Tuesday, February 16, 2010

ပေးစာ

ကိုလွဏ်းဆွေခင်ဗျား ...

ကျနော် ကိုလွဏ်းဆွေရဲ့ ဘလော့ပရိတ်သတ်တယောက်ပါ။ မည်သူတွေ မည်သည့်နည်းနှင့်မျှ လက်သီးပုံးနဲ့ ထိုးထိုး တိုင်းပြည်နဲ့လူမျိုးအကျိုးကိုသာ ရှေးရှုဝေဖန်သော ကိုလွဏ်းဆွေရဲ့အရေးအသားတွေကို ကျနော်အမြဲ ဖတ်ပြီး ချီးကျူးမိပါတယ်။

ထိုထိုသော စနိုက်ပါသမားများနဲ့ သူတို့ညစ်နည်းပတ်နည်းများမှာ နိုင်ငံရေးကန်ထရိုက်ကြီးများလုပ်ကာ အနှစ် နှစ်ဆယ်ကျော် စားသောက်ချောင်နေသောသူများရဲ့ ထုံးစံအတိုင်း သူတို့အရှက်တရားမဲ့စွာ ၈၈ မှာ ကျခဲ့ရတဲ့ သွေးတွေကို ဒေါ်လာနဲ့ လဲစားတာကို ယိုသူမရှက် မြင်သူရှက်ရသူတိုင်းက တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက် လို့ သူတို့ကို သတိပေးမိတာဖြစ်စေ၊ အပြုသဘော ဝေဖန်တာဖြစ်စေ လုပ်တဲ့သူတိုင်းကို သူတို့ တုံ့ပြန်နေကျ နည်းဖြစ်ပါတယ်။ အဲ့ဒီလူယုတ်မာများဟာ ဒေါ်ကြိုင်ကြိုင်တို့နည်းတူ သူတို့ဂွင်ကို ထိမယ်ဆိုရင် အထက်လမ်း အောက်လမ်း နည်းမျိုးစုံနဲ့  ယုတ်ပတ်တတ်ကြတာမို့  နည်းနည်းတော့ သတိထားပါဗျာ။

ကျနော်ဟာ 1988 စက်တင်ဘာ 19 မနက် 9 နာရီခန့် ၀န်ကြီးများရုံးဘေးမှာ အပစ်ခံရစဉ်က ဗကသစစ် ကြောင်းမှာ သူရိန် (ဗကသ) နဲ့အတူ ဦးဆောင်ကြရင်း အထက ကျောင်းသူကျောင်းသားလေးများ စစ်တပ် ကျည်သင့်ကာ သွေးအိုင်ထဲ လဲကျသေဆုံးခဲ့ရတာတွေကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရသူမို့ အဲ့ဒီတော်လှန်ရေး ကန်ထရိုက်တာကြီးများအကြောင်း သတင်းတွေ၊ ဘလော့တွေမှာ ထုံးစံအတိုင်း မျောက်ပြဆန်တောင်း စား သောက်လုပ်ကိုင်နေတာတွေ တွေ့ရတိုင်း အဲ့ဒီသွေးအိုင်ထဲက အထကကျောင်းသူလေးနဲ့ ကျောင်းသားလေး တွေကိုပဲ ပြေးမြင်နေမိတဲ့သူပါ။ ကျနော်လည်း အဲ့ဒီတုန်းက ဗကသမှာ အရေးကြီးတာဝန်တချို့ ထမ်းခဲ့ပါ တယ်။ ကျနော့် စိတ်ထဲမှာ သြော် .. သူတို့စားနေတဲ့ ဒေါ်လာတွေဟာ ဒီကျောင်းသားကျောင်းသူလေးတွေရဲ့ သွေးတွေပါလားပေါ့။

ခုတော့ ကျနော်လည်း ဘာမှမလုပ်တော့ဘဲ 2000 ကစပြီး ဘေးထိုင်နေလိုက်တော့တာပါပဲ။

8888 စာစောင်မှာ ရေးသလိုပါပဲ။ ဖိနှိပ်ရက်စက်တဲ့ စစ်အုပ်စုနဲ့ အပြင်မှာ ဒီမိုကရေစီဗန်းပြပြီး professional revolutionary heroes လုပ်နေသူတွေရဲ့ကြားမှာ သနားစရာ ပြည်သူလူထုကြီးကတော့ ခုထိ လွတ်လမ်းမ မြင်သေးပါဘူး။ ပြည်တွင်းအားကိုပဲ မျှော်ရတော့မှာပါပဲ။ အပြင်က ဒီမိုကရေစီခေါင်းဆောင်ဆိုသူ အများစုက တော့ နှစ်နှစ်ဆယ်ကျော်လာပြီဆိုတော့ အစွယ်ကြီးတွေလည်း ရှည်လာ၊ အမွေးတွေလည်း တထွာကျော်နဲ့ သန်းရွှေတို့ စစ်ဘီလူးကြီးတွေနဲ့ သူမသာ ကိုယ်မသာ ကြောက်စရာ ရွံစရာ ကောင်းလှပါသောကြောင့် ကျနော် ခပ်ဝေးဝေးကပဲ သူတို့နဲ့ ဆက်ဆံရဲတော့ပါတယ်။ အရင်တုန်းကတော့ အသက်ပေးလက်တွဲခဲ့တဲ့ ရဲဘော်ရဲ ဘက်များတော့ ဖြစ်ခဲ့ဖူးတာပေါ့ခင်ဗျာ။

ကျန်းမာပါစေ ...
ကြည်မြင့်
Washington D.C.

3 comments:

Ghost said...

absolutely right!!!

Anonymous said...

မှန်တယ်ဗျို့ မျောက်ပြဆန်တောင်းနေတဲ့နိုင်ငံရေးစား
ဖားတွေနဲ့သန်းရွှေတို့အုပ်စုကအတူတူပါဘဲ.သူတို့စားနေ
တဲ့အစားအစာတွေမှာမြန်မာပြည်သူလူထုရဲ့သွေးတွေ
လိမ်းကျံထားတယ်.ဒါကိုမှမြိုကျတဲ့လူတွေအတွက်က
တော့ နောင်ရေးမတွေးရဲစရာဘဲ။

Unknown said...

ပြည်ပအတိုက်အခံတွေကတော့၊ပြည်သူလူထုကြီးနဲ့၊ပြဒါးတ လမ်းသံတလမ်းဖြစ်နေပါပြီ၊နအဖကလည်းစာရင်းထဲ တောင်မထည့်တော့ဘူး၊သူတို့ပရိုပိုဆယ်နဲ့သူတို့ပျော်နေကြ ပါစေဆိုတာပဲထားနေတာ။ဒါတောင်ဦးခွန်မြင့်ထွန်းကပြော သေးတယ်။သူတို့ကိုနအဖကအချိန်မရွေးလာလုပ်ကြံနိုင်တယ်တဲံ။့သူကပြည်တွင်းထဲမှာလုပ်နေတဲံ့၊လူတွေနဲ့နှိုင်းသေး တယ်။ဲသူမို့လို့မရှက်တယ်။ရွံစရာကောင်းတာက၊ပြည်တွင်းကပြည်သူတွေကိုလှန်းမြှောက်ပေးနေသေးတယ်။အံ့ ရော၊အေးအေးဆေးဆေး၊ပရိုပိုဆယ်လိမ်စားနေတာမ ဟုတ်ဘူး။

မောင်အံ့