Saturday, March 13, 2010

လွတ်မြောက်နယ်မြေ ဖုန်းမော်နေ့အခမ်းအနားအပြီးတွင် ပြည်သူ့အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်

သတင်းနှင့် ဓာတ်ပုံ - ကိုလတ်
ယနေ့ မတ်လ (၁၃) ရက် စနေနေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ (၂၂) နှစ်မြောက် ဖုန်းမော်နေ့ အခမ်း အနား ကျင်းပသည်။ အခမ်းအနားတွင် နံနက် (၁၀) နာရီမှ (၁၁) နာရီအထိ ကွယ်လွန်သူ ရဲဘော်ဖုန်းမော်နှင့် တကွ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသူများအတွက် ရေစက်ချတရားနာသည်။ နံနက် (၁၁) နာရီမှ (၁၂) နာရီအထိ ဖုန်းမော်နေ့ ဖြစ်မြောက်ရေးကော်မတီက အခမ်းအနား တက်ရောက်လာသူများကို အကျွေးအ မွေးဖြင့် တည်ခင်းဧည့်ခံသည်။ ထို့နောက် နေ့လည် (၁၂) နာရီ ညနေ (၅) နာရီအထိ အခမ်းအနားတက် ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ တသီးပုဂ္ဂလ တက်ရောက်လာကြသူများက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် “လက်ရှိနိုင်ငံရေးအခြေအနေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအ နိုင်ရ တိုင်းရင်းသားပါတီများ ပါဝင်ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ကို လည်းကောင်း (သို့မဟုတ်) တာဝန်သိသည့် တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကိုလည်းကောင်း ပြည်သူ့အစိုးရတ ရပ် အမြန်ဆုံးဖွဲ့စည်းရန် တိုက်တွန်းကြောင်း၊ ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရကို တခဲနက် ထောက်ခံအား ပေးမည်ဖြစ်ကြောင်း” ကြေညာချက်ထုတ်ပြန်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်သွယ်မေးမြန်းလိုသူ များ ဖုန်းမော်နေ့အခမ်းအနား ဖြစ်မြောက်ရေးကော်မတီဝင်များဖြစ်သည့် ကိုသံဒုတ် (၀၈၆၁၁၉၈၀၉၁)၊ မန်းစိန် ဟန် (၀၈၁၉၇၃၁၉၈၂) နှင့် ကိုမင်းဇော် (၀၈၇၈၄၀၈၅၀၅) တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

11 comments:

tin said...

ဆရာလွဏ်း ခင်ဗျား
ထောက်ခံမယ့်သူတွေစစ်တမ်းကောက်ယူကြည့်ဖို့အတွက် Facebook မှာတစ်ခုခု လုပ်ကြရင်ကောင်းမလားလို့ စဉ်းစားမိလို့ပါဗျာ၊

ကိုချစ်ဖေ said...

ဟုတ်တယ်ဗျာ.ဆရာလွဏ်း..အင်အားအခြေအနေပိုသိရတာပေါ့..အ
ဝေးရောက်ညွန့်ပေါင်းအစိုးရ စစ်အစိုးရနဲ့ နောက်ပြည်သူ့အစိုးရ ကို လူထုထောက်ခံမှု စစ်တမ်းတခုလုပ်ရင် ကောင်းမယ်ဗျို့

Unknown said...

tin နဲ့ ကိုချစ်ဖေတို့ ၂ယောက်လုံး သတင်းဖတ်ပြီး အဝေးရောက်ညွန့်ပေါင်းအစိုးရလို အစိုးရမျိုး ဖွဲ့ခိုင်းတာမဟုတ်မှန်း မသိကြတာ စိတ်မကောင်းစရာဗျာ။ ကျုပ်လို တောသားတောင် သတင်းဖတ်ပြီး နားလည်သေးတယ်။ ဆည်းပူးကြပါဦး။ ဒါမှမဟုတ် ခင်ဗျားတို့က နအဖပါပီတွေလားဗျာ။ ကျုပ်ကတော့ သတင်းဖတ်ပြီး ထောက်ခံတယ်ဗျို့။ ဒါပဲလုပ်စရာရှိတော့တယ်။

tin said...
This comment has been removed by the author.
ဆန္ဒမွန် said...

အချိန်ရှိတုန်းကမလုပ် အခုမ ယောင်ယောင်ရမ်းရမ်းထလုပ်..လမ်းဘေးအစိုးရ.ပဲဖြစ်မယ်

ဆန္ဒမွန် said...

ဖွဲ့ ဖွဲ့ အစိုးရ၁၀၀၀ ဖွဲ့ အစိုးရဆိုတာ သေနပ်မရှိပဲ ဘယ်မှာ မှ အစိုးရမဖြစ်ဘူး

Anonymous said...

လွမ်းဆွေ ကစိတ်ရောဂါကူဆရာဝန်လား။ ဂေါက်နေပြီနဲ့တူတယိ။ တော်တော်လွယ်တာပဲ နိုင်ငံတစ်ခုကိုဒီလိုအဆငိ့မရှိလုပ်တိုင်းရနေရင် ကျွှန်ဖြစ်နေတာကြာပြီ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့
ကို Simple Man

ဒေါက်တာလွမ်းဆွေဟာ မြန်မာလူမျိုးတစ်ယောက်ပါ။ ကျေးဇူးပြုပြီး အသရေဖျက်တဲ့စကားမျိုးနဲ့မပြောဆိုပါနဲ့။ နိုင်ငံရေးအယူဝါဒမတူလို့ ခင်ဗျားအခုလိုပြောဆိုတယ်ဆိုတာ အသိဆုံးနေမှာပါ။

လေးစားလျှက်
ဇော်မျိုး

Unknown said...

ဟုတ်တယ် အဆုံးသတ်တိုက်ပွဲ NLD နွှဲကိုနွှဲရတော့မယ် သေချာသလောက်ပဲ

ကိုချစ်ဖေ said...

ခင်ဗျားတို့နဲ့ အယူအဆမတူရင် နအဖလူ ရန်သူ့လူ သတင်းပေး ထောက်လှန်းရေး မလုပ်ပါနဲ့ဗျကိုချား အဲ့ဒီလွတ်လပ်စွာသဘောကွဲလွဲခွင့်လေးရဖို့ ဘယ်လောက်အသက်တွေပေးခဲ့ရပြီးပြီလဲ..ကျနော်အမြင်မှားရင်လဲမှားမယ် တိမ်ရင်လဲတိမ်မယ် ဒါပေမဲ့ ပြောပိုင်ခွင့်တော့ရှိတယ် အဲ့ဒီလိုပြောတာကို မကြိုက်တိုင်း နအဖလူ နအဖလူစွပ်စွဲတာတွေ ပြင်သင့်ပြီ
အမှန်ကိုပြောရင် နအဖလူလို့ စွပ်စွဲပြီး အမှားကိုဖုန်းကွယ်ဖို့ မကြိုးစားသင့်ပါဘူး..ဒါဆို ဒီမိုကရေစီရေး လုပ်တယ်ဆိုတာ ဘာကိုပြောတာလဲ..ဗျ.

တတတ said...

အထဲမှာ အစိုးရဖွဲ့ သင့်ပြီလို့ တွန်းတာက အချိန်လည်းနောက်ကျသွားပါတယ်။ ဒီတိုက်တွန်းချက်နဲ့ အထဲကို ပါတီဝင်တွေကိုကော
နောက်ပြီးတော့ ရှေ့ တိုးမရ၊နောက်ဆုပ်မရနဲ့ ဖြတ်သန်းခဲ့လို့ အားမလိုအားမရနဲ့ သဘောထားကွဲလွဲနေတဲ့ ပါတီတွင်းမှာ ဦးဆောင်မှု
ပြသနာကိုလည်း မီးပွားမလုပ်ပေးပါနဲ ၊

အနိုင်ရ ၁၉၉၀ ပြည့်လွတ်တော်အမတ်အများဆုံးရဲ့ မိခင် ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖြစ်ပြီး၊ မိခင်ပါတီကိုယ်တိုင်
သူတို့ အနေနဲ့ အစိုးရတရပ်ဖွဲ့ ပါတယ်လို့ ကြေငြာဖို့ လိုကိုလိုတယ်လို့ မထင်လို့ ၁၉၉၀ ပြည့်ကတည်းကမလုပ်တာပေါ့ဗျာရှင်းရှင်းလေးရယ်။

အဲလိုဖြတ်သန်းဖို့ လိုရင် အထဲက NLD လူကြီးပိုင်းတွေလုပ်တာကြာရောပေါ့။ ဘာဘဲပြောပြော NLD မှာ ခေါင်းဆောင်နေတဲ့ သူတွေအားလုံး
အတုံးတွေ၊ ငအူတွေ၊ လမ်းဘေးကငတုံးတွေ၊ မဟုတ်ပါဘူး ပညာရေးမှာကောအတွေ့ ကြုံမှာကော၊အရည်အချင်းမှာကောက စီအီစီတဖွဲ့ လုံးမှာ
ကောနောက်ပါတော်တော်များများမှာကောရှိပါတယ်။
ယှဉ်ပြိုင်အစိုးရသော်လည်းကောင်း၊ ကျွနပ်တို့ သာလျှင် အစိုးရဖြစ်သည် အဘယ်ကြောင့်ဆိုသော ၁၉၉၀ ပြည့်ရွေးကောက်ပွဲ အရ ပြည်သူကတင်မြှောက်လိုက်
သော ကိုယ်စားလှယ်များဖြစ်သောကြောင့် ဖြစ်သည်ဆိုတာနဲ့ အခြေခံပြီးတော့ ပြောရတာလွယ်ပါတယ် သို့ ပေမဲ့ တကယ် လုပ်ဖို့ တော်တော်ခက်တဲ့အကြောင်းအရာပါ၊
တာဝန်လည်းခံရမယ်၊ တာဝန်လည်းယူရတော့မယ်၊ တာဝန်မယူရဲ၊တာဝန်မခံရဲ လို့ မဟုတ်ဘဲ
အပြည့်အ၀နဲ့ အစစအရာရာလုပ်ဆောင်ဖို့ အခြေအနေမပေးသေးဘူးဆိုတာသိလို့ မလုပ်တာလို့ မြင်ပါတယ်။

ဒီအတွက် အကြောင့် ယခုလို အခြေအနေမှာပြည်ပမှ နိုင်ငံရေးအဖွဲ့ အားလုံးက သတိထားပြောဆိုသင့်ပါတယ်၊တောင်းဆိုသင့်ပါတယ်
အကောင်းဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူတွေကြားမှာကျယ်ကျယ်ပြန့် ပြန့် ပြောဆိုသင့်
တယ်လို့ ၊ဆွေးနွေးသင့်တယ်၊။

ဘာအတွက်ကြောင့်အမျီုးသားဒီမိုကရေစီကလက်မခံရတာကို လည်းအကြောင်းကျီုးသေသေချာချာပြပြီး ပြောဆိုသင့်တယ်၊ ၀ိုင်းဝန်းပံပိုးသင့်ပါတယ်။ ဒီအကြောင်းသည်အလွန်ကို သိမ်မွေ့ သော နိုင်ငံရေးရွှေ့ ကွက်ဖြစ်ပါတယ်။