Friday, March 5, 2010

ပေးစာ (၅-၃-၂၀၁၀)

သင်္ဃန်းကျွန်းဈေးကြီး မီးလောင်တာနဲ့ ပတ်သက်ပြီးတော့ ရပ်ကွက်သူ/ရပ်ကွက်သား၊ ဈေးဆိုင်ပိုင်ရှင်များက တော်တော်လေးကို မကျေမနပ် ပြောဆိုနေကြပါတယ်။ ၁၂-၂-၂၀၁၀ ရက်နေ့ ည (၇) နာရီခွဲလောက်မှာ စတင် လောင်ကျွမ်းပြီး (၁၀) နာရီခွဲလောက်မှ မီးညွန့်ကျိုးခဲ့ပါတယ်။ မကျေနပ်ချက်တွေကတော့ ...

- မီးလောင်တာကို လောင်တဲ့နေရာ မငြိမ်းဘဲ အစိုးရအဆောက်အဦးတွေဖြစ်တဲ့ EPC မီတာရုံး၊ ရဲစခန်းတွေကို အရင်ကာကွယ်ပေးထားတဲ့အတွက် အချိန်ကြာမြင့်စွာ လောင်ကျွမ်းခဲ့ခြင်း။
- ရဲစခန်းတခုလုံးရှေ့တွင် မီးလောင်တာကို ချက်ချင်းမငြှိမ်းသတ်နိုင်ခြင်း။
- မီးလောင်ခြင်းကို တရားခံဖော်ထုတ်နိုင်ခြင်းမရှိဘဲ ပတ်ဝန်းကျင်ရပ်ကွက်အားလုံး မီးပျက်နေချိန်တွင် ၀ါယာ ရှော့ဖြစ်တယ်ဆိုပြီး ထုတ်ပြန်ခဲ့တာတွေပဲဖြစ်ပါတယ်။

ရပ်ကွက်ထဲက ဘယ်သူ့ကိုမေးမေး မီးလောင်ချိန်မှာ မီးပျက်နေကြောင်း ပြောဆိုခဲ့ကြပါတယ်။

မိုးကြိုးကြီး
ရန်ကုန်

No comments: