Friday, October 30, 2009

မှတပါး အခြားမရှိပြီ

မောင်သြ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

ယနေ့အချိန်ဟာ မြန်မာနိုင်ငံအတွက် အနာဂတ်ပြုပြင်ပြောင်းလဲတိုးတက်မှုမှာ နအဖစစ်အာဏာရှင်အစိုးရ ကော အန်အယ်လ်ဒီပါ တချက်အမှားမခံရအောင် အရေးကြီးတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ ဆိုချင်ပါ တယ်။

ဘာကြောင့်လဲဆိုရင် နအဖကလည်း သူ့ Road Map လမ်းပြမြေပုံအရ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမူကြမ်းကြီး ကို ဆုပ်ကိုင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသွားဖို့အတွက် ၂၀၀၉ ခုနှစ် မတ်လ (၂၇) ရက် တော်လှန်ရေး နေ့မှာကော၊ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ စစ်ပြန်စစ်မှုထမ်းဟောင်းညီလာခံမှာပါ စစ်ဗိုလ်ချုပ်မှူးကြီးသန်း ရွှေက အခိုင်အမာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုကြည့်ရင် နအဖအစိုးရက သူ့လမ်းကြောင်းကို သူ ဖြောင့် ဖြောင့်တန်းတန်း ခေါင်းမာမာနဲ့ သွားမယ်ဆိုတာ ထင်ရှားနေပါတယ်။

နောက်တဘက်က အန်အယ်လ်ဒီကတော့ ဘယ်လိုရှိပါသလဲ။ ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့က ထုတ်ပြန် ထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားမှာလား၊ ဟုတ်ကဲ့ ... မိမိကိုယ်တိုင် လက်နဲ့ရေး ထားတဲ့ စာတမ်းကို ခြေနဲ့ဖျက်မှာမဟုတ်ဘူးဆိုတာ အားလုံးက ယုံကြည်ပြီးသားပါ။

ရွှေဂုံတိုင်ကြေညာစာတမ်းဟာ အန်အယ်လ်ဒီရဲ့ ဂုဏ်သိက္ခာဖြစ်သလို အသက်သွေးကြောလည်း ဖြစ်တယ်ဆို တာ ယုံမှားသံသယရှိစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီကြေညာစာတမ်းကို နိုင်ငံအ၀ှမ်းမှာရှိတဲ့ ရ ဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း အလေးအနက် ထောက်ခံ ထားကြလို့ပါပဲ။

ဒါ့အပြင် အနောက်နိုင်ငံ၊ အီးယူ၊ အာဆီယံနဲ့ ကုလသမဂ္ဂက ခေါင်းဆောင်တွေကလည်း အန်အယ်လ်ဒီရဲ့ ရွှေဂုံ တိုင်ကြေညာစာတမ်းကို အလေးထားရှုမြင်သုံးသပ်နေကြောင်း ကြားသိရလို့ပါပဲ။

နအဖကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ် တကြိမ်းကြိမ်းနဲ့ ဟန်ရေး ပြနေသော်လည်းပဲ ယခုထက်ထိ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ၊ ပါတီဖွဲ့စည်းရေးဆိုင်ရာ ညွှန်ကြား ချက်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်တွေ ဖွဲ့စည်းဖို့ ဘာကြေညာချက်မှ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ရဲဘော် ဖိုးသံချောင်းရဲ့ စကားနဲ့ဆိုရင်တော့ “သူတို့ (နအဖ) အတွင်းမှာလည်း ပြဿနာရှိတယ်၊ သူတို့မပြတ် လို့ သူတို့အပြင်ကို မထုတ်နိုင်တာပါ။ အာဏာရထားတဲ့သူ၊ သေနတ်ကိုင်ထားတဲ့သူဆိုတာ အဓိကကတော့ သူ တို့ထဲမှာ အာဏာနဲ့ ပတ်သက်တဲ့ ပြဿနာတော့ရှိမှာပါ” ဆိုတာလို စဉ်းစားစရာတွေ ရှိနိုင်တာပေါ့ဗျာ။

အဲသလိုပဲ အန်အယ်လ်ဒီကလည်း ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးထက် မိမိတို့ကိုယ်တိုင် ရေးဆွဲထုတ်ပြန်ထား တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို သစ္စာရှိရှိ၊ သံမဏိစိတ်ဓာတ်နဲ့ ဆုပ်ကိုင်ထားဖို့၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ စည်းလုံးညီညွတ်မှုအား မွေးနေရပါမယ်။ အဲဒီလိုမှ မထိန်းသိမ်းနိုင်ရင် အန်အယ်လ်ဒီကို ၀ိုင်းရံထောက်ခံနေတဲ့ ပြည်သူတွေကတော့ သစ္စာဖောက်တွေလို့ နာမည်ပေးကင်ပွန်းတပ်မှာ သေချာပါတယ်။

နအဖ (န၀တ) စစ်အစိုးရကို ၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက သူတို့ပေးထားတဲ့ ကတိစကားတွေနဲ့ ချမှတ် ထားတဲ့ ၁/၉၀ တွေကို မလိုက်နာရကောင်းလားလို့ အန်အယ်လ်ဒီက ပြစ်တင်ဝေဖန် တောင်းဆိုတာရှိခဲ့သလို အန်အယ်လ်ဒီအနေနဲ့လည်း မိမိတို့ထုတ်ပြန်ထားတဲ့ ၂၂.၉.၀၈ နေ့ထုတ် အထူးကြေညာချက်အမှတ် ၁၈/၀၉/ ၀၈ နဲ့ ၂၉.၄.၀၉ နေ့မှာ ထုတ်ပြန်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းတွေကို တသေဝေမတိမ်း ထိန်းသိမ်းလိုက်နာဖို့ တာဝန်ရှိပါတယ်။

နအဖအနေနဲ့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို မသိကျိုးကျွံပစ်ပယ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို တဖက်သတ်လုပ်ဆောင်သွားမယ်ဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက်တွေ၊ အီးယူဥရောပ သမဂ္ဂ နိုင်ငံအဖွဲ့အစည်းကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်သွေဖည်ရာရောက်တဲ့အတွက် မွေးဖွားပေါ် ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်သားကောင်ဟာလည်း အပြစ်အနာအဆာတွေနဲ့ ဆွံ့အကျိုးကန်း မသန်မ စွမ်းကလေးဖြစ်လာမှာ သေချာပါတယ်။

ရွေးကောက်ပွဲဝင်ကြတဲ့ ပါတီအဖွဲ့အစည်းတွေကလည်း နအဖက အမဲသားတုံးပြတာနဲ့ ပြေးဟပ်ချင်ကြတာကိုး။ အမဲသားတုံးမှာ အဆိပ်ပါလား၊ မပါလား မစဉ်းစားကြတော့ဘူး။ လွှတ်တော်ထဲရောက်ရင် ပြောခွင့်ဆိုခွင့်ရမယ် လို့ အခွင့်အရေးမျှော်ကိုးတဲ့သူတွေကိုတော့ လွှတ်တော်ထဲရောက်ဖို့ နေနေသာသာ လွှတ်တော်လှေကားထစ် ရောက်ရင်တောင် ကံကောင်းတယ်မှတ်ပါ၊ လှေကားထစ်မှာတင် အမဲသားတုံးကျွေးပြီး ပါးစပ်ပိတ်ခံနေရမှာ မြင်ယောင်နေပါသေးတယ်လို့ ပြောလိုက်ချင်ပါတယ်။

နအဖနဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်တို့ဟာ ယနေ့ နိုင်ငံရေးမျက်မှာစာ စစ်ပွဲမှာ နအဖက အာဏာနဲ့ လက်နက်ကို ကိုင်ဆောင်ထားတယ်။ အန်အယ်လ်ဒီကတော့ ပြည်သူလူထုရဲ့ မန်းဒိတ်၊ တရားဥပဒေနဲ့ မေတ္တာလက်နက်ကို ကိုင်ဆောင်ထားတယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့ အရေးပါတဲ့ လမ်းဆုံလမ်းခွ ရောက်နေကြပြီ။

ဒီအချိန်မှာ အမေရိကန်အစိုးရက နအဖစစ်အာဏာရှင်အစိုးရအပေါ် sanction ကို တဘက်က ပိတ်ဆို့မြဲပိတ် ထားပြီး တဘက်က တိုက်ရိုက်ထိတွေ့ဆက်ဆံတာမျိုး ဆောင်ရွက်ဖို့ စီစဉ်နေပြီ။ အဲ … နအဖဘက်က ထင်သာ မြင်သာရှိတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲလာမှုတွေ ရှိခဲ့ရင်တော့ ပိတ်ဆို့တားဆီးမှု တွေဟာ ရုပ်သိမ်းသွားနိုင်စရာ ရှိလာပါလိမ့်မယ်။

ဒါကလည်း အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွှတ်ပေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နိုင်ခြင်းအပေါ်မှာ အခြေခံတာဖြစ်ရပါမယ်။

တပြိုင်နက်တည်းမှာပဲ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖဆက်သွယ်ရေးဝန်ကြီး ဦး အောင်ကြည်တို့ အောက်တိုဘာလဆန်းပိုင်းမှာ (၂) ကြိမ် တွေ့ဆုံတဲ့ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ သံအရာရှိ (၃) ဦး တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေ၊ ၉.၁၀.၀၉ နေ့မှာ ၎င်း သံအရာရှိ (၃) ဦးနဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေ အန်အယ်လ်ဒီရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးတဲ့ အ ခြေအနေ (ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ စီအီးစီ ဦးဝင်းတင်တို့မပါ) … စသည့်အခြေအနေတွေဟာ နအဖအစိုးရက ပ ကတိရိုးသားဖြူစင် မွန်မြတ်တဲ့ စိတ်ရင်း၊ စေတနာရင်းတို့နဲ့ တွေ့ဆုံခွင့်လိုက်လျောခြင်း၊ တိုင်းပြည်နဲ့ လူမျိုးအ ကျိုး တိုးတက်ဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ခြင်းအပေါ် အဓိကထားတယ်ဆိုရင် အကောင်းမြင်သဘောနဲ့ ကြိုဆိုပါ တယ်။ သာဓု … သာဓု (၂) ကြိမ်လောက်တော့ ကြိုခေါ်ထားပါမယ် (နအဖရဲ့ စိတ်ရင်းအမှန်ကို စိတ်မချ မယုံ ကြည်ရသေးလို့ပါ)။

တကယ်လို့ နအဖက ၎င်းတို့အပေါ် ပိတ်ဆို့ထားတဲ့ Sanction လျော့ကျရေးအတွက်သာ ဟန်ပြအယောင်အ ဆောင်သဘော အနေအထားဖြစ်နေရင်တော့ နအဖနဲ့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ မတွေးဝံ့စရာ အနာဂတ်ဆိုး တွေနဲ့ သံသရာလည်နေဦးမှာပဲဆိုတာ ပြောချင်ပါတယ်။

မည်သို့ဆိုစေကာမူ အန်အယ်လ်ဒီကတော့ ရွေးကောက်ပွဲဝင်ခြင်း၊ မ၀င်ခြင်းအပေါ် ဘာလုပ်မယ်ဆိုတာ အနာ ဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရပါတော့မယ်။ ကြိုတင်ပြင်ဆင်မှုဟာ အကောင်းဆုံးလက်နက်ပဲဆိုတာ လက်ခံရပါမယ်။ ဒီအတွက် အဖွဲ့ချုပ်ရုံးခွဲတွေရှိတဲ့ မြို့နယ်တွေက ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ ပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ အမျိုးသားညီလာခံတရပ် အမြန်ဆုံးခေါ်ယူဖို့ လို အပ်နေပါပြီ။ ဒီအချိန်ဟာ အန်အယ်လ်ဒီအတွက် အရေးကြီးတဲ့ End Point ရောက်နေပါပြီလို့ ပြောချင်ပါတယ်။

အဲဒါကြောင့် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီမပါဘဲ (All inclusive မဖြစ်ဘဲ) အတင်းတဖက် သတ် ဆောင်ရွက်မယ်ဆိုရင် နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို စိမ်ခေါ်တိုက်ပွဲဝင်ဖို့အတွက် အကောင်းဆုံး လက်နက်ကို ရှာရပါမယ်။ အဲဒီလက်နက်ကတော့ နိုင်ငံလုံးဆိုင်ရာညီလာခံမှ တညီတညွတ်တည်း တသံတည်း ထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက်တွေကို ပြည်သူလူထုထံ ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာရန်မှတပါး အ ခြားမရှိပါကြောင်း တင်ပြလိုက်ပါတယ်။

မောင်သြ

12 comments:

Unknown said...

စာရေးသူကြည့်ရတာ အောက်ခြေလွတ်နေတဲ့ ဘ၀င်မြင့်ရောဂါရနေသူတစ်ယောက်လို့မြင်ပါတယ်။
NLD ကလွဲကျန်တဲ့လူ ခွေးနဲ့နှိုင်းထားတယ်။ သိပ်အောက်တန်းကျတဲ့ စိတ်ဓါတ်ပဲ။
အဲလိုမြန်မာတွေ ဘယ်နှစ်ယောက်ရှိလဲမသိဘူး။ ကြက်တူရွှေးကတော်တော် မယ်ဘော်က ကဲကဲ။

သူတို့ရေးလိုက် နအဖကပဲ ဒူးထောက်တောင်းပန်ရမလိုလိုနဲ့ ဟိုက လုပ်ချင်ရာတွေလုပ်သွား။ ဘာမှ မတားနိုင်တဲ့အပြင် သူတို့ပါဆော်သွားသေးတယ်။ NO NO အော်လိုက်ကြတာ ၉၂ % တောင်ကျော်ဆိုပဲ။
ခုလဲ ၂၀၁၀ မှာ NLD မပါရင်ပဲ ရွှေးကောက်ပွဲ ဘာဖြစ်မယ်ညာဖြစ်မယ် လုပ်လာပြန်ပြီ။ ပြီးတော့လည်း တက်လာတဲ့ အစိုးရနဲ့ အသိအမှတ်မပြုဘူးဆိုတဲ့ အစိုးရတွေ လုံးကြဦးမှုာ မြင်ယောင်သေးတယ်။ မထောက်ခံဘူး လျောက်အော်နေတဲ့ တိုင်းပြည်တွေ နောက်တော့လဲ လက်ဆွဲနုတ်ဆက်ဦးမယ်။ သူတို့ အကျိုးစီးပွါးပဲကြည့်တာပါ။

သူလုပ်ရင် ငါမကျေနပ် ငါလုပ်ရင် သူမကျေနပ်နဲ့။ အဲလိုလုပ်နေသရွှေ့ ဘယ်တော့မှ တိုင်းပြည်တိုးတက်မှာ မဟုတ်ဘူး။

တတတ said...

အရှင်းဆုံးနားလည်တာနဲ့  အတိုက်အခံအားလုံး ( စစ်ဖိနပ်အောက်မှာနေရသောပြည်သူတွေအပါအ၀င်ပေါ့)လိုချင်တဲ့ အနေအထားက ၂၀၁၀အခြေခံဥပဒေကိုပြန်လည်
ပြင်ဆင်ပြီးတော့ အထူးသဖြင့် သမ္မတ၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊နိုင်ငံခြားရေး၊ စီမ့ကိန်း
နဲ့ ဘဏာရေးကိုလည်း အရပ်သား ( ဆိုက်ကားသမားကစပြီးတော့ အင်စတီကျူ့ ဒေါက်တာ
ဘွဲ့ တွေရှိတဲ့သူတွေကတက်အုပ်ချုပ်တဲ့ ) ပြည်သူတွေကနေဖန်တီးတဲ့စနစ်ကြီးကို တိုက်ရိုက်သွား ချင်နေတာကိုး။ (ကျွန်တော်လည်းကြိုက်ပါတယ်၊ပြည်သူအားလုံးကလည်းကြိုက်တဲ့ အနေအထားပါ၊ ကမ္ဘာအလည်မှာလည်းအလွန်ကို ကျက်သရေနဲ့ ခန့် ငြားပြီး တင့်တယ်မှာပါ၊
လူထုဒေါ်အမာပြောတဲ့ စကားလုံးကို ပြန်ပြောင်းပြီးတော့ ကျွန်မတို့ မြန်မာနိုင်ငံကလေဆို
တဲ့ ဂုဏ်ဝင့်ကြွားမှုနဲ့ ပေါ့။ နိုင်ငံရဲ့  အချုပ်ချာအာဏာနဲ့ အရေး ကြီးတဲ့ အကြောင်း အရာတွေကိုအရပ်သားစစ်စစ်တွေ ကိုဘဲ ကိုင်ခွင့်ပေးချင်တာပါ။ စစ်တပ်အကြီးအကဲတို့
ရဲ့ မှားယွင်းတဲ့အုပ်ချုပ်မှုကြောင့်တိုင်းပြည်နာ
တာကိုလည်းနားလည်ပါတယ်၊လူမျိုးလည်းနာခဲ့ကြရပါတယ်။)

ခက်တာကလည်း ကိုယ်နိုင်ငံရဲ့အခြေအနေက ဘာဖြစ်နေသလည်းဆိုတာကိုသိသိ နဲ့  ပြောနေတော့ ရှင်းရှင်းပြောရရင်ကန့် လန့် လိုက်လုပ်တာလို့ ယူဆရပါတယ်။

ဥပမာ။ အဝေးရောက်အစိုးရမှာလုပ်နေတဲ့သူတွေ ဘယ်သူဘယ်
လောက်အရည်အချင်း ရှိတယ်ဆိုတာ ကိုသိနေတာဘဲ၊
ဒါတောင် နှစ်၂၀အတွင်းမှာဘာများ တိုးတက်မှုရှိခဲ့လည်း။( ပြည်တွင်း၊ပြည်ပ
မှာလုပ်ဆောင်သောလုပ်ငန်းစဉ်များချရေးပါ) တကယ်တော့န၀တနဲ့ အတူတူပါဘဲ။ ဘက်မလိုက်ဘဲပြောရရင် န၀တဘက်မှာလည်းသာတဲ့ အချက် လေးတွေကိုတွေ့ ရမှာပါ။ ( န၀တက အာဏာကိုင်ထားလို့ ဆိုတာတော့ ကိုင်ပြီးမပြောပါနဲ့ )
ကျွန်တော် တို့ ယှဉ်ပြိုင်ကြိုးစားလုပ်ကိုင်ပြရင်းနဲ့ စစ် ဗိုလ်ချုပ်တွေဆီကနေ ပြည်သူအာဏာကို ပြန်ယူရမှာ
ပါ။

ဒီိလိုပါဘဲ အတူတကွလုပ်ဆောင်ရမဲ့ လုပ်ငန်း စဉ်တွေ မှာလည်းအတိုက်အခံ ဘက်က ဒီမိုကရေစီနဲ့ ပတ်သက် သော ကျင့်ထုံးနဲ့ ကျင်စဉ်အတော်များများကို လက်တွေ့ သ ဘောလေးတွေနဲ့ လုပ်ငန်းစဉ် သဘောတရား လုပ်ဆောင်မှုတွေ သာတာတွေရှိပါတယ်။

အကုန်လုံးခြုံကြည့်ရင်တော့ အဖြေတစ်ခုက ကျွန်တော်တို့ အရပ်သားတွေချည်းဘဲကိုင်
လို့ မရနိုင်သေး တဲ့ အချိန်ဆိုတာကိုရိုးသား စွာနားလည်ပေးသင့်ပါတယ်။
ကျွန်တော်တို့ တွေရဲ့ ဖြစ်ချင်လွန်းတဲ့ စိတ်တွေကို ဘရိပ်အုပ်သင့်တယ်။ အရမ်းဆန္ဒစောလွန်းတယ်လို့ ထင်ပါတယ်။

(ဥပမာ ပြီးခဲ့တဲ့ အပါတ်က အာဆီယံပြည်သူများကိုယ်စားပြုအဖွဲ့ မှာ အတွင်းအပြင်
လူငယ်တွေကြားမှာ နားလည်မှုရတဲ့ အဖြစ်မျိုးကိုဖြစ်ချင်ပါတယ်၊ အားလုံးကဖြစ်ချင်ပါတယ်။
စစ်အစိုးရစိတ်အတွင်းကိုတော့မသိဘူးလေ၊ သို့ ပေမဲ့ သုူမပါဘဲမပြီးတဲ့အခြေအနေဆိုတော့ကျွန်တော်တို့ 
ရဲ့ စိတ်တွေကို အမြဲ လိုက်ပြီးထိန်းညှိလုပ်ဆောင် ပေးနေရမယ်ဆိုတာကိုတော့ပြောပါရစေ)

ဒီတော့ မြန်မာနိုင်ငံသားတော်တောများနဲ့ အတိုက်အခံခေါင်းဆောင်အားလုံး က အခုလာမဲ့ ၂၀၁၀ရွေးကောက်ပွဲမှာ ရှိမဲ့ ဖြစ်ပေါ်လာမဲ့ လွတ်တော် ၂ရပ်ထဲမှာ ကိုယ်ပြည်သူတိုင်းရင်းသား တွေဘက်အရည်အချင်းရှိတဲ့ လူငယ်တွေ များများ ပြည်သူကနေကိုယ်စားပြုနိုင်တဲ့ သူတွေကို တင်ပေးနိုင်ဖို့ ၊ ပြည်သူကတင်မြှောက်ရွေးချယ် ပေးတဲ့ သူတွေက စစ်အစိုးရ ကျောထောက်နောက်ခြုံပုသော USDA လို ၊ အေးလွင်တို့ လို၊ စစ်အစိုးရ နဲ့ မဟာမိတ် ဖြစ်နိုင်သော တစညလို ၊ စစ်အစိုးရ၀ယ်လို့ ရသော တဦးချင်း ၀င်ပြိုင်မဲ့သူတွေ လွတ်တော် ၂ရပ်စလုံးမှာများများမပါဖို့ လုပ်ရမယ်ဆိုတာက ကျွန်တော်တို့ 
ရဲ့ နောက်ဆုံးစစ်ပွဲပါလို့ တိုက်တွန်းပြောဆိုချင်ပါတယ်။

ဒီစစ်ပွဲမှာ လိုအပ်သော အချိန်ဇယားနဲ့ ဖြစ်တည်သင့်သော လုပ်ငန်းစဉ်တွေ၊ မလိုလား သော အဟန့် အတားတွေကိုဖယ်ရှားဖို့ သေသေချာချာရေးဆွဲ ထားရမှာက လည်းအရေးကြီး ပါတယ်။ ဒီလိုကျည်ဆံအပြည့်၊ ဗျူဟာအပြည့်နဲ့ အခြေအနေအားလုံးကို ဘယ်လို ဆီလျှော်အောင် ဆောင်ရွက်ဖို့ ဖြစ်နိုင်မလည်းဆိုသော မှုတွေ၊ ကိုယ်ပိုင်စွမ်းအားတွေနဲ့ ဖန်တီး
ခွင့်ရနိုင်တဲ့ စီးပွားရေး၊အုပ်ချုပ်ရေးဗျူဟာတွေ၊စသော…စသော အကြောင်းများနဲ့  စီးပွားရေး၊
ပညာရေး။ကျန်းမာရေးတို့ အတွက် စီမံကိန်းတွေ ကို လာမဲ့ရွေးကောက်ပွဲမှာဖြစ်ပေါ်လာသော လွတ်တော်တွေထဲမှာ ခင်းကျင်းရမှာပါ။ စစ်အစိုးရဘက်ကလည်းတက်လာမဲ့  စီမံကိန်းတွေ၊ အစီစဉ်တွေ၊ သူပြိုင်ကိုယ်ပြိုင်ခင်းကျင်းဖို့ အတိုက်အခံရှင်း လင်းပြောဆိုညှိနိုင်းကြရမှာပါ။
ကျွန်တော်တို့ တိုက်ပွဲအတွက်အချိန်ကပ်နေပါတယ်။

တတတ said...

တကယ်တော့ ကျွန်တော်တို့ မှာမအေးနှစ်ခါမကနာနေခဲ့တာပါ. ၁၉၉၀ နဲ့ ၂၀၀၈ဖြစ်ပါတယ်။
အနီးဆုံးပြောရရင် ၂၀၀၈ အခြေခံဥပဒေအတည်ပြု ဖို့ အခင်းအကျင်းလုပ်တုံးကတော့
အီယောအီယောနဲ့ NO VOTE, VOTE NO နဲ့  လေတွေတင်နေကြတာ၊ နာဂစ်ဝင်မှာတောင်
ဂရုမစိုက်ပေးနိုင်တော့ဘုူး။ စစ်ပွဲတစ်ပွဲကိုကြည့်သလိုကြည့်မယ်ဆိုရင်တော့ ကိုယ်ဖက်ကပက်
ပက်စက်စက်ကိုရှုံးသွားတာပါ။ဘာမှခုခံချိန် မပြောနဲ့ ခုခံဖို့ တောင်မရလိုက်တော့ပါဘူး။
ဒီလိုနဲ့ ၂၀၀၈အခြေခံဥပဒေကြီးက တဘက်သတ်ဆန်ဆန်ဖြစ်သွားပြီး အတည်ပြု တာ ကိုခံလိုက်ရတယ်။

အခုလာတော့မယ်။ အာဆီယံမှာလည်း စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် ကရွေးကောက်ပွဲဥပဒေကို မကြာခင်ထုတ်ပြန်တော့မယ်လို့ ပြောသွားပါပြီ၊
ရွေးကောက်ပွဲဥပဒေကိုတရားတယ်၊မတရားတယ်ဆိုပြီးငြင်းကြခုန်ကြဝေဖန်ကြ၊
ပြောကြနဲ့ လေလိုင်းတွေပေါ်မှာကော ၊ ဘလော့တွေမှာကော တွေ့ ရ၊ကြားရပါတော့မယ်
ရွေးကောက်ပွဲဥပဒေက ထုတ်ပြန်ယုံဆိုရင်တော့တမျိုးပေါ့၊ ထုတ်ပြန်ပြီးတာနဲ့ ဆက်တိုက်လိုက်
လာမဲ့အရာတွေက အချိန်တွေ၊ဇယားတွေ၊ ပါတီမှတ်ပုံတင်ဖို့ အကြောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ ကိုသတ်မှတ်ချိန်အတွင်း ပေးပို့ ဖို့ ကိစ္စတွေ၊ ရွေးကောက်ပွဲအတွက် စည်းရုံးရေး ကိစ္စတွေ၊ သဘောထားထုတ်ပြန်ဖို့ သတ်မှတ်ချက်တွေ၊ စသောစသော
အကြောင်းတွေကလည်းဆက်တိုက်ဖြစ်လာတော့မှာပါ၊ ဆိုလိုတာက အချိန်ကရပ်မနေဘဲ
သွားနေတယ်ဆိုတဲ့ သဘောနဲ့ နိုင်ငံရေးလှည်းဘီးကတပါတ်ခြင်း လည်ပတ်နေတယ် ဆိုတာကိုကျွန်တော်ပြောချင်တာပါ။ ကိုယ်ရပ်နေရင်လည်း နိုင်ငံရေးလှည်ဘီးကတက်ကြိတ်
မှာဘဲ၊ တက်ကြိတ်တာကိုမခံချင်ရင်ဘေးကိုရှောင်၊ မရှောင်ရင်ရှေ့ကပြေးတော့ဘဲ။ ဒီလိုဘဲ
ရိုးရိုးမြင်ပါတယ်။
တချိန်တည်းမှာဖြစ်ပျက်နေမဲ့ အကြောင်းတွေက လည်း ပြည်ပအင်အားကြီးနိုင်ငံများကဖိအား
နဲ့ ပေးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြှောက်ဖို့ ကိစ္စ၊ အားလုံးပါဝင်နိုင်ခွင့်ဆိုတဲ့ 
အကြောင်းတွေကလည်း ပိုပြီးတော့တသောသောနဲ့ ဖြစ်နေပါအုံးမယ်
တချိန်တည်းမှာဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရတို့ အပြုသဘောဆွေးနွေးဖို့ ခြေလှမ်း
များအတွက် အစပျိုးနေတဲ့ ကိစ္စတွေ၊ ပိတ်ဆို့ ရေးအတွက်နဲ့ အခြေခံပြီး အမေရိကန်၊ စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့ ရဲ့ သံခင်းတမာန်ခင်း
ကိစ္စတွေ (နိုင်ငံရေးအနုပညာကကွက်များပေါ့) ၊ဒါတွေဟာ ပွိုင့်တစ်ခုကိုဆုံပြီးသွားနေတာ မဟုတ် ပေမဲ့ တချိန်တည်းဖြစ်ပျက်နေမှာတွေပါ။
ဒီတော့ စစ်တလင်း ( ၂၀၁၀ရွေးကောက်ပွဲ) ကို ကိုယ်ပိုင်ရာကျွမ်းကျင်ရာ သူရဲကောင်းတွေရွေးချယ်ပြီးတော့ တိုက်ပွဲကိုစုပေါင်းဝင်မလား၊ သို့ တည်းမဟုတ် အပြောတွေနဲ့ စစ်အစိုးရလုပ်ချင်ရာလုပ်သွားတာကိုလက်ပိုက်ပြီးကြည့်ရင်း မင်းတို့  ကတဲ့ဇတ်မင်းတို့ ဘာသာမင်းတို့ ဆက်က ကြ၊ ငါတို့ စောင့်ကြည့်မယ်။ မင်းတို့  ကောင်းကောင်းဆက်ကတယ်ဆိုတာကိုမြင်သာထင်သာရှိရင်တော့ဝင်ကမယ်ဆိုတဲ့ 
စိတ်နဲ့ နေပြီးထိုင်နေကြမှာလား။
( ကျွန်တော်ကတော့မထင်ပါဘူး အားလုံးက ထိုင်ယုံထိုင်နေရင်တော့အကြောင်းမဟုတ်ဘူးလေ၊ ထိုင်လည်းမထိုင်၊ပါးစပ်က်လည်းမနေနိုင်ထိုင်နိုင်ဝင်ပြော၊ နိင်ရာနိုင်ရာနဲ့ တော့တက်လာ တဲ့အစိုးရ ကို ဆော်ကြအုံးမှာပါ။သေချာပေါက်ပြောလို့ ရတဲ့ အနေအထားပါ။)

နိုင်ငံစနစ် ပြောင်းလဲရန်အတွက် ဖြစ်ပေါ်လာသောကပြား(စစ်ဗိုလ်အရပ်သား) အစိုးရကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ၀မ်းမြှောက်စွာ
ကြိုဆိုကာဝိုင်းဝန်းအားပေးယုံက လွဲပြီးတခြားမရှိနိုင်ဘူးလို့ မြင်ပါတယ်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံတကာအလည်မှာကော၊ ကမ္ဘာကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ အနေအထားသည် ပြောင်းသွားပြီဖြစ်သည် ထိုအတူ နိုင်ငံတောရဲ့်အလံသည်လည်းပြောင်းသွားပြီဖြစ်သည်။

Unknown said...

ခွေးနေရာမရ ဆိုတဲ့စကား တယ်မှန်ပါ့လား။ zinyaw နဲ့ kan စစ်ခွေးဟိုဟာငုံနှစ်ကောင် ဒီမှာ လေပြည်လေးနဲ့ လာဟောင်နေကြသကိုး။ ဟောင်ကြကွာ ဟောင်ကြ။ မင်းတို့မှာ ဟောင်စရာ နေရာမှ မရှိရှာတာပဲ။ ဒါပေမယ့်ကွာ ဒီမိုကရေစီအင်အားစုစစ်စစ်တွေဆိုတာ ခွေးဟောင်တိုင်း ထကြည့်တတ်သူတွေ မဟုတ်ဘူးကွ။ ကိုယ်လုပ်စရာရှိတာကို လုပ်နေကြသူတွေပါ။ အဲဒါကို မင်းတို့နှစ်ကောင် သိကြပုံမပေါ်ဘူး။ ဒါပေမယ့် မြန်မာပြည်သူပြည်သားတွေကတော့ စစ်ခွေးတွေ ဘယ်လိုလိမ်လိမ် ဘယ်လိုလှည့်လှည့် ဘယ်လိုကောက်ကျစ် ကောက်ကျစ် ချက်ဆို နားခွက်က မီးတောက်ပြီးသားပါ ဟကောင်တွေရာ။ မင်းတို့နှစ်ကောင်သာ စစ်ခွေးတွေ ဘောင်းဘီကောက်စွပ်ချိန်မရဘဲ ကမန်းကတန်း ထွက်ပြေးတဲ့အခါကျရင် ငုံရင်းတန်းလန်း ပါသွားနိုင်အောင် ကြိုးစားကြနော်။ စေတနာနဲ့ပြောတာ။ ဟောင်ချင် ဆက်ဟောင်ကြအုံးကွာ။ ငါတော့ ထမကြည့်တော့ဘူး။ အိပ်လိုက်အုံးမယ်။

Unknown said...

taw ဆိုတဲ့လူမျိုးတွေက ဘာမှ အကျိုးသင့်အကြောင့် သင့် ပြန်မပြောတတ်ဘူး။ မကျေနပ်ရင် ဖိနပ်နဲ့ပေါက်မယ်။ ဆဲနည်းမျိုးစုံ ဆဲမယ်။ သူတို့တတ်တာ အဲတာပဲ။

ဒါကြောင့်လည်း အရိုင်းအစိုင်းကို အရိုင်းအစိုင်းနည်းနဲ့ ဓါးမိုးပြီး အုပ်ချုပ်တာခံနေရမှာပဲ။ မြန်မာပြည်မှာ အရိုင်းအစိုင်းတွေများလေလေ စစ်ဖိနပ်အောက်က မလွတ်လေလေပဲ။

လွတ်အောင် ဘယ်လို ရုန်းရမယ်ဆိုတာလည်း မသိဘူး။ တခါလာ လူထုအား။ ပစ်ထည့်လိုက်ရင် ပြီးသွားပြန်ရော။ သေထည့်အထဲကြည့်လိုက် လူထုအားနဲ့ချဆိုတဲ့ လူတွေ တစ်ယောက်မှ မပါဘူး။ ဘယ်ချောင်သွားခိုနေလည်း မသိဘူး။
ပြီးရင် သူတို့လောက် တော်လှန်ရေးလုပ်တဲ့လူ မရှိဘူး။ သူတို့လုပ်လို့ စစ်အာဏာရှင်တွေ ကျဆုံးသွားတယ်ဆိုလဲ ထိုင်ကန်တော့ပါမယ်ဗျာ။

ခုတော့ အနှစ် ၂၀ ရှိပြီ။ ဟိုက ပန်းပန်လျက်ပဲ။
ကိုယ်လုပ်တဲ့နည်း မအောင်မြင်လည်း တခြားနည်းနဲ့ လုပ်ကြည့်မဲ့ လူတွေရှိလည်း အားပေးရမဲ့အစား အလာကားလိုက်ရန်လုပ်တယ်။

တခြားလူတွေလုပ်တာ ဟန်မလား စောင့်ကြည့်ဦးမယ်မရှိဘူး။ ဟိုကဘာမှ မလုပ်ရသေးဘူး၊ ကိုယ်ကျိုးသမားတွေ ဖားတွေ စုံနေတာပဲ။ အဲလိုလူတွေက ခေတ်တိုင်းမှာရှိတယ်။ ၀ါလုံးရှည်နဲ့ ရမ်းလို့ ဘယ်ဖြစ်မလဲ။ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်မဲ့သူတွေလည်း ပါချင်ပါမှာပေါ့။ ငါတို့သာ တိုင်ပြည်ချစ်တဲ့သူတွေ ဆိုပြီး မိုးမမြင်လေမမြင်နဲ့။ သူများတွေ မအောင်မြင်ခါမှ ခင်ဗျားတို့လုပ်တဲ့နည်းလည်း မဟန်ပါဘူးဗျာဆို သဘာဝကျသေးတယ်။

ဒေါသ မာန်မာန အဃာတ ၀န်တို မစ္ဆိရိယတွေ ကြီးလိုက်တာလည်း မပြောပါနဲ့။ သူတို့လက်ထဲ အာဏာထည့်ပေးလိုက်ရင် ပြည်တွင်းစစ်ဖြစ်မှာ သေချာတယ်။ သွေးဆာနေတဲ့သူတွေ အချင်းချင်း ချလို့ဆုံးမှာ မဟုတ်ဘူး။

Anonymous said...

To taw,
အထက်က ပုဂ္ဂိုလ်တွေလို ပြောချင်ရင် သူတို့လို ပြောတတ်ဆိုတတ်အောင် လေ့လာလေ့ကျင့်လိုက်ပါအုံး...ဒီမိုသမားမဟုတ်ရင် နအဖ ဘက်ကလိုက်ပြောရင် ဆဲ မယ်ဆိုတဲ့ ၀ါဒဆိုးကြီးကို ဖျောက်ပစ်စမ်းပါ...အထက်က လူတွေက နအဖ လည်းမဟုတ် ဒီမိုလည်းမဟုတ်ပဲ ကြားနေ၀ါဒအနေနဲ့ သူတို့အမြင်လေးတွေကို ပြောပြတဲ့နေရာမှာ ဘာမှ ရိုင်းစိုင်းတဲ့စကားလုံးမပါသလို ရိုင်းစိုင်းစွာလည်းမပြောကြပါဘူး...ဘာကြောင့် taw ဆိုတဲ့သူက ရိုင်းနေတာလဲ...ဆွေးနွေးပေါ့ ရပါတယ်...အကယ်လို့ ဆွေးနွေးတတ်မယ်ဆိုရင်ပေါ့ဗျာ..ခွေးဟောင်တိုင်းထကြည့် တတ်တာ နအဖ မဟုတ်ဘူး ဒီမိုတွေပဲဖြစ်တယ်...ဘာကြောင့်လည်းဆိုတော့ နအဖကသူ့အလုပ်သူလုပ်နေတာ သူတို့ရွေးချယ်နေတဲ့လမ်းကို တစ်စိုက်မက်မက်လျှောက်နေတာ...ဒါကို ကန့်လန့်တိုက်ပြီးလိုက်နေတာ ဘယ်သူတွေလဲ..မအိပ်မနေ ထထကြည့်တာ ဘယ်သူပါလိမ့်...

Unknown said...

taw, မင်းက ခွေးဟောင်တိုင်း ထမကြည့်ပေမယ့် ငါတို့ အိပ်မရဘူးကွာ။ နောက်တကောင် ထပ်တိုးလာတယ် ကိုယ်မှာလဲ ၀ဲတွေနဲ့ kyaw တဲ့။ တအားဆူတာပဲကွာ အိပ်မရဘူး။

Unknown said...

ဟဲ ဟဲ သူရဲဘောကြောင်တဲ့ ကိုယ့်လူတို့ရေ မင်းတို့ကို အထက်ဆင်မပါတဲ့ ထမီဝတ်မပေးခင် မေးလိုက်ဦးမယ်ကွာ။ မင်းတို့ သေနတ်ကိုင်ထားတဲ့ကောင်တွေဘက်က အကြောက်တရားနဲ့ လျှောက်မဖားနဲ့။ သတ္တိရှိရင် မင်းတို့ပထွေးတွေလက်ထဲက သေနတ်တွေကို လွှတ်ချခိုင်းလိုက်ပါလားကွာ။ ဒါမှ အရည်အချင်း အစစ်အမှန်ကို သိရမှာပေါ့ကွ။ ဟား ဟား ဟား ဟား

ဗမာပြည်ချာလီချက်ပလင်

Unknown said...

မိုက်ရဲရင် တုတ်တုတ်ချင်း ဓါးဓါးချင်း သေနတ်သေနတ်ချင်းချရဲရတယ်။ မဆီမဆိုင် လူထု လမ်းပေါ်ထွက် အသေခံခိုင်းတယ်။ ကိုယ်တိုင်ကျတော့
ဘယ်ချောင်က လက်သီးလက်မောင်တန်း နေလည်းမသိဘူး။ အဲလို လေသမားတွေများနေလို့ စစ်ဖိနပ်အောက် အနှစ် ၂၀ ရောက်နေတာ။
အောက်ကလည်နေသေး ကြောက်ပြီလားလည်း ပြန်မေးနေသေးတယ်။

Unknown said...

ဟိတ်ကောင် zinyaw မင်းကော ဘယ်မယားငယ်ထမီအောက်က ဟောင်နေတာလဲ။ မင်း ငါနဲ့ချရဲရင် ဆူးလေက ကဖီးအေရိုးမားကို လာခဲ့။ အဲဒီကနေ တက္ကစီငှားပြီး အမှတ် (၃) လမ်းမကြီး လူရှင်းတဲ့နေရာမှာ သွားဖိုက်မယ်။ မင်းလိုကောင်ကို အမှုန့်ချေမယ်။ ဘာလက်နက်မှ ယူမလာနဲ့။ လက်လက်ချင်းပဲ ဖိုက်မယ်။ ငါ မနက်ဖြန်နေ့လည် ၁ နာရီ အင်္ကျီအနီနဲ့ စောင့်နေမယ်။ မင်းသူရဲဘောမကြောင်နဲ့။ ဆက်ဆက်လာခဲ့။

ဗမာပြည်ချာလီချက်ပလင်

William Thargi said...

ရွှေမောင်သြရေ

“နအဖအနေနဲ့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို မသိကျိုးကျွံပစ်ပယ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို တဖက်သတ်လုပ်ဆောင်သွားမယ်ဆိုရင် ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက်တွေ၊ အီးယူဥရောပ သမဂ္ဂ နိုင်ငံအဖွဲ့အစည်းကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်သွေဖည်ရာရောက်တဲ့အတွက် မွေးဖွားပေါ် ထွက်လာမယ့် ရွေးကောက်ပွဲရလဒ်သားကောင်ဟာလည်း အပြစ်အနာအဆာတွေနဲ့ ဆွံ့အကျိုးကန်း မသန်မ စွမ်းကလေးဖြစ်လာမှာ သေချာပါတယ်။”

စစ်တပ်ကစပြီးအာဏာသိမ်း ကတည်းက ကုလသမဂ္ဂတို့၊ အီးယူတို့၊ (ဆရာတို့ အလေး ထားသည် ဖြစ်စေ မထားသည် ဖြစ်စေ) ဗိုလ်ချုပ်တွေ တကယ်ရှိန် တဲ့ အမေရိကန်တို့ အားလုံးကို အာခံပြီးတော့ တက်လာတာလေ။ ၉၀ ရလဒ်ကို ချောင်ထိုးခဲ့ တုန်းကကော တလောကလုံးကို ဆန့်ကျင်သွေဖည် ခဲ့တာမဟုတ်ဘူးလား။
ဒီတော့ အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာ စာတမ်း ကို မသိကျိုးကျွံပစ်ပယ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို တဖက်သတ်လုပ်ဆောင်သွားမယ်ဆိုရင် ဘယ်လိုများ (ထူးပြီး) အပြစ်အနာအဆာများလာမယ် (ဒီနေ့ထက် ပိုပြီး) ဆွံ့အ ကျိုးကန်း မသန်မစွမ်း ကလေး ဖြစ် လာမယ် ဆိုတာ သိချင်မိပါတယ်။

“ပါတီအဖွဲ့အစည်းတွေကလည်း နအဖက အမဲသားတုံးပြတာနဲ့ ပြေးဟပ်ချင်ကြတာကိုး။”

ဆရာသြရေ …ဒီလို နင်ဘဲငဆ အသုံးအနှုံး ကလေး တွေနဲ့ ညီညွတ်ရေး ကိုတည်ဆောက်ကြမယ် ပေါ့နော်။ ဟဲဟဲ.. ဟဲဟဲ…
ကျွန်ုပ်မှတ်မိ သလောက်တော့ မြန်မာ့သမိုင်းမှာ ရွေးစရာလေးသာပေးလိုက် (ဒိုင်အာခီ၊ ၉၁ ဋ္ဌာန၊ ဟုမ်းရူး) ကွဲဖို့၊ ပြဲဖို့ က တော့ ရွှေမြန်မာများရဲ့ ထုံးစံ မဟုတ်လား။ တခါ ကွဲပြီးရင် တော့ ကမ္ဘာမကြေ မြန်မာတွေဘဲ နော့။

“တကယ်လို့ နအဖက ၎င်းတို့အပေါ် ပိတ်ဆို့ထားတဲ့ Sanction လျော့ကျရေးအတွက်သာ ဟန်ပြအယောင်အ ဆောင်သဘော အနေအထားဖြစ်နေရင်တော့ နအဖနဲ့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ မတွေးဝံ့စရာ အနာဂတ်ဆိုး တွေနဲ့ သံသရာလည်နေဦးမှာပဲဆိုတာ ပြောချင်ပါတယ်။”

တိုင်းပြည်ရဲ့ကံကြမ္မာ မတွေးဝံ့စရာ ဆိုတာကို သဘောပေါက် ပေမယ့်
ဘယ်လို ဘယ်လို မျိုးလေး နအဖ အတွက် မတွေးဝံ့စရာ အနာဂတ်ဆိုး မယ်ဆိုတာကို (အနည်းဆုံးစိတ်ကူး ကလေးနဲ့ ဖြစ်ဖြစ်၊ ဝမ်းသာရတာပေါ့) ပြောပြပါလား ဗျာ။

ဝီလျှံသာဂိ

Unknown said...

သြော် မောင်ချာရယ်..
မင်းမလဲ ကလေးအထာတွေနဲ့ ကလေးစိတ်မကုန်သေးပဲကိုး..
အချင်းချင်းချလေ နအဖက ကြိုက်လေပေါ့ကွာ..
လက်ခုပ်လက်ဝါးတောင်တီးပေးဦးမယ်။
အနှစ် ၂၀ လုံး အတိုက်အခံတွေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဗိုလ်လုနေတာလို့ စစ်ဖိနပ်အောက်က မလွတ်တာပေါ့။
လူနှစ်ယောက်တစ်ပိုင်းရှိရင် ဗိုလ်လုပ်ဖို့ပဲ ကြည့်နေတာ။ အဲတာ မြန်မာတွေရဲ့ ဘ၀င်ရောဂါ တစ်မျိုးပဲ။ အဲလို ဗိုလ်ကျချင်တဲ့ ရောဂါကြောင့် စည်းလုံးညီညွှတ်မှုမရ။့ စစ်ဗိုလ်ကြီးများ အကြိုက်ပေါ့။ တိုင်ပြည်ပြိုကွဲမှာဆိုးလို့ဆိုပြီး ပလ္လင်ပေါ်ကမဆင်းတာလို့ ပြောကောင်းနေတာပေါ့။
အချင်းချင်းတွယ်နေကြ။ ကြက်လည်းမောစေ ယာလည်းညက်စေ။ အချင်းချင်းချလို့သေ အေးရောဆိုပြီး နအဖကထိုင်ကြည့်နေမှာ သဘောပေါက်။