ရွှေပြည်ကြီးသား
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်သတင်းရပ်ကွက်တွင် နေထိုင်ပြီး ခါနာတပုဒ်အတွက် ဝါစာကမာလုပ်စားနေ သော အတင်းသတင်းထောက် မောင်ပြာယာသည် အတိုက်အခံပါတီညီလာခံမှ ရိုးစင်းသော်လည်း တခါမှမ ဖြစ်ဖူးသော အထူးသတင်းတပုဒ်ကို ရထားသဖြင့် ကိုယ့်သတင်းကိုကိုယ် ငါမှတပါး အခြားသူများလည်း ရရှိ ထားသလော သို့မဟုတ် ထိုသတင်းကို မည်သူ့အား မျှဝေရင် ကောင်းမည်လဲ စဉ်းစားရင်း လက်ဖက်ရည်လာ သောက်ရင် ထမင်းကြော် စားလေ့ရှိသော ဘလော့ဆရာ၊ သတင်းဆရာ၊ သီချင်းဆို၊ အယ်ဒီတာ၊ ဆေးဆရာ .. စသော ဂုဏ်ထူးဝိသေသများပိုင်ရှင် အထူးသဖြင့် ဖွတ်ကလိဒင်္ဂါး ဘတ်များများ ရှိနိုင်မည့်သူ “ဦးပန်တျာ၊ ဆ ရာရောင်းရင်း၊ ဆရာ့ဆရာ” အနှီအမည်ရှိ ဆရာကဝိထံ ချဉ်းကပ်မိလေ၏။
မောင်ပြာယာ ။ ။ ဆရာ ... ဆရာ အိပ်ကောင်းစားကောင်း ဝလာပါလားဆရာ။ ခုခေတ်က ပိန်မှဆရာရဲ့ တော် လှန်ရေးနယ်မြေမှာ ပိန်ရမည်တီရှပ်ဝတ်ပြီး မော်တော်ဆိုင်ကယ်အစုတ်စီးမှ တော်လှန်ရေးနဲ့ ဂွင်ကျတာဆရာ။ ဒါနဲ့ ဟိုမော်တော်ကားစီး ဒီနယ်မြေရောက်မှ လစ်ဗင်းတူဂဲသားနဲ့ မင်္ဂလာဆောင် တခြားခေါင်းဆောင်တွေ ငါ့ လောက်မတတ်ဆိုပြီး ဘဝင်ကိုင်နေတဲ့ ဦးဝဖြိုး ခေါင်းဆောင်တဲ့ အတိုက်အခံပါတီ (ပြည်ပ) ဆိုတဲ့ ညီလာခံသ တင်း ကြားပြီးပြီလား ဆရာကဝိ။ သတင်းကတော့ ဆရာရဲ့ “တော်လှန်ရေးမန်းနီး သင့်အိတ်ထဲ မရောက်နေရ၊ တော်လှန်ရေးသတိ” ဆိုတဲ့ ဆရာ့မူဝါဒနဲ့ ကိုက်ညီလွန်းလို့ပါ ဆရာရယ်။ ထမင်းကျွေးမွေးရင်း တင်ပြပါရစေ ဆ ရာရယ် ...။
ဆရာကဝိ ။ ။ ကျနော့်သတင်းလွှာက သတင်းဗလချာ မရေးဘူးနော်။ အလိုလိုကမှ အတိုက်အခံ (ပါတီ) ပြည် တွင်းကို “ဘဝနေဝင်ခါနီး ခေါင်ဆောင်ကြီးများ ဘုရားတရား အားထုတ်ကြ၊ ပါတီသံယောဇဉ်ဖြတ်ပြီး ဥပက္ခာ တရားပွားများကြလို့ ရေးလိုက်လို့ အတိုက်အခံ (ပြည်ပ) က ကိုအာကျယ် (တရုတ်ပြည်သွား အလကားစားနေ တဲ့ မဟေသီလေးယောက်ပိုင်ရှင် ဦးညိုနွဲ့ချော) က “ဒီသတင်းလွှာ ကျုပ်လိုကောင် မဖတ်ဘူး” လို့ ခိုးခိုးဖတ်နေ ရဲ့သားနဲ့ ပြောထားသေးတယ်။ သူတို့သတင်းလည်း ကျုပ်သတင်းလွှာမှာ အရေးလုပ်ပြီး မထည့်ချင်ပေါင်ဗျာ။ လူမှုရေး ဘယ်လောက် ဖောက်ပြန်ဖောက်ပြန် အချင်းချင်း ဖာထေး၊ ကြားသတင်းတွေ ကမ္ဘာတလွှားက ဗမာ များကြား ပျံ့နှံ့ပေမယ့် နိုင်ငံခြားသွား ဒိုနာဒူးထောက်၊ ဒိုနာအလိုကျ လုပ်နိုင်တဲ့ သူတို့တစုတပြုံလုံးသတင်းက သတင်းမဟုတ်ပေါင်ဗျာ။
မောင်ပြာယာ ။ ။ မဟုတ်ပါဘူးဆရာ ... ဒါကမှသတင်း၊ အတင်းမဟုတ်ဘူး သူတို့ထဲက လက်တို့သတင်းပေး တာ။ ညီလာခံအရပ်ရပ်မှာ ဘဏ္ဍာရေးရီပို့ကို ခြွင်းချက်နဲ့တောင် မဟုတ်ပါဘူး၊ အမြဲတမ်း နားလည်မှု တပြုံတမ နဲ့အတည်ပြုလေ့ရှိကြတယ် မဟုတ်လား။ ပြည်ပရောက်အစိုးရရဲ့ ဘဏ္ဍာရေးရှင်းတမ်းတောင် စက္ကူစာရွက်နဲ့ ဒေါ်လာတသန်းရပြီး ဇီးရိုးဘတ်ဂျက် တင်ပြရုံမကဘူး၊ ကုလကိုယ်စားပြုခေါင်းဆောင် ဦးထိပ်ပြောင် ဒေါ်လာ တွေအိုင်ယာလန်ကရသော်လည်း ကျုပ်တို့အစိုးရကို အလေးမပြု ဒိုနာဆီသာရီပို့ပေး ကျုပ်တို့အစိုးရကို ကော် ပီ လေးတောင် ပေးဖော်မရလို့ မတင်ပြနိုင်ပါဘူးဆိုတဲ့ ဘဏ္ဍာရေးဝန်ကြီးရဲ့ ဘဏ္ဍာရေးရှင်းချက်ကိုတောင် ပြည်သူ့မဲဆန္ဒရှင် ပညာရှိ အီကော်နော်မစ် ပါရဂူ MPU တွေက ဘီယာသောက်ပြီး ထောက်ခံခဲ့ကြတာမဟုတ် လားဗျ။ ခုဟာက တမျိုးကြီးဗျ ... တမျိုးကြီး။
ဆရာကဝိ ။ ။ ဒါဖြင့်လည်း ပြောပြလေဗျာ။ အချိန်ကုန်အောင် နားထောင်ရမှာပ။ လက်ဖက်ရည် ထမင်းကြော် အပြင် အဟာရပါလွေး၊ ကျုပ်နားမဆွေးအောင် ပြောစေဗျာ။
မောင်ပြာယာ ။ ။ ဒီလိုဆရာရဲ့ ... ဘဏ္ဍာရေးရှင်းတမ်းမှာ ရငွေ၊ သုံးငွေ၊ ချေးငွေ အကြွေးဆပ်ငွေတွေအပြင် ဘယ်လောက်စုစောင်းမိပြီလို့ ဖော်ပြသတဲ့။ စာရွက်ကတော့ (၂) မျက်နှာ ဒိုနာက ဘယ်လောက်ချစ်ကြောင်း ဒါကြောင့် ငွေများများရပြီး သုံးနိုင်၊ ဖြုန်းနိုင်၊ ပြည်တွင်းထောက်ပံ့နိုင်ခဲ့ပါတယ်တဲ့၊ ဒိုနာရဲ့ဗမာပြည်တွင်း ဒီမိုက ရေစီအရေး၊ နိုင်ငံရေးထောင်ကျသူတွေရဲ့ လူမှုရေးအတွက် ၆၀% သုံးဖို့ ကတိစာချုပ် လက်မှတ်ထိုးခဲ့ရသော် လည်း ပြည်ပမှာ ဟိုဟာ ဒီဟာ ဘာဘာညာညာအပြင် မော်တော်ကားစရိတ်တောင်း၊ ပြည်ပသွားဖို့ နိုင်ငံကူး လက်မှတ်ရဖို့၊ နိုင်ငံကူးလက်မှတ်အသက်ဆက်ဖို့နဲ့ လူကြီးသူမ ကျန်းမာရေး ကိုယ့်လူမှုရေးကြောင့် ရာနှုန်းပြည့် ပြည်တွင်းမထောက်ပံ့နိုင်သော်လည်း အများကြီးထောက်ပံ့ခဲ့ပါသတဲ့။ ရွှေဝါရောင်တော်လှန်ရေးကို ဒီဘက်ကပဲ စပေးလိုက်သလိုလို ဟိုဘက်မှာ ကျုပ်တို့လူ ဘယ်သူဘယ်ဝါထောင်ကျ၊ ကျုပ်တို့နဲ့ ဆက်သွယ် ငွေပေးလို့ဗျ၊ ဒါ ကသက်သေတွေပဲရရှိကြောင်း၊ ပြေစာဘယ်ပြနိုင်မလဲ၊ ထောင်ကျတော့မှ သိကြ၊ တောင်းရိုးပြရိုး ထုံးစံပြေစာမ ရှိ။ ပြည်တွင်းပို့ ၄၀% ခင်ဗျားတို့သိအောင်ပြောတာ တုပ်တုပ်မျှမလှုပ်ကြနဲ့။ ကျုပ်တို့ကို ယုံ၊ ဒိုနာက ကျုပ်တို့ပြီး ရင် ပြီးတာ၊ စောဒကမတက်ကြနဲ့၊ အတည်ပြုကြပါ၊ တော်လှန်ရေးသတိနဲ့ နားလည်မှုရှိရှိ ထောက်ခံအတည်ပြု ကြပါ။ ဒိုနာ မသိတန်တာ မသိအောင် တိတ်တိတ်နေပေး၊ ကျုပ်တို့ပြတဲ့ ဘဏ္ဍာရေးစက္ကူ ပြန်သိမ်းမယ်။ တော် လှန်ရေးအသိနဲ့ ပြန်ပေးကြပါလို့ ညီလာခံမှာ ပြောရိုးထုံးစံ၊ တော်လှန်ရေးအသိနဲ့ မျက်စိမှိတ်ထောက်ခံ၊ ငါ့လူ တွေနောင်မှ ဘီယာဖိုး၊ ငါ့အမျိုးအတွက် ပြည်တွင်းပို့ဖို့ လက်တို့တောင်းမည်လို့ သဘောမျှကြပြီး ညီလာခံ၌ ခေါင်းညိတ်ကြကာ “သာဓု .. သာဓု .. သာဓု” လို့ သုံးကြိမ်ခေါ်ပြီးသကာလ အောင့်သက်သက်နဲ့ အတည်ပြုကြ မြဲပါတဲ့။ ဒီတခါတော့ ထူးသဗျာ။ အဟုတ်ကို ထူး၊ တောင်ထိပ်ကြာပေါက် အနောက်နေထွက် ဗမာပြည်မှာ အာ ဏာရှင်ကျဆုံး၊ ပြည်ပအစိုးရ၊ ပြည်တွင်းမှာအစိုးရ၊ မဲဆောက်မှာ ဗမာတွေ အလုပ်ရုံပိုင်ရှင်ဖြစ်၊ ဗမာလုပ်သား တွေ တိုက်ဆောက်၊ ပညာတတ်တွေဖြစ် အဲသလိုကို ထူးသဗျာ ...။
ဆရာကဝိ ။ ။ ပြောပါဗျာ။ နာမဝိသေသတွေ ထူးလှချည့်လား။ မဟုတ်ရင်တော့ ဒါပဲနော်။
မောင်ပြာယာ ။ ။ ပြောမှာပေါ့ဗျာ။ ညီလာခံလာတက်တဲ့သူထဲမှာ ရွှေဥဒေါင်းရဲ့ Gentleman တဦး ပါသတဲ့ဗျာ။ သူသည်ကားဆိုလျှင် သူ့အစ်ကိုတဦးက တော်လှန်ရေးမှာ ကျဆုံးခဲ့ပြီး တော်လှန်ရေးသစ္စာရှိဖို့လိုကြောင်း ပြော ခဲ့တဲ့ အစ်ကိုစကား အမြဲနားထောင်သတဲ့။ သူ့ဖခင်ကလည်း ပါလီမန်ခေတ်အမတ်တဦးမို့ ငယ်ငယ်ကတည်းက Gentleman အဖြစ် သွန်သင်ဆုံးမခဲ့သတဲ့။ အခုလည်းဘဲ Gentleman တို့ တိုင်းပြည် အင်္ဂလန်မှာနေပြီး Gen- tle man Life Style နဲ့ နေရုံမက တနှစ်တခါနှစ်ခါ မဲဆောက်လာပြီး ပညာရေးထောက်ပံ့၊ သူ့ရဲဘော်တွေ ထောက်ပံ့ သူစရိတ်သူစားပြီး လာလေ့ရှိပါသတဲ့။ အသက်မွေးတာကလည်း စိတ်ကုဆရာဝန်၊ ဗုဒ္ဓဘာသာတ ရားအရ အဒိန္နာဒါနာဆိုရင် စိတ်တူရင်တောင် ငရဲက မလွတ်နိုင်၊ ဘုရား တရား ရင်ဝယ်ထားဖို အမြဲကြိုးစားနေ ပါသတဲ့။ လိပ်ပြာသန့်ဖို့ အဓိက၊ သူများယိမ်းတိုင်း မယိမ်းနိုင်၊ ဝေလေလေ သာဓုခေါ်တဲ့အထဲ မပါနိုင်ဘူးတဲ့။ ဒါ ကြောင့် ဘဏ္ဍာရေးသီဝရီအရ အတွင်းစာရင်းစစ်မပါ အပြင်စာရင်းစစ်ဖို့ ဝေလာဝေး ဂဏန်းတွေ ပေါင်းပြထား တဲ့ ဘဏ္ဍာရေးမှူး၊ ငါတဦးတည်းငွေကိုင်၊ ဘဏ်စာအုပ်ကိုင်၊ ငါတဦးတည်း စာရင်းလုပ်ထားတဲ့ စာရင်းမို့ ထောက်ခံသမှု လက်မှတ်မထိုးနိုင်ပါဘူးတဲ့။ လိပ်ပြာသန့်သန့် လက်မှတ်ထိုးနိုင်အောင် စာရင်းစစ်တော့ စစ် ပေးပါဦးလို့ ခိုင်ခိုင်မာမာ ရပ်တည်ချက်နဲ့ ပြောတော့ သူ့သမာဓိ ဘယ်သူပြိုင်လို့နှိုင်းနိုင်ပါမလဲ၊ ယခင့်ယခင်က လို ခြွင်းချက်နဲ့ အတည်မပြုနိုင်ဘဲ စာရင်းစစ်ပြီးမှ အတည်ပြုမတဲ့ မထူးခြားဘူးလား …။
ဆရာကဝိ ။ ။ တော်လှန်ရေးနယ်မြေ မန်းနီးမိတ်ကာ Plan အကြောင်းပြု ဖွတ်ကလိဒင်္ဂါး ဒေါ်လာစားတို့ ညီ လာခံတွေထဲမှာတော့ ထူးတာပေါ့ဗျာ။ ဒါပေမယ့် အတင်းရပ်ကွက်က အတည်မပြုရသေးသော သတင်းတပုဒ်မ ဖြစ်စေနဲ့၊ သွားအတည်ပြုချေဦး။
သတင်းသမား အတင်းရပ်ကွက်နေ မောင်ပြာယာသည် ဆိုင်ကယ်စီးပြီး မော်တော်ပီကယ် ထိုင်းပုလိပ်တို့ ဒီအ ချိန် (၁၀) နာရီခန့်မှာဖြင့် မရှိတန်ကောင်းပါရဲ့လို့ သံဗုဒ္ဓေ အခါခါရွတ်ပြီး မဲဆောက်ဝင်ဒါမီယာရှိ ဦးဝဖြိုးတိုက် ရှေ့သို့ သွားရောက်သတဲ့။ ဦးဝဖြိုးတိုက်ရဲ့တံခါးမှာပိတ်ရပ်ထားတဲ့ မြန်မာပြည်မှာ ဗိုလ်ချုပ်တွေမှစီးတဲ့ တရုတ် ဖြူက အလကားမတ်တင်းနဲ့ ပေးထားတဲ့ ပရာဒိုကားနံဘေးက ကပ်ကပ်သပ်သပ် ဝင်ရောက်သော် ဘီယာဘူးခွံ တွေ၊ ပုလင်းတွေ၊ ကျွတ်ကျွတ်အိတ်တွေ ရှောင်ရှားပြီး ဆူဆူညံညံ ဘူးခွံသံကြားလို့ ထွက်လာတဲ့ အတိုက်အခံ ပါတီ (ပြည်ပ) ခေါင်းဆောင် ဦးဝဖြိုး၊ မီဒီယာမှာ အဖြီးများတဲ့ ဦးညိုချောနွဲ့နဲ့ နရသိန်ထောင်ကထွက်ပြီး ပြည် တွင်းမှာ ဘာမှနိုင်ငံရေးမဆောင်ရွက်ဘဲ ပြည်ပမှာ စီးပွားရေးပါရဂူဖြစ်နိုင်ဖို့ ပြည်တွင်းက စက်ရုံမှာ ကုန်တိုက် တွေမှာ မန်နေဂျာအလုပ်လုပ်ပြီး လေ့လာခဲ့တဲ့ ဂေါ်စွံ မင်းသားချော ဦးကုမုဒြာ တို့ကို နိုင်ငံခြားသွားဖို့ ပြင်နေ ဟန်၊ သေတ္တာတွေ၊ Lap top တွေ၊ ဖိနပ်တွေ၊ နက်ကတိုင်တွေကြားမှာ အလုပ်များနေတာတွေ့ရပါသတဲ့။
မောင်ပြာယာ ။ ။ ဦးဝဖြိုးတို့၊ ဦးကုမုဒြာတို့ခင်ဗျား ... ကျနော် အတင်းရပ်ကွက် သတင်းသမား မောင်ပြာယာပါ။ ယခင်က ကြေးမုံ၊ ဗမာ့ခေတ်သတင်းထောက်၊ ယခုပြည်ပရောက်တာကြာပါပြီ။ တော်လှန်ရေးသတင်းထောက် သတင်းမှန်သမျှ ဟုတ်တာရေးမည်လို့ ကြွေးကြော်နေတဲ့ ညနေသတင်းစာ DAWN မှာ လုပ်ပါတယ်။ သတင်း တပုဒ် အတည်ပြုချင်လို့ပါ။
ဦးညိုနွဲ့ချော ။ ။ ကျုပ်က ဧရာဝတီ၊ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေနဲ့သာ စကားပြောတာ၊ အချိန်လာမဖြုန်း ပါနဲ့။ ဟို ... ဦးစိန်စတင်း မေးတာတောင် ဖြေတာမဟုတ်ဘူး။
မောင်ပြာယာ ။ ။ ဦးစိန်စတင်းကလည်း နာမည်ကြီး Image ရှိမှ သူက မေးပါတယ်။ ဦးညိုနွဲ့ချောကတော့ တဦး တည်းသော တရုတ်ဇိန“ခွေးမျိုးပေါက်ဖော်” ဖြစ်လို့ ယူနန်ပြည်များနေလို့ မမေးဖြစ်တာထင်ပါရဲ့။ ထားပါတော့ ထားပါတော့။ ကျနော်မေးချင်တာမမေးခင် ဆရာတို့ ဘယ်သွားကြ ... မနေ့ကမှ တာဝန်ကြီးကြီးတွေရ ... ရွေး ကောက်ပွဲအတွက် အချိန်မရှိဖြစ်နေတုန်း ... ဆရာသမားတို့ ဘယ်ဂိုးကြမလို့တုန်း ...။
ဦးဝဖြိုး ။ ။ လျှို့ဝှက်ထောက်တဲ့ဆိုတာ မကြားဖူးဘူးလား။ ညီလာခံက လူတွေတောင် ကျုပ်တို့ ခရီးသွားစရာရှိ လို့မြန်မြန်လုပ်ကြပါပြောတာ ဘယ်သွားမလဲမမေးကြဘူး သိတတ်ကြတယ်။ ခင်ဗျားက ဘာကြောင့်မေးရသလဲ သွားစမ်းပါဗျာ။ အလုပ်ရှုပ်ရတဲ့အထဲ၊ ကျုပ်မဒီနဲ့ Family way ဖြစ်နေတာတောင် ကျုပ်တို့သွားရမှာဗျ။ အမေရိ ကန်က ဒိုနာကို ဂါရဝပြု၊ ရွေးကောက်ပွဲဝင်စေချင်နေတဲ့ ဒိုနာတွေဆီက ဒေါ်လာများများရအောင် သွားတယ်လို့ များ အတင်းရပ်ကွက်မှာ သတင်းဖြစ်နေရင် ခင်ဗျားတို့တာဝန်၊ တော်လှန်ရေးမှာ ဟိုဘက်အကြိုက် လိုက်မရေး နဲ့၊ အမှားတွေဖော် ဟိုကောင်တွေ ဝမ်းမသာစေနဲ့ဆိုတဲ့ ဆောင်ပုဒ်ကျင့်သုံးစမ်းပါဗျာ။
မောင်ပြာယာ ။ ။ ဒီလိုဆို ဘယ်လိုကွန်ဖန်းလုပ်မလဲ။ ဘဏ္ဍာရေးအစီရင်ခံစာ အတည်မပြုတဲ့အကြောင်းရော နိုင်ငံခြားဆိုလို့ အရေးတကြီး (၃) လကြာမည်၊ သွားကြမယ်ဆိုတာ ဆရာတို့လို ပါတီကြီးက ထင်သာမြင်သာ မ ပြောကြဘူးလား။ ကိုအော်ဒနေးရှင်း၊ ခရီဒင်ရှယ်ဘယ်မှာလဲ။
ဦးညိုနွဲ့ချော ။ ။ ဒါက ဒီလိုပါ။ ကျနော်တို့ဆီကို အမေရိကန် နိုင်ငံခြားရေးဌာနက အဆင့်မြင့်တွေလာတယ်ဗျ။ သူတို့က ကျနော်တို့နဲ့ ဗမာ့နိုင်ငံရေး အသိအမြင်တွေ ဖလှယ်ဖို့၊ ဘယ်လိုများ ပြည်တွင်းရဲ့ အသံတွေ၊ မိခင်အ တိုက်အခံပါတီရဲ့ အသံတွေနဲ့ ဟန်ချက်ညီညီ၊ အားကောင်းကောင်း၊ ထင်သာမြင်သာရှိ၊ ဘာတွေဆောင်ရွက် နေကြသလဲ။ တော်လှန်ရေးကြီး အဓွန့်ရှည်ဖို့ ကြိုးစားနေသလားဆိုတာ လာကြည့်ကြတယ်ဗျာ။ နောက်ဆက် တွဲ အစီရင်ခံခြင်းလို့ သူတို့က ခေါ်လို့၊ သူတို့က ခေါ်လို့၊ ဒိုနာက ခေါ်လို့ သွားတယ်ဗျာ။ မယုံရင် အမေရိကန်မှာ ရှိတဲ့ အရာထမ်း ဟို ဦးမှန်ကူကွက် မေးကြည့်ပေါ့ဗျာ။
မောင်ပြာယာ ။ ။ ဒါနဲ့ ဘာကြောင့် ကြာကြာသွားရမှာလဲ။ ဒီကအလုပ်တွေ အရေးကြီးတယ်။ ဘယ်လောက်ကြာ ကြာပစ်ထားမှာလဲ။
ဦးဝဖြိုး ။ ။ ဟာ ... ဒီလူတွေ ဘာတွေပြောနေတာလဲ။ ကျနော်တို့က ‘ဒီမှာ ဦးညိုနွဲ့ချော’ ကိုယ်ကျိုးစွန့် အနစ်နာ ခံနေတာဗျ။ အခု တော်လှန်ရေးနယ်မြေမှာနေတာ (၃) နှစ်ကျော်ပြီ။ ကျနော်တို့ရဲ့ မဟေသီလည်း ရှိသမှ (၃) လပဲကြာမှာ၊ တော်လှန်ရေးအသိနဲ့ ခွင့်လွှတ်ပါဗျာ၊ ကျုပ်တို့ Office တွေ ယူထားသော်လည်း ငွေတွေလည်း တ ခြားမသုံးရအောင် လုပ်ထားခဲ့တယ်ဗျာ။
ဦးကုမုဒြာ ။ ။ ဘဏ္ဍာရေးသတင်းကတော့ စာရင်းစစ်ရမှာ မှန်ပါတယ်။ (၃) လအတွင်း စစ်နိုင်အောင် ငွေတွေမ ထုတ်နိုင်အောင်၊ စာရင်းစစ်ပြီးမှ သုံးနိုင်အောင် ကျန်တဲ့သူတွေ ဘာမှလုပ်မရအောင် စီမံထားခဲ့ပါတယ်ဗျာ။
မောင်ပြာယာ ။ ။ ထားပါတော့၊ ထားပါတော့၊ နားလည်ပါပြီ။ ဝေ့လည်ကြောင်ပတ် အဖြေပေးတဲ့ ပူပူနွေးနွး အ မှုဆောင် မျိုးဆက်သစ်တွေကို ကျေးဇူးတင်ပါတယ်။
သတင်းထောက် မောင်ပြာယာသည် ဘာမှရေရေရာရာ ကွန်ဖန်းမရှိ သူတို့ပြောတာ ဟုတ်သလား သိရအောင် လေပုတ်ထုတ်ကုန်းသို့ ခေါင်းငိုက်စိုက်ကျပြီးလာခဲ့ရာ လေပုတ်ထုတ်ကုန်းမှာ လူတွေစုံနေပြီ။ အတိုက်အခံပါတီ မှ မျိုးဆက်အိုကြီးများ၊ အခြားပါတီမှလူများ အတင်းမျိုးစုံ သတင်းမျိုးစုံ စားပွဲမှာမရှိသောသူများ၏ သတင်းမျိုး စုံ အတင်းမျိုးစုံတွေ ဟောင်ဖွာဟောင်ဖွာ ပြောနေတာ ကြားရ၍ နားစွင့်နေမိလေ၏။
ခေါင်းဖြူကြီး ။ ။ အမေရိကန်က ဒိုနာဆီမှာ အလုပ်လုပ်တဲ့ ဦးမှန်ကူ ပြောတာတော့ သူတို့ကို ဟိုက မဖိတ်ပါဘူး တဲ့။ လာရင် သူတို့ငွေတွေ အလဟဿသုံးတာ သူတို့ပါ တရားခံဖြစ်မှာစိုးလို့ မလာစေချင်ပါဘူးတဲ့။ တကယ် တော့ သူတို့က ဗမာပြည်က past port နဲ့ လာတာဆိုတော့ အဲဒီဗမာ P ဗမာပို့လဲ သက်တမ်းကုန်နေတော့မှာ မို့ အမေရိကန်သွားဒူးထောက်ပြီး Green Card ယူဖို့ (၃) လကြာမှာပါကွာ။ ငါတို့ကို Transparency ထင်သာ မြင်သာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် မရှိမှတော့ နိုင်ငံရေးဘယ်လိုလုပ်ကြမလဲ။ ကိုယ့်နိုင်ငံ ဘယ်လို ဒီမိုက ရေစီ ဖော်ဆောင်နိုင်မလဲ၊ ကိုယ်ရေးကိုယ်တာတွေ ညီလာခံမှာ တော်လှန်ရေးနယ်မြေ လုံခြုံမှုမရှိလျှင် တတိ ယနိုင်ငံ သွားရမှာပါလို့ပြောပြီး eoe အရွေးခံရတဲ့အခါ တတိယနိုင်ငံ (၃) နှစ်အတွင်း မသွားပါဘူးဆိုပြီး စာချုပ် ကတိလက်မှတ်ထိုးလိုက်တယ်။ ဒါပေမယ့် ညီလာခံမတိုင်ခင်က အမေရိကန် တိုင်းခန်းလှည့်ဖို့ ဗီဇာရပြီးသား၊ စီစဉ်ပြီးသား၊ ညီလာခံတောင် မပြီးသေးဘူး ဖင်တကြွကြွနဲ့ ဖြစ်နေကြတာ။ ပူပူနွေးနွေး ကတိဖျက်တာ ...။
မောင်ပြာယာ ။ ။ အတင်းတော့ရပြီ။ ‘တော်လှန်ရေးအဓွန့်ရှည်ပါစေ’ ဆိုတဲ့ အခန်းကဏ္ဍမှာ အတည်မပြုရသေး သော သတင်းတပုဒ်ကို ကြားသိရကြောင်းလို့ ဖော်ပြရမည်ပေါ့။ သာဓု ... သာဓု ... သာဓု ...။
ရွှေပြည်ကြီးသား
Monday, November 23, 2009
အတင်းရပ်ကွက်မှ အတည်မပြုရသေးသော သတင်းများ (သရော်စာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment