အမှန်နဲ့ အမှားများ
လင်းတည်ဦး
အုတ်ခုံကလေးပေါ်မှာ
ကျောင်းကပြန်လာတဲ့ ကလေးငယ်တချို့
သူတို့လေ့ကျင့်ခန်းစာအုပ်တွေ ကိုယ်စီထုတ်လို့
စာအုပ်ထဲက
အမှန်နဲ့ အမှားသင်္ကေတတွေ
(ဒီသင်္ကေတတွေက
သူတို့မိဘတွေအဖို့တော့
အရေးကြီးမှာ အသေအချာပါပဲ)
တဦးချင်းစီ ရေတွက်ကြ ...။
ပြီးတော့
ဘယ်သူက အမှန်အများဆုံး
ဘယ်သူက အမှားအများဆုံးဆိုတာ
ရယ်ရယ်မောမော
အော်ဟစ်ကြေညာလိုက်ကြတယ် ...။ ။
လင်းတည်ဦး
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၉၉)
လင်းတည်ဦး
အုတ်ခုံကလေးပေါ်မှာ
ကျောင်းကပြန်လာတဲ့ ကလေးငယ်တချို့
သူတို့လေ့ကျင့်ခန်းစာအုပ်တွေ ကိုယ်စီထုတ်လို့
စာအုပ်ထဲက
အမှန်နဲ့ အမှားသင်္ကေတတွေ
(ဒီသင်္ကေတတွေက
သူတို့မိဘတွေအဖို့တော့
အရေးကြီးမှာ အသေအချာပါပဲ)
တဦးချင်းစီ ရေတွက်ကြ ...။
ပြီးတော့
ဘယ်သူက အမှန်အများဆုံး
ဘယ်သူက အမှားအများဆုံးဆိုတာ
ရယ်ရယ်မောမော
အော်ဟစ်ကြေညာလိုက်ကြတယ် ...။ ။
လင်းတည်ဦး
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၉၉)
No comments:
Post a Comment