Saturday, January 30, 2010

သမိုင်းတင်စေမယ့် ကဗျာတပုဒ်အတွက် တောင်းဆိုခြင်း (ပေးစာ)

စာဖတ်သူများခင်ဗျား ...

‘ကမာပုလဲ’ ရေးတဲ့ “၂၁ ရာစုတွင် ကိုရွှေအမေရိကကို ရှာဖွေတွေ့ရှိခြင်း” ကဗျာ အလွန်လက်ရာမြောက်ပြီး သ မိုင်းကြောင်းရှေ့နောက် ထောက်ပြဖွဲ့ဆိုထားတာကြောင့် အလွန်ကို ဖတ်သင့်တဲ့ ကဗျာပါ။ အမေရိကန် ဖြစ်ခဲ့သ မျှတွေ၊ ရှေ့ဖြစ်မှာတွေ အချိန်တိုအတွင်းမှာ တိုတိုလိုရင်း၊ ထိထိမိမိ ရေးနိုင်လို့ အလွန်ကျေးဇူးတင်ပါတယ်။ ကျ နော်ထင်တယ်၊ ဒီကဗျာက သမိုင်းမှာ ပြောစမှတ်ကျန်ခဲ့မယ့်၊ နောင်လာနောက်သားတွေ မှတ်ဖို့ကျန်နေမယ့် က ဗျာတပုဒ် ဖြစ်သွားနိုင်ပါတယ်။

ဒီလိုပဲ မြန်မာသမိုင်းကို သခင်ဘသောင်းက သခင်အမည်စခံပြီး ဒို့ဗမာအစည်းအရုံးထောင်ခဲ့တာတွေ၊ ဗိုလ်ချုပ် အောင်ဆန်းတို့ ဂျပန်ခေါ်ပြီး အင်္ဂလိပ်တိုက်ခဲ့တာတွေ၊ တခါ ဂျပန်ကို အင်္ဂလိပ်နဲ့ အမေရိကန်တို့ ပေါင်းထားတဲ့ မဟာမိတ်တပ်နဲ့ပူးပေါင်းကာ ပြန်တိုက်ထုတ်တာတွေပါအောင် ကဗျာထပ်ပြီးရေးပေးဖို့ ကျနော်နဲ့အတူ တောင်း ဆိုပေးစေချင်ပါတယ်။

ပြီးတော့ အောင်ဆန်း-အက်တလီစာချုပ်၊ နု-အက်တလီအက်တလီစာချုပ်တို့နဲ့ ရယူထားတဲ့ မြန်မာ့လွတ်လပ် ရေးကို အတုဆိုပြီး တရုတ်နဲ့ ဆိုဗီယက်ကို နောက်ခံအားပြုကာ နိုင်ငံရေးသမားအချို့ပါတီဖွဲ့၊ လူအုပ်စုထောင် ပြီး တော်လှန်ရေးလုပ်ခဲ့ကြတာ၊ ပြီးတော့ ပြည်တွင်းစစ်မီးအောက်မှာ တိုင်းပြည်ဖွတ်ဖွတ်ညက်ညက်ကြေ တိုင်း ပြည်ဆင်းရဲကြရတာတွေ၊ နိုင်ငံရေးသမားတွေ အစွမ်းအစ ပြိုင်ကြရာကနေ ပါလီမန်ဒီမိုကရေစီစနစ် စစ်တပ် လက်ထဲ ကျရောက်သွားရတာတွေလည်း ပါအောင်ရေးပေးစေချင်ပါတယ်။

တိုင်းပြည်တပြည်မှာ စာရေးသူတွေဟာ လူထုကို လမ်းပြတဲ့သူတွေပါ။ ဒီလိုလူတွေက ကိုယ်လိုရာဆွဲပြီးလုပ် ထားတဲ့ အယူအဆကို အမှန်လို့ ထင်သွားအောင် အကွက်ချန်ရေးတာထက် ဒီနေ့ တရုတ်ပြည်၊ ဗီယက်နမ်တို့ အမေရိကန်နဲ့ ပူးတွဲ စီးပွားရေးလုပ်လို့ တိုင်းပြည်စီးပွားရေး တိုးတက်လာတာ၊ ပြီးတော့ ထိုင်ဝမ်ကျွန်းကို အမေ ရိကန်က ကူညီကာကွယ်မပေးရင် လွတ်လပ်နေတဲ့ ကိုယ်ပိုင်ဒေသလေးကနေ တရုတ်လက်အောက် မိနစ်ပိုင်း အတွင်း ကျရောက်သိမ်းပိုက်ခံသွားမှာတွေ၊ ဂျပန်နိုင်ငံမှာ အမေရိကန်တပ်ထားဖို့ လက်ခံထားရတဲ့ အကြောင်း အရင်းတွေလည်း ပါအောင်ရေးဖို့ မေ့နေတယ်လို့ထင်လို့ နောက်ဆက်တွဲများရေးဦးမယ်ဆိုရင် ပါစေချင်၊ ထည့် ရေးပေးစေချင်ပါတယ်။

ပြီးတော့ ၁၉၈၈ အရေးအခင်း ဖြစ်တဲ့အချိန်ကစပြီး အမေရိကန် အထက်လွှတ်တော်အမတ် စတီဗင်ဆိုလာ့ဇ်နဲ့ အဖွဲ့လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေးခဲ့တာ၊ မြန်မာ့ဒီမိုကရေစီအရေးကို ကူညီပံ့ပိုးတဲ့အနေနဲ့ အတိုက် အခံတွေဘက်ကနေ စီးပွားရေးပိတ်ဆို့ပေးတာ၊ စစ်အစိုးရခေါင်းဆောင်တွေ အမေရိက လာဖို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားတာ၊ တိုင်းပြည်ဘဏ္ဍာက ခိုးဝှက်ထားတဲ့ ငွေတွေ ဘဏ်ငွေစာရင်း သွင်း-ထုတ်ခွင့်တွေ ပိတ်ထားတာ၊ ထိုင်း-မြန်မာနယ်စပ်က ဒီမိုကရေစီအုပ်စုတွေကို ငွေကြေးအရရော၊ နိုင်ငံတကာပါ ၀င်ဆံ့ဖို့ ကူညီခဲ့တာတွေ လည်း ပါစေချင်ပါတယ်။ မေ့နေခြင်း၊ ချန်လှပ်ထားခြင်း မဖြစ်စေလိုပါ။

လောလောဆယ် စင်ပြိုင်အစိုးရ ဒေါက်တာစိန်ဝင်းတို့အဖွဲ့ဟာ အမေရိကန်မှာ အခြေစိုက်ထားတာပါ။ စင်ပြိုင် အစိုးရဖွဲ့ပြီးစမှာ အမေရိကန်က နှစ် (၂၀) ကူညီနေတဲ့ကြားကတောင် မဲဆောက်က၊ ဂျပန်က၊ တောင်ကိုရီးယား က၊ အိန္ဒိယက စာစောင်တွေမှာ အပုပ်ချရေးသားနေတာတွေ မြင်မှာပါ။ ဒီလိုဝေဖန်ခံနေရတဲ့ကြားက တိုင်းရင်း သားဒုက္ခသည် ထောင်ချီပြီး အမေရိကန်မှာ အခြေချခွင့်ပေးခဲ့တာတွေ၊ ဒေါက်တာစင်သီယာမောင်ဆေးခန်းကို ထိုင်းအစိုးရ နှောက်ယှက်လို့ ပိတ်ဖို့ဖြစ်နေတာကနေ အမေရိကန်သံအမတ်ကြီး လာရောက်စစ်ဆေးပြီးနောက် မှာ အခုအထိ ပြန်ဖွင့်ခွင့်၊ လွတ်လွတ်လပ်လပ် ဆေးကုသခွင့်ပေးခဲ့တာတွေ အဲဒါတွေလည်း ကဗျာထဲ ထည့် ရေးစေချင်ပါတယ်။

လက်ရှိမှာတော့ အမေရိကန်က နအဖနဲ့ အတိုက်အခံတွေကြားမှာ နှစ်ဘက်ရပ်ပြီး ဖြေရှင်းတဲ့အချိန်ကျမှ တ ဘက်ကို ကူးရမလားဆိုပြီး ကလော်တုတ် ဆန့်ကျင်နေတာတွေလည်း မကျန်ရစ်ခဲ့စေလိုပါ။ သမိုင်းတင်မယ့် ကဗျာတပုဒ်ရေးမယ်ဆိုရင် စဉ်းစားပြီးမှရေးဖို့ ကျနော်တော့ လက်တို့ချင်ပါတယ်။ စာဖတ်သူတို့ သဘောတူမယ် ထင်ပါတယ်။ ကျနော့်နဲ့အတူ မြန်မာ့သမိုင်းမှတ်တမ်း ကဗျာကောင်းလေးတပုဒ် ထပ်မံပေါ်ထွက်လာဖို့ ၀ိုင်းဝန်း ကူညီတောင်ဆိုပေးစေချေင်ပါတယ်။

လေးစားလျက် ...
ဖိုးသောကြာ
၂၆-၁-၂၀၁၀

2 comments:

Unknown said...

ကိုဖိုးသောကြာရေ ...
အရမ်းကို ကျေးဇူးတင်တာပဲ ..
ကမာပုလဲ ဆိုတဲ့သူကို ပြောချင်တာတွေရှိတယ်။
အိုဘားမားကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးဖို့ စာရင်းပေးတာ အိုဘားမား သမတ စာရင်းမတင်မီဆိုလား နောက် အာဖဂန်နဲ့ အီရတ်ကို စစ်သည် သုံးသောင်းပို့တာ စစ်ဝါဒီအမတ် ဂျွန်မက်ကိန်းက ကန့်ကွက်တာ ... အဲဒါလည်း ဒီလူရေးရမယ်ဗျ ... တခုတော့ရှိတယ် အဲဒီလူ အဲဒီသမိုင်းအဖြစ်အပျက်တွေကို ကဗျာ ရသမြောက်အောင် ရေးနိုင် မရေးနိုင်ပါပဲ ...

လေးစားတယ်ဗျာ
တွတ်တွတ်။

Unknown said...

ကိုဖိုးသောကြာရေ ...
အရမ်းကို ကျေးဇူးတင်တာပဲ ..
ကမာပုလဲ ဆိုတဲ့သူကို ပြောချင်တာတွေရှိတယ်။
အိုဘားမားကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးဖို့ စာရင်းပေးတာ အိုဘားမား သမတ စာရင်းမတင်မီဆိုလား နောက် အာဖဂန်နဲ့ အီရတ်ကို စစ်သည် သုံးသောင်းပို့တာ စစ်ဝါဒီအမတ် ဂျွန်မက်ကိန်းက ကန့်ကွက်တာ ... အဲဒါလည်း ဒီလူရေးရမယ်ဗျ ... တခုတော့ရှိတယ် အဲဒီလူ အဲဒီသမိုင်းအဖြစ်အပျက်တွေကို ကဗျာ ရသမြောက်အောင် ရေးနိုင် မရေးနိုင်ပါပဲ ...

လေးစားတယ်ဗျာ
တွတ်တွတ်။