Saturday, December 12, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၂-၁၂-၀၉)

- မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဒဏ်ခတ်ဖို့ သြစတြေးလျအစိုးရကို တောင်းဆို click
- ဗြိတိန်နိုင်ငံခြားရေးဌာန အင်တာနက် မြန်မာနိုင်ငံရေးအကျဉ်းသားတွေ ဓာတ်ပုံနဲ့တကွ ဖော်ပြ click
- အိုင်အယ်လ်အို တိုင်ကြားခဲ့သူ ထောင်ဒဏ် (၇) နှစ် ချမှတ် click
- လက်တုံ့ပြန် တရားစွဲမှု အိုင်အယ်လ်အို အထူးအလေးထား click
- ညီညီအောင် ထောင်ဝင်စာတွေ့ခွင့် လျှော့ချ click
- ကိုညီညီအောင်ရဲ့ အကြံပေးရှေ့နေ စစ်အစိုးရကို ဝေဖန် click
- ကိုညီညီအောင်အမှု အမေရိကန် မျက်ခြေမပြတ်စောင့်ကြည့်နေ click
- ဆဒမ်ကို ဖြုတ်ချခဲ့တာ မှန်တယ်လို့ တိုနီဘလဲ ပြော click
- မြောက်ကိုးရီးယား လက်နက်လေယာဉ် ထိုင်းလေဆိပ်မှာ ဖမ်းမိ click
- ရာသီဥတုပြောင်းလဲမှု အလေးထား ဆောင်ရွက်ဖို့ ကမ္ဘာတ၀န်း ဆန္ဒပြလှုပ်ရှား click
- ရာသီဥတုပြောင်းလဲမှုညီလာခံ ဆန္ဒပြသူ (၉၀၀) ခန့်ကို ဖမ်း click
- Burma Threatens Thailand's Stability click
- Sri Lanka endorses BIMSTEC Convention on Combating Terrorism, Transnational Organized Crime and Illicit Drug Trafficking click

လာမည့် အာဖဂန်စစ်ပွဲတွင် အမေရိကန်စစ်သားတဦး၏ စစ်စရိတ်မှာ (၁) နှစ် ဒေါ်လာ (၁) သန်း ဖြစ်၏။ (နိုဝင်ဘာ ၃၀၊ ၂၀၀၉ - သတင်းခေါင်းစဉ် ကောက်နုတ်ချက်) (ကာတွန်း မောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်)
- ဗိုလ်ချုပ်မှူးကြီး ကိုယ်ရံတော် အထူးတပ်ဖွဲ့ ထူထောင်ထား click
- နယ်ခြားစောင့်တပ် လက်ခံသည့် အပစ်ခတ်ရပ်အဖွဲ့များ ကိုယ်ပိုင်အခွင့်အရေး ဆုံးရှုံးနိုင် click
- ဒူဘိုင်း ငွေကြေးပြဿနာ မြန်မာအလုပ်သမားဈေးကွက် ထိခိုက် click
- ညီညီအောင် အင်းစိန်ထောင်တွင် အစာငတ်ခံ ဆန္ဒပြနေကြောင်း သူ၏ ရှေ့နေ ပြောပြ click
- ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ကို မဲဆောက်မြို့၌ ကျင်းပ click
- နိုင်ငံတကာရခိုင်အသင်းကြီး(အမေရိကန်) နှစ်ပတ်လည်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး click
- အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (၁၀) နှစ်ပြည့်အထိမ်းအမှတ် ဘင်္ဂလား-မြန်မာနယ်စပ်တွင် ကျင်းပ click
- ကွယ်လွန်သူသမီး၏ မိသားစုက ကျေးဇူးတင်ကြောင်း သတင်းစာတွင် ထည့် click
- ဗေဒင်၊ ယတြာ အားကိုးမှု ပိုတိုးလာနေ click
- ငြိမ်းချမ်းရေး လက်အစုံသို့ (ကဗျာ) click
နအဖစစ်အုပ်စုမှ သွေးစွန်းလက်များဖြင့် ချီးမြှင့်မည့်
၂၀၀၈ ခုနှစ်အတွက် အမျိုးသားစာပေဆုများနှင့် စာပေဗိမာန်စာမူဆုများ ကြေညာ
- A Nobel winner who went wrong on rights click
- India signs terror pact with Bimstec click
- BIMSTEC ministerial meeting promotes subregional cooperation click
- 29 literatus win literature house manuscript awards for 2008 in Myanmar click
- Jailed American in Myanmar in 'poor health' click
- NDA-K transforms to BGF with 30 per cent strength click
- Indo-Myanmar border road (2) Rih-Haimual to be repaired click
- India raised insurgency issue with Myanmar: Krishna click
- Weekly Business Roundup (December 12, 2009) click

အပြည့်အစုံသို့...

Silence and Fear - Aung San Suu Kyi (Part 1/6)

Silence and Fear - Aung San Suu Kyi (Part 2/6)

Silence and Fear - Aung San Suu Kyi (Part 3/6)

Silence and Fear - Aung San Suu Kyi (Part 4/6)

Silence and Fear - Aung San Suu Kyi (Part 5/6)

Silence and Fear - Aung San Suu Kyi (Part 6/6)

အပြည့်အစုံသို့...

Friday, December 11, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၁-၁၂-၀၉)

- စစ်အစိုးရကို အရေးယူရေး ကမ္ဘာ့တရားမျှတရေးအဖွဲ့က ထောက်ခံ click
- တရုတ်စစ်ဗိုလ်ချုပ် မြန်မာပြည်ရောက် နယ်စပ်ဒေသ ကိစ္စဆွေးနွေးဟု ယူဆရ click
- နိုင်ငံရေးအကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော် click
- သမ္မတ အိုဘားမား၏ မိန့်ခွန်းမှာ မြန်မာနိုင်ငံကို ဥပမာပေး ပြောသွား click
- မြန်မာ့နိုင်ငံရေးပြဿနာ ကုလသမဂ္ဂမှာ မပြတ်စောင့်ကြည့်သွားမည် click
- ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းလွတ်လပ်ခွင့် မြန်မာနိုင်ငံမှာရဖို့ အရေးကြီး click
- ရာသီဥတုပြောင်းလဲမှုနဲ့ မြန်မာနိုင်ငံ click
- စစ်အစိုးရ၏ စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အဆင်သင့် click
- မြန်မာ့မိခင် ဒေါ်ခင်ကြည်အကြောင်း သိကောင်းစရာ click
- ထိန်းသိမ်းခံ ကိုညီညီအောင် အခြေအနေ အမေရိကန်သံရုံး မြန်မာစစ်အစိုးရကို စုံစမ်းမေးမြန်း click
- ကျန်းမာရေးကြောင့် ညီညီအောင် ရုံးချိန်းရွှေ့ဆိုင်း click
- ကိုညီညီအောင် ကျန်းမာရေးမကောင်း၍ ရုံးမထွက်နိုင် click
- ဒဂုံအရှေ့မြို့နယ် ရပ်ကွက်တခုတွင် ဒေသခံများကို ဦးပိုင်လီမိတက်က ဖယ်ခိုင်းနေ click
- တရုတ်နှစ်သစ်ကူး ၀က်တုပ်ကွေး သတိထား click
- ရွှေလီမှာ ၀က်တုပ်ကွေးရောဂါ တွေ့ရှိ click
- A(H1N1) တုပ်ကွေးကြောင့် တရုတ်-မြန်မာနယ်စပ် ကျောင်းများပိတ်လိုက်ရပြီ click
- ရွှေ့ပြောင်းလုပ်သားကလေးများကို ထိုင်းက နေထိုင်ခွင့်လက်မှတ် ထုတ်ပေးမည် click
- ပြည်တွင်း ဆန်ဈေးနှုန်းများ ကျဆင်းနေ click
- ကြံတောင်သူများကို ခုတ်ယူရောင်းချခွင့်မပြုသေး click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ click
- လူနာတယောက် သေဆုံးမှုအတွက် ဆရာတဦးတည်းမှာသာ တာဝန်ရှိပါသလား (တိုက်ရိုက်လေလှိုင်း) click
- အမေရိကန် - မြောက်ကိုရီးယား ဆွေးနွေးမှု အလားအလာကောင်း click
- ‘Obama’s Nobel prize a little early’ click
- Burma: to go or not to go? click
- 'Baruah has set up base in China' click
- Bimstec adopts convention to combat terror click
- American on hunger strike in Burma click
- Western Command Commander arrives in Maungdaw click
- အာဏာရှင် အစိုးရများကို အိုဘားမား သတိပေး click
- စစ်အစိုးရ၏ `လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု´ စစ်ဆေးရန် လုံခြုံရေးကောင်စီကို တိုက်တွန်း click
- မြန်မာပြည်မှ ရာဇဝတ်မှုများကို စုံစမ်းရန် ကုလကို တောင်းဆို click
- လွှတ်တော်အမတ် (၄၄၂) ဦးက မြန်မာ့အရေးနှင့် ပတ်သက်ပြီး တောင်းဆို click
- ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ကောက်ယူ click
- ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရန် နိုင်ငံတကာကို တောင်းဆို click
- အန်အယ်လ်ဒီ အမျိုးသမီးအထောက်ကူပြုအဖွဲ့များ ရန်ကုန်တိုင်းအတွင်း ပြင်ဆင်ဖွဲ့စည်း click
- ရန်ကုန်မြို့ ဘုန်းကြီးကျောင်းများတွင် ကင်းပုန်းများချထား click
- သာသနာပိုင် မြေကွက်အား လာဘ်ငွေပေး သိမ်းယူ click
- ဝတပ်ဖွဲ့၏ မြို့နယ်တောင်းဆိုချက် ကန့်ကွက်စာများ လျှို့ဝှက်ဖြန့်ဝေ click
- နအဖ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ဝ တပ်ဖွဲ့ နယ်မြေတောင်းဆိုမှုကို တန်ပြန် click
- ဒီကေဘီအေ တပ်သားတဦး လက်နက် (၃) လက်နှင့်အတူ ကေအဲန်ယူထံ ပူးပေါင်း click
- မြန်မာစစ်တပ်ရိုက်နှက် ရွာဥက္ကဌ မေ့မျောနေ click
- မြန်မာ အနောက်ဘက်နယ်စပ်တွင် အလှည့်ကျ စစ်ကြောင်းက အရပ်သားများကို ပေါ်တာဆွဲ click
- ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ထူထောင် click
- ပအိုဝ်းတော်လှန်ရေးအဖွဲ့များ ပေါင်းစည်းကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဖွဲ့စည်း click
- ၂၀၁၀ စိန်ခေါ်မှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ရင်ဆိုင်ဖို့ အဆင့်သင့်ဖြစ် click
- ကိုညီညီအောင် ကျန်းမာရေးကြောင့် တရားရုံး မလာနိုင် click
- အစာငတ်ခံ ဆန္ဒပြနေသည့် ကိုညီညီအောင်၏ ရုံးချိန်း ရက်ရွှေ့ပြောင်း click
- အကျဉ်းထောင်အတွင်း စာနယ်ဇင်းသမားများ၏ အခြေအနေ click
- လူ့အခွင့်အရေးနေ့ အခမ်းအနားကို အာဏာပိုင်များက နှောင့်ယှက် click
- အောင်လံမြို့နယ်က တောင်သူ (၂) ဦးကို ထောင်ဒဏ် (၇) နှစ်ချ click
- မလေးရှား ထိန်းသိမ်းရေးစခန်းအတွင်း သေဆုံးမှုများ ဆက်ရှိနေ click
- မုန်တိုင်းသင့်ဒေသတွင် လာဘ်စားမှု၊ အလွဲသုံးမှု တိုင်တန်းသူများအား အငြှိုးထား ဒုက္ခပေး click
- တရားမ၀င် သစ်ခိုးထုတ်မှုကြောင့် သစ်တောပြုန်းတီးမှုဖြစ် click
- မြစ်ဆုံရေကာတာ ရေဝပ်ဒေသနှင့် ဧရာဝတီမြစ်အတွင်း ရွှေတူးခွင့်ပြု click
- ချင်းဒုက္ခသည်များ အိန္ဒိယတွင် ခွဲခြားဆက်ဆံခံနေရဟု အစီရင်ခံစာက ဆို click
- ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူ များပြားလာသော်လည်း မြန်မာများ ရတက်မအေးနိုင်ကြသေး click
- ရန်ကုန်တွင် လျှပ်စစ်ကို မေလအထိ လက်ရှိခွဲတမ်းအတိုင်း ပေးသွားမည် click
- ဓာတ်ပြားဟောင်း၏ ပြည်တော်သာစီမံကိန်းအသစ် (ဆောင်းပါး) click
- ဂျိုးဇက်စတစ်ဂ်လဇ်ကို ဆရာတင်မလို့တဲ့လား (ဆောင်းပါး) click
- အိမ်နီးချင်းကောင်း ပီသမယ်ဆိုရင် (အယ်ဒီတာ့အာဘော်) click
- နိုဗယ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှားမှု (ဆောင်းပါး) click
- ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - အပိုင်း (၄၁) (ဆောင်းပါး) click
- ရွှေဂုံတိုင်ကို အားမဖြည့်ဘဲ မျှော်မြဲမျှော်နေရင် မျှော်သူမောမယ် (ဆောင်းပါး) click
- အမေရိကန်-အရှေ့တောင်အာရှ ဆက်ဆံရေး (၂) (ဆောင်းပါး) click
- (၁၁) နှစ်ကြာ မြန်မာ့အင်တာနက် ခရီးကြမ်း (ဆောင်းပါး) click
- အဖြူရောင် လင်္ကာ (ဆောင်းပါး) click
- အကောင်းမမြင်သမားရဲ့ ဆွမ်းတော်ခွက် (အတို့အထိ) click
- သောကြာစကားဝိုင်း (ဒီဇင်ဘာ ၁၁၊ ၂၀၀၉) click
- ပွဲ (ကဗျာ) click

အလင်းရောင်လိုသူနှင့် အလင်းပေးလိုသူ - ကာတွန်း ဟန်လေး (ဧရာဝတီဝက်ဘ်ဆိုက်)
- ရန်ကုန်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူများ click
- စစ်တွေမြို့သင်္ချိုင်း ပြောင်းရွှေ့တော့မည် click
- မြို့တော်သန့်ရှင်းသာယာရေးအတွက် ပလတ်စတစ်အဟောင်း ဝယ်ယူ click
- ပြည်ပဆန်တင်ပို့မှု ဦးပိုင်လီမိတက် လက်ဝါးကြီးအုပ် click
- ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ ခရီးသည်အ၀င်များ click
- လိုင်စင်မဲ့ ဆိုင်ကယ်များ လိုင်စင်ချပေးပြန် click
- ကြက်သွန်သစ်ထွက်ချိန်မှာ ကြက်သွန်ဈေးမြင့် click
- မြန်မာအမျိုးသားဘောလုံးအသင်း အိမ်ပြန်သွားရပြီ click
- Obama Warns Dictators of 'Consequences' in Nobel Acceptance Speech click
- UN Urged to Investigate Junta's Crimes Against Humanity click
- Lawmakers worldwide urge Myanmar probe click
- Chinese vice president to visit Myanmar click
- FM Bogollagama meets his counterparts on the sidelines of BIMSTEC summit in Myanmar click
- Burma : “Burma’s Children, a Generation Sacrificed”, the new ITUC report click
- Bhamo Kachin symbols removed before Northern commander's arrival click
- Villages in Kale district named Sanpiah (model) village click
- Donation for medicine collected in Hakha civil hospital click

အပြည့်အစုံသို့...

အမတ်သစ်များ၊ အမတ်ဟောင်းများနှင့် ဤလောက

အမတ်သစ်များ၊ အမတ်ဟောင်းများနှင့် ဤလောက
စိုင်းအိမ်မွဲ

အချိန်ကား ၂၀၁၁ ခုနှစ်။ စစ်အစိုးရပြုလုပ်ပေးခဲ့သော၂၀၁၀ ရွေးကောက်ပွဲကြီး ပြီးဆုံး၍ တနှစ်အကြာကာလ။

လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပတွင် အတော်များများသော အမတ်မင်းများ တိုးတိုးတဖုံ ကျယ်ကျယ် တမျိုး ကြွက်စီကြွက်စီ ဖြစ်နေကြသည်။ လွှတ်တော်အတွင်း အရပ်သားအမတ်မင်းများ၏ တင်ပြချက်များ မ ကြာခဏ ပယ်ချခံနေရ၍ ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေစည်းမျဉ်းအရ တိုက်ရိုက်ခန့်ထားခံရသော စစ်ဗိုလ်အမတ်များ၊ စစ်အစိုးရစီမံချက်ဖြင့် ယူ နီဖေါင်းမှ အရပ်ဝတ်လဲ၍ အမတ်ဖြစ်လာသူများ၊ အမတ်ဖြစ်ချင်လွန်း၍ စစ်တပ်၏ အကူအညီ အကြံအဖန်ဖြင့် အရပ်သားဘ၀မှ အမတ်ဖြစ်လာသူများ၊ ပညာရှင်များပါဝင်သော တတိယလှိုင်းဟုဆိုသောအုပ်စုမှ စစ်တပ်ဖြင့် လက်ဝါးရိုက်ပေး၍ အမတ်တဖြစ်လဲ သွင်းကုန်ထုတ်ကုန် ကုန်သည်ကြီးများ၊ ကံကောင်းထောက်မ၍ အရပ် သားဘ၀မှ အမတ်ဖြစ်လာပြီးနောက် စစ်တပ်က အခွင့်အရေးများပေးကာ ၀ယ်ထားသောကြောင့် စစ်တပ်ကို မလွန်ဆန်နိုင်သော အမတ်များ၊ နည်းနည်းလှုပ်ရင် နည်းနည်းဝေဖန်ရင် စစ်တပ်က ဖမ်း၍ထောင်ချမလားဟု ယုန်သူငယ်လို ကြောက်နေရှာသော အမတ်မင်းများ ... အစရှိသူတို့က လွှတ်တော်တွင် အင်အားကောင်းနေ သည်။ ဤအစုကို လူတွေက “ကြောက်စိမ်း” အုပ်စုဟု ကွယ်ရာတွင် ခေါ်ကြသည်။ ထိုအမတ်များ ကျောက်စိမ်း အရောင်းအ၀ယ်လုပ်သောကြောင့်ဟု မထင်ပါနှင့်။ ရှင်းပါအံ့။ စစ်တပ်ကို ကြောက်ရသူ အရပ်သား အမတ်များ နှင့် အစိမ်းရောင် ယူနီဖောင်းဝတ် စစ်ဗိုလ်အမတ်များ ပေါင်းစုထားသော အုပ်စုဖြစ်နေသောကြောင့် “ကြောက် စိမ်း” အုပ်စုဟု ခေါ်ကြခြင်းဖြစ်သည်။ ကြောက်စိမ်းအုပ်စုသည် လွှတ်တော်ထဲတွင် အင်အားအကောင်းဆုံးအုပ် စုဖြစ်သည်။

နောက်အုပ်စုတခုကတော့ စစ်တပ်နှင့် မည်သို့မျှမပတ်သက်သော အရပ်သားစစ်စစ် အမတ်များဖြစ်သည်။ စစ် တပ်ကို မကြိုက်သော်လည်း နိုင်ငံရေးဆိုင်းသံဗုံသံ ကြားပါက ကချင်နေသော နိုင်ငံရေးလက်ဟောင်းကြီးတွေ လည်း အမတ်များ ဖြစ်လာခဲ့သည်။ ထို့အပြင် အရပ်သားများ အမတ်ဝင်မရွေးပါက စစ်တပ်ကလူတွေချည်းပဲ နေရာယူကုန်မည်ကို အလွန်အမင်းစိုးရိမ်၍ ရွေးကောက်ပွဲဝင်ရင်း အမတ်ဖြစ်လာသူများကလည်း မနည်း။ တ ချို့ကတော့ စည်းဝိုင်းအတွင်းမှာ နေရာရအောင်ယူထား၊ ၂၀၀၈ အခြေခံဥပဒေကို နောင်မှာ တဖြည်းဖြည်း ချင်း ပြန်ပြင်ယူမည်ဆိုသော အဆိုပြုချက်များဖြင့် အမတ်ဖြစ်လာသူများဖြစ်သည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင်ဟောင်းများနှင့် လက်နက်မကိုင်ခဲ့သော တိုင်းရင်းသားအုပ်စုများလည်း ထိုနည်းနှင်နှင်ဖြင့် အရပ် သားပါတီများဖွဲ့ကာ အထွေထွေနိမ့်ကျနေသော ၎င်းတို့၏ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် လုပ် ဆောင်အံ့ဟု ရည်ရွယ်ချက်ဖြင့် ကြွေးကြော်ရင်း ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အတွင်း အမတ်များဖြစ် လာကြသည်။ အချို့သော လူအနည်းစုကတော့ ခေါင်းပေါင်းစ တကားကားနှင့် အမတ်အရသာကို မြည်းစမ်းလို ၍ အမတ်ဖြစ်လာသူတွေဖြစ်သည်။ ဘာရေးညာရေး နားလည်လို့တော့မဟုတ်။ ဤအုပ်စုကို လူအများက “ရပ် မွှေ” အုပ်စုဟု ခေါ်ကြသည်။ မတ်တပ်ရပ်ရင်း တခုခုကို မွှေနေသည်ဟု အထင်မမှားပါနှင့်။ ကိုယ့်တွက်ကိန်းနှင့် ကိုယ် မတူသော အကျိုးစီးပွားရည်ရွယ်ချက် ရည်မှန်းချက်နှင့် စိတ်ကူးစိတ်သန်း မျိုးစုံရှိသော အရပ်သားအ မတ်များ အသုတ်စုံလို ရောသမမွှေကာ ပေါင်းစုထားသည်ဖြစ်၍ “ရပ်မွှေ” အုပ်စုဟု ခေါ်ကြခြင်း ဖြစ်သည်။ ရပ် မွှေတို့ကား အင်အား အတန်အသင့်ရှိသော်လည်း ကြောက်စိမ်းများ၏ အင်အားကို မကျော်နိုင်။

တတိယမြောက် အမတ်အုပ်စုမှာတော့ အမတ်အရေအတွက်က လောက်လောက်လားလား မရှိ။ နှစ်ဆယ် တောင် မပြည့်တတ်။ သူတို့ကတော့ သိပ်ပြီး အာမချောင်လှ။ သူတို့လုပ်တာ လူအများသိမှာကိုလည်း စိုးရိမ် ဟန်ရှိသည်။ ထိုကြောင့် သွားတာလာတာ ပြောတာကအစ ကုတ်ချောင်းချောင်း နိုင်လှသည်။ ကုတ်ချောင်း ချောင်းဆိုသော်လည်း သူတို့တွင် ကြီးမားသော နိုင်ငံရေးဝှက်ဖဲများ ရှိလေဟန်နှင့် ကြုံရင်ကြုံသလို နှစ်ကိုယ် ကြား ရှင်းပြလေ့ရှိသည်။ ထိုသူများ အမတ်ဖြစ်လာပုံက ဒီလို။ နိုင်ငံခြားအလှူရှင်များ၏ ငွေကြေးထောက်ပံ့မှု နှင့် ပြည်ပတွင် အခြေစိုက်သော မြန်မာအပါအ၀င် တိုင်းရင်းသားအဖွဲ့အစည်းများက သူတို့ကိုကြိတ်၍ ပံ့ပိုးပေး နေသည်။ ထိုငွေများကိုသုံး၍ ရွေးကောက်ပွဲ ၀င်ပြိုင်ရင်း အမတ်ဖြစ်လာသူများ ဖြစ်သည်။ ပြည်ပရောက် အဖွဲ့ အစည်းများထံမှ ငွေကြေးအထောက်အပံ့ ယူနေခြင်းသည် ဥပဒေအရ တရားမ၀င်သောကြောင့် လျှို့ဝှက်ရေး မူအရ လူသူမရိပ်မိရန် ခပ်ကုပ်ကုပ်နေကြခြင်းလည်း ဖြစ်တန်ရာသည်။ ပြည်ပရောက်လူများကလည်း သူတို့ ကိုယ်တိုင် မြန်မာပြည်ပြန်၍ ရွေးကောက်ပွဲဝင်ချင်သည်မှာ နန့်နန့်တက်နေသော်လည်း အကြောင်းကြောင်း ကြောင့် မဖြစ်နိုင်။ ထို့ကြောင့် အထဲကလူများကို ငွေပေး၍ ပါတီထောင်ခိုင်းကာ သူတို့ကိုယ်စား အမတ်ဝင်ရွေး ခိုင်းခြင်းဖြစ်သည်။ ထိုသို့ ပြည်ပရောက် အဖွဲ့အစည်းများနှင့် ဆက်သွယ်လုပ်ကိုင်၍ ငွေလက်ခံယူနေသည်မှာ ပိပိရိရိ ရှိသောကြောင့် သူတို့လုပ်နေသည်ကို ဘယ်သူမှမရိပ်မိဟုလည်း ထိုအမတ်များက အထင်ရှိနေသည်။ သို့သော် ထိုအမတ်အုပ်စုကလေးကို လူအများက နောက်ကွယ်တွင် “ပရောက်ဆီ” အုပ်စုဟု ခေါ်ကြသည်။ ဤ စကားကိုကြည့်၍ မြန်မာနိုင်ငံသားတို့ ကွန်ပြူတာကို ဒိုးလိုမွှေရေလိုနှောက်အောင် သုံးတတ်နေကြပြီဆိုတာ တွက်နိုင်သည်။

လွှတ်တော်ကြီးသည် သက်တမ်းတနှစ် ရှိပြီဖြစ်သော်လည်း ရပ်မွှေနှင့် ပရောက်ဆီ အရပ်သားအမတ်များဘက် မှ အဆိုတခုခု တင်လိုက်တိုင်း ကြောက်စိမ်းအုပ်စုမှ စက္ကန့်ပင်မခြား ပယ်ချလေ့ရှိသည်။ ကြာလာတော့ ရပ်မွှေ နှင့် ပရောက်ဆီ အမတ်များအတွင်း စိတ်ဓာတ်ကျသူကျ၊ အားငယ်သူငယ်၊ ဒေါသထွက်သူထွက် ဖြစ်လာကြ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော အချက်များကို ပြင်ဆင်ဖို့အသာထား လွန်ခဲ့သည့် ခြောက်လက လူထုကျန်းမာရေး စောင့်ရှောက်မှုအတွက် ဘတ်ဂျက်တိုးဖို့ ပြောတာကိုပင် ပယ်ချခံရသည်။ ကြောက်စိမ်းအုပ် စု အဆိုက ခေတ်မီနိုင်ငံတော်ကြီးတွင် ခေတ်မီလက်နက်များ ထပ်မံဝယ်ယူဖို့လိုသည်ဟု အကြောင်းပြသည်။ အိမ်နီးချင်းနိုင်ငံများ အကျင့်မကောင်းတာကြောင့် ဒီလိုစဉ်းစားရတာလည်း ဖြစ်သည်ဟု လက်ညှိုးထိုးပြကြ သည်။ ကျန်းမာရေးဆိုသည်မှာ လူတွေကိုယ်တိုင်က ဆရာဝန်တွေပြောတာကို မလိုက်နာ၍ဖြစ်သည်။ အိမ်သာ တက်ပြီးတိုင်း လက်ဆေးရမည်ဆိုသည့် ကိစ္စတွေအထိပါ လွှတ်တော်ကနေ လိုက်၍ပြောမနေနိုင်။ သင်းတို့ ထိုက်နဲ့ သင်းတို့ကံ ထားလိုက်တော့ဟု ဆိုသည်။

ပညာရေးအဆင့်အတန်း မြင့်မားဖို့ ဘတ်ဂျက်တိုးပေးရန် တောင်းဆိုစဉ်ကလည်း ထိုကိစ္စအတွက် လွှတ်တော် အတွင်း မဲခွဲရာ ကြောက်စိမ်းအုပ်စုက မထောက်ခံသောကြောင့် ရပ်မွှေတို့၊ ပရောက်ဆီတို့ အရှုံးကြီး ရှုံးခဲ့ရ သည်။ကြောက်စိမ်းတို့ အဆိုအရ စက်မှုနိုင်ငံတော်ကြီး ထူထောင်နေစဉ်အတွင်း ဘတ်ဂျက်ငွေများကို စက်မှု လုပ်ငန်းများအတွက်သာ ပုံအော၍ သုံးရမည်ဟူ၍ဖစ်သည်။ ရပ်မွှေတို့၊ ပရောက်ဆီတို့သည် ရေရှည်အမြင်မ ရှိဟုပင် လွှတ်တော်တွင်း အတီးခံလိုက်ရသည်။ သတင်းစာများကလည်း ကြောက်စိမ်းတို့ အယူအဆမှန်ကန် ကြောင်း ထောက်ခံရေးသားကြသည်။

ဒီကြားထဲမှာ အမတ်ချင်းအတူတူ ခွဲခြားခံရတာတွေကလည်း ရှိနေသေးသည်။ ကြောက်စိမ်းအုပ်စုဝင် အမတ် များအတွက် တဦးလျှင် မော်တော်ကားအသစ် တစီးစီ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။ ခေတ်မီ တိုက်ခန်းတခန်းစီလည်း အရစ်ကျစနစ်ဖြင့် ရောင်းပေးနေသည်။ သို့သော် ရပ်မွှေအမတ်များကြတော့ တပတ် ရစ်ကားများကို ဈေးကြီးကြီးနှင့် ရောင်းချပေးသည်။ ပရောက်ဆီအမတ်တဦး ဖြစ်ပုံကိုလည်းပြောရဦးမည်။ တ ပတ်ရစ်ကား သွားဝယ်ရာတွင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ကားဝယ်သည့်ငွေ ဘယ်ကရသနည်း၊ တရား ၀င်ငွေဟုတ်ရဲ့လား၊ နိုင်ငံခြားမှ တိတ်တဆိတ် လက်ဝေခံယူထားသော ငွေလား ဘာလားညာလား စစ်ဆေး သောကြောင့် တပတ်ရစ်ကားပင် မ၀ယ်ရဲတော့ဘဲ တပ်ခေါက်လာခဲ့ရသည်။ ရပ်မွှေနှင့် ပရောက်ဆီများအ တွက် ခေတ်မီတိုက်ခန်းများ ရောင်းချပေးဖို့ လွှတ်တော်တွင် တောင်းဆိုရာ ဆောက်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ပြီးစီးပါက ရောင်းချပေးမည်ဖြစ်ကြောင်း ပျားရည်နှင့်ဝမ်းချလိုက်သည်။

နိုင်ငံခြားလေ့လာရေးခရီးစဉ်များ၊ ကွန်ဖရင့်များသို့ သွားရာတွင်လည်း ကြောက်စိမ်းတို့ဘက်ကသာ ပို၍ အ သွားများသည်။ ရပ်မွှေတို့၊ ပရောက်ဆီတို့ဖက်မှ ဤတနှစ်အတွင်း နိုင်ငံခြားရောက်ဖူးသူ အမတ်ဆို၍ နှစ်ဦး လောက်သာရှိသည်။ ထို့အတွက်လည်း ရပ်မွှေတို့ ပရောက်ဆီတို့ ခံစားချက်မကောင်း။

ရပ်မွှေနှင့် ပရောက်ဆီ အမတ်များမှာ လွှတ်တော်တွင်းမှာလည်း ဘာမှမပြောနိုင်၊ လွှတ်တော်ပြင်ပတွင်လည်း ဘာမှ မယ်မယ်ရရ မလုပ်နိုင်၊ ဒီကြားထဲ အမတ်ချင်းအတူတူ အခွင့်အရေးကမရ၊ ကြာတော့ အမတ်ခွေးဝင်စား များလို ဖြစ်လာတော့သည်။ ဒါ့အပြင် ပရောက်ဆီများအတွက် နောက်ထပ် ရတက်မအေးစရာတခု ဖြစ်လာပြန် သည်။ စစ်ထောက်လှမ်းရေးများက နိုင်ငံခြားမှငွေလက်ခံယူနေသည့် အမတ်များကို ဖမ်းတော့ဆီးတော့မည်ဟု သတင်းဖြစ်လာသည်။ ပရောက်ဆီအမတ်များ ထောင်ကျမှာကို စိုးရိမ်သည်။ ကိုယ်ချင်းစာပါသည် ဘယ်သူက ထောင်ထဲနေချင်ပါ့မလဲ။ ဟုတ်မလားလို့ အမတ်ဝင်ရွေးခံတာ ထောင်နန်းစံရမည်ဆိုတော့ မကိုက်လှ။

နောက်ဆုံးတော့ နံမည်ထွက်နေသည့် ပရောက်ဆီအမတ်တချို့ နယ်စပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ကြောက်စိမ်းတို့ ဗိုလ်ကျနေသည်ကို မခံနိုင်တော့သော ရပ်မွှေအမတ်တချို့ကလည်း နယ်စပ်သို့ အတူလိုက် မည်ဟု ဆိုလာသည်။ သို့နှင့် ပရောက်ဆီတို့လည်း သူတို့ငွေယူနေသော ပြည်ပအဖွဲ့များကို ဆက်သွယ်၍ အ ကျိုးအကြောင်းတင်ပြရသည်။ ဟိုကအဖွဲ့အစည်းများက တတ်နိုင်သလောက် အထဲမှာရပ်ခံပါဦးဟု အကြောင်း ပြန်သည်။ ပရောက်ဆီတို့ ဘာလုပ်ရမည်နည်း။ အကြံအိုက်နေသည်။

နောက်ဆုံးတွင် ဂယ်ပေါက်တခု တွေ့လာသည်။ တခြားမဟုတ် လွန်ခဲ့သော နှစ်ဆယ့်တနှစ်က ပြည်ပသို့ ထွက် ပြေးတိမ်းရှောင်သွားသော အမတ်များနှင့်ဖွဲ့ထားသည့် အဝေးရောက်ညွန့်ပေါင်းအစိုးရဆိုတာနှင့်ဆက်မိသည်။ သို့သော် အဝေးရောက်အစိုးရကိုယ်တိုင်က အားမရှိ။ ထို့ကြောင့် ပရောက်ဆီများကို ဤသို့အကြောင်းပြန်ကြား သည်။ လေးငါးယောက်နဲ့တော့ ထွက်မလာပါနဲ့ဟုဆိုသည်။ လာခြင်းလာ အမတ်နှစ်ဆယ်အစိတ်လောက်တော့ လာမှ ဖြစ်မည်ဟုဆိုသည်။ အကြောင်းပြချက်ကတော့ အမတ်များများထွက်လာမှ ကြောက်စိမ်းတို့အုပ်စု ဘယ် လောက် ဖိနှိပ်နေသည်ဆိုသည်ကို နိုင်ငံတကာက ပို၍သတိထားမိမည်။ ထို့အတွက် နှစ်ဆယ်အစိတ်မှ မရှိရင် မလာပါနဲ့ဦးဟု ပြောခြင်းဖြစ်သည်။

အဝေးရောက်အစိုးရဘက်မှ ကြည့်ပါက အဆိုးမဆိုသာ။ နိုင်ငံခြားအလှူရှင်တွေကို ပြဖို့ အမတ်ဦးရေများများ လိုသည်မဟုတ်လော။ ရွေးကောက်ပွဲကြီးဖြစ်၍ အစိုးရအသစ် ပေါ်ပေါက်လာသော်လည်း မြန်မာပြည်တွင် ဖိ နှိပ်မှုများ အားကြီးနေဆဲဖြစ်သည်ကို လက်ဆုပ်လက်ကိုင်ပြဖို့လိုသည်ကိုး။ သို့သော် ပြည်တွင်းက အမတ်အ သစ်စက်စက်များ နယ်စပ်ထွက်လာတော့မည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားအလှူရှင်များထံသို့ ပရောဂျက် များတစောင်ပြီးတစောင် အမြန်တင်လိုက်သည်။ ဟုတ်သည်။ ငွေမရှိပါက ထွက်လာသော ထိုအမတ်အုပ်ကြီး ကို မည်သို့ ကျွေးမွေးထားမည်နည်း။

တကယ်တန်း နယ်စပ်သို့ ထွက်လာသောအခါ အမတ်ဦးရေသည် ထင်ထားသည်ထက်ပင် များနေသည်။ အ မတ်ဦးရေ ငါးဆယ်ကျော် တပြိုင်နက်ထွက်လာခြင်းကြောင့် ဖြစ်သည်။ နောက်ထပ်လည်း လာဦးမည်တဲ့။ ထင် ထာထက် အမတ်ဦးရေများနေသောကြောင့် အဝေးရောက်အစိုးရအနေဖြင့် ကမန်းကတန်း အရေးပေါ် ပရော ဂျက်များ ထပ်၍တင်ရသည်။ တော်နေ ဆင့်ပါးစပ်နှမ်းပက် ဖြစ်နေမှအခက်ကိုး။

ဇတ်ပေါင်းသောအခါ ဤသို့ဖြစ်လာသည်။ ထွက်လာသော အမတ်ငါးဆယ်ကျော်အနက် အဝေးရောက်အစိုးရ နှင့် လက်တွဲလုပ်ရန် သုံးလေးဦးသာရှိသည်။ အများစုက တတိယနိုင်ငံသို့ သွားမည်ဟုသာ ယတိပြတ်ပြောကြ သည်။ တခြားတော့မဟုတ် အဝေးရောက်အစိုးရတွင် ပါမည်ဆိုပါက ထိုင်းနိုင်ငံတွင်သာ နေရမည်။ ဘယ်သူမှ ထိုင်းနိုင်ငံတွင် သောင်မတင်လို။ ဟိုးအရင်က အနှစ်နှစ်ဆယ်တုန်းက အမတ်တွေလည်း အနောက်နိုင်ငံများမှာ အခြေချသည် မဟုတ်လော။ ကိုယ့်ကျမှ ထိုင်းမှာပဲနေဆိုတာ ဘယ်တရားမည်နည်း။

ဤအတိုင်းဆိုပါက မှန်းချက်နှင့် နှမ်းထွက်မကိုက်တော့မည်ကို ရိပ်မိသောကြောင့် အဝေးရောက်အစိုးရက နောက်ထပ်အမတ်များ နယ်စပ်သို့ ထပ်မထွက်ရန် အတွင်းသို့ အကြောင်းကြားသည်။ သို့သော် ထိုအကြောင်း ကြားသည့်နေ့မှာပင် ပြည်တွင်းမှ အမတ်များ စုစုပေါင်း နောက်ထပ်တရာကျော် နယ်စပ်သို့ ဆိုက်ရောက်လာ သည်တဲ့။ နိုင်ငံခြားမှာနေရမည်ဆိုသော မက်လုံးကြောင့် ကြောက်စိမ်းအုပ်စုမှ အမတ်နှစ်ဆယ်ကျော်ပင် သူတို့ အုပ်စုကို သစ္စာဖောက်၍ ပါလာသည်ဟုသိရသည်။ နောက်ထပ်လည်း ထွက်လာဦးမည့် အမတ်များ ရှိနေသေး သည်ဟု သတင်းများအရ သိရသည်။

အမတ်အသစ် တရာ့ငါးဆယ်ကျော်နှင့် အမတ်ဟောင်းများ ဘယ်လိုဆက်၍ စခန်းသွားမည်ဆိုတာတော့ ငွေ ရောင်ပိတ်ကားကြီးတွင် ဆက်၍ ရှု့စားအားပေးကြပါခင်ဗျား။

စိုင်းအိမ်မွဲ

အပြည့်အစုံသို့...

Thursday, December 10, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၀-၁၂-၀၉)

- ဒေါ်အောင်ဆန်းစုကြည်ဂုဏ်သိက္ခာ အိုဘားမား လေးစား click
- သမ္မတ အိုဘားမား နိုဘဲလ်ဆု လက်ခံ click
- အိုဘားမားနဲ့ ငြိမ်းချမ်းရေး click
- အားလုံးပါရင် သမိုင်းကြောင်းကောင်းမယ်လို့ အိုဘားမား ပြော click
- စစ်အစိုးရရဲ့ ပြစ်မှုကြီး စုံစမ်းရေးကိစ္စ ဗြိတိန်ပါလီမန် ဆွေးနွေး click
- မြန်မာနိုင်ငံမှ ပြစ်မှုများ စုံစမ်းရေး ကုလကော်မရှင်ဖွဲ့ဖို့ ဗြိတိန်အမတ်များ တိုက်တွန်း click
- တိုက်ရိုက်ဆက်ဆံသော်လည်း မြန်မာအစိုးရဘက်မှ တိုးတက်မှုမရှိသေး click
- စစ်အစိုးရကို ဂျပန်အစိုးရ ဆက်လက်တိုက်တွန်းသွားမည် click
- စစ်အစိုးရအပေါ် ဆက်လက်ဖိအားပေးဖို့ ပြည်တွင်းတပ်ပေါင်းစု တိုက်တွန်း click
- နအဖ ဖိတ်ကြားသည့် ကိုးကန့်အသွင်ပြောင်းပွဲ ၀ တပ်ဖွဲ့မတက် click
- စစ်ရေးမဟာဗျူဟာအရ သျှမ်းပြည်တွင်း မီးရထားလမ်း တိုးချဲ့ click
- လူ့အခွင့်အရေး ပြဿနာထဲတွင် မြန်မာပြည် နစ်မွန်းနေဟု ဦးဝင်းတင် ပြောဆို click
- လူ့အခွင့်အရေးနေ့ NLD ကျင်းပ click
- လူ့အခွင့်အရေးနေ့ အခမ်းအနား click
- လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေး မြှင့်တင်သူများ နှောင့်ယှက်ခံရ click
- မြန်မာနိုင်ငံမှာ ဥပဒေအရ လူ့အခွင့်အရေး အကာအကွယ်ပေးမှု အားနည်း၊ AHRC ဝေဖန် click
- လူ့အခွင့်အရေးမရှိခြင်းမှာ မြန်မာ့နိုင်ငံရေးပြဿနာ၏ အခြေခံဖြစ်ကြောင်း HRDB ပြောကြား click
- မြန်မာနိုင်ငံရေးအကျဉ်းသားများအကြောင်း သတင်းဓာတ်ပုံဆုရရှိ click
- ပြည်သူပိုင် မြေကွက်နှင့် အဆောက်အအုံများ ထပ်မံရောင်းချဦးမည် click
- ၁၇/ယ ဆိုင်ကယ်လိုင်စင်လျှောက်သူ နည်းပါး click
- မြန်မာ့အရေးနဲ့ ဥရောပသမဂ္ဂ သဘောထား (မျက်မှောက်ရေးရာ) click
- ပြည်ပပို့ကုန် အားထားတဲ့ အာရှစီးပွားရေး click
- အီရန်နျူကလီးယားအရေး အရေးယူမှု ထပ်တိုးနိုင်ဟု အနောက်အုပ်စု သတိပေး click
- (၆၁) နှစ်မြောက် လူ့အခွင့်အရေးနေ့ ဆန်ဖရန်တက္ကသိုလ် ကျောင်းသားများကို ပုလိပ်က ဖြိုခွဲ click
- သုံးစွဲသူများ လုံခြုံရေးအတွက် Facebook ပုံစံပြောင်းပြီ click
- မေငြိမ်းရဲ့ ချစ်စိတ် - စာပေဟောပြောပွဲ click
- (၄) ကျောင်းထွက် (ဆောင်းပါး) click
- UN called to investigate war crimes in Burma click
- BURMA: Exiled Media Brace for 2010 Election Challenge click
- Kachin party opens 10 branches for 2010 polls click
- Nasaka extorts money by illegally accusing villagers click
- Nasaka extorts money from parents of dead school boy click
- Pain Specialists to host party for refugees click
- နအဖ၏ ရာဇ၀တ်မှု စုံစမ်းရေးအတွက် ဗြိတိန်အစိုးရ ကူညီပေးရန် တောင်းဆို click
- စစ်အစိုးရအား ဖိအားပေးရန် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် တောင်းဆို click
- ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ၀န်ကြီးတွေ့ဆုံမှု အန်အယ်လ်ဒီမှ သတိထားကြိုဆို click
- အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်း ထုတ်ပြန် click
- အန်အယ်လ်ဒီပါတီက ၎င်းဗဟိုအဖွဲ့စာရင်းကို အတည်ပြုထုတ်ပြန် click
- မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှု မရှိသေးဟု စကော့မာစီယယ်က ပြော click
- ရန်ကုန်တွင် ကျင်းပမည့် တပ်မှူးအဆင့် အစည်းအဝေး မြန်မာဘက်က ရွှေ့ဆိုင်း click
- ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ကို နအဖ ဖိအားပေး click
- ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ယတိပြတ်ပြောဆို click
- ၂၀၁၀ ရွေးကောက်ပွဲအတွက် ရခိုင်တိုင်းမှူး ညွှန်ကြားချက်များထုတ် click
- ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ဒဗလျူအယ်လ်ဘီက စည်းရုံးမည် click
- ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်သွားမည်ဟု WLB ပြော click
- WLB ဖွဲ့စည်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့် အခမ်းအနား ဓာတ်ပုံများ click
- ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် စတင်ဖွဲ့စည်း click
- လွတ်မြောက်လာသော သတင်းသမားများ အလုပ်အာမခံချက်မရှိ click
- မြ၀တီမြို့အနီး ကျေးရွာဥက္ကဌ အမည်မသိ သေနတ်သမားများ ပစ်ခတ်၍ သေဆုံး click
- အမေရိကန်ဒေါ်လာ (၉၃) သန်းတန် မူးယစ်ဆေးဝါးများ စစ်အစိုးရ မီးရှို့ဖျက်ဆီး click
- မြန်မာနိုင်ငံမှာ ဥပဒေအရ လူ့အခွင့်အရေး အကာအကွယ်ပေးမှု အားနည်း၊ AHRC ဝေဖန် click
- ပုသိမ်က လူ့အခွင့်အရေးနေ့အခမ်းအနား တားမြစ်ခံရ click
- လူ့အခွင့်အရေး အခမ်းအနားကို အာဏာပိုင်များ ခွင့်မပြု၍ လူစုခွဲလိုက်ရ click
- လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်မှ ကြေညာချက်ထုတ်ပြန် click
- မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည် click
- မျက်ကန်းဖော်လံဖားတကောင်ရဲ့ အကျိုးအကြောင်းမဲ့ ဟောင်သံများ (ဆောင်းပါး) click
- စစ်သား၊ စစ်ကျွန်နှင့် ကျွန်ဝယ်ရာ အဆစ်ပါသူများ (ဆောင်းပါး) click
- ရာသီဥတုပြောင်းလဲမှုကြောင့် ဒုတိယ အထိခိုက်ဆုံးမှာ မြန်မာဟု အစီရင်ခံစာက ဆို click
- ရာသီဥတုဒဏ်ခံရမှု မြန်မာ စံချိန်တင် click
- ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် မှတ်ပုံတင် စာရင်းကောက် click
- ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအတွက် ထိုင်းနိုင်ငံတွင်း တရားဝင် နေထိုင်ခွင့် လက်မှတ်ပြု လုပ်ပေးနေ click
- ဈေးရောင်းပွဲတော်ပြုလုပ်ခြင်းကို ဒေသခံများ မကျေနပ် click
- ဗန်းမော်မြို့တွင် လောင်းကစားနှင့် ခိုးဆိုးလုယက်မှု ထူပြော click
- ပုဂ္ဂလိကလုပ်ငန်းရှင်များ လောင်စာဆီ တင်သွင်းရန် ပြင်ဆင် click
- သွင်းကုန်ထုတ်ကုန် သတင်းများကို စီးပွားကူးသန်း စိစစ်မည် click
- ထူးကုမ္ပဏီ ၀န်ထမ်းများ မောက်မာရိုင်းပျ click
- ကမ္ဘာနှင့်ရင်ဘောင်မတန်းချင်သည့် မြန်မာပြည်၏ ကျောက်ခေတ်စီးပွားရေး- စီဒီအမ်အေ ဖုန်းလျှောက်လွှာ များ တခေတ်စားပြန် click
- တေးရေး ရာပြည့် (၅၉ နှစ်) ဆန်ဖရန်စစ္စကိုဆေးရုံကြီးတွင် ကွယ်လွန် click
- စာပန်းချီ (ဆောင်းပါး) click
- ဂုဏ်ပြုခံမြင်ကွင်းက ရလိုက်တဲ့ အသိ (ဆောင်းပါး) click
- နိုဘဲလ်ငြိမ်းချမ်းရေးဆု လက်ခံဖို့ သမ္မတ အိုဘားမား အော်စလိုသို့ ထွက်ခွာ click
- ပါလက်စတိုင်းကို သံတံတိုင်း ကာလိုက်ပြီ click
- When I enjoy U2’s Walk On (ကဗျာ) click
- Investigate crimes against humanity in Burma click
- Some Optimistic After Third Dialogue? click
- Controversy over Obama's Nobel click
- Chinese vice president to visit four Asian nations click
- India: Close the gap for Burmese refugees click
- Soldiers camp in village inconveniencing people click
- Myanmar makes progress in soft-shell crab production click
- Thailand eye top spot as South East Asian Games open click
- Myanmar Masters kicks of new Tour click

အပြည့်အစုံသို့...

NLD ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ၊ ကျင့်ဝတ်ကတိဟာ လူမျိုးစုံ ပြည်သူလူထုတရပ် လုံးပဲဖြစ်တယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ၊ ကျင့်ဝတ်ကတိဟာ လူမျိုးစုံပြည်သူလူထုတရပ်လုံးပဲဖြစ်တယ်
မင်းဆွေ (ပေါက်)

၁၉၈၈ ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ပါဝင်တဲ့ ပြည်သူလူထုကြီးတရပ်လုံးဟာ မကြုံစဖူး ထူးကဲလှစွာ လှည်းနေလှေအောင်း မြင်းဇောင်းမ ကျန် စုစည်းညီညွတ်စွာ အုံကြွခဲ့ကြပြီး မဆလ တပါတီအာဏာရှင်စနစ်ကို ဖြိုချဖျက်သိမ်းကာ ဒီမိုကရေစီရရှိ ရေး တောင်းဆိုတိုက်ပွဲဝင်မှုကြီးတရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ အသက်သွေးချွေးပေါင်း မြောက်မြားစွာ သွန်းလောင်းရင်းနှီးပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာဖို့ ကြိုးပမ်းခဲ့ကြ တာ ဖြစ်ပါတယ်။

အဲဒီကနေစပြီးတော့ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ကျယ်ပြန့်ကြီးမားလှတဲ့ ဆန္ဒမွန်တွေကို အကောင်အထည် ဖော်ပေးဖို့၊ သမိုင်းရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက် နေ့မှာ ယခုလက်ရှိ တပ်ဦးအလံကိုင် ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပေါ်ထွန်းဖြစ်တည် လာရတာ ဖြစ်ပါတယ်။ ဒီတပ်ဦးအလံကိုင်ပါတီကြီးကို မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေးဗိသုကာကြီးလည်း ဖြစ်၊ တပ်မတော်ရဲ့ဖခင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဆယ်စုနှစ် (၂) စု ကျော်ခဲ့ပါပြီ။ ဒီ အနှစ် (၂၀) ကျော်အတွင်းမှာ (၁၅) နှစ်ကျော် အိမ်ချုပ်နဲ့ ထိန်းသိမ်းချုပ်နှောင်ထားခြင်း ခံနေခဲ့ရတာပါ။

အခုချိန်ထိလည်းပဲ နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် အဖြစ် ဆက်လက်ချုပ်နှောင် ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ လွတ်ရက်စေ့ပြီဖြစ်ပေမယ့်လို့ တရားဥပဒေကို အလွဲ သုံးစားပြုကာ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။ အင်းစိန်ထောင်တွင်းတရားရုံးမှာ စစ်ဆေးကြားနာပြီးတဲ့နောက် တရားသူကြီးက (၃) နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီအချိန်တိုလေးအ တွင်းမှာပဲ အထူးအမိန့်စာ စာရွက်တရွက် ရောက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီက ကမန်းကတန်း ပို့ လွှတ်လာတာဖြစ်ပြီး ပြစ်ဒဏ်ကို (၁)နှစ်ခွဲ အဖြစ် လျှော့ချပြောင်းလဲလိုက်ပါတယ်။

သူ့ရဲ့အဆိုအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တာကတကြောင်း၊ လူသား ချင်း စာနာထောက်ထားတဲ့ အနေနဲ့တကြောင်း ပြစ်ဒဏ်ကို ပြောင်းလဲလျှော့ပေါ့လိုက်တာလို့ ပြောပါတယ်။ နောက်ပြီး ကောင်းမွန်စွာ နေထိုင်သွားရင် ပြစ်ဒဏ်ကနေ အပြီးလွှတ်ပေးဦးမယ်လို့ ဆိုပြန်ပါတယ်။ တရားဥပ ဒေချိုးဖောက်လို့သာ အပြစ်ပေးအရေးယူရတာဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်အရသာ ဖြစ်ပါတယ်လို့ ဆိုပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကပဲ အမှန်တကယ် ပြစ်မှုကျူးလွန်ထားတဲ့သူလိုမျိုး ပြောကြားနေတာဖြစ်ပါတယ်။ မူ လအဖြစ်မှန်အကြောင်းရင်းကိုတော့ တတိုင်းတပြည်လုံးက ကောင်းကောင်းသိထားကြပါတယ်။ ဒီလိုမျိုး ပြော ဆိုပြုမူမှုတွေဟာ ပြည်သူလူထုကြီးအဖို့ မထူးဆန်းတော့တဲ့ကိစ္စ လုပ်နေကျဖြစ်လို့ ရိုးအီနေပါပြီ။ ကွယ်ရာမှာ တော့ ဗိုလ်ချုပ်မှူးကြီးကို ကောင်းကောင်းမေတ္တာပို့နေမှာပါ။ အာဏာရူး မိစ္ဆာဒိဌိကြီးလို့ ...။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေ တရားဥပဒေအရ တရားသူကြီးရဲ့စီရင်ချက် အမိန့်ချမှတ်မှုကို စစ်အာဏာစက်နဲ့ ၀င်ရောက်စွက်ဖက် ခြယ်လှယ်လိုက်တာဟာ တရားရေးမဏ္ဍိုင် ဘယ်လောက်တိမ်းစောင်းနေပြီဆိုတာကို အ ထင်အရှား ဘွားဘွားကြီး ဖော်ပြလိုက်တာဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့ စစ်အုပ်စု ပြောပြောနေတဲ့ တ ရားဥပဒေစိုးမိုးရေး မရှိဘူးဆိုတာကို လက်တွေ့ပြလိုက်တာလည်း ဖြစ်ပါတယ်။ တရားဥပဒေရဲ့အပေါ်မှာ စစ် အုပ်စုရှိတယ် ဆိုတဲ့အချက်ဟာ ဘယ်လိုမှငြင်းလို့ ဖုံးကွယ်လို့မရဘူး ဖြစ်သွားပါတယ်။

ဒီလိုဆိုရင် ဗိုလ်ချုပ်ကြီးရွှေမန်း ပြောကြားခဲ့တဲ့ “ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ ရှိမနေစေရဘူး” ဆိုတဲ့ စကား နဲ့ ပြောင်းပြန်စောက်ထိုး ဖြစ်နေတော့မှာပေါ့။ သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတာပဲ မဟုတ်ပါလား။ ဒီ လိုမျိုးအဖြစ်အပျက် တခြားကိစ္စတွေ အများကြီးရှိပါသေးတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်၊ လုပ်နိုင် တယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချိုးနဲ့ မြန်မာပြည်သူလူထုကြီးကို စော်ကားမော်ကားလုပ်နေ တယ်ဆိုတာ ရှင်းနေတော့တာပါပဲ။ ဒီလိုမျိုး ပြည်သူတရပ်လုံးအပေါ် တရားလက်မဲ့ တဆွေတမျိုးလုံး ဆက် လက်စော်ကားမိုက်ရိုင်း ပြုမူကျင့်ကြံနိုင်ဖို့ရာ တပ်ချုပ်ကြီးက ဒီ ၂၀၁၀ ဆိုတဲ့ဟာကြီးကို အဖြစ်နိုင်ဆုံး အမြန် အပြီးသတ် ကျင်းပချင်နေတာပါ။ နိုင်ငံတကာအသိုင်းအ၀န်းကိုတော့ ပြီးရောပေါ့။

ဒီလိုပြစ်ဒဏ်ကို (၁၈) လအဖြစ် လျှော့ချပေးလိုက်တာကို တချို့သော ကမ္ဘာ့နိုင်ငံတွေ ဒေသတွင်း နိုင်ငံတွေ အတွက်တော့ အပြုသဘောဆောင်တဲ့ လုပ်ရပ်မျိုး အကောင်းမြင်တဲ့ သဘောမျိုး ဖြစ်သွားနိုင်တယ်ဆိုတာကို လည်း ဗိုလ်ချုပ်မှူးကြီးက ကောင်းကောင်းသိထား နားလည်ထားတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အ ချိန်ဆွဲလို့ ရသွားနိုင်တာပေါ့။ စောင့်ကြည့်ကြသေးတာပေါ့။ အချိန်စောပါသေးတယ်။ အရင်စလို လုပ်လို့မဖြစ် ဘူး စသဖြင့်ပေါ့။

ဒီလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားတာဟာ ၂၀၁၀ ရွေး ကောက်ပွဲမှာ မပါဝင်စေလိုလို့လည်း သုံးသပ်ယူဆနိုင်ပါတယ်။ အကြောင်းကတော့ ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲကျင်းပပြီးစီးမယ့် အချိန်ပိုင်းလောက်ဆို ပြစ်ဒဏ်ချမှတ်ထားတဲ့ ကာလလည်း ကုန်ဆုံးပြီမို့လို့ ဖြစ်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲကျင်းပရေးဥပဒေလည်း အခုချိန်ထိ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးလို့ဖြစ်ပါ တယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုး ပြောဆိုသံတွေတော့ ကြားနေရပါတယ်။ အတည်ပြုဖို့ ခက်ခဲပါ လိမ့်မယ်။

ဘာပဲဖြစ်ဖြစ် စစ်ကောင်စီအနေနဲ့ကတော့ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း မဖြစ်မနေ ဆက်လုပ်သွားမယ်လို့ မ ကြာသေးခင်ကမှ ပြုလုပ်သွားတဲ့ စစ်မှုထမ်းဟောင်းညီလာခံ အပိတ်မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အ ခိုင်အမာ ထပ်မံပြောကြားသွားပါတယ်။ သူတို့ဘက်ကတော့ စီစဉ်ရေးဆွဲထားတဲ့အတိုင်း စီမံချက်ရှိရှိ မက်ခီ ယာဗယ်လီရဲ့ ရှေးနည်းဟောင်းအတိုင်း သွားလိမ့်မှာသာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ အလေးအနက်စဉ်းစားဖို့ လိုအပ်လာပါတယ်။ ကျနော်တို့ဘက်ကကော ဒီပွဲအတွက် ဘာတွေပြင် ဆင်ထားပါသလဲ။ ပြင်ဆင်ဖို့ စီမံချက်ကော ရေးဆွဲထားနိုင်ပါပြီလား။ လူထုအနေအထားကကော ဘယ်အခြေ အနေမှာ ရှိနေပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတဲ့အထိ ဒီအတိုင်း ငုတ်တုတ်ကြီး ထိုင် စောင့်နေဦးမှာလား။ ဒီအတိုင်း မလှုပ်မရှက်နဲ့ လွှတ်ပေးနိုးကို ကျိတ်မျှော်နေမှာလား။

ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးရင်ပဲ တခြားခေါင်းဆောင်တွေ၊ အဆင့်ဆင့်သော ရဲဘော်တွေအနေနဲ့ ဘာမှလုပ်ဆောင်ဖို့ မကြိုးစားတော့ဘဲ ပြုသမျှ နုရတော့မယ့် အခြေအနေမို့ လည်စင်းပေးဖို့ပဲ ပြင်ထားကြဖို့ ညွှန်ကြားချက်များ ရှိထားလေရော့သလား။ ဦးဆောင်နိုင်မှု အရည်အချင်း မရှိကြတော့ဘူးလား။ ဦးမဆောင် နိုင်ဘူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိရင်လည်း ဦးဆောင်ဝံ့တဲ့၊ ခေါင်းဆောင်ရဲတဲ့သူတွေကို တာဝန်အရ အ ဆင့်လိုက် လုပ်ဆောင်ခွင့်ကိုသတ်မှတ်ပြီး လူထုနဲ့တသားတည်းကျတဲ့သူတွေကို ရှေ့ကတက်ဦးဆောင်ခိုင်းပြီး ကိုယ်က နောက်ကနေ အကြံပေးနောက်လိုက် လုပ်ရင်ကောမရဘူးလား။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က “အားလုံးအတွက် အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ပြင်ဆင် ထားကြဖို့” ဆိုတဲ့ သတင်းစကားပါးထားတယ် မဟုတ်ပါလား။

အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အဓိက ဖြေဆိုရမယ့် အဖြေရှင်အဖြစ် အချိန်ကျ ရောက်လာနေပါပြီ။ ခေါင်းခါရှောင်လွှဲသွားလို့ မရနိုင်တော့တဲ့ အခြေအနေပါ။ တပ်ဦးအလံကိုင်ပါတီကြီးဆို တော့ အရံသင့် ပြင်ပြင်ဆင်ဆင် လုပ်ထားပြီးဖြစ်မယ်လို့ ယုံကြည်ယူဆထားပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှန်သမျှကို အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားပြီးသားပါ၊ အချိန်ကျလာရင် ပြတ်ပြတ်သားသား လုပ် ဆောင်သွားမှာပါလို့ ဒီချုပ်ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း လေလှိုင်းမေးမြန်း ချက်မှာ ပြောဆိုထားဖူးပါတယ်။

ဒီလိုသာဆိုရင်တော့ အထူးကျေးဇူးတင်ရမှာပါ။ ဘာကြောင့်ဆို အန်အယ်လ်ဒီဟာ မြန်မာပြည်တ၀ှမ်းလုံးမှာရှိ တဲ့ လူမျိုးစုံပြည်သူလူထုတရပ်လုံးက ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အနိုင် ရပါတီဖြစ်နေလို့ပါပဲ။ မဲပေးနိုင်ခွင့်ရှိသူ ဦးရေ သန်း (၂၀) မှာ (၁၅) သန်းက အတည်ပြုရွေးကောက် တင် မြှောက်ထားတာပါ။ တပ်မတော်သားများပါ မဲဆန္ဒပြု မဲထည့်ရွေးကောက်ထားတဲ့ ပါတီဖြစ်နေလို့ပါ။ တပ်မ တော်သားများကိုလည်း ကိုယ်စားပြုပါတယ်။ (၈၂) ရာခိုင်နှုန်းနဲ့ကို ပြတ်ပြတ်သားသား အနိုင်ရရှိထားတာဖြစ် ပါတယ်။

တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို ကိုယ်စားပြုထင်ဟပ် ဖော်ပြထား ချက်လို့ ပြောနိုင်ပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို လိုက်နာဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ ပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ရှေ့ကနေ မားမား မတ်မတ် ရပ်တည်ပေးရမယ့် တာ ၀န်ဝတ္တရားကလည်း ကျန်ရှိနေပါတယ်။ လတ်တလော နိုင်ငံရေးအနေအထားကလည်း ဒီအတိုင်းပဲတောင်းဆို နေတယ်လို့ ယုံကြည်ယူဆမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောဆိုခဲ့တဲ့စကားဖြစ်ပါတယ်၊ အဲဒါက ဘာလဲဆိုလို့ရှိရင် “တိုင်းပြည်နဲ့ လူ မျိုးအတွက် ကျမတို့ပါတီကို ဖျက်သိမ်းဖို့ လိုအပ်လာမယ်ဆိုလို့ရှိရင် ဖျက်သိမ်းပစ်ဖို့အဆင်သင့်ပါပဲ” ဆိုတာဖြစ် ပါတယ်။

လူထုတရပ်လုံးရှေ့ကနေသာ မားမားမတ်မတ် ရပ်တည်ဦးဆောင်သွားမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတရပ်လုံး ကအူလှိုက်သည်းလှိုက် ၀မ်းပန်းတသာ ၀ိုင်းဝန်းကြိုဆိုထောက်ခံကြမှာ မလွဲဧကန်ပါပဲ။ အားကိုးယုံကြည်မှု တွေ၊ လေးစားတန်ဖိုးထားမှုတွေနဲ့အတူ လုပ်လက်စအလုပ်တွေကို ဖုတ်ဖက်ခါပစ်ချထားခဲ့ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ နောက်ကနေ စည်းကမ်းတကျ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ မလွဲမသွေ လိုက်ပါလိမ့်မယ် ဆိုတာ အခိုင်အမာ ကျနော်ပြောရဲပါတယ်။ အလေးအနက်ကို ယုံကြည်မိပါတယ်။ သမိုင်းကိုရေးသားခဲ့သူတွေ ဟာ တကယ်တော့ အံ့မခန်းစွမ်းအားပိုင်ရှင် ပြည်သူလူထုကြီးသာဖြစ်ပါတယ်။ ဘယ်ခေတ်စနစ် ရာဇ၀င်မှာမ ဆို သမိုင်းဖန်တီးရှင်ဟာ ပြည်သူလူထုတွေသာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရှေးခေတ်စာဆိုတော် လက်ဝဲသုန္ဒရ အမတ်ကြီးက “စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲ ကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင်၊ ဓားသွား လည်းကြွေ၊ လှံလည်းခွေအံ့” လို့ ပြည်သူ့စွမ်းပကား ပြည်သူ့အင်အားအကြောင်းကို စပ်ဆိုဖွဲ့သီခဲ့တာမဟုတ်ပါ လား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကသာ ဒီကနေ့ရဲ့ လူထုလိုလားတောင်းဆိုချက်ကို ပကတိ အခြေအနေနဲ့ကိုက်ညီမယ့် ယုတ္တိကျတဲ့ လက်တွေ့လုပ်ငန်းစဉ်နဲ့အတူ ရဲဝံ့စွန့်စားအနစ်နာခံ အသက်ပေးဆက် ဖို့ကို ပိုင်းဖြတ်ချက်အပြည့်နဲ့ ဆုံးဖြတ်ချက်ချ ဦးဆောင်ချီတက်သွားဖို့ကိုသာ အဓိကဇောင်းပေး လုပ်ဆောင် သွားပြီး အချိန်အခါရောက်ရင် နှောင့်နှေးမတွန့်ဆုတ်ဘဲ ရဲသွေးနီကြောင်းကို သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူ မော်ကွန်းထိုးပြမှသာ တဖက်သတ်ရေးဆွဲ အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာ ဖီဆန်ရေး လူထုတိုက်ပွဲနဲ့ ဖယ်ရှားဖျက်သိမ်းပစ်ရင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်းကို ခေါ် ဆောင်သွားရ/နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မင်းဆွေ (ပေါက်)
၂၀၀၉ခု နှစ် ဒီဇင်ဘာလ (၅) ရက်။

အပြည့်အစုံသို့...

Wednesday, December 9, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၉-၁၂-၀၉)

- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး (၉) ကြိမ်မြောက် တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည် စစ်အစိုးရ၀န်ကြီးနှင့် တွေ့ဆုံခဲ့ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ click
- သတင်းစာဆောင်းပါး ဦးဝင်တင် စိတ်ပျက် click
- မီဒီယာဖြင့် ရှုပ်ထွေးအောင် မပြုလုပ်ဟု အန်အယ်လ်ဒီ ပြောဆို click
- ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေသည် CEC များဖြစ်ကြောင်း အန်အယ်လ်ဒီ ကြေညာ click
- အမေရိကန်နဲ့ ဆွေးနွေးမှု မြန်မာဘက်က တိုးတက်မှု မပြသေး click
- မူးယစ်ဆေးထုတ်လုပ်မှု အစိုးရထိန်းချုပ်နယ်မှာ ပိုများ click
- မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ပြည်တွင်းမငြိမ်မသက်မှုများ သက်ဆိုးရှည် click
- လူငယ်များအကြား မူးယစ်ဆေးဝါးဆိုးကျိုး ပညာပေးမှု အားနည်းနေသေး click
- စစ်အစိုးရက မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး (ဗီဒီယို) click
- ကလေးစစ်သားတားဆီးရေးသင်တန်းများ မထိရောက် click
- ကမ္ဘာ့ရာသီဥတုဆိုးဝါးမှု အခံရဆုံး (၃) နိုင်ငံမှာ မြန်မာပါဝင် click
- မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာ click
- Burma Threatens Thailand's stability: Bangkok Governor click
- Burmese military junta thrives on cycle of corruption click
- EU, UNHCR ink deal to improve living conditions of Rohingya click
- Doing business with Burma violates human rights click
- Taken to tusk in the Golden Triangle click
- Burma Taking Severe Hit from Climate Change: Watchdog click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့ click
- Facebook အဖွဲ့ဝင်အတွက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကမ်ပိန်း Chryler ကားကုမ္ပဏီက စီ စဉ်ပေးမည် click
- နအဖသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ အန်အယ်လ်ဒီမှ ဦးဝင်းတင် တုံ့ပြန်ပြောဆို click
- နအဖကိုယ်စားလှယ်အဖွဲ့ကို ဆန္ဒပြကန့်ကွက် click
- ရွေးကောက်ပွဲအတွက် နအဖ ဆွဲဆောင်မှုလုပ်၊ ပြည်သူတို့ကို အနိုင်မကျင့်ရန် ညွှန်ကြား click
- ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီက အချက် (၉) ချက် တောင်းဆို click
- အလွတ်သတင်းထောက်တွေ အကျဉ်းချတဲ့ နိုင်ငံတွေ စာရင်းထဲ မြန်မာနိုင်ငံပါဝင် click
- ဆယ်နှစ်အတွင်း အကောင်းဆုံးဓာတ်ပုံစာရင်းတွင် သတင်းထောက် သေနတ်ပစ်ခံရသည့် ဓာတ်ပုံပါ click
- ရာသီဥတုဖောက်ပြန်မှုဒဏ် ဆိုးရွားစွာခံရသည့် နိုင်ငံများထဲတွင် မြန်မာ ဒုတိယနေရာတွင်ရှိ click
- ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု မြန်မာလည်း ဆိုးရွားစွာခံရ click
- ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံအပေါ် သုံးသပ်ချက် click
- အိုင်အယ်လ်အို တိုင်ကြားသူ အောင်လံက ဦးမြင့်မောင်ကို ထောင် (၂) နှစ်ချ click
- အင်္ဂါဝတ်ပြုတောင်းပွဲများ ပြုလုပ်နေဆဲ click
- ဘူးသီးတောင်ထောင်မှာ အသားရိက္ခာ (၂) ကျပ်သားအထိ လျှော့ချ click
- ပြန်ပေးဆွဲခံထားရသည့် မြန်မာအင်ဂျင်နီယာ မလွတ်မြောက်သေး click
- ရွာသားများကို စစ်တပ်မှ မိုင်းဖောက်၍ ခြိမ်းခြောက် click
- ရခိုင်ပြည်နယ်မှ အဓမ္မခိုင်းစေမှု click
- ကလေးစစ်သား စုဆောင်းမှု ပိုများလာ click
- မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ရှိနေဆဲလို့ လူ့အခွင့်အရေးအဖွဲ့ ဝေဖန် click
- ကန်ပိုက်တီးဂိတ် လဝက ငွေသိန်းချီယူကာ တရုတ်နိုင်ငံသားများကို ပြည်တွင်းဝင်ခွင့်ပြု click
- နေပြည်တော် အထူးတပ်ဖွဲ့မှ အခွန်အကောက်ကြမ်း၍ ဒေသလုပ်ငန်းရှင်များ ဒုက္ခရောက် click
- တနိုင်ငံလုံးတွင် နံပါတ်တခုတည်းဖြင့် ဆိုင်ကယ်စီးနင်းခွင့်ပြုမည် click
- မော်တော်ဆိုင်ကယ်လိုင်စင် အသစ်တမျိုးပေါ် click
- မျှော်စင်ကျွန်း ဂီတပွဲ ရုန်းရင်းဆန်ခတ်မှု ရဲ (၂၀၀) ကျော်ဖြင့် ထိန်းသိမ်းရ click
- ထိုင်း-မြန်မာ ချစ်ကြည်ရေး ဂီတဖျော်ဖြေပွဲ နှစ်နိုင်ငံမှ အဆိုတော်များ သီဆိုမည် click
- အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် ARV လိုအပ်ဆဲ click
- ထူးထူးရှယ် ဆေးကုခန်းကြီး (ထွေရာလေးပါး) click
- ဒုက္ခသည် ဆေးပညာ (ဆောင်းပါး) click
- ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်ဒုက္ခသည်များ ရပ်တည်ရေးအတွက် ရုန်းကန်ကြရ (ရုပ်သံသတင်း) click
- သမ္မတ အိုဘားမားရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ မဟာဗျူဟာ အောင်မြင်မှု တနှစ်အတွင်း အဖြေထွက်နိုင် click
- ထောင်ကျတဲ့ သူလျှိုအတွက် လွတ်ငြိမ်းခွင့်ရဖို့ မိခင် တောင်းခံ click
- အမေ လေးဆယ့်ခြောက် (ကဗျာ) click

ကာတွန်း ဟန်လေး - ခေတ်ပြိုင်ဝက်ဘ်ဆိုက်
- Burma's Suu Kyi meets gov't liaison: official click
- Myanmar junta calls detained Suu Kyi "dishonest" click
- Myanmar state media scolds democracy icon Suu Kyi click
- No progress on Myanmar click
- Burma's crimes against humanity must not be ignored click
- Free and Fair? click
- Some 39 Trafficked Myanmar Women Rescued From Thailand click
- Burma Destroys $93 Million in Illicit Drugs click
- Green signal from junta for gold mining at Irrawaddy site click
- Alcohol consumption drops in Thantlang Township click
- Myanmar puts hope on new generation for nation-building click
- Malaysia Airlines rolls out e-ticketing in Myanmar click
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒီဇင်ဘာလ (၉) ရက်နေ့ ထုတ်ပြန်ကြေညာချက်

အပြည့်အစုံသို့...