မင်္ဂလာပါ ...
ရဲတပ်ဖွဲ့က အောက်ခြေရဲဘော်တယောက်ဟာ လစာ (၁၅၀၀၀) ကျပ်ပဲ ရပါတယ်။ တကယ်သုံးလိုက်ရင် (၄) ရက်(၅) ရက်စာပဲရှိပါတယ်။ ရဲတပ်ဖွဲ့အသုံးအဆောင်တွေဖြစ်တဲ့ ယူနီဖောင်း၊ equipment ၊ ဖိနပ်ကြီး၊ လက် ထိပ် စတာတွေကို မိမိအစီအစဉ်နဲ့ပဲ ၀ယ်ရပါတယ်။ နိုင်ငံတော်က ထုတ်မပေးပါဘူး။ ဒါဆို သူတို့က သင်တန်း တုန်းက ထုတ်ပေးတယ်လို့ ပြောပါလိမ့်မယ်။ သင်တန်းတုန်းက ထုတ်ပေးတာကို အခု ခင်ဗျားတောင် သုံးသ လားလို့ မေးလိုက်ချင်ပါတယ်။ စကားပြောစက်လည်း မိမိအစီအစဉ်နဲ့ပဲ ၀ယ်ရပါတယ်။ ဒါကတော့ မ၀ယ်သေး လည်း ဖြစ်သေးလို့ ထားလိုက်ပါဦး။ ဖိနပ်ကြီးတရံကို ၉၀၀၀ိ/- နဲ့ ၁၀၀၀၀ိ/- ကြားမှာရှိပါတယ်။ နောက် လက် ထိပ်တကွင်းကို တရုတ်လက်ထိပ်က ၃၀၀၀ိ/- ရှိပါတယ်။ ထိုင်းလက်ထိပ်က ၁၂၀၀၀ိ/- ရှိပါတယ်။ ရတဲ့ လစာ နဲ့ ဘယ်လိုလုပ်မလဲ။ တခြားကုန်ကြစရိတ်တွေကလည်း မနည်းဘူးရှိသေးတယ်လေ။ ဒီတော့ မရရတဲ့နည်းနဲ့ပဲ ငွေရှာကြတော့တာပေါ့။ တရားတာတွေ မတရားတာတွေ ခေါင်းထဲမှာ မရှိကြတော့ဘူးလေ။
ဒီလိုလာဘ်စားမှုတွေက ရဲဘော်တွေ မပြောနဲ့၊ အရာရှိကြီးတွေက ပိုတောင်ဆိုးပါသေးတယ်။ ရဲတပ်ဖွဲ့ကို အင်မ တန်မှကို စိတ်ဝင်စားပါတယ်ဆိုတဲ့သူတွေတောင် စိတ်ကုန်စိတ်ပျက်နေကြပါပြီ။ မင်းလည်း ရဲထမင်းစားတာ ကျေးဇူးမမေ့နဲ့လို့ ပြောရင် ဟုတ်ပါတယ် မမေ့ပါဘူး။ မမေ့လို့လည်း ဒီအကြောင်းတွေ ပြောနေရတာပါ။ ဒီရဲထ မင်းကို မစားရလည်း တခြားအလုပ်တခုခုနဲ့တော့ စားနေရမှာပါပဲ။ ရဲတပ်ဖွဲ့က ဘယ်လိုပြောရမလဲတောင် မသိ တော့ဘူး။ “တွက်ရေးကတော့ စက်သူဋ္ဌေး၊ တွက်ကြည်တော့ စက်မရှိ” ဆိုတဲ့ စကားလိုပါပဲ။
ရဲတပ်ဖွဲ့က လက်နက်ကိုင်တပ်ဖွဲ့ဆိုပေမယ့် စစ်တပ်လို မဟုတ်ပါဘူး။ တသွေးတသံတမိန့်နဲ့ အရာရာတိုင်းကို အမိန့်ပေးလို့မရပါဘူး။ စစ်တပ်က တောထဲမှာ နေရပေမယ့် ရဲတပ်ဖွဲ့က ပြည်သူတွေ ကြားမှာနေရတာပါ။ ပြည် သူလူထုကို စစ်တပ်အမိန့်ပေးသလို အမိန့်ပေးလို့မရပါဘူး။ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့ဆိုပြီး တပ်မတော်က အရာရှိတွေ ရဲထဲကို ပြောင်းထည့်ပေးခဲ့တာ ပြောင်းတော့ပြောင်းသွားပါတယ်။ ကောင်းသော ပြောင်းခြင်းတွေ တော့ ဖြစ်မလာခဲ့ပါဘူး။ အားလုံးက ဒီပုတ်ထဲက ဒီပဲတွေချည်းပါပဲ။
တပ်မတော်နေ့ မိန့်ခွန်းတခုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “နိုငိငံတော်မှာ အရေးကြုံလာရင် နောင်တော် တပ် မတော်နဲ့ လက်တွဲပြီး တိုက်ပွဲဝင်ရမယ်” လို့ သေဖော်သေဖက် ညှိတာလည်း ခံခဲ့ရပါသေးတယ်။ အဲဒီတုန်းက အမေရိကန်က ၀င်တိုက်တော့မလို လုပ်နေတဲ့ အချိန်ကပါ။ စားစရာရှိရင်တော့ ညီတော်တွေဆိုပြီး မကျွေးခဲ့ပါ ဘူး။ ရဲတပ်ဖွဲ့ဝင်တွေဟာ အစစအရာရာ မိမိအစီအစဉ်တွေချည်းပါပဲ။ ကော့သောင်းက တပ်ဖွဲ့ဝင်တယောက်ကို မြစ်ကြီးနားကို ပြောင်းလိုက်လည်း မိမိအစီအစဉ်နဲ့ပဲ ပြောင်းရပါတယ်။ ဘယ်ကိုပဲပြောင်းပြောင်း မိမိအစီအစဉ် နဲ့ပါပဲ။ ပြောင်းရွေ့စရိတ် မရပါဘူး။
ခုဆို ရဲတပ်သားသစ်တွေ အရမ်းစုခိုင်းပါတယ်။ မစုနိုင်တဲ့သူ နေရာဖယ်ပေးရမယ်လို့ ပြောပြီး စုခိုင်းနေတာပါ။ နှစ်မျိုးခွဲပြီး စုခိုင်းပါတယ်။ ရိုးရိုးရဲနဲ့ ဒေသရဲဆိုပြီးတော့ပါ။ ရိုးရိုးရဲက သင်တန်းတက်ရပါတယ်။ ယူနီဖောင်းဝတ် ရဲဆိုပါတော့၊ ဒေသရဲက သင်တန်းမတက်ရပါဘူး။ အရပ်ဝတ်နဲ့ မိမိနေရာမှာပဲ နေရမှာပါ။ လစာ (၁၅၀၀၀ိ/-) ပေးပါတယ်။ သတင်းပေးရုံပဲဆိုပါတော့။ နေ့တိုင်း တန်းစီပြီးပြောနေရတဲ့ တပ်ဖွဲ့ဝင်တွေတောင် မနည်းထိန်းနေ ရတာ။ အရပ်ဝတ်နဲ့ ကိုယ့်အိမ်မှာ နေနေတဲ့သူကို ဘယ်လိုထိန်းကြမလဲ။ ရပ်ကွက်မှာ ငပွကြီး တဦးတိုးဦးမယ့် သဘောပါပဲ။
လက်ရှိ ရှိနေကြတဲ့ တပ်ဖွဲ့ဝင်တွေက ထွက်ခွင့်ပေးရင် ပြန်ထွက်ချင်နေကြတဲ့သူတွေ များပါတယ်။ ထွက်ချင်တဲ့ သူ ထွက်ကွာဆိုရင် ကျနော်ထင်တယ် ရဲတ၀က်လောက် လျော့သွားမယ်ထင်ပါတယ်။ ဘယိသူတွေကျန်မလဲ ရှင်းပါတယ်။ နေရာရတဲ့သူတွေတော့ ကျန်ပါလိမ့်မယ်။ အဲဒါကလည်း ရဲတပ်ဖွဲ့ကို ချစ်လို့တော့ မဟုတ်ပါဘူး။ လုပ်စားခွင့်ရှိနေသေးလို့ ကျန်နေမှာပါ။ မရှိတော့ရင် သူလည်း ထွက်ပါလိမ့်မယ်။
ရဲအရာရှိတဦး
Tuesday, November 24, 2009
ပြောချင်လို့ (၄) (ပေးစာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment