Sunday, September 13, 2009

အတ္တပရဟိတလုပ်ငန်း

လူထုစိန်ဝင်း
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလို့ခေါ်ကြတဲ့ “အင်ဂျီအို” တွေ “အိုင်အင် ဂျီအို” တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းလို့ဆိုတဲ့ အဖွဲ့တွေအကြောင်း မ ကြာခဏဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ်ကလေး ကို ရေးဖြစ်ပါတယ်။ အင်တာဗျူးတွေလည်း ဖြေခဲ့ပြောခဲ့ပါတယ်။ အ ကြောင်းမသိသူတချို့က ဘာကြောင့် ဒါလောက်မျက် မုန်းကျိုးနေတာ လဲလို့ မေးကြပါတယ်။ “မြန်မာတွေ မျောက်ဖြစ်ကုန်မှာစိုးလို့” လို့ပဲ လို တိုရှင်းဖြေလေ့ရှိပါတယ်။

အတုမြင် အတတ်သင်မှာစိုး

ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်းသူတွေကြောင့် ကျနော်တို့ လူမျိုး မသိမသာနဲ့ မျောက်ဖြစ်နေကြတာတော့ အတော်လေးကြာနေ ပါပြီ။ ဒါပေမယ့် ဘာမှမပြောခဲ့ပါဘူး။ အခုတော့ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်က ကိုယ့်လူမျိုးကို မျောက်အဖြစ်လက်ညှိုးထိုးပြပြီး မျောက်ပြဆန်တောင်းသူ ဖြစ်လာကြတာမျိုးတွေ တနေ့တခြား များသထက် များလာနေတာကြောင့် ခပ်စိပ်စိပ်လေး ပြောနေရေးနေရတာဖြစ်တယ်။ စေတနာရှင်းသန့်တဲ့ လူငယ်လေးတွေ “အတုမြင် အတတ်သင်” ဖြစ်ကုန်ကြမှာစိုးလို့ပါ။ တနှစ်ကို တကြိမ်လောက်၊ နှစ်ကြိမ်လောက် သတိပေး ရေး သားနေရင်းကတောင် တန့်သွားမယ့်အစား ပိုပိုပြီး ကျယ်ပြန့်လာတာကြောင့် ခုလို ခပ်စိပ်စိပ် ပြောရရေးရတာ ဖြစ်တယ်။

ဘယ်သူ့မှ အားမကိုးနဲ့

ဘယ်ထိ အခြေအနေဆိုးတယ်ဆိုတာ ပြောပြပါမယ်။ မှတ်မှတ်ရရပြောရရင် ဒီလိုအဖွဲ့အစည်းတွေ အကြောင်းစ ပြီး ဝေဖန်ရေးသားခဲ့တာ ပထမအကြိမ်က ကုလသမဂ္ဂနဲ့ပတ်သက်တာဖြစ်ပြီး နောက်တကြိမ်ကတော့ အိုင်အင် ဂျီအိုတခုနဲ့ ပတ်သက်တာဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က “ဂမ်ဘာရီ” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး မြန်မာ့နိုင် ငံရေးကိစ္စ ကြားဝင်ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လာမယ်ဆိုတုန်းက ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံရေးဂုရုတွေ၊ နိုင်ငံရေးပါတီကြီးတွေက ဂမ်ဘာရီလာမှာကိုပဲ သိကြားမင်းကြီး ဆင်းလာသလို အူမြူးနေကြ တာတွေကို မြင်တွေ့နေရတဲ့အတွက် မြန်မာ့ကိစ္စကို မြန်မာတွေ ကိုယ်တိုင်ရှင်းမှရမယ်။ ကုလသမဂ္ဂလည်း မ ကယ်နိုင်ဘူး။ အမေရိကန်လည်း မကယ်နိုင်ဘူး။ အီးယူလည်း မကယ်နိုင်ဘူး။ ဘယ်သူ့မှ အားမကိုးနဲ့၊ ကိုယ့် အားကိုယ်ကိုးပြီး ကိုယ်ဟာကိုယ် ဖြေရှင်းကြလို့ ရေးလိုက်ပါတယ်။

အဲဒီတုန်းကလည်း စာဖတ်ပရိသတ်နဲ့ လူငယ်တွေက သဘောကျ ထောက်ခံကြပါတယ်။

ဆရာကောင်း တပည့်တွေ

အဲဒီတုန်းက “ဆရာရေးတာ သိပ်မှန်တာပဲ” တို့၊ “ရေးတာ နည်းတောင်နည်းသေးတယ်” တို့ ပြောခဲ့ကြတဲ့ လူ ငယ်တချို့တောင် အခုတော့ အင်ဂျီအို ဆိုင်းဘုတ်ကိုယ်စီနဲ့ ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ ဒါကြောင့် ရေး ရပြောရပြန်တာပါ။ ဒီလူငယ်တွေဟာ အစကတော့ သန့်ရှင်းတဲ့ အဖြူထည်တွေပါ။ နောက်ကျမှ ဟိုနိုင်ငံ ဒီနိုင်ငံ တွေမှာ ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ တပတ်လောက်၊ နှစ်ပတ်လောက် သွားတက်ခဲ့ကြပြီး ပြန် ရောက်လာတော့ သူတို့ကိုယ်တိုင် ဆိုင်းဘုတ်ထောင်ကုန်ကြတော့တာပါပဲ။ တပတ်နှစ်ပတ် သင်တန်းတက်ပြီး ဘာတွေတတ်လာတယ်ဆိုတာတော့ မသိဘူး။ လက်တွေ့မြင်ရတာကတော့ သူတို့ကိုယ်တိုင် “အင်ဂျီအို” ကုန် ကြတာပဲဖြစ်တယ်။ မဖြစ်ဘဲနေရိုးလား၊ သူတို့ကိုခေါ်ပြီး သင်တန်းပေးသူတွေကိုယ်တိုင်က သူတို့ကို မျောက်အ ဖြစ် လက်ညှိုးထိုးပြပြီး ဆန်လည်းတောင်းသူတွေ ဖြစ်နေကြတာကိုး။ အတုမြင် အတတ်သင်ပဲ ပြောမလား။ “ဆ ရာကောင်း တပည့်ပဲ” ပြောမလား မသိတော့ပါဘူး။

ဂိုရင်းအဘရော့ဒ်

ဆရာကောင်း တပည့်တွေ ပန်းကောင်းပန်နေကြတာတွေကတော့ မမြင်ချင်အဆုံးပါပဲ။ တချို့က အေ့ဒ်စ်ဆိုင်း ဘုတ် ကိုင်ကြတယ်။ တချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်းဘုတ်ထောင်ကြတယ်။ တချို့က တောရိုင်းတိရစ္ဆာန်ဆိုင်းဘုတ်၊ တချို့က မိကျောင်းထိန်းသိမ်းရေးဆိုင်းဘုတ်၊ တချို့က ဒီရေတောဆိုင်းဘုတ်၊ တချို့က ပလတ်စတစ်ဆိုင်းဘုတ် စသဖြင့် ... စသဖြင့် ဆိုင်းဘုတ်တွေကတော့ စုံသလား မမေးနဲ့။ အမယ် ... ဆိုင်းဘုတ် ဘယ်လောက်များများ အားလုံးပဲ “လန်း” ကြသဗျ။ “ဝပ်ရှော့” ဆိုတာတွေ တက်ဖို့ “ဂိုးရင်းအဘ ရော့ဒ်” ဆိုတာတွေလည်း ခဏခဏ မြင်နေရ၊ တွေ့နေရ၊ ကြားနေရသဗျ။ နောက်တက်လာတဲ့ ကလေးတွေ ဆက်ပြီး ဆရာကောင်းတပည့် ဖြစ်ကုန်ကြမှာတောင် စိုးရိမ်ရတဲ့ အခြေအနေလို့ပြောရင် မလွန်လှဘူးလို့ ထင် ပါတယ်ခင်ဗျ။

စံပြပုဂ္ဂိုလ်လိုတယ်

ကလေးတွေအတွက် မေတ္တာအပို့ခံပြီး ဒီလို ရေးနေပြောနေရတာပါ။ အင်ဂျီအိုအားလုံး မကောင်းဘူးလို့ ဆိုတာ မဟုတ်ပါဘူး။ စေတနာအစစ်၊ မေတ္တာအစစ်၊ ကရုဏာအစစ်နဲ့ လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူ ငယ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အစစ်အမှန်သမားတွေက မျောက်ပြဆန်တောင်းသူတွေလို “ပြေ (ပြည်) ပေါ်မှာ ရွှေကြော်ငြာထုတ်” တဲ့အလုပ်မျိုးတွေ လုပ်လေ့မရှိတော့ သူတို့အကြောင်း ကလေးတွေက မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ဆိုတာ သူတို့အားကျ အတုယူရတဲ့ “စံပြုပုဂ္ဂိုလ်” (Role Model) တွေ ရှိဖို့လိုပါတယ်။ ဒါ ကြောင့် ကွယ်လွန်ရှာပြီဖြစ်တဲ့ လူရိုးလူကောင်းကြီး မြန်မာ့အလင်း ဦးတင် အကြောင်းကို နှစ်ကြိမ် သုံးကြိမ် လောက် ရေးပြခဲ့ဖူးပါတယ်။ မြန်မာ့အလင်းသတင်းစာ တိုက်အုပ် ဦးတင်က ဘိုးဘွားရိပ်သာကို မူလနေရာ နှင်း ဆီကုန်းကနေ စစ်ပြီးတော့ လက်ရှိနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရွှေ့ပြီးတဲ့ ဘိုးဘွားရိပ်သာမှာ မနက်တိုင်း ရုံးလာထိုင်ပါတယ်။ ပြီးမှ မြန်မာ့အလင်းတိုက်ကို သွားပါတယ်။

ပရဟိတသမားစစ်စစ်

ဦးလေးတင် ဘိုးဘွားရိပ်သာ ရုံးခန်းရောက်တော့ ဝန်ထမ်းတွေက ကော်ဖီတို့၊ မုန့်တို့ ယူလာပြီး ဧည့်ခံပါတယ်။ အဲဒီအခါ ဦးလေးတင်က သူ့ခြင်းထဲ အမြဲပါနေကျ ကော်ဖီ ဓာတ်ဘူးနဲ့ ရေနွေးကြမ်းဘူးကို ထုတ်ပြီး “ငါ့မှာ အ ကုန်ပါတယ်။ ဧည့်ခံစရာ မလိုဘူး။ အလှူရှင်တွေ လှူတာက ဘိုးဘွားတွေအတွက် လှူတာ၊ တို့အတွက်မပါဘူး။ ဒါကြောင့် ငါလည်း မစားဘူး။ မင်းတို့လည်း မစားကြနဲ့” လို့ ဆုံးမပါတယ်။ ဦးလေးတင်ဟာ သူ့ကော်ဖီလေး သူ ထည့်သောက်၊ သူ့ရေနွေးကြမ်းလေး သူ ထည့်သောက်တာပါ။ ဦးလေးတင်ရဲ့ စည်းကမ်းတိကျမှုနဲ့ သမာဓိကို သိတာကြောင့် ဖဆပလအမှုဆောင် ရွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဘယ်တုန်းကမှ မလုပ်ခဲ့ တဲ့ ဦးတင်ကို မရရအောင်ခေါ်ပြီး ငွေကိုင်ရတဲ့ ဘဏ္ဍာရေးမှူး ခန့်ခဲ့တာဖြစ်တယ်။ နောက်တော့ ဦးနုက သူ့ကိုပဲ ဘဏ္ဍာရေးဝန်ကြီး ခန့်ပါတယ်။ နောက်ဆုံး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ပရဟိတသမား ဆိုတာ အဲဒီလိုပုဂ္ဂိုလ်မျိုးကိုမှ ခေါ်နိုင်တာပါ။ ကိုယ်ကျိုးတစုံတရာ ရယူခံစားပြီး လုပ်တယ်ဆိုကတည်းက ပရဟိ တသမား မစစ်တော့ပါဘူး။ (အတ္တဟိတ+ ပရဟိတ) နှစ်ခုပေါင်းပြီး “အတ္တပရဟိတ” သမား “အတ္တပရဟိတ လုပ်ငန်း” လို့ပဲ ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတ္တဟိတအတွက် ပရဟိတလုပ်ငန်း လုပ်တာမဟုတ်လား။

လူထုစိန်ဝင်း
(Weekly Eleven Journal - September 9 - 2009 ထုတ်မှ ...)

27 comments:

Anonymous said...

i agree what he said.

tae tae said...

ဆရာကိုလေးစားပါတယ်။နေရာတိုင်းမှာ..........ဘောင်ထဲမှာ.........အကျပ်ထဲမှာ.....စိတ်ဓာတ်တွေ .....

ထက်စုနှင်းဆီ said...

ဦးဝင်းတင်နဲ့ ဦးစိန်ဝင်း ရှိနေလို့သာ လောကအမှန်တရားကို ကြားသိနေရတယ်...
လောကကြီးမှာ ထမင်းတလုတ်ကို သိက္ခာရှိရှိ စားတတ်ဖို့ မကြိုးစားကြတော့ဘူးလား.. စဉ်းစားရင်း နဲ့.... သက်ပြင်းအခါခါချမိတယ်..

Innocent said...

I understand the author's concerns. Agree there are groups and NGOs who get the fundings and do nothing or do very small things for communities but cheat the funders and community. That is TOTALLY unacceptable.

However, it is too narrow to say and mean that they who want to do for the community cannot get anything from such activities.

There are some religious organizations where you can find people who are volunteering their times without taking any salaries. But it is legal and acceptable to take fair amount of salary to do humanitarian works. What is so wrong with that? Grapes are sour?

I personally want to see a lot of NGO where our youth are taking lead, getting funding by rasing it iside and outside of the coountry, learning how to work for community, learning how to deal with donors. I think which is very very very good. People all around the world are doing it.

I personally would happy to see youth with a lot of sign boards as long as they are taking fair amount of money and contributing to community as they promise in the proposal. Cheaters cannot last long and sincere ones will develop. Is the author encouraging "don;t do anything, just sitting and complainting the situation? what?...

Please do not stop our youth when they are trying to catch up with the development of outside world. This is a kind of platform for youth to share their vision, their concerns and their believes. What is so wrong?
Isn't a reason for us to be proud when we see a group of youth working for say example cyclone victims raising funding from in and out? Hey but do you think you can expect they work for ever as volunteers? Wake up please... The world is changing. The situation are changing in our country as well. Father alone works at the office and all five or six children happily go school and do whatever during thier free time is true in 50 years ago.. Wake up.. Wake up... especaially for a famouse writer it is very important to always awake....

Innocent said...

So there are no monkeys in Myanmar?
You are blind if you say there are no monkeys in Myanmar. (you are in line with Junta if your answer is No)
NGOs are changing people in Myanmar into monkeys?
No.Incorrect message. Poeple are in problems not because of NGOs.
If no NGO.Who are doing what for the monkeys? How?
Please advise options. Don't just complaint. Please come with solution.
Actually it is more important to have more NGOs who will watch out the activities of UNs and NGOs, corruptions in these systems and independently report to the world.

I really cannot understand what is the problem with this famous writer. Could someone do interview with him and post it so that we can know more?

What are the problems? I don't see any relationship between the failure of Gamberi and NGOs???

To me, NGOs even though in English words, is from Myanmar culture and context. The way, they operate might have changed based on today situation.

Oh please, please don;t cut people to fit in the clothes. Don;t be too narrow and shallow....

Unknown said...

What i realize U Sein Win siad is,
..
Some Bad NGOs are unacceptable ..not every NGOs.

Some Crazy young guys are unacceptable...not every youth.

I think,

nobody should not say U Sein Win as "narrow mind person"

He is great
He is one of great person from Burma.
We must encourage him.
Every person who was born in Burma knows... how dangerous to do like
what he does.

Innocent said...

After reading the aritcle from begining to end, I could not find other words than shallow and narrow...

If he really agrees that only some of the NGOs are bad and some are good, why he cannot give example of good NGOs.. and say, why those NGOs cannot do like these NGOs.

And who told him NGOs are for " payahitha" , The concept of NGO is a lot wider than charity. I think people expectations and understanding on NGOs are not correct at the first place.

I have full respect to him as an old person as well as a brilliant writer. But because of his status he has big responsibility. There are a lot of people in our country who will beleive whatever they said without thinking.

Unfortunately or fortunately...sorry I am not one of them and I am ready to say things which I think is correct.So I think you are correct May, when you say nobody should not say he is narrow which means everyone should say he is narrow.

Unknown said...

hay friend, innocent...

Thanks for your correct my English.
Of cause...
i am not native English Speaker.

Let me correct what i wrote...

I mean;;
Nobody should say he is narrow mind.

What i wrote mistakenly is..
"nobody should not say U Sein Win as "narrow mind person"

I am sorry for that..
..
..
another things,
you can be ready to say things which I think is correct.,
OK,
I can be ready to say things which I think is correct, too.

Of cause,
I never say any thing that i do not believe.

Unknown said...

မသိလို့  မေးကြည့် ပါ ရ စေ

NGOs ရဲ့  အလုပ်က
ပရဟိတ မဟုတ် ရ င် ဘာ လဲ
ပြီးတော့
ပရဟိတ ဆို တာ ဘာ လဲ

သိတဲ့သူ ပြောပြကြည့်ပါလား

တကယ်တတ်သိတဲ့ သူမှ နော်

Unknown said...

NGOs ဟာ ပရဟိတ ဟုတ်မဟုတ်တော့ မသိပါဘူး
ဒါပေမယ့် NGOs မှာ လုပ်သူများဟာ
ပရဟိတစိတ် ရှိရပါမယ်

NGOs နဲ့  humanitarian က တော်တော် အမျိုးတော်ကြတာဆိုဘဲ

ပရဟိတစိတ် မရှိဘဲ နဲ့  NGOs မှာမလုပ်ကြပါနဲ့ 
ဒါမှ မဟုတ်လို့ ကတော့ ,
ပရဟိတစိတ်မရှိတဲ့ ၀န်ထမ်းများကြောင့်
NGOs လည်း ကျက်သရေ ယုတ်လျော့ရပါတယ်

monk said...

To in no cent

You sir are a bonehead who thought himself as a smart-ass.

The concept of Non-governmental organization is totally depends on what their chosen field is.

But in Burma,most NGOs are educational,developmental,environmental and welfare oriented.


Under their respective titles, they are operating according to guidelines of their parent units which are mostly from Western countries.Again, there is no problem with westerners and their organizations,but are problems with the people who are our Burmese.

You try to belittle U Sein Win by your words from lamebrain. You thought writing English and speaking English fairly means someone is so smart such as yourself...Humm..!!

Well, sir my employees are Americans and most of them are Rednecks and boneheads,living on paycheck to paycheck basic,but not surprisingly their writing and speaking skill is way better than yours.

So, don't be so arrogant and do pause your thinking as a burst bubble in the air,likewise disregard yourself such a wonderful person but as the idiot of all time
Yup...! big fat idiot....

The writer has no authority over NGOs, what kind of writer can selectively give out names of bad NGOs and good ones?
It is,indeed, ethical issue.

As a respectful writer,his duty is not to blame one individual organization, but to point out what really is going on in that business, and to correct young and curious minds.


ဟေ့ကောင်ရေ...
မင်းကိုမင်းသိပ်ပြီး တော်လှပြီ တွေးနိုင်လှပြီ ထင်ပြီး လူတကာကိုလိုက်ပြီး စိတ်ချဉ်ပေါက်တိုင်း မင်း မြောက်ကြွမြောက်ကြွနဲ့ လိုက်ပြီး ပြောချင်တိုင်း ငါ့စကားနွားရ မစော်ကားနဲ့ကွ ။

မင်း ဖက်မှာ ပိုပြီး ပြည့်စုံတဲ့တင်ပြမှုရှိရင် တင်လိုက် အားလုံး အကျိုးရှိအောင် ။

အဲလိုမဟုတ်လို့ ကတော့ နိုင်ငံခြားတိုင်းပြည်မှာနေ၊ လူတကာကို ကိုယ့် တပည့်လောက်ထင်တဲ့စိတ်နဲ့ ၀င်ဝင်ပြီး လူလည်စကားတွေပြော ၊ မြန်မာနိုင်ငံသားတယောက်ဖြစ်ပြီး မြန်မာလိုတောင် မရေးချင်တာလား မရေးနိုင်တာလား မသိ၊ မင်းလိုကောင်မှာ တကယ်တန်းတိုင်းပြည်နဲ့လူမျိုးအပေါ်မှာ တိုးတက်စေချင်တဲ့စေတနာအမှန်တကယ်ရှိရင် ဦးစိန်ဝင်းကို လာအပြစ်တင်ပြီး တလွဲပြောဖို့ မရှိဘူး။ အဲဒီ ဦးစိန်ဝင်းတင်ပြမှုအားနည်းနေရင် လိုနေရင် မင်း က ဖြည့်ပေးတဲ့ တခြားရှုထောင့်က တွေးခေါ်ပြီး ပံ့ပိုးတဲ့ အမြင်နဲ့ရေးပြမယ်ဆိုရင် စာဖတ်သူတွေအတွက်ရော လူငယ်တွေနဲ့အနာဂါတ်မျိုးဆက်အတွက်ရော သိပ်ကောင်းမယ့်ကိစ္စဖြစ်တယ်ကွ။

တခုတော့ ပြောလိုက်မယ် ။

မင်းလိုကောင်စား အများသား လား လကွ ။

Innocent said...

To None,
Sorry I did not get your point. What are you talking about? What are your intensions? To tell other people how many employees you have or what? I don’t care and am not interested how many employees (American) or (from other planet) you have. Don’t compare me with you and don’t ever think everyone has same mentality like you do to be proud to have good English. English is just a language. What is so special about it? I am here not for English writing skills competition. I am not a native English speaker so it is obvious Americans have better English skills than I have. Nothing is wrong. Nothing to be proud or nothing to be shame. If I have written some mistakes, tell me so that I can correct.

I am here just presenting my thoughts on the article which obviously narrow and shallow. Guys, having a lot of NGOs is a good signs for any developing country. The author generalizes all the NGOs are equally bad although he has a sentence he does not mean all are bad to buffer but it was obvious he hates all the NGOs and cannot appreciate which are good and which are bad. It is shown in his following sentences.

And finally, None… Who told you there is nobody like me? You are so emotional and cannot see things clearly. That’s is funny and I do not know how you are managing with a lot of American employees who are born in American, speak and write perfect English and work under your supervision and getting your salary. 

I read the article with clear mind. I don’t care who wrote it. I focus on the contents and it is narrow and shallow to me. That’s it. Why we have to take all the things just because of someone say. There are a lot of great people who are respectful but it does not mean we do not need to use our brain. Sorry. It is not being proud, it is trying to see things clearly. And trying to express thought clearly. It is not trying to say I am “the” only person. But I do hope youth have that courage and freedom to think and express their opinion freely. Don’t ever try to stop it by showing of your status, your old age, with your employees or your wife whatever...Anyway, it won’t work with me…Next time, please write down the list of your American employees…..  And I thank you for your rude words. Use more so that I can borrow them from you in future communications. (If I am still want to).. At least, you made my day.. Funny…

Innocent said...

no problem with westerners and their organizations,but are problems with the people who are our Burmese..
One more question. Why no problems with people from West but with Burmese?
Thank twice what you mean by this sentence?
Do you have double standard? Oh yes, American guy can do, Oh No, Burmese guy cannot do?.. Or what? What? Wake up? Wake up? Open your heart... let bad things flow out...

monk said...

To In no cent...

Did you really get what message author wanted to give ?

Again... do try writing Burmese language.

ကိုယ့်ဆရာရယ် ဒေါသချည်ပါပဲလား။
ဆရာ ဦးစိန်ဝင်း ရေးတဲ့ စာကို ရော သေချာ (မြန်မာစာ)နားလည်ရဲ့လား ။ သူပေးချင်တဲ့ အချက်အလက်ကိုရော ရရဲ့လား ။

မင်းက မြန်မာလိုရေးရမှာဝန်လေးလို့ လား
ဒါမှမဟုတ်မြန်မာလိုပဲ မတတ်လို့ လား မင်းရေးနေတာတွေက အကုန် ဘိုလိုပဲလိုတွေချည်မို့ ပြောတာပေါ့ကွာ။ ဒါကြောင့်လဲ မင့်ကို ဘိလပ်လိုပြန်ပြီးရေး လိုက်ရတာပါ ပထမ အပိုဒ်တွေမှာ..။

ခုခေတ်ကြီးထဲမှာ လောကဓါတ်ပညာလေး နည်းနည်းတတ်ပြီး ဘိလပ်လို မှုတ်တတ် ခြစ်တတ်ရင် ပဲ ကိုယ့်ကိုယ်ကိုယ် စင်္ကြ၀တေးလောက်ထင်နေတဲ့ကောင်တွေတပုံကြီးကွ။

အဲဒီကောင်တွေပဲ တတိယ အုပ်စုတွေ ဘာလေ့လာသူ ညာလေ့လာသူတွေလုပ်ပြီး ပြည်သူလူထုကို ဆရာကြီးတွေလုပ် နအဖ ကိုပဲ ဒူးပြေးဖက်တော့မလိုလို သူတို့ ကိုယ်သူတို့ နဲ့သူတို့ ရဲ့အတွေးအခေါ်တွေကပဲ အနာဂါတ်တိုင်းပြည်အတွက် အဓိက ကျသလိုလို သူတို့ပြောသလို မလုပ်ရင်ပဲ သမိုင်းကြောင်းတခုလုံး ရေစုန်မျော တော့မလိုလို အပေါက်တွေနဲ့ကောင်တွေဟာ အမြဲ ပါးစပ်က ဘိလပ်လိုတွေ ရွှတ်ရှက်ဒွတ်ဒက်တွေနဲ့ လူတွေကြားထဲ လူတွေအထင်ကြီးမလားဆိုပြီး မိခင် ဘာသာစကားကိုတတ်လျှက် ဘိလပ်လိုမှသိပ်အာတွေ့ နေတဲ့ကောင်တွေတပုံကြီးကွ။

ကိုရင့်ကြည့်ရတာလဲ မြန်မာနိုင်ငံသားတွေ မြန်မာလို ဖတ်ချင်လို့ လာလာဖတ်နေတဲ့ဘလော့မှာ လည်ပင်းကြောင်လျှာသီးကြီးပတ် ပတ်ပြီး သက္ကလတ် ကုတ်အင်္ကျီကြီး နွေခေါင်ခေါင်ဝတ်လို့  ရှမ်းဘောင်းဘီ ကို ခါးပါတ်ကွင်းတပ် ၊ နွားလည်ပတ်ကြိုးထည့်ပတ်ပြီး ရွာလည်ခေါင် ဖုန်တထောင်းထောင်းမှာ အိုင် ဆီး အိုင်ဆီးလုပ်နေတဲ့ ကိုလိုနီခေတ်ဘိုရူးနဲ့ တူနေလွန်းလို့ လကွဲ့ ..။

အင်မတန်မှ လူငယ်တွေ ဖတ်သင့် နမူနာယူသင့်တဲ့ လူ့ ယဉ်ကျေးကြီးတစ်ယောက်အကြောင်းကို ပါ ဆရာကြီး ဦးစိန်ဝင်းက လူငယ်တွေအတွက် စံပြ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့တောင် မီးမောင်းထိုးပြခဲ့သေးတယ်။


မင်း အင်မတန်မှ ဆရာလုပ်ချင်စိတ်ရှိပြီး တော်တော်လဲ မြန်မာစာကို ရှင်းရှင်းလင်းလင်း မဖတ်တတ်သေးဘူးပဲကွယ့် ။

ဆရာကြီးပြောသွားတဲ့အထဲမှာ အဲဒီ အဖွဲ့ အစည်းတွေကိုမလိုလားတာ ရယ်လို့ မပါဘူး။

မလိုလားဖွယ်ဖြစ်ရပ်တွေကို ပဲ ဟန့် တာ ဖြစ်တယ်။
အဲဒါကိုလဲ သေချာ မြင်သာလျှက်နဲ့ တမင်မမြင်တာပဲလား မောင်ရင်ရယ်..။

အေး အနောက်နိုင်ငံသားတွေကိစ္စပြသနာမရှိဘူးလို့ ပြောခဲ့တာက အနောက်နိုင်ငံသားတွေက သူတို့ ကိစ္စနဲ့ သူတို့ တိုင်းပြည်မှာပဲဖြစ်တဲ့အရာတွေကို ဆိုလိုတာဖြစ်တယ်။ တို့ တိုင်းပြည်ကို အနောက်နိုင်ငံသား ၊ အရှေ့ နိုင်ငံသား ဘာနိုင်ငံသားကမှ ၀င်လာပြီး စီးစီးပိုးပိုးနဲ့  သူတို့ ပေးမှကျွေးမှစားရတဲ့လူတွေဆိုတဲ့အမြင်နဲ့  တို့ လူမျိုးတွေကို ကြည့်တာ အထင်သေးတာတော့ မခံနိုင်ဘူးကွ။ အဲသလိုပဲ ခု ခေတ် အဲဒီ အဖွဲ့ အစည်းတွေမှာ ဆိုင်းဘုတ်ထောင်ပြီး ယောင်ပြ ဖုန်ထနေတဲ့ကောင်တွေဟာ မြန်မာပြည်သားမြန်မာနိုင်ငံသား မြန်မာ လူမျိုးတွေဖြစ်တယ်ကွ အဲဒီကောင်တွေက ဘာနဲ့ တူသလဲ ဆိုတော့ ကိုလိုနီခေတ်စကားပြန် လုပ်ပေါက်တွေနဲ့  တကျော့ပြန် အလိုတော်ရိပုံစံတွေဖြစ်နေတာတွေ ချစ်တီးစကားပြန် ပုံပေါက်နေတာတွေ ကိုလဲ မြင်နေကြားနေရတယ်ကွ။
ဒီတော့ ဆရာကြီး ပြောတာ ရေးတာ ဟာ မမှားသလို ဆရာကြီးက ကျဉ်းမြောင်းသူမဟုတ်ဘူး။

နောက်တခါ ထပ်ပြောခဲ့မယ် မောင် အင် နိုး ဆန့် 

မင်းမြန်မာလို မဆွေးနွေးသမျှတော့ ပြန်ပြီး မင်းကို လက်ညောင်းခံပြီးဆွေးနွေးတော့မယ်မဟုတ်သလို ဆွေးနွေးရလောက်တဲ့ ပုဂ္ဂိုလ်လဲ မဟုတ်ဘူး အရက်ဝိုင်းပဲလှော်နှိုက် ၊ ဖဲဝိုင်း မုန့် ဖိုးတောင်းတဲ့ ခပ်ချာချာ လို့ ပဲ သဘောထားပြီး ဥပေက္ခာပြုနေတော့မယ် ဟုတ်ပလား ။


ကျမ်းမာပါစေ

Mg Sai said...

waiting for the response of so called "innocent".

Innocent said...

Hello, Mr. Shallow Narrow,

What is so important about language? I can read, write and speak Burmese very well, but it takes longer time to type in Burmese for me. I can communicate in English but obviously not like a native speaker. What’s wrong? I know my strengths and weaknesses. I decided what is good for me in different situations. I cannot spend too much time on typing. I have no intension to show off among Burmese youth (like you probably do) so I just expressed my thought in whatever way I am comfortable. There is no such a rule people cannot write comments in English. So what is so wrong?

You can wear whatever you like as long as it is decent. Actually it is you who is so funny. Try to sound like a real old Burmese man using “Maung Yin” and so which nobody today use in day to day communication. That alone clearly proves that you are one of those who are just superficial Burmese wearing Tite Phone and Pa Sone for show but inside has mentality always ready to worship Westerners.

Don’t discuss anymore. You have showed your stupidity, you have showed your shallow and narrow mind, you have boasted that you have American employees (frankly I don’t believe it at all..hahaha maybe you might have one or two American Colleagues you know I am laughing), you have showed off your ability to write English, you have beautifully showed your ability to type in Burmese. You have showed how rude you are. There is nothing left for you to discuss. I am not responding to your comments wasting my time even though you change your user name and try to have shadow remarks using different names.

Anonymous said...

Hay man,
You should not call some one 'shallow or narrow '

See,
..
Who is rude now ?

Innocent said...

English is nothing but just a language and a tool. I just took few months to study this language, I made a lot of mistakes at the beginning and now I have improved a lot. Everyone can learn it. If you find difficulties to read, read more. If you find difficulties to write, write more. I practiced a lot and I can write as following story in less than five minutes. I am glad about it. But there is no reason to be proud about it. Mistakes? Definitely there will be many.. as long as people can understand I think it is fine. We can always read two times, three times to correct them. Everyone can do. Please try, we need this language not to be bullied by others.

Once upon a time, there was a woman who unfortunately had to sleep with different men for her living. It was disturbing for the people in her quarter but they tolerated her and were able to live in peace most of the time. But the problem was with the woman. She felt very sorry about her way of living, she thought people looked down on her and she felt inferior whenever she saw people leading decent lives honestly.

So she used to make problems, felt offended when she heard other people talking about decent things, knew about other people “innocent” ambitions and saw other people making their lives in proper way. Then she chose the target. How did she make problems with them?

She would dressed in her best clothes, wore cheap jewels she still had and borrowed some more from her customers, stood at the corner of the road and shouted to those people using all the unpleasant languages she learnt from her living. She would say what do you think of yourself? What you think of me? My father was xxxx. My grand father was xxxx. My customers were from America and they paid me USD so I was earning dollars..etc. Since she was just a prostitute she did not know which words were to be proud which were to be shamed. So she would sometimes made remarks like, do you think you a nice woman and proud of having a husband. Hum!! I sleep 20 men in a night. It was annoying and funny for the people in the quarter. The worst thing was sometimes, she would offer free sex to the gangsters and ask them to harass people she hated. But she was embarrassed for what she did when she cooled down again because she still had some power to think logically. Some people are even worse than that woman.

tae tae said...

ဟင်း......... နောက်ဆုံးတော့လဲငြင်းကျ တာပါပဲ

tae tae said...

ဟင်း......... နောက်ဆုံးတော့လဲငြင်းကျ တာပါပဲ

tae tae said...

ဟင်း......... နောက်ဆုံးတော့လဲငြင်းကျ တာပါပဲ

Innocent said...

It is not arguing about the content Tae Tae. The content is clear and no need Burmese to Burmese translation. Everyone can read. Just need clear and open mind.

It is all about how I wrote English (seems that person might have thought people from Myanmar cannot read and write English like him who is worshipping English) and he/she tried to read my mind comparing with his or her own mentality. Tried to have an argument using big words and fake stories to see how other party will feel. When he/she realized the only thing he/she good at is typing in Burmese, he/she tried to change the game rules. Nobody buy his/her idea, keep quiet and find other place to bark.

Actually, I can tell you.there are such kind of people, they did all wrong things by themselves, but in front of people, pretend and talk like a noble person. Follow that person and you will know what he/she has done. You will be surprised to know a lot of concerns the Author mentioned in his articles has done by such person. But they will still say in front of people “ Ba Ba is right. At the back? Who knows maybe he is cursing.

I have only few minute left. In Burmese we can write very briefly like that.
တိုက်ပုံတကားတကား ဝတ်၊ ဟိုယောင်ဒီယောင်၊ ဟိုဟောင်ဒီဟောင်၊ ရသမျှအခွင့်အရေးယူ၊မဟန်ပြန်ပြေး၊ မအေxx.ခွေးပါးစပ်နတ်စကားထွက်၊

If I have few more minutes, I can write a poem. Maybe one day.

Unknown said...

Innocent

* Age: 21
* Astrological Sign: Capricorn
* Zodiac Year: Rabbit
* Industry: Tourism
* Occupation: Porn Star
* Location: Yangon : Myanmar (Burma)


Hey Porn Star,

Cut your bullshit! Your comments are out of topic and seems like you're the only one who's worshipping English. Damn man... you're so narrow minded that you can't even understand what the writers, Syar Lu Htu Sein Win, None N thae thae said. You should be ashame of yourself that although you understand what they said looks like you're ignoring their fact and just posting your nonsense comments. Change your name to "The narrow minded Porn Star, NonSense"!
Last but not least, just wanna say what None said "မင်း ဖက်မှာ ပိုပြီး ပြည့်စုံတဲ့တင်ပြမှုရှိရင် တင်လိုက် အားလုံး အကျိုးရှိအောင် ။" , if not you're just wasting everybody's time. I'll also not response to every nonsense comment.

Unknown said...

Innocent

* Age: 21
* Astrological Sign: Capricorn
* Zodiac Year: Rabbit
* Industry: Tourism
* Occupation: Porn Star
* Location: Yangon : Myanmar (Burma)


Hey Porn Star,

Cut your bullshit! Your comments are out of topic and seems like you're the only one who's worshipping English. Damn man... you're so narrow minded that you can't even understand what the writers, Syar Lu Htu Sein Win, None N thae thae said. You should be ashame of yourself that although you understand what they said looks like you're ignoring their fact and just posting your nonsense comments. Change your name to "The narrow minded Porn Star, NonSense"!
Last but not least, just wanna say what None said "မင်း ဖက်မှာ ပိုပြီး ပြည့်စုံတဲ့တင်ပြမှုရှိရင် တင်လိုက် အားလုံး အကျိုးရှိအောင် ။" , if not you're just wasting everybody's time. I'll also not response to every nonsense comment.

Innocent said...

Hahahahahaha!!!
Hahahahahahaha!
Whaa hahahahhaaaaa!!!

Innocent said...

Mother- Daw Pu
Father-Tom Rude
Son-John Rude Pu
Guess what he/she worshit...

Innocent said...

None (a) John (half Myanmar, Half Bo), I am not going read your stupid comments here anymore. Write whatever you write and continue showing your stupidity...
After all it is so funny Nohn, next time try to vote yourself....hahahahahaha, whahahahaha