ဦးဝင်းတင်
ဝါရှင်တန်ပို့စ်သတင်းစာ (စက်တင်ဘာ ၉ ရက်၊ ၂၀၀၉ ခုနှစ်)
ဂါမဏိ ဘာသာပြန်သည်
မကြာသေးခင်က အထက်လွှတ်တော်အမတ် ဂျိမ်းဝက်ဘ် ကျနော့်တိုင်းပြည် ကို အလည်အပတ်လာသွားခဲ့တာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အကျဉ်းကျခံနေရ တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံစကား ပြောခဲ့တာတွေအပေါ် လူတွေက အများကြီး အာရုံစိုက်ခဲ့ကြပါတယ်။ ဝက်ဘ် က မြန်မာပြည်ရဲ့ အုပ်စိုးသူအာဏာပိုင်တွေနဲ့ အဓိပ္ပာယ်ရှိရှိ တွေ့ဆုံဆွေးနွေး ချင်တာကို ကျနော်နားလည်ပါတယ်။
ကံမကောင်းအကြောင်းမလှတာကတော့ သူ့ကြိုးပမ်းချက်တွေဟာ ကျနော် တို့ဒီမိုကရေစီလှုပ်ရှားမှုကြီးကို ထိခိုက်နစ်နာစေပြီး မှားယွင်းတဲ့ အကြောင်း အရာပေါ်မှာ အလေးထားခဲ့တာဖြစ်ပါတယ်။ အဲဒီအကြောင်းအရာကတော့ ရေ ရှည်နိုင်ငံရေးမဟာဗျူဟာရဲ့ အစိတ်အပိုင်းတခုအဖြစ်ပါဝင်ဆင်နွှဲဖို့ ဝက်ဘ်က ကျနော်တို့ကို စဉ်းစားစေချင်တဲ့ ရှေ့နှစ် “ရွေးကောက်ပွဲ” အလားအလာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရက စီစဉ်ထားတဲ့ ဟန်ပြရွေးကောက် ပွဲဟာ ကျနော်တို့ ပြည်သူလူထုတွေ လိုလားနေတဲ့ လွတ်လပ်ရေးကို သရော်မော်ကားလုပ်ပြီး စစ်အာဏာရှင် စနစ်ကို ထာဝရတည်တန့်အောင် လုပ်သွားမှာဖြစ်ပါတယ်။
ကျနော်တို့ဆီက နောက်ဆုံးကျင်းပခဲ့တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေဟာ မဲဆန္ဒအပြတ် အသတ်နဲ့ စစ်တပ်အုပ်စိုးမှုကို ပယ်ချခဲ့ပြီး ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှတ်တော်နေရာ (၈၀) ရာခိုင်နှုန်း နှင်းအပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဖွဲ့ချုပ်ကို အစိုးရဖွဲ့ခွင့်ပေးဖို့ စစ်အုပ်စုက ငြင်းဆန်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲပြီးနောက် (၁၉) နှစ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူတွေဟာ တရားမျှ တမှု၊ တဦးချင်းအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေး၊ မြန်မာပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ အစိုးရပုံသဏ္ဍာန်တို့ကို ငြိမ်းချမ်းစွာ တောင်းဆိုဖော်ပြနေရင်း အကျဉ်းချမှု၊ ခြိမ်းခြောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ အသက်ဆုံးပါးမှုတို့ကို ကြုံခဲ့ရပါတယ်။
အဖွဲ့ချုပ်ဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲကို တခါမှမရပ်နားခဲ့သလို စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး ငြိမ်းချမ်းရေးနဲ့ အပြန်အလှန်လေးစားရေး အခြေခံပေါ်မှာ မြန်မာပြည်ရဲ့ အချက်အချာ နိုင်ငံရေးပြဿနာ လူမှု ရေးပြဿနာတွေ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ဖို့လည်း တောက်လျှောက်ကြိုးပမ်းခဲ့ပါ တယ်။ ဒီကိစ္စနှစ်ရပ်ဟာ ဆက်စပ်နေတာကို လုံးဝသံသယမရှိပါနဲ့။ မြန်မာနိုင်ငံဟာ တချိန်တခါက အာရှတိုက် ရဲ့ စပါးကျီကြီးဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်အစိုးရရဲ့ စီးပွားရေးအဖျက်ပေါ်လစီတွေနဲ့ စစ်အာဏာထိန်း ထားနိုင်ဖို့ ဖိနှိပ်အုပ်ချုပ်နေတာကြောင့် ဆင်းရဲတွင်းနက်နေတဲ့ ဗရုတ်သုက္ခတိုင်းပြည် ဖြစ်နေပါပြီ။
စစ်အစိုးရဟာ ဟန်ပြ “ရွေးကောက်ပွဲ” ကတဆင့် သူ့ကိုယ်သူ တရားဝင်မှုမျက်နှာဖုံးတပ်ဖို့ ကြိုးပမ်းနေပြီး “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ကို လာမယ့်နှစ်မှာ ထူထောင်မယ်လို့ ကြွေးကြော်နေပါတယ်။ ၂၀၀၈ ခု မေ လမှာ ဧရာမ လေမုန်တိုင်းကြီးတခုက ဗမာပြည်ကို ထောင်းထောင်းချေ၊ လူတသိန်းကျော် အသက်ဆုံးစေခဲ့ပြီး နောက် ရက်ပိုင်းအတွင်းမှာ စစ်အစိုးရက ရယ်စရာကောင်းတဲ့ လုပ်ဇာတ်တခုသုံးပြီး၊ စစ်အာဏာကို ရာသက် ပန်ဦးထိပ်ထားမယ့် အခြေခံဥပဒေကို မဲဆန္ဒရှင် (၉၃) ရာခိုင်နှုန်းက ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ အဲ ဒီအခြေခံဥပဒေဟာ အဓိပ္ပါယ် ရှင်းရှင်းလင်းလင်းမရှိလှတဲ့ “နိုင်ငံခြားအဆက်အသွယ်” ရှိသူတွေကို အစိုးရရာ ထူး မယူစေဖို့ တားမြစ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီလှုပ်ရှားတက်ကြွသူတွေ အာဏာမရနိုင် အောင် ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ပိတ်ပင်ထားတဲ့ ပြဋ္ဌာန်းချက်တွေ ထည့်သွင်းထားပါတယ်။
တချို့သော နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက ရှေ့နှစ်မှာ လုပ်ဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေကို အခွင့်အလမ်းတခုအဖြစ် မြင်နေကြပါတယ်။ ဒါပေမယ့် စစ်အုပ်စုရဲ့ အခြေခံဥပဒေမှာ ချမှတ်ထားတဲ့ စည်းကမ်း ချက်များအရ ရွေးကောက်ပွဲဟာ အတုအယောင်ပဲဖြစ်ပါလိမ့်မယ်။ မြန်မာပြည်သူသန်းပေါင်းများစွာတို့ ချီတက် လှုပ်ရှား၊ အဖမ်းအဆီးခံ၊ နှိပ်စက်ညှင်းပန်းခံ၊ အသက်ဆုံးပါးခံ တိုက်ပွဲဝင်ခဲ့ကြတဲ့ ဒီမိုကရေစီအခြေခံမူတွေကို ကျနော်တို့တိုင်းပြည်အတွက် လွတ်လပ်မှုဆောင်ကြဉ်းလာဖို့ နည်းနည်းလေးမှ မျှော်လင့်ချက်မရှိတဲ့ ဖြစ်စဉ်တ ခုထဲ သွားပါဝင်ခြင်းအားဖြင့် မစွန့်လွှတ်နိုင်ပါဘူး။
အဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်တွေဟာ ကျိုးကြောင်းဆီလျော် တရားမျှတပါတယ်။ ဧပြီလတုန်းက ကျနော်တို့ဟာ နောက်ထပ်ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပြီး စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံဖို့ အားပေးတိုက်တွန်းရင်း နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့၊ အခြေခံဥပဒေကို အပြည့်အစုံ ပြန်လည်သုံးသပ်ဖို့၊ အဖွဲ့ချုပ်ရုံးခန်းတွေ ပြန်ဖွင့်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်တွေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရက တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တခြားလှုပ်ရှားတက်ကြွသူ (၂၀၀၀) ကို ဆက်လက်အကျဉ်းချ၊ တိုင်း ရင်းသားတွေကို အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီမိုကရေစီကို လည်ပင်းညှစ် နှိပ်ကွပ်မယ့် စည်းကမ်း ချက်တွေ အတင်းတိုးမြှင့်ကြပ်မတ်တဲ့ လုပ်ရပ်နဲ့ တုံ့ပြန်လိုက်ပါတယ်။
ဒီတော့ နိုင်ငံတကာမိသားစုတွေက ဘယ်လိုအခန်းကဏ္ဍတွေကကနေ အကျိုးရှိရှိ ပါဝင်ပတ်သက်ကြမှာလဲ။ ပ ထမဦးဆုံးကတော့ ဂျိမ်းဝက်ဘ်လို တာဝန်ရှိလူကြီးတွေက တရုတ်ပြည်နဲ့ လှည့်ခြောက်တာကို စွန့်လွှတ်ရပ်တန့် ဖို့ဖြစ်ပါတယ်။ တရုတ်ကို ကန့်သတ်ထိန်းချုပ်ဖို့ မြန်မာစစ်အစိုးရနဲ့ လက်တွဲစို့ဆိုတဲ့ သူ့လေသံဟာ ခေတ်နောက် ကျပြီး လက်တွေ့မကျတဲ့ အယူအဆပေါ် အခြေခံထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဒီ လိုအယူအဆတွေကို ပယ်ချပြီး ဂျိမ်းဝက်ကို “ကျမတို့က ဘယ်သူ့ကိုဖြစ်ဖြစ် အကြောက်တရားတွေ စိုးရိမ် ကြောင့်ကြစိတ်တွေ အခြေခံပြီး ဆက်ဆံမှာမဟုတ်ဘူး။ ဘယ်သူ့မဆို ဆက်ဆံမှာဖြစ်တယ်။ တရုတ်၊ အမေရိ ကန်၊ အိန္ဒိယ အားလုံးနဲ့ ရင်းရင်းနှီးနှီး တန်းတူညီမျှဆက်ဆံမှာဖြစ်တယ်။ ကျမတို့ဟာ ကိုယ့်အိမ်နီးချင်းကို ကိုယ်ရွေးချယ်နိုင်ခွင့် ရှိတာမဟုတ်လို့ တရုတ်နိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး လိုအပ်တယ်ဆိုတာကို နား လည်တယ်” လို့ ပြောခဲ့ပါတယ်။
ဒုတိယအချက်ကတော့ အဖွဲ့ချုပ်ကိုယ်တိုင်က တခြားနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်အုပ်စုနဲ့ ထိ တွေ့ဆက်ဆံဖို့ အားပေးတိုက်တွန်းနေတာ ဖြစ်ပါတယ်။ ဒီနိုင်ငံတကာမိသားစုတွေက ဗမာစစ်ခေါင်းဆောင် တွေကို ကျနော်တို့တတွေရယ် တိုင်းရင်းသားအဖွဲ့တွေရယ်နဲ့ ထိတွေ့ဆက်ဆံအောင် တိုက်တွန်းဖြောင်းဖြပေးဖို့ ထိတွေ့ဆက်ဆံစေချင်တာဖြစ်ပါတယ်။ ခုချိန်မှာ အမေရိကန်နဲ့ တခြားနိုင်ငံတော်တော်များများက ဗမာပြည်ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။ ဒါဟာ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီး ကျနော်တို့အားလုံး အ လွန်တန်ဖိုးထားတဲ့ ဒီမိုကရေစီတန်ဖိုးတွေအတွက် သူတို့တွေက ဖြစ်သင့်ဖြစ်ထိုက်စွာ အတူတကွ သွေးစည်း ရပ်တည်နေတာ ဖြစ်ပါတယ်။
အကယ်၍သာ စစ်အစိုးရက အဖွဲ့ချုပ်နဲ့တကွ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စစ်မှန်တဲ့ထိတွေ့ဆက်ဆံရေး ကို ဆောင်ရွက်မယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် တိုက်ခိုက် ပစ်ခတ်တာတွေ ရပ်စဲမယ်၊ ပြီးတော့ စစ်မှန်တဲ့ဒီမိုကရေစီ လူ့ဘောင်တည်ဆောက်ဖို့ လိုအပ်တဲ့ခြေလှမ်းတွေ လှမ်းလာမယ်ဆိုရင် အခုရှိနေတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ သင့်တော်တဲ့အချိန်တွေမှာ ရုပ်သိမ်းသွားမှာဖြစ်ပါ တယ်။
လောလောဆယ်မှာတော့ ကျနော်တို့ခံယူချက်အပေါ် ဘယ်လိုမှ တွေဝေသံသယစိတ်တွေ မပွားကြပါနဲ့။ အဖွဲ့ ချုပ်ဟာ ဗမာပြည်သူလူထုကြီး တိုက်ပွဲဝင်ရယူနေတဲ့ လွတ်လပ်ရေးကို အဓမ္မလုယူမယ့်၊ ရှင်လမ်းမရှိအောင် ချို့ ယွင်းပျက်စီးနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သွေးကြောင်တွေဝေစွာနဲ့ ဒူးထောက်ပါဝင်မှာ မဟုတ်ပါဘူး။ ကျ နော်တို့ဟာ ထိတွေ့ဆက်ဆံဖို့ အမြဲအသင့်ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့အသက်သွေးချွေးတွေ၊ ဘဝတွေ အ များကြီးစွန့်လွှတ်ရင်းနှီးခဲ့ပြီးတဲ့ ဒီမိုကရေစီတန်ဖိုးတွေ ဆွတ်ခူးရယူနိုင်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ဆိုရင် တော့ အသင့်ရှိတာထက်တောင် ပိုပါတယ်။
ဦးဝင်းတင်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အဖွဲ့ချုပ်စတင်တည်ထောင်သူတဦး၊
၁၉၈၉ မှ ၂၀၀၈ အထိ နိုင်ငံရေးအကျဉ်းသား)
Friday, September 11, 2009
မြန်မာပြည်သူတွေအတွက် မလိုအပ်တဲ့ ‘ရွေးကောက်ပွဲ’
Subscribe to:
Post Comments (Atom)
5 comments:
Daw Aung San Suu Kyi returned to Myanmar to look after her ailing mother and to write a book on matters relating to her father General Aung San. In 1988, when disturbances broke out beginning with student matters, U Win Tin, Maung Thawka and Maung Moe Thu group, which was searching for a leader to put on the platform, saw Daw Aung San Suu Kyi as their choice. However, it is evident that she did not know everything about the persons with whom she became acquainted. Hence, after the formation of the National League for Democracy (NLD), news emerged that this group was riddled with communists.
After the formation of the NLD, as it is known, there were splits and in the end, all that was left were only two groups, the patriotic war veterans group and the intelligential group. The patriotic veterans were those who had fought the communists while they were with the Burmese Army they hated the communists. That is the reason why the patriotic war veterans group was not very satisfied with those who were once members of the communist party, underground communists, communist half- castes and those who had communist traits and who were now is the NLD.
There were also among them wolves in sheep's clothing pretending to be sympathizers of democracy and others which began attacking the patriotic war veterans group. Daw Aung San Suu Kyi appears to have absorbed much of U Win Tin's political ideas. Daw Aung San Suu Kyi also accepted many of the things said by U Win Tin. After gradually gaining Daw Aung San Suu Kyi's confidence, he was able to dominate Daw Aung San Suu Kyi's way of thinking and was able to practically implement activities.
He established political aim and created situations to bring about mass activities every now and then. The one who worked together with him in implementing the plan in Yangon Division was U Tun Tin, an EC member of the National League for Democracy. U Tun Tin specialized in literature on leftist ideology and he fully believes in communism. He was also accepted and assigned duties by Daw Aung San Suu Kyi. It will be found that the communists have infiltrated into the National League for Democracy and their actions and their ideas have influenced and dominated the NLD.
More information at
http://www.scribd.com/doc/19708701/More-Information-of-U-Win-Tin
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်မယ်ဆိုရင်
မြန်မာနိုင်ငံကို အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အချက်ကို အိုဘာမား အစိုးရ လက်ထက်မှာ ပြန်လည် သုံးသပ်မှုတွေ လုပ်နေချိန်၊ အထက်လွှတ်တော်အမတ် ဂျင်ဝပ် မြန်မာနိုင်ငံကို လာရောက်ခဲ့မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ခါးခါး သီးသီး ဝေဖန်ပြောဆိုသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ် ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုတ်သိမ်းတာဟာ မှားယွင်းတယ် ဆိုတဲ့သဘောထားအမြင်တွေကို ထင်ဟပ်ဖော်ပြတဲ့ ဆောင်းပါးတွေ ထွက်ပေါ် လာပါတယ်။
ဒါနဲ့ပတ်သက်လို့ ဦးဝင်းတင်က နယူးယောက်တိုင်းစ် သတင်းစာမှာ ဆောင်ပါးတစ်ပုဒ်ရေးသားပြီး သူရဲကောင်းကြီး လုပ်သွားတာ တွေ့ရပါတယ်။ ဦးဝင်တင်ရေးတဲ့ဟာ ဝါရင့်သတင်းစာ ဆရာကြီးပီပီပဲ သူ့ရဲ့ဆောင်းပါးကို အားပါပါနဲ့ ရေးသွား တာကို တွေ့ရပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်ဝပ်မြန်မာနိုင်ငံကို လာရောက်ခဲ့တာကိုလဲ ဦးဝင်းတင်က အကောင်းမမြင် ခဲ့ပါဘူး။ ဂျင်ဝပ်က သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ် ရေးသားကိုလဲ ဝေဖန် ရေးသားထားတာ တွေ့ရပါတယ်။ တရုတ်ပြည်နဲ့လှည့်ခြောက်ပြီးတော့ မြန်မာအစိုးရနဲ့ လက်တွဲဖို့ ဂျင်ဝပ်က တိုက်တွန်းတာပဲလို့ ဦးဝင်းတင်က မြင်ပါတယ်။ ဂျင်ဝပ်ရဲ့ အယူအဆကိုလဲ အလွန်ခေတ်နောက်ကျပြီး အသုံးမဝင်တော့ဘူးဆိုပြီး ဦးဝင်းတင်က သုံးသပ်ထားပါတယ်။ တစ်ပြိုင်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ ဘယ်လိုပတ်သက်ကြမှာလဲ ဆိုပြီးတော့ ရေးထားတာ တွေ့ရပါတယ်။ ဆိုလိုချင်တာက နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံရေးကို ကူညီကြပါ။ ဒါပေမဲ့ ဂျင်ဝပ်လို အယူအဆ မတူတဲ့ သူတွေရဲ့ ကိုတော့ လက်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုး ဦးဝင်းတင်က လက်ကိုင်ထားပုံရပါတယ်။
မြန်မာအစိုးရ အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်မယ်၊ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးမယ်၊ တိုင်းရင်းသားတွေ အပေါ်ထိုးစစ်ဆင်နေတာတွေ ရုတ်သိမ်းပေးမယ်၊ စစ်မှန်တဲ့ လူ့ဘောင်သစ်ဆီ ဦးတည်တဲ့ ခြေလှမ်းတွေ လှမ်းမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ သင့်တော်တဲ့ အချိန်မှာ ရုတ်သိမ်းသွားမှာ ဖြစ်တယ်လို့လဲ ဖော်ပြထားပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုတ်သိမ်းမယ့် သင့်တော်တဲ့အချိန်ဆိုတာ နောင်နှစ်ပေါင်း(၅၀) ကိုဆိုလိုတာလား၊ နှစ်ပေါင်း (၁၀၀) ကိုပြောတာလား။ ဦးဝင်းတင်ပြောတဲ့ သင့်တော်အချိန်ဆိုတာ ဘယ်လောက် အတိုင်းအတာကို ဆိုလိုချင်တာလဲ။ တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့နေရာမှာ (NLD) ပါတီတစ်ခုတည်းလား၊ တစ်ခြားပါတီတွေကို မြောင်းထဲသွားပစ် တော့မှာလား။ တွေ့ဆုံဆွေးနွေးရေးဆိုတာ အခြေအနေရှိတယ်၊ အချိန်အခါရှိတယ်လို့ ထင်ပါတယ်။ အခြေအနေပေးတုန်း၊ အချိန်အခါ ရှိတုန်းမှာ လုပ်ရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ ဒါမှလဲ အကျိုးဖြစ်ထွန်း ပါတယ်။ ဒီလိုမဟုတ်ဘဲ အချိန်လွန်မှ လုပ်မယ်ဆိုရင် အချိန်ကုန် လူပန်းဖြစ်တတ်ပါတယ်။ ဒါကိုတော့ သတင်းစာ ဆရာကြီး ဦးဝင်းတင် သတိပြုမိမယ် ထင်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ဆိုတာ ဘာကိုဆိုလိုတာလဲ မရှင်းလင်းပါ။ မင်းကိုနိုင်တို့ ကိုကိုကြီးတို့လို ကျောင်းသား ခေါင်းဆောင်ဆိုသူတွေကို ဆိုလိုချင်တာလား။ ဒါဆိုရင်တော့ မှားနေပါပြီ။ သူတို့ဟာ နိုင်ငံရေး အကျဉ်းသားတွေ မဟုတ်ပါဘူး။ ဆူပူအုံကြွမှုတွေ ဖြစ်အောင် (campaign) အမျိုးမျိုးနဲ့ လုပ်ဆောင်နေတဲ့ သူတွေသာ ဖြစ်ပါတယ်။ ဒါတွေကတော့ နိုင်ငံရေးကို စိတ်ပါဝင်စားမှု မရှိတဲ့သူတွေတောင် သိကြပါတယ်။
လူမျိုးစုတွေ အပေါ် ထိုးစစ်ဆင်ကြီးတွေ ဆင်နွဲနေတယ်လို့လဲ ဆိုလိုက်ပါသေးတယ်။ လတ်တလော ဖြစ်ပွားခဲ့တဲ့ ဦးဖုန်ကြားရှင်တို့နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကြားမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခာကို ရည်ရွယ်ပြောဆိုပုံရပါတယ်။ လူမျိုးစုတွေနဲ့ဖြစ်တဲ့ စစ်ပွဲတိုင်းကို လူမျိုးစုတွေအပေါ် ထိုးစစ်ကြီးတွေ ဆင်နွဲနေပြီလို့ယူဆရင်တော့ အမှားကြီး မှားပါတယ်။ Swat တောင်ကြား ဒေသမှာ ရှိနေတဲ့ တာလီဘန်တွေကို ပါကစ္စတန်အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်နေတာကို လူမျိုးစုတွေ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ပြောမယ်ဆိုရင် လက်ခံနိုင်ဖွယ် ရှိပါသလား။ စဉ်းစားကြည့်သင့်ပါတယ်။ တိုင်းရင်းသား အချင်းချင်း အထင်အမြင်လွဲမှားမှုတွေဖြစ်စေနိုင်ပါတယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေနိုင်ပါတယ်။ သတိထားဖို့ သင့်ပါတယ်။ဆရာဝန် တစ်ယောက်ရဲ့ လက်ဟာ လူနာတစ်ယောက်ကိုပဲ သေစေနိုင်ပေမယ့်၊ ကလောင်ရှင် တစ်ဦးရဲ့ လက်ကတော့ လူမျိုးစု တစ်စုလုံးကို သေသွားစေနိုင်ပါတယ်။ ဖြစ်ရပ်မှန်ကို တင်ပြဖို့မကြိုးစားဘဲ ပုံကြီးချဲ့လိုက်ခြင်း ကသာ လူမျိုးစု တွေအပေါ် အမှန်တကယ်ထိုးစစ်ကြီးတွေ ဖြစ်သွားစေနိုင်တာပါ။ အန္တရာယ်များပါတယ်။
ဦးဝင်တင်ရဲ့ဆောင်းပါးကို သုံးသပ်ကြည့်မယ်ဆိုရင် အပြုသဘောဆောင်လိုတဲ့ စိတ်ဓာတ်၊ ပူးပေါင်း ဆောင်ရွက် လိုတဲ့ စိတ်ဓာတ်နဲ့ အကောင်းမြင်ဝါဒဆိုတာ နတ္ထိဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ပါတီစွဲကြီးကြီးနဲ့ ခေါင်းမာမာ ထားပြီးတော့ လျှောက်လှမ်းဖို့ တွန်းအားပေးထားတဲ့ သဘောမျိုးကိုသာ တွေ့ရပါတယ်။ ဒေါ်စုကြည်ရဲ့ လက်ထောက်အမာခံကြီးလို့တောင် တင်စားခေါ်ဝေါနေကြတဲ့ ဦးဝင်တင်လို ဝါရင့်ဆိုသူကတောင် သဘောထား ပျော့ပျောင်းစွာနဲ့ ပါတီအကျိုး၊ တိုင်းပြည်နဲ့ လူမျိုးအကျိုးကို အမြှော်အမြင်ရှိရှိ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ခေါင်းမာ ခက်ထန်စွာ နဲ့ လျှောက်လှမ်းနေတာ တွေ့ရတော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးလို့ ကြွေးကြော် နေကြတဲ့သူတွေ အနေနဲ့ ဦးဝင်တင်ကို ဝိုင်းပြီး လက်ညှိုးထိုးဖို့ သင့်တယ်လို့ပဲ ယူဆမိပါတယ်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အပြုသဘောဆောင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ အကောင်းမြင်စိတ် ထားခြင်း တွေဟာ အရေးကြီးတဲ့ အခြေခံအုပ်မြစ် တွေ ဖြစ်ပါတယ်။ အဲဒီစိတ်ဓာတွေ တစ်ခုမှ ဦးဝင်းတင်မှာ မတွေ့ရပါဘူးဆိုတာ သူ့ဆောင်းပါးကို ဖတ်ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
ကိုပြည်ချစ်
http://kyeesaytaman.blogspot.com/ မှ ပြန်လည်ကူးယူဖေါ်ပြသည်။
ဦးဝင်တင် သတင်းအပေါ် comment ပေးသူ-ကိုထွန်းလင်းသို့
ဦးဝင်းတင် ဆောင်းပါးရေးထားသော သတင်းစာနာမည်ကို အထက်မှာဖော်ပြထားပါတယ်။ သို့သော် ကိုထွန်းလင်းက သူများကိုဘဲ (ဘယ်သူရေးပေးမှန်းမသိ)ဝါရှင်တန်ပို့ မှန်းမသိ နယူယောက်တိုင်းမှန်းမသိ ဆင်ကန်းတောတိုး လျောက်မရေးသင့်ပါဘူး။ သူများကိုပြောချင်ရင် ကိုယ်ကိုယ်တိုင်က သေချာသိဖို့လိုပါတယ်။ ကိုထွန်းလင်းရေ တချိန်မှာ ကိုယ်သမိုင်းကိုယ်လုံဖို့က အရေးကြီးတယ်နော်..လျှောက်မရေးပါနဲ့။
ဦးဝင်တင် သတင်းအပေါ် comment ပေးသူ-ကိုထွန်းလင်းသို့
ဦးဝင်းတင် ဆောင်းပါးရေးထားသော သတင်းစာနာမည်ကို အထက်မှာဖော်ပြထားပါတယ်။ သို့သော် ကိုထွန်းလင်းက သူများကိုဘဲ (ဘယ်သူရေးပေးမှန်းမသိ)ဝါရှင်တန်ပို့ မှန်းမသိ နယူယောက်တိုင်းမှန်းမသိ ဆင်ကန်းတောတိုး လျောက်မရေးသင့်ပါဘူး။ သူများကိုပြောချင်ရင် ကိုယ်ကိုယ်တိုင်က သေချာသိဖို့လိုပါတယ်။ ကိုထွန်းလင်းရေ တချိန်မှာ ကိုယ်သမိုင်းကိုယ်လုံဖို့က အရေးကြီးတယ်နော်..လျှောက်မရေးပါနဲ့။
Post a Comment