Saturday, February 20, 2010
“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး … ရှင်တို့မှာ ခေါင်းမရှိဘူး”
ငယ်ငယ်က
ဥရောပကျွန် တော်လှန်ရေးသမိုင်းမှာ
အဖမ်းခံရတဲ့ ကျွန်သူရဲကောင်းတွေအကြား
‘ဘယ်ကောင်လဲ စပါတာကပ်’ လို့ မေးတော့
အားလုံးမတ်မတ်ရပ်ပြီး
ငါပဲ၊ ကျုပ်ပဲ၊ ဒီမှာပဲ ဆိုပြီး
ရင်ကော့ဖြေခဲ့ကြတယ် ...
ငါ့ငယ်အိမ်မက်ထဲက သူရဲကောင်းတွေလေ
ကြက်သီးတွေ ဖြန်းဖြန်းဝေ အားကျခဲ့ဖူးတယ် ...။
အခုအရှင်လတ်လတ်ကြီး မြင်တွေ့ခဲ့ရပြီ ...
ဒါပေမယ့်
စပါတန်တွေလို ယောင်္ကျားတွေ မဟုတ်ဘူး
စပါတန်တွေလို လက်နက်တွေ ကိုင်တိုက်ခဲ့သူတွေ မဟုတ်ဘူး
သူတို့ရင်ထဲမှာ ဒုက္ခသစ္စာဒိုင်းနဲ့
သူတို့နုတ်ဖျားက သံမဏိသွားလို လက်နက်က
“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ......
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .......”
ဟုတ်ပါရဲ့
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ပဲရှိတယ် ...
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကို အော်ပြောလိုက်တဲ့ အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ် ...။
သြော် ... လှိုင်သာယာ ... လှိုင်သာယာ
နာမည်ကလွဲပြီး
ဘာမှ မလှိုင်ခဲ့၊ မသာခဲ့၊ မယာခဲ့နေရာ။
လှိုင်သာယာဆိုတာ
ကျမတို့ကို ရှိရင်းစွဲနေရာတွေကနေ
ကန်ထုတ်ခံခဲ့ရတဲ့ နေရာ ...
ကျမတို့ကို ကျူးကျော်ဆိုပြီး
ကျမတို့ဘဝတွေထဲကို
ခေါင်းမရှိသူတွေ ကျူးကျော်လာပြီး
လှိုင်သာယာဆီကို ပို့ပစ်ခဲ့တာလေ …။
ဒါပေမယ့် ကျမတို့ ရိုးသားခဲ့တယ်
ကျမတို့ သစ္စာမြဲခဲ့တယ်
ကျမတို့ သည်းခံခဲ့တယ် …။
ကျမတို့ နိုင်တဲ့ဝန်
ကျမတို့ စွမ်းတဲ့အားနဲ့
ကျမတို့ဘဝကို အစွင့်ဆုံးကားချဲ့ခဲ့တယ် …။
ကျမတို့အားလုံး
လှိုင်သာယာမှာ ပျော်အောင်နေခဲ့ပါတယ် …။
ကျမတို့တတွေ ကျော်အောင်မနေခဲ့ဖူးသလို …
ကြွားအောင်နေဖို့လည်းဝေး ... ဝေးလွန်းခဲ့ပါတယ်…။
အဖေ ရှာမလောက်တာကို အမေ ဝင်ကူထောက်ပြီး
မောင်နဲ့ နှမတတွေ
တခွန်တအား စီးဝင်ရုန်းခဲ့ရတဲ့နေရာဟာ
လှိုင်သာယာပါ ...။
တနေ့ ၅၀၀-၁၀၀၀ ကနေ
တလ ၂၅၀၀၀-၃၀၀၀၀ တွေ စုဝေးရာ
အောင်မြေဌာနေ လှိုင်သာယာမြေပါ ...။
ကျမတို့ရဲ့ဒုက္ခသစ္စာဟာ
တော်လှန်ရေးဂါထာဖြစ်လာတဲ့တနေ့ကျတော့
တာဝန်ယူညှိနှိုင်းပေးတတ်ပုံများ
ကမ္ဘာမှာ ဘုရားတည်၊ ကျောင်းဆောက်နေပါတယ်လို့ အူတတ်တဲ့
ခေါင်းမရှိ လူကြီးမင်းများခမျာ
ပြာပြာသလဲ ခေါဘဏီတပ်ကြီးချီလို့
ဒိုင်းလွှားသေနတ် တကားကားစီလို့
ကျမတို့ဆီ ရောက်လာပုံများ
သူတို့နဲ့ ကျမတို့အကြား ရန်၊ ငါစည်းများ ခြားထားသလိုလို
ကျမတို့များ လက်နက်ဆွဲကိုင် တော်လှန်နိုင်သလိုလို
ကျမတို့များ ဒေါင်းအလံလွှင့် သူတို့ကို တော်လှန်တတ်သလိုလို
ကျမတို့များ သူတို့အကြောဆွဲစေတတ်တဲ့ ဒီမိုကရေစီ တောင်းနေသလိုလို ...။
ကျမတို့ စုရုံးနေတယ်ဆိုတာ
ရှင်တို့ရှာခဲ့တဲ့ ပြဿနာရဲ့နောက်ဆက်
ကုန်ဈေးနှုန်းတွေ ပျက်ကုန်လို့
လစာတိုးပေးရေးအတွက်
ကျမတို့ အလုပ်ရှင်နဲ့ ဆွေးနွေးနေတာပါရှင် ...။
ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့
ကျမတို့ဘဝတွေကို လှိုင်သာယာ
ရှင်တို့ ပို့ခဲ့တာကို၊
အထည်ချုပ်တွေ ရှင်တို့ တည်ခဲ့တာကို၊
စက်မှုဇုံတွေ ရှင်တို့ ဆောက်ခဲ့တာကို၊
အရသာက ရှင်တို့လျှာပေါ်မှာ
ဘဝနာတာက ကျမတို့ပါရှင် ...။
အခုကြည့်
အိတ်အိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံး ကလေးငယ်တွေကို
လှိုင်သာယာမှာ မွေးတယ်
(ဒါရှင်တို့နဲ့ မဆိုင်ဘူးလား)
ဒုစရိုက် အထူပြောဆုံးနဲ့ ပျံကျတွေ အပေါဆုံးကို
လှိုင်သာယာမှာ ဖွေးနေတယ်
(အဲဒါရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)
ကျမတို့တွေထဲကတချို့
ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်
ရှင်တို့လို တိုင်းပြည်ကို လည်ပင်းညှစ် ခိုးမစားခဲ့ဘူး ...။
ကျမတို့ရသမျှ လစာငွေဟာ
ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ
ရှင်တို့ ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို
သားမြေးတီတွတ် ဝလင်ရေး၊
နိုင်ငံခြားမှာ ကျောင်းထားရေး၊
စိန်စီလမ်းကို လျှောက်လှမ်းရေးနဲ့
လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး
တကယ့်တခုတည်းပါ
ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင် ...။
လူစုစုမြင်ရင် နိုင်ငံရေးလုပ်မယ်ထင်တဲ့
ခေါင်းမရှိတဲ့ ရှင်တို့လိုလူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ
ကျမတို့ဆုံးဖြတ်ချက် ဘာမှမလွဲမှားခဲ့ပါဘူး ...
ကျမတို့ ယုံတယ်
ရှင်တို့သာ ရူးနေတာပါ။
အဲဒီလိုအကျိုးဆက်ကြောင်ု
အဲဒီအသီးတွေ သီးခဲ့တယ်….။
အဲဒီလမ်းပေါ်မှာ အဲဒီသွေးတွေ မြေကျဖို့
ဘယ်နတ်သိကြားကများ နှစ်လိုပျော်ရွှင်ခဲ့ပါလိမ့် ...
ကျမတို့တွေးရင်း ကျောစိမ့်ဖူးပေမယ့်
တခါမှ အမှန်တရားနဲ့ မကင်းကွာခဲ့ပါဘူးရှင့်။
ဟုတ်မှာပါလေ ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့ အိပ်မက်ထဲမှာ
ကျမတို့ ရင်ဘတ်ထဲမှာ
အဲဒီစကားသံတွေ ဆူညံမြည်ဟည်းနေကြပါတယ်ရှင် ...။ ။
နှမတို့ရေ ...
တခါတလေ တိုက်ပွဲဆိုတာရဲ့အဓိပ္ပာယ်က အနိုင်ရတာမဟုတ်ဘူး။ အရှုံးမပေးကြောင်း သိသာစေတာလည်း တိုက်ပွဲတခုရဲ့ အနှစ်သာရ၊ ဂုဏ်သိက္ခာဖြစ်တယ်။ ငါတို့တွေ စိုက်ပျိုးခဲ့သမျှ လူ့သမိုင်းဖြစ်စဉ်မှာ၊ မြန်မာ့သမိုင်း ဖြစ်စဉ်မှာ အသီးအပွင့်တွေ ပြန်ဖြစ်လာမှာသေချာတယ်။ ကျွန်တော်တို့ အဘိုးအဘေး ရေနံမြေလုပ်သားတွေ၊ လယ်သမားတောင်သူတွေလည်း သူတို့ခေတ်မှာ မတရားသူတို့ရဲ့စနစ်ကို သည်းမခံနိုင်တဲ့အဆုံး အုံးအုံးကြွ တော်လှန်ခဲ့ဖူးတယ်။ သမိုင်းမှာ ထင်ရှားကျန်ခဲ့တယ်။
အခု ကျွန်တော်တို့ခေတ်နဲ့ ပတ်သက်သက်ဆိုင်သမျှ မတရားမှုကို တော်လှန်တဲ့ တော်လှန်ရေးတိုင်းဟာ ကျွန် တော်တို့လက်ထဲမှာပါ။ သေသေချာချာ ဆုပ်ကိုင်ခွင့်ရတဲ့တနေ့ မာန်နတ်မင်းနဲ့လည်း တွေ့သင့်ကတွေ့မယ်။ အာဏာရှင်နဲ့ ရှင်းသင့်ကလည်း ရှင်းရမယ်။ သစ္စာတရားသာမှန်ရင် ကျွန်တော်တို့ အလံမလဲဘူး။ သူတို့ကို အခု တပွဲမှာ အနိုင်မရလိုက်သေးရင်တောင် အရှုံးမပေးခဲ့ဘူး၊ ကျေနပ်နှစ်သိမ့်နေတာ မဟုတ်ဘူးဆိုတာ အနည်းဆုံး တန်ဖိုးအဖြစ်နဲ့ သိသာစေသွားတယ်ဆိုတာ ညည်းတို့ ယုံလိုက်ကြပါ။
နှမတို့တိုက်ပွဲဟာ အနိုင်ရခဲ့တယ်ဆိုတာထက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ နှမတို့ရဲ့ဆန္ဒပြပွဲဟာ အာဏာရှင် စနစ်အောက်က ဒုက္ခပင်လယ်ဝေနေကြတဲ့ ကျွန်တော်တို့ မိဘပြည်သူအားလုံးကို ကိုယ်စားပြုတယ်ဆိုတာ ကမ္ဘာကသိပါတယ်။ ဆင်းရဲဒုက္ခနဲ့၊ သေနတ်တကားကား၊ တုတ် ဒိုင်းတွေကြားကနေ နှမတို့ရဲ့ ဆန္ဒပြပွဲဟာ လှ လှပပ ဂုဏ်သရေရှိရှိ ဖူးပွင့်ခဲ့ပါပြီ။
ကမ္ဘာအရပ်ရပ်၊ မြို့ရွာအသီးသီးက ညီအကိုမောင်နှမများခင်ဗျား ...
ကျွန်တော်တို့တိုင်းပြည်ရဲ့ အနိမ့်ပါးဆုံးနဲ့ အရိုးသားဆုံး ဘဝရှင်များဖြစ်တဲ့ လှိုင်သာယာက အထည်ချုပ်သမ နှမ၊ အမ၊ မိခင်လောင်းများရဲ့ ဆန္ဒပြပွဲကို တတ်နိုင်သမျှ ပါဝင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အနည်း ဆုံး ဆုတောင်းမေတ္တာပို့ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
အတွင်းတည် အိုင်းအနာမှန်သမျှ တချိန်ချိန်မှာ သွေးပုပ်ပြည်ယို စက်စက်ကျပြီး ပေါက်ထွက်လာကြမှာပါ။ သစ္စာတရားရဲ့ အိုးထိန်းစက်ဟာ စတင်လည်ပတ်လို့လာပါပြီ ရင်ဆိုင်ရဲ၊ ရင်ဆိုင်နိုင်ဖို့သာ လူကြီးမင်းတို့ အသင့် ပြင်ထားကြပါတော့လို့လည်း ...။
နိုင်ငံပြုသစ္စာဖြင့် ...
ရွက်သစ်
(လှိုင်သာယာဆန္ဒပြပွဲများသို့ ဂုဏ်ပြုရေးဖွဲ့ပါသည်)
Subscribe to:
Post Comments (Atom)
34 comments:
နိုင်ငံရေးသမားတွေက ဘာမှမလုပ်ပဲဇိမ်ယဇ်နေပြီး
ငါ ထလုပ်လို့  သူတို့ ဆန္ဒထပြတာဆိုပြီး လက်ညှိုးထိုးပြီး လုပ်စားဘို့  ကြံနေကြပြီထင်တယ်။
ဟေးးးးးးပွပေါက်တော့တွေ့ သွားပြန်ပြီ။
နိုင်ငံရေးသမားတွေ သင့်တို့ ဘာလုပ်နေလဲ။
ထမီဝတ်မိန်းမတွေလောက် သတ္တိမရှိကြဘူးလား။
ဒီပို့ စ်ကိုဖတ်ပြီး အရင်ဆုံး ရှက်ပြီးသေသင့်တာက နိုင်ငံရေးသမား တော်လှန်ရေးသမားတွေပါပဲ။
ပြည်သူတွေကတော့ အကြိမ်ကြိမ် ရှေးက ဦးဆောင်ပါတယ်။
နိုင်ငံရေးသမားတွေကတော့ နောက်ကလိုက်သင့်ပါတယ်။
မရှက်ကြပါနဲ့ ။
ကိုယ်ကမှ ဦးမဆောင်နိုင်တာပဲ။
ဒီလို့ ပြောလိုက်တော့ ဦးဆောင်ရမည့်သူက နောက်လိုက်ဖြစ်တာ ရှက်စရာမဟုတ်ပါဘူး။
ဘာမှမလုပ်ပဲ အမြတ်ထုတ်ဖို့  ကြံနေကြတာသာ ရှက်စရာပါ။
အခုဆို အလုပ်သမားတွေ ဆန္ဒပြနေတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ။
တော်လှန်ရေး အသိုင်းအ၀န်းတွေ နိုင်ငံရေးသမားအမည်ခံတွေက ကြည့်ကောင်းကောင်းနဲ့ ကြည့်နေကြတာလား.....????????
ဟုတ်တယ်။
ဘာလုပ်နေကြလဲ။
NLD က ခုထိ လူရွေးတုန်းပဲလား။
ပြည်ပက အတိုက်အခံတွေ လက်နက်ကိုင်တွေ အိပ်နေကြလား။ ဘီယာမူးနေကြလား။
ကောင်းလိုက်တဲ့ comments တွေ..
ကျန်သေးတယ်၊ပြည်ပကနိုင်ငံရေးသမားတွေ ဘယ်မိန်းမတက်ခွရမလဲ
ကြိုးစားနေရင်းနဲ့လဲမအားကြဘူး
မီးစ လေးတွေဖြစ်လာရင် မီးတောက်မဖြစ်အောင် နည်းလမ်းရှာပြီး ငြိမ်းသက်ဖို့ မစဉ်းစားပဲ မီးဟုန်းဟုန်းတောက်တာကိုပဲ မြင်ချင်ကြတာကိုးဗျ...အလုပ်သမားတွေ သူတို့အခွင့်ရေးလေးတွေ တောင်းဆိုလို့ သက်ဆိုင်ရာက ညှိနှိုင်းဖြေရှင်းပြီးသွားပါပြီ..နှစ်ဘက်စလုံးလည်း အဆင်ပြေသွားပါပြီ...ဒါကို ထပ်ပြီး ပွဲဆူအောင် ပြည်သူတွေ စိတ်အေးချမ်းစွာနဲ့ နေနေကြတာကို စိတ်ချောက်ခြားအောင် မလုပ်မိကြဖို့ပဲလိုတယ်...ပြည်ပ နိုင်ငံရေးသမားတွေကတော့ နောက်ကနေ အမြှောက်အထိုး အပင့်ကော် တော့ တော်တော် တော်ပါပေတယ်...ဥပမာအနေနဲ့ အဆိုတော် ဒေါ်မာမာအေး ဆိုရင်လည်း နိုင်ငံရေးမလုပ်ချင်ပေမယ့်လည်း အမြှောက်ကောင်းတော့လည်း နောက်ဆုံးတော့ မဖြစ်မနေလုပ်လိုက်ရတာပဲ...အနုပညာရှင် ကျော်သူ ဆိုလည်း ဒီအတိုင်းပဲ...သူက အစိုးရကိုပြောတာနည်းနည်း ဘေးက နိုင်ငံရေးသမားတွေက လျှောက်ပြီး မြှောက်ထိုးပင့်ကော်လုပ်တော့ သူ့ခမျာ မလုပ်လို့လည်းမရ နောက်ဆုတ်လို့လည်းမဖြစ် ရှေ့ဆက်ဖို့ပဲရှိလေတော့ နောက်ဆုံးတော့ သူလည်း အနုပညာသမားကနေ လူမူရေးလုပ်နေသလိုလို နိုင်ငံရေးလုပ်နေသလိုလိုနဲ့...အင်း....သတိသာ ထားပေတော့ဗျာ...
ဒေါ်မာမာအေးပဲဖြစ်ဖြစ် ဦးကျော်သူပဲဖြစ်ဖြစ် ခေါင်းရှိတဲ့ ထမင်းစားတဲ့အနုပညာရှင်တွေပါ...
သူတို့ ရင်ထဲက ခံစားချက်ခံယူချက်ကိုထုတ်ပြတာပါ...
မြှောက်တိုင်းမြောက်တဲ့သူဆိုတာနေရာတစ်ခုမှာကြာကြာမမြဲတတ်ဘူးဆိုတာ comment ရှင်တွေသိသင့်ပါတယ် (ထမင်းစားတယ် ခေါင်းရှိတယ်ဆိုရင်ပေါ့)။ ဒါနဲ့ နိုင်ငံရေးသမားဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားတဲ့သူ ဒေါ်စုကို ချစ်တဲ့သူကိုပြောတာလား။ ဒါဆို နိုင်ငံရေးသမားနာမည်ပဲခံတော့မယ်။ တာဝန်သိပြည်သူတော့မလုပ်တော့ဘူး။
ကျွန်တော် comment တော်တော်များများမှာ တွေ့ရ
သလောက်ကတော့ စာရေးသူ ရေးတဲ့ အကြောင်း
အရာပေါ်မှာ မူတည်ပြီး အောက်က တယောက်နဲ့
တစ်ယောက် ရန်ဖြစ်နေကြတာများတယ်...
အဲလိုတွေ လုပ်မနေပါနဲ့တော့ ဘယ်သူ့ကိုမှလည်း
ဘာမှ ပြောမနေပါနဲ့ ... ကိုယ်နိုင်တဲ့ ၀န်ကို
ကိုယ်ထမ်းပြီး ကိုယ့်လိပ်ပြာကို ရဲရဲကြီး ပြန်ကြည့်လိုက်ပါ။
ကျုပ်လည်းနည်းနည်းပြောမယ်။ တိုင်းပြည်အရေးကို နိုင်ငံရေးသမားတွေအပေါ်မှာ လွှဲချနေတာ ဘေးထိုင်ပြီးဘုပြောနေတာနဲ့တူတူပါပဲ။ တိုင်းပြည်အရေးဟာ တတိုင်းပြည်လုံးကလူတွေနဲ့ဆိုင်တယ်။ ဒီအလုပ်သမလေးတွေက ထမင်းမ၀လို့ မြန်မာပြည်ကြီးမှာ ဖာခံမစားချင်လို့ လုပ်ခတိုးတောင်းရုံလေးပါဆိုပေမယ့် ဒါဟာတိုင်းပြည်တခုလုံးရဲ့ လိုအပ်ချက်ပါ။ တတိုင်းပြည်လုံးက ပါဝင်ဖို့လိုအပ်တယ်။ ဆိုတော့ ဒီပို့စ်ကို ကျုပ်လင့်ခ်သွားပါတယ်။
"အလုပ်သမားတွေ သူတို့အခွင့်ရေးလေးတွေ တောင်းဆိုလို့ သက်ဆိုင်ရာက ညှိနှိုင်းဖြေရှင်းပြီးသွားပါပြီ..နှစ်ဘက်စလုံးလည်း အဆင်ပြေသွားပါပြီ..."
တိုးတက်မှုတွေမြင်နေရတယ်.. လိုချင်တာစစ်စစ်ကို ရဲရဲပြောရဲလာတဲ့သူတွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ဖြစ်စဉ်နဲ့ ကျေနပ်အဆင်ပြေသွားတဲ့ အဖြေနဲ့ .. ဒီအဖြစ်ကိုမမြင်နိုင်ဖြစ်ကုန်လောက်အောင် ရေးချင်တာတွေရေးပြီး နိုင်ငံရေးအမြတ်မထုတ်ကြနဲ့ ဒါပဲပြောမယ် ...
အားလုံးဘဲ နေကြပါအုံး။
ဘာတွေဖြစ်နေကြတာလဲ၊ ကဗျာကိုဖတ်ပြီး ကဗျာရဲ့အနှစ်သာရကိုမသိ၊ မည်သူတွေကိုရည်ညွှန်းပြီး ပြောဆိုနေကြတာကို မသိကြဘဲနဲ့ ဘာဖြစ်လို့ တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေကို ဒီလောက်ရိုင်းရိုင်းစိုင်းစိုင်း ပြောနေကြရတာလဲ။ အခုဒီဆန္ဒပြပွဲတွေက ဘယ်ကနေ စပြီးတော့ဖြစ်တာ၊ ဘာကြောင့်ဖြစ်ကြရလဲ ဆိုတာကိုကောသိကြလို့လား။ အခုဒီမှာရေးသွားကြတဲ့ သူတွေက ဘာတွေလဲ၊ တော်လှန်ရေး၊ နိုင်ငံရေး လုပ်နေကြတဲ့ သူတွေလား။ အားအားယားယား ပြောနေ ရေးမနေကြနဲ့အုံး။ နောက်နောင်ကို သတိထားပြီး ပြောဆို ရေးသားကြပါ။ မဆိုင်တဲ့သူတွေကို ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
ဘာမှမဟုတ်ဘူး
ရွက်သစ်ဆိုတာကလည်း ကဗျာဆရာမဟုတ်ဘူး
လှိုင်ကို ဘာလို့ဦးတည်ပြောနေတာလဲ...
အလုပ်သမားသပိတ်တွေ ကို သတိရစေချင်တယ် ...
မရချင်ယောင်ဆောင်နေလည်း သဘောအတိုင်းပဲ
အသိအမှတ်ပြု ပါတယ် ။ ဒါပေမယ့် ရွက်သစ်ပြောနေတာက
တိုက်ပွဲထဲမှာ ခေါင်းဆောင်ကို ပစ်ရှာနေသလိုပဲ ...
ကဗျာကို ဇတ်နာအောင် ရေးတာ လွယ်ပါတယ်...
သမိုင်းကို တာဝန်ခံရတာ ခက်တယ် ....
ဒါလောက်ပဲ ....
အလကားနေရင်း နိုင်ငံရေးသမားလုပ်သမျှကို အမြတ်ထုက်သလေး ပွပေါက်တိုးသလေး ပြောရအောင် ဒီလို အခြေအနေမျိုးကို အဆင့်ဆင့်အပြောင်းလွဲတွေ အသိတရားတွေ မရှိခဲ့ဘဲနှင့် အလုပ်သမားတွေ ရောက်လာမလား အရှေ့အရှေ့က ခေါင်းမာပြီး တိုက်ပွဲဝင်ပြခဲ့တဲ့ နိုင်ငံရေးသမားတွေ အသေခံပြခဲ့တဲ့ သူရဲကောင်းတွေမရှိရင်ရော နောက်ကလူတွေ ဘယ်လိုလုပ် တိုက်ပွဲကို နားလည်မှာလည်း...
အလကားနေရင်း နိုင်ငံရေးမားကို တိုက်ခိုက်ခြင်သူတွေက မတောက်တခေါက် စာလေးပေလေးဖတ်လိုက် အစိုးရဆဲစာတွေဖတ်ပြီ သံယောင်လိုက်ပြောနေ ဆဲနေတာကမြင်တော့ သွားပေါက်ခါစ ခွေးလေးများ အကိုက်သန်တာ သွားသတိရမိပြီး ပြုံးမိပါတယ်
မာဃလုလင်
ဆိုတဲ့ကောင်
နာမည် ကတောင် ကလိန်ကကျစ် နဲ့
ငါက နိုင်ငံရေးလဲ စိတ်မဝင် စားဘူး မင်း အဖေ တွေ ငါတို့နိုင်ငံအုပ်ချူပ်နေ တုံး
ကလေးတွေ သူတောင်း စားဖြစ်နေတာ
အမျိုးမရုတ်တဲ့မိန်းခ၄လဲ ကလပ်ရောက်နေတာ
မင်းညီမ ဆိုရင် မင်းရော် တော်လှန်ဖို့ မစဉ်းဇားဘူး လား၊၊
အေး အဲ့လိုကောင်မှ Under ဝတ်ပီး ရှာစားတဲ့ အဆင့် တနေ့ ရောက်မှာ၊၊
+60162914482
လှိုင်က ဘာကိုတိုက်တာလဲ
အလုပ်ရှင်ကို တိုက်ရင် အလုပ်ရှင်က ကျဉ်းတယ်
နအဖ အစိုးရ စနစ်ကို တိုက်ရမယ်လို့ ယုံတယ်
နာဂစ် မြစ်ဝကျွန်းပေါ်က ကလေးမလေးတွေ ....
တိုက်ပွဲကို လေးစားတယ် ထောက်ခံတယ်
ကျနော်ပြောချင်တာက အလုပ်ရှင်က အဓိကလား
နအဖ စစ်အာဏာရှင်က အဓိကလား ....
ကျနော်တို့ ဘ၀တွေ အသက်တွေနဲ့ စဉ်းစားရမယ်
ကျနော်ပြောတာ နားလည်လိမ့်မယ် ထင်တာပဲ ...
tut ခင်ဗျာြးေ့ပာတာကို ကျနော်တို့တော်လှန်ရေး၊ နိုင်ငံရေးကို လုပ်နေကြတဲ့သူတွေက နားလည်ပါတယ်။ အခုက မာယလုလင်၊ phyuphyu, mata, tasay တို့က ဘာတွေကို သူတို့က နားလည်လို့၊ ဘာတွေကို ဘ၀နဲ့ရင်းနှီးခဲ့ကြတာ ရှိခဲ့လို့ သူတို့က ရိုင်းရိုင်းစိုင်းစိင်း ဆက်ဆံနေရတာလဲ၊ သူတို့ကို ထပ်မံပြီးသတိပေးချင်တာက ကိုယ်နဲ့ဆိုင်တာကိုပြော ကိုယ်နဲ့မဆိုင် မပတ်သက်တာကို မပြော၊ မရေးပါနဲ့။ ဆွေးနွေးချင်ရင် tayzathua@gmail.com သို့ဆက်သွယ်လာပါ။ စောင့်ကြိုလျှက်ပါ။
Always သူများတွေကိုသတိမပေးခင်၊ခင်ဗျားတို့ 88 တောခိုတွေအရှုပ်ထုပ်ကိုအရင်သွားရှင်း။ https://www.blogger.com/comment.g?blogID=6094978334568787630&postID
=5931937387943186568
Always, ခင်ဗျားကဒီမိုကရေစီ ကိုယုံကြည်တဲ့သူတစ်ယောက်ဆို၊
သူများတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုမပိတ်ပင်ရဘူးဗျ။ ဒီမိုကရေစီအရေးနိုင်ငံအရေးအော်နေပြီး internet အပေါ်မှာတောင်ဟိုဟာမပြောနဲ့ဒီဟာ
မပြောနဲ့ဆိုပြီးလိုက်ပိတ်ပင်နေတာ
မရှက်ဖူးလား။ခင်ဗျားရဲ့ လုပ်ရပ်ကနအဖနဲ့မခြားတော့ဘူး နိုင်ငံရေးသမားလိုလိုတော်လှန်ရေးသမားလိုလိုကြီးရဲ့။
ဒီမှာ tasay ...... မိမိရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကိုမထိခိုက်ရဘူး၊ လွတ်လပ်ပြီဆိုပြီး အများသွားးလာ အသုံးပြုနေတဲ့ လမ်းပေါ်မှာ ဆေးရိုးဖြန့်ခင်းတာက လွတ်လပ်ခွင့်မဟုတ်ဘူး။ အရူးတယောက်လို မိမိ အော်ချင်တာအော်နေတာက အရူးတယောက်ရဲ့ အခွင့်အရေးဘဲ ရမယ်၊ လူကောင်း အခွင့်အရေးမရဘူး ဆိုတာကိုတော့ နားလည်မှတ်သားထားလိုက်ပါ။
Always ကို တခုပြောချင်တယ် ....
ကွန်မင့် နဲ့ စီဘောက်မှာ ရန်သူ နအဖရဲ့ လူတွေလည်း
လာတတ်တယ် ... ကျနော်တို့က သူတို့ကိုဘက်ပြိုင် မပြောဘူး မတူလို့ မတန်လို့ပါ ... အိုင်ဒီယာလည်းပြိုင်ရဲတယ် တိုက်ပွဲကိုလည်း ပြိုင်ရဲတယ် အချိန်ကာလကလည်း သူတို့ကို တစစဖြိုနေတာပဲ ကျနော့် အမြင်က သူတို့ ရန်သူနအဖ တို့ဟာ တမွန်းတက်တောင် မခံတဲ့ သတ္တ၀ါတွေပါ ...
ဒါလောက်ပါပဲ ....
ကိုမာဂလုလင်ရေ. ခင်ဗျားမှန်တယ်။ ကျုပ်ကနအဖကိုမုန်းသလို အဲ့ဒီလုပ်စားနိုင်ငံရေးသမားတွေကိုလဲ မုန်းတယ်ဗျ။ အလုပ်သမလေးတွေက သူတို့လုပ်ခမလောက်လို့ရဲရဲရင့်ရင့် နဲ့နဲ့အေးအေးချမ်းချမ်းတောင်းဆိုတာ မျောက်ပြဆန်တောင်းလုပ်စားချင်နေတဲ့သူတွေကလဲ ဘေးကနေမြောက်ထိုးပင့်ကော်လုပ်ပီး သူတို့ပဲလုပ်လိုက်သလိုလိုနဲ့ ထောက်ပန့်ကြေးတွေတောင်းဦးမယ်။ ကိုမာဂလုလင်ရဲ့ ပထမဦးဆုံးကောမန့်ကိုတော့ အရမ်းကြိုက်တယ်ဗျာ။ ကြိုက်ဆိုမှန်တာကိုးဗျ။ အနာပေါ်တုတ်ကျသွားတဲ့ကောင်တွေကတော့နာမှာပေါ့။ အဲ့ဒါကြောင့်မို့လို့လဲမခံမရပ်နိုင်နဲ့ ကောမန့်တွေပြန်ရေးနေကြတာပေါ့ဗျာ။ ထောက်ခံတယ်ဗျာ ဆက်လုပ်
သူများထိခိုက်အောင်ဘာများရေးမိလို့လဲဗျာ..
သေသေချာချာစဉ်းစားကြည့်ပါအုန်း..
အရူးတယောက်လိုအော်နေတာလဲမဟုတ်ရပါဘူးဗျာ..
အထင်ကြီးစရာမကောင်းတဲ့ နိုင်ငံရေးသမားတွေ၊တော်လှန်ရေးအရေခြုံတွေကို
မကြိုက်လို့စိတ်ပျက်တဲ့အကြောင်း၊ကိုယ့်အမြင်လေးတွေကိုယ်စီနဲ့
ဝေဖန်ကြည့်ကြတာပါဗျာ.. ခင်ဗျားတို့ကတိုင်းပြည်နဲ့ပြည်သူကိုအကျိုးပြုကို
အလုပ်လုပ်နေကြတဲ့နိုင်ငံရေးသမားကြီးတွေဘဲဗျာ၊၊ဒီလောက်တော့
ဝေဖန်တာခံနိုင်သင့်ပါတယ်။သူများဒီမိုကရေစီနိုင်ငံကြီးတွေမှာနိုင်ငံရေးသမား
တွေဆိုကောင်းကောင်းဝေဖန်သုံးသပ်ရေးသားကြတာ။နအဖကအာဏာရှင်မို့
လို့ဝေဖန်တာမကြိုက်ဘူးဆိုတာကြားကောင်းသေးတယ်၊အခုဟာကဒီမိုကရေစီအရေး၊
နိုင်ငံအရေးအော်နေကြပြီး၊
ခင်ဗျားတို့တွေကိုယ်တိုင်ကိုက
အဝေဖန်မခံနိုင်ကြဖူးဖြစ်နေတယ်။ ကိုယ်နဲ့အယူအဆမတူဘူးဆိုရင်လဲ
နအဖလူ၊ရန်သူလူဆိုပြီးတံဆိပ်ခပ်တတ်ကြသေးတယ်။သေသေချာချာ
စဉ်းစားကြည့်ခင်ဗျားတို့တွေစီမှာကို
အာဏာရှင်အမူအကျင့်တွေ၊လေသံတွေ၊
အယူအဆတွေတပုံကြီးပဲ ၊၊ခင်ဗျားတို့အာဏာရလာရင်လဲ
ဲနအဖဗိုလ်ချုပ်တွေလိုပျက်ဆီးမသွားဘူးလို့
ဘယ်သူမှမပြောနိုင်ဘူး။
ငါတို့ကတိုင်းပြည်သိပ်ချစ်တာ၊ နအဖဗိုလ်ချုပ်တွေလိုမဟုတ်ဘူးလို့တော့မပြောနဲ့၊ ကတ်စရို
တော်လှန်ရေးစလုပ်တုန်းကလဲ
သူ့တိုင်ပြည်သူသိပ်ချစ်ခဲ့တာ။နောက်တော့လဲသိတဲ့အတိုင်းပဲ
အိုင်ဒီယာလည်းပြိုင်ရဲတယ်
တိုက်ပွဲကိုလည်း ပြိုင်ရဲတယ်
ကျနော့် အမြင်က
သူတို့ ရန်သူနအဖ တို့ဟာ
တမွန်းတက်တောင် မခံတဲ့
သတ္တ၀ါတွေပါ ...
အဲ့ဒီအပြောမျိုးတွေကြောင့် ကျနော်ကိုယ်တိုင်လဲ တချိန်တုန်းက
ပြည်ပကနိုင်ငံရေးလုပ်တဲ့သူတွေ
ကိုတော်တော်အထင်ကြီးခဲ့ဖူးပါတယ်။
ဒါပေမယ့်ဗျ..အိုင်ဒီယာတွေလဲအရမ်းကောင်းတဲ့၊တိုက်ပွဲတွေလဲပြည့်ဝနေတဲ့
ခင်ဗျားတို့က ဘာလို့ အဖွဲ့တွေမျိုးစုံကွဲ၊တယောက်နဲ့တယောက်ထချ တာတွေမျိုးစုံဖြစ်နေရပြီး တမွန်းတည့်တောင်မခံပါဘူးဆိုတဲ့နအဖက 88 ကနေဒီနေ့ 2010အထိဘာလို့ခံနေရတာလဲဟင်..
ဒါလူဗိန်းမေးခွန်းပါ။ ဆင်ဖမ်းမယ်
ကျားဖမ်းမယ်၊မလုပ်ပါနဲ့။အလုပ်နဲ့သက်သေပြပါ။
မှန်လိုက်လေ tasay ရယ်.. ဘယ်သူ အုပ်ချူပ်မင်းလုပ် နေနေ ကိုယ့်ထမင်းကိုတောင် ရဲရဲဝံ့ဝံ့ ရှာစရာစားရတဲ့ဘ၀မျိုး ဒီတစ်သက်နေရပါဦးမလားလို့ တွေးမိပါရဲ့.. ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်မှာလည်း သိပ်ကြောက်မိပါရဲ့ ဒါကြောင့် Blogger ko zaw က ဗိုလ်ချူပ်မွေးနေ့ အမှတ်တရမှာ ရေးပြသွားတာပေါ့.. တရုတ်ကို ဘိန်းကျွေးတယ်.. မြန်မာကို နေရာပေးတယ်.. ဆိုတဲ့ ပို့စ်ကိုလေ.. တကယ်မှန်ပါတယ်.. http://zaw357.multiply.com/journal/item/961/961
tut said..
(အိုင်ဒီယာလည်းပြိုင်ရဲတယ် တိုက်ပွဲကိုလည်း ပြိုင်ရဲတယ် အချိန်ကာလကလည်း သူတို့ကို တစစဖြိုနေတာပဲ ကျနော့် အမြင်က သူတို့ ရန်သူနအဖ တို့ဟာ တမွန်းတက်တောင် မခံတဲ့ သတ္တ၀ါတွေပါ ...)
ဟာသ တွေလုပ်နေတာလား? ;)
(၁)အိုင်ဒီယာလည်း ပြိုင်ရဲတယ်-ဒီမိုတွေ အိုင်ဒီယာတွေ ကောင်းလွန်းလို့ တမွန်းတက် အသုံးမကျဘူးဆိုတဲ့ နအဖ ကို မယှဉ်နိုင်ဘူး..အသုံးမကျဘူးလို့ပြောတဲ့ နအဖရဲ့ အိုင်ဒီယာကိုတောင် မယှဉ်ပြိုင်နိုင်တဲ့သူတွေရဲ့ ဦးနှောက်က လုံးဝ(လုံးဝ) သုံးစားမရတော့တာ သေချာနေပြီ ;)
(၂)တိုက်ပွဲကိုလည်း ပြိုင်ရဲတယ်-အခုတော့ ပြည်ပမှာ ဘီယာလေးသောက်လိုက် အတင်းလေးပြောလိုက်နဲ့ အွန်လိုင်းတိုက်ပွဲတွေ အပြိုင်အဆိုင်တိုက်နေပါတယ်..အရင်တုန်းကတော့ အွန်လိုင်းမှာ ဘုရင်ပါပဲ ဘယ်သူမှ ပြန်ပြီး တွန်းလှန်မယ့်သူမရှိဘူး...ပြိုင်ဘက်ကင်းတယ်ပေါ့ဗျာ...အခုတော့ မဟုတ်မမှန်ရင် ပြန်တွယ်မယ့်ကောင်တွေ ပေါ်လာတော့ အနာပေါ် တုတ်ကျတဲ့အဖြစ်နဲ့ မခံမရပ်နိုင်တွေဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်ရင်းနဲ့ တစ်ဖြည်းဖြည်း ကျဆုံးစပြုလာပြီ ;)
(၃) အချိန်ကာလကလည်း သူတို့ကို တစစဖြိုနေတာပဲ ကျနော့် အမြင်က သူတို့ ရန်သူနအဖ တို့ဟာ တမွန်းတက်တောင် မခံတဲ့ သတ္တ၀ါတွေပါ ---အချိန်ကာလဆိုတာ နှစ် ၂၀ကျော်ကိုပြောတာလား။...နည်းသေးတယ်မဟုတ်လား။ တမွန်းတည့် နအဖ က အခုတော့ တမွန်းတည့်တောင်မကတော့ဘူး နှစ် ၂၀တောင်ရှိနေပြီဗျ...ကဲ ဘယ်မှာလဲ တော်လှန်ရေးသမားကြီးတွေရဲ့ ခေတ်မှီအိုင်ဒီယာတွေ တိုက်ပွဲတွေ(ကိုယ်မပါ ပြည်သူကိုရှေ့ကနေတွန်းထိုးပြီးအသေခံခိုင်းတဲ့တိုက်ပွဲ)....အပြောလေးတွေ နည်းနည်းလျှော့....ပြည်သူတွေကတော့ ကြားထဲကနေ မြေစာပင်ဖြစ်နေရတာကြာနေပြီ...ပြည်သူဆိုတဲ့စကားလုံးတွေကို တွင်တွင်သုံးပြီး ပြည်သူလိုလားတဲ့အရာတွေကို ဘယ်သူမှမကြည့် ကိုယ်အာဏာရဖို့ရေးအတွက်သာ လုပ်နေကြတာပဲ တွေ့နေရတယ်...
စစ်တပ်နဲ့ နအဖကလည်း သူ့အလုပ် သူလုပ်ပါတယ်။
နိုင်ငံရေးသမားတွေကလည်း သူ့ခွင်နဲ့ သူပဲ။
သူ့ဟာသူ နှစ်ဖက် အဆင်ပြေမျှနေတဲ့ ကြားထဲ ခင်ဗျားတို့အားလုံးက ဘာဝင်ပြီး မနာလို တိုရှည်ဖြစ် ကိုယ့်ထမင်း ကိုယ်စားပြီး ရန်စကားတွေ ပြောနေရအောင် တော်တော်လေး အား ယားနေကြတယ်လား။
ရုရှားက မောင်တွေလို တစ်လ ၅၀ ရလို့ ပြောနေတာလား
ဒီမို အကောင်တွေလို ထောက်ပံ့ကြေး ရလို့ ၀င်ဟဲနေတာလား
စဉ်းစား စဉ်းစား ခင်ဗျားတို့တွေကြောင့် တိုင်းပြည်ကြီးက ကြားက ကန့်လန့်ဖြစ်နေတယ်။
ဒါလောက်ဆို ပေါက်ပါပြီ ...
အားလုံးကို သနားတယ် အထူးသဖြင့် ကွန်မင့်မှာရေးနေတဲ့ အလံရှုး နအဖဘက်ကကောင်တွေကိုပဲ ....
ခုလို ရေးရတာလည်း မတူမတန်မှန်းသိတယ် ...
ဒါပေမယ့် ပေါ်တင်ဖြစ်နေလို့ .....
ကွန်မင့်တွေတွေ့ လို့ စိတ်ဝင်စားတာနဲ့ ဝင်ဖတ်ကြည့်တော့ အားလုံး မှားနေကြတာတွေ့ ရတယ်။
န အ ဖ ကသူ့ ဝါဒီသူ ကျင့်သုံးတယ်။
လက်တွေ့ ဆန်တယ်။
ညစ်ပတ်မယ်။ ရက်စက်မယ်။ စစ်ဝါဒီဆိုတဲ့ အတိုင်း ကြမ်းမယ် ရမ်းမယ်ပေါ့ဗျာ။
တော်လှန်ရေးသမားတွေက ဘယ်လိုလဲ လက်နက်ကိုင်ထားရင် တိုက်မှာလား။ တိုင်းရင်းသားပြည်သူကြားမှာ ၀င်ပုန်းမှာလား၊ ဒုက္ခ သည်စခန်းတွေမှာ အချောင် ၀င်ပြီး တတိယနိုင်ငံသွားဖို့ တန်းစီမှာလား။
ကိုယ့်ဝါဒီကိုယ် မလိုက်နာဘူး။ အီယောင်ဝါးတွေ။ န အ ဖ ကို မနိုင်တာ အဲဒီစိတ်ဓါတ်တွေကြောင့်ပဲ။
အတိုက်အခံပါတီကကော ဘာလုပ်မှာလဲ ။ နိုင်ငံရေးအဖွဲ့ အစည်းဆိုရင် ရွေးကောက်ပွဲ ၀င်မှာလား။ ဒါမှမဟုတ် ပြည်သူကို စည်းရုံးမှာလား။ ဒါမှ န အ ဖ နဲ့ ယှဉ်ပြိုင် အစိုးရ လုပ်မှာလား။
အီးယောင်းဝါး လေထဲကနေ ၀ါဒ ဖြန့် ပြီး အာ ကျယ်မနေနဲ့ ။
ကိုယ့်အခြေအနေကိုယ်သိပါ။
နောက်ဆုံးတော့လဲ ကြောက်လို့ ပြေးတာ ချင်းအတူတူ အပြင်ရောက်မှ အထဲက ပြည်သူတွေကို ချကြ လို့  မီုးသီးလို မအော်နဲ့ ။ ပြည်ပရောက်တွေက ပြည်ပရောက်သွားတာတောင် လူစိမ်းတယောက်တွေ့ ရင် န အ ဖ လူလား ဆိုပြီး ကြောက်နေသေးတယ်။ အရမ်းမဆက်ဆံရဲကြဘူး။ ရယ်စရာတော့ကောင်းလား။
ချီးလဲ ချီးကျူးပါတယ်။ သတ္တိတွေကို။
နောက်ဆုံး တတိယ နိုင်ငံတွေ ရောက်တာတောင် လူတွေ့ ရင် န အ ဖ လူလား ဆိုပြီး ကြောင်တောင်တောင်နဲ့  တောင်မေး မြောက်မေး စုံးစမ်းသေးတယ်။
ဒီလောက်ကြောက်ချေးပါနေသူတွေက ငါက တော်လှန်ရေးသမားကွ ဆိုပြီး ထထ အော်သေးတယ်။ စောက်ရှက်ကို မရှိကြဘူး။
သူကြီးဘစီ။ ကောင်မလား၊ ကောင်လား။ ခင်ဗျား (သို့) ကောင်မ ကကော မြန်မာပြည်သူတွေအတွက် ဘာတခုလုပ်ပြီးသွားပြီလဲ၊ မွေးရာပါတခုနဲ့ လုပ်စားနေလို့ မ၀သေးဘူးလား၊ ဒါဆိုရင် လာခဲ့မယ် စောင့်နေ။
အမြင်မတူ ငါ့ရန်သူ အမြင်မတူရင် နအဖ လူလို့ဆိုကြတယ်...
tut ဆိုတဲ့လူက ရီစရာတော်တော်လုပ်တာပဲ... နအဖ လူဆိုရင် မတူမတန်လို့ ပြန်မရေးဘူးတဲ့...တကယ်တမ်းကျတော့ မတူမတန် ဆက်ဆံပြီး ရှိတယ်လို့ကို ခေါင်းထဲမထည့်တာက သူတို့ဆိုတာ မသိရှာဘူး ;)...နအဖ က ခေါင်းထဲမထည့်လို့လည်း အရေးတယူမရှိလို့ပဲ မြောင်းပုတ်ထဲရောက်နေတာ အခုချိန်ထိ မြောင်းပုပ်ထဲက မတတ်သေးဘူး...လူတတ်ကြီးလုပ်ချင်နေတဲ့သူတွေအတွက် ပညာပေးထားတယ် ထင်ပါတယ်...
science .........
ကောင်းပါတယ် ခုလို တုံ့ပြန်ပေးတာ ...
စကားများများပြောတော့ ခြေရာကျန်တာပေါ့ ..နော
သခင်အားရ ကျွန်ပါးဝ ဆိုတာမျိုးပေါ့ ..
မင်းကို တခုပြောမယ်
ရိုက်တဲ့လက်ကို နမ်းတာ ... ဘယ်လို သက်ရှိမျိုးလည်း
၁၃ပါးမြောက် သာဝကို ဖတ်ဖူးလား . .. ဖတ်စေချင်တယ် ... ဘောင်းဘီဝတ်မိုးတိမ်လည်းဖြစ်တယ် ....
သခင်အားရ ကျွန်းပါးဝ ဆိုတာ ကျုပ်အတွက်တော့ မှားနေတယ်...ဒီစကားဟာ သူ့အဖွဲ့စည်း ခေါင်းဆောင်ကို ကာကွယ်နေတဲ့သူတွေမှာ သုံးလို့ရမယ်...ကျုပ်က ကိုယ့်အမြင်ကို အမြင်မတူကြောင်းဝင်ပြောတာ...ဒါကို နအဖ အလိုကျ လို့ပြောလို့ရမလား။
အဲ။ဒါကြောင်.မြန်မာနှိုင်ငံမတိုးတတ်တာ
အဲ.ဒါကြောင်.မြန်မာနှိုင်ငံမတိုးတတ်တာ၊
အခုလို ပြောနေကြတာကို အပြင်မှာ တစ်ယောက်ကိုတစ်ယောက် လေးစားမှုထားပြီး မြန်မာနိုင်ငံ အရေးကို တကယ့်ကိုစေတနာရှိရှိနဲ့ အမြော်အမြင်ကြီးကြီးထားပြီး ဆွေးနွေးကြစေချင်ပါတယ်
Post a Comment