အသုံးမကျတဲ့ အကောင်
ကမာပုလဲ
ကမာပုလဲ
အမေ့ကို တွေ့တော့
ကျနော် အမေ့ကို သတိရလာတယ် …
ကျနော့်မေမေဟာ အဲလို သနပ်ခါးလူးနေကျ
ကျနော်က သနပ်ခါး သွေးပေးရသူလေ …။
အမေ
နေထိုင်ကောင်းပါစေလို့် စိတ်ကူးနဲ့
ကျနော့်မှာ ရူးလိုက်ရတာ …။
ခု … မေမေ မရှိတော့ဘူးတဲ့ …။
ကျနော် …
မေမေ့ဈာပန ကျင်းပချင်တယ်
ဘယ်နေ့သေမှန်းလည်းမသိ
ဘယ်လိုသေမှန်းမသိနဲ့ …။ ။
ကမာပုလဲ
၂၀၁၀
No comments:
Post a Comment