Tuesday, November 3, 2009

အတင်းဆရာ မောင်ပြာယာ အင်တာဗျူး

အတင်းဆရာ မောင်ပြာယာ အင်တာဗျူး
ရွှေပြည်ကြီးသား

သတင်းဆရာ မောင်ပြာယာသည် နိုဝင်ဘာ (၁) ရက် နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာကို ကိုင်ဆောင် လျက် ပြည်ပရောက်အမတ်များသမဂ္ဂရုံး(မဲဇာ) MPU ရုံးသို့ ဝင်လာရာ ခေတ်ပြိုင်မှာ ဆောင်းပါးရေးတဲ့၊ ဒေါက် တာလွဏ်းဆွေဘလောက်၊ ဟိုဘလောက် ဒီဘလောက်များမှာ နာမည်ကြီးပြီး လူကြိုက်များ ကျော်ကြားနေတဲ့ နာမည်ကျော် စာရေးဆရာ နိုင်ဆလပ်နှင့် တွေ့လေသတဲ့။

ဆရာနိုင်ဆလပ်သည် သူရရှိသော အကြံအဖန်လုပ်ထားသော ငွေလေးထဲက နံနက်စာအတွက် ကြက်သား ဟင်းထုပ်ဖိုး (၅) ဘတ်၊ ကန်စွန်းရွက်ဖိုး (၅) ဘတ် ဝယ်ယူစားသောက်ပြီး၊ NCGUB က သူ့ကို ထောက်ပံ့ကြေး မပေးဘဲ ဖြတ်စားလျှပ်စား လုပ်နေတဲ့အကြောင်း ဘယ်လိုပြန်တွယ်ရမလဲ၊ ခေတ်ပြိုင်ကိုပို့ရင် ပိုက်ဆံရမယ်၊ NCGUB ရောက်ချင်ရင်တော့ ဘလောက်တွေက တွယ်အုံးမှဟု အာရုံများနေချိန်၊ နည်းနည်းလည်း စိတ်မရှည် ဖြစ်နေချိန်ပေါ့။

မောင်ပြာယာ ။ ။ ဆရာ ဒီဘန်ကောက်ပို့စ်မှာ ကနေဒါမြင့်ဆွေနဲ့ ဆရာတို့အမတ် ထွန်းဦးတို့ အင်တာဗျူးဖတ် ပြီး ဝေဖန်ပေးပါအုံး။

နိုင်ဆလပ် ။ ။ ဟာဗျာ ဘိုလိုမဖတ်တတ်ပါဘူး။ ကျုပ်လို မဖတ်တတ်တဲ့လူတွေ သိမှာမှမဟုတ်တာ။ ဒါ့ပြင် လည်း ဒီငနဲတွေက ဘာကောင်တွေမို့ ကျုပ်က ထင်မြင်ချက်ပြောရမှာလဲ၊ ထင်မြင်ချက်ပြောရအောင် အချိန် ကုန်တယ်။

မောင်ပြာယာ ။ ။ ဘိုလိုဖတ်တတ်တဲ့ စာဖတ်သူတွေ အထင်မှားအမြင်မှားဖြစ်အောင် (မြန်မာပြည်သား အ တိုက်အခံ အမတ်တဦးရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအူသံ အဲ…မှားလို့ ရွေးကောက်ပွဲ ရင်ဖွင့်ကြိုသံ) ဆိုပြီး ရေးထားလို့ပါဆရာ။

နိုင်ဆလပ် ။ ။ နေဦး မောင်ရင့်လည်း မေးရဦးမယ်၊ မောင်ရင်က ဘယ်မီဒီယာ၊ ဘယ်သတင်းစာကလဲ၊ ဘယ် သူက အသိအမှတ်ပြုလို့ ငါကဲ့သို့သော အောင်မြင်တဲ့ လူထုအသိအမှတ်ပြု၊ ခေတ်ပြိုင်က ဦးခိုက်ပူဇော်၊ ပညာ ကျော် ဆောင်းပါးရှင် MPU အဖွဲ့ဝင်ကို အင်တာလာဗျူးနေရတာလဲ၊ သွားစမ်းပါကွာ။

မောင်ပြာယာ ။ ။ ဆရာကလည်း သိသားနဲ့ မေးနေပြီ။ မိုးကြိုး၊ မိုးမခ၊ ဧရာဝတီ၊ တရုတ်ကြီး၊ ဒေါက်တာ လွဏ်းဆွေ၊ ရှစ်လေးလုံးဘလောက်တွေမှာ ကျနော် ဆရာ့အကြောင်းတွေ ရေးနေတာလေ၊ ကလောင်အမည် ကိုယ့်ဟာကိုယ်တောင် ဘာတွေပေးမိမှန်းမသိ ဖြစ်နေတာ၊ ဆရာ မေးရမယ့် မေးခွန်းက အဲဒီ ဘန်ကောက်ပို့စ် က မြင့်ဆွေကို မေးရမှာ။

နိုင်ဆလပ် ။ ။ မြင့်ဆွေ ငါသိပါတယ်၊ သက်စိုးလွင်အစ်ကို၊ သူ့အမေကတောင် မြင့်ဆွေ ငါ့သားမှုတ်ဘူးလို့ သေခါနီး သားအဖြစ်က စွန့်ခဲ့သေးတာ။ နအဖဆီ သွားသွား မျက်နာချိုသွေးနေတာ၊ အမေဆုံးတော့ မိဘဘိုး ဘွားလက်ထက်ပိုင်ပစ္စည်းတွေ မြန်မာပြည်ထဲ သွားရောင်းချပြီး (ဒီလိုရောင်းချနိုင်အောင်လို့ နအဖနဲ့ နားလည် မှုယူထားမှ ရောင်းလို့ရတာ။) နို့ဖိုးစခန်းက သူ့အမတောင် တပြားမှ ဝေစုမပေး အကုန်သူ့အိတ်ထဲ ထည့်တဲ့ ကောင်။ သူ့အကြိုက် လိုက်ဖြေမယ့် ဟိုခွဲရေးသမား ထွန်းဦးကို ဗျူးတာများ ဆန်းလို့လား။

မောင်ပြာယာ ။ ။ ဆရာ ထွန်းဦးကို သိလို့လား။ သူ့ငယ်ငယ်က ပုံတဲ့ဗျ၊ ဒေါက်တာစိန်ဝင်း၊ ဗိုလ်ချုပ်မြတို့နဲ့ ရိုက်ထားတာ၊ သဖြဲလေးနဲ့ ချောသား၊ သူလည်း အမတ်တဦးပဲဆို။

နိုင်ဆလပ် ။ ။ မှတ်ထား၊ ၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပြီးတော့ နအဖက အာဏာလွှဲပြောင်းမပေးဘူးဆို တော့ ဂန္ဒီခန်းမ ကြေညာချက်မှာ နအဖကို စက်တင်ဘာမှာ လွှတ်တော်ခေါ်ယူဖို့ တောင်းဆိုခဲ့ရာမှာ နအဖက မပြန်ကြားရင် ဘာဆက်လုပ်ကြမလဲလို့ မန္တလေး အမရပူရ ဦးဘဘွားနေအိမ်မှာ အမာခံတွေ ရွေးတဲ့ အစည်း အဝေးလုပ်ကြတယ်၊ အဲ့ဒီမှာ ဝန်ကြီးချုပ်တဦး လျာထားခဲ့ကြတယ်။ ထွန်းဦး အစည်းအဝေးတောင် မတက်ခဲ့၊ မာနယ်ပလောမှာ အစိုးရဖွဲ့မယ်ဆိုတော့မှ အပြေးလေး ရောက်လာခဲ့တာ။ ကိုစိန်ဝင်းက ရောက်တဲ့အမတ် တယောက်မကျန် ဝန်ကြီးခန့်မှာဆိုတော့ အပြေးလာ မျက်နှာချိုသွေး၊ သွားဖြဲပြ၊ ဓာတ်ပုံရိုက်ကြပေါ့။ ဗိုလ်ချုပ်မြ နဲ့ တွဲရိုက်တာ မဆန်းပါဘူး၊ ဗိုလ်ချုပ်က လာသမျှ အမတ်တွေကို မုန့်ဖိုး၊ ပဲဖိုး စွန့်ကြဲနေတာပဲဟာ။ ထွန်းဦးဆို တာနေရာတကာ၊ ကဖျက်ယဖျက်၊ နှစ်ခြမ်းခွဲခဲ့တယ်။ NLD ဖို့တ်ဝိန်းဆိုပြီး တစင်ထောင်ခဲ့တယ် NLD(LA) ထဲမပါဘူး။ ပြည်တွင်း NLD ကပဲ သူ့ဖွဲ့ခိုင်းသလိုလို၊ ပြီးတော့ အမတ်ဆိုပြီး အကြံအဖန်လုပ်၊ တစင်ထောင် ခွဲ ထွက် သိုးမည်းထွန်းဦး။ ဒီလိုလူမျိုးကို မင်းတို့ မီဒီယာကဆိုပြီး ဖုတ်ဖက်ခါပွဲထုတ်၊ ကိုယ်လိုချင်တာမေး၊ ထွန်း ဦးကလည်း သူများဖြူရင် သူမဲပြတဲ့အကောင်။ သိုးမဲကွ ... သိုးမဲ။

မောင်ပြာယာ ။ ။ သူက အခြေခံဥပဒေဆိုတာ ပြင်နိုင်တာပဲ၊ တဖြည်းဖြည်းတော့ ပြင်ကြတာပဲတဲ့ဗျာ။ ဒါကို ဆရာ ဘာများပြောချင်ပါသလဲ။

နိုင်ဆလပ် ။ ။ ထွန်းဦးက စာမဖတ်ဘူး၊ မလေ့လာဘူး။ တဖြည်းဖြည်းချင်း ပြင်မယ် ဘာမယ်နဲ့၊ ပြင်လို့ကိုမရ တာ။ လွှတ်တော်ထဲမှာ အမတ်အများစု ၇၅ % ကျော်က တောင်းဆို၊ လူထုဆန္ဒခံယူပြီး၊ ဒီလူထုအားလုံး(အား လုံးဆိုတဲ့ စကားလုံးပါတယ်) ၁၀၀% သဘောတူမှပြင်လို့ရတာ၊ ဒါမျိုးဆိုရင် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကြာမှ ပြင်လို့ရမှာလား။

မောင်ပြာယာ ။ ။ နောင်လာနောက်သားတွေအတွက် ရွေးကောက်ပွဲ ဒါပဲ ထွက်ပေါက်ဆိုတဲ့ သဘောကရော ဆရာ။

နိုင်ဆလပ် ။ ။ နောင်လာနောက်သားတွေက၊ တို့တတွေအားလုံး အမှန်တရားရင်ဆိုင်ပြီး ကြံ့ကြံ့ခံပြီး ဒီစစ် အုပ်စုကို မတွယ်ခဲ့ရင် တို့ကို သမိုင်းတရားခံလို့ သတ်မှတ်မှာ။ ဘုန်းကြီးသတ်တဲ့ စစ်အုပ်စု၊ အာဏာရူး ဘုရင်ရူး သန်းရွှေကို တို့က အနိုင်မဆန့်ကျင်ရင်၊ အမှန်တရားက ဖက်ဆစ်အစိုးရ ဆန္ဒမဲယူရာမှာ မတရားလုပ်ထားမှန်း သိရက်နဲ့ ရွေးကောက်ပွဲဝင်ပြီး ဘုရင်ရူးကို တသက်လုံးကျွန်မခံနိုင်ဘူး။ နောင်လာနောက်သားတွေ ကျွန်မဖြစ် စေချင်ရင် သင်းတို့ သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲကို အသေခံဆန့်ကျင်ရမှာပဲ။ ဒါပဲဟေ့၊ သွားတော့ကွာ၊ ပိုက်ဆံမရှိလို့ စိတ်ညစ်ရတဲ့အထဲ မင်းကတမှောင့် ...။

ရွှေပြည်ကြီးသား

No comments: