သတိသာထားကြပေတော့ ကျွန်ပွဲစားတို့ လာချေပြီ
ရဲဘော် ကျော်သန်း
ရဲဘော် ကျော်သန်း
တချိန်တုန်းက ကျုပ်တို့အညာမှာ အလှူလုပ်ရင် ဖိတ်စာရယ်လို့ ဝေလေ့ ကမ်းလေ့ မရှိဘူး။ ရပ်ဝေးက ဆွေမျိုး မိတ်သင်္ဂဟတွေကို လက်ဖက်ထုပ်တန်သည်၊ ဆေးပေါ့လိပ်တန်သည် ကမ်းတယ်။ အနီးချုပ်စပ်က လေးငါး ဆယ်ရွာကိုတော့ သက်ဆိုင်ရာ ရွာဆော်တွေကပဲ ဗျိုးဟစ်ပြီး ရွာလုံးကျွတ် ဖိတ်လိုက်တယ်။ အားလုံးမီးခိုးတိတ် ထမင်းရေချောင်းစီးဆိုတော့ ကလေးရော ခွေးရော အကုန်ပါတာပေါ့။ ဒီတော့ ဗျိုးဟစ်သံကြားရင် ကလေးတွေ မြူးကြတယ်။ ကလေးတွေကို ကြည့်ပြီး၊ ခွေးတွေအူကြတယ်။ အလှူရက်ကို လက်ချိုးပြီး စောင့်မျှော်ကြတယ်။
ခွေးဆိုတာကလည်း သိတဲ့အတိုင်း သူ့နယ်ကိုယ့်နယ် သတ်မှတ်ပြီးနေတယ်။ တနယ်နဲ့ တနယ် ကူးလေ့မရှိကြ ဘူး။ နယ်ကူးရင် ကျူးရင် နယ်ခံခွေးတွေက ၀ိုင်းကိုက်ကြ၊ အမဲဖျက်ကြတာပဲ။ အဲ ... အလှူချိန်ရောက်ပြီဆိုရင် တော့ နယ်စည်းတွေပျက်ပြီ၊ သူ့နယ်ကိုယ့်နယ် ကူးကြပေမယ့် မကိုက်ကြတော့ဘူး၊ အမဲဖျက်တာတေ၊ွ ကိုက်ခဲ တာတွေ ရပ်စဲထားကြတယ်။ ခွေးငြိမ်းချမ်းရေး ပြောလည်းရတယ်။ ခွေးလွတ်ငြိမ်းချမ်းသာခွင့် ပြောလည်းရ တယ်။ အဲဒီအချိန်မှာ အစာလုကြရင်း “ဟီးကနဲ ဟန်းကနဲ” မာန်ဖီပြကြတာလောက်ပဲရှိတယ်။ အလှူနေ့ဆိုရင် တော့ အလှူအိမ်မှာ ရွာပေါင်းစုံက ခွေးအပျို၊ ခွေးထီးပျို၊ ခွေးအမေ၊ ခွေးသမီး၊ ခွေးအဖွား၊ ခွေးသား၊ ခွေးအဖိုး၊ ခွေးသူခိုး၊ ခွေးဂျပိုး၊ ခွေးကျိုး၊ ခွေးဖင်လိမ်နဲ့ ခွေးမြီးကောက်ပါမကျန် ခွေးပေါင်းစုံတို့ ညီလာခံကြတာပေါ့။ ရ တတ်သမျှ အရိုးအရင်းလေးတွေ လုကြယက်ကြနဲ့ ထမင်းကျွေးရုံမှာ တညံညံ တစီစီနဲ့ပေါ့။
အဲဒီမှာ အခွင့်သာတာက ရွာခံခွေးတွေပဲ။ သူတို့က စားလို့ဝလည်း ဆက်လုကြတယ်။ ရတာကို မြေထဲမြုပ်ထား ၀ှက်ထားတတ်တယ်။ ရွာခံမဟုတ်တဲ့ ခွေးများကတော့ အ၀စားပြီး ချီနိုင်သလောက်ချီပြီး ပြန်ကြတယ်။ အလှူ ပြီးလို့ လေးငါးဆယ်ရက်အထိတော့ ခွေးတွေက မြေထဲဝှက်ထားတာလေးတွေ ပြန်ဖော်ပြန်မြုံ့နဲ့ တကယ့်စည်း စိမ်ပေါ့၊ ဒါကြောင့် ပြောကြတယ်မဟုတ်လား မတော်မတတ်သူများ (တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ) တသက်တခါ လာဘ်လာဘရွှင်ကြရင် ‘ခွေး ဘုရားပွဲ တွေ့သလို’ ပဲလို့ ပြောကြတာ။
အခုလည်း ကျူပ်တို့ပတ်ဝန်းကျင်က အခြေအနေတွေက အဲဒီအညာက အလှူလာတဲ့ ခွေးတွေကို ပြန်ပြီးမြင် ယောင် သတိရစရာတွေဖြစ်လာတယ်။ ခွေးဆိုတာကတော့ အိပ်စားကာမလောက်သာသိတဲ့ အဟိတ်တိရိစ္ဆာန် ဆိုတော့ လှူရင် ကျွေးရင် စားမှာပဲ။ ဘယ်သူက လှူတယ်၊ ဘာကြောင့်လှူတယ်၊ ဘယ်လိုလှူတယ် ဆန်းစစ်မ နေဘူး။ ပြီးတော့ သူတို့က အလှူမှာ အဓိကအလှူခံပုဂ္ဂိုလ် ဖိတ်ကြားခံရသူမဟုတ်လို့ ရှက်နေစရာ၊ ဂုဏ်သိက္ခာ ငဲ့နေစရာ မလိုပါဘူး၊ စားကြွင်းစားကျန် အရိုးအရင်းလောက်နဲ့ကိုပဲ ကျေနပ်လှပြီ။
အခု ကျုပ်တို့ဝန်းကျင်ကတော့ လူတွေ ...။ လူတွေမှ ကိုယ့်ကိုကိုယ် ခေါင်းဆောင်လို့ ပညာတတ်လို့ ကြော်ငြာ နေတဲ့ လူတွေလေ ...။
တကယ်တော့ ဒီဇာတ်လမ်းတွေက ၂၀၀၃ ထဲက စတယ်လို့ ဆိုရမှာပါ။ ဒီပဲယင်း ယုတ်မာပတ်စက်မှုကြီးနဲ့ တံ တွေးခွက် ပတ်လက်မျောနေတဲ့ စစ်အုပ်စုက ထောက်လှမ်းရေးမှူး ဗိုလ်ခင်ညွန့်ကို ၀န်ကြီးချုပ်ခန့်၊ ဘုံခုနစ်ဆင့် လမ်းပြမြေပုံပြပြီး ထွက်ပေါက်ရှာတယ်။ ဒီဘုံခုနစ်ဆင့်ကို ကြည့်ပြီး ကျုပ်တို့ ပေါချောင်ကောင်း ခေါင်းဆောင် တွေဇောင်းလွှတ်တဲ့မြင်းလို ခြေတကြွကြွနဲ့ အတော်အူးမြူးတက်ကြွခဲ့ကြသေးတာပဲ။ (BSG) ခေါင်းဆောင် ဒေါက်တာဇာနည် နှာခေါင်းကျည်ပွေ့တွေ့သွားမှ ခြေငြိမ်သွားကြတာ။
အခုတော့ (၂၀၁၀) ရွေးကောက်ပွဲသံ ပိုပြီးတော့ကျယ်လာ နီးလာပြီးဆိုတော့ တချို့ ဣနြေ္ဒမဆည်နိုင်ကြတော့ ဘူး။ ရတတ်သမျှ မှိုတက်အတွေးအခေါ်တွေ ဖုံခါ၊ မီးကျိုးမောင်းပျက် သဘောတရားတွေထုတ်ပြီး ရွေးကောက် ပွဲဝင်ရေး စိုင်းပြင်းလာကြပြန်ပြီ။ အခွင့်အရေးဆို မစွန့်ပဲစားချင်ကြတာ ဓမ္မတာမို့ ကိုယ့်စားရိတ်နဲ့ ကိုယ့်လမ်းကို ရွေးကြတာကို ဘာမှမပြောလိုပါ။ ဆိုးချက်နာတာက ကိုယ့်လမ်းကို ဖြောင့်ဖြောင့်မသွားဘဲ ဟိုဆွဲဒီဖဲ့နဲ့ လူတ ကာကို ခေါင်းစပ်တူဝယ်ဖို့ ဆွယ်နေကြတာပဲ။ ဒေ၀ဒတ်က အဇာတသတ်ကလေးကို တတ်သမျှ မှတ်သမျှနဲ့ ဖျားယောင်းသလိုပေါ့။ တချို့ဆို ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ရပ်နေသူတွေကိုတောင် ခေါင်းမာသလေး၊ လက် တွေ့မကျသလေး ပုတ်ခတ်လိုက်သေးတယ်။
သူတို့ဟာက ရေနှောက်ငါးရှာ (Fishing in trouble water) သလို ပတ်ဝန်းကျင်ကို အဆိပ်မှိုင်းတိုက်ပြီး ကိုယ် ကျိုးရှာတာပါပဲ။ တော်လှန်ရေးစိတ်ဓာတ်၊ အတွေးအခေါ်တွေ မျိုးကန်းသွားအောင်၊ ကျိုးပျက်သွားအောင် အ ဆိပ်အတောက် အယူအဆတွေကို တွင်တွင်ဖြန့်တယ်။ အတော်ကို ယုတ်ကန်းပါတယ်။ စကားတခု ကြားဖူးကြ မှာပါ။ ပါးစပ်ထဲဝင်တဲ့ အဆိပ်က လူနဲနဲကိုပဲသတ်နိုင်တယ်။ နားထဲဝင်တဲ့ အဆိပ်ကတော့ တမျိုးလုံးကိုသတ်နိုင် တယ်။
အပြောတော့ အလွန်ကောင်း၊ တကယ့် ပါးပါးလေး။
‘ဖြစ်နိုင်တာ လုပ်တာနိုင်ငံရေးတဲ့’
‘မရှိရာကနေ တခုခုရှိလာတာ ကောင်းတယ်’
‘န၀တ/နအဖရဲ့ ( ဘုံခုနှစ်ဆင့် ) လမ်းကြောင်းအတိုင်းဝင်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ်’ စတဲ့ အဆင်ခြေတွေ စုံလို့ပဲ။
အမှန်တရားအတွက် တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင်ခြေတွေ၊ အောင်နိုင်ခြေတွေ တွက်တာမရှိပါဘူး။ မြတ်စွာဘုရား ရှင်ကိုယ်တိုင်က အဓမ္မတရားနှင့် အသက်ရှင်ခြင်းထက် ဓမ္မတရားအတွက် အသက်စွန့်တန်စွန့်ရမယ်။ ဓမ္မနဲ့ အ သက်ရှင်တာမြတ်တယ်လို့ ဟောထားခဲ့တာပဲ။ အမှန်တရားဘက်က ရပ်တည်ရာ တိုက်ပွဲဝင်ရာမှာ ဖြစ်နိုင် ခြေကိုပဲတွက်ပြီးလုပ်တာ၊ အရူံးအမြတ်တွက်တာဟာ ဖဲသမားဉာဉ်နဲ့ အချောင်နှိုက်ချင်တဲ့ စိတ်ဓာတ် ပါ။ ဖြစ်နိုင်တာလုပ်မှ နိုင်ငံရေးဆိုတော့ နိုင်ငံရေးမှာ မှားမှား၊ မှန်မှန် ဖြစ်နိုင်မှလုပ်ကြ၊ မဖြစ်နိုင်ရင် မလုပ်နဲ့ ဒူး ထောက် အရှုံးပေးလိုက်ကြလို့ ကိုယ်နဲ့တူအောင် အမြီးဖြတ်တာပါပဲ။
ဒါကြောင့် ဒီစကားဟာ လူ့အဖွဲ့အစည်းတခုလုံးအတွက် မျိုးတုံး၊ မျိုးသုဉ်းသွားစေလောက်အောင် အ ဆိပ်သင့်တဲ့ ဖောက်ပြန်ရေး အတွေးအခေါ်ဖြစ်တယ်။ အမျိုးသားတရပ် ရှင်သန်ရပ်တည်ရေးအတွက် မရှိ မဖြစ်လိုအပ်တဲ့ တော်လှန်ဖောက်ထွက်ရဲတဲ့ အမျိုးသားဇာတိမာန်ကို ရိုက်ချိုးဖျက်ဆီးလိုက်တဲ့ အတွေးအခေါ် ဖြစ်တယ်။ ဖြစ်နိုင်ခြေတွေလောက်ကိုသာ တွက်ချက်လုပ်ခဲ့ကြမယ်ဆိုရင် ဒီနေ့ကျုပ်တို့လူအဖွဲ့အစည်းကြီးဟာ ကျောက်ခေတ်မှာပဲ ရှိနေဦးမှာပဲ။ နိုင်ငံရေးဘက်က ကြည့်ရင်လည်း ကျုပ်တို့ဗမာတွေဟာ ကမ္ဘာသုဉ်းတဲ့အထိ အင်္ဂလိပ်ကျွန်ဖြစ်နေဖို့ပဲ ရှိတော့တယ်။ လက်နက်ခြင်းမမျှဘဲ အင်္ဂလိပ်ကို တော်လှန်ခဲ့ကြတဲ့ ကျုပ်တို့ရဲ့ဘိုးဘွား ရှေးဦးတော်လှန်ရေးသမားကြီးတွေ၊ ဆရာစံနဲ့ လယ်သမားကြီးတွေကို ဘယ်လိုသမိုင်းတင်ကြမလဲ။ အချောင် သမားလမ်းစဉ်ကို မလိုက်ခဲ့ကြလို့ လူမိုက်ကြီးတွေလို့များ သမိုင်းတင်ကြဦးမလား။
တကယ်တော့ အမျိုးသားရှင်သန်ရပ်တည်ရေးတို့ ကြီးပွားရေးတို့ လွတ်မြောက်ရေးတို့ဆိုတာဟာ ရည်မှန်းချက်တခုကို ဓိဋ္ဌာန်ပြီး မျိုးဆက်တွေ တခုပြီးတခု လက်ဆင့်ကမ်းသွားရတဲ့ အမျိုးသားရေး တိုက်ပွဲပဲ။ ဖြစ်စဉ်တခုပဲ။
ဒီတော့ ရှင်းပါတယ်။ သူတို့ပြောနေတဲ့ ဖြစ်နိုင်တာလုပ်တာ နိုင်ငံရေးဆိုတာ စစ်အုပ်စုလိုချင်တဲ့ ပုံစံအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး ဗမာတွေ ကမ္ဘာသုဉ်းတဲ့အထိ စစ်ဓားပြကျွန်ခံကြလို့ သွေးဆောင်ဖြားယောင်းတဲ့ ကျွန်ပွဲစားလုပ်ရပ်ပဲ ဖြစ်တယ်။
သူတို့ပြောနေတဲ့ ခိုးကြောင်ခိုးဝှက် တမျိုး၊ ခြိမ်းခြောက်ဓားပြတိုက်လို့ တဖုံ ညစ်နည်းမျိုးစုံနဲ့ နာဂစ်မုန်တိုင်း ကြောင့် သေကြေခဲ့ကြရတဲ့ ပြည်သူတွေရဲ့ အရိုးပုံပေါ်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ကြည့်ပါဦး။ အဆင့်ဆင့် အုပ်ချုပ်ရေးဌာနတွေအပြင် လွှတ်တော်ထဲမှာ အမတ်လေးပုံတစ်ပုံကို ဓားပြတိုက် အပိုင်စီးထား တယ်။ သမ္မတက စစ်သား၊ ဒါမှမဟုတ် စစ်သားဟောင်းဖြစ်ရမယ်။ အရေးကြီးတဲ့ဝန်ကြီးဌာနတွေကို စစ်တပ်က ယူမယ်။ ဒါတောင် ဖင်မလုံနိုင်သေးတာနဲ့ လိုအပ်ရင် ဖွဲ့စည်းပုံတကျ စစ်တပ်က အာဏာသိမ်းနိုင်တယ်။ ပြီး တော့ အဲဒီဖွဲ့စည်းပုံကြီးကို စစ်ဓားပြအမတ်တွေ အပါအ၀င် လေးပုံသုံးပုံက သဘောတူမှ ပြင်ရမယ်တဲ့။
ကဲ .. ဘယ်မှာလဲ ပြည်သူတွေရဲ့ အခန်းကဏ္ဍ၊ ဘယ်မှာလဲ ဒီမိုကရေစီရဲ့အနှစ်သာရ။ လူထုဆန္ဒဆို တာဖွဲ၊ စစ် အာဏာရှင်စနစ်က တရွေးသားတောင် ပွန်းမနေဘူး။ ဒီလောက်ဖောက်ပြန်တဲ့ ဖွဲ့စည်းပုံကိုပဲ ဘာမှမရှိတာထက်စာရင် ကောင်းတာပေါ့ ဆိုပါလား။ ဘူးသီးကို ၀က်သားလို့ စာရေးပြီး ချက်စားလည်း ဘူးသီး က ဘူးသီးအရသာပဲ ထွက်မှာပဲ။ ၀က်သားအရသာ ဖြစ်မလာဘူး။ သားစဉ်မြေဆက် စစ်ကျွန်ခံကြဖို့ ဗြောင် ဆွယ်တာပါပဲ။ ဒီ့ ထက်ဖောက်ပြန်တဲ့ အတွေးအခေါ်တောင် ဒီလောက်ယုတ်ညံ့မှာမဟုတ်ဘူး။ လောကကြီး မှာ ရှိနေပေမယ့် မကောင်းတာတွေ ပြည့်လို့၊ အများကြီး။ ရှိသာရှိပြီး ဘာမှသုံးမရတဲ့အပြင် လော ကကြီးကို အနှောင့်အယှက်တွေ၊ ဆိုးကြိုးဒုက္ခတွေသာပေးတဲ့ စစ်အာဏာရှင်တွေအပြင် ဒီလောက် ဖောက်ပြန်တဲ့ သဘောတရားထုတ်ပေးသူတွေလည်း ပါတာပဲ။
ဒီသဘောတရားအတိုင်းဆိုရင် ကိုယ့်အသက်ကို ငွေနဲ့ရွေးပြီး ပြန်ရလာလို့ ပြန်ပေးသမားကို ကျေးဇူးရှင်အမှတ် နဲ့ ကိုးကွယ်ရမယ့်ကိန်း၊ ဒီကျွန်ပွဲစားသဘောတရား ဆရာကြီးတွေ အသုံးမကျတာက ကမ်းကုန်ရော၊ အရှိကို မရှိ အောင် ဖျက်ဆီးပြီးကာမှ ဘာမဟုတ်တဲ့ အတုအယောင်ကိုပေးလာတဲ့ အဖျက်သမားကို ကျေးဇူးတင်နေတဲ့ ဟန်၊ အညံ့ဖျင်းဆုံး ကျွန်ပွဲစားများပေတကား။
တကယ်ဆို ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲစနစ်နဲ့ ရွေးကောက်ခံအစိုးရဆိုတာ ဗမာပြည်မှာ ရှိပြီးသား။ ဒါကိုဖျက်ဆီး ပစ်ခဲ့တာ ဘယ်သူတွေလဲဆိုတာ ကလေးအစ ခွေးအဆုံး တလောကလုံး သိတယ်။ မသိတာက ကိုယ့်နေရာရဖို့ အရေး၊ လူရာဝင်ဖို့အရေးအတွက် အတ္တလောဘတွေ ပိတ်ဖုံးနေတဲ့ အချောင်သမား ကျွန်ပွဲစားတွေပဲဖြစ်တယ်။ စစ်တပ်စစ်ဦးစီးချုပ်အပါအ၀င် အချုပ်အချာအာဏာပိုင်တဲ့ တာဝန်ဝတ္တရားတွေကို ထမ်းရသူတိုင်း ပြည် ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံကို အသက်နဲ့လဲကာကွယ်စောင့်ရှောက်ပါမယ်လို့ ကျမ်းကျိန်သစ္စာပြုထား ကြရတာပဲ။ ဒီကြားကပဲ “ငယ်ခါဆိုးသွမ်း ကြီးခါယုတ်မာ သေသော်တိုင်းပြည်ကို စစ်အာဏာရှင်ငရဲ ခန်းမှာထားခဲ့တဲ့ ၀ဲစားကြီး ဗိုလ်နေ၀င်း” ကစလို့ ဒီနေ့ခေတ်ထိ စစ်ခေါင်းဆောင် အဆက်ဆက်တို့ ပဲ၊ ဒီကျမ်းဒီသစ္စာတွေကို ဖောက်ဖျက်ခဲ့ကြတယ်၊ ဖောက်ဖျက်နေကြတယ်။
ဒီမဟာဗာလာနံ လူမိုက်အပေါင်းရဲ့ ကျေးဇူးနဲ့ပဲ မဟုတ်တာ၊ မတရားတာမှန်သမျှ ဗမာပြည်ထဲမှာ အကုန်ဖြစ် တယ်။ ဘုရားဗိုက်ဖောက်ခံရတယ်။ ကျောင်းသား၊ သံဃာတွေ လမ်းမပေါ်မှာ ရက်ရက်စက်စက် အသတ်ခံနေ ရတယ်၊ ယုတ်စွအဆုံး ဘုန်းကြီးရုပ်အလောင်းတောင် မီးဖုတ်စားခံနေရတယ်။ ဒီဗိုလ်ချုပ်တွေ၊ သူတို့အပေါင်း အပါတွေ တိုင်းပြည်ဘဏ္ဍာအရင်းအမြစ်ဟူသမျှကို ဓားပြတိုက်လုယက် ချမ်းသာနေသလောက် လူထုဘ၀က တော့ တကယ့်ကို နင်းပြား၊ ဖွတ်ကျောပြာစု ခရုဆံကျွတ်ဘ၀။ အဖြစ်ဆိုးလိုက်ပုံက သမီးမွေးတော့ ပြည့်တန် ဆာ သားမွေးတော့ သူခိုးပြာတာ၊ ကမ္ဘာ့အနှံ့မှာ ဗမာကူလီတွေရှိတယ်။ ဒါနဲ့များတောင် သူတို့ပါးစပ်က အမျိုး ဂုဏ် ဇာတိဂုဏ်မြင့်မားရေးလို့ မျက်နှာပြောင်တိုက် အော်နေတာပဲ။ ဒီလိုကျေးဇူးပြုခဲ့ကြတဲ့ လူမိုက်တသင်းကို တိုင်းပြည်နဲ့လူမျိုးအပေါ် ဆက်ပြီးအုပ်ချုပ်ခွင့်၊ အဓမ္မကျင့်ခွင့်ပြုထားတဲ့ ဖွဲ့စည်းပုံကို အချောင်သမားတွေကလွဲ လို့ ဘယ်သူမှလက်မခံဘူး။ ဥပဒေနည်းလမ်းတကျ စစ်ကျွန်ခံရတာကောင်းတယ်လို့ယူဆတဲ့ ကျွန်ပွဲစားတွေပဲ လက်ခံတယ်။
နောက်ကျွန်ပွဲစားတွေရဲ့ ဘနဖူး သိုက်တူးမယ်ဆိုတဲ့ မတော်လောဘ အပေါ်လွင်ဆုံးက သူတို့နဲ့ပေါင်းလုပ်ပြီး တဖြည်းဖြည်းချင်း ပြောင်းယူမယ့်ဆိုတဲ့ အယူအဆ၀ါဒမှိုင်းပဲ။ ပူးသတ်မယ် ပြောလိုပြော၊ ပေါင်းပြီးပြောင်း မယ် ပြောလိုပြော၊ တကယ့်ကို အမြီးအမောက် မတည့်လှပါဘူး။ လက်တွေ့ကတော့ နွားသိုးဂျိုမှာ နို့ညှစ်ကြ စို့လို့ ပြောသလိုပါပဲ။
ဗမာပြည်နိုင်ငံရေးမှာ ကိုလိုနီခေတ်၊ ဖဆပလခေတ်၊ စစ်အာဏာရှစ်များခေတ်၊ ခေတ်အဆက်ဆက်က လက် နက်ချ ဒူးထောက်အညံ့ခံသွားသူတိုင်း ဖန်တရာတေအောင် သုံးခဲ့ကြ၊ ပြောခဲ့ကြတဲ့စကားတွေ၊ ဆင်ခြေတွေပါ။ တကယ်ယုံ တကယ်ပြောပြီး တကယ်လုပ်ခဲ့ကြသူတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့ပြောသလို ဖြစ် ခဲ့တာတခုမှ မရှိခဲ့ဘူး၊ တယောက်မှပေါ်မလာဘူး။ အဲသလိုဆင်ခြေပေး အကြောင်းပြခဲ့ကြသူအားလုံး အုပ်စိုးသူ ဖောက်ပြန်ရေးသမားတွေနဲ့ ပူးပြီးပေါင်းမိခါမှ မထွေးနိုင် မမြိုနိုင်နဲ့ အဆုံးမှာ မိုးခါးရေ၀ိုင်းသောက်ကြရင်း သစ္စာ ဖောက် ကိုယ်ကျိုးရှာသမားတွေအဖြစ်နဲ့ နိဂုံးချုပ်သွားကြရတာချည်းပဲ။ လျှမ်းလျှမ်းတောက် ခေါင်းဆောင်ကြီး တွေဖြစ်ကြတဲ့ ဘကြီးဘဖေတို့ သခင်စိုးကြီးတို့တောင် ဒီလိုပဲဇာတ်သိမ်းသွားရတာ။
ဒီစစ်ဒီလူညစ်တွေရဲ့ ခေတ်နဲ့စနစ်က ဟိုအရင်အာဏာရ ဖောက်ပြန်ရေးသမားတွေထက်ပိုဆိုး၊ ပိုပြီးဗြောင်ကျ ကျ ဖောက်ပြန်တယ်။ မရှိတာထက် ရှိလာတာကောင်းပါတယ်လို့ ကျွန်ပွဲစားကြီးတွေ မွှန်းနေတဲ့ ၂၀၀၈ ဖွဲ့စည်း ပုံက စစ်အာဏာရှင်စနစ်ကို အတိအကျ ပြဌာန်းထားတဲ့အပြင် ပြင်ဆင်လို့မရအောင် ယိုပေါက်မရှိပိတ်ဆို့ထား တယ်။ ဒါကြောင့် ပူးသတ်မယ် ပေါင်းပြီးပြောင်းမယ်ဆိုတဲ့ ကျွန်ပွဲစားတွေကလည်း ဟိုးအရင်ခေတ် ဖောက်ပြန် ရေးသမားတွေထက် ပိုပြီးဗြောင်ကျတယ်၊ အရှက်သိဏ္ခာမဲ့တယ်။ မတော်ရာမှာ သတ္တိထူးပါပေတယ်လို့ ချီးကျူး ရမယ်။
အဲဒီအထဲမှာ တော်လှန်ရေးနဲ့ သူဌေးဖြစ်နေကြတဲ့ ကျုပ်တို့ရဲ့ အဝေးရောက် ခေါင်းဆာင်ကြီးတွေလည်းပါတာ ပဲ။ အမြီးပြတ်ချင်း လက်တို့ဝိုင်းထိုင်ပြီး အပေါစား မိန်းမပျက်လို ဟိုဟာလှန်ပြ ဒီဟာလှန်ပြနဲ့ ရန်သူစစ်အုပ်စုကို မျက်စပစ်တယ်၊ မြှူတယ်။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမိန့်တွေချ၊ ထောင်တွေချနေချိန် မှာပဲ စစ်အုပ်စုကို ရင်ကြားစေ့ရအောင်ဆိုပါလား။ သြချလောက်တဲ့ စိတ်ကူး။ ဒေါ်အောင်ဆန်းစုကြည်ထမီခြုံ လို့ကောင်းစားနေသူတွေက ဒေါ်အောင်ဆန်းစုကြည်အရေး တရွေးသားတောင် ထည့်မစဉ်းဘူးဆိုတာ ဒီမှာပေါ် တာပါပဲ။ ဒီအမြင် ဒီစိတ်ဓာတ်လောက်နဲ့ ကျွန်စုပ်တဲ့ သရက်စေ့လိုဖြစ်နေတဲ့ ပြည်သူတွေကို ကယ်တင်မယ်၊ အလုပ်အကျွေးပြုမယ်ဆိုပါလား အရပ်ကတို့ ...။
စကားရွေးပုံ ဆင်ခြေပေးပုံလေးကတော့ တိုးတက်လာသလိုပဲ။ ဘာတဲ့ မုန်လာဥပြတုတ်ပြ စည်းရုံးရေးတဲ့။ ကောင်းပါတယ်၊ ပြစရာနှစ်ခုလုံး ရှိရင်ပေါ့။ ဒါပေမယ့် ဘယ်မှာလဲ ပြစရာတုတ်၊ တုတ်နဲ့တူတာလည်း တခုမှ မ တွေ့။ ဒီတော့ ပြစရာ မုန်လာဥပဲ ရှိတော့မပေါ့။ မုန်လာဥပြရတာနဲ့တင် မလုံလောက်လို့၊ အားမရကြလို့ မတော် လုံချည်လှန် နောက်ခိုင်းပြကြရင်ဖြင့် အတွေးနဲ့တင် မမြင်ဝံ့စရာ။ တွေးပြီးသာ ရှက်နေရတာပါ၊ ပြတောင်ပြပြီးပြီ လား မသိနိုင်ဘူး။
တကယ်တော့ ဒီခေါင်းဆောင်ကြီးတွေပဲ တော်လှန်ရေးကို အင်ဂျီအို ( NGO) တွေရဲ့ ငွေဝယ်ကျွန်ဖြစ်အောင် လုပ်ခဲ့ကြတာ။ သူတို့ဆောင်ပှဒ်က ရှင်းရှင်းလေး။ တိုင်းပြည်အတွက် တော်လှန်ရေးအတွက် အကျိုးရှိရှိ၊ မရှိရှိ အင်ဂျီအို ကြိုက်တာအကုန်လုပ်၊ အင်ဂျီအို မကြိုက်တာ အကုန်ဖြုတ် ဒါပဲ။ အင်ဂျီအိုတွေကြားက မှတ် ချက်တခု ကြားမိတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်က အဖွဲ့တွေက သူတို့နဲ့ကိုက်တဲ့ ပရောဂျက်မှ လုပ် တာ၊ ဗမာအဖွဲ့တွေက ပိုက်ဆံပေးရင် ဘာပရောဂျက်ခိုင်းခိုင်း အကုန်လုပ်တယ်တဲ့။ ပြောလည်း ပြောလောက် စရာ။ ဗမာအဖွဲ့တခုကဆို ပိုက်ဆံပေးလို့ ဗွီဒေး (V Day - Vagina Day ) ဆိုလား လုပ်ဆိုပဲ။ ကျုပ်တို့လည်း ခပ်ရွတ်ရွတ် ကိုရင်ကြီးတပါးလို “ဣတ္ထိဗီဇံ အဟံ ၀န္ဒာမိ” ဆိုပြီး ၀င်ရောရမလားပဲ။
ဒါကြောင့် သူတို့အနှစ် (၂၀) လုပ်ခဲ့သမျှ ပြစရာ နတ္တိ။ ဇကာကုံးနဲ့ ရေခပ်တာမှ ရနိုင်စရာရှိသေးတယ်။ သတ်ပုံ တောင်မမှန်တဲ့သူက ပညာရေး မူဝါဒတွေချ၊ သင်ရိုးတွေဆွဲ၊ ပုဒ်ထီးပုဒ်မ မကွဲတဲ့သူက ဖွဲ့စည်းပုံရေးလိုရေး။ အ ခုလည်း ရွေးကောက်ပွဲဝင်ရေး၊ စစ်ကျွန်ခံဖို့အရေး ကျွန်ပွဲစားလုပ်နေကြပြန်ပြီ။ စေတနာကမမှန်၊ တွေးခေါ်ပုံက မဟန်၊ ဟန်ကိုက မဟန်၊ လက်လန်လောက်ပါပေရဲ့။
ကျွန်ပွဲစားတွေပြောနေတဲ့ ပေါင်းပြီးပြောင်းမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် အိန္ဒိယကို နမူနာထားကြည့်ပါ။ အိန္ဒိယ ပါလီမန်လွှတ်တော်မှာ အမတ်ဦးရေ (၅၄၇) ယောက်ရှိတယ်။ လူနည်းစုတွေအတွက် အထူးရာထားတဲ့ (၄) ယောက်ကို သမ္မတက တိုက်ရိုက်ခန့်တာကလွဲရင် ကျန်တာအားလုံး လူထုမဲနဲ့ ရွေးကောက်တယ်။ အစိုးရဖွဲ့နိုင် ဖို့ဆိုရင် အနည်းဆုံး အမတ် (၂၇၂) ယောက်ရှိဖို့လိုတယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းရွေးကောက်ပွဲတွေမှာ အ မတ်အများဆုံးရတဲ့ ပါတီက အမတ် (၂၀၀) တောင် မပြည့်ဘူး။ ဒီတော့ အတွေးအခေါ် ရပ်တည်ချက်တူတာ မတူတာ ဘေးချိတ်ပြီး ညွန့်ပေါင်းဖွဲ့ကြရတယ်။ တချို့ညွန့်ပေါင်းဝင် ပါတီအချင်းချင်းရဲ့ အတွေးအခေါ်တွေက ဆန့်ကျင်ဘက်တွေ။ ဒီတော့ ညွန့်ပေါင်းအစိုးရတွေဟာ တိုင်းပြည်တည်ငြိမ်ရေး၊ ဖွံဖြိုးရေးအတွက် စီမံဆောင် ရွက်ရတာထက် အစိုးရတည်ငြိမ် တည်မြဲဖို့ လုံးပမ်းနေရတာနဲ့ပဲ အချိန်ကုန်ရတယ်။ အရေးပါတဲ့ ပြုပြင်ပြောင်း လဲရေးတွေလုပ်ဖို့၊ ဥပဒေပြုဖို့ဆိုတာ ဝေးလာဝေးပဲ။
သိကြတဲ့တိုင်း ပါလီမန်ဒီမိုကရေစီဆိုတာက (Number Game) ကိန်းဂဏန်းတွေ ကစားကြတာပဲ၊ အမတ်ဖြစ် ဖို့ လူထုမဲကိန်းဂဏန်းတွေကို အခြေခံလုကြတယ်။ အစိုးရဖွဲ့ဖို့ ကိန်းဂဏန်းတွေ (အမတ်) လုကြရတယ်။ ဆုံး ဖြတ်ချက်တွေ၊ ဥပဒေတွေပြုဖို့ ကိန်းဂဏာန်းတွေကို လုကြ၊ ကစားကြရတယ်။ ကိန်းဂဏန်းများများကို ကိုင် ထားတဲ့သူက ကြိုက်သလိုကစားတာပဲ။ ကိန်းဂဏန်းများများကို ကစားနိုင်တဲ့သူက ကြိုက်ရာလုပ်တာပဲ။ ဒီ တော့ အာဏာရအုပ်စုနဲ့ အတိုက်အခံအုပ်စုတွေက သူ့ဘက် ကိုယ့်ဘက်က အမတ်တွေ၊ ပါတီငယ်လေးတွေကို ငွေ၊ ရာထူး၊ အခွင့်အရေးတွေနဲ့ အပြိုင်အဆိုင် ဖဲ့ထုတ်စည်းရုံးကြတာပဲ။ ထုံးစံအတိုင်း အာဏာရထားတဲ့ အုပ်စု ကတော့ တပန်းသာတာပေါ့။ သို့သော် သူမှာလည်း အစိုးရတည်ငြိမ်အောင် လုံးပမ်းနေရတာနဲ့ပဲ တခြားလုပ် ငန်းတွေကို လှည့်မကြည့်အားနိုင်တော့ဘူး၊ တိုင်းပြည်ဆုတ်ယုတ်တယ်၊ မတည်ငြိမ်ဘူး။
ကျုပ်တို့ဗမာကျောင်းသားတွေကို အိမ်ပေါ်ခေါ်တင် စောင့်ရှောင်ထားတဲ့ မစ္စတာဂျော့ဖာနန်ဒက် Mr.George Ferrandes ဆိုတာ ဆမာတာ (Samata သာတူညီမျှ ) ပါတီရဲ့ခေါင်းဆောင်။ သူ့ရပ်တည်ချက်က ပါတီနာမည် အတိုင်း ဆိုရှယ်လစ်။ သူပါတဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကဦးဆောင်ပါတီ ဟိန္ဒူအမျိုးသားရေးဝါဒီ (BJP) နဲ့က ၀ါဒ အရ ပြဒါးတလမ်း သံတလမ်းပဲ။ ဒါပေမယ့် အစိုးရဖွဲ့နိုင်ဖို့ သူတို့ပေါင်းကြတယ်။ သူ့ပါတီက (၅၄၇) နေရာရှိတဲ့ ပါလီမန်ထဲမှာ (၁၄) နေရာပဲရှိတာပဲ။ ဒါပေမယ့် အစိုးရကက်ဘိနတ်ထဲမှာ နံပါတ် (၄) နေရာဖြစ်တဲ့ ကာကွယ် ရေးဝန်ကြီး နေရာကိုရတယ်။ ဆိုခဲ့တဲ့အတိုင်း ပါလီမန်ဒီမိုကရေစီဆိုတာက (Number Game) ဆိုတော့ လူ ပြည့်ဖို့အတွက် (၁၄) နေရာမျက်နှာနဲ့ လိုက်လျောရတာပဲ။ ညွန့်ပေါင်းအဖွဲ့ရဲ့ အဓိကပါတီကလည်း သူ့လူ နံ ပါတ် (၁) ၀န်ကြီးချုပ် ရာထူးရဖို့၊ အစိုးရဖွဲ့နိုင်ဖို့ဆိုတော့ အစွမ်းကုန်လိုက်လျောရတာပဲ။
ဒီမှာနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ လူ (၅၄၇) ရှိတဲ့ ပါတီပါလီမန်မှာတောင် လူ (၁၄) ယောက်ပဲရှိတဲ့ လူတစု၊ ပါတီ တခုက ဒီလောက် ချယ်လှယ်ကစားနိုင်ရင် လူ (၄၄၀) သာရှိတဲ့ လွှတ်တော်မှာ စစ်မိန့်အာဏာအောက်က စစ် ဓားပြအမတ် (၁၁၀) က ဘယ်လောက်ဗိုလ်ကျ လွှမ်းမိုးနေမလဲ။ တွေးတောင် မတွေးဝံ့စရာပါ။ ဒီတော့ ကျွန်ပွဲ စားတွေပြောသလို ပေါင်းပြီးပြောင်းမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ အရှင်းကြီးပါ။ တွေးကြည့်စရာတောင် မလိုပါဘူး။ ကျွန်ပွဲစားတွေရဲ့ အသားလိုလို့ အရိုးတောင်း လူထုကို ရောင်းစားဖို့ ကြံတယ်ဆိုတာ ရှင်းပါတယ်။
နိဂုံးချုပ်အနေနဲ့ အားလုံးအတွက် လက်ဆောင် ဟိတောပဒေသ ထဲက ပုံပြင်လေးတခု ပြောချင်တယ်။ တခါမှာ တော့ ဖားတကောင်ဟာ ရေအိုင်စပ်မှာ မလှုပ်မယှက်နေနေတဲ့ မြွေကြီးတကောင်ကို သွားတွေ့တယ်။ ထုံးစံအ တိုင်း မြင်မြင်ချင်းတော့ ကြောက်တာပေါ့။ မြွေကြီးက မလှုပ်မယှက်ငြိမ်နေတော့ အဝေးကနေ တဖြည်းဖြည်း ကပ်လာပြီး စပ်စုတယ်။ အသင်မြွေကြီး ဘာဖြစ်နေသလဲ။ ဒီတော့ မြွေကြီးက သူ့သားကို ကိုက်သတ်လိုက်လို့ ပုဏ္ဏားကြီးက ငါ့ကို ကျိန်စာတိုက်လိုက်တယ်။ ဆိုးလိုက်တဲ့ ငါကံနှယ် ဖားတွေရဲ့ စီးတာကို ခံရပါစေလို ကျိန် လိုက်တယ်။ ဒါနဲ့ အဲဒီဖားက သူတို့ရဲခေါင်းဆောင် ဖားဘုရင်ကြီးဆီကို ပြေးပြီးသတင်းပို့တယ်။ ဒီခေတ်နဲ့ ဆိုရင် တော့ ဖားဥက္ကဌ၊ ဖားသမ္မတ၊ ဖားဝန်ကြီးချုပ်လို့ ဆိုရမှာပေါ့။ ဒါနဲ့ အဲဒီဖားခေါင်းဆောင် ဘုရင်ပြောပြော ဥက္ကဋ္ဌ ပြောပြောပေါ့ မစူးမစမ်းဘဲ မြွေကြီးဆီကိုသွားပြီးတော့ စီးကြည့်စမ်းမယ်ဆိုပြီး စီးတာပေါ့။ ဖားဘုရင်ကြီးလည်း အတော်သဘောကျသွားတယ်။ နှစ်ရက်သုံးရက်လောက်နေတော့ မြွေကြီးက သိပ်မသွားနိုင်တော့ဘူး။ ဘာဖြစ် သလဲပေါ့။ မြွေကြီးက အစာမစားရလို့ပါလို့ ဖြေတယ်။ ဒါနဲ့ ဖားဘုရင်ကြီးကလည်း သူနောက်လိုက်ဖားတွေကို အလှည့်ကျ အစားခံစေလို့ အမိန့်ချလိုက်တယ်။ နောက်ဆုံးလည်းကျရော ဖားတွေကုန်သွားလို မြွေကြီးက ဖား ဘုရင်ကြီးကိုစားပြီး ရေအိုင်က ခွာသွားတယ်။ အဓိပ္ပါယ်ကတော့ မြွေဆိုတာမြွေပါပဲ၊ ဖားဆိုရင် စားမှာပဲ။ အဲဒီလို ပဲ စစ်အာဏာရှင်ဆိုတာက စစ်အာဏာရှင်ဘဲ။ စိတ်ကူးယဉ်ရင် ဖားဘုရင်လို ဖြစ်သွားမယ်။
သိကြတဲ့ အတိုင်းပါပဲ။ န၀တ/နအဖ စစ်အုပ်စုက ၂၀၁၀ ရွေးကောက်ပွဲ မျက်လှည့်ပွဲကြီးကိုလုပ်ဖို့ တာစူကာပဲ ရှိပါသေးတယ်။ သို့သော် ကျုပ်တို့အညာအလှူက ခွေးတွေ၊ ကလေးတွေလို ဘင်ကြီးကို ၀င်ထုသူက ထု၊ မီးရှူး မီးပန်း ဖောက်သူကဖောက်နဲ့ ကျုပ်တို့ဝန်းကျင်မှာတော့ အတော့်ကို ရွစိညံနေကြပါပြီ။ တချို့ကလည်း ငွေတ မတ်နဲ့ ငါးကြင်းခေါင်းကို အရခဲဖို့ ဟန်ပြင်နေကြရဲ့။ ပတ်ဝန်းကျင်ကိုလည်း မှိုတက်သဘောတရားတွေ၊ ဂျိုကျိုး နားရွက်ပဲ့ အတွေးအခေါ်တွေနဲ့ မှိုင်းတိုက်အဆိပ်လူးပြီး သူခိုးသေဖော်ညှိနေကြပြီ။ အတွေးမှားပြီး လမ်းရွေးမှား လို့ကတော့ ကျွန်ပွဲစားကြီးတွေနဲ့အတူ သမိုင်းအမှိုက်ပုံရဲ့ အောက်ဆုံးကိုရောက်ရမှာ မလွဲဧကန်ပဲ။
အချိန်ကား နေ၀င်ရီတရော၊ ညီအစ်ကို မသိတသိ၊ သူ့လူကိုယ့်လူ မကွဲပြား။ အခါကတော့ ပွဲလန့်နေပြီ။ အ ချောင်သမားတသိုက်ကလည်း သူ့အစု ကိုယ့်အစုကလေးတွေဖွဲ့၊ ဖျာလိပ်ကလေးတွေ ခေါင်းမှာရွက်လို့ အလစ် မှာ နေရာခင်းဖို့ ဟန်ပြင်နေကြပြီ။
ကဲ ... ရဲဘော်တို့ ...
သတိသာ ထားကြပေတော့၊ ကျွန်ပွဲစားတွေ လာချေပြီ။
ရဲဘော် ကျော်သန်း
၃၀၊ ၉၊ ၂၀၀၉
5 comments:
အတိုက်အခံဆိုတဲ့ခေါ်င်းစီးကိုသုံးပြီးလုပ်စားနေတဲ့နိုင်ငံ
ရေးကြားဖားနဲ့စားဖားကြီးများမြန်မာစာတော့တတ်ကြမှာ
ပါ.ဒီဆောင်းပါးကိုဖတ်ကြည့်ပြီးရင်တော့ခင်ဗျားတို့ရဲ့ရပ်
တည်မှု့တွေဟာလူမဆန်တော့ဘူးဆိုတာကိုတော့နား
လည်ကြလိမ့်မယ်ထင်ပါတယ်.ပြည်သူတွေကိုသနားကြ
ပါအုံးဗျာ.ဖြုစင်သန့်ရှင်းတဲ့ထမင်းတစ်နပ်ကိုဘဲစားကြပါ
လို့မေတ္တာရပ်ခံပါတယ်။
ဒီဆောင်းပါးကို အီးမေးလ်ကတဆင့် ပထမ ဖတ်ရတယ်။ အင်မတန် နှစ်သက်မိပါတယ်။
ရေးသားသူ ရဲဘော်ကျော်သန်းကိုရော ဖော်ပြပေးတဲ့ ဒီဘလော့ဂ်ကိုပါ ကျေးဇူးတင်ပါတယ်။
Just try to leave Myanmar. Try as you can. There will never be Peace & Prosperity with or without Democracy. Myanmar mindset can never be changed and Myanmar and its citizens will always be subject to it. Dictatorships are just outcome of this mindset. No Democracy, No Peace and No Prosperity. Junta is just an effect, not cause.
Hello Kane,
I agreed with you. We need to change our mindset first before anything.
wow !!!!
It is really serious article..
but
I do like it.
Also I appreciate..
about .....
Buu Thi curry and Wat Thar curry
and
Flog and Snake story.
Post a Comment