Monday, August 31, 2009

ဒီမိုကရေစီပျက် ဂျင်ဝက်နဲ့ အိုဘားမားရဲ့ အပြောင်းအလဲပေါ်လစီ

ဒီမိုကရေစီပျက် ဂျင်ဝက်နဲ့ အိုဘားမားရဲ့ အပြောင်းအလဲပေါ်လစီ
မောင်ဂဒိုး

ဆီနိတ်တာ ဂျင်ဝက် အမေရိကန်ပြန်ရောက်တော့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့အမြင်သဘောထားကို နယူးယောက်တိုင်းမ်သတင်းစာမှာ ရှင်းလင်းရေးသားခဲ့ပါတယ်။ အဲဒီမှာ အန်အယ်လ်ဒီအဖွဲ့ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းထားသလို မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ လျှော့ချဖို့ကိုလည်း အကြံပြု ထားပါသေးတယ်။ ဒါ့အပြင် အမေရိကန်နဲ့ အနောက်နိုင်ငံတို့ရဲ့ ဒဏ်ခတ်ရေးပေါ်လစီတွေကြောင့် တရုတ်နိုင်ငံ ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ သြဇာလွှမ်းမိုးလာမှုကို စိုးရိမ်ကြောင်းလည်း ဖော်ပြထားပါ တယ်။

နအဖစစ်အစိုးရဟာ နိုင်ငံအတွင်းမှာ လူ့အခွင့်အရေးတွေ ရက်ရက်စက်စက် ဆက်လက်ချိုးဖောက်နေဆဲပါ။ ပြည်တွင်းကိစ္စများနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကိုလည်း လစ်လျူရှုထားဆဲပဲ ဖြစ်တယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး၊ ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီအဖွဲ့ရဲ့ သဘောထားဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း စတာတွေကို ရှိတယ်လို့တောင် သဘောထားတာမဟုတ်ပါဘူး။ ကုန်ကုန်ပြောရရင် ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပေ မယ့် နိုင်ငံတကာက တောင်းဆိုထားတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေမယ့် အထောက်အထားတွေလည်း ဘာမှတွေ့ရတာမဟုတ်ပါဘူး။

ဒါနဲ့တောင် အန်အယ်လ်ဒီအဖွဲ့ကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတယ်ဆိုတာ မစ္စတာဂျင်ဝက် ဦးနှောက်ပျက် နေတာပဲဖြစ်မယ်။ ဒါမှမဟုတ် ဒီမိုကရေစီအင်အားစုတွေနဲ့ မြန်မာပြည်သူလူထုကို နအဖစစ်အာဏာရှင်တွေ အောက် ဒူးထောက်အညံ့ခံခိုင်းတာပဲဖြစ်မယ်။

တကယ်တော့ မြန်မာနိုင်ငံကိုလာခဲ့တဲ့ ရည်ရွယ်ချက်ကိုက မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အ ရေး တိုးတက်ဖို့အတွက် ရည်ရွယ်ပြီးလာခဲ့တာမဟုတ်ပါဘူး။ မစ္စတာယက်တောကို အကြောင်းပြုပြီး အာဏာရ နအဖအဖွဲ့နဲ့ ဆက်ဆံရေးတမျိုး ထူထောင်လိုချင်စိတ်နဲ့ လာခဲ့တာလို့ဆိုချင်ပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ် ရဲ့သြဇာလွှမ်းမိုးလာမှုကို စိုးရိမ်နေတာက အဓိကပါ။ မစ္စတာဂျင်ဝက်ဟာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ် မဟုတ်ဘူးဆိုပေမယ့် သူ အမေရိကားကို ပြန်ရောက်စဉ် သမ္မတ အိုဘားမားက ဆီးကြိုပွေ့ဖက် နှုတ်ဆက်တဲ့ ပုံကိုကြည့်ပြီး သူဟာ သမ္မတရဲ့ အပြောင်းအလဲပေါ်လစီရဲ့ ရှေ့တော်ပြေးဖြစ်နေမှာကိုတောင် စိုးရိမ်နေမိပါ သေးတယ်။ မစ္စတာယက်တောအတွက်တော့ဖြင့် ဒီလောက်လှိုက်လှိုက်လှဲလှဲ ဖြစ်စရာမရှိပါဘူး။ အပြစ်ရှိတဲ့ သူ့နိုင်ငံသားကို ပြန်ခေါ်သွားပြီး အပြစ်မရှိတဲ့ ဒီနိုင်ငံသားကိုတော့ ထားချင်သလိုထားပစ်ခဲ့တာ ဒီမိုကရေစီနိုင်ငံ ကြီးရဲ့ အမူအကျင့်လားလို့ မေးရမလိုတောင်ဖြစ်စေပါတယ်။

အစဉ်အလာအရ အမေရိကန် ဒီမိုကရက်တစ်သမ္မတများဟာ ဒီမိုကရေစီဆိုတဲ့ စကားလုံးသုံးပေမယ့် မြန်မာ ပြည်သူလူထုရဲ့ ဒီမိုကရေစီအရေးမှာ ထိရောက်အောင် အကူအညီမပေးခဲ့ပါဘူး။ ဘီလ်ကလင်တန်လက်ထက် တုန်းကလည်း သမ္မတ ဂျော့ဒဗလျူဘွတ်ရှ်လက်ထက်မှာ ကျဆင်းခဲ့တဲ့ အမေရိကားရဲ့ စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် ကြိုးစားရင်းနဲ့ သူ့နိုင်ငံပြည်သူအတွင်းမှာသာ သူတို့သတ်မှတ်တဲ့ ဒီမိုကရေစီအခွင့်အရေး ဆိုတာမျိုး ပိုရရှိအောင်ကြိုးစားသွားခဲ့တာပါ။ ဥပမာ (ကျနော့်အမှတ်သညာ မမှားဘူးဆိုရင်) လိင်တူခြင်းဆက် ဆံမှုကို တရားဝင်ခွင့်ပြုနိုင်အောင် ဆောင်ရွက်တာမျိုး၊ အမျိုးသမီးများ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ခွင့်ရ အောင် ဆောင်ရွက်တာမျိုး၊ အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို ထောက်ခံတာမျိုးတို့ပါ။

မွေးရာပါ ဒီမိုကရေစီအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံအရေး၊ လူသားတရပ်လုံးရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြိုးပမ်းမှု စတာတွေအတွက်တော့ ထောက်ခံ ကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိပါကြောင်း စကားလက်ဆောင် ပါးရုံလောက်သာပါ။ တ ခြားပံ့ပိုးမှုတွေလည်း ရှိပါတယ်ဆိုပေမယ့် ထိထိရောက်ရောက် မရှိလှဘူးလို့ဆိုချင်တာပါ။

အခုသမ္မတ အိုဘားမား တက်လာတော့ “အပြောင်းအလဲ လုပ်ဖို့လိုအပ်ပြီ” ဆိုတဲ့ စည်းရုံးလှုံ့ဆော်တဲ့ အသံနဲ့ တက်လာခဲ့တာပါ။ သူ တက်လာချိန်ဟာ အထူးသဖြင့် အမေရိကားနဲ့ အနောက်တခွင် စီးပွားပျက်ကပ်နဲ့ ကြုံနေ တဲ့ အချိန်ပါ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ ဂွာတာနာမိုဘေးအကျဉ်းစခန်း ပိတ်ပစ်တာမျိုးရှိပေမယ့် နိုင်ငံတကာလူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်အောင်ဆောင်ရွက်နိုင်မယ်လို့တော့ မျှော်လင့် လို့မရပါဘူး။ သမ္မတ ဘွတ်ရှ်လက်ထက် စစ်ပွဲအလီလီနွှဲခဲ့လို့ ကျဆင်းခဲ့တဲ့ စီးပွားရေးကို ဦးမော့လာအောင်သာ ကြိုးစားသွားမယ်လို့ ထင်နေမိတယ်။ ဒါဟာသူဆိုလိုတဲ့ အပြောင်းအလဲများလား ပြောဆိုဖို့ စောနေသေးပေ မယ့် တာထွက်ကိုတော့ဖြင့် မကြိုက်လှဘူး။

နအဖလို စစ်အစိုးရမျိုးကို လေပြေထိုးတဲ့ လုပ်ရပ်မျိုး လုပ်လာတာဟာ ဒီမိုကရေစီအင်အားစုတွေအတွက် စိတ် မသက်သာစရာပါ။ “အမေရိကားရဲ့ ပိတ်ဆို့အရေးယူမှုကလည်း မြန်မာနိုင်ငံကို အပြောင်းအလဲမဖြစ်စေဘူး၊ အာဆီယံရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုကလည်း နိုင်ငံရေးတိုးတက်ပြောင်းလဲမှု မပေါ်ပေါက်စေနိုင် ဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုတမျိုး စဉ်းစားဖော်ဆောင်နေတယ်” လို့ အမေရိကန်အစိုးရက ဆို ထားပါတယ်။ ဒီအတွက်လားတော့ မသိဘူး၊ အခုမှ အမေရိကန်အောက်လွှတ်တော်အမတ်တွေ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေနဲ့တွေ့ပြီး အချက်အလက် စုဆောင်းနေဆဲပဲဖြစ်တယ်။ လူမမာက သေတော့မယ်၊ ခုမှ လက်သည်ရှာတုန်းဆိုတာ ဒါမျိုးပါ။ တယ်အားကိုးရမယ့်ပုံ မပေါ်ပါဘူး။

တကယ်တမ်း အပြောင်းအလဲဖြစ်ပေါ်စေလိုတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီနဲ့ နအဖနဲ့ စေ့စပ်ဆွေးနွေးပွဲရောက်အောင် စီးပွားရေးပိတ်ဆို့အရေးယူတဲ့နည်းနဲ့ ဖိအားပေးဖို့သာလိုတာပါ။ ဒါမှ မရရင် တရားဝင် အုပ်ချုပ်ခွင့်မရှိတဲ့ နအဖကို ဖယ်ရှားပစ်ဖို့သာပါ။ ငွေကြေးကူညီထောက်ပံ့တဲ့နည်းနဲ့ စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု စတာတွေဟာ ပြည်သူတွေလက်ထဲမရောက်ဘဲ နအဖ ဗိုလ်ချုပ်တွေ ချမ်းသာဖို့နဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ပဲဖြစ်သွားတာ သူတို့အသိပါ။ ဒါကြောင့် နအဖကို ဖယ်ရှားတဲ့နည်းကလွဲလို့ တ ခြားမရှိပါဘူး။ သန်း (၅၀) သော ပြည်သူလူထုကိုသာ ငဲ့ကွက်ရမှာပါ။ လက်တဆုပ်စာ နအဖကို စာနာထောက် ထားနေစရာ မလိုပါဘူး။

ဒါ့ကြောင့် အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်စေဖို့နဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု လျှော့ချဖို့ မစ္စတာ ဂျင်ဝက် ပြောဆိုတာတွေဟာ မြန်မာပြည်သူတွေကို နအဖအတွက် “ခြင်းထဲက ကြက် ကြိုက်တဲ့အချိန် ရိုက် ချက်စား” လို့ရအောင် လုပ်ပေးသလိုသာဖြစ်တယ်။ ဒီမိုကရေစီကို ပုံဖျက်တာသာဖြစ်ပါတယ်။ မြန်မာနိုင်ငံဒီမို ကရေစီရရှိရေးအတွက်မဟုတ်ဘဲ အမေရိကားရဲ့ တရုတ်နဲ့အပြိုင် သြဇာလွှမ်းမိုးနိုင်ဖို့နဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမှုပြုနိုင်ရေးအတွက် လမ်းခင်းလိုခြင်းသာ ဖြစ်လိမ့်မယ်။ ဒါဟာ သမ္မတ အိုဘားမားရဲ့ နိုင်ငံတကာအပေါ် သဘောထားရပ်တည်ချက်ကို ထင်ဟပ်စေတဲ့အချက်မဖြစ်ဖို့ မျှော်လင့်မိပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု လျှော့နည်းစေဖို့ဆိုရင် အရည်အချင်းမရှိတဲ့ နအဖကို ဖြုတ်ချဖို့သာ ဖြစ်ပါတယ်။ နအဖအုပ်ချုပ်နေသမျှ တရုတ်သာမက၊ ရုရှားနဲ့ အာဆီယံတို့ရဲ့သြဇာပါ လွှမ်းမိုးနေဦးမှာ၊ ဒေသ တွင်းငြိမ်းချမ်းရေးကို ထိခိုက်နေဦးမှာဖြစ်ပါတယ်။ နအဖကို အဆင်ပြေအောင်ပေါင်း သြဇာညောင်းအောင်လုပ် တာဟာလည်း တရုတ်ရဲ့ လမ်းစဉ်ပါ။ အခုလို နိုင်ငံတကာက နအဖကိုဆန့်ကျင်မှု မြင့်တက်နေတဲ့အချိန်၊ အီး ယူက စီးပွားရေးပိတ်ဆို့အရေးယူမှု ပိုမိုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အမေရိကားရဲ့ဆီနိတ်တာက နအဖ ကို လေပြေသွေးဖို့ ကြိုးစားသွားတာဟာ အမေရိကားကိုယ်တိုင် တရုတ်ရဲ့သြဇာလွှမ်းမိုးမှု ခံနေရပြီဆိုတဲ့ သ ဘောပါပဲ။

ဆီနိတ်တာရဲ့ချဉ်းကပ်မှုဟာ မြန်မာနိုင်ငံအပေါ် အပြုသဘောနဲ့ချဉ်းကပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေ မယ့် မြန်မာပြည်သူလူထုနဲ့ ဒီမိုကရေစီအင်အားစု အများစုတွေရဲ့ သဘောထားနဲ့တော့ ဆန့်ကျင်နေပါတယ်။ မကြာခင် မြန်မာနိုင်ငံဝန်ကြီးချုပ်ဆိုသူ အမေရိကားကို သွားပါလိမ့်မယ်။ ဒီအခါ သမ္မတ အိုဘားမားရဲ့ပေါ်လစီ ဘယ်လိုလဲဆိုတာ ပိုပြီးထင်သာမြင်သာရှိလာမှာပါ။

တကယ်တော့ မြန်မာ့ဒီမိုကရေစီအရေးမှာ ဘယ်အမေရိကား၊ ဘယ်နိုင်ငံခြားမှ အားကိုးစရာမလိုဘဲ ကိုယ့်ပြည် သူလူထုအားကိုသာ အားကိုးပြီး ၂၀၁၀ မတိုင်ခင် နအဖကို ဖြုတ်ချရမှာပါ။ မျိုးစေ့မမှန်တဲ့အပင် မြေပေါ်ကို အ ရောက်မခံတာ အကောင်းဆုံးပါ။

မောင်ဂဒိုး
၃၁၊ သြဂုတ်၊ ၂၀၀၉

9 comments:

Kane said...

Recently at the former Philippine president Aquino's State Funeral One of the most Prominent Philippine Novelist said something greatly invaluable. Perhaps u might've read it. He said they thought it was over after the removal of former disgraced president Ferdinand Marcos in 1986 uprising but about 13 years later they were totally wrong with their opinion and said the problem is they Philippine , themselves.
We can check the history of Pre and Post British colonial era. Mostly we can't find a prosperous nation there but found out bloodshed and poverty in those periods. The Burmese have been being good at Jealousy & Butchers' work to destroy other Burmese people's lives and wealth.
The Burmese will never have Peace & Prosperity in Burma but they can have it in other democratic nations as Burmese people are merely minority ethnics and can't influence the majority and politics there, in other words they can't commit anymore crimes and destructions. Our problem is the majority of the Burmese is selfish, cruel, arrogant, power-craving and money-oriented. They don't have loving-kindness unlike people of Thailand. Once the Burmese understand and touch the use of Money & Power, they'll exercise it in improper way.
When Power and Money comes into the hearts of the Burmese, they don't even bother to kill their fathers or mothers. That's the most serious problem which the Burmese never know or never confess even if they know.
Burmese Genes & Mindset, Culture & Traditions, the way their Practice of Buddhism are the problems of their permanent misery and pain.
(Good minority Burmese can't influence that of Evil majority). The Burmese can only have peace and prosperity that they desperately desire in Democratic Nations like EU nations, Aussie, NZ,Canada and United States. (Asian Democratic nations are not smart choices as the Burmese will face stronger discrimination. Asians are more selfish than the West which u can see currently who is screwing Burma.) Any Burmese who wants peace and prosperity must leave Evil-Infested land of Disasters known as Burma. No one can or will save Burma. Whoever comes in Power will continue screwing the Burmese as it is their obligation. Evil Genes & Mindset, Evil Culture & Traditions and Evil Practice of their State Religion are bringing them towards hell alive. But the Burmese do not realize what they are doing as well as where they are going..
Burma, the Land of Evil will never provide Peace & Prosperity to the Burmese who are destined to suffer as long as they are there. Leaving the Land of Evil is the Compulsory and Unique Solution..
Several Incumbent & Would-be Juntas, Current & Would-be Beggars-in-Exiles, Current & Would-be Fortune Hunters or Foreign Powers who are in the name of Governments or Oppositions are lining up now and ahead to screw the Poor Burmese who don't know what is waiting ahead for them.
LEAVE THE LAND OF EVIL OR SUFFER AS YOU ARE ALREADY IN HELL ALIVE IN DISGRACE.
There is no Peace & Prosperity RESERVED for the Burmese living in Burma..forever since Burma, the Land of Evil is cursed and people living there are destined to suffer...
The mindsets of Burmese Evil Majority is identical to The mindsets of African Evil Majority.. Burma and Zimbabwe is the same in Failures as they are common in evilness. Burma is as bad as Failed African States..
(Suggestion: Abandon the Land of Evil..or bear the painful misery..it's all yours. If anyone thinks Burma is the Golden Land, just carry on..it's all yours. God may bless more for the people outside Burma rather than for those inside Burma.)

Unknown said...

ကလောင်ရှင် မောင်ဂဒိုးရဲ့ ရေးသားချက်ကို ကျွန်တော်အနေနဲ့ လက်ခံသဘောတူပါတယ် သူ့ရဲ့ ဖေါ်ပြပါအချက်အလက်တွေဟာ တကယ်လက်တွေ့ကျပါတယ် သုံးသတ်ချက်တွေဟာ လက်ရှိအခြေအနေထိကို မြေကြီးလက်ခတ်မလွဲမှန်တယ်လို့ ကျွန်တော့်အနေနဲ့မြင်မိပါတယ် အဓိကအကျဆုံးနဲ့ လက်တွေ့မှန်ကန်တဲ့လမ်းစဉ်တခုကတော့ ဘယ်သူ့မှအားကိုးလို့မရဘူးဆိုတာပါဘဲ အဲဒီအထဲမှာ အတိုက်အခံအမည်ခံတွေလဲပါမယ်ထင်ပါတယ် သူတိုဟာ (ရာခိုင်နူန်းအရ တရာမှာ တ၀က်နီးနီးသာ) အနစ်နာခံပြီးစေတနာအမှန်သာရှိကြရင် ကျွန်တော်တို့ဒီအခြေအနေကိုရောက်စရာမရှိပါဘူး

သတိ said...

အားလုံးသတိ

ရှင်းနေတာက အမေရိကန် ပိတ်ဆို့မှုဟာ မထိရောက်ပါဘူး.. မအောင်မြင်ပါဘူး.. နှစ်နှစ်ဆယ်သက်သေကိုကြည့်လို့ ဒါကိုပြောနိုင်ပါတယ်.. ဒါကိုတောင်မှ အချိန်မကျသေးလို့ပါ.. စောင့်ကြည့်ပါဦး ပြောမယ်ဆိုရင်တော့ ထထလို့ နှိုးရမဲ့ပုံပါပဲ.. ဒီတော့ ဒီမအောင်မြင်တဲ့ လမ်းကြောင်းအစား တစ်ခြားလမ်းတစ်ခုကို ရွေးကြည့်မယ်.. ကြိုးစားကြည့်မယ်.. ဘာမှားလဲ.. အဲဒီလမ်းသစ်လဲ အိုကေချင်မှ အိုကေမယ်ဗျာ.. ဒါပေမဲ့ မအောင်မြင်တာလုံးဝသေချာနေတဲ့.. အထိအခိုက်ကြီးမားတဲ့.. နိုင်ငံကိုအထိနာစေတဲ့.. လမ်းဟောင်းကိုပဲ ဆက်ဖက်ထားမှာထက်တော့ အိုကေမှာပဲ.. တော်သေးတာပေါ့ စီးပွားရေးပိတ်ဆို့ထားမိပေလို့.. နို့မို့ဆိုရင် မလွယ်ဘူးဟလို့ လျှော်တွေးပေးနိုင်တဲ့ အချက်တစ်ခုတစ်လေတောင် အကျိုးရှိခဲ့လို့လားဗျာ..

ဒီနေရာမှာ သန်းငါးဆယ်ပြည်သူကို ငဲ့ကွက်ကြေးဆိုရင် ပိတ်ဆို့မှုဟာရော တကယ်ထိရောက်ပီး သန်းငါးဆယ်ပြည်သူကို အကျိုးရှိစေသလားလို့ မေးချင်ပါတယ်.. အတိုက်အခံတွေ အောင်မြင်မှုလို့ ဟစ်ကြွေးနေတဲ့ နှစ်နှစ်ဆယ်အတွင်း အကြီးဆုံး စက်တင်ဘာတော်လှန်ရေးတောင်မှ ဘာယုံကြည်မှုကြောင့်မှ မဟုတ်ပဲ ငတ်လို့ဖြစ်လာတာ သတိထားမိမှာပါ.. ပြည်သူငတ်လို့ လမ်းပေါ်ထွက်အသေခံရတဲ့ အဖြစ်ကို အောင်မြင်မှုလို့ ဟစ်ကြွေးရဲတာကိုတောင် ကျွန်တော် အံ့သြောမိပါသေးတယ်.. ဒီတော့ ပိတ်ဆို့မှုကရော သန်းငါးဆယ်ပြည်သူကို အကျိုးရှိစေလို့လားဆိုရင် ဆောင်းပါးရှင်တောင် ဒါကတော့ ဟိုဟာကတော့နဲ့ ဝေ့လည်ကြောင်ပတ် အဖြေမျိုးပဲ ထွက်လာမှာပါပဲ.. ဒီတော့ ပိတ်ဆို့မှုကို ရုတ်သိမ်းတာဟာ ဒီမိုနည်းအရပဲကြည့်ကြည့် စီးပွားရေးအရပဲကြည့်ကြည့် နှစ်နှစ်ဆယ်သွားနေတဲ့ သုညရလဒ် ပိတ်ဆို့မှုထက်စာရင်တော့ ဒသမ တစ်တိုးမယ်ဆိုရင်တောင် အိုကေတာပဲ..

ဒီတော့ အန်အယ်ဒီကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတာဟာ လက်တွေ့ကျတာပဲ.. ကဲ.. ရွေးကောက်ပွဲမ၀င်ဘူး.. ဘာဆက်လုပ်မယ်ဆိုတဲ့ တိကျတဲ့လမ်းကြောင်းများ စဉ်းစားထားလဲ..

ဒီတော့ ရှင်းတာက စီးပွားရေးပိတ်ဆို့မှုကို ဝေဖန်ဆန်းစစ်ကြည့်ဖို့များ စဉ်းစားဖူးကြရဲ့လား.. ခုလမ်းကြောင်းကို လက်ကမ်းမကြိုနိုင်တဲ့ လူတိုင်းဟာ ဘာကြောင့် မအောင်မြင်မှန်းသေချာနေတဲ့ အရာကိုမှ ဒီမိုအရေးလို့ထင်.. ပိုပိတ်အောင်ပဲ ထိုင်ဆုတောင်းနေပီး ဒီလမ်းကြောင်းလေးထဲမှာပဲ ကိုယ့်ဘာသာ ပိတ်လှောင်ထားတာ မြင်နေရတော့လည်း စိတ်ပိန်သားဗျာ..

အားလုံးသက်သာ
မောင်သတိ

Unknown said...

I m totally agree with မောင်သတိ..
စီးပွားရေးပိတ်ဆို့မှု ..
နအဖစစ်အစိုးရကို အမေရိကန်အကူအညီနဲ့ ဖယ်ရှားမှု တွေမှာ ပြည်သူတွေကို မထိခိုက်ဘူးလို့ ဆောင်းပါးရှင် ယူဆပါသလား..
ရှင်းရှင်းပြောရရင်ဖြင့် အတိုက်အခံပါတီများဟာ နအဖလောက်တောင် အသုံးမကျလို့ ဒီနေ့ဒီလိုအခြေနေမျိုးဖြစ်လာရတာပါပဲ..
အခုမှ အမေရိကန်ရဲ့သဘောထားအမှန်ဆိုတာကို သုံးသပ်ပြမနေပါနဲ့ ..

Unknown said...

Kane >> While we are mainly focus on our country issue, what are you trying to say such a foolish comparison between burma & thailand. I don't want to debate with you that our burmese ppl dun have selfish, cruel or power craving. I just want to ask you a question who else in the world of human being doesn't have such kind of mindset. Furthermore, you encourage us to abandon our country. Can you also abandon your country in the reason of poverish & lack of democracy? I am half blood of chinese & burmese. But I do love my country and I am shame of having such a selfish burmese like you in Myanmar.

Unknown said...

Kane သို့
Comment အတွက် ကျေးဇူးတင်ပါတယ်။
လူဆိုတာကိုယ့်အတွက် ကေါင်းအောင်၊တိုးတက်အောင်ကြိုးစားရပါတယ်။ ဒါ လူတေါ်လူကေါင်းပါ။
ပြီးရင် ကိုယ့်ပတ်ဝန်းကျင်လူမှုဘဝကေါင်းအောင်၊ တိုးတက်အောင် ကြိုးစားရပါတယ်။ ဒါ တာဝန်သိတတ်တဲ့ စိတ်ထားမို့ လေးစားရမဲ့လူသားပါ။
ရေကြည်ရာမျက်နုရာ ပြောင်းလေ့ရှိကြပါတယ်။ အပစ်မပြောပါ။ ဒါပေမဲ့ ကျနော့အဖို့တော့ (လူလတ်ပိုင်းအရွယ်လည်းရောက်ပြီမို့)ကိုယ့်ဒေသကိုယ့်အရပ်မှာပဲ ရေကြည်အောင် မျက်နုအောင် လုပ်ချင်ပါတယ်။ Kane ပြောသလိုပဲ မြန်မာအများစုတွေ ကေါင်းချင်မှကေါင်းမှာပါ။ ဒါပေမဲ့ လတ်တလောမှာတော့ နအဖ ရဲ့ လက်အောက်မှာရေကြည်ခွင့် မျက်နုခွင့် မရတဲ့အတွက် ဒီမိုကရေစီအင်အားစု တွေကြိုးစားနေကြတာပါ။ ကျနော်တို့လည်းအုတ်တချပ် သဲတပွင့်အနေနဲ့ ပါဝင်နေကြတာပါ။ မကေါင်းသူတွေများနေရာက ကေါင်းသူတွေများလာအောင်ကြိုးစားနေကြတာပါ။ Kaneတို့အထင်ကြီးတဲ့ နိုင်ငံမျိုးတွေကို အတုယူပြီးကြိုးစားကြရမှာပါ။ လူမကေါင်းလို့၊တိုင်းပြည်မကေါင်းလို့၊မငြိမ်းချမ်းဘူး၊ မကေါင်းမှုတွေပြွမ်းတီးနေလို့ သာစွန့်ခွာကြကြေးဆိုရင် လောကမှာ ဘုရားဆိုတာပွင့်လာစရာမရှိပါဘူး (Kane ကဗုဒ်ဓဘာသာဝင်ဟုတ်ဟန်မတူပါဘူး)လူတိုင်းဟာတကိုယ်ကေါင်းမဆန်ပါဘူး။ စွန့်ခွာချင်တဲ့လူတွေချည်း မဟုတ်ပါဘူး။ အနစ်နာခံအလှဆင်ချင် သူတွေလည်းရှိကြပါတယ်။ ဒီလူတွေကိုကျနော်တို့ လေးစားအတုယူပါတယ်။ ဖိလစ်ပိုင်ကနာမည်ကျော် စာရေးဆရာလောက်ဟာ ကျနော်တို့(လူညံ့တွေဖြစ်ပေမဲ့)အဖို့တော့ ကိုးကားစရာမဟုတ်ပါဘူး။ တရားရှာကိုယ်မှာတွ့၊ ဘသူမပြုမိမိမှု၊ ကိုယ့်ကိုကိုယ်သာအားကိုးရာ ဆိုတာကျနော်တို့ ဗုဒ်ဓဘာသာမြန်မာလူမျိုးတိုင်းရဲ့ အသွေးအသားထဲမှာစွဲနေပြီးသားပါ။
အောင်မြင်ပါစေ။

မောင်ဂဒိုး

Kane said...
This comment has been removed by the author.
Kane said...

MYANMAR IS THE LAND WHERE BAD GUYS ALWAYS WIN.
What we can do is Donation that the Myanmar inside desperately need and assist the Myanmar abroad who need it and try to learn how the Jew and the Israeli work for Israel.
We can't dream especially if we have kids as we can't take any risks for their lives. I'm neither Anti Burma/Burmese nor Cynic/Pessimist. I just underscored the Failures of Past & Present Burma. We gotta know the truth, then we can prepare the strategy. But as we know, the Myanmar have lack of unity based on personal opinions and own interest. Anyone can check the ages under Myanmar rulers which may be Monarchy or Dictatorship or Parliament Democracy and he or she will find there has been so much bloodshed, poverty, misery and blind patriotism. Obviously there has been the little peace & prosperity.
I know countless people wouldn't like my comments but you could have children for whom you can't take risks. Today Myanmar people have lack of Safety, Guarantee, Hope, Peace and Prosperity...etc.
US will never commit its forces to liberate Myanmar. No US President can risk his/her Presidency and the interests of the United States to confront with PRC just for Myanmar. (Geopolitics)
Our Asian neighbors bastards are enjoying our chaos and resources. Remember almost all of the people of all government institutions like Army, Police, Ministries are Burmese and mainly Buddhists. Today's Rouge Generals and Beggars-in-Exiles are once innocent civilians as ever. When Money and Power visits their hearts, they don't care anything even to kill their parents. This is what's been happening in Pre & Post British Colonial Era of today Myanmar which was once known as Burma. Myanmars don't know how to make good use of Power and Money for the nation but they are good at enriching themselves at their disposal. This is the very pattern of the Evil Majority which have been ruling Burma/Myanmar.
BURMA IS THE LAND OF EVIL WHERE BAD GUYS ALWAYS WIN.
U could see clearly how Gen. Aung San, Sao Shwe Thike, Mann Win Mg, U Nu, Nay Win , Saw Mg and Khin Nyunt has ended up their lives. In 1948, very same year of Independence of Burma and that of Israel. But today, what is Israel and what is Myanmar. How Jews are influencing US Governments and its policies and how the Myanmar are begging from donors to enrich themselves in US or Europe and pledging rhetoric and are in disarray.
Obviously Peace & Prosperity and beyond the Myanmar can reach. I don't mean Democracy but I mean Peace & Prosperity. (See What were Foreign and Domestic policies of U Nu Elected Government after independence)
I just let it be known what should be done or what we can do for our children as I don't want them to become victims abroad. This is REALITY, WHAT IS HAPPENING NOW.
IF DEMOCRACY (THE GRAPE) IS FAR FOR THE MYANMAR (THE FOX) AS IN A STORY, PEACE & PROSPERITY IS THE MOON FOR THEM.

Dear Su Su and Myint, whether you agree or not is at your own will, I appreciate your comments and wish you and fellow Myanmar Peace & Prosperity.
All the Myanmar who stayed in Thailand said generally the mindsets of Thai People are better than that of Myanmar. I also experienced it many times.

Unknown said...

မြန်မာပြည် အရေးအပေါ်မှာ ဂျင်ဝက်ပြောခဲ့တာ အိုဘားမား မျက်စပစ်နေတာ ထူးပေမယ့် မဆန်းပါ။ တရုတ်ကို ဗိုလ်နေ၀င်းခြေသလုံးသွားဖက်တဲ့အချိန်မှာ ကိုရွှေအမေရိကန်နဲ့ တရုတ်က ပင်ပေါင်စရိုက်နေပါပြီ။ ကမ္ဘာ့အခင်းအကျင်းက ရှင်းသလို ဒေသန္တရ နိုင်ငံရေးကလည်း ရှင်းပါတယ်။ ထို့အတူ မြန်မာ့ဒီမိုကရေစီ အရေးကလည်း ရှင်းနေပြီးသားပါ။ ကြောင်သူတော်လေနဲ့ စီးပွားရေးပိတ်ဆို့တာ မအောင်မြင်ဘူး၊ အမေရိကန် ပေါ်လစီပြောင်းချင်နေပြီ တရုတ်က ဘယ့်နှယ် ... ဒါကြောင့် ၂၀၁၀ ကို ၀င်ကြပါ။ နအဖနဲ့ လက်တွဲပါ ဆိုပြီး အောက်လေတွေ မသွေးပါနဲ့ ... လူထုရဲ့ အသံစစ်စစ်ကို နားထောင်ချင်ရင်ဖြင့် လူထုဦးစိန်ဝင်းပြောခဲ့တာကိုပဲ ညွှန်းဆိုလိုက်ပါရစေ ... ကုလသမဂ္ဂကိုလည်း အားမကိုးပါနဲ့ ... စသဖြင့်ပေါ့ ...