Wednesday, February 10, 2010

လှိုင်သာယာ အလုပ်သမားတိုက်ပွဲသို့
အောင်ဝေး

လှိုင်သာယာက
တိုက်ပွဲစပြီ
မြန်မာ့ဒီမိုကရေစီတိုက်ပွဲသို့ ...။

အလုပ်သမား
လယ်သမား
အားလုံးပေါင်းစည်းကြပါစို့။

ကျောင်းသား
စစ်သား
ဘုရားသား
အားလုံးပေါင်းစည်းကြပါစို့။

လှိုင်မြစ်ကမ်းက
တစမီးပွား၊ လူထုအားနဲ့
ကြီးထွားအုံကြွ၊ ဟုန်းဟုန်းထမည်
မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသို့ ...။

အို ... ညီတော်၊ နောင်တော်၊ နှမတော်တို့
ခေါ်လော့တိုက်ပွဲ၊ ရဲရဲနွှဲလော့
တိုက်ရဲသူသာ နိုင်စတမ်း။
သေရဲသူသာ အောင်စတမ်း။
လူထုစိတ်ဓာတ် ဘယ်မခန်း။
ပြည်သူ့အောင်ပွဲ လက်တကမ်း။ ။

အောင်ဝေး
ဖေဖော်ဝါရီ ၉၊ ၂၀၁၀
မစ်ရှီဂန်

4 comments:

Naykyarzi said...

ကဗျာလေးက ကောင်းတယ်ဗျာ အားပေးတဲ့ကဗျာလေးဘဲ
ဆရာအောင်ဝေးရေ ရောက်လေရာအရပ်ကနေ လေပင့်ရာ
မီးလောင်တဲ့ကဗျာလေးရေးတဲ့အတွက် ကျေးဇူးပါဆရာ
ဆရာလဲ နိုင်ငံခြားမှာအဆင်ပြေပါစေ။ကျွှန်တော်တို.ကတော့ နေသားကြနေပြီ ဆရာတို.လို နောက်ဆုံးမျိုးဆက်
မီးလောင်ရာလေပင့်တဲ့ ကဗျာတွေဆက်ဖတ်ခြင်သေးတယ်

Nyi Nyi Than said...

မီးလောင်ရာလေပင့် မဟုတ်ပါဘူးကွာ...
ပင်လယ်တဖက်ခြမ်းက ယပ်တောင်လေးနဲ့  မရဲတရဲခပ်တာလောက်တော့ ရီတာပေါ့.

Unknown said...

အင်း.... မရဲပဲ ကျွဲပြဲစီးကြဦးမလားတော်တို့ရေ့ ...။
မီးတောက်ကြီးတစ်ခု အတွက် မီးပွားလေးတစ်စ
မီးခြစ်ဆံလေးတစ်ချောင်းပဲ လိုတာပါဗျာ ။
ခညားတို့က အဲဒီ မီးပွားလေးကို လေမှုတ်ပီးညှိမ်းချင်ကြသကိုးဗျ။ ကဲ ... ဒါဆို ခညားဒို့လည်း မီးလောင်ကြည့်လေ ။ လွယ်မလားလို့ပေါ့ ...။ လွယ်တယ်ဆိုရင်တော့ အနော်လည်း ဝင်ပီး လေပင့်ပေးပါ့မယ်ဗျာ ။
( လေပင့်ချင်သော မောင်မား )

Unknown said...

အင်း.... မရဲပဲ ကျွဲပြဲစီးကြဦးမလားတော်တို့ရေ့ ...။
မီးတောက်ကြီးတစ်ခု အတွက် မီးပွားလေးတစ်စ
မီးခြစ်ဆံလေးတစ်ချောင်းပဲ လိုတာပါဗျာ ။
ခညားတို့က အဲဒီ မီးပွားလေးကို လေမှုတ်ပီးညှိမ်းချင်ကြသကိုးဗျ။ ကဲ ... ဒါဆို ခညားဒို့လည်း မီးလောင်ကြည့်လေ ။ လွယ်မလားလို့ပေါ့ ...။ လွယ်တယ်ဆိုရင်တော့ အနော်လည်း ဝင်ပီး လေပင့်ပေးပါ့မယ်ဗျာ ။
( လေပင့်ချင်သော မောင်မား )