Thursday, August 27, 2009

ရဲဘော်စိုးချစ်နဲ့ သခင်သိန်းဖေ (၀ါးခယ်မ) ရဲ့ စာများ၊ နာကာဆိုနေနဲ့ နအဖ၀န် ကြီး ဌေးဦး တွေ့ဆုံခန်း၊ ဆရာဘဲလား ဟောစာတမ်း

27-8-2009-collection(f)

3 comments:

BellaLiberty said...

ဒေါက်တာလွမ်းဆွေခင်များ ဒီဟောစတမ်းကိုလူ
ကြီးမင်းဘယ်ကရခဲ့ ပါသလဲ။ ဆိုတာကိုဖြေပေးစေလို ပါတယ်။ဘယ်ကဘဲရရပါဒီစာမျိုးကိုတော့ဒီလိုပစ္စလက္ခမလုပ်
သင့်ပါဘူးထင်ပါတယ်။တကယ်ဆိုကာယကံရှင်ကို
မေးသင့်တယ်။ဒီစာမျိုးကမီဒီယာကိုဖြန့် သင့်တယ်စာမျိုး
ဆိုကျွန်တော်BBC တို့  VOA တို့ ကို ပို့ မှာပေါ့။ဒီလိုစာမျိုး
ကို ဒီလို လုပ်လိုက်တာကသံရုံးလည်းမထိခိုက် နိုင်ပါဘူး။
တော်ကမြန်မာပြည်ပြန်မဲ့ လူပါ။ဒါလဲအကြောင်းမဟုတ်ပါ
ဘူး။ တကယ်ထိခိုက်သွားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာတင်မျိုးဝင်း။ ဒေါက်တာတင်မျိုးဝင်းကဒေါ်
စုဆီဝင်ထွက်ခွင့်ဆေးကုသခွင့်တွေပိတ်သွားမှာပေါ့နဂို
ကမှဒေါက်တာတင်မျိုးဝင်းကိုပိတ်ထားလို့ ဒေါ်စုကိုဆရာဝန်ခွင့်ပြုဘို့  UN ကတောင်းဆိုနေချိန်မျိုးမှာ လူကြီးမင်းရဲ့ လုပ်ရပ်က အတော် အကျည်းတန်သွားပါ တယ်။ နိုင်ငံရေးလုပ်တယ် ဆိုတာ နက်ရှုင်းတဲ့ အတွေးခေါ်တွေရှိရတယ်။နိုင်ငံရေးနည်ဗျူးဟာတွေ ရှိရတယ်။ Website ကိုယ်ဆီ ထောင်ပြီး စစ် အစိုးရရဲ့ အတင်းအဖျင်းတွေပြောနေရေးနေကြတာဟာနိုင်ငံရေးလုပ်
နေကြတာလား? မိမိ
website ပေါ်ပြူလာဖြစ်အောင် လုပ်နေကြတာကနိုင်ငံရေးလုပ်နေကြတာလား။
ဒေါ်စုနာမည်ပါ လာတဲ့ စာတွေဆောင်ပါးတိုင်းကို publish လုပ်မယ်ဆိုရင် ဆင်ဆင်ချင်ချင် လုပ်သင့်တာမျိုးပါ။ ခု ဒေါ်စုကိုအလွဲသုံးစားလုပ်လိုက်တာနဲ့ အတူတူပါဘဲ။
ဝမ်းနည်းပါတယ်။

ဒေါက်တာလွဏ်းဆွေ said...

BellaLiberty ခင်ဗျား …

‘ဆရာဘဲလား’ ဆိုသူ၏ ဟောစာတမ်းသည် . . milenda2010@gmail.com ဟူသော အီးမေးလ်လိပ်စာဖြင့် ကျနော်၏ ဘလော့အီးမေးလ် lunswe@gmail.com သို့ သြဂုတ်လ (၂၄) ရက်နေ့ (တနင်္လာနေ့) နေ့လည် ၂း၅၉ နာရီတွင် ၀င်ရောက်လာသည့် စာမူဖြစ်ပါသည်။ news-Bella-Zaw.pdf နှင့် Bella1.pdf ဟူသော PDF ဖိုင် (၂) ခုဖြင့် ၀င်ရောက်လာသည့် စာမူဖြစ်ပါသည်။

ကျနော်၏ ဘလော့တွင် CONTACT ME ဟူသော ခေါင်းစဉ်ဖြင့် “မြန်မာ့ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ရေးအတွက် ထူးခြားဓာတ်ပုံများ၊ သတင်းများ၊ စာမူများ၊ အကြံပြုစာများ ပေးပို့လိုပါက lunswe@gmail.com သို့ ပေးပို့နိုင်ပါသည်။” ဟု ကျနော်၏ ဖိတ်ခေါ်ကမ်းလှမ်းမှုကို ဖော်ပြထားသည်မှာ ဘလော့ကို စတင်လွှင့်တင်ခဲ့စဉ်ကတည်းက ဖြစ်ပါသည်။

ထို့အတွက် ဤဟောစာတမ်းကို ဖော်ပြရခြင်းနှင့် ပတ်သက်၍ အောက်ဖော်ပြပါ အချက် (၃) ချက်ဖြင့် ရှင်းလင်းပြောကြားလိုက်ရပါသည်။

(၁) မေးလ်လိပ်စာတခုဖြင့် ကျနော်၏ ဘလော့အီးမေးလ်သို့ သီးခြားပေးပို့လာသည့် စာမူဖြစ်သဖြင့် ကာယကံရှင်အနေဖြင့် ကျနော်၏ ဘလော့တွင် ဖော်ပြစေလို၍ (ကျနော်၏ အထက်ဖော်ပြပါ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို ဖတ်ရှုမိပြီးဖြစ်၍) ပေးပို့သည်ဟု ရိုးသားစွာ ထင်မြင်ယူဆပြီး ဖော်ပြရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

(၂) ယနေ့အချိန်အခါတွင် မြန်မာပြည်သူတို့ လိုလားတောင့်တနေသည့် ဒီမိုကရေစီအရေး အပါအ၀င် မြန်မာပြည်၏ အရေးကိစ္စမှန်သမျှသည် မြန်မာပြည်သူလူထုက ယုံကြည်ကိုးစားနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အရေးကိစ္စမှန်သမျှနှင့် တဆက်တစပ်တည်းရှိနေသည်ဟု ရှုမြင်ပါသည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းတာဖြစ်မည်ကို သိရလျှင် မြန်မာပြည်သူပြည်သားအားလုံး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရမည်ဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် စိုးရိမ်စရာ (အန္တရာယ်ဖြစ်စရာ) အခြေအနေမျိုးနှင့် ကြုံကြိုက်ရမည်ဆိုလျှင်လည်း မြန်မာပြည်သူလူထုအနေနှင့် သူမအတွက် စိုးရိမ်ပူပန်စိတ်နှင့် ဆုတောင်းမေတ္တာပို့ရုံမက စိုးရိမ်စရာ (အန္တရာယ်ဖြစ်စရာ) ဖြစ်ရပ်ကို ကိုယ်ထိလက်ရောက် တားဆီး ကူညီ ကာကွယ်နိုင်ခွင့်ရပါကလည်း မြန်မာပြည်သူပြည်သားအားလုံး ၀ိုင်းဝန်းကူညီကြလိမ့်မည်ဟု မလွဲမသွေ ယုံကြည်ပါသည်။ ထိုသို့ယုံကြည်သည့်အလျောက် ဟောစာတမ်းပါ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အရေးကိစ္စများသည် မြန်မာပြည်သူပြည်သားအားလုံး၏ အရေးကိစ္စကဲ့သို့ ဖြစ်နေသည်ဟုယူဆ၍ ဒေါ်အောင်ဆန်းစုကြည်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်စရာရှိပါက ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြစေချင်သလို စိုးရိမ်စရာ (အန္တရာယ်ဖြစ်စရာ) ရှိ၍ ကြိုကြိုတင်တင် ကာကွယ်တားဆီးနိုင်သည်များ ရှိပါကလည်း ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်လုပ်ဆောင်နိုင်ကြစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဖော်ပြရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

(၃) ဒေါက်တာတင်မျိုးဝင်းအနေနှင့် ဗေဒင်ဟောပေးသည့် (စာတွင် ဖတ်ရှုရချက်အရ နအဖအကြီးအကဲဆိုသူများနှင့် ၀န်ကြီးများကိုပင် ဟောပေးခဲ့သည်ဆိုသည့်) ဆရာတဦးထံ (စာတွင် ဖတ်ရှုရချက်အရ) ဗေဒင်သွားမေးသည် ဆိုသည်မှာလည်း မည်သည့်ပြစ်မှုကိုမှ ကျူးလွန်ခြင်းမဟုတ်ဟု ရိုးသားစွာရှုမြင်သည့်အတွက် ဖော်ပြရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ

BurmaZulu said...

ဒေါက်တာလွဏ်းဆွေ အားကျွန်ပ်တို့  ပညာရှင် အဖွဲ့ စည်းတို့ ကပြင်းပြင်းထန်ထန်ရှုတ်ချ လိုက်ပါသည်၊
ဒေါက်တာဆွေသည်.... ၁. မီဒီယာ တို့ ၏စည်းကမ်း ဥပဒေ ကိုနားမလည်ခြင်း။ မီဒီယာ စည်းမစောင့်ခြင်း၊
၂. ကာယကံရှင်၏ခွင့်ပြုချက် ကိုမရယူဘဲ ကာယကံရှင်
ကခွင့်မပြုဘဲ စာမူ နှင့် သတင်းများ ခိုးသုံးခဲ့ခြင်း၊
၃. စာတစ်ပုဒ် စာမူ တစ်ခု၏ နက်ရှိုင်းမှု့  လေးနက် မှု့ နှင့်
တန်ဘိုးကိုနားမလည်ခဲ့ ခြင်း၊
၎.မီဒီယာတို့ ၏ ဂုဏ်သိက္ခာ နှင့်မညီခဲ့ ခြင်း၊
၅. e- mail တစ်ခုကရလို့  သူ့ site မှာဒီစာမူကိုသုံးရတာ
ပါတယ် လို့ ခလေးဆန်ဆန်ဖြေရှင်းကာသူက မီဒီယာအ
ဆင့်နဲ့ မီဒီယာ တို့ ဂုဏ်သိက္ခာ မရှိကြောင်းကိုသူဖာသူ
ထုတ်ဖေါ်ပြသခဲ့ ခြင်း၊
၅.အပြည်ပြည်ဆိုင် Internet ဥပဒေကိုမသိ နားမလည်
်ခြင်း။
စသည့် အချက်များကြောင့် Dr. လွဏ်းဆွေအားပညာရှင်
များကပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်ပါသည်။
တကယ် ဆို မီဒီယာ ဆိုတာ မည်သည့်စာမူ/ သတင်းကို မဆို ကာယကံရှင် ဆီကခွင့်ပြုချက်မရဘဲ သုံးခွင့်လုံးဝမရှိပါ။ BBC, RFA, VOA , DVB ,CNN စတဲ့ သတင်းဋ္ဌာန
ကြီးတွေကတောင် သူတို့ ဆီကာယကံရှင်ကိုယ်တိုင်မပို့ လာသော သတင်းဆောင်းပါးများကို လုံးဝအသုံးမပြုကြ သလို ကာယကံရှင်ကိုယ်တိုင် လိပ်စာဖုံး နံပါတ်အပြည့်နဲ့ 
ပို့ ထားခဲ့ သည့်တိုင်း သတင်းဋ္ဌာ နတွေက ကာယကံရှင်
ထံဖုံးဆက် လို့  အတည်ပြုပြီးမှ မရှင်းလင်းတာလိုအပ်
တာတွေထပ်မေးမြန်းပြီးသာအသုံးပြုကြရတာ ပါ။ ကာယကံရှင်ဆီကခွင့်ပြုချက်မပါဘဲသကြားမင်းကလှမ်း
ပို့ ပေးတဲ့ သတင်းဖြစ်နေပါစေ မီဒီယာ တို့ စောင့်စည်း
ရမဲ့ စည်းကမ်း ဥပဒေကို ဖေါက်ပျက်ပြီးဘယ်သောအခါ
အသုံးမပြုခဲ့ ကြပါဘူး၊
ဒီပြဿနာကို ကမ္ဘာ့ မီဒီယာ လောကကြီးတစ်ခုလုံးကသိ
ကြရင်လည်း လွဏ်းဆွေရဲ့  လုပ်ရပ် ကို တခဲနက်ရှုတ်ချ
ကြမှာဧကံပါဘဲ၊
မေးစရာရှိတာကဒိအပြည်ပြည်ဆိုင်ရာမီဒီယာတို့ ၏စည်း
ကမ်းကို မှ မသိနားမလည်တဲ့  Dr လွဏ်းဆွေ လို လူမျိုး
က အဘယ်မှာ နိုင်ငံရေးသမားကောင်းဖြစ်နိုင်ပါ့မလဲ?

ပညာရှင်များ၊
MyoPaing