်ရေး နှစ် (၂၀) ကျော်ခရီးမှာ NLD ဟာ ရန်သူ့ တီးကွက်နဲ့သာ လိုက်ကနေခဲ့တာပါ။ ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်မူနဲ့ လျှောက်ခဲ့တဲ့ကာလဟာ အနည်းအကျဉ်းပဲ ရှိခဲ့ပါတယ်။ ၁/၉၀ ဆိုလည်း လက်ခံလိုက်၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေ ထုတ် ခိုင်းတော့လည်း ထုတ်လိုက်၊ အမျိုးသားညီလာခံ တက်ရမယ်ဆိုလည်း တက်လိုက်ကြ၊ (ဒါတောင် ကြားမှာ ဒေါ် စုပြန်လွတ်လာလို့ လမ်းမှန်ပေါ်ပြန်ရောက်သွားတာ)၊ ဆန္ဒခံယူပွဲလုပ်တုန်းကလည်း ဝေဝါးဝါး၊ တောက် လျှောက်ဖြစ်စဉ်အားလုံးမှာ လက်တွေ့မပါတဲ့ ကြေညာချက်တွေ တလှေကြီးထုတ်တာတွေပဲ ထိုင်လုပ်နေတယ် လို့ပြောရင် လွန်မယ်မထင်ပါ။
ခုလို ပါတီတွင်းအချောင်သမားတွေ ရှိနေပေမယ့် အမှန်တကယ် လူထုအတွက် အလုပ်လုပ်ချင်တဲ့ တက်ကြွတဲ့ ရိုးသားတဲ့ ပါတီဝင်ထုတွေလည်း ရှိပါတယ်။ အဲ့ဒီလူတွေက ရန်သူကို ဒူးမထောက်စတမ်း တိုက်ပွဲဝင်ချင်နေကြ ပါတယ်။ ဒါပေမယ့် အဲ့ဒီလူတွေရဲ့ လက်ထဲမှာ လုပ်ပိုင်ခွင့်အာဏာမရှိကြပါဘူး။ ခုအချိန်မှာ ကျနော်တို့ပြည်သူ တွေဟာ စစ်မြေပြင်မှာ တဘက်ရန်သူနဲ့ သူသေကိုယ်ရှင် တိုက်ကြရတော့မှာပါ။ အဲ့ဒီလိုအနေအထားမှာ တပ် မှူး(Commander)ရဲ့ အမိန့်နဲ့ အဆုံးအဖြတ်ဟာ အဓိကကျလှပါတယ်။ ဒီလိုအချိန်မှာမှ ကိုယ့်တပ်မှူးက ပြတ် သားတဲ့ အမိန့်မပေးဘဲ တပ်ဖွဲ့ရဲ့သဘောအတိုင်း လုပ်ပါဆိုလို့မရပါ။ တိုက်ပွဲဖြစ်ရင် အထိအခိုက်တော့ပေးရမှာ ပါ။
စစ်အာဏာရှင်တွေနဲ့ ဒီမိုကရေစီဘက်တော်သား လူထုတွေ မကြာခင် စီးချင်းထိုးကြရတော့မယ့် စစ်မြေပြင်မှာ တပ်မှူးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ဦးအောင်ရွှေမဟုတ်ပါ။ ဦးခင်မောင်ဆွေမဟုတ်ပါ။ ဒေါ်စုအမိန့်ပေးတာကို လူထု (ပါတီဝင်ထု) က စောင့်နေကြပါတယ်။ ခုအချိန်မှာမှ အစည်းဝေးထိုင် ငြင်းခုံဆွေး နွေးလို့မဖြစ်ပါ။ လက်တွေ့တိုက်ပွဲနဲ့ အမှန်တကယ်တွေ့ရတော့မယ်ဆိုတော့ သတ္တိကြောင်သူတွေ၊ အခွင့်အရေး သမားတွေက တိုက်ပွဲကို ရှောင်ချင်ကြတော့မှာပါ။
အဲ့တော့ အဲ့ဒီလိုလူတွေရဲ့ လူစဉ်မမီတဲ့ တွေးခေါ်စဉ်းစား ချက်တွေကို ဒီလိုသေရေးရှင်ရေးသမျှ အရေးကြီးနေ တဲ့အချိန်မှာ ရှင်သန်ခွင့်ပြုလို့မရပါဘူး။ ရန်သူက ဖြစ်စေချင်တာကို မဖြစ်အောင် လုပ်ပြခြင်းကိုက ဂုဏ်သိက္ခာ အရှိဆုံး နိုင်ငံရေးလုပ်ဆောင်ချက်ဖြစ်တယ်။ လူထုလမ်းစဉ်ဖြစ်တယ်။ ထိုလုပ်ဟန် လမ်းစဉ်သာလျှင် လူထု ထောက်ခံမှုကိုရမှာဖြစ်တယ်။ လူထုပါတီဆိုတာ အာဏာရှင်တွေက ပေးသနားမှ ဖွဲ့လို့ရတာ မဟုတ်ပါ။ လူထု ထောက်ခံမှုရှိရင် ပါတီဆိုတာရှိနေမှာပါ။ ဒါနဲ့ဆန်ကျင်ဘက်ကတော့ လူထုကို ကျွန်ဇာတ်သွင်းမယ့် ရန်သူကို မသိကျိုးကျွန်ပြုပြီး လူထုစိတ်ဆန္ဒနဲ့ ဆန့်ကျင်နေလို့ကတော့ ပါတီဆိုင်းဘုတ်ကြီးကို ဘယ်လောက်ပဲ ကြီး အောင် တင်ထားတင်ထား၊ ပါတီရုံးကြီးကို ရွှေတွေပဲ ချထားချထား၊ အဲဒီပါတီကို လူထုက အသိအမှတ်ပြုလက် ခံမှာ မဟုတ်ပါဘူး။ သမိုင်းအမှိုက်ပုံထဲရောက်သွားမှာပါ။
ဒါကြောင့် ဒီစစ်ပွဲအတွက် တပ်မှူး ဒေါ်အောင်ဆန်းစုကြည် အမိန့်ပေးပါ။
ရဲဘော်သန်းနိုင်
၂၀-၃-၂၀၁၀
7 comments:
၂၀၁၀ စက်တင်ဘာလ ..........
........စစ်အစိုးရ က လက် ရှိ NLD ကို ဖျက် သိမ်း ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ထဲ ပို. လိုက်သည်။
................NLD အ မည် သစ် ဖြင့် ယ ခင် NLD မှ ထွက် လာသူ များ ကအစိုးရ အထောက်အ ပံ့ ဖြင့် မှတ်ပုံတင် လိုက်ကြသည်။
...............ဦးဝင်းတင် ဦး ဆောင် ၍ တစ်ချို့ အစိတ်အပိုင်း များ က လက်နက် (၃)
မျိုးကိုင်စွဲကာ လွတ် မြောက် န ယ် မြေ မှ မ သေမ ချ င်းဆန့်ကျင် မည် ဟု ကြေညာ လိုက် ရာစစ်အစိုးရက
မြ၀ တီ န ယ် စပ် အထိ ပို. ဆောင်ပေး လိုက် သည်။
..........စစ်အစိုးရက .၀အဖွဲ့ ၊ ကချင် အဖွဲ့ ၊ ရှမ်းအဖွဲ့ ၊နှင့် မွန်အဖွဲ့ တို့ ကို မတရားအသင်း အဖြစ် ကြေညာ ၍ စစ်လေယာဉ် များ ပါဝင် သော တပ်များ ဖြင့် တိုက်ခိုက်ရာ နေ့ စဉ်နှစ်ဘက် အကျအဆုံး များလျှက်ရှိ သည်။.
..........နယ် စပ် မြို့.များတွင်.တိုက်ပွဲ.များ ဖြစ်ပွား နေ ၍ ကုန် သွယ်ရေး ရပ်ဆိုင်း သွားပြီး ကုန်ဈေး နှုန်း များ အ ဆ မ တန် မြင့် မား၍ ဗုံးများမကြာခဏ ပေါက်ကွဲ နေ သည်။
.............. .မြို့.များတွင် လည်းNLD ကိုထောက်ခံ သူများက ဆန္ဒပြ လျှက်ရှိ ကြ ရာ အစိုးရ က ပစ်ခတ် ဖြို ခွဲ ၍ (၂) ပတ် အ တွ င်း ၁၅၀ ခန့် သေဆုံးသွား သည် ဟု သတင်းများ ထွက် ပေါ် လျှက်ရှိ သည်။
.................ကုလသမဂ္ဂ အမေရိကန် အီးယူ နှင့်အာဆီယံ တို့က လည်း " အ ထူး စိုး ရိမ် ကြောင်း " ကြေညာ ချက် များ ထုတ်ပြန် ကြ သည်။
................... ပြည်ပ ရှိ စစ်အစိုးရသံရုံး များ ရှေ့ တွ င် ထုံးစံအတိုင်း ဆန္ဒပြ ကြ ပြီး အ ချို့ က ဖိနပ်များ ဖြင့် ပစ် ပေါက်လျှက်ရှိ ကြ သည်။
....................ပြည်ပ အတိုက်အခံအင်အားစု ဆို သူများက လည်း ဆန်း သစ် သော စိတ် ကူး များ ဖြင့် ဆို သော ယခင် proposal များ ကို တင် ၍ ငွေကြေးတောင်း ခံ လျှက်ရှိ ကြ သည်။
....................၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာ ကွ ယ် ရ န် စစ် တပ် ၏ ပစ်ခတ် နှိမ် နင်း မှု ကို ထောက်ခံ ကြောင်း ပြည် တွင်း ရှိ မှတ်ပုံတင် ထားသော ပါတီ များ က ကြေညာ ချက် များ ထုတ်ပြန် ကြ သည်။
ပြည်သူတွေကို ဒုက္ခပေးနေပြန်ပြီ...ကိုယ်ပိုင်အစွမ်းအစနဲ့လည်း မလျှောက်တတ်...အားအားနေ ဒီ လူထု ပြည်သူတွေဆိုတာကိုပဲ ပါးစပ်က မချပဲ လူထု တိုက်ပွဲ ဘာညာတွေပြောနေတာဟာ ငြိမ်းချမ်းစွာနေနေတဲ့ ပြည်သူတွေကို လမ်းပေါ်ထွက် သေခိုင်းနေတာနဲ့အတူတူပဲ...ပြည်သူအတွက် ရှေးရှုလုပ်နေတဲ့သူတွေက ဒီလို အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ဘူး....
ပြောလိုက်ရင် ပြည်သူလူထု ပြည်သူလူထုနဲ့  ဘယ်နိုင်ငံရေးသမားကရော တော်လှန်ရေးသမားကရော တိုင်းပြည်အတွက် အနှစ် ၂၀ အတွင်းဘာများလုပ်ခဲ့ကြလို့ လဲ။
အခုဆိုရင် ပြည်ပရောက် မြေအောက်သူပုန်အဖွဲ့ အစည်းတွေ ငြိမ်နေတာ အီးပေါက်သံတောင်မကြားရတော့ပါလား။
ရွေးကောက်ပွဲဆိုတဲ့ အသံလဲကြားရော ရှေ့ ဆက်လုပ်စားလို့ မရတော့မှာစိုးလို့  တချို့ က NLD ရွေးကောက်ပွဲ ၀င်မှာကို ဘုရားတ ဆုတောင်းနေကြတာ စောက်ရှက်ကိုမရှိဘူး။
ပြည်သူက ဆုံးဖြတ်မယ်၊ ဆုံးဖြတ်မယ် လိုက်အော်မနေကြနဲ့ ။ ပြည်သူက အချဉ်မဟုတ်တော့ဘူး မင်းတို့ က ပြည်သူကို ချကျွေးပြီး ဇိမ်ယဇ်နေကြတာ။ အခုရွေးကောက်ပွဲကို မကျေနပ်ကရင် တော်လှန်ရေးသမားတွေ နိုင်ငံရေးသမားတွေ သတ္တိရှိရင် ဆန္ဒထပြကြလေ...ကြောက်ချေးမပါနေကြနဲ့ တော့...။
Both of ruler and opposition commonly use "People_Benifit".
I notce a word of Thakhin Soe who shouted and accused peoples as "There were not LUDU လူထု that were just LADU လ ဒူ " when less persons came for massive strike called by BCP around 1949.
Substantial deision is came from charismatic and decisive leader, now We got a such leader who is Our "Daw Su".
Whatever result is came out by March 29, I, myself do appreciate and bow down to NLD members for long term resistance to SPDC Gyokokes though achievements do not appear yet.
In the end, Democracy inevitably and fully bloom to oue land.
သခင်မျိုးဟေ့ဒို့ဗမာ-သို့
တခြားဟာတွေထားပါတော့၊ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာရင်သူ့နောက်မှာအဖွဲ့အစည်းကြီးမရှိတော့ဘူး။စည်း ဝေးစရာပါတီအဖွဲ့အစည်းအရုံးလဲမရှိတော့ဘူး။ဒါကြောင့်နိုင်ငံရေးလုပ်လို့မရတော့ဘူး။ပြည်ပကိုပဲထွက်ရတော့မယ်ဆိုတာတွေဟာမင်းစိတ်ထဲကဖြစ်စေချင်နေတာတွေမဟုတ်လား။ဒေါ်စုနောက်မှာထောက်ခံအားပေးမယ့်သူတွေရှိနေမယ်ရှိမနေဘူးဆိုတာစောင့်ကြည့်လိုက်ပါလို့ပဲပြောချင်တယ်။
(ခုလည်း ကျနော်တို့ပြည်သူလူထုက လူထုတပ်ဦးပါတီကြီးအဖြစ် တာဝန်အပ်နှင်းထားတဲ့ပါတီ NLD က ခေါင်း ဆောင်ကြီးများဆိုတဲ့ လူတစုက စစ်အာဏာရှင်တွေရဲ့ လေသံကိုလိုက်ပြီး စစ်အာဏာရှင်တွေ အလိုကျ လူထု ကို သစ္စာဖောက်၊ ကိုယ့်ရဲဘော်ရဲဘက်၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ခေါင်းတွေကို တက်နင်းပြီး တိုင်းပြည်ကို စစ် ကျွန်ပြုတဲ့ သမိုင်းလုပ်ရပ်ထဲမှာ ပူးတွဲကြံရာပါတွေအနေနဲ့ ပါဝင်ဖို့ စိုင်းပြင်းနေကြပြန်ပါတယ်)
ရဲဘော်သန်းနိုင် ခင်ဗျားက လူထုကို သစ္စာဖေါက်ရာကျတယ်ဘာညာနှင့် အဲဒိလူထု ကိုဘယ်လိုသစ္စာပြုခဲ့သလဲ ဖေါ်ပြပေးစေချင်တယ်ဗျာ။ ခင်ဗျားတို့လိုလူတွေအခုကော လူထုကြားမှာရှိရဲ့လား ကိုယ်ကို တိုင်တောင်မှလူထုကြားမှာမနေနိုင်လို့နယ်စပ်ကိုပြေး.. ရနေတဲ့အခွင့်အရေးကွက်ပျောက်မှာစိုးလို့ nld ကိုရွေးကောက်ပွဲဝင်မှာစိုးရိမ်တစ်ကြီးဖြစ်... ပြီးတော့ကိုယ်ပါတီရဲ့အကြီးအကဲဖြစ်တဲ့ပုဂ္ဂိုလ်ကြီးတွေ
ကိုအရေးကြီးတဲ့အချိန်ကျမှမိုက်မိုက်ရိုင်း
ရိုင်းစော်ကားနေ တဲ့သူတွေ တစ်နည်းပြောရရင် သဘောထားမတူကြောင်းကိုဒီမိုကရေစီလိုလားပါတယ် ဆိုတဲ့ခင်ဗျားတို့လိုသူတွေက ဒီမိုကရေစီနည်းလမ်းကျကျဆုံးဖြတ်မယ် မလုပ်ပဲ မိုက်မိုက်ကန်းကန်းပြောဆိုနေတာတွေက ဒီမိုကရေစီကိုသစ္စာဖေါက်ရာ ကိုယ်ပါတီအကြီးအကဲတွေကိုသစ္စာဖေါက်ရာ
ပိုမကျဘူးလားဒီလိုမျိုးလူတွေကမှ လူထုကို ပိုပြိးသစ္စာဖေါက်ဖို့ဝန်လေးမယ်မထင်ဘူး အခုဒေါ်စုကိုယ်တိုင်တောင်မှ သူ့ရဲ့အမြင်ကိုပြောပြီး ဒီမိုကရေစီအရ ဆုံးဖြတ်တာကိုလက်ခံမယ့်သဘောပြောထားတယ် ဒီလိုသဘောတရားကလုံးဝမှန်ကန်တယ်လို့ထင်တယ်ဗျာ ကျွန်တော်ကတော့ nld ပါတီဝင်တော့မဟုတ်ပါဘူး ဒါပေမယ် ဒီလိုလူတွေက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တယ် လူထုကို သစ္စာမဖေါက်ဘူးပြောနေလို့ nld ရေစုန်မျောရတာ အံ့သြစရာ မဟုတ်ကြောင်းဆင်ခြင်မိကြောင်းပါဗျာ
သခင်မျိုးဟေ့ဒို့ဗမာ-သို့
ခင်ဗျားရဲ့ဘလော့ကိုနဲနဲလောက်ဖတ်ကြည့်ပြီးတော့ ခင်ဗျားရဲ့ အခြေခံဥပဒေဆိုတာကြီးကိုအသေအလဲကာကွယ်ပုံ။
ဗုဒ္ဓဘာသာကိုခုတုံးလုပ်ထားပုံတွေကိုမြင်ရပြီးပါပြီ။
ရှေ့ဆက်ခင်ဗျားကိုဘာမှပြောစရာမရှိတော့ပါ။
Post a Comment