ငြိမ်းချမ်း
ကျူးဘားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကာလအတော်ရှည်ရှည် ပဋိပက္ခဖြစ်နေခဲ့သည်။ အမေရိကန်အစိုးရ အဆက်ဆက်တို့အနေနှင့် ကျူးဘားအတိုက်အခံများ၊ ဖီဒယ်ကက်စထရို၏ အလွန်မုန်းတီးရန်ငြှိုးမှုခံခဲ့ရသူများ ကို တရားဝင်ကော၊ တရားမ၀င်ကော ငွေကြေး၊ လက်နက်၊ နည်းပညာနှင့် တိုက်ရိုက်ပါဝင်မှုတို့အားလုံးကို ပုံ အောကူညီမှု လုပ်ခဲ့ဖူးကြသည်။ ထိုသို့သော အထောက်အပံ့များရခဲ့လျက်နှင့် ကျူးဘားအတိုက်အခံတို့၏ လှုပ် ရှားမှုများသည် ဖီဒယ်ကက်စထရိုကို မတုန်လှုပ်စေခဲ့ရုံမျှသာမက လုပ်သမျှအားလုံးနီးပါးသည် ကျူးဘားနိုင်ငံ တွင် ဒီမိုကရေစီပေါ်ထွန်းရေးကို မြင်တွေ့လိုကြ၍ လက်တွေ့အသက်ပေး တိုက်ပွဲဝင်သူအားလုံးနီးပါးကို ဆုံးရှုံး စေခဲ့ရုံသာမက အကြီးအကျယ်ကျဆုံးခြင်းများကိုသာ ရစေခဲ့သည်။
အင်အားအလွန်ကြီးပြီး ချမ်းသာကြွယ်ဝသော အမေရိကန်နိုင်ငံလို နိုင်ငံကြီးတခုက တိုက်ရိုက်ဝင်ရောက်စွက် ဖက်ကာ အထောက်အကူပေး လှုပ်ရှားခဲ့မှုတို့ကို ဖီဒယ်ကက်စထရိုက မည်သည့်နည်းဗျူဟာများ ကိုင်ဆွဲပြီး ရင် ဆိုင်နှိမ်နင်းခဲ့သည်လဲဆိုသည်က စိတ်ဝင်စားဖွယ်ကောင်းလှသည်။ နှစ်ကာလများ ရှည်ကြာလာပြီးနောက် ဖီ ဒယ်ကက်စထရို၏ အတွင်းရေးသတင်းများ ပေါက်ထွက်လာသောအခါကျမှသာ အံ့သြဖွယ်ရာ အချက်အလက် များ တွေ့မြင်ခဲ့ကြရသည်။ ဖလော်ရီဒါအခြေစိုက် ကျူးဘားလှုပ်ရှားမှုများကို ဦးဆောင်ပြုခဲ့သူ ခေါင်းဆောင်အ များစု ထိုနေရာများရောက်နေစေရန်အတွက် ဖီဒယ်ကက်စထရိုကပင် အကြံအစည်ရှိရှိ စီမံလုပ်ကွက်များ လုပ် ပြပြီး သပ်သွင်းထားခဲ့ကြသူများဖြစ်နေကြောင်း တစတစ ပေါ်လာခဲ့ကြသည်။ ထိုသပ်လျှိုထားသော ခေါင်း ဆောင်ဆိုသူများဦးဆောင်ခဲ့သည့် ကျူးဘားဒီမိုကရေစီလှုပ်ရှားမှုသည်လည်း ဒီမိုကရေစီအတွက် အသက်ပေး တိုက်ပွဲဝင်ကြလိုသောလူများ ထိုးကျွေးခံကြရပြီး လမ်းလွှဲကျုံးသွင်းခံရ၍ ဆုံးရှုံးမှုများသာ အဖတ်တင်စေခဲ့ သည်။
မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုတွင်ကော စစ်အာဏာရှင်များက ဤနည်းစံနစ်မျိုး မကျင့်သုံးနိုင်ဘူးလားဆို သည်ကို လေ့လာကြည့်ကြသင့်သည်။ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုတွင် လမ်းလွဲအောင်လုပ်သော လုပ် ဆောင်မှုများကို အချို့ဂေါင်းရှောင်များက လုပ်ဆောင်ခဲ့ကြသည်။ နိုင်ငံအတွက် အရေးကြီးသော ဒေါ်အောင် ဆန်းစုကြည်ကို ထိန်းသိမ်းကာလပြည့်ခါနီးအချိန်တွင် နအဖနှင့် လက်ဝါးချင်းရိုက်၍ ယက်တောကိုလွှတ်ကာ ဒေါ်အောင်ဆန်းစုကြည်အား ထပ်မံထိမ်းသိမ်းနိုင်ရန် နအဖအတွက် ဖန်တီးပေးခြင်းမျိုးကို ရန်သူ့လူလုပ်ရပ်ဟု မသတ်မှတ်လျှင် မည်သည်ကို ရန်သူ့လုပ်ရပ်ဟု ကျနော်တို့ သတ်မှတ်ကြရမည်လဲဆိုသည်ကို စဉ်းစားကြသင့် သည်။
ဂျွန်ယက်တောကို ဘုရားသခင်ကပဲ လွှတ်လွှတ်၊ ဘယ်သူကပဲ လွှတ်လွှတ် ဒီလိုသွားနိုင်ဖို့ ငွေကြေးဘယ်ကရ သည်ဆိုသည်က စိတ်ဝင်စားစရာကောင်းသည်။ သားသေသည်ကိုပင် မလုပ်နိုင်သော ငွေရေးကြေးရေးပြဿ နာရှိနေသည့် ယက်တောက ထိုင်းနိုင်ငံလာရန် ဘုရားသခင်က လေယာဉ်လက်မှတ်ဖိုးပေးခဲ့သည်မဟုတ်ပေ။ မဲဆောက်တွင် တလတာ ဟိုတယ်ခနှင့် မော်တော်ဆိုင်ကယ်ဝယ်ရန် ကုန်ကျငွေများ၊ နေထိုင်စရိတ်များ၊ သူနှင့် ဟိုလိုလိုဒီလိုလို ရှုပ်ခဲ့ပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်တို့မှအသုံးချခဲ့သော အမျိုးသမီးတို့အတွက် စရိတ်စက များ မည်သည့်နေရာက ထွက်ခဲ့သည်ကို သတိထားကြည့်ကြသင့်၏။
ကလေးများကို သူ့မအေဆီသို့ပို့ရန်ပင် စရိတ်မရှိသော ယက်တောက မည်သို့မည်ပုံ ထိုငွေကြေးများကို အသုံး ချနိုင်ခဲ့သည်က စဉ်းစားစရာပင်ဖြစ်သည်။ ယက်တော၏ ဓာတ်ပုံအတွင်းမှ အမျိုးသမီးနှင့်ပတ်သက်၍ အကျဉ်း သားများကို စာရင်းပြလိမ်စားသူတယောက်က နိုင်ငံခြားသူတယောက်ဟု ဆင်ခြေပေးဖုန်းကွယ်ကာ သူ၏ပတ် သက်မှုကို ရှောင်ရှားရန် ကြိုးစားခဲ့သည်။ ထိုသူကပင် ယက်တောနှင့်ပတ်သက်၍ တွေ့ဆုံမှုကို အင်တာဗျူးများ တွင် အလွဲလွဲအမှားမှား ပြောခဲ့ဖူးသည်လည်းရှိသည်။ နောက်ဓာတ်ပုံတခုတွင် ယခုချင်းမိုင်၌ ကျောင်းတက်နေ သော သူ့အဖွဲ့မှ လူတယောက်နှင့် ယက်တော၊ ထိုအမျိုးသမီးတို့ အတူတူတွဲရိုက်ထားသောပုံကိုတွေ့မှ ဘာပြ၍ ကာကွယ်ရမှန်းမသိဖြစ်ခဲ့ပုံပေါ်သည်။ ဗြောင်လိမ်ဗြောင်စားရန်ကော အရှက်မရှိတော့သည့်နေရာတွင်ပါ ရန်သူ စစ်အာဏာရှင်များနှင့် တသားတည်းကျနေသည်ကလည်း အံ့သြစရာကောင်းလှသည်။
သေသေချာချာပြန်ကြည့်လျှင် ထိုသူများသည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အကျိုးမရှိမှန်းသိသော်လည်း လုပ်ရပြီးရော ယောင်ကြသည့် လက်မှတ်ကောက်ယူမှု ကိုလုပ်ကာ အမှန်တကယ် လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းများမှ သွေဖယ်ကြစေရန်လည်း လုပ်ခဲ့ကြသူများ ဖြစ်သည်။ ထိုသူများကပင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာရှင်များက မတရား နောက်ထပ်ထိမ်းသိမ်း နိုင်စေရန် ဖန်တီးခဲ့ကြသည်။ မနီလာသိန်း အဖမ်းခံရသောနေ့တွင်လည်း မနီလာသိန်း အဖမ်းခံရမည့်အ ကြောင်း လောင်းထားမှု အောင်မြင်သည့်အနေနှင့် အော်ဟစ်ကာ ဘီယာဖြင့် အောင်ပွဲခံခဲ့ကြသူများမှာလည်း ထိုသူများသာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချကာနီးအချိန် လူထုက နအဖ၏ မတရားသည့် စီရင်မှုအပေါ်တွင် အာ ရုံစိုက်ကာ ဘာလုပ်ကြရမည်လဲ တွေးတောနေချိန်တွင် တော်လှန်ရေးတပ်ပေါင်းစုဟု ၎င်းတို့ဖွဲ့စည်းထားသည့် အဖွဲ့များမှပင် သဘောတူညီချက်မရယူဘဲ ၎င်းတို့လူနည်းစုတစုက လက်ဝါးချင်းရိုက်ကာ ဂျကာတာကွန်ဖရန့် ဆိုပြီးလုပ်၍ ရန်သူစစ်အာဏာရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်ကြရေးကို ဆော်သြကာ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှ အာရုံလွှဲကြစေရန်လည်း ဖန်တီးခဲ့ကြသည်။ ထိုသို့အချိန်များ မကြာခဏ တိုက်ဆိုင်နေခြင်းက စဉ်းစားစ ရာဖြစ်စေသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံကြသည်ဟု ကြေညာကြသည့်အတိုင်း လုပ်ကြမည်ဆိုလျှင် ၎င်းတို့အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များကိုသာ ပံ့ပိုးရန်လိုသည်။ ဘာမှထပ်မံအထွန့်တက်ပြီး ကိုယ်နှိုက် ရန်သူနှင့်ညှိနှိုင်းပေါင်းစည်းရေးကို လုပ်နေစရာမလိုပေ။ ထိုကွန်ဖရန့်၏ အကျိုးဆက်တခုလောက်ကို ပြသနိုင်လျှင်ပြသစေလိုပါသည်။ ဘာတွေများ မယ်မယ်ရရ အဖတ်ရခဲ့သည်များရှိ ပါသနည်း။ ဘာ့ကြောင့် အရေမရ အဖတ်မရအလုပ်ကို ဒေါ်အောင်ဆန်းစုကြည်အမှုကိစ္စအတွက် အချက်အချာ ကျသောအချိန်တွင် လူသိရှင်ကြားလုပ်ချင်နေခဲ့ကြသည်မှာလည်း မတွေးတတ်စရာပင်ဖြစ်သည်။ ထိုကွန်ဖရန့် မှ ဘာလုပ်ငန်းများ မယ်မယ်ရရ ချမှတ်ခဲ့ပြီး ထိုလုပ်ငန်းစဉ်များကို မယ်မယ်ရရ ဆက်လုပ်နေကြပြီလဲ။
သေချာတာတခုက နအဖစစ်အာဏာရှင်တို့က သူတို့အလိုကျ လူထုဆန္ဒကို ဆန့်ကျင်ပြီးလုပ်မည့် ၂၀၁၀ ဟန် ပြရွေးကောက်ပွဲတွင် တနည်းတဖုံပါဝင်ရေးကို တိုးတိုးတိတ်တိတ်ကော၊ ကျယ်ကျယ်လောင်လောင်ပါ ကြိုးစား လာနေကြတာကို တွေ့နေရခြင်းပင်ဖြစ်သည်။ “လွန်ခဲ့တဲ့ အနှစ် (၂၀) လုံး မှားခဲ့ကြတယ်။ လူထုစကားသံကို နားထောင်ဖို့သင့်ပြီ” ဆိုပြီး အာပေါင်အာရင်းသန်သူတဦးက မကြာသေးမီက ပြောခဲ့သည်။ ဘာတွေလုပ်ခဲ့ပြီး ဘာတွေမှားခဲ့သည်ကို သူတို့ဘာသာသာ သိနိုင်ကြမည်ဖြစ်သည်။ ဘာမှ ဟုတ်တိပတ်တိ မလုပ်ခဲ့သည်ကို လည်း သူတို့ဘာသာပဲ သုံးသပ်ရလိမ့်မည်ဖြစ်သည်။ သို့သော် အမှားများ၏ အခြေခံမှာ သူတို့ကိုယ်၌သာဖြစ် သည်။
အမှန်ပြောင်းလဲရေးဆိုသည်မှာလည်း တာဝန်သိတတ်သောသူများဆိုလျှင် မိမိတို့အမှားများကို တာဝန်ယူပြီး နောက်လူများလုပ်နိုင်စေရန် ဖယ်ရှားပေးလေ့ရှိကြသည်။ ကျနော်တို့တော်လှန်ရေးမှ ဂေါင်းရှောင်များကတော့ တမျိုးဖြစ်သည်။ လွန်ခဲ့သည့် အနှစ် (၂၀) ကလည်း သူတို့ပင်ဖြစ်ခဲ့သည်။ အခုလည်း သူတို့ပင်ဖြစ်သည်။ နောင် လည်း သေသည်အထိ အမှားများဆက်လုပ်ခွင့် ရယူသွားလိုကြဟန်တူသည်။ ပြောင်းလဲရေးဆိုသည်မှာ အညံ့ ခံရေးမဟုတ်သည်ကိုလည်း သဘောပေါက်ပုံမရပေ။ ၎င်းတို့အနေနှင့် ၎င်းတို့လုပ်လိုသော လုပ်ရပ်ကိုလုပ်နိုင် ရန် ဆင်ခြေအမျိုးမျိုး ပြနေခြင်းသာဖြစ်ပေသည်။
၂၀၁၀ ဟန်ပြရွေးကောက်ပွဲဝင်လိုကြသူများအနေနှင့် ပြောင်ပြောင်တင်းတင်းလည်း မဆုံးဖြတ် မပြတ်သားကြ ပေ။ အထဲမှ အဆက်အသွယ်များကို ရွေးကောက်ပွဲဝင်ရန်တိုက်တွန်းခြင်း၊ နအဖနှင့်ညှိနှိုင်းရန် ဆော်သြခြင်းတို့ လုပ်နေကြပေမယ့် သူတို့ကိုယ်တိုင်တော့ ဇာနည်လို မျောက်သစ်ကိုင်းလွတ် မဖြစ်အောင်အတွက် ဒီဘက်မှာ ကုပ်ကပ်ကာ လှေနံနှစ်ဘက်ဆက်ခွနေပြီး နအဖ အလိုကျ ဟန်ပြရွေးကောက်ပွဲ မပျက်စီးရေးအတွက် အပြင် ဘက်မှ ပို၍ အာရုံလွှဲကာကွယ်မှုများ လုပ်ကြလိမ့်မည်ဖြစ်သည်။ အသားထဲမှလောက်က ပိုအန္တရာယ်ပေးလိမ့် မည်ဖြစ်သည်။ ယခုလည်း ထိုသူများက မူးယစ်သောက်စား အော်ဟစ်ကာ ပတ်ဝန်းကျင်ကို နှိပ်စက်နေကြရုံမှ တပါး အခြားအခြားသော နိုင်ငံနှင့်လူမျိုးအတွက် လုပ်ဆောင်မှုမျိုးကို လုပ်နေကြသည်မရှိပါ။ ပရောဂျက်တင်၊ ကိုယ့်ဘာသာကိုယ် မတန်တဆ လခတွေပေး၊ အထဲက လူတွေကို ထိုးကျွေး၊ ယောင်ခြောက်ဆယ်သာလုပ်နေ ကြသော ထိုဂေါင်းရှောင်များက မည်သည့်အခါတွင်မျှ ဘာပြောင်းလဲမှုမှ သယ်ဆောင်လာလိမ့်မည်မဟုတ်ပေ။
ကျနော်တို့လှုပ်ရှားမှုတွင် အများကြီးလုပ်စရာတွေ လိုနေပါသေးသည်။ သို့သော် အသားထဲမှလောက်ထွက်နေ သော အတွင်းဖျက်များကို ဖယ်ရှားပြီး အမှန်တကယ်လုပ်လိုသော အင်အားများ စုစုစည်းစည်းနှင့် ညီညီညွတ် ညွတ်လုပ်ကြမှသာ ပြောင်းလဲအောင်လုပ်နိုင်လိမ့်မည်ဖြစ်သည်။ ညီညွတ်ရေးဆိုသည်မှာလည်း ထိုဂေါင်းရှောင် များက အလွန်အမင်း လိုက်လံအနှောင့်အယှက်လုပ်ကာ မရစေရန် ကြိုးစားနေသောအရာဖြစ်သည်။ ဘာ ကြောင့် သူတို့ညီညွတ်ရေးရမှာကို အလွန်စိုးကြသည်ထင်သနည်း။ သတိထားကြည့်လျှင် ပိုထူးခြားတာတခု တွေ့ရပါလိမ့်မည်။
ရန်သူနအဖ၏ သတင်းစာရှင်းလင်းပွဲများတွင် ဟုတ်သည် မဟုတ်သည်၊ ဆိုင်သည်မဆိုင်သည်မသိဘဲ အတင်း အတင်း တင်တင်ပေးနေသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ ဘာကြောင့် နအဖစစ်အာဏာရှင်တွေက ဒီလူ တွေအပေါ် ဒီလောက်သဘောကောင်းနေကြရသည်ကိုတော့ ကာယကံရှင်တွေ ကိုယ်နှိုက်မှသာ သိကြတော့ မည်ဖြစ်ပါသည်။ အတွင်းလှိုက်နေသော ရန်သူကို ကြောက်နေကြရမည်ဆိုသည့် တော်လှန်ရေးသည် မည်သို့ သော တော်လှန်ရေးဖြစ်မည်နည်းဆိုသည်ကို မိမိတို့အားလုံး စဉ်းစားကြရန်အချိန်လည်း ရောက်နေပြီဖြစ်ပါ သည်။
ငြိမ်းချမ်း
Tuesday, October 6, 2009
စေ့စေ့ကြည့်မှ ရေးရေးပေါ်
Subscribe to:
Post Comments (Atom)
4 comments:
သူတပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ၊ လူသန်းပေါင်းများစွာ အနှိပ်စက်ခံရမှ၊ ရတဲ့ ထမင်းတလုပ် ဘီယာတခွက်ကို မျိုကျ ဆို့နိုင်ရဲတဲ့ လူတစ်စုရဲ့ လားရာလမ်းကတော့ တလမ်းပဲ ရှိပါတယ်..
လူဆိုတာ သူများကိုပဲ လိမ်လို့ရပါတယ်. ကိုယ့်ဟာကိုယ် လိမ်လို့မရပါဘူး.. ကိုယ့်အကြောင်းကိုယ်သိ ကိုယ်လိပ်ပြာ ကိုယ်မသန့်ပဲ နေရဲ သေရဲတဲ့သူတွေရဲ့ လားရာက တလမ်းပဲ ရှိပါတယ်.
မိမိသမိုင်း မိမိပဲ ရေးနေကြတာပါ. ရှက်တတ်ရင် ပြုပြင်ကြဖို့ မနောက်ကျသေးပါဘူး..
ဆောင်းပါးရှင်အနေနှင့် ထိုလူပုဂ္ဂိုလ်များ အဖွဲ့အစည်းများ ကို ဗြောင်ကျကျထုတ်ဖော်ရေးပါက ပို၍ ကောင်းမည်ထင်ပါသည် လည်းကောင်းတို့ လုပ်ရပ် မှန်မမှန် သာမန်မြန်မာပြည်သူများအနေနှင့် ၀ိုင်းဝန်း စုံစမ်းရန်ဖြစ်ပါသည် ဒေါက်တာလွဏ်းဆွေဘလော့သည် တော်လှန်ရေး ဘလော့ဖြစ်သကဲ့သို့ နိုင်ငံရေးကိုစိတ်ဝင်စားသော သာမန်မြန်မာပြည်သူများလာရောက်ဖတ်ကြသည့် ဘလော့ဖြစ်သည့် အားလျော်စွာ မကောင်းတာကို တော်လှန်ရေးကျကျ ပြတ်သားသောရှုဒေါင့်မှ နေ၍ နာမည်အမှန်များ အဖွဲ့အစည်းအမည်များ ကို တိုက်ရိုက် ထုတ်ဖော်ပြောကြားသင့်သည် ထိုသို့ ပြောကြားရာတွင် အဖြစ်အပျက်မှန် ဖြစ်ရန်လိုအပ်ပြီး ပြောကြားလို့ မကျေနပ်ကြရင်လည်း ဂရုစိုက်ရန် မလိုအပ်ပေ တော်လှန်ရေးအတွက် အမှန်တရားသာ အရေးကြီးပါကြောင်း အကြံပေးပါရစေ
သိပ်မှန်ကန်တဲ့သုံးသပ်ချက်တွေပါဘဲခင်ဗျာ.ဒီလိုကောင်
မျိုးတွေဒီလိုအဖွဲ့အစည်းမျိုးတွေကိုအမြန်ဆုံးဖေါ်ထုတ်
မှသာလျှင်မြန်မာလူထုအတွက်စစ်မှန်တဲ့ခေါ်င်းဆောင်မျိုး
တွေထပ်မံပေါ်ထွက်လာမှာဖြစ်ပါတယ်.ဒေါ်အောင်ဆန်း
စုကြည်အကျယ်ချုပ်နဲ့အဖမ်းခံနေရတဲ့ကာလတွေမှာ
ကိုမင်းကိုနိုင်နဲ့တကွ၈၈ကျောင်းသားခေါ်င်းဆောင်များအ
ဖမ်းခံနေရချိုန်တွေမှာပြည်သူတွေကိုခေါ်င်းဆောင်နိုင်တဲ့
လူမရှိပါဘူး.ဒါတွေဟာဒီလိုအတွင်းလှိုက်စားတဲ့ကောင်
တွေဘယ်သူသေသေငတေမာရင်ပြီးရောဆိုပြီးကိုယ်ကျိုး
ရှာသမားသက်သက်ကောင်တွေကြောင့်စစ်မှန်တဲ့အရည်
အချင်းပြည့်ဝတဲ့ခေါ်င်းဆောင်တွေပေါ်ထွက်မလာရတဲ့အ
ကြောင်းအရင်းပါဘဲ.ဒီလိုအကြောင်းအရာတွေပြည်သူ
တွေများများသိအောင်ရေးပါပြောပါလို့ဆောင်းပါးရှင်ကို
ငြိမ်းချမ်းကိုမေတ္တာရပ်ခံပါရစေ။
အမေရေ ကျွဲမတွေ့ဘူးဗျ
လောက်တွေချည်းပဲ တွေ့နေရတယ်။
Post a Comment