Friday, October 16, 2009

ပြောချင်လို့ (၂) (ပေးစာ)

မင်္ဂလာပါ ...

ရဲတပ်ဖွဲ့ထဲမှာ စစ်တပ်ကနေ အသွင်ပြောင်းလာတဲ့ စစ်ပုလိပ်တွေ ဘယ်လောက်များလဲဆိုတာတော့ ၀န်ကြီးနဲ့ ရဲချုပ်လောက်ပဲသိပါလိမ့်မယ်။ ရဲတပ်ဖွဲ့ဝင်အင်အားကတော့ (၆) သောင်းနဲ့ (၈) သောင်းကြားမှာ ရှိပါတယ်။ ဒီ လိုပြောရတာကလည်း ဘယ်သူမှ အင်အားအတိအကျပြောလို့မရလို့ပါ။ ခွင့်မဲ့ပျက်ကွက်နေသူတွေ ရဲပြေးတွေ အများကြီး အများကြီးရှိလို့ပါ။ သေချာတာကတော့ တိုးမလာပါဘူး။ လျော့နေတာပဲရှိပါတယ်။ စတော့ရှယ်ယာ ဈေးကွက်လို အချိန်နဲ့အမျှ ပြောင်းလဲနေလို့ပါ။

အရင်အပတ်က ကျနော်ပြောခဲ့သလို ရဲစစ်စစ်တွေရဲ့ ဘ၀က အနှိမ်ခံရတယ်၊ ရာထူးတိုးဖို့ မသေချာဘူး။ စစ် တပ်က လာသူတွေက ဆရာရင်းတွေရှိတယ်။ ရာထူးတိုးမြန်တယ်။ အသက်ကငယ်ငယ် ရာထူးက ကြီးကြီးဖြစ် နေတယ်။ အသက် (၃၀) လောက်က ရဲမှူးတွေ ဖြစ်နေကြပြီ။ အဲဒီအချိန်မှာ ရဲစစ်စစ်တွေက ဒုရဲအုပ် (တပွင့်) တောင် မနည်းကျားကန်နေရတဲ့ဘ၀ ဖြစ်နေတယ်။

စစ်ပုလိပ်တွေကို ဘယ်အဆင့်ကနေ ရဲထဲကို ပို့ထားသလဲဆိုတော့ ဒုရဲအုပ်အဆင့်ကနေ ပို့ထားတယ်။ သူတို့တ တွေက တပ်ထဲမှာ ဘွဲ့ရတပ်ကြပ်ကြီးစာရေးတွေပါ။ သူတို့တတွေက တပ်ထဲမှာလည်း ရာထူးတက်ဖို့ မရှိတော့ ဘူး။ အသက်တွေကလည်း (၃၀) ပတ်ဝန်းကျင်တွေဆိုတော့ ရဲထဲကို ဘယ်သူပြောင်းမလဲဆိုပြီးတော့ ကက (ကြည်း) က စာရင်းကောက်လိုက်တော့ လား .. လား .. အားလုံးစာရင်းပေးကြတယ်။ အဲဒီအချိန်တုန်းက ဗိုလ် ချူပ်ကြီးတွေတောင် မျက်လုံးပြူးကုန်တယ်ဆိုပဲ။

အဲဒါနဲ့ ရန်ကုန်ရဲတပ်ရင်း (၁) မှာ လူရွေးပြီး ရဲဗဟိုလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) မှာ သင်တန်းတက်ခိုင်း လိုက်တယ်။ တက်ခိုင်းတော့လည်း ရဲစစ်စစ်တွေက (၁) နှစ်တက်ရတဲ့ သင်တန်းကို သူတို့ကို (၄) လပဲ တက် ခိုင်းပြီး ဒုရဲအုပ်ပေးလိုက်တယ်။ ၂၀၀၃ နှစ်စလောက်မှာပါ။ သူတို့ကိုယ်ပိုင်နံပါတ်တွေက (လ ၂၀၅ .....) နဲ့ စပါ တယ်။ ခုဆိုသူတို့တတွေက နောက်တဆင့်ဖြစ်တဲ့ ရဲအုပ်တွေဖြစ်နေကြပါပြီ။ ရာထူးတိုးဖြေခိုင်းတော့လည်း ရဲ စစ်စစ်တွေက ရှိသမျှ ဥပဒေတွေ၊ ရဲကျင့်ဝတ်တွေ၊ ရဲစည်းကမ်းတွေကို ၂ ရက်တိတိ ရေးဖြေ ဖြေရပေမယ့် သူ တို့တတွေက မဖြေရပါဘူး။ လူတွေ့ပဲ ခေါ်တွေ့ပါတယ်။ အမှန်တော့သူ့တပည့် ကိုယ့်တပည့် ခေါ်ကြည့်တဲ့ သ ဘောပါပဲ။ ဒီလိုတွေကလည်း ရဲတခုထဲတော့ မဟုတ်ပါဘူး။ ရှိသမျှဝန်ကြီးဌာနအားလုံးမှာ စစ်တပ်က အသွင် ပြောင်းတွေ ထည့်ထားတာပါပဲ..။ နောက်ဆက်ပါဦးမယ်။

ရဲအရာရှိတဦး

1 comment:

Kane said...

You all Myanmar citizens are victims. Junta, Police, people and so on. Victims of what? Perhaps you may wanna know it..
The answer is Burmese Mindset which produced Dictatorship,Poverty,Chaos,Persecution,Lack of Fairness & Justice, Human Rights and so on.. Everyone can't escape from this evil destiny as long as you are Myanmar citizen. Intellectuals are smart enough to leave this nation. Now Actresses and Singers are also joining the party. Burmese mindset can't be changed in the near future. So anyone who can acquire foreign citizenship can have peace and prosperity for themselves as well as their families. There is no democracy, peace & prosperity reserved for Myanmar. If anyone wanna confirm this can ask the Burmese who is foreign citizens now. The Burmese are quite good at dismantling once the richest nation of SE Asia during British Rule and revered by the world. Now Burma becomes an equivalence of Modern Somalia. This means Myanmars and Somalians share certain things in common.
Leave Myanmar if you wanna provide your children safety, peace and prosperity. There is nothing ahead for you in Myanmar. Otherwise risk your life and that of your family by living in Myanmar. It's your call..