Tuesday, February 23, 2010

စိတ်ကူးထဲမှာ … မေမေ့ အုတ်ဂူမှာ ထိုးမယ့်ကဗျာ

စိတ်ကူးထဲမှာ … မေမေ့ အုတ်ဂူမှာ ထိုးမယ့်ကဗျာ
ကမာပုလဲ

မေမေက ရှေ့ကနေ မျက်ရည်ကျတယ်
ကျနော်က မေမေ့နောက်က မျက်ရည်ကျပြီး လျှောက်တယ်
ကျနော်တို့ သားအမိဟာ ဘ၀ရဲ့ ၀န်ထုပ်ဝန်ပိုးတွေနဲ့ …။

ကျနော်က ဘုမသိ ဘမသိ
မေမေ မျက်ရည်ကျလို့ လိုက်ကျနေတာ
အဲလို … ကျနော်ထင်ခဲ့တာ …။

တကယ်တော့ မေမေရယ်
ကျနော် သူပုန်လုပ်နေတာ မေမေက အသိဆုံးဖြစ်မှာ …။ ။

ကမာပုလဲ
၂၀၁၀

1 comment:

မေငြိမ်း said...

ဖတ်ရတာ စိတ်ထိခိုက်လိုက်တာ..။
ဟုတ်တယ်။