Wednesday, November 25, 2009

မလေးရှား ဆာဒန်းနယ်မြေမှာ ဒီနေ့ဖြစ်သွားတဲ့ လူဖမ်းပွဲ (၂၄-၁၁-၀၉)

သို့/
ဆရာလွဏ်း ...

ဒီနေ့ ကျနော်တို့ မလေးရှားက ဆာဒန်းဆိုတဲ့ နယ်မြေမှာ လူဖမ်းပွဲလုပ်တယ်ဗျ။ မနက် (၆) နာရီထဲက ဖမ်းတာ တနေ့လုံးပါပဲ ဆရာ။ အခု ကျနော် အင်တာနက်သုံးဖို့အလာ လမ်းမှာလည်း ဖမ်းဖို့ ကားတွေက စောင့်နေသဗျ။ အရင်ကဆိုရင် ရဲတွေက ရဲကားတွေနဲ့ပတ်ပြီး အခုတော့ အရပ်သုံးကားတွေနဲ့ (အော်ပရာစီဆိုတဲ့) အော်ပရေး ရှင်းလုပ်ကြသဗျ။ ကျနော့်အိမ်နဲ့ အင်တာနက်ဆိုင်ကြားမှာ တပြလောက်ဝေးသဗျ။ အဲဒီမှာ ကားအနက် ပါဂျဲရိုး လိုကားနဲ့ စားသောက်ဆိုင်တွေကို ပတ်ပြီး လိုက်ကြည့်နေသဗျ။

မနက်ပိုင်းက အဖမ်းခံရတဲ့ အမျိုးသမီးတယောက်ရဲ့အပြောပေါ့ (ဗျူးကြည့်တာ)၊ ဘာကြောင့် ပြန်လွတ်လာသ လဲမေးတော့ (UNHCR) ကတ်ရှိလို့ ပြန်လွှတ်ပေးလိုက်ပါသတဲ့။ ကျန်တဲ့လူများအားလုံး အဖမ်းခံရပါတယ်။ အင် ဒိုနီးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဗီယက်နမ်လူမျိုးတွေ ပါဝင်ပါတယ်။ ထူးခြားတာက ဖမ်းတဲ့အဖွဲ့ထဲမှာ မြန်မာလူမျိုး (နှုတ်ခမ်းမွေးရှိ) ပါနေတာပါ။ သူက ရောင်ပြန်ပါတဲ့ အင်္ကျီကို ဝတ်ပြီး (ရဲတွေဝတ်သော အင်္ကျီ) ဘာကိုင်ထားလဲ (ပတ်စပို့လား၊ UNHCR ကတ်လား) လို့ မေးတယ်လို့ သိရပါတယ်။

အခု လက်ရှိအခြေအနေမှာ မလေးရှားနဲ့ မြန်မာပေါင်းပြီး (camp) ထဲက လူတွေကို သံရုံးက လွှတ်ထားတဲ့ လူ တွေက မြန်မာပြည်ပြန်မလား မေးတယ်။ မြန်မာပြည်ပြန်ရောက်လို့ ၂၀၁၀ ရွေးကောက်ပွဲကျရင် သူတို့ပြောတဲ့ ဘက်ကို မဲထည့်ရမယ်ဆိုပြီး စည်းရုံးနေပါတယ်။ အဲဒါလက်ခံရင် မလေးငွေ (၅၀၀)နဲ့ မြန်မာပြည်ပြန်အရောက်
ပို့ပေးပါတယ်။ အဲလိုမဟုတ်ရင် Camp ထဲမှာ အကြာကြီးနေကြရပါတယ်။ အခုမနက်ကဖြစ်တဲ့ လူဖမ်းပွဲမှာ လည်း အဲလိုပဲလုပ်နေတယ်လို့ သံသယရှိလို့ စုံစမ်းနေပါတယ်။ မြန်မာအေးဂျင့် (သံရုံးက လွှတ်ထားသူနဲ့) မ လေးရှားရဲတွေပေါင်းပြီး လုပ်ကြံနေတယ်လို့ ယူဆရပါတယ်ဆရာ။

ဘာမှမရှိတဲ့ လူကို မလေးရှားငွေ (၅၀၀) ပေးရင် ချက်ချင်းလွှတ်ပေးပါတယ်။ ကျနော် သံသယဖြစ်တာက မြန် မာလူမျိုးတယောက် စကားပြန်လိုလို ပါနေတာပါဆရာ။

စံနေမင်း (မလေးရှား)
(၂၄-၁၁-၀၉)

4 comments:

Anonymous said...

ကျေးဇူးတင်ပါတယ် ကိုနေ

ကိုချစ်ဖေ said...

ကိုစံနေမင်းရဲ့ မြန်မာတွေသတင်းကို
တာဝန်ယူပြီးအများသိအောင်ဖြန့်ပေး
တဲ့စိတ်ဓါတ်ကိုလေးစားပါတယ်.ဗျာ.
ဆရာလွဏ်းကိုလည်းကျေးဇူးတင်ပါတယ်.

Myo Chit said...

သူတို့ပြောတဲ့ ဘက် ဆိုတာဘယ်ဘက်လဲ အသေးစိတ်သိချင်ပါတယ်။

Anonymous said...

မလေးရှားက camp ဆိုတာ ဘယ် camp ကို ပြောတာတုန်း။ တစ်ခါမှ မကြားဖူးဘူး မလေးရှားမှာ camp ရှိတယ်လို့ ။