ရန်ငြိမ်းအောင်(လူငယ်)
လက်ရှိ နအဖ၏ နိုင်ငံတကာပေါ်လစီ အပြောင်းအလဲဖြစ်လာသည်ကို အားလုံးသိပြီးဖြစ်သည်။ အရင်က အာ ဆီယံ၊ တရုတ်၊ အိန္ဒိယနှင့် ဂျပန် (လူမှုရေးအကူအညီ) လောက်သာရှိသည်။ အခုတော့ အမေရိကန်အပြင်၊ ဥ ရောပသမဂ္ဂနှင့်ပါ ဆက်သွယ်လာပြီဖြစ်သည်။ သူ့ရဲ့ ကစားကွက်ကို ချဲ့ထွင်လာသည်ဟု စကားကြီးစကား ကျယ်ပြောလို့ရသည်။ အခု အမေရိကန်ကို မကျေနပ်ကြောင်းပြချင်၍ အီးယူကို သံတမန်ရေးအရ ဆက်သွယ် လိုကြောင်း ပြသခြင်းဖြစ်နိုင်သည်။ တဘက်မှာလည်း တရုတ်နှင့် လူမသိသူမသိ စကားပြောနေမည်မှာ အမှန် ဖြစ်သည်။ အရင်က နအဖသည် ချောင်ပိတ်မိသော ခွေးနှင့်တူသည်၊ မဲမဲမြင်ရာကို ပြေးကိုက်သည်။ ယခု မ ဟုတ်တော့။ ပညာတတ်လာသည်။ အရမ်းအဆိပ်ပြင်းသည့် မြွေက အစွယ်ကျိုးချင်ယောင်ဆောင်၍ ခွေနေ သည်။ ပြီးလျှင် အားအပျော့ဆုံးသူကို ရုတ်တရက်ထပေါက်၍ ထွက်ပေါက်ရှာသွားမည့် လုပ်ရပ်မျိုးဖြစ်သည်။ မည်သူတွေ အားအပျော့ဆုံး ဖြစ်မည်နည်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းပြည်ပအတိုက်အခံ များ တခဲနက်ထောက်ခံကြသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုင်းပြည် အတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း စာတစောင်ရေးပို့ခဲ့သည်။ ရွှေဂုံတိုင်ကြေညာချက်ကို အားဖြည့်လိုက် ခြင်းဖြစ်သည်။ ကောင်းသည်။ ပြဿနာက အဖွဲ့ချုပ်အနေနှင့် ၎င်းတို့ကိုယ်တိုင်ထုတ်ပြန်ခဲ့သော ကြေညာစာ တမ်းကို အားဖြည့်သည့် မည်သည့်လှုပ်ရှားမှုမှ ပေါ်မလာဘဲ ငုတ်တုပ်ကြီးကျောက်ချနေခြင်းဖြစ်သည်။
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ ဆန်ရှင်ကိုအကြောင်းပြပြီး နိုင်ငံရေးအတွင်းကို အ ကျယ်ချုပ်မှတဆင့် ပြန်လည်ဝင်ရောက်ခဲ့သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗမာပြည်နိုင်ငံ ရေးအတွင်းမှ ဖယ်ထုတ်မည့် နအဖအကြံ ပျက်သည့်ကိန်းဖြစ်သည်။ သူမ၏ ရပ်တည်ချက်က ရှင်းလင်းပြတ် သားသည်။ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိမည်ဆိုလျှင် ဘာဖြစ်ဖြစ်လုပ်လိမ့်မည်။ လိုအပ်ရင် ပါတီ ဖျက်သိမ်းသင့်က ဖျက်သိမ်းပစ်ရမည်ဟု မိန့်ခွန်းတခုတွင် ပြောဖူးသည်။ ဒီတော့ သူမသည် အားပျော့သည့်အ ထဲတွင် မပါ၊ သမိုင်းတွင် မြွေပေါက်ခံရကိန်း မရှိ။
နေအိမ်အကျယ်ချုပ်ကျခြင်း၊ အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခွင့် မရခြင်းတို့ ကြောင့် အဖွဲ့ချုပ်က သီးခြား၊ ဒေါ်အောင်ဆန်းစုကြည်က သီးခြား ဖြစ်သွားသည်။ သီအိုရီအရ မဖြစ်သည့်တိုင် လက်တွေ့မှာဖြစ်သည်။ အဖွဲ့ချုပ်သည် လူတန်းစားအသီးသီးနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပညာတတ်၊ ပညာ ချို့ငဲ့၊ လယ်သမား၊ ရှေ့နေ၊ ဆေးဆရာ၊ ပြီးတော့ သတင်းပေး စုံလင်လှသည်။ ပရိုပိုဆယ်နိုင်ငံရေးသမားရှိသ လို၊ အိတ်စိုက်နိုင်ငံရေးသမားများလည်းရှိသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေပြီဆိုလျှင် အဖွဲ့ချုပ်တွင် စီအီးစီနှင့်နီးစပ်သူသည် သြဇာအာဏာရှိသူဖြစ်လာသည်။ အဖွဲ့ချုပ်၏ ဖွဲ့စည်းတည်ဆောက်ပုံက မကျစ်လစ်။ ကျစ်လစ်မလိုလို ဖြစ်လာရင်လည်း နအဖက တိုက်ခိုက်သည်နှင့် မဖြစ်နိုင်ဖြစ်နေသည်။
တဘက်ကကြည့်လျှင်လည်း အရေးကြီးသော ကိစ္စရပ်များ (ဥပမာ-ရွှေဂုံတိုင်ကြေညာချက်) တွင် အဖွဲ့ချုပ် ခေါင်းဆောင်များ သေချာစဉ်းစားဆောင်ရွက်သည်။ နိုင်ငံတကာနှင့် အခြားအင်အားစုများ၏ ဆန္ဒကို ထည့် တွက်သည်ကို တွေ့ရသည်။ သို့သော် တိကျသော Action Plan မရှိခြင်း၊ ညီညွတ်သော နောက်ပါအင်အားစု မဖန်တီးနိုင်ခြင်းတို့ကြောင့် အဖျားရှူးသွားတတ်သည်။ နအဖဆီက တခုခုမျှော်ကိုးရင်း အလံနီသစ္စာဖောက် သခင်တင်မြတို့လို ဖြစ်သွားနိုင်သူတွေ အဖွဲ့ချုပ်အတွင်းမှာ ရှိနေသည်။ ရွေးကောက်ပွဲဝင်မည်ဆိုသည်နှင့် အဖွဲ့ ချုပ်မှ နုတ်ထွက်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်မည့်သူများလည်း ဒုနှင့်ဒေးရှိသည်။ ဒါကြောင့် အားနည်းသူမှာ အဖွဲ့ချုပ်ဖြစ်သွားနိုင်သည်။ သတိကြီးကြီးမထားလျှင် သမိုင်းမှာ မြွေပေါက်ခံရနိုင်သည်။
နအဖသည် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကို စိတ်မ၀င်စားပါ။ စိတ်ဝင်စားလို့လည်းမဖြစ်။ သူတို့နိုင်ငံရေး နှစ် နေရာမှာ ရှိနေသည်။ နိုင်ငံတကာနှင့် တိုင်းရင်းသားအရေးတွင်ဖြစ်သည်။ ဒီနှစ်ချက်ကိုကြည့်လျှင် လက်ရှိလုပ် ပေးနေသော လိုက်လျောမှုအချို့သည် လိမ်နေတာဖြစ်သည်။ တိုင်းရင်းသားအချို့ အငိုက်မမိဖို့ လိုအပ်သည်။ အငိုက်မိသည့် ငြိမ်းအဖွဲ့ပဲဖြစ်ဖြစ၊် လက်နက်ကိုင်ပဲဖြစ်ဖြစ် သမိုင်းတရားခံဖြစ်သွားနိုင်သည်။ ကချင်အဖွဲ့ နအဖ ကိုရင်ဆိုင်သည့် ဗျူဟာကို အားကျနေသည့် တိုင်းရင်းသားအဖွဲ့များရှိသည်။ သူများနှင့်လိုက်သည့်စတိုင်လ်က ကိုယ်နှင့် လိုက်ချင်မှလိုက်မည်။ ဒီကေဘီအေကတော့ မြွေအကြိမ်ကြိမ်အကိုက်ခံနေရပြီဖြစ်သည်။ ကေအန်ယူ က ဆေးကုနေရသည်။ ၀တပ်ဖွဲ့လည်း သိသိကြီးနှင့် အကိုက်ခံရမည့်သဘောဖြစ်သည်။ သို့သော် တရားဝင်ရွေး ကောက်ပွဲတွင်အနိုင်ရထားသော တိုင်းရင်းသားပါတီများ၏ရပ်တည်ချက်မှာ ယခုအချိန်အထိ မှန်ကန်နေသော ကြောင့် သူ့လူနာနှင့် သူ့ဆေးဆရာ ဖြစ်လာစရာရှိသည်။ မြွေပေါက်ခံနိုင်ကိန်းကို ကျော်လွှားနိုင်သည့် အခြေအ နေရှိသည်။ ယတိပြတ်တော့ ပြောလို့မရပေ။
ရွေးကောက်ပွဲဝင်သည့်သူသည် သမိုင်းတရားခံဖြစ်မည်ဟု အတိအလင်းပြောချင်သည်။ တတိယအင်အားစုဟု အမည်တွင်သူများ၊ နအဖ၏ အခါပေးရှေ့နေ မောင်စူးစမ်း စသည်တို့က စပေ့စ်အကြောင်းကို တွင်တွင်ကျယ် ကျယ် ပြောနေကြသည်။ သနားစရာကောင်းတာက ၂၀၁၀ သာ နီးလာသည်။ သူတို့ပြောသည့် စပေ့စ် ဘယ် ဆီနေမှန်းမသိ။ ဦသုဝေကတော့ ပါတီစည်းရုံးရေးလုပ်ငန်းကို တရားမ၀င် လုပ်နေရသည်ဟုဆိုသည်။ ဦးသုဝေ နှင့် အေးလွင်တို့ ရပ်တည်ချက်ချင်း ဒီနေရာမှာကွဲသည်။ အေးလွင်က နအဖ ဘက်တော်သား။ ဦးသုဝေက စ ပေ့စ်ကို ယုံကြည်သူ။ မည်သို့ပင်ဖြစ်စေ စပေ့စ်သမားတွေတောင် တရားဝင်လုပ်မရ ဖြစ်နေသည်။ အေးလွင်တို့ လုပ်သည်ကိုတော့ မသိချင်ယောင်ဆောင်နေသည်။ နအဖ၏ အတိုက်အခံအတွင်း ပြည်သူလူထုအတွင်း သွေး ခွဲသပ်လျှိုသည့်လုပ်ငန်း အောင်မြင်သည်ဟု ပြောရမည်။
တတိယအင်အားစုများကတော့ အခုကတည်းကအဆိပ်သင့်နေပြီဖြစ်သည်။ သို့သော် ဒီလောက်ကြီးမစိုးရိမ်ရ၊ ဗမာပြည်နိုင်ငံရေးသဘာဝကိုက ဆင်သွားမှလမ်းဖြစ်သည်။ ဘယ်သူဘာဖြစ်နေနေ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မလုပ်ချင်လျှင် ဘာမှဖြစ်မည်မဟုတ်။ ပုဇဉ်းရင်ကွဲတွေလိုသာ ဖြစ်နေမည်။ မောင်စူးစမ်းနှင့် သခင်တင်မြအကြောင်းကိုတော့ ကွန်မြူနစ်ပါတီက ကောင်တာပြန်ပစ်သည်၊ အားရသည်၊ လူ ငယ်များအတွက် တကယ်အကျိုးရှိသည်။ သမိုင်းကြောင်းကို ပြန်လှန်ပြသည့်အတွက် သင်ခန်းစာများရသည်။ သို့သော်ကွန်မြူနစ်ပါတီအနေနှင့် ဒီထက်ပိုမိုပြီး ပြည်တွင်းအတိုက်အခံအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက် သင့်သည်။ လူထုလှုပ်ရှားမှုများဖြစ်ပေါ်လာအောင် အကြံဉာဏ်ကောင်းများ ပေးနိုင်မည်ဟု ယူဆသည်။ မဆ လ တိုက်ခဲ့သည့် ၀ါဒမှိုင်းကို ဖြေရှင်းပေးနေသည့်အဆင့်ထက် ပိုပြီးဆောင်ရွက်စေလိုသည်။
ဗမာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေအပြင် တကယ်အရေးပါသည့် အင်အားစုတရပ်ရှိ နေသေးသည်။ မျိုးဆက်သစ်လူငယ်များဖြစ်သည်။ ထောင်ထဲဘယ်သူမှ မ၀င်ချင်ကြပေ။ ဒီတော့ တခြားနည်း လမ်းကို ရွေးရမည်။ အရင်းနည်းနိုင်သမျှနည်းနည်းနှင့် အမြတ်များနိုင်သမျှများများ ရအောင်လုပ်ရမည်။ ဦး ၀င်းတင် ပြောသည့် နိုင်ငံရေးပုံစံသစ်ကို ဂရုပြုရမည်။ တူတာတွေကို အတူတူလုပ်ပြီး မတူတာတွေကို ခွဲလုပ်ရ မည်။ သေချာတာက နိုင်ငံရေးစကားလုံးတွေ ပြောနေမှ နိုင်ငံရေးမဟုတ်။ သူငယ်ချင်းအချင်းချင်းကြား မိသား စုကြားမှာ သြဇာသက်ရောက်နေအောင်လုပ်ခြင်း၊ ပတ်ဝန်းကျင်ရပ်ကွက်အတွင်း ငယ်ပေမယ့် အကြည်ညိုခံရ အောင် နေထိုင်နိုင်ခြင်းတို့လည်း နိုင်ငံရေးဖြစ်သည် ဆိုတာကို သိရမည်။ အချင်းချင်းစည်းရုံးရမည်။
တွေ့ဆုံဆွေးနွေးရေးလုပ်မလိုလို အသံကြားသည်နှင့် ရေစုံမျှောလိုက်သည့်အကျင့်ကိုမဖျောက်လျှင် မြွေပေါက် ခံရကိန်းရှိသည်။ ဒီတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမည်။ စည်းရုံးရေးနှင့် လူငယ်အချင်းချင်း ပညာပေးရေးဖြစ် သည်။ သိုသိုသိပ်သိပ်နှင့် အရံသင့်စည်းလုံးညီညွှတ်သော အင်အားတရပ်ကို ထူထောင်ထားရမည်။ ဦးသန်းရွှေ အခြေအနေမဟန်သည်နှင့် လုပ်သင့်လုပ်ထိုက်သည်များကို သွက်သွက်လက်လက် ထက်ထက်မြက်မြက် လုပ် ရမည်။ ဒါကြောင့် လူငယ်တိုင်း နိုင်ငံရေးအခြေအနေနှင့် အကြမ်းမဖက်နည်းနာများကို လေ့လာထားရမည်။ နိုင်ငံတကာကိုလည်း အာရုံထားရမည်။ အန်အယ်လ်ဒီလူငယ်များ ပိုအရေးကြီးပါသည်။ ရာထူးကြီးသလို တာ ၀န်လည်းကြီးသည်ကို သတိရပါ။ လူငယ်အချင်းချင်း (အာဏာရှင်စနစ်ဖယ်ရှားရေး) အတွက် ညီညွတ်ရေး ကျယ်ပြန့်ခိုင်မာအောင် လုပ်ထားသင့်ပါသည်။
တဆင့်တက်လျှင် လူကြီးလူငယ်ညီညွတ်ရေး ရာနှုန်းပြည့်မရတောင် (၇၀) ရာနှုန်းရအောင် တည်ဆောက်ရပါ မည်။ ညီညွတ်သောအင်အားစုတခုကသာ ရုတ်တရက်ပေါ်လာမည့် နိုင်ငံရေးဟာကွက်ကို ဖြည့်နိုင်မည်ထင်ပါ သည်။ ထိုအင်အားစုသည် လူငယ်တို့၏ ညီညွတ်မှု စည်းရုံးမှုတို့အပေါ် အခြေခံမည်ဖြစ်သည်။
ရန်ငြိမ်းအောင်(လူငယ်)
Monday, December 14, 2009
တကွက်မှားလျှင် ၂၀၁၀ မှာ မြွေပေါက်ခံသွားရနိုင်တယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment