Saturday, February 7, 2009

အပျော်အပါးတွေ လျှော့ကြပြီး နအဖရဲ့ဖိနှိပ်မှုအောက်က တညီတညွတ်ထဲ ရုန်း ထွက်ကြပါစို့ ...

ရွှေဆည်းဆာ (ရန်ကုန်မြို့)

ကျွန်မတို့ရွှေမြန်မာတွေ ပျော်တတ်ပုံများတော့ ကမ္ဘာကတောင် ငေးကြည့်ရလောက်မယ်ထင်ရဲ့။ ဘာလို့လဲဆို တော့ မြန်မာရိုးရာ ၁၂ လရာသီပွဲတော်တွေထက်ကို happy new year ကို ပိုလို့ပျော်ရွှင်နေလိုက်ကြတာများ၊ အိပ်ရေးပျက်ခံပြီး အပျော်ကြူးကြ၊ တနေရာမှာစုဝေးပြီး သောက်စားမူးယစ်ကြ လုပ်လာလိုက်ကြတာ၊ ဟိုးအ ရင်တုန်းကကြားဖူးပါရဲ့။ အနောက်တိုင်းဆန်ဆန်နေတတ်ကြတဲ့ လူလတ်ပိုင်းတွေလောက်ပဲ လုပ်တတ်ကြတာ ပါ။ အခုတော့ လူငယ်လူရွယ် မိန်းမရွယ်လေးတွေဆီကိုပါ ဒီလိုပေါ့သွမ်းတဲ့ ယဉ်ကျေးမှုဟာ ကူးစက်ရောဂါတခု လို အလျင်အမြန် ကူးစက်လာတာတွေ့ရပါတယ်။

အပျော်အပါးမက်လိုက်ကြတာများ လက်လှမ်းမီရာ လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့ ပွဲတော်မှန်သမျှ ၀င်ရောက်နွှဲ ပျော်တတ်ကြပါတယ်။ ဒိအပြင် ဖက်ရှင်ပြပွဲတွေ စင်တင်တေးဂီတပွဲတွေနဲ့ လက်မလည်အောင်ကို ပျော်ရွှင်နေ လိုက်ကြတာ။ ဒီတော့ပျော်တတ်တာဟာ မကောင်းဘူးလား။ လူမျိုးဘာသာမခွဲခြားဘဲ ချစ်ချစ်ခင်ခင် ပျော်ပျော် ရွှင်ရွှင်ရှိတာ ကောင်းရဲ့မို့လားလို့ မေးချင်တဲ့သူတွေလည်း ရှိကြမယ်။

ပျော်လွန်းရင် ပေါ့ပျက်ပျက်ဖြစ်တတ်တယ်ဆိုတာ သိထားရမယ်။ ကျွန်မအမြင်တော့ မြန်မာတွေပျော်တတ်တာ တော့ နာမည်ကျော်ပဲ။ ပျော်တဲ့ရွှင်တဲ့နေရာမှာ နိုင်ငံခြားလူမျိုးခြားတိုင်းက လက်ဖျားခါရတယ်။ အင်မတန်ပျော် တတ်တဲ့ လူမျိုးတဲ့။ အင်မတန် စိတ်နှလုံး ပေါ့ပေါ့ပါးပါး ထားတတ်သတဲ့။ ဘယ်လိုဒုက္ခကြီးတွေ တွေ့နေနေ ခပ် အေးအေး ခပ်ပြုံးပြုံးပဲတဲ့။ အဲဒီစကားဟာ ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလားဆိုတာ ၀ါးတားတားပဲ။

လောကဓံတရားရှစ်ပါးနဲ့ ကြုံတွေ့တဲ့အခါ ဒုက္ခတွေနဲ့ရင်ဆိုင်ကြုံမှဖြင့် မတုန်မလှုပ်မပူမဆွေးဘဲ ကြံ့ကြံ့ခိုင် အ ပြုံးမပျက်နေနိုင်တဲ့ သတ္တိကိုဆိုလိုတာလား။ ဒါမှမဟုတ် ဘာကြီးပဲဖြစ်နေနေ ဆန်အိုးထဲမှာ စားစရာ ဆန်တစေ့ မှမရှိချင်နေ လုံ့လ၀ီရိယမထုတ် ကြိုးကြိုးကုတ်ကုတ် အလုပ်မလုပ်ဘဲ ဆင်းဆင်းရဲရဲ မွဲမွဲတေတေ ပျော်နေရရင် ပြီးရော အပျော်အပါးမက်တဲ့ လူမျိုးလို့ ဆိုချင်တာလား။ ကျွန်မတော့ နှစ်မျိုးစလုံးနဲ့ သက်ဆိုင်တယ်လို့ ယူဆမိ တယ်။

ပေါ့ပေါ့ပါးပါး နေတတ်ပုံများတော့ဖြင့် အံ့သြဖို့လည်း ကောင်းတယ်။ နှစ်ပေါင်းနှစ်ဆယ်ကျော် စစ်ဖိနပ်အောက် မှာ အဖိနှိပ်ခံနေကြရ၊ နိုင်ငံတကာအလယ်မှာ လူတန်းစေ့မနေနိုင်လို့ တိုင်းပြည်မှာ သာမန်ပြည်သူတွေ ဆင်းရဲ မွဲတေနေတာ၊ မိမိတို့ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓအဆုံးအမကို စောင့်ရှောက်ထိမ်းသိမ်းနေတဲ့ သံဃာတော်တွေ ပြည်သူ့အတွက် အရေးဆိုပေးဆပ်ရင်း သွေးမြေကျခဲ့ရပြီး နအဖအန္တရာယ်ကို ရှောင်တိမ်းပုန်းအောင်းနေကြရ၊ တချို့ဆို အခုထိ အချုပ်နှောင်ခံနေကြရတာ၊ ပြည်သူတွေကိုယ်စား ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့သူတွေခ မျာ ထောင်သွင်းအကျဉ်းကျရုံမက ဝေးလံခေါင်သီတဲ့ဒေသ၊ ရာသီဥတုကြမ်းတမ်းတဲ့ နေရာဒေသတွေမှာ ဒုက္ခခံ နေရဆဲ၊ ပြီးတော့ နာဂစ်မုန်တိုင်းဒဏ်ခံကြရပြီး လူအများအပြား သေကြေပျောက်ဆုံးခဲ့ကြလို့ စိတ်ဆင်းရဲကိုယ် ဆင်းရဲနဲ့ လူမှုဒုက္ခပင်လယ်ဝေနေရာကနေ အခုထိပုံမှန်နေအထားကို ပြန်မရောက်နိုင်ကြသေးတာတွေ၊ ဒါတွေ အားလုံးကို ပြည်ဖုံးကားချပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ ဖုံးလွမ်းလိုက်တော့ တော်တော့်ကို ကြံ့ကြံ့ခိုင်နိုင်တဲ့ လူမျိုးပေ ပဲ။ ဒုက္ခကို ဒုက္ခမမှတ်တဲ့ လူမျိုးပေပဲလို့ ချီးမွမ်းရမလို ဖြစ်နေပါတယ်။

တချို့ကတော့ ပြောကောင်းပြောကြပါလိမ့်မယ်။ ဒါတွေက ကိုယ်လုပ်လို့ရတာမှတ်လို့ အစိုးရအာဏာပိုင်တွေ လုပ်ကြမပေါ့၊ နိုင်ငံရေးလုပ်တဲ့သူတွေ လုပ်ကြမပေါ့၊ ကိုယ်က ဘာတတ်နိုင်လို့လဲ။ ဘာနိုင်ငံရေးမှ နားမလည် ဘူး။ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရတာပဲလို့။ အဲဒီလို ကိုယ်ချင်းစာတရားတွေ ခေါင်းပါးပြီး လောကကြီးမှာ တရားသဖြင့်လား၊ မတရားသဖြင့်လားဆိုတဲ့ ဆင်ခြင်တွေးခေါ်မှု မရှိတဲ့သူတွေ ပွားများလာလို့ အခုလောက်ထိ လူ့ယဉ်ကျေးမှုတွေ ပျက်စီးနေပြီး မတရားဥပဒေနဲ့ အုပ်ချုပ်နေတဲ့ အာဏာရှင်တွေ သက်တမ်း ရှည်နေတာလို့ ကျွန်မတွေးမိတယ်။

ဒီလောက်ပျော်နိုင်အားကြတဲ့ ပျော်နေတဲ့သူတွေ အဲဒီနှစ်သစ်မကူးခင် နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့သမျှကို တစေ့ တစောင်း ပြန်လှည့်ကြည့်ပြီး နှစ်သစ်ကို လူသစ်စိတ်သစ်နဲ့ကြို၊ ကိုယ့်ရဲ့လွဲမှားနေတဲ့ အကျင့်ဟောင်း အကျင့် ပျက်တွေကို ခ၀ါချခဲ့ပြီး ကြိုကြရင် ဘယ်လောက်ကောင်းမလဲ။ ကိုယ့်တဦးချင်းစီအတွက်လည်းကောင်း၊ ကိုယ် မီခိုအားထားနေတဲ့ ကိုယ့်တိုင်းပြည်အတွက်လည်း ကောင်းလာမယ်မဟုတ်လား။

အခုတော့ ပြီးခဲ့တဲ့နှစ်တွေတိုင်းမှာလည်း တိုင်းပြည်ရဲ့စီးပွားရေးက မငြိမ်သက် (ဆရာသော်တာဆွေက ပြော ဖူး၊ ရေးဖူးတယ်။ ခေတ်ပျက်ရင် များလာတာက ဈေးသည်နဲ့ မြင်းလှည်းသမားပါတဲ့။ အဲဒါက သူ့ခေတ်တုန်းက၊ အခုချိန်တော့ စားသောက်ဆိုင်၊ အကင်ဆိုင်၊ အနှိပ်ခန်းတွေ မှိုလိုပေါက်နေပြီး အငှားကားတွေတောင် မှိုင်နေ ကြတဲ့ကာလ) တိုင်းပြည်မှာ နိုင်ငံရေးဆိုတာလည်း နိုင်ငံမှာတကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဖေါ်ပြခွင့်မရနိုင်ဘဲ၊ စစ်အာဏာရှင်များက နိုင်ငံ့အကျိုးပြု နိုင်ငံရေးရယ်လို့ လူမြင်သူမြင် လုပ်ကွက်ထွင် လုပ် စားနိုင်ငံရေးတွေကို ဗန်းပြ၀ါဒဖြန့်တဲ့လုပ်ရပ်တွေ လုပ်ပြနေကျ၊ ကိုယ့်နိုင်ငံရဲ့ တကယ့်အဖြစ်ပျက်တွေကို ပြော ဆိုလုပ်ကိုင်သူတွေကိုတော့ မတရားဥပဒေတွေနဲ့ ပုဒ်မတွေ အမှုတွဲတွေ အမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူ၊ သူ တို့စစ်အာဏာရှင်တွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ ကိစ္စဆိုရင် မည်သူ့ကိုမဆို၊ မည်သည့်လှုပ်ရှားမှုဖြစ်စေ နအဖက သူတို့စိတ်ကြိုက်ရေးဆွဲတားတဲ့ ဥပဒေနဲ့ ဖမ်းဆီးချုပ်နှောင်တော့တာပဲ။

ပြည်သူတွေရဲ့ စားဝတ်နေရေးကို ကြည့်ဦးမလား။ မြန်မာကျပ်ငွေရဲ့ တန်ဘိုးဟာ မတည်မငြိမ် တက်လိုက်ကြ လိုက်နဲ့ နေ့စဉ်လိုအပ်တဲ့ စားသောက်ကုန်မှန်သမျှ ၀င်ငွေနဲ့ထွက်ငွေမမျှအောင် ပေးဝယ်စားရ၊ လက်လုပ်လက် စား အလုပ်ကြမ်းသမားတစ်ယောက်ရဲ့တနေ့ဝင်ငွေ ကျပ် ၂၀၀၀/၂၅၀၀/- ရတဲ့အထဲက ကိုယ့်တိုင်းပြည်က ထွက်တဲ့ ဆန်တပြည်ကို ကျပ် ၁၀၀၀ လောက်ပေးရတဲ့ ဆန်မျိုးမှ၊ ကျပ် ၆၀၀/၇၀၀ တန်ဆိုတာ ဆန်ကွဲသာသာ ဖြစ်ပြီး ဟင်းချိုနဲ့မျှောချမှ လည်ချောင်းထဲ လျှောလျှောလျူလျူကျတဲ့ ထမင်းမျိုး။ ၀က်စာလိုဖြစ်နေတဲ့ ရေစိုဆန် တွေကို တပြည် ၄၀၀ ကျပ်ပေးပြီး ၀ယ်စားနေရတဲ့ လူတွေလည်းရှိနေပါတယ်။ လူလိမ်တဲ့ ငွေလိမ်တဲ့ သတင်း တွေ၊ လုယက်မှုတွေ၊ ခါးပိုက်နှိုက်မှုသတင်းတွေကတော့ ဂျာနယ်တိုင်းမှာ အမြဲတမ်းပါတတ်ပြီး လူသိများတဲ့ သ တင်းတွေပေါ့။ တိုင်းပြည်ရဲ့ အပေါ်ရံမျက်နှာဖုံးမှာတော့ အားလုံးကောင်းပါသည်ခင်ဗျားပေါ့။

ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ ဘီယာဆိုင်တွေက လမ်းပေါ်မှာပေါများ၊ နှစ်လုံး သုံးလုံး လောင်းကစားသ မားတွေက ဟိုနားတစု ဒီနားတစု၊ ထီဆိုင်ကြော်ငြာတွေက ယိုးဒယားက ပက်ပုန်းကြော်ငြာအလား။ အသက် နှစ်ဆယ်ကျော် လူငယ်ပတ်ဝန်းကျင်မှာ ယောက်ျားလေးတွေဆိုရင် ဘီယာဆိုင်ထိုင်မှ ပေါင်းသင်းဆက်ဆံရေး ခေတ်မီသတဲ့၊ မိန်းကလေးများကျတော့ ကိုရီးယားစတိုင် ၀တ်စားဆင်ယင်တတ်၊ ခေတ်ပေါ်ဖက်ရှင် မပေါ့်တ ပေါ်ဝတ်မှ ဖက်ရှင်ဖြစ်ခေတ်မီသတဲ့။

တကယ်တော့ ဒါတွေနဲ့ ဆန့်ကျင်ဘက်မှာ တိုင်းသူပြည်သားအများစုဟာ နေ့စဉ်စားဝတ်နေရေး အလျင်မီဖို့ကို ကြိုးပမ်းလုပ်ကိုင်နိုင်ပါမှ ၀မ်းဝရုံလောက်ပဲ။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေမှာ အခုချိန်ထိ လုပ်ငန်းတွေ အခြေတကျ ပုံမှန်မလည်ပတ်နိုင်သေးပါဘူး။ လောလောဆယ်တော့ NGO အဖွဲ့အစည်းတွေက အလုပ်လုပ်ဖို့ အခွင့်အရေးရှာပေးတဲ့အနေနဲ့ တနိုင်တပိုင် ကြက်၊ ၀က်မွေးမြူရေး အိမ်ဆိုင်တည်နိုင်ရေးတွေကို မတည်ရင်းနှီး ငွေထောက်ပံ့တဲ့အပြင် လမ်းပြင်၊ စာသင်ကျောင်းအဆောက်အဦး ပြင်ဆင်ဆောက်လုပ်ရေးလုပ်ငန်းမျိုးတွေကို စီမံကိန်းချပြီး လုပ်နေကြတယ်လို့သိရပါတယ်။ နိုင်ငံတော်ရဲ့ စေတနာကတော့ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံး သွားရတဲ့ ဘိုးဘွားအစဉ်အဆက်ပိုင် မြေတွေကို ပြန်လည်နေရာချထားတဲ့အနေနဲ့ သူတို့ကြိုက်သလောက်ပဲ ခွဲ တမ်းချပေးပါတော့တယ်တဲ့။

ပြန်လည်တည်ဆောက်ပေးထားတဲ့ လူနေအိမ်ကိုလည်း ကြည့်လိုက်ကြပါဦး။ မီးကင်းတဲသာသာလောက် ဆောက်လုပ်ပေးထားတဲ့ အိမ်ငယ်လေးတွေ။ နေပူကျဲကျဲမှာ အရိပ်မရှိ၊ လေကွယ်စရာ သစ်ပင်မရှိ၊ လေဟာပြင် မှာ အရိပ်ကင်းမဲ့စွာနဲ့ အိမ်သေးသေးလေးတွေက တန်းစီလို့။ ပြီးတော့ မိဘမဲ့ကလေးတွေရဲ့ အနာဂတ်ကို ဘယ် လိုလုပ်ကြမလဲ။ နအဖရဲ့ ၀ါဒဖြန့်သတင်းစာမှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကြောင့် အရင် ကထက်တောင် အဆင်ပြေချောမွေ့လာပြီတဲ့။ အပြောကတော့ ရွှန်းရွှန်းဝေနေတာပဲ။

ကျွန်မတို့တိုင်းပြည်ရဲ့အဖြစ်က ကိုယ့်မှာဖြစ်ပွားနေတဲ့ အိုင်းအနာကြီးကို ပျောက်အောင်ကုသဖို့မစဉ်းစားကြဘဲ
အဲဒီအနာကြီးကို လူမမြင်အောင် ၀တ်ကောင်းစားလှတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ အဖြစ်နဲ့ တူနေပါတယ်။ ကိုယ့်တိုင်းပြည်မှာ တကယ်လိုအပ်နေတာတွေကို တာဝန်သိစိတ်နဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြ မယ်ဆိုရင် အင်မတန်ပျော်တတ်တဲ့လူမျိုးလို့ ဘွဲ့ချီးမြှင့်ခံရသလို တာဝန်သိတဲ့ လူမျိုး၊ အမြော်အမြင်ရှိတဲ့ လူမျိုး၊ အမျိုးဂုဏ်စောင့်ထိမ်းတဲ့ လူမျိုး၊ ဇွဲရှိတဲ့ လူမျိုး၊ နိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ ကျေးဇူးရှင်တွေ ကို ကျေးဇူးသိတတ်တဲ့ လူမျိုးရယ်လို့ ဂုဏ်ယူဝင့်ကြွားနိုင်ကြမှာပါ။

ပြည်တွင်းမှာပဲရှိရှိ ပြည်ပမှာပဲနေနေ စုစည်းတဲ့အင်အားနဲ့ အလုပ်လုပ်ကြမယ်ဆိုရင် စစ်ဖိနပ်အောက်က လွတ် မြောက်ကြရပြီး အာရှမှာ မြန်မာရယ်လို့ ခေါင်းမော့နိုင်ကြမှာပါ။ ကျွန်မတို့နိုင်ငံမှာ လူတော်တွေရှိပါတယ်။ အ ရေးကြီးဆုံးက ညီညွတ်ကြဖို့ စည်းလုံးကြဖို့ တာဝန်သိစိတ် ရှိကြဖို့ပါ။ ကုန်လွန်သွားတဲ့အချိန်တွေ စွန့်ခဲ့ရတဲ့ အသက်တွေ၊ ခံစားနေရတဲ့ ဒုက္ခတွေ၊ ဆုံးရှုံးပျောက်ကွယ်ခဲ့ရတဲ့ အမှန်တရားတွေအတွက် ကျွန်မတို့ စုပေါင်းညီ ညွတ်တဲ့ အင်အားနဲ့ ကြိုးစားသင့်ပြီ။ မြန်မာနိုင်ငံသူ/သားတွေ လူတန်းစေ့မနေနိုင်ကြတဲ့ ဆင်းရဲမွဲတေမှုတွေ မတရားတဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်ဖိနှိပ်မှုတွေက လွတ်မြောက်ရေးအတွက် နိုင်ငံ့အရေး/အမျိုးသားရေးအမြင်နဲ့ ၀ိုင်းဝန်းလုပ်ဆောင်ပေးကြပါ။

နေသာသလိုနေပြီး လည်သလိုလုပ်စားရင်း ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ထားတွေ ပြုပြင်ဖို့လိုပါ ပြီ။ လည်သလိုလုပ်စားရင်း အုပ်သွားတဲ့လူတွေကို မြင်ရင်လည်း ကိုယ်နဲ့မဆိုင်သလို ပေါ့ပေါ့ပါးပါးပဲ ကြည့်နေ လိုက်၊ တိုင်းပြည်နဲ့ လူမျိုးရေးဘက်မှာ ဆုတ်ယုတ်သွားလည်း ကြည့်နေလိုက်၊ အကျင့်စာရိတ္တတွေ ပျက်ပြား ကုန်ရင်လည်း ကြည့်နေလိုက်ကြမယ်ဆိုရင် ကျွန်မတို့တိုင်းပြည်ကြီးဟာ နအဖရဲ့ယုတ်မာဉာဏ်များမှုအောက် မှာ ဆုတ်ယုတ်သထက် ဆုတ်ယုတ်၊ ပြည်သူပြည်သားတွေ ဆင်းရဲတွင်းနက်သထက်နက် မွဲသထက်မွဲ အကျင့် ပျက်သထက်ပျက်မှာ မြင်ယောင်ပါသေးရဲ့။

ဒါ့ကြောင့် မေတ္တာရပ်ခံချင်တာက ရွှေမြန်မာများ ဟိုပွဲ ဒီပွဲ ဘာပွဲ ညာပွဲ အပျော်အပါးတွေကို လျှော့ကြပါ။ တ ကယ်လူတန်းစေ့နေနိုင်စားနိုင်မှ ပိုပြီးပျော်ရွှင်နိုင်ကြမှာမို့လား။ အဲဒီလိုပျော်နိုင်ဖို့အရေး ကိုယ့်တိုင်းပြည်ကိုချစ် တဲ့စိတ် ပြကြပါ၊ အမှန်တရားအတွက် အနစ်နာခံနေကြသူတွေ မတရားဥပဒေနဲ့ ချုပ်နှောင်ဖမ်းဆီးခံနေကြရသူ တွေအပေါ် ကိုယ်ချင်းစာစိတ်လေးတွေ ထားကြပါ။ တိုင်းပြည့်ရန်သူဖြစ်တဲ့ နအဖရဲ့ဖိနှိပ်မှုအောက်က တညီတ ညွတ်ထဲရုန်းထွက်ဖို့ ကြိုးစားကြပါ။

ရွှေဆည်းဆာ (ရန်ကုန်မြို့)
၃-၂-၂၀၀၉

အပြည့်အစုံသို့...

Friday, February 6, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၂-၀၉)

- တာချီလိတ်တွင် လက်နက်များဖမ်းမိ၊ နအဖ အရာရှိအချို့ ပါဝင်ပတ်သက် click
- ထောင်ညွှန်ကြားရေးမှူးကိုယ်တိုင် ဆရာတော်၏ ရင်ဝကို စစ်ဖိနပ်ဖြင့်ကန် click
- စင်ပြိုင်အစိုးရကို တိုင်းရင်းသားခေါင်းဆောင်များဖြင့် တိုးချဲ့ဖွဲ့စည်းမည် click
- ရွှေကျင်ဂိုဏ်းလုံးကျွတ် သံဃာ့အစည်းအဝေး ကျင်းပ click
- ပဓာနဆရာတော်တပါး အလွဲသုံးစားမှုများပြဿနာ အငြင်းပွားနေ click
- အန်အယ်ဒီရုံးချုပ်အနီး မီးလောင်မှု ဖြစ်ပွား click
- မြန်မာနိုင်ငံရေး ဆွေးနွေးပွဲစဖို့ ကုလတိုက်တွန်း click
- တွေ့ဆုံဆွေးနွေးရေးအမြန်စဖို့ ကုလအတွင်းရေးမှူးချုပ် မေတ္တာရပ်ခံ click
- ဂမ်ဘာရီခရီးစဉ်အတွင်း တိုးတက်မှုမပြတဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို ဝေးတဲ့ထောင်ပို့ click
- ၈၈ မျိုးဆက် ၁၃ ဦးအား နယ်ဝေးထောင်များသို့ ထပ်မံရွှေ့ပြောင်း click
- စီးပွားဦးမော့ရေးအစီအစဉ် အထက်လွှတ်တော်မှာ ယာယီသဘောတူ click
- နျူကလီးယားပညာရှင် ပါကစ္စတန်ပြန်လွှတ်၊ အမေရိကန်ဝေဖန် click
- အိန္ဒိယဒုသမ္မတ နေပြည်တော်ရောက်နေတုန်း နယ်စပ်မှာ သူပုန်ချင်း တိုက်ပွဲဖြစ် click
- နယ်စပ်တရားမ၀င် မြန်မာအလုပ်သမားများအား ထိုင်းက စောင့်ကြည့်မည် click
- စစ်အစိုးရနှင့် ဒီမိုကရေစီအင်အားစုများ အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် ဘန်ကီမွန်း တောင်းဆို click
- နယ်စပ်ဈေးကွက် အေးစက်နေ click
- အမေကြားသိ အားရှိပါစေ (ဆောင်းပါး) click

Angelina Jolie visits refugee camp
- Myanmar: Burmese Exile's meeting in Barcelona click
- UN Envoy Returns Home Frustrated click
- Angelina Jolie Visits Myanmar Orphans In Bangkok click
- Myanmar Cyclone Nargis Bogale Hub Update No. 6 click
- Rohingya woes brought to multilateral forums: FM click
- Editorial: The boat people click
- Rohingya: Unwanted in their homeland click
- Revealed: Burma's human exports click
- European Parliament urges junta to restore citizenship rights to Rohingya click
- Thailand must stop dumping stateless people at sea click
- Indonesia to allow UN access to Rohingya click
- Jolie urges Thailand to welcome Muslim refugees from Myanmar click
- ဒေါက်တာစိန်ဝင်း စင်ပြိုင်အစိုးရကို လူထုမထောက်ခံ၊ စင်ပြိုင်အစိုးရတဖွဲ့လုံးနဲ့ အမတ်တွေ ပြည်တွင်းဝင်ပြီး အစိုးရဖွဲ့ဖို့လို click
- ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း အမ်ပီယူ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းကို လစာမပေးဘဲထား click
- နေပြည်တော်ညွှန်မှူးပေါင်းစုံကို ရွေးကောက်ပွဲစည်းရုံးခိုင်းရန် ပြင်ဆင် click
- ၂ဝ၁ဝ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရခြင်း အဖြစ်မှန် (ဆောင်းပါး) click
- လက်နက်မှောင်ခို ၃ ဦး သေနတ် ၁၈ လက်နှင့် ဖမ်းမိ click
- KIA ထိန်းချုပ်ရာမြို့ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံရ click
- ဒီချုပ်ရုံးအနီး မီးလောင်မှုဖြစ် click
- ဘန်ကီမွန်း တိုက်တွန်းချက် အတိုက်အခံများ ကြိုဆို click
- အကယ်ဒမီပေးစရာ ၄ ကားသာရှိ click
- မြန်မာဒုက္ခသည်များကို ဂျိုလီ ကူညီမည် click
- ယဉ်ကျေးမှုကို မော်ဒန်ထဲ ထည့်ရေးတဲ့ တင်မောင်ဦး (အင်တာဗျူး) click
- စစ်ကျန်ဘတ်စ်ကားများအား မြို့တွင်းဝင်ခွင့်မပြုတော့ click
- ရိုဟင်ဂျာ မြန်မာမဟုတ်ဟု ဘန်ကောက်မြန်မာသံရုံးပြော click
- သစ်တောရေးရာဝန်ကြီးဌာနက တေဇပိုင် ထူးကုမ္ပဏီသို့ပေးသော အခွင့်ထူးများ (အွန်လိုင်းပေးစာ) click
- ရှေ့တန်းရောက်လာတာက ချစ်သူများနေ့ (ဆောင်းပါး) click
- သတင်းစာနှင့် စက္ကူ (ဆောင်းပါး) click
- ပိတ်ဆို့ဒဏ်ခတ်မှု ပယ်ဖျက်ရေး နအဖ၏ တောင်းဆိုချက်အပေါ် တုံ့ပြန်ဝေဖန်ကြ click
- နာဂစ်ဒေသ မူလအခြေအနေရောက်ပြီဟု ပြန်ကြားရေးဝန်ကြီး လိမ်ညာ click
- တောင်ငူ၌ ပေါက်ကွဲမှုဖြစ်ပွား click
- တောင်သူများကို ကူညီသူအား ရဲ့အထူးသတင်းတပ်ဖွဲ့ ခြိမ်းခြောက် click
- အကျဉ်းသားများစာရင်းကို စစ်အစိုးရထောက်လှမ်းရေးက ပြန်လည်ကောက်ခံ click
- အင်န်အယ်ဒီပါတီလူငယ်များ မင်းသုဝဏ်ရာပြည့် စာဖတ်ဝိုင်းဖြင့် ဂုဏ်ပြု click
- ရခိုင်ပြည်နယ် မီးသတ်မှူး ဓားထိုးခံရ click
- သျှမ်း-အရှေ့အပစ်ရပ်အဖွဲ့များနှင့် နအဖတပ်အကြား ဆက်ဆံရေးအေးကျဲလာ click
- ၀န်ကြီးဌာနများ ပူးတွဲကိုင်လာ click
- စစ်အစိုးရနဲ့ အတိုက်အခံ ချက်ချင်းဆွေးနွေးရေး ကုလတိုက်တွန်း click
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အာရှသွားမည် click
- အိန္ဒိယ-မြန်မာနှစ်နိုင်ငံ သဘောတူညီမှု စာချုပ် click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ click
- I Paper သို့မဟုတ် သတင်းအချက်အလက်များ ဖလှယ်ရာ ၀က်ဆိုက် Scribd click
အသံသာရှိ အဆန်မရှိသည့် သင်္ကြန်အမြောက် (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- UN calls for Myanmar talks click
- UN Envoy Fails To Get Myanmar Sides Talking click
- Myanmar cyclone, China quake top global disasters: UN click
- Indonesia retreats on migrants click
- A peek into brutal Burma click
- Myanmar won't allow its soil to be used by insurgents click
- Suffer the Rohingya click
- Scientology Volunteer Ministers Provided Disaster Relief Efforts at 23 Sites click
- Myanmar's unwanted boat people click
- Myanmar removes World War II buses from former capital click
- Vice President Ansari arrives in Myanmar to strengthen bilateral ties click
- Thailand: Mae Hong Son tightens Myanmar border measures to bar Rohingyas click
- Myanmar: Cyclone Nargis Emergency Appeal No. MDRMM002 Operations Update No. 24 click
- Myanmarese puppetry comes to Japan click

အပြည့်အစုံသို့...

စင်ပြိုင်အစိုးရတိုက်ကွက်

ဒေါက်တာလွဏ်းဆွေ
(၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)

ပြည်တွင်းကလူတွေ စိတ်ဝင်စားမစားတော့မသိ။ ဇန်န၀ါရီတလလုံးနီးပါး ‘စင်ပြိုင်အစိုးရဖွဲ့မည်’ ဟူသည့် အသံ တွေပဲ ပြည်ပတွင် ဆူညံနေခဲ့သည်။ တချို့က လက်ရှိအဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးဘက်မှ ထောက်ခံဆွေးနွေးကြသည်။ တချို့က ပြည်ထောင်စုမြန်မာနိုင်ငံအမျိုး သားကောင်စီ (NCUB) မှ ဖွဲ့စည်းမည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဘက်မှ ထောက်ခံဆွေးနွေးကြ သည်။ ကျနော်ကမူ မည်သည့်ဘက်ကမျှ ထောက်ခံဆွေးနွေးခြင်းမပြု၊ စိတ်လည်းမ၀င်စားလှဘဲ အားတက်သ ရော ဆွေးနွေးနေကြသည့် အသံများကိုသာ မပျင်းမရိ နားထောင်နေဖြစ်ခဲ့သည်။

ကျနော့်အနေနှင့် စိတ်မ၀င်စား၊ မဆွေးနွေးဖြစ်သည့်အကြောင်းမှာ NCGUB ကိုပဲ ပြင်ဆင်ဖွဲ့စည်းဖွဲ့စည်း၊ NCUB ကပဲ NUG ဖွဲ့ဖွဲ့ မြန်မာ့ဒီမိုကရေစီရေး အဆုံးသတ်တိုက်ပွဲအတွက် ယခုအနေအထားထက် ဘာမျှထူးလာမည်မ ဟုတ်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ နယ်မြေမရှိ၊ စစ်တပ်မရှိ၊ ပြည်ပရောက် သန်းနှင့်ချီသည့် အောက် ခြေလူထုကို စည်းရုံးမှုလုံးဝမရှိ (အင်အားတည်ဆောက်မှုမရှိ)၊ နိုင်ငံတကာအစိုးရများက တွန်းတင်ပေးချင် လောက်အောင် Figure နှင့် အရည်အချင်းရှိသည့် ခေါင်းဆောင်မျိုး ပြည်ပတွင်မရှိပါဘဲနှင့် ဘယ့်အတွက် ကြောင့် အစိုးရဖွဲ့ချင် ၀န်ကြီးများလုပ်ချင်နေကြသနည်း၊ ရှိပြီးသား အန်စီဂျီယူဘီအစိုးရသည်ပင် အနှစ် ၂၀ လုံး လုံး လူရယ်စရာ နောက်ပြောင်စရာ ဖြစ်ခဲ့သည်ကို သင်ခန်းစာမယူနိုင်ကြ၍လော … စသည်ဖြင့် တယောက် တည်း မေးခွန်းထုတ်နေမိပါသည်။

ကျနော့်အနေနှင့် ယခုအချိန်သည် ပြည်ပရှိအဖွဲ့အစည်းအားလုံးအနေနှင့် ညီညွတ်သည့် တခုတည်းသော တပ် ပေါင်းစု ဖွဲ့စည်းလုပ်ဆောင်နိုင်စွမ်း မရှိလျှင်တောင် လွတ်မြောက်နယ်မြေရှိ အောက်ခြေမြန်မာလူထုကြီးကို အ ဖွဲ့အစည်းအလိုက် တတ်နိုင်သမျှ အပြင်းအထန် စည်းရုံးလှုံ့ဆော်ပြီး နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို နည်း လမ်းမျိုးစုံဖြင့် တိုက်ဖျက်နိုင်အောင် လုပ်ဆောင်ရမည့်အချိန်ဟု မြင်မိပါသည်။ ကိုယ်အားသန်သည့် တိုက်ဖျက် နည်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်နိုင်အောင် အောက်ခြေလူထုနှင့် ရသလောက် အားစုရမည့်အချိန် ဟု မြင်ပါသည်။ ထို့အပြင် ပြည်တွင်း၌ လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာလျှင် စက်တင်ဘာအရေးတော်ပုံတုန်းကကဲ့ သို့ ကြက်သေသေမနေကြဘဲ အဆင်သင့် ၀န်းရံတိုက်ပွဲဝင်နိုင်အောင် ပြင်ဆင်ထားကြဖို့လိုသည်ဟု မြင်မိပါ သည်။ ထိုသို့မဟုတ်ဘဲ ဘာမှဖြစ်လာမည်မဟုတ်သည့် စင်ပြိုင်အစိုးရဖွဲ့စည်းရေး ကိစ္စရပ်များနှင့်သာ အချိန် ကုန်၊ ငွေကုန်၊ လူရယ်စရာ အဖြစ်ခံနေကြသည်ကို အံ့အားသင့်နေမိပါသည်။

ဤတွင် စင်ပြိုင်အစိုးရဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ကျနော်၏ အမြင်ကို အနည်းငယ် ဆွေးနွေးချင်ပါသည်။ ကျ နော်၏သဘောထားကို ဆွေးနွေးရလျှင် စင်ပြိုင်အစိုးရဖွဲ့၍ ထိပ်တိုက်ရင်ဆိုင်ခြင်းဆိုသည်ကို စစ်အစိုးရ ဖြုတ် ချရေးအတွက် အသုံးဝင်ထိရောက်သည့် နည်းဗျူဟာတရပ်အဖြစ် လက်ခံပါသည်။ တွေ့ဆုံဆွေးနွေးရေးနည်း လမ်း ဖြစ်နိုင်ခြေနည်းပါးမှုနှင့် နအဖ၏ လမ်းပြမြေပုံအစီအစဉ်ကို လက်မခံနိုင်ခြင်းတို့ကြောင့် ဤထိပ်တိုက်ရင် ဆိုင်ခြင်း နည်းလမ်းကို စဉ်းစားရခြင်း ဖြစ်ပါသည်။ သို့သော် ပြည်တွင်း၌ စင်ပြိုင်ဖွဲ့၍ ထိပ်တိုက်ရင်ဆိုင် စိန်ခေါ် မှသာလျှင် အကျိုးထူးမည်ဟု ထင်မြင်မိပါသည်။ ထိုသို့ အစိုးရဖွဲ့မည့် အုပ်စုအနေနှင့် စင်ပြိုင်ဖွဲ့ရသည့် ရည်ရွယ် ချက်အား အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ၊ ပြည်တွင်း ပြည်ပ အင်အားစုအသီးသီးနှင့် နိုင်ငံတကာက ထောက်ခံအောင် ရသည့်နည်းလမ်းဖြင့် ကြိုတင်အသိပေး ညှိ နှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့လိုမည်ဖြစ်ပါသည်။ (စင်ပြိုင်ဖွဲ့ရာတွင် အများကလက်ခံသည့် ပုဂ္ဂိုလ်များပါဝင်ရန်နှင့် လုံခြုံသည့်နေရာမှ စိန်ခေါ်ကြေညာရန်လည်း အထူးအရေးကြီးသည်ဟု မြင်ပါသည်)

ထိုသို့ ပြည်တွင်းပြည်ပ အင်အားစုအားလုံး၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိအောင် ကြိုးပမ်းပြီးလျှင် (ဤအချိန်တွင် စစ်တပ်ကွဲချင်လည်း ကွဲနိုင်သည်။ မကွဲလျှင်လည်း ပြဿနာမရှိ) နအဖစစ်အုပ်စုအား သူပုန် အုပ်စုအဖြစ် ကြေညာ၍ ကုလသမဂ္ဂထံ စစ်ရေးအရ ကြားဝင်အကူအညီပေးဖို့ အလျင်အမြန်တောင်းခံရပါမည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံအကျဉ်းသားများကို လွတ်မြောက်ရေးကို လုပ်ဆောင်ရပါမည်။ ဒေါ် အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာလျှင် တွေ့ဆုံဆွေးနွေးမှုမှတဆင့် အားလုံး ပါဝင်နိုင်မည့် အများသဘောတူလက်ခံသည့် ညွန့်ပေါင်းအစိုးရသစ် ထပ်မံဖွဲ့စည်းဖို့ လိုမည်ဖြစ်ပါသည်။ ထိုညွန့် ပေါင်းအစိုးရမှတဆင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရေးဆီသို့ ဦးတည်ရမည် ဖြစ်ပါ သည်။ (ပြည်ပအင်အားစုများအနေနှင့် ကြေညာမည့်စင်ပြိုင်အစိုးရဖွဲ့ကို အားလုံးကထောက်ခံမှုပြုအောင်သာ ၀ိုင်းဝန်း စည်းရုံးလှုံ့ဆော်ပေးသင့်သည်ဟု ရိုးသားစွာ ထင်မြင်မိပါသည်။)

စင်ပြိုင်အစိုးရဖွဲ့ရန် တိုက်တွန်းခြင်းနှင့် ပတ်သက်၍ စက်တင်ဘာ ရွှေဝါရောင်အရေးတော်ပုံကာလကို ပြန်အ မှတ်ရမိသည်။ ရွှေဝါရောင်အရေးတော်ပုံ အရှိန်မြင့်နေစဉ် တရက်၌ ကျနော်၏ ဘလော့ဂ်တွင် ‘နိုင်ငံရေး step တခု မြှင့်ကို မြှင့်မှဖြစ်မည်’ ဟူသည့် နှိုးဆော်ချက်တခုကို တင်လိုက်ပါသည်။ တိုက်ပွဲအခြေအနေအရ စင်ပြိုင် အစိုးရတခု မဖြစ်မနေဖွဲ့ဖို့လိုသည်ဟု တိုက်တွန်းသည့်သဘော ရေးသားနှိုးဆော်လိုက်ခြင်းသည်။ ပြည်သူ့ဆီက မန်းဒိတ်ရထားသည့် အန်အယ်လ်ဒီနှင့် လွှတ်တော်ကိုယ်စားလှယ်တွေက စင်ပြိုင်အစိုးရမဖွဲ့လျှင် ထိုစဉ်က အ ဖမ်းဆီးမခံရသေးဘဲ အပြင်တွင် လွတ်မြောက်နေသည့် ကိုဌေးကြွယ်တို့ (၈၈) အုပ်စုကို သံဃာတော်များ၊ သ ပိတ်ကော်မတီဝင်များနှင့် အမြန်ညှိနှိုင်း၍ လုံခြုံသည့်တနေရာမှ စင်ပြိုင်အစိုးရဖွဲ့ဖို့ ကျနော်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။

ထိုနှိုးဆော်ချက်ကို ဖတ်ပြီး ရယ်မောချင်သူတွေ၊ မေးခွန်းထုတ်ချင်သူတွေ အတော်များများရှိနိုင်သည်ကို ကျ နော် မျှော်လင့်ပြီးသားဖြစ်သည်။ သို့သော် ရခဲလတ်သည့် အခြေအနေအရ ဖြစ်နိုင်ခြေရှိသည့် နိုင်ငံရေးအဆင့် မြှင့်မှုတခုကို ဖြစ်ပေါ်စေလို၍ ထိုသို့ အလျင်အမြန် တိုက်တွန်းရခြင်းဖြစ်ပါသည်။ ကျနော်၏ နှိုးဆော်ချက်ကို ထောက်ခံသည့်သူများကလည်း ထောက်ခံကြောင်း အီးမေးလ်တွေပို့ကြသည်။ တော်တော်များများဆီကလည်း လက်မခံသည့်သဘော အသံတချို့ ထွက်ပေါ်လာသည်။

ဘယ်လိုလက်မခံသည့် အသံတွေလဲဆိုလျှင် …
(၁) ‘ဟာ ကိုဌေးကြွယ်တို့အုပ်စုက ငယ်ပါသေးတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဘယ်ဖြစ်နိုင်ဦးမှာတုန်း’
(၂) ‘အန်အယ်လ်ဒီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေတဲ့ ဥစ္စာပဲ၊ ဖွဲ့ချင်းဖွဲ့ရင် သူတို့ပဲ အစိုးရဖွဲ့ရမှာပေါ့’
(၃) ‘ကိုဌေးကြွယ်တို့ အစိုးရဖွဲ့မယ်ဆိုရင် ကျနော်တို့ကတော့ လက်မခံနိုင်ဘူး’ ဆိုသည့် အသံဗလံများပဲ ဖြစ် သည်။

နံပါတ် (၁) အသံဗလံနှင့် ပတ်သက်ပြီး သုံးသပ်ကြည့်မည်ဆိုလျှင် စင်ပြိုင်အစိုးရ ဖွဲ့ဖို့လိုသည်ဆိုသည်ကို လက် ခံသည့် သဘောတွေ့ရသည်။ သို့သော် အသက်အရွယ် ငယ်ရွယ်မှုအပေါ် ထိုသူများ စိုးရိမ်နေပုံပေါ်သည်။ သူ တို့စိုးရိမ်သည့် အသက်အရွယ်ငယ်ရွယ်မှုနှင့် ပတ်သက်၍ စောဒကတက်ရမည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်း နန်းရင်းဝန်ဖြစ်စဉ်က အသက် (၃၂) နှစ်သာ ရှိသေးသည်။ အခု ကိုဌေးကြွယ်တို့အုပ်စုတွေက လေးဆယ်ကျော် တန်း ပညာတတ်တွေဖြစ်သည်ဟု ကျနော်က ပြန်လည်ရှင်းပြချင်ပါသည်။

နံပါတ် (၂) အသံဗလံနှင့် ပတ်သက်ပြီး သုံးသပ်ကြည့်မည်ဆိုလျှင် သူတို့လည်း စင်ပြိုင်အစိုးရဖွဲ့ဖို့လိုသည်ဆို သည့် သဘောထားအား လက်ခံသည်ကို တွေ့ရသည်။ သို့သော် စင်ပြိုင်အစိုးရ ဖွဲ့ချင်းဖွဲ့လျှင် လူထုက မဲပေး ရွေးချယ်ထားသည့် သူများကိုသာ ဖွဲ့စေချင်ပုံပေါ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကျနော့်အမြင်ကို ပြောပြချင်ပါ သည်။

ကျနော်၏ အမြင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆရာဦးဝင်းတင်တို့ အထိန်းသိမ်းခံနေရသည့် ကာလတ လျှောက်လုံး အပြင်တွင် ဦးဆောင်နေသည့် အန်အယ်လ်ဒီဗဟိုကော်မတီ၏ နိုင်ငံရေးစွမ်းဆောင်ရည်ကို အကဲ ဖြတ်ပြီး ပြောခြင်းဖြစ်သည်။ သူတို့တလျှောက်လုံး စွမ်းဆောင်ခဲ့သည်များကို သုံးသပ်ပြီး …

(က) စင်ပြိုင်အစိုးရဖွဲ့ချင်သည့် ဆန္ဒ၊ ဖွဲ့ရဲလောက်သည့် သတ္တိမျိုး အန်အယ်လ်ဒီဗဟိုကော်မတီဝင်များတွင် ရှိ မည်ဟု လုံးဝမထင်ခြင်း။

(ခ) ရုတ်ချည်း ဖြစ်ပေါ်လာသည့် ရွှေဝါရောင်အရေးတော်ပုံအတွင်း အသံတိတ်ပြုမူနေသည့် အန်အယ်လ်ဒီဗဟို ကော်မတီ၏ သဘောထားဆုံးဖြတ်ချက်ကို လက်မခံ မစောင့်ဆိုင်းတော့ဘဲ ရွေးကောက်ခံကိုယ်စားလှယ်များ ထဲမှ အမတ်အချို့ဦးဆောင်ပြီး ညီညီညွတ်ညွတ်နှင့် စင်ပြိုင်အစိုးရ ကြေညာလောက်သည့် ပြင်ဆင်မှုမျိုးလည်း မတွေ့ရခြင်း … စသည့် အကဲဖြတ်ချက်များကြောင့် အန်အယ်လ်ဒီနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ စင်ပြိုင် အစိုးရဖွဲ့မည်ဟု ကျနော် မထင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအခြေအနေက အလျင်အမြန် ဆုံးဖြတ်ပြီး လက်ဦးမှုယူကာ တိုက်ရမည့် အနေအထားကို ရောက်နေ သည်။ ထိုသို့ စင်ပြိုင်အစိုးရဖွဲ့ပြီး မတိုက်လျှင် (အလျင်အမြန် အကောင်အထည်မဖော်လျှင်) ၈၈ အရေးတော်ပုံ တုန်းကကဲ့သို့ပင် ဒိုင်စားတော့မည့်အခြေအနေ ဖြစ်လာတော့မည်ကို ကျနော်ကြိုမြင်နေသည်။ ထိုသို့မြင်သည့် အတွက် အပြင်တွင် အဖမ်းမခံရဘဲ တစုတစည်းတည်း ရှိနေသည့် (လူထုနှင့် နိုင်ငံတကာကလည်း အတိုင်းအ တာတခုအထိ အသိအမှတ်ပြု လေးစားပြီးသားဖြစ်သည့်) ကိုဌေးကြွယ်တို့ ၈၈ မျိုးဆက်အဖွဲ့ကိုပဲ (နောက်ဆုံး ပိတ် စဉ်းစားမိပြီး) စင်ပြိုင်အစိုးရ အမြန်ဖွဲ့ဖို့ ကျနော် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နံပါတ် (၃) အသံဗလံနှင့် ပတ်သက်၍ သုံးသပ်ရလျှင် ထိုသူတို့သည်လည်း စင်ပြိုင်အစိုးရဖွဲ့ပြီး တိုက်ရမည်ကို လက်ခံသည်ဟု ထင်ရသည်။ သို့သော် ပုဂ္ဂလိက အမြင်တွေကို ရှေ့တန်းတင် စဉ်းစားထားသည်ဟု ကျနော်က ထင်သည်။ ကိုဌေးကြွယ်တို့ အဖွဲ့ကို ‘စမောတွေပဲ ရှိသေးတယ်’ဟု ထင်မြင်တာကြောင့်လည်း ဖြစ်နိုင်သလို ပုဂ္ဂိုလ်ရေးအရ မကြိုက်တာကြောင့်လည်း ပြောတာဖြစ်နိုင်သည်။ တခြား သူတို့လက်ခံသည့် လူများနှင့် စင်ပြိုင် အစိုးရ ဖွဲ့မည်ဆိုလျှင် လက်ခံမည့်သဘောကို တွေ့ရသည်။ စစ်တုရင်သဘောနှင့် ပြောရလျှင် ကျနော် ဘာ အဓိပ္ပါယ်နှင့် အဆိုပါရွှေ့ကွက်အား ရွှေ့ခိုင်းသည်ကို ထိုသူတို့ သဘောမပေါက်၍လည်း သူ့လူငါ့လူ ဆိုသည့် အနေအထားကို စဉ်းစားနေခြင်းဖြစ်မည်ဟု ကျနော်ထင်သည်။

အသံဗလံများကို ခြုံငုံသုံးသပ်ကြည့်လျှင် စင်ပြိုင်အစိုးရတခုဖွဲ့ပြီးတိုက်မှ တိုက်ပွဲကိုအဆုံးသတ်နိုင်မည်ဆိုသည့် နည်းဗျူဟာကိုတော့ အားလုံးနီးပါး လက်ခံသည့်သဘော တွေ့ရသည်။ နို့မဟုတ်လျှင် လက်ဝှေ့စင်ပေါ် ကိုယ့် ဘက်ကို ကိုယ်စားပြုပြီး ထိုးမည့်လူ တက်မသွားဘဲ စင်ပေါ်က ပြိုင်ဘက်ကို ဆင်းတော့ဟု သံပြိုင်အော်နေကြ သည်နှင့် တူနေလိမ့်မည်။ ကျနော်မေးလိုက်ချင်ပါသည်။ ကိုယ့်ဘက်က ယှဉ်ပြိုင်ထိုးသတ်မည့်သူ စင်ပေါ်တက် မသွားဘဲ အသံကုန် အော်ဟစ်နေရုံနှင့် ပြိုင်ဘက်က ဆင်းမတဲ့လား။ သေအောင်သာအော် သန်းရွှေက အနေ သာကြီးဟု ပြောလိမ့်မည် ထင်သည်။ ဆင်းတော့ ပြေးလိမ့်မည်မဟုတ်။ အဲသည့်အတွက် ငပိန်ညောင်ပဲဖြစ်ပ စေ ကိုယ့်ဘက်သားအနေနှင့် ကျနော် တက်ထိုးခိုင်းရခြင်းဖြစ်သည်။

တက်ထိုးမည့်သူ ပေါ်လာလျှင် ကျနော့်တို့ အနေအထားက အားပေးသည့် လက်ခုပ်သံနှင့်ပင် ငပိန်ညောင် အ နိုင်ရမည့် အနေအထား ဖြစ်သည်။ ကိုဌေးကြွယ်တို့အဖွဲ့ကို စင်ပြိုင်အစိုးရဖွဲ့ဖို့ တိုက်တွန်းခဲ့ခြင်းမှာလည်း ထိုသ ဘောပင်ဖြစ်သည်။ ကျနော်တဦးတည်းအနေနှင့် ကြိုက်လွန်းလှ၍လည်း မဟုတ်။ တိုက်ပွဲအခြေအနေအရ အ လျင်အမြန် လက်ဦးမှုယူမှ ဖြစ်တော့မည်ဟု တွေးမိ၍သာ နည်းဗျူဟာတခုအနေနှင့် ဖြစ်နိုင်ခြေကို စဉ်းစားပြီး တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ နအဖအကြောက်ဆုံးမှာလည်း ထိုတိုက်ကွက်ကိုပင် ဖြစ်သည်။ လူထုနှင့် နိုင်ငံတ ကာက အလျင်အမြန် ၀ိုင်းထောက်ခံလျှင် သူတို့ဆင်းပြေးရမည် ဆိုသည်ကို နအဖလူလည်များ သိနေသည် လေ။ ဒါကို ကျနော့်တို့ဘက်က နှစ်ကြိမ်နှစ်ခါတိတိ အကောင်အထည်မဖော်နိုင်ခဲ့၍ အခုလို မအီမလည် အနေ အထားနှင့် ၀ဋ်ဒုက္ခ ဆက်ခံနေရခြင်းဖြစ်သည်။

သေချာသည်ကတော့ မကြာမတင် အချိန်အတွင်းမှာ လူထုအုံကြွမှုကြီးတခု ဖြစ်ကိုဖြစ်လာဦးမှာ သေချာသ လောက်ရှိနေသည်။ ဆရာကြီးဦးဝင်းတင်ကိုယ်တိုင်လည်း ဟိုတလောလေးကပင် ဟောကိန်းထုတ်သံကို ကြား လိုက်ရသည်။ ဘယ်ယူဂျီ ဘယ်အဖွဲ့အစည်းက လှုံ့ဆော်ဆော် မဆော်ဆော် လူထုဆင်းရဲမွဲတေပြီး ငတ်ပြတ် နေသည့် အကြောင်းတရားကြောင့်ပင် အုံကြွမှုက တနည်းတဖုံ ထပ်ဖြစ်လာဦးမှာ သေချာသည်။ ထိုအခါကျ လျှင်သာ နိုင်ငံရေးကို ဦးဆောင်ဦးရွက် အခန်းကဏ္ဍကနေ တာဝန်ယူ လှုပ်ရှားဆောင်ရွက်နေသူများအနေနှင့် ၈၈ နှင့် စက်တင်ဘာအရေးတော်ပုံတုန်းကလို လက်နှေးမနေကြဘဲ ယခုဆော်သြနေသည့် စင်ပြိုင်အစိုးရ တိုက်ကွက်ကြီးနှင့် မြန်မြန်ထက်ထက် လက်ဦးမှုယူပြီး ပွဲသိမ်းနိုင်ပါစေ၊ ပြည်ပက အင်အားစုများကလည်း တ ညီတညွတ်တည်း ၀ိုင်းရံအောင်ပွဲခံနိုင်ကြပါစေဟု အကြံပြုပြောကြားလိုက်ရပါသည်။

ဒေါက်တာလွဏ်းဆွေ

အပြည့်အစုံသို့...

Thursday, February 5, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၂-၀၉)

- ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီ မြန်မာဒုက္ခသည်စခန်း သွားရောက် click
- ဟောလိဝုဒ် ကမ္ဘာကျော်ဇနီးမောင်နှံ ကရင်နီဒုက္ခသည်စခန်းကို သွားရောက် click
- စီးပွားရေးပြန်လည်ဖွံ့ဖြိုးရေးအစီအစဉ် မဲခွဲဆုံးဖြတ်တော့မည် click
- ထိုင်းရောက် ရိုဟင်ဂျာအားလုံး ကုလတွေ့ခွင့်ရပြီ click
- ဂမ်ဘာရီရဲ့ သတ္တမမြောက်ခရီး (မျက်မှောက်ရေးရာ) click
- စီးပွားရေးအကျပ်အတည်းကို နိုင်ငံတွေ ဘယ်လိုရင်ဆိုင်နေသလဲ click
- စီးပွားရေးအစီအစဉ် အတည်ပြုနိုင်ရေး သမ္မတသစ် အိုဘားမား တွန်းအားပေး click
- ကွန်ပြူတာပိုး အပိုင်း - ၂ click
- ကွန်ပြူတာပိုး အပိုင်း - ၁ click
- ဦးနှောက်တွင်း မှတ်ဥာဏ်သိုလှောင်မှု လေ့လာချက် click
- ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ လူထုပညာပေးရုပ်ရှင်ကြော်ငြာ Fiat ကားကုမ္ပဏီ ထုတ်ပြန် click
- ဂမ်ဘာရီခရီးစဉ်အပေါ် သုံးသပ်ချက် click
- ကြက်ငှက်တုပ်ကွေးရောဂါ တကြော့ပြန်လာပြီလား click
- ၀န်ကြီးအချို့ကို ရာထူးမှ အနားပေး click
- နှစ်ရှည်ထောင်ဒဏ်ကျ သားအဖနှစ်ဦး အခြေအနေကို ပြန်လည်ပြောပြ click
- ရန်ကုန်မြို့လယ်မှာ စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုပေါ်ပေါက် click
- ပဲခူးတိုင်းအနောက်ခြမ်းမှာ ကြက်အရောင်းအ၀ယ်များ ပိတ်ထား click
- ဒုက္ခရောက်သူများ မြန်မာပြည်တွင် ပြုလုပ်သည် (ဆောင်းပါး) click
- ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် မီးလင်းလာ click
- Angelina says help Burma click
- Jolie urges Thailand to welcome Rohingya refugees click
- Myanmar: Ban calls on Government, opposition to resume substantive talks click
- Myanmar: One-tenth of Burmese go hungry despite food surplus click
- Myanmar: Thais protest idea of Rohingya refugee center click
- Angelina Jolie voices support for Myanmar refugees in northern Thailand camps click
- Nicholas D. Kristof: Sneaking in where thugs rule click
- Myanmar: Behind camp gates click
- Hamid Ansari begins official visit to Myanmar click
- Myanmar and the United Nations Knock, knock click
- UN discusses with Thailand to find solution for Rohingya boatpeople click
- Burma's Forgotten Victims click
- အန်အယ်လ်ဒီကို စစ်အစိုးရ ရာဇသံပေး၊ လူထုအတွက် အကောင်းဆုံးကို အန်အယ်လ်ဒီ တောင်းဆို click
- ရိုဟင်ဂျာများ နိုင်ငံမဲ့ပြီ click
- နေပြည်တော်မှ တိုးတိုးတိတ်တိတ် မင်္ဂလာပွဲ click
- ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင် ၇ သိန်းကျော် သက်တမ်းမတိုးပေးသေး click
- ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး ဂျိုလီဇနီးမောင်နှံ ကရင်နီဒုက္ခသည်စခန်း လည်ပတ် click
- အစိုးရသစ်ပြောင်းရန် GW က ရန်ကုန်တွင် လှုံ့ဆော် click
- CHANGE NEW GOVERNMENT ဟုရေးသားထားသည့် စာများဖြန့်ဝေ click
- ကွန်ပျူတာသုံးသူများအတွက် အဆင်ပြေသည်ဟူသော မြန်မာယူနီကုတ်အသစ် click
- ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးတဦးရဲ့ ပင့်ကူကွန်ရက် (ဆောင်းပါး) click
- အဲပုဂံလေယာဉ် ရန်ကုန်-ကွာလာလမ်ပူ ပြေးဆွဲမည် click
- အဖမ်းခံရသော အယ်ဒီတာနှင့် သတင်းထောက် ပြန်လွတ် click
- မစ္စတာဂမ်ဘာရီခရီး စာရင်းရှင်းတမ်း (ဆောင်းပါး) click
- ပဲခူးတိုင်းမှာ ကြက်၊ ဘဲ မရောင်းရ click
- အမြဲရှိတဲ့ မမြဲခြင်းတရား (ဆောင်းပါး) click
- ကိုအေးလွင်အဖွဲ့က ဒု-ဥက္ကဋ္ဌ နုတ်ထွက်တော့မည် click
- ဗကသခေါင်းဆောင် ဒီငြိမ်းလင်း ထောင်ဒဏ် ၅ နှစ် ထပ်တိုး click
- တော်လှန်ရေးလမ်း (ရုပ်ရှင်ခံစားမှု) click
- ကုလသံတမန်ခရီးစဉ် တိုးတက်မှုမရှိဟု အတိုက်အခံများ ပြောကြား click
- အိန္ဒိယ ဒု-သမ္မတ၏ မြန်မာနိုင်ငံသို့ ၄ ရက်ကြာခရီး click
- မိန်းမတယောက်ရဲ့ အချစ်စစ်စစ်များ (ရသဆောင်းပါး) click
- ရေကြည်ရေသန့်ကို ရအောင်ခပ်ပါ ဂမ်ဘာရီ (ဆောင်းပါး) click
- ဗကသကျောင်းသား ဒီငြိမ်းလင်းကို ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ် click
- အလောင်းကောက်သင်္ဂြိုဟ်ခဲ့သည့် ‘ဗကသ’ကျောင်းသားများကို တရားစွဲပြီ click
- ပါတီလုပ်ငန်းများအရှိန်မြှင့်ရေး အဖွဲ့ချုပ်ရန်ကုန်တိုင်း အဖွဲ့ဝင်များ ဆွေးနွေး click
- မြန်မာ့ပန်းချီဈေးကွက်အကြောင်း တစေ့တစောင်း click
- အိန္ဒိယဒု-သမ္မတ မြန်မာပြည်သို့သွား၊ ဂမ်ဘာရီက အိန္ဒိယ၌ ဘန်ကီမွန်းနှင့် တွေ့ဆုံ click
- ရွေးကောက်ပွဲကြောင့် ရပ်ရွာပျက်နိုင်သည်ဟု ရေနံချောင်းအာဏာပိုင်များ လိုက်လံဟောပြောနေ click
- ဂမ်ဘာရီရဲ့ တောင်းဆိုချက်အားလုံး စစ်အစိုးရ မလိုက်လျော click
- တရားစီရင်ရေးမှာ မယက က ၀င်ရောက်စွက်ဖက် click
- ရွှေလိုဝင်းတဲ့ မင်းသုဝဏ် ဓာတ်ပုံအယ်ဘမ် click
- ရွှေ့ပြောင်းအလုပ်သမားများ တရားဝင် အလုပ်လုပ်ခွင့်ရရေး အဲန်ဂျီအိုများ ဆွေးနွေး၊ ထိုင်းအစိုးရမူဝါဒများ အား ဆန်းစစ်မည် click
- ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဇနီးမောင်နှံ ကရင်နီဒုက္ခသည်စခန်းကို လာရောက်လည်ပတ် click
- ပေါက်တောမြို့နယ်တွင် တပ်မတော်ရိက္ခာအတွက် လယ်သမားများထံက ငွေကောက် click
- ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသူများ ဆန္ဒပြပွဲ - ဘန်ကောက် (ဆနမ်းလွမ်ကွင်းပြင်) ( ၃၁ ရက် ညတွင် အဆိုပါ ဆန္ဒပြသူ ၃၀၀၀၀ ကျော် ထိုင်းဝန်ကြီးချုပ်ရုံးသို့ ချီတက်ပြီး ၀ိုင်းခဲ့သည်) (သတင်းဓာတ်ပုံ) click
- ထိုင်းရေတပ်သင်္ဘောဖြင့် ပင်လယ်သို့ဆွဲပြီး ကြိုးဖြတ် အစွန့်ခံရမည့် ရိုဟင်ဂျာလှေ (သတင်းဓာတ်ပုံ) click
- Ansari arrives in Myanmar on four-day state visit click
- Myanmar Junta Calls Suu Kyi’s Conditions for Talks Unrealistic click

မယ်တော်ဆေးခန်း နှစ် ၂၀ ပြည့်အထိမ်းအမှတ် ၀န်ထမ်းထူးချွန်ဆုရွေးချယ်ပွဲ ကျင်းပ

ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးမှာ ဖွင့်လှစ်ထားတဲ့ ဆရာမဒေါက်တာစင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေး ခန်းဟာ ၁၉၈၉ ခုနှစ်ကနေ စတင်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည် များ၊ ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့ရသူများ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မြန်မာပြည် တွင်း ရပ်နီးရပ်ဝေးမှ ချို့တဲ့ဆင်းရဲတဲ့ လူနာများရဲ့ ကျန်းမာရေးကိစ္စအ၀၀ကို အခမဲ့ပြုစုကုသမှုပေးခဲ့ရာမှာ ယခု နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ဆိုရင် အနှစ် ၂၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

အဲသလို မယ်တော်ဆေးခန်း အနှစ် ၂၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ မယ်တော်ဆေးခန်းမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ၅ နှစ်နဲ့အထက် ၀န်ထမ်း ၁၃၁ ဦး(လူမျိုးမရွေး၊ နိုင်ငံသားမရွေး)ထဲက ၂၀ ဦးကို ၀န် ထမ်းထူးချွန်ဆု ပေးအပ်ချီးမြှင့်ဖို့အတွက် ၄-၂-၀၉ နေ့ နံနက် ၉ နာရီက မယ်တော်ဆေးခန်းရှိ EMOC စာသင် ခန်းမမှာ မဲပေးရွေးချယ်ပွဲတရပ် ကျင်းပပြလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဝန်ထမ်းထူးချွန်ဆုရွေးချယ်ပွဲမှာ မဲပေးပိုင်ခွင့်ရှိကြတဲ့ မယ်တော်ဆေးခန်းမှ ဋ္ဌာနတာဝန်ခံများ၊ မယ်တော်ဆေး ခန်းနဲ့ စီဒီစီကျောင်းမှ လုပ်သက် ၁၀ နှစ်နဲ့အထက် ၀န်ထမ်းများ၊ လုပ်သက် ၂ နှစ်အထက် ဆရာဝန်များ၊ စီမံ ကိန်းဆက်စပ်တာဝန်ခံများ၊ စီဒီစီကျောင်းကော်မတီနဲ့ မိဘဆရာအသင်းမှ ၂ နှစ်အထက်ဝန်ထမ်းများ စုစု ပေါင်း ၇၈ ဦးက လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ကြကြောင်း သိရပါတယ်။

ရွေးချယ်ခြင်းခံရတဲ့ ၀န်ထမ်းထူးချွန်ဆုရရှိသူ ၂၀ ဦးကတော့ (၁) ဆရာ စောမူနီ (၂) ဆရာမ နော်ဆိုဖီယာ (၃) ဆရာ မိုးဦး (၄) ဆရာ လင်းယုန် (၅) ဆရာ အယ်တမွှီး (၆) ဆရာမ မေစိုး (၇) ဆရာ တင်ထွန်း (၈) ဆရာ ကြည်စိုး (၉) ဆရာ စောတင်ရွှေ (၁၀) ဆရာ စောသန်းလွင် (၁၁) ဆရာမ နော်အဲ့သွား (၁၂) ဆရာမ နော်ရီး (၁၃) ဆရာ အောင်ဖေ (၁၄) ဆရာမ ပုလဲဖော (၁၅) ဆရာ ရွှေနှင်း (၁၆) ဆရာမ ဖီးစေးဟဲ (၁၇) ဆရာ နေထူး (၁၈) ဆရာ အောင်သန်းဝေ (၁၉) ဆရာ နေဦး (၂၀) ဆရာ ထိုက်ထိုက် တို့ဖြစ်ကြပြီး အဆိုပါ ၀န် ထမ်းထူးချွန်ဆုရရှိ သူ ၂၀ ဦးကို ၁၉-၂-၂၀၀၉ နေ့မှာ ကျင်းပပြုလုပ်မယ့် မယ်တော်ဆေးခန်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။

အပြည့်အစုံသို့...

Charlotte မှာ စပရင်းရာသီ

Charlotte မှာ စပရင်းရာသီ
သစ်ကောင်းအိမ်

အတ္တလန္တိတ်ကမ်းစပ်က
Charlotte ဆိုတဲ့အရပ်မှာ
လက်ခမောင်းပဲခတ်ရမလား
လက်မောင်းပဲပြတ်ထွက်မလား။

သနားတယ်
JFK နိုင်ငံတကာလေဆိပ်မှာ
ရေဆာလို့ အိမ်သာရေသောက်ဖူးလား
သနားတယ်။

သနားတယ်
နယူးယော့ခ်မော်တယ်လ်တခုရဲ့
ဇိမ်ခံမွေ့ယာနှစ်ထပ်ပေါ်မှာ
ထမင်းအထပ်ထပ်ငတ်ဖူးလား
သနားတယ်။

သနားတယ်
IOM အိတ်ကြီးတကိုင်ကိုင်
လူသွားစင်္ကြန်မှာ
သူတောင်းစားတယောက်လိုထိုင်ရင်း
ဖြတ်သွားဖြတ်လာ
ပေါင်တံရောင်စုံတွေဂွကြားကနေ
ကမ္ဘာကျော်စာအုပ်ဆိုင်ကြီးတဆိုင်ကို
ချောင်းကြည့်ဖူးရဲ့လား
သနားတယ်။

ယမ်းထုတ်ထားတဲ့ ကျည်ဆံခွံတခွံ
အနုပညာထုတ်ထားတဲ့ လူခွံတယောက်
လူ့အဖြစ်လေး မဖြစ်စလောက်မှာ
ကိုယ့်ရင်သွေးကိုတောင်
လောကကို အပေါင်ပေးထားရတဲ့ ကျားနာတကောင်။

ကော်လံပြာဝတ်စုံတစုံအတွက်
ကျောပိုးအိတ်ထဲ
အမေ့ဓာတ်ပုံနဲ့
အမိမြေရဲ့ သဲတဆုပ်ကိုထည့်
အမေရိကားတိုက်ကို ခုန်အုပ်ခဲ့။

သြော် … ဒါနဲ့
ငါလား …
အရှေ့တောင်အာရှတနေရာက
ဖဲရှုံးလာတဲ့
အသည်းကွဲသမား ခရစ္စတိုဖာကိုလန်ဘတ်စ်ပေါ့
ကျွန်လေယာဉ်ပျံကြီးစီးပြီး
မဟာသမုဒ္ဒရာကြီးတွေဖြတ်ခဲ့တယ် ။ ။

သစ်ကောင်းအိမ်
( ၃၁. မေလ. ၂၀၀၈)

Charlotte = မြောက်ကယ်ရိုလိုင်းနားပြည်နယ်မြို့တော်
IOM = International Organization For Migration

အပြည့်အစုံသို့...

မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့၏ မာလာဟိုက် ကြေညာချက်

“တစုတစည်းသော ခေါင်းဆောင်မှုတရပ်နှင့် တူညီသော ဘုံရည်မှန်းချက်ကို ဖေါ်ဆောင်ရန် ဘက်ပေါင်းစုံပေါင်းစည်းထားသည့် လုပ်ငန်းစဉ်တရပ် ၀ိုင်းဝန်းအကောင်အထည်ဖေါ်မည်”

• ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) ၏ စတုတ္ထအကြိမ်မြောက် ညီလာခံအပြီး ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) သည် ၂၄-၂-၀၉ မှ ၂၆-၁-၀၉ နေ့အထိ အောက်တွင် ဖေါ်ပြထားသည့် တိုင်းရင်းသား၊ ဒီမိုကရေစီနှင့် လူမှုရေးအဖွဲ့အစည်းအသီးသီးတို့ အပါအ၀င် လေ့လာသူများ အားလည်း ဖိတ်ကြားလျက် အိုင်ယာလန်နိုင်ငံ၊ မယ်လဟိုက်၊ ဂရင်းဟိုတယ်တွင် “ကျယ်ပြန့်သော ညှိနှိုင်းတိုင် ပင်မှုအစည်းအဝေးကြီး” တရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

• ယင်းညှိနှိုင်းဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုအတွင်း ညီညွတ်ရေးနှင့် ခေါင်းဆောင်မှုအပေါ် မ ကြုံစဖူး အဆိုးမြင်မှုများနှင့် ဝေဖန်မှုများထွက်ပေါ်နေသည့် ကာလအတွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

• အဆုံးတွင်မူ “တစုတစည်းသော ခေါင်းဆောင်မှုတရပ်နှင့် တူညီသော ဘုံရည်မှန်းချက်ကို ဖေါ်ဆောင်ရန် ဘက်ပေါင်းစုံ ပေါင်းစည်းထားသည့် လုပ်ငန်းစဉ်တရပ်ဖေါ်ဆောင်ရန် ၀ိုင်းဝန်းအကောင်အထည်ဖော်မည်” ဆိုသည်ကို အားလုံးက သဘောတူညီကြပေသည်။

“ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ပြည်သူ့လွတ်လပ်ခွင့်များ”
မာလာဟိုက် ကြေညာချက်

၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၂၆) ရက်

၁။ အောက်တွင် ဖေါ်ပြထားကုန်သော ကျနော်တို့ အဖွဲ့အစည်းများအနေနှင့် ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၂၄ မှ ၂၆ ရက်နေ့အထိ အိုင်ယာလန်နိုင်ငံ (မာလာဟိုက်)တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲဖြစ်မြောက်ရန် အထောက်ကူ ပေးသော ဗားမား-အက်ရှင်းအိုင်ယာလန် (Burma Action Ireland) နှင့် အိုင်ယာလန်သမ္မတနိုင်ငံအစိုးရတို့ ၏ စေတနာနှင့် ထောက်ပံ့မှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြသည်။

၂။ မည်မျှပင် ကြီးမားဆိုးဝါးသော အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရစေကာမူ မြန်မာပြည်သူလူထုလွတ် မြောက်ရေးနှင့် အခြေခံအခွင့်အရေးများရရှိစေရန် အန္တရာယ်အသွယ်သွယ်ကို ရင်ဆိုင်အန်တုလျက် စိတ်ဓာတ် ကြံ့ခိုင်မှုနှင့် မဆုတ်မနစ်သော လုံ့လ၀ီရိယနှင့် ဆက်လက်တိုက်ပွဲဝင်နေကြကုန်သော ပြည်တွင်းမှ ဒီမိုကရေစီ သူရဲကောင်းများအား လေးစားဂုဏ်ပြုအပ်ပါသည်။

၃။ ပြည်သူ့လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် ဘ၀ပျက်ပြီး၊ အများစု သည် ပြင်းထန်ကြမ်းတမ်းလှသော ထောင်တွင်းအခြေအနေတွင် ဆင်းရဲဒုက္ခများ ဆက်လက်ခံစားနေကြရကုန် သော သတ္တိပြောင်မြောက်လှသည့် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း အလေး အနက်ဖော်ပြလိုပါသည်။

၎။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး အ ပါအ၀င် အဖမ်းအဆီးခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့နှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီရေးခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအ ကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေးအတွက် ဆောင်ကြဉ်းပေးပါရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းအား တောင်းဆိုသည်။

၅။ မြန်မာ့အရေးထောက်ခံအုပ်စုများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် (အင်စတီကျု)များ အားလုံးတို့ ၏ မဆုပ်အနစ်သော ကူညီထောက်ပံ့မှုများအတွက်လည်း ကျွန်ုပ်တို့ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၆။ မြန်မာစစ်ဗိုလ်ချုပ်များသည် တဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အခြေခံ လျက် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲတရပ်ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် တရားဝင် အုပ်ချုပ်နိုင်ရေး ကြိုးစားနေခြင်းဖြင့် မြန်မာနိုင်ငံသည် သေရေးရှင်ရေး အကျပ်အတည်းသို့ ရောက်ရှိနေပေ သည်။

၇။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ၂၀၀၈ ခုနှစ် စစ်တပ်က အဆိုတင်သွင်းခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေ ခံဥပဒေအား လုံးဝလက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ကြေညာလိုက်ပါသည်။ အခြေအနေဆိုးအား ပြု ပြင်ရန် အခွင့်အလမ်းနှင့်အချိန် ကျန်ရှိနေဆဲဖြစ်ရာ ကျွန်ုပ်တို့သည် တိုင်းပြည်အကျိုးအတွက် နည်းလမ်းပေါင်း စုံနှင့် တညီတညွတ်တည်း ဆောင်ရွက်ကြရန် သန္နိဋ္ဌာန်နှင့် နားလည်မှုများ ရရှိခဲ့ကြပေသည်။

၈။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ရေးနှင့် ဒီမိုကရေစီတည်ဆောက်ရန်ဟူသည့် ဘုံရည် မှန်းချက် များကို ဖေါ်ဆောင်ရန် ညီညွတ်သောခေါင်းဆောင်မှုနှင့် အားလုံးပါဝင်သည့် လုပ်ငန်းအစီအစဉ်တရပ်အတွက် လက်တွဲရွက်ဆောင်ကြရန် သဘောတူညီကြပါသည်။

၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB
၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU
၃) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ AAPP
၎) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF
၅) မြန်မာနိုင်ငံဆိုင်ရာ ကနေဒါမိတ်ဆွေများ CFOB
၆) တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စုမြန်မာနိုင်ငံ) ENC
၇) မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် FBF
၈) မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု FDB
၉) သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် IBMO
၁၀) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD/LA
၁၁) မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် SYCB
၁၂) အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန
မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၂-၀၉)

- ဘူတိုလုပ်ကြံခံရမှု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမည် click
- အိန္ဒိယ ဒု-သမ္မတ လေးရက်ကြာ မြန်မာခရီး စတင် click
- မြန်မာ ဒု-နိုင်ငံခြားရေးဝန်ကြီး ရာထူးကရွေ့ပြောင်းခံရ click
- တမီလ်းသူပုန်တွေကို အနိုင်ရလုနီးပြီလို့ သီရိလင်္ကာသမ္မတ ကြေညာ click
- မစ္စတာ ဂမ်ဘာရီ ၇ ကြိမ်မြောက် မြန်မာပြည်ခရီး (ဗွီဒီယိုသတင်း) click
- ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ခရီးစဉ် အောင်မြင်မှုမရဟု အန်အယ်လ်ဒီပါတီ ဝေဖန် click
- မောင်ဒီငြိမ်းလင်း၏ ထောင်ဒဏ်စုစုပေါင်း ၁၅ နှစ် ၆ လ ဖြစ်သွား click
- ရွှေဝါရောင်ဦးဆောင်သံဃာ ဦးဂ္ဘီရ မည်သည့်ထောင်မှာရှိမှန်း မသိရ click
- ရွေးကောက်ပွဲဆန့်ကျင်ရေး လှုံ့ဆော်စာများ သုံးခွမြို့တွင် ကပ် click
- စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ ဂမ်ဘာရီကို စစ်အစိုးရ ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည်က ဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံဖို့ငြင်းဆိုကြောင်း စစ်အစိုးရစွပ်စွဲ click
- အမျိုးသားညွန့်ပေါင်းအစိုးရ ပြင်ဆင်ဖွဲ့စည်းမည့် အနေအထား click
- လှေစီးပြေး ရိုဟင်ဂျာတွေ ထိုင်းမှာနှိပ်စက်ခံခဲ့ရ click
- ရိုဟင်ဂျာလူမျိုးအားလုံးကို ပြန်ပို့မည်ဟု ထိုင်းဒု-၀န်ကြီးချုပ် ပြောကြား click
- ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့က လူပွဲစားများကို စုံစမ်းရှာဖွေ click
- ရိုဟင်ဂျာများထပ်လာရင် နေရပ်သို့ပင် ပြန်ပို့မည်ဟုဆို click
- အိန္ဒိယဒု-သမ္မတ Ansari ဒီကနေ့ ရန်ကုန်ရောက်မည် click
- သီရိလင်္ကာတိုက်ပွဲ အရပ်သားတွေ သေဆုံး click
- ရွေးကောက်ပွဲမှတပါး အခြားရွေးစရာမရှိတော့ဘူးလား (ဆွေးနွေးခန်း) click
- ကိုယ်စား (ကဗျာ) click
- စီးပွားပျက်ရာ ထန်းလက်နဲ့ကာ (ဆောင်းပါး) click
- ဒေးဝမ်း၊ ဒေးတူး (ဆောင်းပါး) click
- ၀င်းဖေလွယ်အိတ် အမှတ် ၁၂ - ဆင်ဆာ click
- ပြည်သူ့စာဆိုကြီး မင်းသုဝဏ်ရာပြည့် ပြည်တွင်းပြည်ပ ကျင်းပကြမည် click
- သီးလေးသီးအငြိမ့်အဖွဲ့ နယူးယောက်ကို ရောက်ရှိ click
- ကချင်တော်လှန်ရေး ၄၈ နှစ်ပြည့်ပြီ click
- ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူကို ရာထူးရွှေ့ click
- ဗိုလ်ချုပ်မှူးကြီးက ဂန်ဘာရီကို ပညာပြ click
- မီးပျက်တာ သတင်းမဟုတ်ပါ click
- အဲပုဂံလေယာဉ်များကို ငှားရမ်း click
- ဒီမိုကရေစီ (ဆောင်းပါး) click
- ၆၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ဂုဏ်ပြုပွဲကို ရန်ကုန် Sedona Hotel တွင် ကျင်းပရန်ရှိ click
- ၁၀ တန်းကျောင်းသားတစ်ဦး စိတ်ကြွဆေးဖြတ်ပြီး ကြိုးဆွဲချသေ click

ကာတွန်း မောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်
- burmese boat people click
- Indian vice-president visits Myanmar to enhance bilateral economic co-op click
- Change for Burma! tour highlights human rights violations click
- Suu Kyi demands prisoner release click
- Myanmar seeks fresh talks with Suu Kyi click
- Myanmar Cyclone Nargis Yangon Hub Update No. 6 click
- Myanmar Cyclone Nargis Yangon Hub Update No. 5 click
- BURMA: Ban's Visit Inane Unless Prisoners Are Freed click
- Myanmar: PM - no refugees' camp for Rohingya click
- Suu Kyi shuns meet liaison minister click
- UN envoy's Burma trip criticised click
- Myanmar to build first butterfly park in border town click
- Burma demands end to UN sanctions click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၀၀၉၊ ၁၀ လပိုင်းမတိုင်ခင် သေမယ် (ဆောင်းပါး) click
- ထိပ်တန်းအစိုးရရာထူး အပြောင်းအလဲ click
- မြန်မာနိုင်ငံမှာ တည်ငြိမ်မှုတွေ့လိုလျှင် ဆန်ရှင်ရုပ်သိမ်းလိုက်ပါဟု ၀န်ကြီးချုပ်ပြော click
- သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မှ ၂၀၁၀ ရွေးကောက်ပွဲကို စဉ်းစားမည်ဟု ဂမ်ဘာရီကို သျှမ်းဒီချုပ်ပြော click
- ဂမ်ဘာရီနှင့် စခဲ့သည့် ၂၀၀၉ ပွဲဦးထွက် နိုင်ငံရေး (သုံးသပ်ချက်) click
- ကုလအကြီးအကဲနှင့် ဂမ်ဘာရီ ဒေလီတွင် တွေ့ဆုံမည် click
- ထိုင်းတက္ကသိုလ်ကျောင်းသူ ၇၀ ရာနှုန်း အချိန်ပိုင်း အွန်လိုင်းပြည့်တန်ဆာဖြစ်နေ click
- ရိုဟင်ဂျာများ ထပ်လာရင် နေရပ်သို့ပင် ပြန်ပို့မည်ဟုဆို click
- မြန်မာ့ဘိန်းစိုက်တောင်သူများ လုပ်ငန်းခွင်ပြန်ဝင်ကြပြီ click
- ထီစောင်ရေ ထပ်မံလျှော့ချ၊ ထီ အက္ခရာတလုံးလျော့တိုင်း အစိုးရအခွန် ကျပ် ၆၅ သန်းကျော် ထိခိုက် click
- နိုင်ငံရေးအကျဉ်းသား ကူညီသူများ ခြိမ်းခြောက်ခံရ click
- နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး တောင်းဆိုချက်ကို ပြည်သူများ ထောက်ခံကြစေလို click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မတွေ့ဆုံဘဲ ဂမ်ဘာရီ မြန်မာပြည်မှ ပြန်ထွက်ခွာသွား click
- ကုမ္ပဏီအချို့ ၀န်ထမ်းလျှော့ချ၊ အက်ဖ်အီးစီရ ၀န်ထမ်းများလည်း အကျပ်တွေ့ click
- ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် … (ထွေရာလေးပါး) click
- Thailand: No asylum for Rohingya click
- Burma's Opium Production Back on Rise click
- Refugees claim they were beaten, abandoned by Thai military click
- UN: Myanmar Faces Food Crisis click
- Rohingyas are not just migrants click
- Indonesia: Govt to interview boatpeople in Aceh click
- Myanmar says UN must end sanctions click
- Suu Kyi's Party Sees Little Progress Despite UN Visit click
- Suu Kyi's party downbeat after UN Myanmar visit click
- Gambari to brief UN's Ban on Myanmar visit click
- Myanmar migrants' scars back Thai abuse claims: health workers click

အပြည့်အစုံသို့...

Wednesday, February 4, 2009

ရှင်းပြီးရင်း ရှင်းနေရသည့် ရှင်းနေခဲ့သည့်ကိစ္စ

တင့်ဆွေ

ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် “စစ်အစိုးရဆန့်ကျင်ဖို့ မဲခွဲဆုံးဖြတ်တာ သင့်တော်ပါရဲ့လား” “ရှင်း ပြဖို့လိုအပ်သည်”ဟု ဆိုထားသဖြင့် ရှင်းပါမည်။ ရှင်းလည်း ရှင်းပြီးသားပါ။ ခက်သည်က ရှင်းထားပြီးအချက်ကို လည်း ရှင်းပုံမပေါ်ဖြစ်နေလို့ ထပ်ပြီး ရှင်းရှင်းလင်းလင်းကြီး ရှင်းပြရပါတော့မည်။

(၁) မဲဆွယ် မဲဝယ် ဇာတ်လမ်းဆိုတာ မရှိပါကြောင်း၊ တာဝန်ရှိအဖွဲ့အစည်းကြီးနှစ်ခုမှ ပူးတွဲအစည်းအဝေး ပြု လုပ်ပြီးသကာလ ၂-၂-၀၉ နေ့က ကြေညာချက်ထုတ်ခဲ့ပြီးပါပြီ။ ထပ်ကွန့်လာခြင်းမှာ မဟုတ်တမ်းတရား စွပ်စွဲ ခံရသူများ၏ ဂုဏ်သိက္ခာကို ထပ်ခါထပ်ခါ စော်ကားရာကျနေပါသည်။ အလုပ်တွေက တလှေကြီးရှိနေသော ကြောင့် သူတို့မရှင်းအားကြပါ။

(၂) ယခင်က ကုလနေရာအရေးကို (ဒပ်ဗလင်)မရောက်မီအထိ (မဲဆောက်)အခြေစိုက်နှင့် (၀ါရှင်တန်) အခြေ စိုက် ကိုယ်စားလှယ်များသာ ထဲထဲဝင်ဝင် လေးလေးနက်နက် လေ့လာ ဆွေးနွေး ဆောင်ရွက်နေခဲ့ကြပါသည်။ ညီလာခံရောက်သောအခါ အားလုံးသော ကိုယ်စားလှယ်များသည် ယင်းပုဂ္ဂိုလ်တို့၏ အပြန်အလှန် တင်ပြချက် များကိုလည်းကောင်း၊ အမျိုးမျိုးသော အခြားအဖွဲ့အစည်းများ၏ တလေးတစား၊ ရင်တမမ ပေးပို့လာကြသည့် အကြံပြုစာများကိုလည်းကောင်း၊ အလေးအနက် အပြန်အလှန် သုံးသပ်ဆွေးနွေးနိုင်သည့် အခွင့်အရေးရရှိကြ ကာ ပိုမိုသင့်မြတ်သော အဆုံးအဖြတ်ကို ရရှိစေခဲ့ခြင်းဖြစ်သွားပါသည်။ သဘာဝကျကျ ဖြစ်ရသည့် အဖြစ်ပါ။ (ပရီဂျူးဒစ်)မရှိဘဲ ဆုံးဖြတ်ကြသူက အများဆုံးဖြစ်၍ အဖြေက အဲလိုသာဖြစ်လာပါသည်။ အဆုံးမှာတော့ အား လုံးကနေ လွတ်လပ်သောဆန္ဒနဲ့ မဲပေးခဲ့ကြသည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

(၃) “(ကမ်ပိန်း)တခုအတွက် ညီလာခံကြီးကျင်းပပြီး မဲခွဲရသည်”မှာ မဟုတ်ရေးချပါခင်ဗျား။ ယင်းကိစ္စမှာ (အာ ဂျင်ဒါ) တခုမျှသာဖြစ်ပါသည်။ ညီလာခံသည် လေးနှစ်တကြိမ် ကျင်းပမြဲဖြစ်ရာ ညီလာခံတိုင်းဆိုသလို (ဟော့ တ်-အစ်ရှူး) ရှိတတ်ပါသည်။ လေးနှစ်အတွင်း အထူးအစည်းအဝေးများမှာလည်း ထို့အတူရှိပါသည်။

- ၁၉၉၅ ညီလာခံသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ဦးစွာပထမ လွတ်လာရသည့်အချိန်နှင့် တိုက်ဆိုင်ခဲ့သည်။
- ၁၉၉၈ (ဆစ်ဒနီ)မှာ (ဆန်ရှင်)အရေးက (ဟော့)ဖြစ်ပါသည်။
- ၁၉၉၉ (ဘာလင်)တွင် (ဒိုနာ-ဒရွတ်ဗင်း)မှသည် ကိုယ်ပိုင်လေးချောင်းထောက်ဗျူဟာကို စတင်သည်၊ (အင်- အာရ်-ပီ)အား အစပျိုးစေသည်။
- ၂၀၀၀ ဒပ်ဗလင်တွင် (စီအာပီပီ)နှင့် (ရာဇာလီ)တို့အား အာရုံစိုက်ခဲ့သည်။
- ၂၀၀၁ (ဘရပ်ဆဲလ်)တွင် (အင်ပီ)များ အရည်အသွေးမြှင့်တင်ရေး၊ (အီး-ဘီ-အို)ရုံး၊ (ဒီ-ဗွီ-ဘီ)။
- ၂၀၀၃ (ဗွန်မားစဗစ်)မှာ တိုင်းရင်းသားလူမျိုးစုတို့၏ ပင်လုံစိတ်ဓာတ်အား အလေးအနက်ပြုခြင်း၊ နိုင်ငံတကာ ရောက် (စီဗယ်လ်-ဆိုဆိုင်ရ်တီ)တို့၏ (ကင့်ပိန်း)များ။
- ၂၀၀၃ (ဆစ်ဒနီ)မှာ (ဒီပဲယင်း)အရေးက လွှမ်းမိုးခဲ့သည်။
- ၂၀၀၄ ၀ါရှင်တန်၊ (ကေ-အင်-ယူ)အပစ်ရပ်စကားပြောခြင်း၊ စစ်ထောက်လှမ်းရေး ပျက်သုဉ်းခြင်း။
- ၂၀၀၆ အီတလီ၊ (တူရိန်)တွင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရေး ကျခဲ့ပါသည်။

(၄) ဒေါ်အောင်ဆန်းစုကြည်အကြောင်းမပါဟု လေ့လာသူက ဆိုပြန်ပါသည်။ မှားပြန်ပါပြီ၊ အမှားကြီးပါ။ ညီလာ ခံတလျှောက်လုံး (ဗီဒီယို)မှတ်တမ်းတင်ပါသည်။ အတွင်းစည်းအတွက်ပါ။ အသံဖိုင် ထုတ်ပြဖို့အထိ လိုမည်မ ထင်ပါ။ တခုသက်သေပြပါမည်။ ကျွန်တော်တို့၏ ကြညာချက်တွင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို ထိပ်ကရေးထားပါသည်။ ညီလာခံအပြီးကျင်းပသော တိုင်ပင်ညှိနှိုင်းပွဲ၏ ကြေညာချက် “Unity for Democracy and Civil Liberties” တွင်လည်း ကျွန်ုပ်တို့၏ခေါင်းဆောင်များ လွတ်မြောက်ရေးကို အလေးထားခဲ့ပါသည်။ တပတ်အတွင်းပင် ဒေါ်စုကိုယ်တိုင် (ဂန်ဘာရီ)အား အနိမ့်ဆုံးသိသာမြင်သာသည့် အပြောင်းအလဲသည် ယင်း အရေးဟု ဆိုလိုက်ပါပြီ။ ယင်းသတင်းထွက်မည့်နေ့ကပင် အိန္ဒိယမှာ ထိုအရေးအတွက် ဆန္ဒပြခဲ့ကြပါသည်။ တိုက်ဆိုင်တာမဟုတ်ပါ။ ဒေါ်စုအား လူကြားကောင်းအောင် နာမည်ထုတ်အော်နေသည်ထက် သူ့ရပ်တည်ချက် နှင့်အညီ လိုက်ပါဆောင်ရွက်ခြင်းဖြင့် ခေါင်းဆောင်မှုကို လေးစားတာပါ။ တခုပြောပါရစေ အမတ်တိုင်းက (အင်ဂျီအို)ဒေါ်လာမစားပါ။

(၅) “စစ်အစိုးရတိုက်သည့်ကိစ္စကို တိုက်မည့်သူနှင့် မတိုက်မည့်သူဟူ၍ မဲခွဲဆုံးဖြတ်ကြသည်” မဟုတ်ပါ။ “ဟုတ်သည်ဟု ထင်ခြင်း”အား အံ့သြရပါတော့သည်။ Credentials Challenge အရေးကို အပေါ်ယံကလေး ကြည့်ပါက ယင်းသို့သာမြင်နိုင်သည်က မဆန်းပါ။ ကိုယ်စားလှယ်များ လေ့လာဆန်းစစ်ကြသည်မှာ အတိမ်- အနက်၊ အလေး-အပေါ့၊ အကျဉ်း-အကျယ်၊ အလား-အလာ၊ များစွာများစွာ ပြည့်စုံသလောက်ရှိပြီးမှ ဆုံးဖြတ် ကြခဲ့ခြင်းဖြစ်ပါသည်။ မဲခွဲလိုသူများရှိသကဲ့သို့ (ကွန်ဆင်းဇပ်စ်) ရှာလိုသူများလည်း ရှိပါသည်။ “ဒီလက်နက်ဟာ ဒီနေရာနဲ့တော်မလာ၊ မတော်လား”ဟု အချင်းများခြင်းထက် တပြားမှမပိုပါ။ မဲသည် အဆိုတခုကိုသာခွဲပြီး လူ ကိုမခွဲပါ။ လက်တွဲလုပ်ချင်စိတ်ကို ဖျက်မပစ်ပါ။ ကျွန်တော်တို့မှာ မဲခွဲခြင်းအလုပ်တွေ များစွာရှိခဲ့ပြီး များစွာ လည်းရှိပါဦးမည်။ ဒီမိုကရေစီ မဟုတ်ပါလားခင်ဗျား။

မကောင်းသည့်စနစ်အား အမတ်တွေက မတိုက်ချင်ကြဟု ရိုးစွပ်မှုသည် ရိုးသားပါ၏လော။ ထို့ကြောင့် “ရန်သူ လည်းအားရ၊ ကိုယ့်ကုန်လည်း ရောင်းရအောင်” အမတ်တွေအပါအ၀င် စစ်အာဏာရှင်စနစ်ကို တိုက်နေသူ များအား ဟိုဖက်ကလှည့် အပုပ်ချ၊ ဒီဘက်က လှည့်သရော်နေခြင်းများအား ပြန်လည်ဆန်းစစ်ကြရန် အနူးအ ညွှတ်မေတ္တာရပ်ခံပါသည်။

တင့်ဆွေ
၎-၂-၀၉

အပြည့်အစုံသို့...

Tuesday, February 3, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၂-၀၉)

- ပိတ်ဆို့ဒဏ်ခတ်ထားတာတွေ ရုပ်သိမ်းပေးဖို့ ဂမ်ဘာရီကို စစ်အစိုးရ ပြော click
- မြန်မာ့အရေး ကုလသမဂ္ဂအခန်းနဲ့ ပတ်သက်ပြီး မေးမြန်းချက် click
- ဂမ်ဘာရီ၏ မြန်မာပြည်ခရီးစဉ် ပြီးဆုံး click
- စစ်အစိုးရအကြီးအကဲနဲ့ မတွေ့နိုင်ဘဲ ဂမ်ဘာရီ ပြန်ရပြန်ပြီ click
- မစ္စတာဂမ်ဘာရီ ပြန်ပြီ click
- ဂန်ဘာရီ ပြန်ပြီ click
- ဂမ်ဘာရီ မြန်မာပြည်ခရီးစဉ် အဆုံးသတ် click
- အိုဘားမား ကျန်းမာရေးဝန်ကြီး လျာထားသူ အမည်စာရင်း ပြန်ရုပ်သိမ်း click
- အမေရိကန်စီးပွားရေးအတွက် အမြန်ထောက်ခံဖို့ အိုဘားမား တိုက်တွန်း click
- အိုဘားမား ရွေးကောက်ပွဲတာဝန်ခံက မြန်မာ့အရေး အကြံပြုဆွေးနွေး click
- ကေအိုင်အို ၄၈ နှစ်မြောက် တော်လှန်ရေးနေ့ ကျင်းပ click
- လှေစီးပြေးရိုဟင်ဂျာ ၁၉၈ ဦး အင်ဒိုနီးရှားကယ်တင် click
- ထိုင်းစစ်တပ်က မျှောလိုက်လာသော ရိုဟင်ဂျာလှေ နောက်တစီး အင်ဒိုနီးရှားမှာ တွေ့ click
- ရိုဟင်ဂျာဒုက္ခသည်စခန်း အစီအစဉ်ကို ရနောင်းမြို့ခံများ ကန့်ကွက် click
- အိုင်အယ်လ်အိုကို တိုင်တန်းခဲ့သူများအား အာဏာပိုင်များက ရှာဖွေခြိမ်းခြောက် click
- အကယ်ဒမီတန်းဝင် ဒရာမာကား လူကြိုက်နည်းပြီး ဟာသကား လူကြိုက်များနေ click
- မမခင်ဦးစံပယ်သို့ တမ်းချင်း - ၄ (ကဗျာ) click
- No progress on Myanmar click
- Asean must pressure Burma over refugees click
- Another UN visit, but what next for Burma? click
- UN envoy fails to change Myanmar junta's stance click
- NCUB Applauds British Minister Bill Rammell for his criticism of Burma's 2010 sham elections click
- UN Envoy Leaves Burma Without Key Talks click
- Burma Democracy Leader Refuses To Meet With Junta's Liaison click
- Myanmar: If UN wants stability, drop sanctions click
- UN special envoy leaves Myanmar after snub by junta generals click
- Myanmar says Suu Kyi refused to meet liaison minister click
- Why Aung San Suu Kyi is the world's most effectively sidelined leader. click
- Suu Kyi refuses to meet liaison minister click
- Burma demands end to sanctions click
- Suu Kyi refuses to meet liaison minister: state media click
- Myanmar: Rats exacerbate food insecurity in Chin State click
- Refugees picked up after 3-week ordeal at sea click
- အာရှရောက် ကုလအတွင်းရေးမှူးချုပ်ကို ဂမ်ဘာရီ မကြာမီ အစီရင်ခံမည် click
- ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်၊ တရားဥပဒေ စိုးမိုးရေးလိုလား click
- တရားဥပဒေစိုးမိုးမှု ဒေါ်အောင်ဆန်းစုကြည် တောင်းဆို click
- ဂမ်ဘာရီကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အချက် ၃ ချက်တင်ပြ click
- ဂမ်ဘာရီမှတဆင့် ဘန်ကီမွန်းထံ ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပါး click
- ကိုအေးလွင် ဂမ်ဘာရီကို ဘာတွေပြောခဲ့လဲ (အင်တာဗျူး) click
- ရန်ကုန်ဘိန်းမှုတွင် နာမည်ကြီး စီးပွားရေးသမားများ ပတ်သက်နေ click
- ၂၀၀၈ ဘိန်းအထွက် မြန်မာ ကမ္ဘာမှာ ဒုတိယ click
- ဘိန်းခြံတောင်သူများအပေါ် နအဖစစ်ကြောင်း ကျပ်သိန်းချီ ဆက်ကြေးကောက် click
- ဘိန်းမှုဖြင့် မင်္သကာသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ click
- အိုဘားမား စီးပွားရေးအစီအစဉ် အထက်လွှတ်တော်အမတ်တွေ ဆွေးနွေး click
- အမေရိကန်စီးပွားရေးအတွက် အမြန်ထောက်ခံဖို့ အိုဘားမား တိုက်တွန်း click
- ရှင်သန်နိုးကြားနေသည့် သာဓကတခု (သို့) လက်တွေ့ကျကျ စဉ်းစားကြစေချင်တယ် (ဆောင်းပါး) click
- ကမ္ဘာ့စီးပွားရေး ကျားကန်မှုများနှင့် မြန်မာပြည် (ဆောင်းပါး) click
- အိန္ဒိယ ဒု-သမ္မတ မြန်မာနိုင်ငံသို့သွားမည် click
- နိုင်ငံအကျဉ်းသားများလွှတ်ရေး တောင်းဆိုချက်ကို ထောက်ခံဆန္ဒပြ click
- ကာကွယ်ရေးပစ္စည်းစက်ရုံသွား လမ်းဖောက်မှုကြောင့် လယ်များအသိမ်းခံရ click
- ပရိသတ်အားပေး၍ ဗေဒင်စီးပွား ပိုကောင်းလာ click
- ကလော၌ အင်တာနက်သုံးစွဲခ ဈေးကြီး click
- အသက် ၉၀ ပြည့် သခင်သိန်းမောင် မွေးနေ့ (ဓာတ်ပုံသတင်း) click
- အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အလုပ်သွားလုပ်ချင်သူ များလာ click
- ရခိုင်မိသားစုအဖွဲ့ဝင်နှစ်ဦးကို မူဆလင်များက ဓားနှင့်ခုတ် click
- တရားမ၀င်ကြက်ဥများတွင် မယ်လမင်းဓာတ်ပါဝင်နိုင်ဟု ဆို click
- UN special envoy ends Myanmar mission click
- Opposition Leader in Myanmar Expresses Frustration With U.N. click
- UN envoy wraps up Myanmar trip after Suu Kyi talks click
- UN special envoy meets Myanmar PM click
- UPDATE 1-Indonesia rescues 198 more boat people off Aceh click
- Some 200 Myanmar refugees found off Indonesia click
- Myanmar migrants say cast adrift by Thais click
- 198 more Myanmar boat people found off Indonesia click
- Japan helps Myanmar with agricultural restoration after storm click
- Myanmar to open garden created with cyclone-downed trees click
- 'They have been sailing for 21 days' click
- Myanmar appeals for more donation of blood click

အပြည့်အစုံသို့...