Wednesday, October 28, 2009
တပြည်လုံး ထောင်ကျနေတာမို့ မကြောက်ကြဖို့ ဦးဝင်းတင် ပြောကြား
အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းတင်ကို ကျောင်းသား တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သီတင်းကျွတ်ဂါရ၀ပြုတွေ့ဆုံပွဲတခု ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ် ပါတယ်။
မှန်ကန်တဲ့လုပ်ရပ်အတွက် အကျဉ်းထောင်တွေကို မကြောက်ကြဖို့နဲ့ စစ်အစိုးရရဲ့ လက်ကမ်းဖိတ်ခေါ်မှုတွေကို လည်း သတိနဲ့ စောင့်ကြည့်နားစွင့်ဖို့ စသဖြင့် တက်ရောက်လာသူတွေကို ဦးဝင်းတင်က မှာကြားခဲ့ပါတယ်။ အ ခုလို ဒီကနေ့ တွေ့ဆုံလာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ဘာတွေများ မှာကြားခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်း ထားတယ်ဆိုတော့ အပြည့်အစုံကို ပြောပြပေးပါဦးရှင်။
မအေးအေးမာ ။ ။ ဂါရ၀ပြုကြသူတွေထဲမှာ လက်ရှိတက္ကသိုလ်တက်နေတဲ့ ကျောင်းသားများ အပါအ၀င် နိုင်ငံရေးတက်ကြွသူ အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေလည်း ပါဝင်ပါတယ်။ ဦးဝင်းတင်ကတော့ သူ့ကို ဂါရ၀လာပြုသူတွေကို တပြည်လုံး ထောင်ကျနေတာမို့ မကြောက်ကြဖို့နဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပြပါတယ်။
ဦးဝင်းတင် ။ ။ စကားပြောတာတော့ အထူးသဖြင့်ကတော့ ကျနော်တို့ ဗမာပြည်ကြီးတပြည်လုံးဟာ ထောင်ကျ နေတယ်၊ တပြည်လုံး ထောင်ကျနေတဲ့အခါကျတော့ ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း လူတွေအသီးသီးမှာ တ ယောက်နဲ့တယောက် လွတ်လပ်စွာ ပြောဆိုခွင့်၊ သွားလာခွင့်၊ လှုပ်ရှားခွင့်၊ လုပ်ကိုင်ဆောင်ရွက်ခွင့်တွေ မရှိ တော့ဘဲနဲ့ ကိုယ့်တိုင်းပြည် အုတ်တံတိုင်းကြီးဟာ ဟိုနေရာ ဒီနေရာမှာရှိတယ်။ လူတွေဟာ ထောင်ကို ပို ကြောက်လာကြတယ်။ အဲဒီတော့ ကျနော်က ပြောချင်တာကတော့ ထောင်ကို မကြောက်နဲ့၊ ဘာမှ ကြောက်စ ရာမရှိဘူး၊ ထောင်ဆိုတာ ထုသားပေသားရတဲ့ နိုင်ငံရေးသမားကောင်းတွေ ပေါ်ထွက်လာဖို့ နေရာ၊ တိုင်းပြည် ရဲ့အရေးကို ဆောင်ရွက်နိုင်ခွင့်ရှိသူတွေ ပေါ်ထွက်လာမယ့်နေရာ၊ သို့မဟုတ်လည်း အနည်းဆုံးအားဖြင့်ကို လူ့ ဘ၀မှာ ဘ၀တလျှောက်လုံး ရင်ဆိုင်ချင်လောက်အောင် အသိပညာ၊ အတတ်ပညာ၊ စိတ်ဓာတ်အားဖြင့် ခိုင် ခိုင်မာမာ ဖြစ်လာမယ့်၊ ထုသားပေသားရလာမယ့် နေရာမျိုးဖြစ်တယ်။ အဲဒါကြောင့် ထောင်ကို မကြောက်ကြနဲ့။
မအေးအေးမာ ။ ။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်လာမယ်ဆိုတာကို သူယုံကြည်ကြောင်းနဲ့ စစ်အစိုးရမှာ လည်း အခက်အခဲတွေ ရှိနေကြောင်းတွေကိုလည်း ပြောပြပါတယ်။
ဥိးဝင်းတင် ။ ။ စစ်အစိုးရကလည်း အမြဲတမ်း ကျနော့်တို့ကို ခြိမ်းခြောက်နေတယ်။ ထောင်နဲ့ ခြောက်နေတယ်။ သေနတ်နဲ့ ခြောက်နေတယ်။ ဖိအားတွေနဲ့ လိမ်နေတယ်။ ဒါတွေကတော့မတတ်နိုင်ဘူး ကျနော်တို့ကတော့ ကျ နော်တို့ လုပ်မြဲအလုပ် ကျနော်တို့ ကြိုးစားသွားဖို့ပါပဲ။ နောက်တခါ သေနတ်နဲ့ခြောက်တဲ့အခါ သေနတ်နဲ့ပစ်ရင် ကျည်ဆံတတောင့်ဟာ လူတယောက်ကို သေလောက်တယ်ပေါ့လေ။ ကိစ္စမရှိပါဘူး၊ တယောက်သေရင် နှစ် ယောက်ဆက်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးမွေးရင် ဘာမှအရေးမကြီးပါဘူး။ စစ်အစိုးရဆိုတာမျိုးက ဘယ်တော့ မှ ရေရှည်အုပ်စိုးလို့မရဘူး၊ အလှည့်အပြောင်းတွေက ဒီနေ့မရောက် မနက်ဖန်ရောက်မှာပဲ။ မနက်ဖန်ခါမ ရောက် သန်ဘက်ခါရောက်မှာပဲ။ ဒါပေမယ့်လို့ ကျနော်တို့က စိတ်ပျက်ပြီး၊ အားငယ်ပြီးတော့ ကြောက်လန့်ပြီး တော့ စစ်အစိုးရကို ခြေသလုံး မဖက်နေနိုင်ဘူး။ စစ်အစိုးရကို မျက်နှာချိုသွေးမနေနိုင်ဘူး။ လုပ်သင့်တာလုပ် မယ်။
မအေးအေးမာ ။ ။ လက်ရှိစစ်အစိုးရကို ဆက်ဆံရေးကောင်းနိုင်ဖို့၊ လက်တွဲလုပ်ဆောင်ဖို့အတွက် ရည်မှန်းချက် ကြီးသူတွေအနေနဲ့ စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို သတိကြီးစွာနဲ့ ဆက်ဆံဖို့ လိုအပ်ကြောင်းတွေကို လည်း ပြောသွားပါတယ်။
ဦးဝင်းတင် ။ ။ အကြောင်းအခြေအနေ မမှန်ဘဲနဲ့ ဒီစစ်အစိုးရကို လက်တွဲဆောင်ရွက်တယ်ဆိုတာ စစ်အစိုးရက လက်ထဲမှာ လက်ထိပ်ရှိနေရင် ကျနော်က စစ်အစိုးရကို သွားပြီးတော့ လက်တွဲဆောင်ရွက်ပါတယ်ဆိုပြီး လက် သွားကိုင်ရင် စစ်အစိုးရက ကျနော်တို့ကို လက်ထိပ်ခတ်ထားဖို့ပဲ ရှိတာပေါ့။ ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဘာတို့ ဆိုတာတွေကလည်း အကြောင်းအခြေအနေတော့ ခိုင်လုံရလိမ့်မယ်။ နေရာတကာ ဘာမှန်းမသိဘဲနဲ့ သူတို့က တံခါးဖွင့်ထားတယ်ဆိုတိုင်း ကိုယ်က … ဟာ … တံခါးဖွင့်ထားရင်လည်း ကျုပ်ကတော့ အချိန်မရွေး ၀င်သွားဖို့ အဆင်သင့်ပဲဆိုပြီးတော့ ဘာမှန်းမသိ၊ ညာမှန်းမသိနဲ့ တံခါးဖွင့်တိုင်းသာ ၀င်သွားရင် ကျနော်တို့ ထောင်ထဲ ရောက်သွားမှာပေါ့။ သူ ဖွင့်ထားတဲ့ တံခါးက စားပွဲဝိုင်းတံခါး ဖွင့်ထားတာမဟုတ်ဘဲနဲ့ ထောင်ဘူးတံခါး ဖွင့်ထား ရင် ကျနော်တို့ တံခါးဖွင့်တယ်ဆိုပြီးတော့ စွတ်ဝင်သွားရင်တော့ အဲ ကျနော်တို့ ထောင်ထဲရောက်သွားမှာပေါ့။ ဒါကတော့ ကျနော်တို့အပေါ်မှာ တည်တယ်။ သို့သော် ကျနော်က စိတ်ထဲကတော့ အမြဲတမ်း အကောင်းမြင်ရ မယ်။ သူတို့ လက်ပေးလာရင် လက်တွဲပြီးတော့ ပူးတွဲဆောင်ရွက်မယ်ဆိုတဲ့ စိတ်ဓာတ်ကတော့ အမှန်ရှိရမယ့် စိတ်ဓာတ်ပဲ။ သို့သော် ကျနော်တို့ မျက်စိတွေကတော့၊ ကျနော်တို့ နားတွေကတော့ နာချင့်နေရမယ်။
မအေးအေးမာ ။ ။ လာရောက်ဂါရ၀ပြုသူတွေကတော့ ဦးဝင်းတင်ရဲ့ ပြောဆိုချက်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ပွဲတက်သူ ။ ။ ဘဘကြီး ပြောတာတွေကို နားထောင်ပြီးတော့ အမရယ်၊ သတ္တိတွေ ပိုရှိလာတယ်၊ အမှန်တရား အတွက်ဆိုရင် ဘာမှကြောက်စရာ မလိုဘူးပေါ့။ ထောင်ဆိုရင်လည်း ကြောက်စရာမလိုဘူး၊ ဘာကိုမှ ကြောက် စရာမလိုဘူးဆိုတော့ ကိုယ်လျှောက်ရမယ့်လမ်းကပေါ့နော် အားမာန်အပြည့်နဲ့ သတ္တိတွေ ရှိလာတယ်ပေါ့နော်။ ဘဘစကားကို နားထောင်ရတာလေ။
မအေးအေးမာ ။ ။ ဂါရ၀ပြုသူ အင်အား (၁၀၀) ကျော်ထဲမှာ လက်ရှိ တက္ကသိုလ်တွေမှာ တက်နေတဲ့ ကျောင်း သားတွေ (၂၀) ကျော် ပါဝင်ပြီး သူတို့အပြန်မှာတော့ အနှောက်အယှက်ပေးခံရမှုတွေ ရှိတယ်လို့လည်း ပြောပြ ပါတယ်ရှင်။
Subscribe to:
Post Comments (Atom)
12 comments:
ဘဘကွန်မြူနစ်ကြီးရယ် ဘဘဘဲ အရင်ဆုံး ထောင်ထဲပြန်ဝင်လိုက်ပါ။ ကျွန်တော်တို့ တတွေ ကိုယ့်မိဘ နဲ့  မိသားစုကို ပြန်လုပ်ကျွေးဘို့  ပညာသင်ပါရစေအုံး။
ထောင်ထဲနေသူတွေက မင်းလို့ အခွင့်ရေးယူတတ်တဲ့သူတွေ မဟုတ်ဘူး မင်း အမေ မင်းနှမ ဖာဖြစ်အောင် လုပ်နေတဲ့ သန်းရွေတို့ကို မင်းဖင်ထပ်ခံချင်သေးရင်တော့ မတတ်နိုင်ဘူးကွာ
အဘ ဥိးဝင်တင်က မကြောက်လို့ ဒီလိုတွေပြောနေတာကွ ကြောက်တတ်တဲ့မင်းအဖေတွေ နေပြည်တော်မှာ ဂူကြိးကြိးဆောက်နေတာ သာကြည့်တော့ကွာ။
RENGO ဆိုတဲ့ သတ္တ၀ါ ရေ နောက်ပြီးပြောရအုန်းမယ်
မင်းတို့ ပညာသင်ထားတာတွေ ဘယ်နေရာမှာများ အသုံးချလို့ရသလဲကွ လောက်လေးခွ နဲ့ ပစ်တယ်
ခဲလုံးနဲ့ထုတယ် ၀ါးရင်ဒုတ်နဲ့ ရိုက်တယ် ဒိပညာတွေက ဘိုးတော်ဘုရား လေးဘက် သွားစဉ်က ရှိခဲ့တဲ့ပညာတွေ မင်းတိုဆက်မသင်နဲ့တော့ကွာ အမေရိကန် က လူသားချင်းစာနာတဲ့အကူအညီ နာဂစ်တုန်းကပေးပါမယ်ဆိုတာ အနုမြူဗုံး ချသလို့ကြောက်နေလိုက်တာများ လောက်လေးဂွနဲ့ စစ်ပြင်နေတဲ့ မင်း အဖေသန်းရွေ ဘုရင်ရူးကြီး ကို အရင်ဆေးကုပေးပါအုန်း ဥိးဝင်းတင်ပြောတာကို သွေးရူးသွေးတန်းကြောက်မနေနဲ့လို့
အန်အယ်ဒီလူအိုရုံက အဘိုးကြီးတွေ ကိုခြောက်လို့ရချင်ရမယ် ဥိးဝင်းတင်ကိုတော့ ခြောက်လို့ရမှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ကို ဖျက် ဆီးခဲ့တဲ့ ဖျက်ဆီးနေဆဲ စစ်ထွက် တွေ စုပေါင်း ညိညွတ်နေတာတွေ ကမိးဇာကုန်ရေခမ်းနေပြီ သန်းရွေနဲ့အောင်ရွေ ညီအကိုတို့ကို သင်္ချိုင်းကုန်က စောင့်နေပြီ နက်နဲတဲ့ ဂူကြီးတွေလည်း လုပ်ပြီးနေပြီ
ဘယ်သူမှ မသွားနိုင်တဲ့နေရာမှာ မြန်မာပြည် ပြန်လည်သင့်မြတ်ရေး စကားဝိုင်းတွေကို သွားလုပ်ကြဖို့အတွက် နေ၀င်းကြိးက ခေါ်နေပြီ သူတပည့်တွေကို လေ
အသက်ကြီးပြီး ကိုယ့်အရေး ကိုယ့်မလုပ် လူထု ဘ၀ တွေကောင်းစားရေး လူထုဘ၀လွတ်မြောက်ေ၇းလုပ်တဲ့ ဘဘ ဦးဝင်းတင် ကို လေးစားပူဇော်ကန့်တော့လိုက်ပါတယ် ။ လူတယောက်ရဲ့တန်ဖိုး အရလူပီသတဲ့သူမို့ လူအလေအလွင့်ကောင်တွေrengo ဆိုတဲ့ကောင်မျိုးတွေကို မသေခင် နောင်တရအောင်လေး ဆုံးမပေးလိုက် ပါအုန်း ဘဘရေ
သေချာတာတခုကတော့ မြန်မာလူမျိုးတွေတော်တော်
များများမှာမျိုးချစ်စိတ်မရှိကြတော့ဘူး(ကျနော်လည်း
ပါကောင်းပါနိုင်တယ်)အဲဒါဘာကြောင့်လဲ?ဘယ်သူတွေ
ကြောင့်လဲ?
To the man called RENGO
U Win Tin is not telling you to do so. He was just encouraging the families of fellow political prisoners of conscience.
On which ground are you saying he's a communist?
It's pretty ridiculous and pathetic for you to have accused a leading figure who has sacrificed his life for the sake of people's freedom and justice as a communist!
I am not saying a communist is irrelevant but the communist in your tone is what the junta mouthpiece always sound whenever they want to deform someone.
ဦးဝင်းတင်တယောက်ထဲနဲ့အသက်ကြီးနေတာမဟုတ်
အသက်ကြီးသူတွေ ဒုတ်နဲ့သွားနေသူတွေ လေဖြတ်နေတဲ့ဘဘတွေ ၇ှိနေလျက်နဲ့သူကို လာကန့်တော့တာ ဘာကြောင့်လဲးစဉ်းစားစရာမလိုပါ။
တချို့က လူထုအကြောင်းပြ ပါတီထောင်ချင်သလိုပြော တချိုက ဒေါ်စု အကြောင်းပြ ပါတီ မဖျက်ချင်လို့ပြော
တချို့က ပါဝါ အကြောင်းပြ အာဏာမပေးချင်လိုပြော ပြောပြော ဒီအချိန်မှာ ပဲ လူလေးစားခံရတဲ့ ဦးဝင်တင်က မသေခင် ကတည်းက ပုတ်နေတဲ့သူတွေထက် တန်ဖိုး ၇ှိနေတာ အံသြစရာ လိုမယ် မထင်ပါဘူးလေ

Post a Comment