Sunday, September 20, 2009

တကယ်တွေပဲလား

တကယ်တွေပဲလား
ငြိမ်းချမ်း

ယခင် ‘အတ္တလား၊ ပရဟိတလား’ ကို ဆက်ပြီး ရေးလိုမေးလိုတာတွေ ရှိပါတယ်။ နာဂစ်မှာ ဘ၀ပျက်ခဲ့သူ စာ ရင်းအမှန်ကို ကိုအောင်သူငြိမ်းလည်း မကိုးကားပါ။ ယူအန်နဲ့ အခြားအန်ဂျီအိုကြီးတွေ အပါအ၀င်၊ ကမ္ဘာ့ဘဏ် အပါအ၀င် အားလုံးက သိထားကြပေမယ့် နအဖက တရားဝင်ထုတ်ပြန်တဲ့ စာရင်းပမာဏကိုသာ ကိုးကားကြပါ တယ်။ အမှန်တကယ် အသေအပျောက် ပမာဏကို ကိုအောင်သူငြိမ်း အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းက သိရှိ တာကို ငြင်းလို့မရပါဘူး။ စစ်တပ်အတွင်း မောင်အေးရဲ့ခရီးစဉ်မှာ သိလာရတဲ့ စာရင်းကို အစိုးရအဖွဲ့အစည်း တွေကော၊ အန်ဂျီအိုတွေကော၊ ကိုအောင်သူငြိမ်းတို့အဖွဲ့ကော၊ အတွင်းက ဒေသဆိုင်ရာ အန်ဂျီအိုတွေကော သိနေကြပေမယ့် ဘာလို့ နအဖရဲ့ အမြဲတမ်း သေနှုန်းလျှော့ချတတ်တဲ့ စာရင်းဇယားတွေနဲ့ပဲ လုပ်နေကြလဲဆို တာ စဉ်းစားစရာပါပဲ။

အမှန်ကိုအမှန်အတိုင်း လူထုကိုကော ကမ္ဘာကိုကော တင်ပြဖို့မလုပ်ကြဘဲနဲ့ နအဖနဲ့ ၀ိုင်းလိမ်ရာမှာ ဘာကြောင့် ပါကြသလဲဆိုတာ တွေးကြည့်ကြဖို့ကောင်းပါတယ်။ ကိုအောင်သူငြိမ်းတို့ရဲ့လုပ်ဖော်ကိုင်ဖက်တယောက်က ဒီ စာရင်းအမှန်ကို ကိုးကားခဲ့လို့ အားလုံးဝိုင်းလိမ်နေတဲ့ အသိုင်းအ၀ိုင်းတွေရဲ့ ၀ိုင်းတုတ်ကြတာကို ခံရတာကိုက လည်း ဘာတွေဖြစ်နေကြသလဲဆိုတာ စဉ်းစားမရလောက်အောင်ပါပဲ။ လူထုအကျိုးပြုလုပ်မယ့် အဖွဲ့အစည်း တွေကိုယ်နှိုက်က လူထုကို လိမ်ညာလှည့်စား အကျိုးယုတ်တာတွေ မလုပ်သင့်ကြတာ အမှန်ပါပဲမဟုတ်လား။

နာဂစ်ဖြစ်တုန်းက ကမ္ဘာ့နိုင်ငံအသီးသီးက အကူအညီကို လိုအပ်ခဲ့တာ အမှန်ပါ။ မြန်မာနိုင်ငံက လူမှုရေးလုပ် ငန်းတွေလောက်နဲ့လည်း မလုံလောက်နိုင်ဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် တခုသတိပြုသင့်တာက နာဂစ်ကိစ္စ မှာ စစ်အာဏာရှင်တွေက အပြည်ပြည်ဆိုင်ရာအကူအညီတွေကို အဟန့်အတား လုပ်နေချိန်တွေမှာ မြန်မာနိုင် ငံအတွင်းက လူမှုရေးကိုယ့်အားကိုယ်ကိုးလုပ်ကြသူတွေကြောင့် အသက်ပေါင်းမြောက်များစွာ ကယ်တင်နိုင်ခဲ့ တယ်။ အဆိုးရွားဆုံး အခြေအနေဆိုးကြီးတွေကို တားဆီးနိုင်ခဲ့တယ်။ အရေးပေါ် ကယ်တင်မှုမှာသာမကဘဲ နောက်ပိုင်းလုပ်ငန်းတွေမှာလည်း ဘယ်လောက်အရေးပါတဲ့ အခန်းကဏ္ဍတွေက ထိထိရောက်ရောက် ပါနိုင်ခဲ့ တယ်ဆိုတာတွေကို ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်အပါအ၀င် အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးတွေရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွေထဲမှာ သေသေချာချာ လေးလေးနက်နက် ဖော်ပြခဲ့ကြတာကိုလည်း မမေ့ သင့်၊ မသိချင်ယောင်ဆောင်ဖို့မသင့်ပါဘူး။ ယနေ့အချိန်အထိ တကယ်ထိထိရောက်ရောက် အကူအညီပေးနေ သူ၊ လုပ်ကိုင်နေသူတွေဟာ မြန်မာနိုင်ငံက ကိုယ့်အားကိုယ်ကိုးလုပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာကို နောက်ဆုံးသုံးသပ်ချက်တွေမှာအထိလည်း တွေ့နေရမှာကို သတိထားစေလိုပါတယ်။

စစ်အစိုးရရဲ့ ကြိုးနီစံနစ်နဲ့ ဟန့်တားမှုနည်းအမျိုးမျိုးကို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးတွေ အားလုံးနီးနီး ရင်ဆိုင်နေရချိန်မှာ ကိုယ်ထူကိုယ်ထ ကူညီသူတွေက အတားအဆီးတွေကို ရှောင်လွှားပြီး စွန့်စွန့်စားစားလုပ်ခဲ့ ကြတာ လုပ်နေနိုင်ကြတာကို အားလုံးအသိအမှတ်မပြုဘဲ မနေနိုင်လောက်အောင်ပါပဲ။ တခုပဲရှိတာက ဒီလုပ် ငန်းတွေလုပ်နေသူတွေက သူတို့က ဘယ်လောက်လုပ်လိုက်ပြီ၊ ဘယ်နေရာတွေမှာ ဘာတွေလုပ်လိုက်ပြီဆို တာကို ပိုတောင်းကောင်းအောင်၊ ပိုလုပ်စားလို့ရအောင်လုပ်ကြတဲ့ အန်ဂျီအိုအဖွဲ့တွေလို ကြော်ငြာဆိုင်းဘုတ် လိုက်မထိုးနေဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လုပ်နေခဲ့ကြတာပါပဲ။ လုပ်စားဖို့သာစဉ်းစားနေတဲ့ အတွင်းက ဒေသ ဆိုင်ရာ အန်ဂျီအိုအဖွဲ့တွေ၊ အိုင်အာစီလို ဘာမှတောင်မလုပ်ရသေးဘူး၊ အခုထိလည်း ဘာမှဟုတ်တိပတ်တိ မ လုပ်နိုင်သေးဘူး၊ ကွန်ဂရက်မှာ နာဂစ်ထိတဲ့သူတွေအားလုံးကိုပဲ သူတို့ကယ်နေသယောင်ယောင်ပြောဆိုပြီး အ ဖွဲ့အတွက် ငွေရှာနေတာတွေ၊ ကြော်ငြာတွေ အရှက်မရှိ ရေးနေတာတွေ တွေ့ရမှာပါ။

ဒီဘက်နယ်စပ်ကလည်း အခွင့်သင့်တုန်း လုပ်စားကြဦးမှဆိုပြီး အန်စီယူဘီကလူတွေ အပါအ၀င် အထဲကိုကူညီ တယ်ဘာညာဆိုပြီး ဓာတ်ပုံတွေ ငွေပေးဝယ် ပြစားတာလောက်လုပ်ကြတာကိုလည်း လေ့လာကြည့်ရင် တွေ့မိ မှာပါ။ စစ်တပ်နဲ့ပေါင်းပြီးမှ အထုအထည်ကြီးတွေ ပို့လို့ရတဲ့အခြေအနေမှာ အန်စီယူဘီလို အခြားအပြင်က အဖွဲ့ အစည်းတွေက ဘယ်လိုများလုပ်ပြီး စစ်တပ်တွေနဲ့ နားလည်မှုယူ ဆန်တွေဘာတွေ ပို့လိုက်နိုင်သလဲ မစဉ်းစား နိုင်အောင်ပါပဲ။

ခေတ်တွေ ပြောင်းကောင်းပြောင်းလာခဲ့မှာ အမှန်ပါပဲ။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံ ဘယ်လောက်များ ပြောင်းသွားခဲ့ပြီလဲဆိုတာ ကိုအောင်သူငြိမ်းကို ပြန်မေးပါရစေ။ ကျနော်တို့တတွေ ထိုင်းဘက်မှာ အတော်အ သင့် လွတ်မြောက်မှုရနေခဲ့ပြီဆိုပေမယ့် ကျနော်တို့နိုင်ငံက လူထုတွေကတော့ စစ်အာဏာရှင်အုပ်ချုပ်မှု အောက်က နည်းနည်းမှ လွတ်မြောက်မှုမရသေးပါဘူး။ လူထုဖိနှိပ်ခံရမှုကနေ ပြောင်းလဲမယ့် အရိပ်အယောင် လည်း တစက်မှမတွေ့ရသေးပါဘူး။ သူများတကာတွေ လကမ္ဘာသွားပြီး နောက်ပိုဝေးတဲ့ နေရာတွေကို ခြေဦး လှည့်နေတာတောင် ကျနော်တို့နိုင်ငံမှာတော့ ကျောက်ခေတ်ဘက်ကို ပြန်လှည့်နေတာကိုပဲ သူများနိုင်ငံစံနှုန်း ပဲယူပြီး ခေတ်ကြီးပြောင်းသွားပါပြီလို့ ပြောလို့ကောင်းပါ့မလား။

ကိုအောင်သူငြိမ်း ရေးခဲ့သလို အန်ဂျီအိုတွေမှာ လိုအပ်ချက်တွေ မမှန်ကန်မှုတွေ ရှိနေတာကို ဝေဖန်ထောက် ပြဖို့လိုပါတယ်။ ဒါပေမယ့် ကျနော့်အမြင်တော့ ကိုအောင်သူငြိမ်းတို့ကော ဘယ်သူမှလုပ်တာ မတွေ့သေးတာပါ ပဲ။ မမှန်တာတွေလည်း အများကြီးရှိနေတာကို တခုချင်းစီ ပြနေနိုင်ပေမယ့် ကိုအောင်သူငြိမ်း ပြောတဲ့ ဝေဖန် ရေးက ဘယ်နေရာမှာ နေနေမှန်း မသိရတာကို အံ့သြစရာပါပဲ။

ပြည်တွင်းမှာ HIV ရောဂါဝေဒနာရှင်တွေအတွက် ဆေးဝါးတွေ၊ အခြားဆေးဘက်ဆိုင်ရာ အကူအညီတွေ လို အပ်နေတာအမှန်ပါပဲ။ ဒါပေမယ့် ပြည်တွင်းကို ဆေးဘက်ဆိုင်ရာအကူအညီတွေ လုပ်မယ်ဆိုပြီး လုပ်နေကြတဲ့ ဒေသဆိုင်ရာ အန်ဂျီအိုတွေဆီက ဒီဆေးဝါးတွေ ဘယ်မှရောက်သွားတာ မကြားရပါဘူး။ အတွင်းကို မပြောပါနဲ့ ဦး။ HIV ရောဂါဝေဒနာရှင်တွေရှိတဲ့ နယ်စပ်မှာတောင်မှ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ ရှိနေပေမယ့် လည်း ဆေးလုံးဝမတွေ့ဖူးဘဲနဲ့ အသက်ကုန်သွားရတဲ့သူတွေ မနည်းပါဘူး။

လွန်ခဲ့တဲ့ ရက်ပိုင်းကတောင် အလုပ်သမားတယောက် ဒီရောဂါနဲ့ ကွယ်လွန်ခဲ့ရပေမယ့် ဘယ်ဆေးဘက်ဆိုင် ရာ အဖွဲ့အစည်းကနေမှ ဆေးဝါးမရခဲ့ပါဘူး။ သူမသေခင် နေရာအားလုံးကို ကြိုးစားသွားခဲ့ပါတယ်။ ဒါပေမယ့် ရောဂါရှိနေကြောင်း သွေးစစ်ပေးတာကလွဲရင် ဘာမှကုသမှုမှ မခံခဲ့ရပါဘူး။ ဒီဘက်မှာ ဆေးဘက်ဆိုင်ရာ အဖွဲ့ ကြီးတွေက လူထုအတွက် ဒါတွေလုပ်ပေးမယ်ဆိုပြီး အကူအညီတွေ ယူထားကြတာတွေလည်းရှိတာပဲ။ ဒါပေမဲ့ ဒီအဖွဲ့ကြီးတွေက ဒီလိုရောဂါရှင်တွေ ရှာလို့မတွေ့တဲ့နေရာမှာ ဘယ်လိုများ လုံအောင်ပုန်းနေကြသလဲဆိုတဲ့ နည်းပညာကတော့ ယူဂျီလုပ်ငန်းလုပ်နေသူတွေ အတုယူသင့်တာတွေပါပဲ။ ဒီလိုအဖွဲ့အစည်းတွေမှာဖြစ်နေတဲ့ ဆေးဝါးရောင်းစားမှုတွေ၊ ဖြတ်စားမှုတွေ၊ လုပ်စားမှုတွေကို အခု အနှစ် (၂၀) ကျော်ခဲ့ပေမယ့် သေသေချာချာ ဝေဖန်ထောက်ပြနိုင်တာလည်း မရှိသေးပါလားဆိုတာကို ကိုအောင်သူငြိမ်း စဉ်းစားစေချင်ပါတယ်။

ဒီအခြေအနေမျိုးတွေကို လူငယ်တွေက အတုမြင်အတတ်သင်၊ ဒီလိုဆက်လုပ်စားကြမယ်ဆိုရင်ဖြင့် ကျနော်တို့ မြန်မာနိုင်ငံက မျောက်ဖြစ်ရတဲ့သူတွေလည်း အာဏာရှင်တွေက မျောက်လုပ်လိုက်၊ အန်ဂျီအိုဆိုပြီး လုပ်စားသူ တွေက မျောက်လုပ်လိုက်၊ လုပ်စားတွေက လှည့်ပြတာ ခံလိုက်ရနဲ့ နားချိန်တောင်ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒါတွေက တခြားမျောက်ကပိုကတတ်တာကလွဲပြီး ဘာကောင်းကျိုးတွေ သယ်လာမလဲ ဆိုတာကိုတော့ စဉ်း စားမှ သိနိုင်မှာပါ။ မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း ပြည်သူကိုတာဝန်ခံတဲ့ စနစ်တွေကို မလိုက်နာနိုင်ဘဲ အန် ဂျီအိုအမည်ခံ လူထုကို မျောက်ပြဆန်တောင်းတာတိုင်းအတွက်တော့ လူထုက ပိုနာကြည်းကြရမှာပါ။

ငြိမ်းချမ်း

13 comments:

ထက်စုနှင်းဆီ said...

အရမ်းကို ပြည့်စုံတဲ့ ဆောင်းပါးပါပဲ.
လူထုလက်ထဲ တကယ်ထိထိရောက်ရောက် ရောက်တာထက် စာရွက်ပေါ်က အပေါ်ယံကူညီမှုက အလကားပါပဲ. အဆင့်အဆင့်ဖြတ်စား လပ်စားမှုတွေက လူငယ်တွေရဲ့ အကျင့်စရိုက်ကို ထိခိုက်စေပါတယ်..
ဆရာဦးစိန်ဝင်းက ဒါကို အဓိက ပြောချင်တာပါ...
နောက်တချက်က ဘယ်ဟာ အဓိကလဲ ဘယ်ဟာ သာမညလဲ ဆိုတာကိဲု သဘောပေါက်ဖို့ ထောက်ပြထားတာပါ..

Unknown said...

HIV ရောဂါသည်တွေ ကို Mae Sot ဆေးရုံ ကြီး က ARV ဆိုတဲ့ဆေး ပေ; နေ တယ် လို့  ကြာရတယ်
...
အဲဒီဆေးမသောက်ဘို့  တွက် criteriom တော့ ရှိတယ်ကြားတယ်
ဥပမာ...
..CD 4 account ၂၀၀ ရောက်မှ သောက်ရမှာတို့ 
..ဆရာဝန် တဦးဦး ဒါမှမဟုတ် ကျန်းမာရေးဆိုင်ရာတဖွဲ့ ဖွဲ့ က တာဝန်ခံ အဖြစ် ၇ှိရမယ် ဆိုတာ တို့ 
....
ဆရာ လွမ်းဆွေတို့ ပိုသိလောက်တယ် ထင်တယ်
...
ဈေးကတော့..
လူနာတယောက်စာအတွက် ၁ လ ၁၇၀၀ Bt ကျပါတယ်

......
World Vision လည်း ARV ဆေးအတွက် လုပ်နေသလားဘဲ

နောင်ဆိုရင်
လုနာအနေနဲ့ အသေအချာ ထိထိရောက်ရောက်
လူတွေ နဲ့ တွေ့  ပြီး ARV ရဘို့ စုံစမ်းစေချင်ပါတယ်..
...
အသက်တချောင်းက နဲမှ မနဲတာ..

ကျေးဇူးတင်ပါတယ်

PS...sorry နော် ကြားမှာ ဖြတ်ပြီး ARV ကြော်ငြာဝင်
သလိုများဖြစ်ခဲ့လျှင်..

min said...

မြတ်စွာဘုရားဟောခဲ့တာစိတ်သာမှုလအဓိကပါ.ပါးစပ်က
ဘယ်လိုဘဲပြောပြောလက်ကဘယ်လိုဘဲရေးရေးမိမိစိတ်
ကိုမိမိသာလျှင်အသိဆုံးပါ.ဒီနေ့လူသားတွေတစ်နေ့တစ်
ခြားပိုပြီးယဉ်ကျေးလာသလား ပိုပြီးရိုင်းလာသလားဆို
တာကြည့်လိုက်ပါ.နည်းပေါင်းမျိုးစုံနဲ့လိမ်လည်လှည့်ဖျား
နေတာတွေယုတ်မာပက်စက်တာတွေဟာလူတော်တော်
များလုပ်နေကြတာတွေ့ရမှာပါ.အဲဒီ့အထဲမှာကိုယ်မပါဝင်
ဖို့ရယ်ကိုယ့်မိသားစုမပါဝင်ဖို့ရယ်အထူးသတိပြုရမှာပါ။
အမှန်ဆိုတာလူတိုင်းမသိနိုင်သလို သိပါတယ်လို့
ပါးစပ်ပြောနေတဲ့လူတော်တော်များများလည်းလက်တွေ့
မလုပ်ကြပါဘူး(ကျနော်အပါအဝင်)။အဲဒါကိုသောက်သုံး
မကျခြင်းဟုခေါ်ပါသည်ခင်ဗျာ။လူနဲ့မှုနဲ့မှာဘယ်ဟာကို
အရင်ပြင်ရမလဲဆိုတာမသိဘဲနဲ့လူကြားကောင်းအောင်
ဟစ်ကြွေးနေယုံမျှနဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး.
သိတယ်လို့တော့မပြောနဲ့နော်.အသိဆိုတာတစ်ကယ်လုပ်
မှအသိလို့ခေါ်တာကျနော်အပေါ်မှာပြောပြီးပြီ။အရင်ဆုံး
လူကောင်းဖို့လိုပါတယ်.မကောင်းတဲ့လူတွေချပြတဲ့မှုဟာ
ဘယ်နည်းနဲ့မှမှုကောင်းမဖြစ်နိုင်ပါဘူး
ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ့သမီးဒေါ်အောင်ဆန်းစု
ကြည်တို့ကိုမြန်မာတစ်နိုင်ငံလုံးကဘာကြောင့်ကြည်ညို
လေးစားကြတာလဲဆိုတာပြန်ကြည့်ရင်အခြေခံအချက်
ဖြစ်တဲ့လူကောင်းဆိုတာကစတာဘဲ.ပြီးတော့မှအဆင့်
ဆင့်ပေါ့လေ.အဲဒီတော့ကောင်းတဲ့အလုပ်ကိုလုပ်ချင်ကြ
တဲ့လူများမိမိကိုယ်ကိုအရင်ဆုံးကောင်းအောင်ပြုပြင်ကြ
ပါ.ကောင်းတဲ့အလုပ်ကိုလုပ်နေကြတဲ့မကောင်းတဲ့လူများ
မိမိကိုယ်ကိုအရင်ဆုံးကောင်းအောင်ပြုပြင်ပြီးမှကောင်း
တဲ့အလုပ်ဖြစ်တဲ့NGOတို့ဘာတို့ကိုလုပ်ကြပါလို့တိုက်
တွန်းပါရစေ။

ကလောင်သွား said...

အင်ဂျီအိုနဲ့ ပတ်သက်တဲ့ အငြင်းပွါးဖွယ်ရာ ဆောင်းပါး ကို စတင်ရေးသားခဲ့တဲ့ ဦးစိန်ဝင်းရဲစာတွေကို ပြည် တွင်းမှာ ကျွန်တော် ဖတ်ဖူးပါတယ် နိုင်ငံခြားကို အထင် မကြီးဖို့၊ အင်ဂျီအိုတွေ မရိုးသားမှုရှိနေတာတွေ လူတွေ သိဖို့ အကြောင်းတွေပါ၊နိုင်ငံခြားကို အထင်မကြီးဖို့ ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံခြားမှာ နေတဲ့ တပည့်တွေ
သူ့ကို လာကန်တော့ရင်း သားသမီးတွေကိုမြန်မာ အက သင်တန်း တက်ခိုင်းနေတဲ့ အကြောင်းရယ် တပည့်မိန်း ကလေးတစ်ယောက် ဘ၀ တက်လမ်းရှာဖို့ ပြည်တွင်း မှာ ဆက်နေရမလား ပြည် ပကို ထွက်ရင်ကောင်းမလား လို့လာတိုင်ပင်တဲ့ အခါ ပြည်တွင်းမှာပဲ ဆက်လက်နေဖို့ တိုက်တွန်းပုံ နောက် အင်ဂျီအို တွေ နဲ့ ပတ်သက်လို့ ကြားက လူတွေ အမြတ်ထုတ်တဲ့ အကြောင်း ရေးတဲ့အခါ အဲဒါကိုအင်ဂျီအိုမှာ လုပ်နေတဲ့ နိုင်ငံခြားသား ကိုယ် တိုင် သူရေးတာ မှန်တဲ့ ဆိုတဲ့အကြောင်းလာပြီး ၀န် ခံပုံ သူကိုယ်တိုင် အာရှမှာအခြေချ နေထိုင်မယ့် အ ကြောင်းတွေ ပြောပြသွားပုံတွေကို ရေးထားတာ ပါ လူငယ်တွေနဲ့ ပတ်သက်ပြီး ရေးတာ၊ နိုင်ငံကောင်း ကျိုးအတွက် ရေးတဲ့ ဆောင်းပါးတွေကတော့ အလွန် ကောင်းပါတယ်။ဒါပေမယ့် ဦးစိန်ဝင်းရေးတဲ့ ဆောင်းပါးအားလုံ ကောင်းပါသည်လို့ ကျွန်တော် မ ထောက်ခံ နိုင်ပါဘူး။အထက်ပါ အင်ဂျီအို တို့ နိုင် ငံ ခြား ကိစ္စတို့ ကိုကြည့်ရင် ဦးစိန်ဝင်းရဲ့ အမြင် ကို ကြည့်ရင် အားနည်းချက်တွေ အများကြီးတွေ့နိုင်ပါ တယ်။ အင်ဂျီ အိုနဲ့ ပတ်သက်လို့ ကောင်းတာ ဆိုး တာ နေရာ တိုင်းမှာ ရှိနေပါတယ်။ တစ်ဖက် အင်ဂျီ အိုတွေ ကိုယ်ကျိုးရှာကြတာ ရှိသလို ပညာရေး ကျန်း မာရေး လူမှု ဖွံ့ဖြိုးရေး ကိစ္စတွေမှာ အင်ဂျီ အိုတွေ ဆောင်ရွက်ခဲ့တာတွေ အများကြီး ရှိပါတယ်။ ဖြစ်သင့်တာက ကိုယ့်ရဲ့ စာပေ အမြင် ရှုထောင့်သေး ကျဉ်းကျဉ်းလေး အမြင်၊ အတ္တ အမြင်တွေနဲ့ ပြောနေလို့ မရပါဘူး အကောင်းအဆိုး ပြည့်ပြည့်စုံစုံ ဖော်ပြပြီး လက်ရှိရပ်တည်နေတဲ့ အခြေ အနေ တစ်ခုကနေ အကောင်းဆုံးဖြစ်အောင် စာတွေ့ လက်တွေ့ ဘယ်လို လုပ်ကြမယ်ဆိုတာအရေး အကြီးဆုံးဖြစ်ပါတယ်

---- said...

မျောက်ပြပြီးဆန်တောင်း၊ ဆန်တောင်းပြီး မျောက်ပြ
ဘာတွေလဲဟ၊ ခိုးတဲ့လူတွေရှိသလို၊ ရိုးတဲ့သူတွေလည်းများပေါ့ဗျာ...။ မြန်မာပြည်သူတွေရတဲ့ NGO လစာကဗျာ...အဖြူတွေ Night Club မှာ စော်ဖန်တာလောက်တောင်မရှိပါဘူး။

အဖြူတွေလုပ်တာကို ဘာမှပြောစရာမရှိပါဘူး။ သူတို့က မြန်မာမှမဟုတ်တာ။ လုပ်မှာပေါ့..ဘဘဦးစိန်ဝင်းရယ်။ အဓိက စစ်အစိုးရကိုဆန့်ကျင်တော်လှန်တဲ့ အဖွဲ့အစည်းတွေ လေကြီးမိုးကြီးပြောပြီးနောက်ဆုံးသူတို့ကိုယ်တိုင် မျောက်ပြပြီးဆန်တောင်းတာရော၊ ရတဲ့ဆန်ပါ မျောက်ကိုမကျွေး သူတို့ပဲလွေးမနေကြဖို့ပါ..။

taryar said...

အန်ဂျီအို နဲ့ ပါတ်သက်ပြီး အငြင်းပွားဖွယ် ဆောင်းပါးကိုရေးခဲ့
တာ လူထုဦးစိန်ဝင်းမဟုတ်ပါ..။ လူထုဦးစိန်ဝင်း ကအန်ဂျီအိုအမည်
ခံမြောက်ပြ ရေလိုက်လွဲနေတဲ့ ဗမာလူငယ်တွေ ထင်ထင်ရှားရှား
ထောက်ပြဝေဖန်ထားတာသက်သက်ဖြစ်တယ် ..။ နာဂစ် နာဂစ်
ကြောင်းပြ ပြီး အန်ဂျီအိုတွေ ဗမာပြည်မှာ ဘယ်လိုဖြစ်နေတယ်ဆို
တာ မြစ်ဝကျွန်းပေါ်ကိုအကူအညီပေးနေတဲ့ သာမန်လူတွေနဲ့ 
ခံစားခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်သားတွေ အကုန်နားလည်တယ်..။
အန်ဂျီအို ဖြစ်တဲ့အတွက် အနာပေါ်တုတ်ကျသလို ဖြစ်နေဖို့ 
မလိုဘူးအားနည်းချက်တွေကို ပြန်လည်ဆန်းစစ်ဖို့ လိုတယ်ဆို
တဲ့အကြောင်း စတင်အငြင်းပွားတဲ့ အောင်သူငြိမ်း တို့ နဲ့ ..
အထက်က စာရေးသူ အောင်သူငြိမ်း ကိုယ်တိုင်လား ဒါမှမဟုတ်
စာရေးသူ အောင်သူငြိမ်းကို ဘုရားလိုကိုးကွယ်ပြီး အန်ဂျီအိုရဲ့ အခစားလား မသိတဲ့ ကလောင်သွား ဆိုတဲံ ဆရာတို့ နားလည်
ဖို့ လိုတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်မှူကို လက်ခံနိုင်ကြပါစေ ကိုယ့်လူတို့ ။

Unknown said...

ကလောင်သွားပြောတာမမှားပါဘူး။NGOိတွေမှာကောင်းတာေ၇ာ၊ဆိုးတာပါရှိတယ်လို့ထင်ပါတယ်။

Unknown said...

ကျနော် မြင့်ဝေပါ။ ဘန်ကောက် အခြစိုက် ထိုင်းအန်ဂျီအိုဖြစ်တဲ့ တီအေစီဒီဘီမှာ လုပ်သက် 14 နှစ် တိတိ အလုပ် လုပ်နေသူ တယောက်ပါ။ အခု ဆရာ ဦးစိန်ဝင်းရဲ့  ‘အတ္တလား၊ ပရဟိတလား’ ဆောင်းပါးနဲ့  ပတ်သက်ပြီး ဝေဖန်မှူတွေ ဆက်တိုက် ဖြစ်ပေါ်လာတာ ဖတ်ရပါတယ်။ ဘာမှ ၀င်မပြောလိုသော်လည်း အန်ဂျီအို လုပ်သက် 14 နှစ် တိတိကြာနေပြီ ဖြစ်တဲ့အတွက် ကျနော်တခုခုတော့ ၀င်ပြောသင့်ပြီလို့  ယူဆပါတယ်။ တာဝန်ရှိတယ်လို့ ယုံကြည်လို့  နဲနဲဝင်ပြောပါရစေ။

ကျနော်အနေနဲ့  ဆရာဦးစိန်ဝင်း။ တုန့် ပြန်သူ ကိုအောင်သူငြိမ်းရော။ ကိုမင်းဒင်။ ကိုငြိမ်းချမ်း။ အွန်လိုင်းမှာ ကွန်မင့်ပေးသူတွေအားလုံးက ပွင့်လင်း လွတ်လပ်မှုကို ကျင့်သုံးကြတဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ကြိုဆိုပါတယ်။ ကျနော်အနေနဲ့  မည်သူမှန်သည် မှားသည် မပြောလိုပါ ပြောပိုင်ခွင့်လဲမရှိပါ။

ကျနော်ဖြည့်စွက်ခြင်တာလေး တခုရှိပါတယ်။ ဆရာဦးစိန်ဝင်းက မျောက်ပြဆန်တောင်းတယ်လို့  မရေးခင် လွန်ခဲတဲ့ တနှစ်ကျော်အတွင်းမှာကိုက ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ က အင်ဂျီအိုက
ငါတို့ မျက်နှာတွေ ရောင်းစားနေတယ်လို့ တချို့ နယ်မြေတွေမှာ ပြောဆိုနေတာတွေ ရှိပါတယ်။ အခုက ပြည်တွင်းကနေ ဝေဖန်ချက်ထွက်လာတော့ ပြည်ပမှာ ပြောဆိုနေတာနဲ့တိုက်ဆိုင်နေတာကို တွေ့ ရပါတယ်။

ကျနော်အနေဖြင့် အင်ဂျီအိုက ‘အတ္တလား၊ ပရဟိတ လား’ ဝေဖန်ရေးအတွက် အားဖြည့်ပေးလိုတာကတော့ ကျနော် ပရဟိတသမား မဟုတ်ပါ။ သို့ သော် အတ္တအတွက်လဲ မဟုတ်ပါ။ ကျနော်တို့  အင်၈ျီအို ၀န်ထမ်းများ အလုပ်သမားအခွင့် အရေးနဲ့ အညီ ပုံမှန် လစာ ရပါတယ်။ လူ့ အခွင့်အရေး အပြည့်နီးပါး ခံစားခွင့် ရှိပါတယ်။ ဒီအချက်က ‘အတ္တလား၊ ပရဟိတ လား’ ဝေဖန်ရေးအတွက် အထောက်အကူ ပေးပါ လိမ့်မယ်။
အင်ဂိုအို အမျိုးအစားတွေကလဲ အများကြီးပါ။ တဖွဲနဲ့  တဖွဲ့ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ မတူပါ။ လူမှုရေးထောက်ပံသော အင်ဂျီအို။ လူ့ အခွင့်အရေး။ အစိုးရရွေးကောက်ပွဲ စောင့်ကြည့်ရေး။ နိုင်ငံရေး အသိ ပညာ တိုးစေရေး အင်ဂျီအိုတွင် လူမှုရေး ကူညီစရိတ် မရှိပါ။

အင်ဂျီအိုတွေကို ဝေဖန်မယ်ဆိုရင် ဘယ်လို အင်ဂျီအိုမျိုးက မမှန်ကန်ပါ။ အမြတ် ထုတ်နေပါ တယ်လို့ တိုက်၇ိုက် ဝေဖန်မယ်ရင် ပိုပြီး ထိရောက် ပါလိမ့်မယ်။ ပြည်သူတွေအတွက် ပိုအကျိုး ရှိပါလိမ့်မယ်။
အင်ဂျီအိုများကို ရံပုံငွေထောက်ပံသော Funders ကြီးများရဲ့  ပေါ်လစီများလဲ မတူကြပါ။ ဒါကြောင့် အင်ဂျီအိုတွေရဲ့ လုပ်ငန်းအကောင်အထည် ဖေါ်ပုံတွေ။ ငွေကြေးသုံးစွဲမှုတွေ မတူညီကြပါ။ ဒါကြောင့် အဲဒီအချက်တွေပေါ် အခြေခံပြီး ဝေဖန် သုံးသပ်ရင်တော့ မြန်မာ့လူမှုဖွံ့ ဖြိုးမှုအတွက် အလွန် အကျိုးရှိမယ်ထင်ပါတယ်။

Fun said...

ကိုအောင်သူငြိမ်းတို့ရဲ့လုပ်ဖော်ကိုင်ဖက်တယောက်က ဒီ စာရင်းအမှန်ကို ကိုးကားခဲ့လို့ အားလုံးဝိုင်းလိမ်နေတဲ့ အသိုင်းအ၀ိုင်းတွေရဲ့ ၀ိုင်းတုတ်ကြတာကို ခံရတာကိုက လည်း ဘာတွေဖြစ်နေကြသလဲဆိုတာ စဉ်းစားမရလောက်အောင်ပါပဲ
Who is that? What is that? Please be clear.. It is confusing when you just mentioned like that. Many of the facts you mentioned in the articles are like that.
Please let us know who said what when and what happened? I think there must be other reasons for the thing you mentioned there..

Fun said...

I think U Sein Win wrote the articles aggressively and a bit carelessly. It is very true NGOs should not misuse the donations. But the way he wrote clearly shows that he is very unhappy about seeing new NGOs coming out. I think it is very wrong. We have to welcome having new NGOs which are good. I think we need such chances. We might face some mistakes but it should be the way we learn things.

I would be very happy to read the same article if it was written by a 19-20 year old youth. I would say, it is very good that our young people have that level of knowledge and that courage to point out the wrong things. But I am a bit upset that it is well- known writer U Sein Win who wrote the article. He should have demonstrated his maturity, knowledge level and experience as a well known writer. The contents did not reflect the thoughts of a well-known respectful writer. I feel more anger and hatred than good will and love at the article.

I think it is fine because everyone can make mistakes. I am quiet sure U Sein Win will agree with most of the comments to his article by those who feel like me. Just interested to know what his response will be as a responsible writer.

Innocent said...

မြန်မာနိုင်ငံရဲ့ ပြဿနာကို ကမ္ဘာကပဲ၊ အန်ဂျီအိုတွေကပဲ သူတို့တတွေပေါင်းပြီး ၀ိုင်းဝန်းဖြေရှင်းပေးမှာလား၊ မြန်မာနိုင်ငံက လူတဦးအတွက် နိုင်ငံခြားအထောက်အကူရရှိမှုဟာ ဆယ်ဂဏန်းတောင်မကျော်ဘူးဆိုတာတွေ အတွက် ကျနော်ဘာမှနားမလည်ပါ။ အမေရိကန်နိုင်ငံသားတယောက်၊ ဗြိတိန်နိုင်ငံသားတယောက်၊ ဥရောပ နိုင်ငံတွေက နိုင်ငံသားတယောက်အနေနဲ့ အပြည်ပြည်ဆိုင်ရာက အကူအညီတွေ ဘယ်လောက်ရတယ်ဆိုတာ ကို ကိုအောင်သူငြိမ်းက ယှဉ်ပြတာကို မတွေ့ရတာတော့ သတိပြုမိပါတယ်။
I am very dissappointed. I stopped reading his article at that point because I could not stand any more. If you do not understand those points, why you wrote an article on it.

For your information, those developed nations do not need to get international assistance for development. So it will be zero.