ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
မြန်မာ့နိုင်ငံရေးဇာတ်ခုံကို ကြည့်ရတာ အရူးပါးတယောက်က ကိုယ်တန်ဖိုးထားတဲ့ အရုပ်ကလေးတရုပ်ကို အ လစ်အငိုက်ခိုးယူ၊ သူပိုင်သေတ္တာထဲထည့်ပြီး စိတ်လိုရင် ဆွဲထုတ်ကြည့်လိုက် မလိုရင် ပြန်ထည့်ထားလိုက် လုပ် နေတာကို လက်ပိုက်ကြည့် နေရသလို ဖြစ်နေတယ်။ အရူးပါးက လက်ထဲမှာ ဓားတရမ်းရမ်းနဲ့ဆိုတော့ စိတ်မ ထင်ရင် ခုတ်မှာလည်း စိုးရတဲ့ အခြေအနေ။ နအဖလုပ်နေပုံက အဲဒီအရူးပါးလိုပဲ။ နိုင်ငံတကာနဲ့ ပြည်သူလူထု ကို ချွေးသိပ်ဖို့၊ နိုင်ငံရေးကျားကွက်ရွှေ့ဖို့လိုအပ်လာပြီဆိုရင် နေအိမ်အကျယ်ချုပ်ချထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားခေါ်ပြီး ဓာတ်ပုံတွေ တွဲရိုက်ပြလိုက်၊ ပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် ပြန်ပို့လိုက်နဲ့ လုပ်ချင်သလိုကို လုပ်နေတော့တာ။
အဲဒါ အခုမှမဟုတ်ဘူး၊ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် အာဏာပါဝါကြီးစဉ်ကာလကတည်းက စပြီးလုပ်ပြနေခဲ့ တာ။ အခုလည်း ရွှေဝါရောင်ပြီးကတည်းက ဆက်ဆံရေးဝန်ကြီးဆိုတာကို ခန့်ပြီး တွေ့ချင်ရင် ခေါ်တွေ့လိုက်၊ မ တွေ့ချင်ရင် မတွေ့ဘဲထားလိုက် လုပ်နေတာ။ ဒေါ်အောင်ဆန်းစုကြည်ခမျာ အရူးပါးရဲ့ သေတ္တာထဲက အရုပ်က လေးတရုပ်လိုကို ဖြစ်လို့။ နအဖက အဲသလို လုပ်ချင်သလိုလုပ်နေပေမယ့် အတိုက်အခံအင်အားစုတွေကတော့ နအဖလုပ်သမျှကို လက်ပိုက်ကြည့်နေရပြီး ဘာတွေဆွေးနွေးမှန်းလည်း မသိရတဲ့ တွေ့ဆုံမှုတွေအပေါ် ထင်ရာ မြင်ရာ ဝေဖန်လေကန်တဲ့ အဆင့်မှာပဲ ရှိနေကြတာတွေ့ရတယ်။
ဒါဟာ ဘာကိုပြနေသလဲဆိုတော့ နအဖ ပြုသမျှ နုနေရတယ်၊ နအဖ လုပ်သမျှ ခံနေရတယ်ဆိုတာကို ပြနေတာ ပဲဖြစ်တယ်။ ဘာဖြစ်လို့ အဲသလို ခံနေရတာလဲဆိုတော့ အတိုက်အခံတွေအနေနဲ့ နအဖ လုပ်ချင်သလို မလုပ်ရဲ အောင် နအဖကို ဖိအားမပေးနိုင်လို့ဘဲဖြစ်တယ်။ ဘာကြောင့် ဖိအားမပေးနိုင်သလဲဆိုရင် အတိုက်အခံတို့ရဲ့ ဦး ဆောင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီရဲ့အင်အား တဖြည်းဖြည်း ချည့်နဲ့လာတာကြောင့် အဓိကဖြစ်တယ်။ အဲဒီလို ချည့်နဲ့လာရခြင်းဟာ အပြင်မှာ တလျှောက်လုံး ဦးဆောင်ခွင့်ရခဲ့တဲ့ ဘောင်းဘီချွတ် မျိုးချစ်ရဲဘော်ဟောင်း (CEC) တွေရဲ့ ဦးဆောင်မှုအပိုင်း အားနည်းခဲ့မှုကြောင့်ဖြစ်တယ်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ရဲ့ အတိုက်အခံခေါင်းဆောင် မပီသတဲ့ လုပ်ရပ်တွေကြောင့်ဆိုရင် ပို မှန်ပါမယ်။ မြန်မာပြည်သူလူထုအကျိုးအတွက်ပဲ ကြည့်ပြီးပြောရတာမို့ အပြစ်ပုံချတယ်ထင်ရင်လည်း ခံပါ့မယ်။ အဖြစ်အပျက်ကိုက ဒီအတိုင်းဖြစ်ခဲ့၊ ဖြစ်နေဆဲမို့ ဒီလိုပဲပြောရတာပါ။
၉၀ ရွေးကောက်ပွဲအနိုင်ရပြီးကာစ ပူပူနွေးနွေးအချိန်မှာ အစိုးရဖွဲ့ပြီး ကိုယ်ကစတိုက်ဖို့ တွန့်ဆုတ်ခဲ့လို့ နအဖက ပိုဖိ၊ ပိုဖိတော့ လုပ်ရကိုင်ရတာ ပိုကျပ်လာ (လှုပ်ရှားနိုင်တဲ့ space ပိုကျဉ်းလာ)၊ ပိုကျပ်လာတော့ တိုက်ပွဲဝင်ရ မှာပိုရွံ့၊ ပိုရွံ့ပြီး နအဖက ဈေးမဆစ်ရသေးခင် ကိုယ့်ဘက်က တခုပြီးတခု အလျှော့ပေးရင်းနဲ့ အန်အယ်လ်ဒီ ဟာ ဒီကနေ့လို အဆင့်ကို ရောက်ခဲ့ရတာပဲဖြစ်တယ်။ ၉၀ မှာ မဲပေးခဲ့ကြတဲ့ ပြည်သူလူထုအတွက်တော့ တ ကယ်ကို ရင်ကျိုးစရာပါ။
ပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရစဉ်ကာလတွေမှာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးတွေအနေနဲ့ ပြည်သူလူထုကို ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်မှုပေးတာမျိုး တခါမှ မတွေ့ခဲ့ရပါဘူး။ ဘာတိုက်ပွဲမှ မဖော်ဆောင်ခဲ့သလို ပြည်သူလူထု စိတ်ဓာတ်တက်ကြွစေမယ့် ပြောဆိုလုပ်ဆောင်မှုမျိုးလည်း တခါမှ မကြားခဲ့ဖူးဘူး။ ဗိုလ်သန်းရွှေ စကားပြောတဲ့အသံကို မကြားဖူးသလို မီဒီယာကတဆင့် ဥက္ကဋ္ဌ ဦးအောင် ရွှေ ပြည်သူလူထုကို အားတက်ဖွယ် စကားမျိုး ပြောကြားတာလည်း တခါမှ မကြားဖူးခဲ့ဘူး။ ပါတီတွင်းမှာတော့ အာဏာရှင်ဆန်ဆန် ပြုမူပြောဆိုတတ်တယ် ဆိုတာမျိုးလောက်ပဲ ကြားဖူးတယ် (နအဖ အလိုကျ အမျိုးသား ညီလာခံကို ပြေးတက်တာမျိုးတော့ ဦးအောင်ရွှေ လုပ်ခဲ့ပါတယ်)။
နောက်ပြီးတော့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကြက်ပေါက်စ ခွေးဆွဲသလို အဆွဲခံနေရတဲ့အပေါ်လည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအနေနဲ့ နအဖကို တခါမှ ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုတာမျိုးမရှိခဲ့ဘူး။ ကြေညာချက်ထုတ် တောင်းဆိုတာလောက်နဲ့ ငြိမ်နေခဲ့တယ်။ အကာအကွယ်ပေးနိုင်ဖို့လည်း တိုက်ပွဲမ၀င်ခဲ့ဘူး၊ မကြိုးစားခဲ့ဘူး။
အဲဒီတော့ အန်အယ်လ်ဒီကို မားမားမတ်မတ် ရဲရဲရင့်ရင့်လည်း ဦးမဆောင်နိုင်၊ ပါတီဝင်တွေက နုတ်ထွက်ပေးဖို့ တောင်းဆိုတာကိုလည်း မသိချင်ယောင်ဆောင်နေပြီး အသက် (၉၀) ကျော်အရွယ်အထိ ဥက္ကဋ္ဌ၊ အတွင်းရေး မှူးနေရာတွေကို အတင်းဖက်တွယ်ထားတာဟာ အကြီးအကျယ်ကို စဉ်းစားစရာဖြစ်လာပါတယ်။ တကယ်ဆို ရင် အသက် (၉၀) တန်းဆိုတာ အနားယူသင့်နေပါပြီ။ ပါတီတခုရဲ့ ခေါင်းဆောင်အဖြစ် ကြားလို့ကောင်းတဲ့ အ သက်အရွယ်တွေ မဟုတ်တော့ပါဘူး။ ထက်ထက်မြက်မြက် တက်တက်ကြွကြွ ဦးဆောင်နိုင်တဲ့ အရွယ်တွေ လည်းမဟုတ်တော့ပါဘူး။ အဲဒါကြောင့် ဧပြီလတုန်းက ကျင်းပခဲ့တဲ့ ပြည်နယ်/တိုင်းစည်း စုံညီအစည်းအဝေးမှာ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး နုတ်ထွက်ဖို့ အဖွဲ့ဝင်တချို့ တောင်းဆိုခဲ့တာဟာ မလွန်ဘူးလို့ ဆိုရပါမယ်။
ဆရာကြီး ဦးဝင်းတင်လို ရဲရဲတောက် တွေးခေါ်ပြောဆို ဦးဆောင်နေနိုင်သေးရင်တောင်မှ အသက်အရွယ်အရ (၈၀) တန်းဆိုတော့ မူဝါဒရေးရာ ဦးဆောင်မှုပေးသူ အဖြစ်လောက်ပဲနေပြီး တကယ်နင်လားငါလား တိုက်ပွဲဝင် အလုပ်လုပ်ရမယ့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာတွေကို ပါးရည်နပ်ရည်ရှိပြီး ထက်ထက်မြက်မြက် ရဲရဲရင့်ရင့် ဦး ဆောင်မှုပေးနိုင်မယ့် ပုဂ္ဂိုလ်မျိုးတွေကို လက်ဆင့်ကမ်း တာဝန်ပေးသင့်ပါပြီ။ ဒါမှလည်း အန်အယ်လ်ဒီအနေနဲ့ နုပျိုတက်ကြွပြီး နိုင်ငံရေးပါတီနဲ့တူတဲ့ လှုပ်ရှားမှုမျိုးတွေကို လုပ်ဆောင်လာနိုင်မှာပါ။ မဟုတ်ရင်တော့ လူထုစိန် ၀င်းပြောသလို ဆွံ့အနားမကြားကျောင်းနဲ့ပဲ တူနေမှာပဲ။ နိုင်ငံရေးတိုက်ပွဲမဟုတ်ဘဲ သာရေး နာရေးအဆင့်လုပ် တဲ့ လူမှုရေးအသင်းအဖွဲ့လောက်ပဲ ဖြစ်နေမှာပဲ။ (ဗိုလ်သန်းရွှေက အဲသလောက် အနေအထားပဲ မြင်ချင်လို့ ဦး အောင်ရွှေတို့က အဲသလောက် အနေအထားပဲ ပုံဖော်ပေးထားတာဆိုရင်တော့လည်း ကျနော်မျိုး မလျှောက် တတ်တော့ပါပေါ့ခင်ဗျာ)။
ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအသစ် ရွေးချယ်တာ ပါတီတွင်းကိစ္စသာဖြစ်လို့ နအဖဆီက အမိန့်ကို စောင့်နေစရာမလို ပါဘူး။ နအဖဆီကို အကြောင်းကြားနေစရာလည်း မလိုပါဘူး။ ကိုယ့်ပါတီအတွက် လုပ်စရာရှိတဲ့အလုပ်ကို ကိုယ်ပါတီဝင်အချင်းချင်းသာ အားသွန်ခွန်စိုက် ပုံဖော်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီက လူထုရဲ့ (Mandate) ရထားတဲ့ ပါတီဖြစ်လို့ ခံယူစရာရှိရင် အန်အယ်လ်ဒီပေးတဲ့ အမိန့်ကိုသာ နအဖ(စစ်ဝန်ထမ်း)တွေ က ခံယူရဖို့ရှိပါတယ်။ အဲဒီလို စိတ်သွင်းပြီး လုပ်ဆောင်ဖို့လိုပါတယ်။ ဖိလစ်ပိုင်မှာတုန်းကလည်း ကိုရာဇန်အကွီ နိုက အာဏာရှင် မားကို့စ်အမိန့်ကို စောင့်နေခဲ့တာ မဟုတ်ပါဘူး။ ကိုယ်လုပ်စရာရှိတာကို လူထုနဲ့ပူးပေါင်းပြီး ရဲ ရဲတောက် တိုက်ပွဲဝင်ခဲ့လို့ ဖိလစ်ပိုင်စစ်တပ်ကပါ ထောက်ခံလာပြီး အောင်ပွဲခံခဲ့တာပါ။
အဲဒီတော့ ပါတီကို ဦးဆောင်မှုလည်း မပေးနိုင်၊ တိုက်ပွဲလည်း မ၀င်ရဲ၊ ဆင်းလည်း ဆင်းမပေးတဲ့ ဥက္ကဋ္ဌ၊ အ တွင်းရေးမှူးနေရာကို ပြည်နယ်နဲ့ တိုင်းအသီးသီးက အန်အယ်လ်ဒီအဖွဲ့ဝင်အများစု လက်ခံနိုင်မယ့် ပုဂ္ဂိုလ်တွေနဲ့ အစားထိုးဖို့ အချိန်ကျရောက်နေပါပြီ (ဘယ်လိုလုပ်ရမလဲဆိုတော့ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။ တ ပြည်လုံးမှာရှိတဲ့ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ ခေါင်းတွေ အများကြီးပဲ။ တိုင်းပြည်ချစ်စိတ်နဲ့ကြံစည်ရင် သေချာ ပေါက် ဖြစ်လာမှာပါ)။ ဘာဖြစ်လို့ အစားထိုးဖို့ လိုတာလဲဆိုတော့ အန်အယ်လ်ဒီအနေနဲ့ ရဲရဲတောက် ဦးဆောင် မှုပေးပြီး တိုက်ပွဲဝင်မှ ရမယ့်အနေအထားတွေ ရှိနေလို့ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့အတူ နိုင်ငံရေးတိုက်ပွဲဖော် ဆောင်ပြီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ဆွဲထုတ်လို့ ရနိုင်မယ့် အနေအထား ဖြစ်နေလို့ပါ။
နို့မဟုတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံပွဲ အကြိမ်တရာသာ ကျော်သွားပါလိမ့် မယ်။ အန်အယ်လ်ဒီ စီအီးစီတွေလည်း တယောက်ပြီးတယောက်သာ ကြွေသွားပါလိမ့်မယ်။ နိုင်ငံရေးအကျဉ်း သားတွေလည်း လွတ်လာမှာမဟုတ်ဘူး။ ဘာမှလည်း ဖြစ်လာမှာမဟုတ်ပါဘူး။ ဖိအားပေးနိုင်မှသာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ တွေ့ဆုံမှုဟာ ပိုပြီးအဓိပ္ပာယ်ရှိလာမှာဖြစ်ပါတယ်။ ဖိအားပေးနိုင်ဖို့က အန်အယ်လ်ဒီအနေနဲ့ လူ ထုပါဝင်တဲ့ နိုင်ငံရေးတိုက်ပွဲ ဖော်ဆောင်ရုံမှတပါး အခြားနည်းလမ်းမရှိပါဘူး။ (Engage လုပ်ပေးမယ်ဆိုတဲ့ အ မေရိကန်ကြီးလည်း တတ်နိုင်မယ်မထင်ပါ။ တတ်နိုင်မယ်ဆိုရင်တောင် နောက် (၁၀) နှစ်၊ အနှစ် (၂၀) ကြာမှ ဆိုရင် ဒုက္ခကို ခါးစည်းခံနေကြရတဲ့ မြန်မာပြည်သူလူထုရဲ့ နောင်ရေး မတွေးဝံ့စရာပါ)။
၂၀၁၀ ရွေးကောက်ပွဲကို ၀င်ဖို့ မ၀င်ဖို့ဆိုတာကိုလည်း အန်အယ်လ်ဒီအနေနဲ့ အချိန်ကုန်ခံ မစဉ်းစားသင့်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘက်က ဘာဖိအားမှမပေးနိုင်ဘဲ အန်အယ်လ်ဒီတောင်းထားတဲ့ ရွှေဂုံတိုင်တောင်း ဆိုချက်ကို နအဖက လိုက်လျောမှာမဟုတ်လို့ပါပဲ။ ရွှေဂုံတိုင်တောင်းဆိုချက်ကို မရဘဲ ရတဲ့ဈေးနဲ့ ရွေးကောက် ပွဲဝင်ရင်လည်း အန်အယ်လ်ဒီအနေနဲ့ သမိုင်းအကြီးအကျယ်ကွေးမှာဖြစ်သလို ပြည်သူလူထုရဲ့ ထောက်ခံမဲ လည်း ၉၀ တုန်းကလို ထပ်ရနိုင်လိမ့်မယ် မထင်ပါ။ နောက်တချက်အနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တ မတ်သားနုတ်ထားတဲ့ အခြေခံဥပေဒကြီးမှန်း သိသိကြီးနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဇွတ်အတင်းဝင်ခိုင်းနေတာ လည်း အန်အယ်လ်ဒီလူကြီးမင်းများ သတိပြုမိမှာပါ။
ဘာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက နအဖ လိမ်ညာအတည်ပြုထားတဲ့ ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံကို ပြင်ဖို့မတိုက်တွန်းတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ပဲ တိုက်တွန်းတာလဲဆိုရင် အဓိကက မြန်မာ အတိုက်အခံအင်အားစုတွေရဲ့ တိုက်ပွဲဝင်တဲ့ အစွမ်းအစအပေါ် ယုံကြည်မှုမရှိတော့လို့ပါ။ နအဖကို အန်တုနိုင် စွမ်း၊ အနိုင်တိုက်နိုင်စွမ်း မရှိတော့ဘူးလို့ သူတို့ယူဆလို့ နအဖပေးတဲ့ ကြေးနဲ့ပဲ အတင်းဝင်ပြိုင်ခိုင်းနေတဲ့ သ ဘောပါ။ တနည်းအားဖြင့် အတိုက်အခံကို အထင်အမြင်သေးခြင်းဟာ ပြည်သူလူထုဆီက Mandate ရထားတဲ့ ဦးဆောင်ပါတီ အန်အယ်လ်ဒီရဲ့ အစွမ်းအစကို အထင်သေးလို့ ဖြစ်ပါလိမ့်မယ်။ အနှစ် (၂၀) အတွင်းမှာ ဘာ တိုက်ပွဲမှ မဖော်ဆောင်ဘဲ နအဖ အလိုကျ ငြိမ်ကုတ်နေခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေအများစု ခေါင်းဆောင် တဲ့ အန်အယ်လ်ဒီဗဟိုကော်မတီကို စိတ်ပျက်တာ အဓိကဖြစ်ပါလိမ့်မယ်။
အဲဒီမကောင်းတဲ့ပုံရိပ်တွေကို အန်အယ်လ်ဒီအနေနဲ့ ပြောင်းပြန်လှန်နိုင်ဖို့ အလျင်အမြန် ကြိုးပမ်းရမယ့်အချိန် ရောက်ပြီဖြစ်ပါတယ်။ ဒါမှ ဒီမိုကရေစီရေးထောက်ခံအားပေးတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အတိုက်အခံတွေ အပေါ် အထင်ကြီးအားပေးလိုမှုကို ပြန်လည်ရရှိနိုင်မှာဖြစ်သလို ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုလည်း အ ရင်ကလို ပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီအခြေအနေ ပြန်ရောက်မှလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာခေါင်း ဆောင်တွေက ၂၀၁၀ ရွေးကောက်ပွဲမကျင်းပခင် ဖွဲ့စည်းပုံပြင်ဆင်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ နအဖစစ်အုပ်စုကို ဖိအားပေး တိုက်တွန်းချင်လာမှာဖြစ်ပါတယ်။ အဲဒီလို ဖိအားပေးတိုက်တွန်းဖို့ဆိုတာ အန်အယ်လ်ဒီပါတီအနေနဲ့ လိမ္မာပါးနပ်ပြီး ထက်ထက်မြက်မြက် ဦးဆောင်မှုပေးနိုင်မယ့် ခေါင်းဆောင်သစ်တွေ အမြန်ရွေးချယ်ဖို့လိုပါ တယ်။ ရွေးချယ်ပြီးရင် နအဖစစ်အုပ်စုကို ဖိအားပေးနိုင်ရေးအတွက် လူထုတိုက်ပွဲဖော်ဆောင်ပြီး ရဲရဲတောက် တိုက်ပွဲဝင်ဖို့လိုပါတယ်လို့ အလေးအနက် တိုက်တွန်းရေးသားလိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
Saturday, October 17, 2009
အစွမ်းအစပြဖို့အချိန်ရောက်ပါပြီ အန်အယ်လ်ဒီ
Subscribe to:
Post Comments (Atom)
7 comments:
ဒီဆောင်းပါးကို မြန်မာ့အရေးအတွက် အရေးပေါ်လိုအပ်ချက်အဖြစ် Radio မှ အသံလငြ့်ပေးရန် တောင်းဆိုချင်ပါတယ်။ သို.မှသာ ပြည်သူတရပ်လုံး သိရှိနိုင်မှာဖြစ်ပြီး ဆောင်းပါးပါ အချက်များအတွက် ဖိအားပေး အဖြေရှာနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒီဆောင်းပါး ရေးသား ဖော်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
နောက်ဆုံးတော့လည်း ၈၈ တုန်းကလို အပြစ်မဲ့ပြည်သူတွေ သေကြေတာတွေ မင်းမဲ့စရိုက်ဆန်ဆန်တွေကို ပြန်လုပ်ဖို့ တွန်းအားပေးနေကြတာပါပဲ...ခေါင်းမရှိတော့လည်း ဒါပဲလုပ်တတ်တာကိုး...စစ်မှန်တဲ့ အစွမ်းစအရည်ချင်းတွေရှိရင် ၉၀ ခုနှစ်ကမှမဟုတ်ဘူး ၂၀၁၀ မကလို့ ၃၀၁၀ ခုနှစ်ပဲဖြစ်ဖြစ် ယှဉ်ပြိုင်ရင်ဆိုင်ရဲတဲ့ သတ္တိရှိရမယ်...အဲလိုမယှဉ်ပြိုင် မလုပ်ရဲပဲ အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ် ငြိမ်းချမ်းမှုတွေကို ဖျက်ဆီးပြီး လမ်းပေါ်ထွက်ပြီးမှောက်လျက်လဲနေတဲ့ပြည်သူတွေရဲ့ကျော ခုံးပေါ်ကနေတတ်ပြီး ဖြတ်လမ်းနည်းနဲ့ အာဏာလုယူဖို့ ကြိုးစားနေတာကောင်းသလား...ဒါဟာ ပြည်သူကို ချစ်တဲ့ ပြည်သူ့တွက်လုပ်ပေးမယ်ဆိုတဲ့ ဒီမိုကရေစီမဟုတ်ဘူး...ကိုယ့်တွက် ဖြတ်လမ်းနည်းနဲ့ အာဏာယူချင်းသာဖြစ်တယ်...တကယ်သာ ပြည်သူတွက် လုပ်ပေးချင်တယ်ဆိုရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အသုံးချစရာမလိုပါဘူး...ကိုယ့်မှာအစွမ်းစရှိရင် စစ်တပ်ကလူကဘယ်လောက်ပါပါ ကိုယ့်မှာအရည်ချင်းရှိရင် ပြည်သူကရွေးချယ်တင်မြှောက်မှာပဲ...အကြမ်းဖက်မှု ဆူပူမှု လမ်းပေါ်ထွက်ပြီးတောင်အော်မြောက်အော် လုပ်တဲ့ ဆူပူမှုကို ဒို့မြန်မာပြည်သူတွေ ၈၈ တုန်းကအဖြစ်ဆိုးမျိုးလို ဒို့မမြင်လိုပေ....ဒို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ ငြိမ်းချမ်းစွာနဲ့ရရှိလာမယ့် အခြေခံဥပဒေနဲ့သာလျှင် ဒို့ပြည်သူများက တောင်းတမက်မောလိုလားကြတယ်...
ကျွန်တော်တခုလောက်ပြောပါရစေဆရာဒီလိုရေးတာကောင်းပါတယ်ဒါပေမယ့်တနိုင်ငံလုံးသိတာထက်NLDပါတီကိုပဲကို့အမြင်ကိုပို့ပြီးဝေဖန်တာကပိုပြီးတော့ကောင်းမယ်ထင်ပါတယ်နောက်တခုကNLDကပဲဦးဆောင်နေတာထက်တနိုင်ငံလုံးမှာရှိတဲ့ အတိုက်အခံတွေစုပေါင်းပြီးတော့ ဦးဆောင်တိုက်ပွဲဝင်ရင်တော့ ပိုကောင်မယ်ထင်ပါတယ်။တပ်ပေါင်းစုဖွဲ့ ပြီးတိုက်ဖို့ လိုပြီလို့ ပြောရင်ပိုကောင်းပါမယ်ခင်ဗျား
ခုလိုထောက်ပြတာတော့ ကောငိးပါတယ်ဒါပေမယ့် ခပ်ရိုင်းရိုင်းပြောရရင်ခွေးဝမ်းသာအောင်လေလည်ပြနေသလိုပဲနအဖကလဲဒီစာကိုဖတ်မှာပဲလေဒီစာကိုဖတ်ပြီးနအဖက၀မ်းသာနေမယ်လို့ တင်ပါတယ်။
(ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက နအဖ လိမ်ညာအတည်ပြုထားတဲ့ ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံကို ပြင်ဖို့မတိုက်တွန်းတော့ဘဲ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ပဲ တိုက်တွန်းတာလဲဆိုရင် အဓိကက မြန်မာ အတိုက်အခံအင်အားစုတွေရဲ့ တိုက်ပွဲဝင်တဲ့ အစွမ်းအစအပေါ် ယုံကြည်မှုမရှိတော့လို့ပါ။)
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ အတည်ပြုဖို့  ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်တုန်းက မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများမှ (အမေရိကန် အပါအ၀င်) သံတမန်များ မြို့နယ်အသီးသီးမှာ ရှိတဲ့ မဲရုံများမှာ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲဆန္ဒ ပေးနေပုံ နဲ့  မဲရေတွက်မှုကြည့်ရှု လေ့လာခဲ့ကြတာပါ။ သတင်းတွေ ထဲမှာလည်း နေ့ စဉ် ရက်ဆက် ပါခဲ့တယ်။ အမှန်အကန် မလိမ်ဘူးဆိုတာ ဆိုတာသိလို့ ပေါ့။
လိမ်ညာ အတည်ပြုတည်လို့  ဆိုချင်ရင် တိတိကျကျ အထောက် အထားနဲ့  ရေးပြပါ။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲဖို့  အမျိုးသားညီလာခံ တက်ဖို့  ဖိတ်တော့လဲ မတက်၊ အတည်ပြုဖို့  လုပ်တော့လဲ ပြည်သူလူထုကို မထောက်ခံခိုင်း၊ ပြည်သူလူထုက ၉၂ ရာခိုင်နှုံး ကျော် နဲ့  အတည်ပြုခဲ့တာ ကြတော့ ပြင်ဖို့  တစ်ကျော်ကျော်သာ အော်တယ် ဘာကို ပြင်ချင်တယ် ဆိုတာကို တိတိကျကျ မပြောရဲ။ တစ်နေရာမှာတော့ (ဦးဝင်းတင်က ဒေါ်စုရွှေးကောက်ပွဲဝင် သမ္မတလုပ်လို့ရအောင် ၂၀၀၈ ကို ပြင်ပြီးမှ ရွှေးကောက်ပွဲ လုပ်မယ်ဆိုတာ စောင်းပေးပြီး ပြောနေပြန်ပြီ။) လို့  ပါလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံပိုင်ခွင့်မရှိစေရန် လက်ရှိစစ်အစိုးရ ရော ယခင် ဆိုရှယ်လစ် အစိုးရကရော ပြဌာန်းခဲ့ခြင်းမဟုတ်ပါ။ ဤစည်းမျဉ်းကို ၁၉၄၇ ခုတွင် အတည်ပြုပြ ဌာန်း ခဲ့သော ပထမဦးဆုံးသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အပိုဒ်တစ်ခု ထည့်သွင်း ရေးသား ခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါ တယ်။ ယင်းအပိုဒ်နှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်းသည် ရွေးချယ်ခံပိုင်ခွင့်ဆိုသည်မှာ မည်သည့်ပုဂ္ဂိုလ် မဆို နိုင်ငံခြား အင်အားစု တစ်ရပ်ကို သစ္စာစောင့်သိသူ အဖြစ် အသိ အမှတ်ပြုခြင်း ခံရသူ (သို့မဟုတ်) ထိုအင်အားစု ကိုနာခံသူ၊ သို့တည်း မဟုတ် ထိုနိုင်ငံခြား အင်အားစု၏လက်အောက်ခံ ပုဂ္ဂိုလ်၊ သို့မဟုတ် နိုင်ငံသား တို့ ရရှိခံစားရသည့် တန်းတူ အခွင့်အရေးများကို ရပိုင်ခွင့်ရှိသော လက်အောက်ခံ ပုဂ္ဂိုလ် သို့မဟုတ်နိုင်ငံ သားတို့ ပါဝင်ရွေးချယ်နိုင်ခွင့်မရှိရ ဟူ၍ ရေးသား ထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ဤကန့်သတ်ချက်ကို လေးစားလိုက်နာကာ နောက်ပိုင်း ရေးဆွဲခဲ့သည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင်လည်း ဆက်လက် ထည့်သွင်းပြဌာန်း ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက်မျိုးကို ဖွံ့ဖြိုးပြီး နိုင်ငံများအပါအ၀င် နိုင်ငံအများ အပြား တွင် အစိုးရများက လိုက်နာကျင့်သုံးကြပါတယ်။ အနီးစပ်ဆုံး ပြောရလျှင် အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား နှင့် သြစတေလျ နိုင်ငံများရဲ့  ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလဲ ပါပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါတာကို မူရင်းအတိုင်း ဖေါ်ပြလိုက်ပါတယ်။
အခန်း (၃)
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ
၅၇။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။
၅၈။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင်
နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။
၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါ အတိုင်းဖြစ်သည် -
(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်၊
( ခ ) မိမိနှင့်မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌
မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊
( ဂ ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ
ဖြစ်ရမည်၊
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊
စစ်ရေးစသည့် အမြင်များရှိရမည်၊
( င ) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း
အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊
ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်
ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလ
အဖြစ် ထည့်သွင်းရေတွက်ရမည်။
( စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့် များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက်
သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက်
သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။
Chapter III
The President and Vice-Presidents
57. The President and Vice-Presidents represent the Union.
58. The President of the Republic of the Union of Myanmar takes precedence over all other persons throughout the Republic of the Union of Myanmar.
59. Qualifications of the President and Vice-Presidents are as follows :
(a) shall be loyal to the Union and its citizens;
(b) shall be a citizen of Myanmar who was born of both parents who were born in the territory under the jurisdiction of the Union and being Myanmar Nationals;
(c) shall be an elected person who has attained at least the age of 45;
(d) shall be well acquainted with the affairs of the Union such as political, administrative, economic and military;
(e) shall be a person who has resided continuously in the Union for at least 20 years up to the time of his election as President; Proviso: An official period of stay in a foreign country with the permission of the Union shall be counted as a residing period in the Union;
(f) shall he himself, one of the parents, the spouse, one of the legitimate children or their spouses not owe allegiance to a foreign power, not be subject of a foreign power or citizen of a foreign country. They shall not be persons entitled to enjoy the rights and privileges of a subject of a foreign government or citizen of a foreign country;
(g) shall possess prescribed qualifications of the President, in addition to qualifications prescribed to stand for election to the Hluttaw.
ပထမတချက် ကိုကျော်သူပြေသလိုရေဒီယိုမှဒီဆောင်း
ပါးကို ထုပ်လွှင့်ပေးစေချင်ပါတယ်.voaတို့bbcတို့ကဝန်
ထမ်းများ ပြည်သူ့အတွက် တကယ်အလုပ် လုပ်တယ်ဆို
ရင်ပေါ့လေ.ဒေါက်တာလွဏ်းဆွေ ရေးပြသွားတာတွေ
ဟာ တကယ်မှန်ပါတယ်.စစ်ဘီလူးသန်းရွှေဟာ အရုးပါး
ပါဘဲ.သူ့နောက်က ကြိုးကိုင်တဲ့ နိုင်ငံရေး လောက်ကြီး
တွေကတော့ တဘဝစံသမားတွေပါ.ပြည်ပကNCGUB
ခေါင်းဆောင်များအနေနဲ့လည်း ပြည်သူကိုသနားတယ်
ဆိုရင် ခင်ဗျားတို့ရဲ့တဘဝစံလမ်းစဉ်ကို စွန့်ပြီး ပြည်သူ
အတွက် စစ်မှန်တဲ့အလုပ်တွေ လုပ်ကြပါလို့ တိုက်တွန်းပါ
ရစေ.
အဖွဲ့ချုပ်က ဦးဆောင်မှုမပြတ်သားပါ။
လိမ်ညာအတည်ပြုထားတဲ့ အခြေခံဥပဒေ ဆိုတော့ တိုင်းပြည်အတွက် ဘယ်လိုမှကောင်းလာမှာမဟုတ်ပါ။
Post a Comment