Sunday, March 21, 2010

တူးပို့ တူးလှဲ့ဝါ (ကဗျာ)

တူးပို့ တူးလှဲ့ဝါ
မောင်လွမ်းဏီ

ကဗျာကလည်း
ကဗျာချင်း ဖတ်တယ်။

ဂီတကလည်း
ဂီတချင်း တီးခတ်တယ်။

ခင်ဗျားတို့ကလည်း
ခင်ဗျားတို့ချင်း ဖက်ပွေ့တယ်။

ကျနော်တို့ကလည်း
ကျနော်တို့ချင်း ပုလင်းတူ ဘူးဆို့ ဖြစ်တယ်။

သမိုင်းတွေကလည်း
ရာဇ၀င်ကျောက်စာကို တီးမိခေါက်မိတယ်။

သဘောထား ကွဲလွဲတာနဲ့
အကြောက်အကန် ငြင်းခုန်မှုကလည်း
ပြင်းထန်နေပြန်ရော။

ဒေါ်အောင်ဆန်းစုကြည် ပန်ထားတဲ့
ပိတောက်ပန်းတွေက
ကျနော်တို့အားလုံး စိတ်ဝမ်းကို
ဖလန်းဖလန်းထအောင် မလန်းစေလို့လား ...။ ။

မောင်လွမ်းဏီ
၂ - ၃- ၂၀၁၀

တူးပို့ တူးလှဲ့ဝါ - ဆရာမြို့မငြိမ်း၏ တူးပို့ သင်္ကြန်တေးသီချင်းမှ စာသားတစ

No comments: