Sunday, August 30, 2009

ဘ၀ရဲ့ ညောင်ညိုပင်လမ်းခွဲများ

ဘ၀ရဲ့ ညောင်ညိုပင်လမ်းခွဲများ
ကမာပုလဲ

သူ့ရင်ဘတ်ပေါ်မှာ
စနစ်တကျ စီရင်စိုက်ပျိုးထားတဲ့ ဆူးတွေ
သူ့ရှင်သန်မှုမှာ ချွန်မြဆူးထက်ထက်တွေနဲ့ အသားကျ
အဲဒါ သူ့ဘ၀ပဲ …။

မေတ္တာရှေ့ထားပြီး
ရင်ချင်းအပ်ဖို့ ကြိုးစားခဲ့ကြ
အနှစ်နှစ်ဆယ်ကျော် မှော်ရုံထဲ …။

မေတ္တာတရားဆိုတာက
ဘုရားသခင်ရဲ့ မရှိမဖြစ်ကိစ္စပါကွာ
လူကြားကောင်းပေမယ့်
အညံ့ခံရေး ခပ်တုံးတုံးမှိုတွေလို
တနေ့စာတောင် ရှင်သန်ခွင့်မရ …။

သားကိုတော့ လုကြတာပဲ
မိခင်က မွေးဖို့လုတယ်
ဘီလူးမက စားဖို့လုတယ်
တရားမျှတမှုဆိုတာကလည်း
အလေ့ကျပေါက်ပင်တွေလို
စိတ်ကူးနဲ့ မရှင်သန်နိုင်ဘူးလေ …။

ဆူးတွေကို ရိုက်ချိုးမပစ်ဘဲနဲ့တော့
ဖက်လဲတကင်းတွေ မလုပ်ကြပါနဲ့
ဝဋ်ကြွေးနဲ့ ပြန်တိုက်နေရတဲ့ တိုက်ပွဲများ
ငါတို့မှာ
ရင်တမမနဲ့ ကြိုဆိုနေရချိန် …။ ။

ကမာပုလဲ
၃၀၊ ၀၈၊ ၂၀၀၉

No comments: