Thursday, October 22, 2009

အိုဘားမားနဲ့ နိုဘယ်လ်ဆု

အိုဘားမားနဲ့ နိုဘယ်လ်ဆု
လူထုစိန်ဝင်း
(၂၁-၁၀-၂၀၀၉ နေ့ထုတ် စောင့်ကြည့်ဂျာနယ်မှ ...)
(သမ္မတ အိုဘားမား နိုဘယ်လ်ဆု ရသင့် မရသင့် အငြင်းပွားနေမှုအပေါ် စာဖတ်သူများ အမြင်ချင်းဖလှယ်လိုက ဖလှယ်နိုင်ရန် တင်ဆက်ပေးခြင်းဖြစ်ပါတယ်။ ဆောင်းပါး ပို့ပေးသူကို အထူးကျေးဇူးတင်ပါတယ်။)

ညဘက် ရေဒီယိုနားထောင်နေတုန်း သမ္မတ အိုဘားမားကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကြီးအတွက် ရွေးချယ် လိုက်တယ်ဆိုတဲ့ သတင်းကြားတော့ ကိုယ့်နားကိုယ်တောင် မယုံနိုင်အောင်ဖြစ်သွားတယ်။ မဟုတ်နိုင်ဘူး။ မ ဖြစ်နိုင်ဘူး။ နားကြားလွဲတာဖြစ်မှာပဲလို့ ယူဆပြီး တခြားရေဒီယိုလိုင်းတွေ ဆက်နားထောင်တော့မှ သတင်းမှန် ဖြစ်နေကြောင်း သိလိုက်ရတယ်။

ထူးခြားစွမ်းဆောင်မှုအတွက်

နိုဘယ်လ်ဆုဆိုတာ ပေါ့သေးသေးမှ မဟုတ်တာ။ နယ်ပယ်တခုခုမှာ လူတကာ မစွမ်းဆောင်နိုင်တဲ့ အလုပ်မျိုး ကိုထူးထူးခြားခြား စွမ်းဆောင်နိုင်သူမျိုးကိုသာ ရွေးချယ်ပေးအပ်တာ မဟုတ်လား။ ဆေးပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒစတဲ့ သိပ္ပံပညာရပ်များကို ဘယ်သူမှ ရှာမတွေ့သေးတဲ့ အရာမျိုး ရှာတွေ့သူတွေပဲ ပေးအပ်တာဖြစ်တယ်။ အိုဘားမားဆိုတာ သမ္မတဖြစ်လာတာတောင် တနှစ်ပြည့်သေးတာ မဟုတ်သေးဘူး။ သူ့စွမ်းဆောင်မှုဆိုလို့ လက်တွေ့အကောင်အထည်မပြောနဲ့ အရိပ်အယောင်လေးတခုတောင် မြင်ရသေးတာမဟုတ်ဘူး။ ဆုရွေးချယ် ရေးအဖွဲ့က ဘာကိုများကြည့်ပြီး ရွေးလိုက်တာလဲ။ ဘယ်လိုပဲ အကြောင်းပြပြ လက်ခံနိုင်စရာ လုံးဝမရှိပါဘူး။

သရုပ်ဆောင်ကောင်းဖို့လိုတယ်

အိုဘားမား သမ္မတအဖြစ် အရွေးခံရစဉ်က သိပ်ပြီး မအံ့သြမိဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ရွေး ကောက်ပွဲတွေဆိုတာ အမေရိကန်ရွေးကောက်ပွဲတွေဆိုတာ အရည်အချင်းကြည့်ပြီး ရွေးတာမျိုးမှမဟုတ်တာ။ ပေါ်ပြုလာဖြစ်အောင် ကောင်းကောင်းသရုပ်ဆောင်ပြနိုင်သူနဲ့ ပိုက်ဆံများများရအောင် ရှာနိုင်သူတွေ အရွေးခံ ကြရတာမျိုးလေ။ တတိယတန်းစားကောင်းဘွိုင်မင်းသား ရော်နယ်ရေဂင်လိုလူက သမ္မတ အရွေးခံရပြီး မောင် စကြာဝဠာ ရုပ်ရှင်မင်းသား အာနိုးလိုလူက ပြည်နယ်ကြီးတခုရဲ့ အကြီးအကဲဖြစ်နေတယ် မဟုတ်လား။ အရည် အချင်းကြည့်ပြီး ရွေးမယ်ဆိုရင် အိုဘားမားထက် အဆပေါင်းများစွာသာတဲ့ ဂျွန်မက်ကိန်းက ရွေးချယ်ခံရမှာပါ။ အိုဘားမားဆိုတာက အထက်လွှတ်တော်အမတ် သက်တမ်းတောင် လေးနှစ်ပဲရှိသေးတာဆိုတော့ သူ့ကို ဘယ် သူမှကောင်းကောင်းသိကြတာ မဟုတ်ဘူး။

အင်တာနက်ကောင်းမှု

လူအများ သိလောက်အောင်လည်း လွှတ်တော်ထဲမှာ ထူးထူးခြားခြား ဆောင်ရွတ်ခဲ့တာ တခုမှမရှိပါဘူး။ ပါတီ လိုင်းအတိုင်းလိုက်ပြီး မဲပေးခဲ့တာချည့်ပါပဲ။ ၉/၁၁ ကိစ္စကြီးဖြစ်ပြီး ဂျော့ဘုရှ်က အီရတ်နဲ့ အာဖဂန်နစ္စတန်ကို ၀င်တိုက်ခဲ့တာကိုလည်း ထောက်ခံမဲပေးခဲ့တာပါ။ နောက်သမ္မတလောင်းအဖြစ် ၀င်အရွေးခံမယ်ဆိုတော့မှ စ ကားပြောင်းပြောခဲ့တာဖြစ်တယ်။ သူက လူငယ်ဆိုတော့ အင်တာနက်ကို ကောင်းကောင်းအသုံးချတတ်တယ်။ မဲဆန္ဒရှင်တွေဆီကို အီးမေးလ်နဲ့ စာတွေပို့ပြီး စည်းရုံးတယ်။ အလှူခံတယ်။ လူငယ်တွေရဲ့ စွမ်းအားကို ကောင်း ကောင်းအသုံးချပြီး လမ်းကြိုလမ်းကြား ဆင်းရဲသားတွေလက်ထဲထိ သူ့ကြော်ငြာစာရွက်တွေ အရောက်ပို့နိုင် တယ်။ မီဒီယာတွေထဲ သူ့ပုံတွေ အများဆုံးပါနေအောင် လုပ်တတ်တယ်။ အိုဘားမားရဲ့ တခုတည်းသော အ ရည်အချင်းက ရွေးကောက်ပွဲနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်ကို ကောင်းကောင်းသိထားခြင်းပဲဖြစ် တယ်။

ပေါ်ပြုလာသမားထုံးစံ

အဲဒီအရည်အချင်းကလွဲပြီး သူ့မှာ ဘာနိုင်ငံရေးအရည်အချင်းမှ မရှိဘူးဆိုတာကို သူ့အစိုးရအဖွဲ့အမည်စာရင်း ကြေညာလိုက်ကတည်းက သိနိုင်တယ်။ သူ့အစိုးရအဖွဲ့မှာ ထူးချွန်ထက်မြတ်သူရယ်လို့ တယောက်မှမတွေ့ရ ဘူး။ ပေါ်ပြူလာသမားတို့ရဲ့ ထုံးစံလုပ်ရိုးလုပ်စဉ်အတိုင်း လူတိုင်းကျေနပ်အောင် လုပ်ဖို့အတွက် ရီပတ်ဗလစ် ကန် သမ္မတ ဂျော့ဘုရှ် ခန့်ထားတဲ့ ကာကွယ်ရေးဝန်ကြီးကို ဆက်ခန့်ထားပြီး သူနဲ့ သမ္မတလောင်းအဖြစ် အ ကြိတ်အနယ်ယှဉ်ပြိုင်ခဲ့တဲ့ ဟီလာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီး ခန့်လိုက်တယ်။ အခုဆိုရင် အိုဘားမား အစိုးရသက်တမ်း ကိုးလရှိပြီ၊ ပြည်တွင်းရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ဆောင်ရွက်မှုတခုမှ ထွက်မလာသေး ဘူး။ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု စီမံချက်သစ်ဆိုတာလည်း တကယ်တော့ အိုဘားမားအိုင်ဒီယာ စစ် စစ်မဟုတ်ပါဘူး။ အဆက်ဆက်သော ဒီမိုကရက်တစ်သမ္မတများ လုပ်ကိုင်ခဲ့တဲ့ ပေါ်လစီတွေပဲဖြစ်ပါတယ်။ ဒီဥ ပဒေကြမ်းတောင် ခုထိအားလုံးလက်ခံအောင် မလုပ်နိုင်သေးပါဘူး။

ဗီယက်နမ်နဲ့တူတဲ့ စစ်

နိုင်ငံတကာဆက်ဆံရေးဘက်ကြည့်လိုက်လည်း ဘာစွမ်းဆောင်ချက်မှ ပေါ်ထွက်မလာသေးပါဘူး။ အာရပ် - အစ္စရေးကိစ္စ ဘာမှမထူးခြားပါဘူး။ အီရက်စစ်ပွဲတွေ ရပ်စဲမသွားပါဘူး။ အီရန်နျူကလီးယားအရေးနဲ့ မြောက်ကို ရီးယားအရေးလည်း တလက်မမှ ရွေ့လျားမသွားသေးဘူး။ အာဖဂန်နစ္စတန်စစ်ပွဲဆို တဖြည်းဖြည်းနဲ့ ဗီယမ်နမ် စစ်ပွဲလို ဖြစ်လာနေပြီ။ စစ်တပ်တွေ ထပ်ပို့ ထပ်ပို့လုပ်နေရင်း ပို့သမျှ စစ်တပ်တွေ ရှုံးပြီးရင်း ရှုံးနေကြတယ်။ အ သေအပျောက်တွေများလာတော့ ဗီယက်နမ်စစ်ပွဲတုန်းကလိုပဲ စစ်မြေပြင်ကို ဦးစီးရတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ အိမ် ဖြူတော်နဲ့ ပင်တဂွန်မှာ ရုံးထိုင်နေတဲ့ ထိပ်တန်းအရာရှိကြီးတွေ နေ့တိုင်းရန်ဖြစ်နေကြတာ တွေ့ရတယ်။ အီရတ် နဲ့ အာဖဂန်စစ်ပွဲကြီးတွေ ရပ်စဲသွားစေဖို့ ဘာလုပ်ရမယ်ဆိုတာ ခုချိန်ထိ အိုဘားမားမသိသေးဘူး။ အတိအကျ သူပြောတာက အာဖဂန်စစ်ပွဲမှာ ဗီယက်နမ်လို အရှုံးနဲ့ ဆုတ်ခွာမသွားဘူးဆိုတဲ့ စကားပဲဖြစ်တယ်။

(၁၂) ရက်သက်တမ်း သမ္မတ

အာဖဂန်နစ္စတန်စစ်ပွဲက ဘယ်တော့မှ ဆုတ်ခွာမသွားဘူးလို့ပြောတဲ့ သူတယောက်ကို ငြိမ်းချမ်းရေးနိုဘယ်လ် ဆုကြီးပေးတယ်ဆိုတာ တော်တော်ရယ်စရာကောင်းတဲ့ ကိစ္စပဲလို့ထင်တယ်။ နိုဘယ်လ်ဆုပေးတဲ့ အစဉ်အလာ အရ နှစ်တနှစ်ရဲ့ ဖေဖော်ဝါရီလထဲမှာ နောက်ဆုံးပိတ် အဆိုပြုလွှာတွေ တင်ကြရတာဖြစ်တယ်။ အိုဘားမားက ဇန်န၀ါရီလကမှ သမ္မတရာထူး လက်ခံရတာဖြစ်တယ်။ နိုဘယ်လ်ဆုစာရင်းပိတ်ရက်မှာ အိုဘားမား သမ္မတဖြစ် တာ (၁၂) ရက်ပဲရှိသေးတယ်။ (၁၂) ရက်ပဲ တာဝန်ထမ်းဆောင်ရသေးတဲ့ သမ္မတတယောက်ရဲ့ အရည်အချင်း ကို နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့က ဘယ်လိုနည်းနဲ့ သိပြီး ဘယ်လိုပုံစံနဲ့များ ရွေးချယ်လိုက်ပါသလဲ။ သမ္မတ မဖြစ်ခင်ကလည်း အထက်လွှတ်တော်အမတ်အဖြစ် လေးနှစ်သာ တာဝန်ထမ်းဆောင်ဖူးတာဆိုတော့ လေးနှစ် သာ တာဝန်ထမ်းဆောင်ဖူးတာဆိုတော့ သူ့အကြောင်း အမေရိကန်လူမျိုးအများစုတောင် သေသေချာချာ သိ ကြသေးတာမဟုတ်ပါဘူး။

လက်ခံဖို့ ခက်လှတယ်

ဆုရွေးချယ်ရေးအဖွဲ့ သိနိုင်တဲ့ အိုဘားမားရဲ့အကြောင်းဆိုလို့ သမ္မတသက်တမ်း (၉) လကြာကာလအတွင်း သူ ပြောခဲ့တဲ့ မိန့်ခွန်းစကားတွေပဲဖြစ်တယ်။ အပြောကိုကြည့်ပြီး လူတယောက်ရဲ့ အရည်အသွေးကို ဆုံးဖြတ်လို့ရ တယ်လို့တော့ ဆူရွေးချယ်ရေးအဖွဲ့က ယုံကြည်မယ်မထင်ပါဘူး။ “လူပြောမသန် လူသန်မပြော” ဆိုတဲ့ စကား ကလည်း ရှိသေးတယ်မဟုတ်လား။ ဆုရွေးချယ်ရေးအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးများဟာ အမြော်အမြင်ရှိတဲ့ ပညာရှိကြီး များဖြစ်ကြတယ်ဆိုတာ နည်းနည်းလေးမှ ယုံမှားသံသယမရှိပါဘူ။ နောက်ကွယ်က အကြောင်းတခုခုများ ရှိနေ သလားလို့ ယူဆရတော့မလိုပါပဲ။ လူမသိနိုင်တဲ့ အကြောင်းတခုမရှိဘဲနဲ့တော့ ခုချိန်ထိ ဘာစွမ်းဆောင်မှုတခုမှ လက်ဆုပ်လက်ကိုင်ပြစရာမရှိတဲ့ သူတယောက်ကို ပညာရှိအဖွဲ့ဝင် လူကြီးမင်းများက နိုဘယ်လ်ဆုကြီးပေးလိမ့် မယ်လို့ လက်ခံရမှာ ခပ်ခက်ခက်ပဲဗျာ။

လူထုစိန်ဝင်း

42 comments:

vincent said...

ပြောလိုက်တာ သူ့ခင်မျာ ရစရာတစ်ခုမှ မရှိ တော့ဘူး။ တစ်နှစ်မပြည့်သေးတဲ့ အိုဘာမား ရဲ့ စွမ်းဆောင်မှုကိုအားရစရာမရှိသေးဘူးဆိုတော့ နှစ်ပေါင်းများစွာ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရရဲ့ စွမ်းဆောင်မှုကိုကော အားရရဲ့လားခင်ဗျာ။ ဒီလိုပြောင်မြောက်တဲ့ သုံးသပ်ဝေဖန်ချက်တွေနဲ့ ပြည်တွင်းမှာ ဝေဖန်ကြည့်လိုက်ပါဦး။

RAM said...

တို့ဆရာကြီးက…အိုဘားမားကိုတော့..အဆိုးဖက်တွေကဘဲကြည့်ပြီး..ပယ်ပယ်နယ်နယ်ဝေဖန်ပေမဲ့..ဟိုတလောက…ဖတ်လိုက်ရတဲ့ဆောင်းပါးတစ်ပုဒ်ထဲမှာတော့..စာပေစိစစ်ရေးကညွှန်မှူး..ဗိုလ်မှူးတင့် ဆွေကိုတော့..ဆရာကြီးအိမ်လာတွေ့တဲ့အခါ..မဆိုးပါဘူး..လူရည်မွန်လေးပါ..တိုင်းပြည်အပေါ်မှာထားတဲ့စေတနာမှာ..ဆရာနဲ့တူပါတယ်..ဆိုပြီး..သူ့ထွက်မဲ့စာအုပ်မှာ..အမှာစာတောင်ရေးပေးလိုက်တယ်ဆိုဘဲ။..အင်းတို့ဆရာကြီးလည်း…ဘယ်လိုဖြစ်လာပြီလဲတော့မသိဘူး။တစ်ခုခုတော့တစ်ခုခုဘဲ။ ကြည့်လဲလုပ်ဦးလေ..ဆရာကြီးရဲ့..အရင်ကကိုယ်ဟြေခဲ့တဲ့…စာနယ်ဇင်းသမားဆိုတာ..ဘယ်သို့ဘယ်ညာဆိုတဲ့စကားတွေ..ဘယ်ရောက်ကုန်ပြီလဲ..

Unknown said...

ဘေးထိုင် ဘုပြော ဆိုတာ ဒါမျိုး ဘဲထင်ပါတယ်။
ဟိုက သမ္မတ က ယားလို့ ကုတ်ဖို့တောင် အချိန် မရှိ ချိန်မှာ ကိုရွှေ မြန်မာ ဆတြာစိန်ဝင်း တို့ ပြောချ လိုက်ပုံ ကတော့ စံပါပဲ။ ဦးစိန်ဝင်း ခင်ဗျား၊ ဘာတွေများ တိုင်းပြည် အတွက်လုပ်ခဲ့ ဘူးပါလဲ၊ ဆရာကြီး လုပ် ပြောဆို ဆုံးမတာ တွေက ဘယ်သူ မဆို ဆိုက်ကား သမား က အစ လုပ်လို့ရ ပါတယ်။

ဥယျာဉ်တော် စာကြည့်တိုက် ... said...

သတင်းဆရာ ဦးစိန်ဝင်းအကြောင်း ဘာမှ မသိတဲ့ လူ
တွေက ဦးစိန်ဝင်းဆောင်းပါးဖတ်ပြီး ဝေဖန်နေကြပါလား၊
တကယ့် ကလေကချေ စာဖတ်ပရိသတ်ပဲ။

vincent said...

သူ့အကြောင်းသိတာမသိတာ အသာထားဦး
လက်ရှိသူရေးထားတဲ့ ဆောင်းပါးကို ဖတ်ရုံနဲ့ ဝေဖန်ခွင့်ရှိပါတယ်။ ကလေကချေစာဖတ် ပရိတ်သက်လို့သုံးထားတာတော့ ရိုင်းပါတယ်။ နောက်ဆုံးတော့ ဒီလိုလူမျိုးတွေဘဲ နအဖ အောက်မှာ လွင့်လိုက်ကြဦးပေါ့။

Unknown said...

good commentary. prize for do nothing.your article is very knowledgeable and talented.

မောင်သန့် ။ said...

ှဆရာကြီးခင်ဗျား။
ကျနော် ညာဏ်မီသလောက် နိုင်ငံရေးဆု(ငြိမ်းချမ်းရေးနိုဘယ်) ကို accomplishment နဲ.ပေးတာလဲ ရှိပါတယ်။ trend or prospect နဲ.ပေးခဲ့တာလဲ ရှိပါတယ်။
ဆရာကြီးအဆိုအမိန်.အရ ကောက်ရင်-- ၉၁ ဆု ကို ဒေါ်စု ကို မပေးသင့်ဘဲ အပစ်ရပ် ခင်ညွန်.ကို ပေးသင့်တယ် ဆိုတာမျိုး န၀တ က သတင်းစာတွေထဲ ရေးဘူးတာ ဆရာကြီး သဘောတူပါသလားခင်ဗျား။
လေးစားစွာဖြင့်---။

www said...

ဟုတ်ပါရဲ့ . လူထုစိန်ဝင်းဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် ဘယ်လို သဘောထားတဲ့ သူမျိုးလဲ သေခြာသိမှ ပြောပါ. ဆရာကြီးပြောတာ ဘာမှားလို့လဲ. အိုဘားမား ကရော ဘာတွေလုပ်ပြခဲ့ပြီးလို့လဲ.သေခြာတာတော့ သူရေးတဲ့ဆောင်းပါး ဆယ်ခုလောက် ဖတ်ဘူးတယ်ဆို ရင် ဒီလိုမှတ်ချက်မျိုး ပေးမှာမဟုတ်ဘူး....

မောင်သန့် ။ said...

တခုလောက်ကျန်သွားသလားလို.ပါ။
ဆရာကြီးရေးတာတွေ အပြည်.အစုံ မဖော်ပြသာအောင်
စာပေကင်ပေတိုင် ဘိုတင့်ဆွေစံ လက်ချက်မိသွားသလား သံသယ ၀င်မိကြောင်းပါ ခင်ဗျား။

aye said...

သိတ်ကောင်းတဲ့ ဆောင်းပါးပါ ။ဘာမှမလုပ်သေးတဲ့သူကို ပေးတာတော့ဖားပြိးပေးတာလို့ ထင်ပါတယ်။ ဒီအတွက် သိတ်တန်ဖိုး ၇ှိတယ်လို့ အများက ပြောနေကြတဲ့ နိုဗယ်ဆုကြီးက တန်ဖိုး နိမ့်သွားပါတယ်။ မိတ်ဆွေတယောက်က မှတ်ချက်ပေးပါတယ် အိုဘာမားအစား တို့တိုင်းပြည်က ငြိမ်းချမ်းစွာ မေတ္တာပို့တဲ့ သံဃာတော်တွေ ရသင့်တယ်တဲ့ ။ နော်ဝေနိုင်ငံ နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့ က ငြိမ်းချမ်းစွာ လုပ်ဆောင်တဲ့ အများအတွက် လုပ်ဆောင်တဲ့သူတွေကို မြင်ဘူး ဟန်မတူဘူး။နံမည်ကြီးသူတွေကိုပဲ လိုက်ပေးနေတာ ဖြစ်မယ် ။ဆရာကြီး စိန်ဝင်း ရေးတာထိမိပါတယ်။ သိတ်ကောင်းပါတယ်

Unknown said...

Aye ပြောတာ ထိမိလိုက်တာ။ နိုဘယ်လ်ဆုရွေးတဲ့ အဖွဲ့က ရွှေဝါရောင်သံဃာတော်တွေ သိန်းနဲ့ချီပြီး ချီတက်မေတ္တာပို့နေတာကို မမြင်လို့နဲ့တူပါတယ်။ နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့က သင်္ကန်းရောင် ကာလာဘလိုင်းအဖွဲ့ဖြစ်မယ်။

RAM said...

တို့ဗမာတွေလဲ..စာမဖတ်ကြတော့အတွေးတိမ်တိမ်..အမြင်တိမ်တိမ်နဲ့..ပညာရှိဆရာကြီးတွေပြောသမျှတဖက်ကိုဘဲနားထောင်ပြီးအမှန်ကွလို့ပဲ..ထင်နေတော့တာကိုး။diverse versions အမျိုးမျိုးကcomment အမျိုးမျိုးကိုလည်းဖတ်ပြီးမှ…ဝေဖန်ကြပါလား။ ဒီ issue က controversial ဖြစ်တဲ့ issue ဆိုတာဟုတ်ပါတယ်..။ အိုဘားမားကိုယ်တိုင်လည်းထိုက်တန်တယ်လို့မခံစားမိတဲ့အကြောင်းပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့..nobel prize jury လူကြီးတွေကဘယ်လိုဖြေရှင်းချက်ပေးထားတယ်…တခါ…Newsweek တို့ Times တို့..CNN (အမေရိကန် မီဒီယာများကိုဘဲမဆိုလိုပါ..အခြား international meida များလည်းပါပါသည်)တို့စတဲ့..အဆင့်အတန်းရှိတဲ့…မီဒီယာနဲ့စာနယ်ဇင်း..လောက..ကပြောကြတဲ့..comments များကိုလည်းဖတ်ရှုလေ့လာ..နားထောင်ကြည့်ကြပါဦး။ (အောက်တွင် link များပေးထားပါသည်။မိမိဘာသာမိမိလည်းရှာဖတ်နိုင်ပါသည်။) ဂုဏ်သိက္ခာရှိစွာ..ဝေဖန်သူတို့မှာ…အိုဘာမား၏ လုပ်ရပ်များသည်ဆုနှင့်ထိုက်တန်ရန်လျော့နည်း (less)နေသေးသည်ဟူ၍သာပြောခဲ့ကြပါသည်။ အိုဘားမားမှာ..ဘာမှလုပ်ရည်ကိုင်ရည်မရှိ၊ ပေါ်ပြူလာဖြစ်၍ပေးသည်ဟုမပြောခဲ့ကြပါ။ ထို့ပြင်ဤဆုကိုအကောင်းဘက်မှရှုမြင်သုံးသပ်သူတို့ကအိုဘားမားအတွက် call to action ဖြစ်သည်ဟုဆိုခဲ့ကြပါသည်။
http://www.nytimes.com/2009/10/10/world/10nobel.html
http://www.msnbc.msn.com/id/33291989/
http://www.cnn.com/2009/WORLD/europe/10/09/nobel.peace.prize/index.html
http://www.cbsnews.com/stories/2009/10/09/politics/main5374237.shtml
http://www.guardian.co.uk/world/2009/oct/09/obama-nobel-prize-reaction
အင်္ဂလန်နိုင်ငံ guardian သတင်းဌာနမှ အမေရိကန်တပ်များရှိသောအာဖဂန်နိုင်ငံကဘူးမြို့သားတစ်ယောက်ကိုဆုနှင့်ပတ်သတ်၍မေးသောအခါဖြေသောအဖြေကိုဖတ်ရှုကြည့်ကြပါဦး…
But a tribal elder from western Kabul called Shafi said Obama should be given a chance as he reviews his Afghanistan strategy. "If someone spent 20 years doing nothing for peace he shouldn't get the Nobel prize but if he does good things for peace even if it is just for three or four months then I am happy. He should send more troops to Afghanistan. If we don't have support of the world community we won't have one hour of peace, again it will be the fighting, civil war and misfortune."
စစ်တိုက်သောသမ္မတတိုင်းကို..ငြိမ်းချမ်းရေးဆုမပေးသင့်ဟူသောအမြင်မှာတိမ်လွန်းသည်ဟုမထင်မိဘူးလား။
အိုဘာမားသည်…နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နှင့်..မွတ်စလင်နှင့်အနောက်ကမ္ဘာဆက်ဆံရေးတို့တွင်..အချိန်တိုအတွင်းတိုးတက်ကောင်းမွန်လာအောင်တည်ဆောက်နိုင်ခဲ့ခြင်းမှာ..ငြင်း၍မရသောအချက်တစ်ခုဖြစ်ခဲ့ပါသည်။ထို့ပြင်အမဲနှင့်အဖြူကမ္ဘာကြားတွင်လည်းချစ်ကြည်မှုကိုပိုမိုတည်ဆောက်နိုင်ခဲ့သည်။ ကမ္ဘာတွင်ဗုဒ္ဓဘာသာတစ်ခုတည်းသာရှိသည်မဟုတ်ပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးကိုဗုဒ္ဓဘာသာတစ်မျိုးတည်းနှင့်တည်ဆောက်ယူ၍မရပါ။ (ဤသို့ပြောခြင်းမှာ..သံဃာတော်များ၏ရွှေဝါရောင်တော်လှန်ရေးကိုသေးသိမ်အောင်ပြောခြင်းမဟုတ် ပါ။ အမြင်ပို၍ကျယ်ကျယ်ကြည့်နိုင်အောင်ပြောခြင်းသာဖြစ်ပါသည်။ )
နောက်တချက်ပြောလိုသည်မှာ…အမေရိကန်လူမျိုးများသည်…ဆရာလူထုစိန်ဝင်းပြောသလို..ပေါ်ပြူလာသမားကိုဘဲကြိုက်ပြီး၊အရည်အချင်းမရှိသောသူကိုဘဲမဲပေးကြရအောင်..အသိဥာဏ်မနိမ့်ကြကြပါ။သူ့နိုင်ငံနှင့်သူ့လူမျိုး..မည်သူကမည်သို့ဆိုးသည်..ကောင်းသည်ကိုသူတို့ဖြတ်သန်းခဲ့သောသမိုင်းကြောင်းအရကောင်းကောင်းသိကြပါသည်။ အမေရိကန်ဒီမိုကရက်ပါတီတွင်းမှာလည်း…အရည်အချင်းရှိသောသူအများကြီးရှိပါသည်။ ဤသို့သောသူများမှ..အဘယ်ကြောင့်အိုဘားမားကိုသ..သမ္မတလောင်းအဖြစ်ရွေးချယ်ခဲ့ကြပါသနည်း။
နောက်တစ်ချက်မှာ…အိုဘားမားကလူငယ်ဖြစ်ခြင်းကြောင့်..အင်တာနက်ကိုကောင်းကောင်းအသုံးချတတ်သည်ဆိုသည်မှာ..အနည်းငယ်ရယ်စရာကောင်းနေပါသည်။ အမေရိကတွင်..internet ကိုအသက်၉၀အရွယ်မှ..၄နှစ်..၅နှစ်သားအထိမည်သို့မည်ပုံသုံးနေကြသည်ကို…ဤနေရာ၌မရှင်းပြချင်တော့ပါ။
ယခုပြောနေသည်မှာ..ဆရာလူထုစိန်ဝင်းကိုတိုက်ခိုက်ခြင်းလည်းမဟုတ်ပါ။ထို့ပြင်အိုဘားမားကောင်းလွန်းသည်ဟူ၍လည်းပြောနေခြင်းမဟုတ်ပါ။ လွဲနေသော facts များကိုပြောပြခြင်းသာဖြစ်သည်။
နောက်ဆုံးပြောလိုသည်မှာ..ဗုဒ္ဓဘုရားရှင် ကာလာမ သုတ်တွင်ဟောကြားခဲ့သလိုသာဖြစ်သည်။ မည်သူပြော၍ မည်ဝါပြော၍ဆိုခြင်းထက်..မိမိကိုယ်တိုင် diverse views အမျိုးမျိုးမှအမြင်များကိုဖတ်ရှုလေ့လာ၍သမာသမတ်နှင့်ယထာဘူတကျကျဝေဖန်ဆန်းစစ်နိုင်လျှင်အကောင်းဆုံးဖြစ်ပါလိမ့်မည်။

eagle said...

ဆောင်းပါးရှင် လူထုစိန်ဝင်းရေးသားတာနဲ့ပတ်သက်ပြီး အခြေအမြစ်မရှိ၊ အကျိုးအကြာင်းမခိုင်လုံပဲ ပုတ်ခတ်ဝေဖန်သူများကို ပြောချင်ပါတယ်။ ပါးစပ်အီးမပေါက်နဲ့ ကီးဘုတ်နဲ့ အင်တာနက်စာမျက်နှာကို ချီးမသုပ်ပါနဲ့။ လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်ကို အလွဲသုံးစားမလုပ်ပါနဲ့။
၁။ အချက် အနေနဲ့ပြောချင်တာက စာရေးဆရာဟာ အိုးဘားမားနဲ့ နိုဗယ်လ်ဆုကိစ္စကိုသာရေးသား ထားခြင်းဖြစ်တယ်။ နအဖနဲ့မြန်မာ့ဒီမိုကရေစီအရေးအကြောင်းရေးသား
ထားခြင်းမဟုတ်။ စာရေးဆရာရဲ့ ဒီမိုကရေစီ အပေါ်ရပ်တည်ချက်ကို သိချင်ရင် သူရေးသားပြောဆိုခဲ့တဲ့ဆောင်းပါးများနဲ့ ရေဒီယိုအသံလွှင့်ချက်များကိုပြန်နားထောင်ပါ။
၂။ အချက်အနေနဲ့ စာရေးဆရာဟာ သူရေးတဲ့ဆောင်းပါးကို သေချာလေ့လာပြီးမှ အချက်အလက်အထောက်အထားနဲ့ရေးသား
ထားခြင်းဖြစ်တယ်။ ခင်ဗျားတို့လို ငါ့စကားနွားရဆိုပြီး သက်သက်မဲ့ပုတ်ခတ်ရေးသားထားခြင်း မဟုတ်။
၃။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို Gandhi ဟာ ၁၉ ၃၇ ကနေ ၁၉ ၄၈ ခုနှစ်အထိ ငါးနှစ်တိုင်တိုင် အမည်စာရင်းတင်သွင်းခံရတောင် ရွေးချယ်ရေးအဖွဲ့ကဆုမပေးခဲ့ပါ။ ဘာကြောင့် Gandhi ကို နိုဘယ်လ်ဆုမပေးခဲ့တာလဲဆိုတာကို ရွေးချယ်ရေးအဖွဲ့အနေနဲ့ တရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့ပါ။(မှတ်ချက်၊ ၊ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ရခဲ့တာဟာ Gandhiလမ်းစဉ်နဲ့ရဲ့ အကျိုးဆက်ဖြစ်တယ်)
၎။ နိုဘယ်လ်ဆုဟာ အလွန်ဂုဏ်သိက္ခာနဲ့ သြဇာကြီးမားတဲ့ဆုဖြစ်တယ်။ နိုဘယ်လ်ဆုပေးခဲ့တာတောင် လက်မခံပဲ ငြင်းပယ်ခဲ့တဲ့လူရှိခဲ့ပါတယ်။ ဖြစ်တည်မှုဝါဒီတစ်ဦးဖြစ်တဲ့ ပြင်သစ်စာရေးဆရာJean-Paul Sartre ပါ။ သူဟာ ပြဌါန်းခံမဟုတ်ဘူး ဒါကြောင့် ဒီဆုကို လက်မခံနိုင်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ တဆက်တည်းမှာပဲပြောချင်တာက လွန်ခဲ့တဲ့ ၂ပတ်ကျော်က ကာတွန်းဟန်လေး ဧရာဝတီမှာရေးခဲ့တာကို သတိပြုသင့်ပါတယ်။ အခုစာရာရေးဆရာလူထုစိန်ဝင်းရေးတဲ့ ဆောင်းပါးနဲ့ကာတွန်းဟန်လေးရေး အာဘော်ဟာဆင်တူကြောင်းကွဲ ဆိုတာ သတိပြုသင့်တယ်။
နောက်ဆုံးအချက်အနေနဲ့
အခြေအမြစ်မရှိ၊ အကျိုးအကြာင်းမခိုင်လုံပဲ ပုတ်ခတ်ဝေဖန်သူများကို ပြောချင်ပါတယ်။ ပါးစပ်အီးမပေါက်နဲ့ ကီးဘုတ်နဲ့ အင်တာနက်စာမျက်နှာကို ချီးမသုပ်ပါနဲ့။ လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်ကို အလွဲသုံးစားမလုပ်ပါနဲ့။ ဒီမိုကရေစီစနစ်နဲ့တန်အောင် အခုကတည်းက ကျင့်ကြံပါ။ လွတ်လပ်စွာဝေဖန်ပြောဆိုရေးသားခွင့်ကို လွတ်လပ်စွာ စော်ကားပုတ်ခတ်ပြီး မဖျက်စီးပါနဲ့။
ဒီမိုကရေစီရဲ့အနှစ်သာရကိုယ်တိုင်က မတူညီမှုများ နဲ့စုဖွဲထားခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ မတူညီတဲ့အတွေးအခေါ်အယူအဆတွေကို လွတ်လပ်စွာ ဆွေးနွေးငြင်းခုံ အဖြေရှာကြပါတယ်။ ခင်ဗျားတို့လို အသားလွတ် ပုတ်ခတ်စော်ကားနေခြင်းမဟုတ်ပါ။
သင့်လျှော်မှန်ကန်တဲ့ မည်သည့်ဝေဖန်မှုကို မဆို ကြိုဆိုပါလျှက်။
ကျော်ဇော်ဟိန်း

Unknown said...

ဗမာပြည် သမိုင်းကို သိပ်မသိပါ။ လေ့လာဆဲပါ။ သိသမျှကို တင်ပြချင်တယ်။ ၁၉၅၈ မှာ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် ခေါင်းစထောင်ပါတယ်။ ၆၂ ခုမှာ အပြတ်ထောင်လာပါတယ်။ ခုထိပဲ။ လူထုဦးစိန်ဝင်းဆိုတာ ကမ္ဘာကျော် ကိုကိုကျွန်းမှာ အကျဉ်းကျ တိုက်ပွဲဝင်ခဲ့တဲ့ လူထုဘက်က စာရေးဆရာနိုင်ငံရေးသမားကြီးပဲ။
၅၃ ရက်အစာငတ်ခံတိုက်ပွဲကြောင့် ကိုကိုးကျွန်း အကျဉ်းစခန်းကို ကမ္ဘာသိဖျက်သိမ်းပေးရတယ်။ အကျဉ်းသားတွေကို အင်းစိန်အကျဉ်းထောင်ပြန်ပို့တယ်။ အငြိုးနဲ့ ထောင်ဗူးဝမှာ ပုံစံထိုင်ခိုင်း စောင်အုပ်ပြီး ဗြင်းပါတယ်။ ပုံစံထိုင်ခိုင်းရင် မထိုင်ဖို့ ဆုံးဖြတ် ပိုင်းဖြတ်ပြီးသားမို့ မထိုင်ကြတဲ့အခါ ပိုဗြင်းပါတယ်။ နိုင်ငံကျော်စာရေးဆရာကြီး တဦးက ရုတ်တရက် ကြောင်ပြီးပုံစံထိုင်မိပါတယ်။ ဒါကို ဦးစိန်ဝင်းက အတင်းဆွဲထူ မတ်တပ်ရပ်ခိုင်းခဲ့တယ် လို့သိရပါတယ်။ လူထုဦးစိန်ဝင်းဟာ ခုထိ လူထုဘက်ကရပ်ခဲ့ သူပါ။ စစ်အာဏာရှင်ကိုလည်း ခုထိ အောက်ဆီဂျင်နဲ့ အသက်ရှင်နေရတဲ့အထိ ပိုင်းဖြတ် ဆန့်ကျင်နေသူဖြစ်တယ်။ တလောလေးကတင် ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ် ဘယ်နိုင်ငံခြားအဖွဲ့အစည်းမှ အားမကိုးကြဖို့ ထောင်မကြောက် သေမှာမကြောက် လူထုဘက်က ရပ်ပြောခဲ့တာပါ။ ခု နိုင်ငံရေး လေထုကိုကြည့်ရင် သူပြောခဲ့တာ လုံးဝမှန်နေတယ်။ ဒါလောက်ပါပဲ။
အချက်မသိတော့ သားမက် သူခိုးထင် ငှက်မသိတော့ လင်းတကို ငြိမ်းချမ်းရေး ချိုးငှက်ထင် မဖြစ်စေချင်ဘူး ...ဒါလောက်ပါပဲ။

Fun said...

So What? Because of what he did, we all have to agree and believe whatever he says in whole life?

I respect him for many things. But I believe we still can have different views.

I learnt a lot from his articles, but will never conclude he is right and Nobel Price Committee is wrong (just because of his article alone). I also like comments against the articles, some are very true.

Some people sounds like they will believe whatever someone says because they love or trust that someone.. Good but not always good.

Unknown said...

This is a very good article.

Unknown said...

ငါဆရာ၊ ငါပြောတာ အမှန်၊ ငါပညာရှိ၊ ငါက၀ိ၊ ငါနှင့် ငါသာ ငါ ငါ ငါ

Unknown said...

နည်းနည်းထပ်ပြောချင်လာလို့ပါ။ အဲဖရက်နိုဘယ်ဟာ သူတည်ထွင်ခဲ့တဲ့ ဂျလတင်းယမ်းကြောင့် ငွေကျိကျိတက်အောင်ချမ်းသာခဲ့တယ် လူတွေကယမ်းကို သတ်ဖြတ်ရာမှာ အစွမ်းကုန် သုံးစွဲခဲ့ သုံးစွဲနေတော့ သူအတော်ကို သွေးပျက်ကြေကွဲသွားတယ်။ အဲဒီမှာ သေတန်းစာရေး သူပိုင်ငွေကို နိုဘယ်ဆုပေးဖို့ပါ။ ငြိမ်းချမ်းရေးက အထိကပေါ့။ ခုအိုဘားမားက အာဖဂန်ကို (တာလီဘန်)ချေမှုန်းရေးဆိုပြီး တပ်တွေလွှတ်နေချိန်ဖြစ်ပါတယ်။ တကယ်လည်း အပီကျွေးနေတယ်။ တာလီဘန်ကနည်းနည်း ပြည်သူကများများပါ။ အဲဒါကို ငြိမ်းချမ်းရေးနိုဘယ်ပေးတော့ အတော့်ကို ရက်စက်တဲ့ဟာသပဲ။ ဒါကို လူထုဦးစိန်ဝင်းဆောင်းပါးက ပြောတာ။ သတင်းစာရှင်းလင်းပွဲမှာလည်း နော်ဝေ နိုဘယ်ဆုပေးရေး ဥက္ကဌ က သတင်းထောက်တွေရဲ့ အမေးကို ၀န်ခံတ၀က် အငြင်းထောက်ခံတ၀ကိထော့နင်းထော့နင်းဖြေနေရတာ ဒီဗွီဘီ ရုပ်သံမှာ ကြည့်လိုက်ရတယ်။ အခြားမီဒီယာတွေမှာလည်း ပါပါတယ်။ ဒါလောက်ပါပဲ

Anonymous said...

i think as well as saya u sein winn.

i admire daw aung sann suu kyi bec of her strong mind n dicision now.
but as soon as i heard daw aung sann suu kyi was awarded this prize as mr presidient, i felt so.
to tell the true, daw aung sann suu kyi should be awarded this prize noly now.
if so, political satuation in our country, myanmar, may become in other ways.
sometime nobel trap makes something as they wish!

Unknown said...

ကျွန်တော်အမြင်ရတော့ သမ္မတ အိုဘားမားအနေနဲ့ ဒီဆုကို ရတာ မထိုက်ဘူးလို့  ဖြစ်စေ
ထိုက်တန်တယ်လို့ ယူဆသည်ဖြစ်စေ ဒါဟာ ကြည့် သူ
အပေါ်မှာဘဲ မူတည်ပါလိမ့် မယ်။ ဦးစိန်ဝင်းထောက်ပြ
တဲ့  အမေရိကန် ရွေးကောက်ပွဲသည် အရည်အချင်းကို
မကြည့် ဘဲရွေးတယ် ၊မင်းသား အာနိုးလို လူတောင်
ပြည်နယ်အမတ်ဖြစ်တယ် ၊အိုဘားမားမှာ ကျန်တဲ့ နိုင်ငံရေး အရည်အချင်းတွေမရှိဘူး ဆိုတာတွေ။ နိုဘယ်
ဆု ရွေးချယ်ရွေးအဖွဲ့ ကို မြှောက်ပြီးမှ ရိုက်ချတဲ့ စကားတွေကို သဘောမကျသလို သဘောလည်း မတူပါဘူး။ကျွန်တော်တို့  မြန်မာလူမျိုးတွေမှာ ပုဂ္ဂိုလ်ရေးအစွဲတွေ တွေ့ နေ မြင်နေရတာလည်း တကယ့် ကို စိတ်မကောင်းစရာ ပါဘဲ ။ဘယ်သူ ဘယ်ဝါက ပြောဆို ရေးသားသည် ဖြစ်စေ အချက်အလက်အပေါ်မှာ ကြည့် ၍ ဆုံးဖြတ်စဉ်းစားစေချင်ပါသည် .လူတိုင်း
ပြည့်ဝ ပြည့် စုံနေသည်မဟုတ်ပါ။အဆိုးအကောင်း အမှားအယွင်းနေ ရှိတက်တဲ့ သဘာဝကို နှလုံးသွင်းသင့် ပါကြောင်း အကြံပြုပါရစေ

eagle said...

ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဆင်ခြင်တုံတရာရှိတဲ့ သူတိုင်းဟာ လူတစ်ယောက်ရဲ့ စကားအမြဲမှန်တယ်လို့ ဘယ်တော့မှ မယူဆကြဘူး။ ဘုရားရှင်တောင်မှပြောခဲ့တယ်
ငါဘုရားပြောတိုင်းအမှန်လို့မယူဆနှင့်တဲ့။ အခု လူထုစိန်ဝင်းရေးတဲ့ဆောင်းပါးနဲ့ ပတ်သက်ပြီး စာရေးဆရာရဲ့အမြင်ကို ထောက်ခံသူရှိသလို၊ လက်မခံသူလဲရှိကြပါတယ်။ လက်မခံနိုင်ရင်လဲဘာကြောင့်
လက်မခံသလဲဆိုတာကို အနည်းဆုံး
မူရင်းစာရေးဆရာလောက်ပြန်မရေးပြနိုင်ရင်တောင်မှ
အကျိုးအကြောင်း၊အချက်အလက်နဲ့အထောက်အထားနဲ့
ပြန်ရေးကြပေါ့ဗျာ။ ဒါမှလဲစာဖတ်သူတွေအနေနဲ့ ဗဟုသုတ အသိညဏ်ပိုမိုတိုးပွါးတာပေါ့ဗျာ။ မှတ်ချက်(လူထုစိန်ဝင်းရေးတာမှမဟုတ်ပါ။
သန်းရွေပဲရေးရေး၊ဒေါ်စုပဲရေးရေးပေါ့ဗျ။
မှန်ရင်မှန်တယ်၊မှားရင်မှားတယ်ပေါ့) အဲ တစ်ခုတော့ရှိတယ် ဒီစာရေးဆရာရေးတာ
အလားကားပါဆိုပြီးတော့ ဝေဖန်လို့တော့မရဘူးဗျ။
အလားကားပါဆိုရင်လဲ သူရေးတာဘာကြောင့်
အလားကားပါဆိုတာကို ခိုင်လုံမှန်ကန်တဲ့ အချက်အလက်နဲ့ပြန်လည်
တင်ပြဆွေးနွေးဖို့လိုပါတယ်။စာရေးဆရာဆိုတာ
သူ့အလုပ်မှာ သူ့နယ်ပယ်မှာ ပရောဖက်ရှင်နယ်ဗျ။ အခုလူထုစိန်ဝင်းရေးတဲ့ဆောင်းပါးကို
တချို့က ဘာကြောင့်သဘောတုတယ်၊မတူဘူးဆိုပြီး အချက်အလက်နဲ့ ပြန်လည်တင်ပြရေးသားတာတွေ
ဖတ်ရတာကာင်းပါတယ်။ဖတ်သူတွေအနေနဲ့ဆွေးနွေး
မှုအပေါ်မှာ သဘောမတူတာတောင် ဗဟုသုတရပါတယ်။ အခု
စီဘောက်မှာ အောင်ဆိုတဲ့နာမည်နဲ့ ၀င်ရေးပြီး အသားလွတ်ပုတ်ခတ်စော်ကားရေးသားတဲ့
သူကို တစ်ခုပြောချင်ပါတယ်။
ဆိုက်ကားသမားကအစ လုပ်လို့ရတယ်ဆိုပြီး စာရေး
ဆရာကိုရော ဆိုက်ကားသမားကိုပါမစော်ကားနဲ့ဗျ။
အနှေးယာဉ်လုပ်သား ဆိုက်ကားနင်းသူဟာ သူ့အလုပ်မှာ သူပရောဖက်ရှင်နယ်ဗျ။ ခင်ဗျားသူ့လို ဆိုက်ကားနင်းနိုင်လား။ အဲဒီလိုပဲ စာရေးဆရာဆို
တာလဲ သူအလုပ်မှာ သူပရောဖက်ရှင်နယ်ဗျ။ ခင်ဗျားသူလို စာရေးနိုင်လား။ အကြောင်းအရာတစ်ခု
ကို သဘောမတူရင် မတူဘူးဆိုယုံနဲ့မရဘူးဗျ။
သက်သေပြရတယ်။ အထောက်အထားနဲ့ ခိုင်ခိုင်လုံလုံ
ုပြန်ရေးဗျာ။ ခင်ဗျားစော်ကားသလိုမျိုး ရိုင်းသလိုမျိုး
လူတိုင်းလုပ်လို့ရတယ်။ ဒါပေမဲ့အသိဥာဏ်ရှိတဲ့သူတိုင်း
ယဉ်ကျေးတဲ့သူတိုင်း ခင်ဗျားလိုမလုပ်ဘူးဗျ။
လူတစ်ယောက်ကို သက်သက်မဲ့ ဘာတွေများတိုင်းပြည်အတွက်
လုပ်ခဲ့သလဲဆိုပြီးတော့ မစော်ကားနဲ့ဗျာ။
ခင်ဗျားအရမ်းရိုင်းနေလား၊ ပြိုင်ရိုင်းချင်လား ပြိုင်မိုက်
ချင်လား။သတ္တိရှိနေလား၊ခင်ဗျားလိပ်စာ
အတိအကျပြောဗျာ။ လူချင်းတွေ့ရအောင်။

William Thargi said...

ဆရာ သမားတို့ရေ ဆြာစိန်ကြီး က အပြတ်ပြောပြီး သားပါ (ဆုရွေးချယ် ရေးအဖွဲ့က ဘာကိုများကြည့်ပြီး ရွေးလိုက်တာလဲ။ ဘယ်လိုပဲ အကြောင်းပြပြ လက်ခံနိုင်စရာ လုံးဝမရှိပါဘူး။) တဲ့ ဘာမှ လာရှင်းပြမနေနဲ့ တဲ့။ ဘယ်လိုဘဲ အကျိုးအကြောင်း ရှိနေ ရှိနေ လက်ကတော့ မခံပါဘူးတဲ့။ ဆြာကြီးက ဘွင်းဘွင်း သမားဗျ။ ဘူးဆို ရင် ဖရုံမသီးဘူး။ နေတက်ရေတက် မှာမွေးတာ စနေသား။ သူကတော့ ပြတ်ပြတ်ပဲ။
အိုဘားမား အရွေးခံ ရတာမအံ့သြဘူးတဲ့ ။ အင်းလေ တလောကလုံး အံ့သြလဲ သူကတော့ ကြိုတောင် သိနေသေး ဟေးဟေး တဲ့။
အမေရိကန်သမိုင်းမှာ လေးစားခံရတဲ့ ရေဂင်၊ စစ်အေးတိုက်ပွဲ ကို အဆုံးသတ်ပေးပြီး ဆိုဗီယက်အာဏာကို ရိုက်ချိုးခဲ့တဲ့ ရေဂင် အင်း သူ့ကျတော့ ဆြာကြီးစိန်ကမြင်လိုက်တာက (တတိယတန်းစားကောင်းဘွိုင်မင်းသား) လေးပါတဲ့ အင်းလေ ဆိုဗီယက်အာဏာကို ရိုက်ချိုးခဲ့တဲ့ သူကိုတော့ နာမည်မှာ လူထု တပ်ထား တဲ့ ဆြာကြီးတစ်ယောက်ကဘယ် အကောင်းမြင်နိုင်ပါ့မလဲ ဘယ်လိုပဲ အကြောင်းပြပြ လက်ခံနိုင်စရာ လုံးဝမရှိပါဘူး လိုဘဲပြောမှာပေါ့။
(အရည် အချင်းကြည့်ပြီး ရွေးမယ်ဆိုရင် အိုဘားမားထက် အဆပေါင်းများစွာသာတဲ့ ဂျွန်မက်ကိန်းက ရွေးချယ်ခံရမှာပါ။) တဲ့
ဆြာကြီးစိန် ဆိုလိုတာက ဘဲဟာကြက်ထက်သာတယ် ဘဲကရေကူးတတ်တယ်ဆိုတာ မျိုးပေါ့ဗျာ။ (တယောက်တမျိုးဆီတော်ကြတယ်လို့ အိုင် ကတော့ထင် ပါတယ်)
သူ့ဟာသူ တလောကလုံးက အိုဘားမားကို တော်တယ်၊ ထက်တယ်၊ ဥာဏ်ကောင်းတယ် လို့မှတ်ချက်ပေးတာလဲပေးပေါ့ ဆြာကြီးတို့ကတော့ ပြတ်ပြတ်ပဲ။ လက်ကတော့မခံဘူး။
အင်း မက်ကိန်းက စစ်တိုက်ဘူးတယ်၊ စစ်အကျဉ်းသားဖြစ်ဖူးတယ် ပြောရရင် သူ့အကြောင်းရုပ်ရှင်တောင်ရိုက်ထားကြသေးတယ် အဲ.. အဲဒါကိုတော့ အထင်ကြီးနေတယ် နဲ့ တူပါတယ်။

ဟဲဟဲ အိုဘားမားက (လွှတ်တော်ထဲမှာ ထူးထူးခြားခြား ဆောင်ရွတ်ခဲ့တာ တခုမှမရှိပါဘူး။) တဲ့ (နောက်သမ္မတလောင်းအဖြစ် ၀င်အရွေးခံမယ်ဆိုတော့မှ စ ကားပြောင်းပြောခဲ့တာ) တဲ့ ဆြာကြီး ဆိုလိုတာက လူမည်းအမတ်တယောက်၊ အမတ်သက်တမ်း ကလည်းတိုတိုလေးနဲ့ ဘာမှဟုတ်တိပတိ မလုပ်ရပဲ ပါတီတွင်း သမ္မတလောင်းနေရာကို အလကားနေ အလကား ရသွားတာဆိုတဲ့ သဘော။့ ပြီတော့ အင်မတန်ကျောထောက်နောက်ခံကောင်းတဲ့ သမ္မတဟောင်းကတော် ကိုကျော်ဖြတ်၊ အရည်အချင်းရှိ လှပါတယ် ဆိုတဲ့ ဦးမက်ကိန်းကို အနိုင်ယူ အဲဒါကလည်း သရုပ်ဆောင်ကောင်းတာတခု ပါဘဲတဲ့ အဲဒါမျိုး အဲဒါမျိုး …
ဆြာကြီးတို့က ပြတ်တာ။ အမေရိကန်သမ္မတ ဖြစ်ဖို့က ရပ်ကွက်လက်ရွေးစင် ဘောလုံးသမားဖြစ်ဖို့လောက်တောင် မခက်သလိုမျိုး။

William Thargi said...

လူတိုင်းက ချီးကျူးရတဲ့ Bipartisan သဘောတရားကိုကျင့်သုံးပြီး ရီပတ်ဗလစ် ကန်ကာကွယ်ရေးဝန်ကြီးကို ဆက်ခန့်ထားတာကိုကြတော့ ပေါ်ပြုလာသမားထုံးစံတဲ့။
(သူ့မှာ ဘာနိုင်ငံရေးအရည်အချင်းမှ မရှိဘူးဆိုတာကို သူ့အစိုးရအဖွဲ့အမည်စာရင်း ကြေညာလိုက်ကတည်းက သိနိုင်တယ်။ သူ့အစိုးရအဖွဲ့မှာ ထူးချွန်ထက်မြတ်သူရယ်လို့ တယောက်မှမတွေ့ရ ဘူး။) တဲ့
အဖဘုရားသခင်၊ မယ်တော်မေရီ၊ ဘိုးတော်သိကြားမင်း ကယ်ပါ။
တလောကလုံးက အခု အစိုးရအဖွဲ့ရဲ့အရည်အချဉ်းကို သံသယမဖြစ်၊ မဝေဖန်ကြပါဘူး လူတော်တွေ ဆိုတာအားလုံးက လက်ခံကြပါတယ်။ ကောင်းမကောင်းဆိုတာသာ ငြင်းခုံနေကြတာပါ။ ဆြာကြီးက အိုဘားမားအစိုးရအဖွဲ့ကို ဘာမကြိုက် သလဲမသိဘူး၊ သူတို့တွေက ဆိုင်ရာနယ်က ထိပ်တန်းတွေပါ double bachelor, master, doctorate အမြီးတွေလဲ ပါနေသား ဟာကို။ ပညာရှိဆို တော့ သတိ သိတ်မဖြစ်တော့ဘူး လေ။

အိုဘားမား Health care plan ကလည်း အိုဘားမား အိုင်ဒီယာ စစ်စစ် မဟုတ်ဘူး (အဆက်ဆက်သော ဒီမိုကရက်တစ်သမ္မတများ လုပ်ကိုင်ခဲ့တဲ့ ပေါ်လစီတွေပဲဖြစ်ပါတယ်။) တဲ့ Health care plan, education plan ဆိုတာတွေဟာ ဒီလိုဘဲ တခုကိုတခု အခြေခံပြီး တလှမ်းချင်းတိုးတက်အောင် လုပ်ကြရတာမဟုတ်လား ဒါဟာအပြစ်တခု အားနည်းချက် တခုမဟုတ်ပါဘူး။ ဆြာကြီးကသင့်တော်တာမတော်တာ မစဉ်းစားဘဲ own tune ကလေး နဲ့ တတ်မတော်အစိုးရလို ငါ့တကောကောတာလေး တွေမှ ကြိုက်မယ်နဲ့တူပါတယ်။ တခုတော့တော်ပါသေးတယ် ဖေါက်ပြန်ရေးသမားတို့ သဘောတရား မလေးနက်ဘူးတို့ ထမအော်လို့ ဟီးဟီး၊ လူထု နော် လူထု။ ဘာတဲ့ဒုံး တို့ပရိတ် သတ် … လူထု တဲ့။
ဒီလောက် ဘွင်းဘွင်းကြီး လုပ်လာပြီးမှတော့ (နိုင်ငံတကာဆက်ဆံရေးဘက်ကြည့်လိုက်လည်း ဘာစွမ်းဆောင်ချက်မှ ပေါ်ထွက်မလာသေးပါဘူး။) လို့ပြောတာကို မအံ့သြတော့ပါဘူး
အာရပ် - အစ္စရေးကိစ္စ မှာ ပေါလစီပြောင်းတာ၊ ပါလစ္စတိုင်းတွေလေသံ ပြောင်းလာတာ၊ တွေက ဆြာကြီးအလိုအရတော့ ဘာမှအရေးမပါတာတွေပေါ့ဗျာ။ ကြည့်ရတာ နှစ်ပေါင်းထောင်ချီသမိုင်းကြောင်းနဲ့လာတဲ့ အရှေ့အလယ် ပိုင်းအရေးကို (ဘာအရည်အချင်းမှမရှိဘဲ သရုပ်ဆောင်ကောင်းရုံ အီးမေးရိုက်တတ်ရုံနဲ့တက်လာတယ်ဆိုတဲ့ ) သမ္မတလေးက လပိုင်းအတွင်းအပြီးသတ်ရှင်းမပေးနိုင်လို့ ကြိုက် တော်မမူရှာဘူး။ ဂွာတာနာမို အကျဉ်းစခန်းပိတ်လိုက်တာ၊ အီရတ်ကတပ်တွေ ရုတ်ဖို့ အမိန့်ပေးတာ၊ အီရန်လေသံပြောင်းလာတာ၊ ရုရှလေသံပြောင်းလာတာ၊ နျူလက်နက်တွေ လျှော့ချဖို့ ဖျက်သိမ်းဖို့ ခြေလှမ်းတွေဖြစ်လာတာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အိုဘားမား စွမ်းစွမ်းတမံ အားထုတ်နေတာ၊ စီးပွားရေးပြန်ဦးမော့လာအောင်(အမေရိကန် တနိုင်ငံ ထဲ ရဲ့ အရေးမဟုတ်ပါ တလောကလုံး တည်ငြိမ်အေးချမ်း ဖို့ အလွန်အရေးကြီးတဲ့ ကိစ္စ ဖြစ်ပါတယ်)

William Thargi said...

ရဲရဲရင့်ရင့် ဦးဆောင် ပေးခဲ့တာ အင်းဒါတွေကလည်း ဆြာကြီးအတွက်တော့ အထင်ကြီးစရာ ဟုတ်ဟန်မတူပါဘူး။
ဒီဆုဟာ အိုဘားမားကိုပေးတာ စောလွန်းတယ် လောလောဆယ် မထိုက်တန်သေးဘူး ဆိုတာလောက် ဝေဖန်ရင် အခုလို comment ရေးမိမှာမဟုတ်ပါးဘူး အခုတော့ အင်မတန်ထူးချွန်တဲ့၊ လူသန်းပေါင်းများစွာရဲ့ ရုံကြည်မှုတွေ အနာဂတ်တွေကို ရှင်သန်စေတဲ့ (လူမည်းတွေအနေနဲ့ drug or sport မှမဟုတ်ဘူး တခြားအနာဂတ်တွေ လည်းရှိသေးတယ် ဆိုတာကို အိုဘားမားက အကောင်းဆုံး inspiration ပေးနိုင်ပါတယ်) သူရဲကောင်းတယောက်ကို တပြားမှမတန်သလိုရေးထား လို့ စိတ်ပျက်လွန်းလို့ပါ။
ဆြာကြီးဝေဖန်ထားတာတွေကလည်း သေသေချာချာကြည့်ရင် လိုရာဆွဲကပ် ထားတဲ့ out of context၊ မြန်မာ့အလင်းသတင်းစာ အဆင့်၊ ကပ္ပိယကံကောင်း စတိုင်၊ အောက်လမ်းနည်း သုံးထားတဲ့ အပေါစား version ကြီးပါ။
(ဆြာကြီး ရဲ့ ပြောင်မြောက် တဲ့ သမိုင်းကြောင်း ဟာ မဟုတ်တန်းတရား တွေရေးဖို့ လိုင်စင် မဖြစ် သင့်ပါဘူး ပိုတောင်စေါင့်ထိန်းရပါ ဦးမယ်။)
ဥပမာ (ဆေးပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒစတဲ့ သိပ္ပံပညာရပ်များကို ဘယ်သူမှ ရှာမတွေ့သေးတဲ့ အရာမျိုး ရှာတွေ့သူတွေပဲ ပေးအပ်တာဖြစ်တယ်) တဲ့၊ သိပ္ပံဆုတွေကတော့ ဟုတ်ပါတယ် ငြိမ်းချမ်းရေး ဆုကြတော့ ဘယ်သူမှ ရှာမတွေ့သေးတဲ့ ငြိမ်းချမ်းရေး။ အိုဘားမား တီထွင်ဖန်တီး ထုတ်လုပ်လိုက်တဲ့ ငြိမ်းချမ်းရေး ရယ်လို့ ဘယ်ရှိနိုင်ပါ့မလဲ။
သို့သော် အများစုက ပြတာကိုပဲ ကြည့်ကြတာ၊ ကြည့်တာကိုဘဲ မြင်ကြတာ မဟုတ်လား။ တလွဲကြီးတွေစွဲသွားမှာ စိုးလို့ပါ။ အယူတိမ်းပြီး နတ်စိမ်း ဖြစ်မှာ စိုးလို့ပါ။
အခုတောင် ဆြာကြီးအကြောင်းဘာ သိလို့လဲ၊ ငါလဲ ဘာမှမသိဘူးတို့။ ဆြာကြီး ကိုမထိ နဲ့ ဆြာကြီးကို ၀န်းရံကြတို့။ ဆြာကြီးဆောင်းပါး ဘယ်နှပုဒ် ဖတ်ဘူးလဲ ငါတော့ မဖတ်ဖူးဘူးတို့။ ပါးစပ်အီးမပေါက်နဲ့ ကီးဘုတ် နဲ့ အင်တာနက်စာမျက်နှာကို ချီးမသုပ်ပါနဲ့ ငါ့မျက်နှာကိုလာ သုပ်ပါတို့ ဖြစ်နေ ကြပြီလေ။ သာတီး ရှိသလား ဖော်တီးရှိသလား မိုက်လားချ မလား မင်းလိပ်စာပေး ငါ့လိပ်စာတော့ မပေးရဲ ဘူး စသဖြင့်စသဖြင့်ပေါ့။
အဲဒါကြောင့်ပါ အဲဒါကြောင့်။ မေတ္တာဖြင့်။ မေတ္တာဖြင့်။
မေတ္တာဖြင့်နော် အိုင့်ကို တော့ပြန် မဝေဖန်ကြနဲ့နော် နော်… ပြီးတော့ အိုင် နေတာက ဟိုးအဝေးကြီး မှာမလာနဲ့ မလာနဲ့ လိပ်စာလဲမပေးဘူး ဖုန်းနံပါတ်လဲ မပေးဘူး။
ဝီလျှံသာဂိ

RAM said...

ပြည့်စုံပါတယ်..ကိုသာဂိ…အရွှန်းလေးတွေနဲ့တင်ဆက်သွားတဲ့အတွက်လည်း..
စာဖတ်သူတွေကြား…ပေါ့ပေါ့ပါးပါးဖြစ်စေပါတယ်...။
တဆက်တည်းမှာ..ပြည်တွင်းကစာနယ်ဇင်းဆရာကြီးများကိုအကြံပြုလိုတာလဲရှိပါတယ်…
(ဆရာကြီးဦးစိန်ဝင်းတို့..ဆရာမောင်စုးစမ်းတို့လို..အထင်ကရပုဂ္ဂိုလ်ကြီးတွေအစပြုလို့..
တခြားထင်ရှားကျော်ကြားသောဆရာကြီးတွေပါအပါအဝင်ပေါ့လေ….)
ကျွန်တော်တို့စာဖတ်သူများအနေနဲ့..လက်ကျန်ကွန်မြူနစ်အင်အားကြီးတိုင်းပြည်..
ခေတ်သစ်တရုတ်ပြည်ကြီးရဲ့…သမိုင်းစတင်ဖြစ်တည်မှု၊ဖြတ်သန်းမှု၊အောင်မြင်မှု၊
ကျရှုံးမှု (ဘာကြောင့်ကျရှုံးခဲ့ရတယ်ဆိုတဲ့အသေးစိတ်တွေ၊နောက်..
ခေါင်းဆောင်ကြီးမော်..ဘာတွေတော်ခဲ့လဲ၊ဘာတွေရှော်ခဲ့လဲ။
တိန့်ရှောင်ဖိန်းလုပ်တာအကုန်ကောင်းခဲ့တာဘဲလား..
အရင်ခေါင်းဆောင်ကြီး..ကျန်ဇီမင်း..လက်ရှိသမ္မတဟူနဲ့အလွှဲအပြောင်းမှာ..
ဘာလေးတွေအစာမကြေဖြစ်ခဲ့လဲတို့၊ လက်ရှိသမ္မတ ဟူ..ပါတီကနေ..
ထိုက်ထိုက်တန်တန်..အရည်အချင်းပြည့်ပြည့်ရွေးကောက်တင်မြှောက်ခံခဲ့ရတာလားတို့..
အခုကော..လက်ရှိသမ္မတသက်တမ်းအတွင်းမှာ..လုပ်သမျှ..အားလုံးကောင်းနေတာလား
တို့..စသဖြင့်ပေါ့လေ..)အဲဒါလေးတွေလဲ…ပြည့်ပြည့်စုံစုံအထောက်အထားနဲ့အကျိုး
အကြောင်းခိုင်ခိုင်မာမာနဲ့သမာသမတ်ကျကျဝေဖန်သုံးသပ်မှု့
(အခုအိုဘားမားကိုသုံးသပ်သလိုပေါ့လေ…ဟဲဟဲ)လေးတွေကိုသိချင်ပါတယ်..

RAM said...

ဘာလို့လဲဆိုတော့..အမေရိကန်အကြာင်းက..လူသိများတယ်လေ..
(ပွင့်လင်းမှုရှိတော့)..ရှာရဖွေရ..ဖတ်ရတာလဲလွယ်တယ်…
အဲ..အခုက..ကမ္ဘာမှာလည်း..နံပါတ်၂စူပါပါဝါနေရာကိုချိန်နေတဲ့..
ကိုယ့်ရဲ့တကယ့်ကိုကပ်နေတဲ့..အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့..
(တကယ်ကိုသိသင့်တယ်လို့ယူဆရတဲ့..)တရုတ်ပြည်ကြီးက..အစိုးရ..အကြောင်း..၊
အရင်နဲ့လက်ရှိ..နိုင်ငံရေးခေါင်းဆောင်တွေအကြောင်း
(တော်တာတွေရော…ရှော်တာတွေရောနော်)၊ရွေးကောက်တင်မြှောက်ပုံ
အကြောင်း..ပြည်တွင်းနဲ့နိုင်ငံတကာနယ်ပယ်မှာလုပ်ဆောင်ချက်လေးတွေအကြောင်း…
စေ့စေ့ငှငှ..သုံးသပ်တင်ပြပေးပါဦး…(အဲဒီကျရင်…ဘလော့ဂ်ရှင်..ဒေါက်တာလွဏ်း
လည်းဆရာ့ဘလော့ဂ်မှာတင်ပြပေးနိုင်အောင်ကြိုးစားပေးပါဦး..
ကျွန်တော်တို့အမြင်တွေရင်းရင်းနှီးနှီးလာရောက်ဖလှယ်လို့ရတာပေါ့။)
အဲဒါပေမဲ့..(ဆရာကြီးလူရည်မွန်လေးပါလို့ညွှန်းခဲ့တဲ့)..စာပေခုတ်ထစ်ရေးက..
ကိုကိုတင့်လက်ချက်နဲ့ပေးမထွက်နိုင်ဘူးဆိုရင်လည်း…
ကျွန်တော်ကကော..ဘာများတတ်နိုင်ဦးပါမည်နည်းပေါ့ဗျာ…
နောက်တခုက…(ဆရာကြီးလုပ်ခြင်းတော့မဟုတ်ပါ)…ဆောင်းပါးတပုဒ်..
နာမည်ကြီးဆရာကြီးတစ်ဦးရေးလျှင်..တို့ဆရာကြီးလွှတ်ကောင်းတယ်..
လုပ်နေကြခြင်းထက်…အချက်အလက်များမှန်မမှန်ဝေဖန်ဆန်းစစ်ကြစေလို
ပါသည်။မှန်သည်ဆိုလျှင်လည်း..(အဆိုပါဆောင်းပါးနှင့်အမှန်တကယ်
သက်ဆိုင်သော၊တဖက်မှထောက်ပြသောအချက်များနှင့်
အမှန်တကယ်သက်ဆိုင်သော)အခြားသောနေရာများမှ..ခိုင်မာသည့် references များထပ်ပေးကြစေလိုပါသည်။ သို့မဟုတ်ပါက..ရွှေပြည်ဝန်ကြီး..
ယောအတွင်းဝန်ဦးဘိုးလှိုင်၏ကျမ်းကိုချီးမွမ်းသော…မြင်းထိန်းငတာလို..
တို့ဝန်ကြီးလွှတ်ကောင်းတယ်…ဘာကောင်းလဲ..
ငါလဲမသိဘူး…ဆိုသလိုဖြစ်နေမည်သာဖြစ်ပါကြောင်း..။


လေးစားစွာဖြင့်….

Unknown said...

အမေရိကန် ပြည်သူတွေရဲ့ လွတ်လက်မှုနဲ့ တရားမျှတမှုကို နှိုင်းယှဉ်ချက်အရ လေ့လာ နိုင်းဆ လက်ခံပါတယ်။ သမိုင်းမှာ အမေရိကန်သမတတွေ အကြောင်းလည်း အထင်ကရရှိပြီးသားပါ။ ကနေဒီတို့ ကလင်တန်တို့ဆိုလဲ စိတ်ဝင်စားစရာပါ။ ဂျပန်ဝန်ကြီးချုပ်ရင်ခွင်ထဲ မူးမေ့လဲသွားတဲ့ ဂျော့်ဘုခ်ျ(အကြီး)နဲ့ ကမ္ဘာ့စီးပွားရေးကပ် သပွတ်အူအမှိုက်ကို ကံကောင်းထောက်မစွာ စွန့်ပစ်ခွင့်ရခဲ့တဲ့ ဘုခ်ျအငယ်နဲ့ အဲဒီလှည်းကြိုးထမ်းရတဲ့ အခု အိုဘားမား ကိုလည်း စိတ်ဝင်စားစွာ စောင့်ကြည့်နေပါတယ်။ ကမ္ဘာကလည်း စောင့်ကြည့်နေတာပါ။ အမေရိကန် စီးပွားရေးနဲ့ အင်အားအရပ်ရပ်ကို တကယ်ချုပ်ကိုင်နေတာ အမေရိကန် သမတတွေလား စူပါအရင်းရှင်ကြီးတွေလား ဆိုတာလည်း စိတ်ဝင်စားစရာ မဖုံးနိုင်မဖိနိုင် သမိုင်းဗူး လုံးလုံး ပေါ်ခဲ့ ပေါ်နေဆဲပဲ။ ဆင်က ပုတ်နေပြီ၊ ဆင်စွယ်ကလည်း ခိုးသူက ဖြတ်ပြီးနေပြီ။ ဒါတောင် ဆင်ခြေရာခွက်ထဲ မှာ မျက်စိလည် လမ်းမှားနေရင်ဖြင့် သမိုင်းမသိ။ မိဘမသိ။ အမှန်မသိ။ အဖြူမသိ အေးလေ လှတောစကားနဲ့ ပြောရရင် ငုတ်တုတ်ကလေးထိုင်နေတဲ့ ဒေ၀ဒတ်ရဲ့ အ၀ီစိပတ်ကြားအက်ထဲ မရဲတရဲသာ ခုန်ချကုန်ကြပေတော့ ....
ဒါလောက်ပါပဲ။

eagle said...

အခုအလို ရှည်ရှည်ဝေးဝေးပြန်ရေးတော့ အနည်ဆုံးခင်ဗျားရဲ့အချိန်လေးတော့ပေးလိုက်ရတာပေါ့။
စာတွေများများလဲရေးနိုင်အောင် ကြိုးစားပါဦး။ အဲ တိုင်းကျိုးပြည်ကျိုးပြုတဲ့စာပေတွေပေါ့ဗျာ။
ဟဲဟဲဟဲ...စကားမစပ်ဝီလျှံသာဂိက လူ့ဘောင်ကြောင်နဲ့
အမျိုးတော်လား မသိဘူးနော်။ အဲဒီလိုထင်မိလို့ တို့ ပါးတီလာမထိနဲ့ တို့ စိရာလာမထိနဲ့လို့ စိတ်မဆိုးနဲ့နော်။

brainwave said...

in my opinion, may b those old ppl like U Sein Win and Mg Suu Sann had done good things in their past, still I juz c a fact that when they get older their mindset seems to change a lot and getting weird and weird and trying to get attention from ppl by writing those kinda stunts

Fun said...

William is very right. I like his comment. Very true... very true...

And it was very funny to read those who got angry and using inappropriate words.. hehehe where did they lean that?

Fun said...

I read again the comments of William and I like to congratulate him again for such a nice article. You sent your time very well. Thank you..I must write for the second time to let him know, I like it very much...

Unknown said...

fun က willan ကို ချီးမွမ်းခန်းဖွင့်နေလို့ ထပ်ရေးချင်လာတယ်။ ၁။ မမှားသောရှေ့နေ မသေသောဆေးသမားအရ ဒေါ်အောင်ဆန်းစုကြည်လည်း မှားနိုင်တယ်။ လူထုဦးစိန်ဝင်းလည်း မှားတတ်တယ် ဆိုတဲ့ လောဂျစ်ကို ဆွေးနွေးချင်တယ်။ ခုဟာက အဲဒီလောဂျစ်ပေတံကို ခံကတုတ်လုပ်ပြီး ကိုယ့်အယူအဆမှန်တယ်ဆိုတဲ့ ဖြားယောင်းမှုက သွက်သွက်ခါအောင်မှားပါတယ်။ ဦးစိန်ဝင်းပြောတာ နိုဘယ်ဆုပေးရေးကော်မတီ ဥက္ကဌက သတင်းသမားတွေနဲ့တွှေ့ဆုံပွဲမှာ ၀န်ခံ ခဲ့တာပဲ။ မှားခဲ့ပါတယ်ဆိုမှ ၀န်ခံတာမဟုတ်ဘူး နော် ကိုယ့်လုပ်ရပ်ပေါ်မှာ ရဲရဲမရပ် မပြောရဲတာလည်း ၀န်ခံတာပဲ။
ပြောချင်လာတယ် ဗမာသမိုင်းပါပဲ အမေရီကန်က ပြည်တွင်းစစ်ကို အနိုင်ကျင့်တိုက်ခဲ့တဲ့ ဖဆပလ (တည်မြဲ၊ သန့်ရှင်း) ကို အားပေးထောက်ခံခဲ့တယ်။ ဗိုလ်နေ၀င်းကိုလည်း သူကောင်းပြု အားပေးအားမြောက်ပြုခဲ့တယ်။ ခုလည်း ယက်တောကိုထုတ် ကုလကို အနိုင်ကျင့် ၂၀၀၈ ဆွဲကြိုးနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ အောင်သွယ်နေတယ်။ အဲဒါနဲ့ တဆက်တည်းမှာ ၂၀၀၇ ဘုန်းကြီးတွေကို နိုဘယ်ဆုမပေးဘဲ အာဖဂန်ကို ချေမှုန်းမဲ့ သူငယ်လေး အိုဘားမားကို နိုဘယ်ငြိမ်းချမ်းရေးဆုပေးတယ်။ အဲဖရက် နိုဘယ်သာ သိရင် မျက်ရည် ကျမဆုံးဖြစ်တော့မယ်။ အဲဒါကို ဦးစိန်ဝင်းက ရေးတာ ဦးစိန်ဝင်းမှားတတ်တာနဲ့ ဆိုင်ပါသလား .... ဒါလောက်ပါပဲ ...

eagle said...

စာရေးဆရာတစ်ယောက်ရဲ့ အမြင်ကို လက်ခံသည်ဖြစ်စေ၊လက်မခံသည်ဖြစ်စေ
ဝေဖန်တုန့်ပြန်တဲ့အခါမှာ အကျိုးအကြောင်း၊
အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ တင်ပြဆွေးနွေးဖို့၊
Comment ထဲမှာ အောင်ဆိုတဲ့နာမည်နဲ့
လူတွေကို သက်သက်မဲ့ စော်ကားပုတ်ခတ်
ရေးနေတာကို မမိုက်ရိုင်းဖို့ ပြောခဲ့တာကို
ဝီလျှံသာဂိက လူ့မိုက်ရိုင်းဖက်က ဆတ်ဆတ်ထိ မခံနိုင်ဖြစ်ပြီး ပင်ပင်ပမ်းပမ်း ကြိုးစားပမ်းစား ပြန်ရေးခဲ့တာမြင်တော့ အင်း.. ဝေဖန်ချင်ရင် ဝေဖန်မဲ့သူရဲ့စာကို အနည်းဆုံး အချိန်လေးတော့ပေးပြီးဖတ်ရ ၊ရေးရတယ်ဆိုတာ ၀ီလျှံသာဂိ ကောင်းကောင်း
သဘောပေါက်သွားပုံရတယ်။ ဟဲဟဲ..။
လုပ်လိုက်သေးရဲ့ လူထုစိန်ဝင်းကို တိုက်ခိုက်ချင်တာနဲ့
comment ရေးတဲ့လူတွေကို ဆရာတပည့်ဆိုပြီး တံဆိပ်လျှောက်ကပ်လိုက်သေး၊
အောင်ဆိုတဲ့ လူ့မိုက်ရိုင်းဖက်က ၀ီလျှံသာဂိ တော်တော်မခံသာ ဖြစ်နေပုံရတယ်။ လူ့ဂိနာလ ဖြစ်တယ်ဆိုတာ အဲဒါမျိုးထင်ပါရဲ့။
ကြိုစားပမ်းစားပြန်ရေးထားပါလား။ ဒီကြားထဲမှာ လူထူစိန်ဝင်းကို မောင်စူးစမ်းနဲ့
နှိုင်းတဲ့သူကလဲ ရှိသေး။
အံရော..အံရော။
ဝီလျှံသာဂိရေ လူထုစိန်ဝင်းထက်သာအောင်
မရေးနိုင်တောင်မှ လုထုစိန်ဝင်းလို
ရေးနိုင်အောင်ကြိုးစားစမ်းပါအုံး။
ကျော်ဟိန်းပြောသလို ဆယ်နှစ် ဆယ်နှစ်..အချိန်ပေးတယ်။

Fun said...

Again, I congratuate William. Excellent. You spent your time very well. Every writer has to invest time even famous ones. The most important thing is not to waste the time of readers.
William is not a writer ( I mean not a professional writer) but I like the way, he writes..
Points are very valid. I think his article is balanced. I don't like unbalanced articles.

Burmakin said...

The article is based on unsound knowledge and self-arrogant assumptions. Many facts in the article revealed the author's insufficient understanding of the fundamentals and values of the American democratic system.

First, both Ronald Regan and Obama are among the best eloquent speakers in the American history, with the genius of great charisma and the art of persuasion to make a significant change and progress for their nation. Regan's inaugural speech remained one of all-time the best remaining slogans of the craft of state building, "The government is not a solution; the government is a problem" that reversed the nature of Big government starting from FDR's new deal to LBJ's great society, one of the most tremendous changes in American history.

Second, before criticizing the health care reform process that Obama is pushing, one needs to be well-learned about American political philosophy and American welfare history movements. In America, the fruits of capitalism from free market competition are Gods of the nation. Any welfare proposal from a President has to grapple with rigorous counteractions from powerful stakeholders such as opposition parties, civil societies, capitalists who feel that the reform process will inflict them, influential persons and etc. and at last but not the least, the noble, giant ideology of capitalism itself. In 1994, Hilary Clinton drew 7,000 pages of legislature for the health care reform but she was defeated in Congress. The defense of the ideology of capitalism, and the prevailing checks and balances from various state parties make any reform process extremely difficult and exact mutual harmony and frustration for any significant progress. In England, without the torture of World War II, greatly elucidated report of Sir William Beveridge and the enthusiasm of the Labor Party, they couldn't have eliminated inhuman means-tested health care to the poor. Be knowledgeable about that both America and Britain have mutual checks and balances against any hero's caprices; and nobody couldn’t be exclusively entitled to be tyrannical as if a stupid Burmese government is.

Third, Arnold is one of the best governors in the United States. The State's subsidy for helping disenfranchised people is the greatest performance of this adorable governor in California. It is not wrong to say Aronld has saved thousands of lives who are the losers of capitalism. Not many states could match California in this aspect. It is also important to note that to become a Hollywood star also needs a lot extraordinary skills. In a very big state like California, there is very less chance that an incompetent person could be elected, so in the whole US of over 300 million population.

Even though I admire freedom of speech, for this kind of haphazard article writing, I want to quote what Sir Karl Popper said, “One should not criticize without accumulating the soundly broad knowledge of the world he wants to make a critique”. Absolutely, it is a sort of critique ruled by mob’s behavior.

Fun said...

Thank you Burmakin. You made excellent points. I just wish the followers of the author print the comments here and let their master read them so that he can improve himself.

By the way, how many minutes you spent to write the response. Some people really want to know how much time people spend to write responses.. :)

I agree with them at one point though when they said our monks should get the prize. Yes, it will be nice if our monks were rewarded. However just because the monk did not get the prize, I won't criticize Obama.

Unknown said...

fun and burmakin အတွက်
အိုဘားမားနဲ့ ဆွီဒစ် အဲဖရက်နိုဘယ်ရဲ့ ငြိမ်းချမ်းရေးဆု ထိုက်တန်ပါသလား။
နောက်တခုက သင်ဃန်းမနိုင်သေးတဲ့ ကလေးကို ပဉ္ဇင်း တက်ပေးလို့ ရပါသလား။
လူသတ်မှုကျူးလွန်သူကို ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန်ပါသလား။
ရတယ် ဆိုရင် ခင်ဗျားတို့နဲ့ တူတူတန်တန် ဘာမျှ မပြောလိုတော့ပါဘူး။
ဒါလောက်ပါပဲ။

Unknown said...

tut

i agree what you said.

Anonymous said...

tut ရေ...

သွာြးေ့ပာမနေနဲ့ တော့

အာဖကန်မှာ သေနေတာတွေက..
ဌက်ကလေး ကြက်ကလေးတွေမှ မဟုတ် တာရယ်
..
ပြီးတော့..
ကိုယ့်မိဘ ကိုယ့်သားသမီးသာ သေတဲ့သူတွေထဲမှာ ဖြစ်ခဲ့မယ်ဆိုရင်...
အသံတွေကပြောင်းသွားကြမှာပေါ့..
..
ခုမှ.ကျောင်းစနေတဲ့
ကလေးလေးတယာက်ကို
၆ဘာသာ ဂုဏ်ထူးနဲ့ ၁၀တန်းအောင်၇င်ပေးဘိို့့ရည်၇ွယ်ထားတဲ့ လက်ဆောင်ကို..
တန်း ပေး လိုက် သ လို ဖြစ်နေပြီ

Anonymous said...

tut ရေ...

သွာြးေ့ပာမနေနဲ့ တော့

အာဖကန်မှာ သေနေတာတွေက..
ဌက်ကလေး ကြက်ကလေးတွေမှ မဟုတ် တာရယ်
..
ပြီးတော့..
ကိုယ့်မိဘ ကိုယ့်သားသမီးသာ သေတဲ့သူတွေထဲမှာ ဖြစ်ခဲ့မယ်ဆိုရင်...
အသံတွေကပြောင်းသွားကြမှာပေါ့..
..
ခုမှ.ကျောင်းစနေတဲ့
ကလေးလေးတယာက်ကို
၆ဘာသာ ဂုဏ်ထူးနဲ့ ၁၀တန်းအောင်၇င်ပေးဘိို့့ရည်၇ွယ်ထားတဲ့ လက်ဆောင်ကို..
တန်း ပေး လိုက် သ လို ဖြစ်နေပြီ

Fun said...

then try to be members of Nobel Prize Reward committee or carry your author to be one of the members....
It is always very easy just to see negative points and write down carelessly...

Fun said...

I agree people can have different view. You and the writer can also have different view. I may also disagree with Obama wining the prize. ( to tell the truth, I also think it is a bit strange) But just because you do not agree, you cannot careless write all the negative things with strong words especially if you are a reputatble writer. If you write like this, then prepare to get comments. That's is..
I did not get chances to read all of his articles (and I do not know his background) but based on some of the articles I read lately, I think he is just an angry careless writer. Just one of those. No difference from someone who will write I am ready to fight with you one by one etc etc..If he was a really good writer before, I would say it is so sad that he has changed..