Friday, November 13, 2009

လူသတ်မှုကို ဖျောက်ဖျက်ပစ်သူများ (ပေးစာ)

၂၀၀၉ ခု (၇) လပိုင်းက သင်္ဃန်းကျွန်းရဲစခန်းမှာ တရားခံသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ သေဆုံးရခြင်းအကြောင်း ရင်းက သင်္ဃန်းကျွန်းရဲစခန်းက ရဲတွေနဲ့  အရန်ရဲတွေက ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ဖြစ်ပါတယ်။ တရားခံက သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်မှာ နေထိုင်ကြောင်း သိရပါတယ်။ တရားခံကို သင်္ဃန်းကျွန်းရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်အောင်ကျော်ထွန်းက ဖမ်းဆီးလာခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီး (၁၈) နာရီအကြာမှာ ဒု-ရဲအုပ်အောင်ကျော်ထွန်းနဲ့ သင်္ဃန်းကျွန်းရဲစခန်းမှ အရန်ရဲများဖြစ်ကြတဲ့ ယဉ်ထွေးနဲ့ မောင်မြင့်တို့က အဆမ တန် ရိုက်နှက်တဲ့အတွက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

သေဆုံးပြီးတာနဲ့ တရားခံအလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ပြီး ဆေးစာယူခဲ့ကြပါတယ်။ အဲဒီိမှာ ဆရာ ၀န်နဲ့ ညှိနှိုင်းပြီး ဆေးစာမှာ အစာအဆိပ်သင့် သေဆုံးရခြင်းဖြစ်ကြောင်း လုပ်ခဲ့ပါတယ်။ ရဲစခန်းမှာ သေမှုသေ ခင်းဖွင့်ပြီး အစာအဆိပ်သင့်မှုနဲ့ပဲ တရားစွဲတင်ခဲ့ပါတယ်။ ဒီလိုလုပ်ရမယ်ဆိုတာကို မြို့နယ်မှူး ဒု-ရဲမှူးစိုးဝင်းက စီစဉ်တာဖြစ်ပါတယ်။ သေပြီးစဉ်အခါက တရားခံကို ရိုက်တဲ့သူတွေကို သူ့ အခန်းထဲမှာ ခေါ်စစ်သေးပါတယ်။ နောက်ကျတော့ သူလည်း အုပ်ချုပ်မှုအရ အပြစ်ဖြစ်မှာစိုးလို့ ဒီလိုစီစဉ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။ ရဲစ ခန်းမှာ အပေါ်အဖွဲ့က လာရောက်စစ်ဆေးမှုတော့ ပြုလုပ်ပါသေးတယ်။ သိတဲ့အတိုင်း ရဲအချင်းချင်းဆိုတော့ ဘယ်ပေါ်အောင်စစ်မလဲ။ တရားခံဘက်က ကျောထောက်နောက်ခံမရှိလေတော့ ဘယ်သူမှ တိုင်တန်းမယ့်သူ မရှိဘဲ ဇာတ်လမ်းက ပြီးသွားသလိုဖြစ်ခဲ့ပါတယ်။

မိုးကြိုးကြီး
ရန်ကုန်

နောက်ဆက်တွဲ ။ ။ ယခင်အပတ်က “ရန်ကုန်မြို့က ရဲတွေအကြောင်း (၁)” ထဲမှာ သင်္ဃန်းကျွန်းမြို့နယ် ရဲ တပ်ဖွဲ့မှူး ဒု-ရဲမှူးစိုးဝင်းဟာ နယ်ထိန်းတယောက်လျှင် (၈၀၀၀၀) ကျပ် လစဉ်ကြေး ကောက်ခံတယ်လို့ ရေး သားခဲ့ပါတယ်။ အဲ့ဒီတုန်းက နယ်ထိန်းတပ်ဖွဲ့ဝင်အရေအတွက်ဟာ သင်္ဃန်းကျွန်းရဲစခန်းမှာ (၁၁) ဦးသာ ရှိတာ ဖြစ်ပါတယ်။ အခု ၂၀၀၉ ခုနှစ်၊ (၁၀) လပိုင်းကစပြီး နယ်ထိန်းတဦးလျှင် လစဉ်ကြေး (၄၀၀၀၀) ကျပ် ဖြစ်သွား ပါတယ်။ ဘယ်လိုကြောင့် ဈေးကျကုန်တာလဲ၊ နယ်ထိန်းရဲတွေကို သနားလို့လားလို့ စုံစမ်းကြည့်လိုက်တော့ ဘယ်ဟုတ်မလဲ နယ်ထိန်းတပ်ဖွဲ့ဝင်အရေအတွက်ဟာ သင်္ဃန်းကျွန်းရဲစခန်းမှာ (၂၂) ဦး ဖြစ်သွားလို့ပါတဲ့။ ကဲ ... ဘာထူးလဲ။

2 comments:

ကိုရွှေရဲ said...

မှန်တာပေါ့ဗျာ။ကျွန်တော်ကတော့ ရဲစခန်းနဲ့ နီးစပ်သူတစ်ယောက်
ပါ။၁၇-၁၁-၀၉ ရက်နေ့က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးသိန်း
ဝင်းနဲ့အဖွဲ့ လာရောက်စစ်ဆေးပါတယ်။မှန်မှန်ကန်ကန်စစ်/မစစ်
စောင့်ရမှာဖြစ်ပါတယ်။

ကိုရွှေရဲ said...

မှန်တာပေါ့ဗျာ။ကျွန်တော်ကတော့ ရဲစခန်းနဲ့ နီးစပ်သူတစ်ယောက်
ပါ။၁၇-၁၁-၀၉ ရက်နေ့က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးသိန်း
ဝင်းနဲ့အဖွဲ့ လာရောက်စစ်ဆေးပါတယ်။မှန်မှန်ကန်ကန်စစ်/မစစ်
စောင့်ရမှာဖြစ်ပါတယ်။