တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
ဘာကြောင့် Jim Webb လာသလဲ
အမေရိကန်ဟာ အမေရိကန်အကျိုးစီးပွားအတွက် လာတာဖြစ်သလို နအဖဟာလည်း နအဖအကျိုးစီးပွားအ တွက် ဖိတ်လိုက်တာဖြစ်တယ်။ အဲဒီဖိတ်ကြားမှုရဲ့ ဟန်ပြကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြော ဆိုဖိအားပေးဖို့ လာသလိုလို၊ မြန်မာနိုင်ငံရဲ့ လတ်တလော အမျိုးသားပြဿနာကြီးဖြစ်တဲ့ ၂၀၁၀ အကြို ကိစ္စ တွေကို ရှင်းဖို့လာသလိုလို ဖြစ်ပုံရပေမယ့် တကယ်တမ်း ပြန်ကြည့်ပါ။ တချို့တွေ အိုဘားမားအရွေးခံရတုန်းက တကြိမ် ၀မ်းသာမျှော်လင့်ကြဖူးတယ်။ အခု Jim လာတော့တခါ မျှော်လင့်ကြတယ်။
သူ မြန်မာပြည်ကို သွားတာရဲ့ root cause နဲ့ Intention က ဘာလဲ စဉ်းစားကြည့်ကြပါစို့။ သူဟာ နအဖနိုင်ငံ ခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားမှုနဲ့လာတာဖြစ်တယ်။ သူ့ကို တွေ့ကြသူတွေက နအဖရဲ့ key players တွေ အကုန် ဖြစ်တယ်။
ကျုပ်တို့ဘကြီး ဦးသန်းရွှေကြီးကိုယ်တိုင် ထွက်လာပြီး “ဟေ့ ... ဟောဒါကတော့ .. ရွှေမန်း၊ ဟောဒါကတော့ .. မောင်အေး၊ ဟောဒါကတော့ .. ကျော်ဆန်း၊ အဲသလို တယောက်ချင်းကို ရှေ့ကလက်ဟန်ခြေဟန်နဲ့ မိတ်ဆက် ပေးပြီးတွေ့တာဖြစ်တယ်။ ၀မ်းပမ်းတသာ ပြုံးပြုံးကြီးကိုဖြစ်တယ်။ အိုဘားမားဆိုတာဟာလည်း street politics ကို ကျေညက်တဲ့သူဖြစ်တယ်။ ဇိမ်ခေါင်းနဲ့တွေ့ရင် အောက်ဈေးနဲ့ ညှိနိုင်သူဖြစ်တယ်။ လူမိုက်နဲ့တွေ့ရင် တပည့် မွေးနိုင်သူဖြစ်တယ်။ သူ တကယ်မလုပ်နိုင်တာတွေကတော့ သူ ပြောခဲ့သလိုဖြစ်တယ်။
ကမ္ဘာ့အစဉ်အလာ ပြောင်းလဲလာမှု
သူ့အကျိုးစီးပွားအတွက် သူ၊ သူ့မိသားစု၊ သူ့အသားအရောင်၊ သူ့ပါတီ၊ သူ့နိုင်ငံအတွက် သူဟာ ရေကုန်ရေခမ်း စွတ်တင်ပြီး သမိုင်းလှအောင် လုပ်မယ့်သူဖြစ်တယ် (ဆိုလိုတာ ပထမဆုံး အမဲသမ္မတဖြစ်တဲ့ သူနဲ့ သူတို့အမေရိ ကန်ရဲ့ အထွေထွေသမိုင်းနော်)။ ခု ကမ္ဘာ့ခေါင်းဆောင်နိုင်ငံကြီးတွေရဲ့ လှုပ်ရှားပြောင်းလဲမှုတွေ၊ အကွက်ရွှေ့ မှုတွေကို မျက်ခြေမပြတ်ရင် တွေးမိမှာပါ။ ကုလက အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းဆိုတာလည်း နယူး ယောက်မှာရှိတဲ့ ကုလဌာနချုပ် စားသောက်ဆိုင်တန်းက ဆူရှီသည်လောက်တောင် သြဇာရှိတာမဟုတ်ဘူး။ အဲ သလိုပြောလိုက်လို့ ဘန်ကီမွန်းကို ခေါင်းမှာ ဂျပန်စာရေးထားတဲ့ အ၀တ်ဖြူကြီးစည်းလို့ ဆူရှီလိပ်တဲ့ ဂျပန်ရိုးရာ တောသားတွေဝတ်တဲ့ ကီမိုနိုတပိုင်းနဲ့ အေပရွန်ကြီးချိတ်ပြီး ဓားတလက်နဲ့ စပ်ဖြဲဖြဲငါးလှီးနေတယ်လို့တော့ မျက် စိထဲမမြင်လိုက်ပါနဲ့။
စကားကိုပြန်ဆက်ရရင် အမေရိကန် စတော့ခ်ဈေးကွက်ရဲ့ ကပြောင်းကပြန်ဖြစ်နေမှု မတည်ငြိမ်မှု၊ ရွှေ အပါအ ၀င် အဖိုးတန်သတ္တုဈေးနှုန်း၊ လောင်စာဆီ၊ လူသုံးကုန်ပစ္စည်း၊ ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းတွေရဲ့ sector တခုခြင်းကို ပြန်ကြည့်လိုက်ရင် အမေရိကန်ဟာ ကမ္ဘာ့အလယ်မှာ အထည်ကြီးပျက်ဖြစ်နေတာဖြစ် တယ်။ အဲဒီ အထည်ကြီးပျက်ဘ၀ကနေ ငမွဲတွေကို ငွေတိုးချေး အပေါင်ခံ အမြတ်ယူတဲ့အလုပ်ကို ပါးပါးလေး ပြောင်းယူနေတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်။ သူ့မှာ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာဆိုင်ရာအရ နံပါတ်တစ်လို့ ကမ္ဘာမှာပြောလို့ ရပေမယ့် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ factors တွေက ဥရောပဘုံအဖွဲ့ရဲ့ နောက်မှာဖြစ်တယ်။
တပြိုင်နက်တည်း တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ အာဆီယံနိုင်ငံတွေရဲ့ အလုအယက် ထိုးတက်လာတဲ့ တိုးတက် မှုတွေကိုလည်း သူမြင်နေရတယ်။ ဒီတော့ အမေရိကန်မှာရှိတဲ့ ဒီမိုကရက်တစ်ပါတီရဲ့ နိုင်ငံခြားရေးရာနဲ့အတူ အမေရိကန်တောက်လျှောက်တင်လာတဲ့ လူ့အခွင့်အရေးအလံကို မသိမသာ မိတ်ကပ်လိမ်း အရောင်ပြောင်းရ တဲ့ဘ၀ကို ရောက်လာတယ်။
အာဖဂန်စစ်ပွဲဟာ အီရတ်စစ်ပွဲနဲ့ မတူပါဘူး။ အီရတ်စစ်ပွဲဟာ သဲကန္တာရထဲမှာဖြစ်တဲ့ မြေပြန့်စစ်ပွဲပါ။ အီရတ်ရဲ့ တပ်မတော်ဟောင်းဟာလည်း အာဏာရှင်ရဲ့တပ်ဖြစ်ခဲ့တယ်။ ဒီတော့ အာဏာရှင်တွေရဲ့ စစ်တပ်တွေက တပ် သားတွေဟာ တိုင်းချစ်ပြည်ချစ်စိတ်မရှိတဲ့ စိတ်ဓာတ်ပျက် တပ်မတော်ဖြစ်လေတော့ အမေရိကန်ဟာ သူ့ရဲ့ FIREPOWER ကို ကောင်းကောင်းအသုံးချပြီး ရက်ပိုင်းအတွင်း ဘဂ္ဂဒက်ကို ၀င်သိမ်းနိုင်ခဲ့တယ်။ လူ့ အခွင့်အ ရေးအလံကို အမြင့်ဆုံးလွှင့်ထားတဲ့ အမေရိကန်ဟာ သုံ့ပန်းတွေကို လိင်စိတ္တဇဝေဒနာသည်ဆန်တဲ့ လုပ်ရပ် တွေနဲ့ အဆိုးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အီရတ်ပြည်သူလူထု အသိဆုံးပါ။
သို့သော် အာဖဂန်ရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထားနဲ့ အာဖဂန်လွတ်မြောက်ရေးသမားတွေရဲ့ ရပ်တည်မှုက အီရတ်နဲ့မတူပါဘူး။ ဒီတော့ အမေရိကန်တပ်မတော်ဟာ အာဖဂန်မှာ ခုထိ လက်နက်အင်အား၊ နည်းပညာအင် အားသာသော်လည်း နှာခေါင်းကျည်ပွေ့ တွေ့နေတုန်းဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာ အီရတ်မှာ ပြန်ထကြွ လာကြတဲ့ ဘာသာရေးအလံထူထားတဲ့ ခုခံတော်လှန်သူအင်အားစုတွေဟာလည်း နေ့စဉ်နဲ့အမျှ အားကောင်း လာသလို နည်းဗျူဟာလည်း ကြွယ်ဝလာတာ တွေ့ရပါတယ်။ အမေရိကန်တပ်မတော် အီရတ်က အကုန်ပြန် ဆုတ်ပြီး လေးနှစ်အတွင်း ပြည်တွင်းစစ်ကြီးတခု ထပ်ဖြစ်လာနိုင်ပါတယ်။ အာဖဂန်ပြဿနာနဲ့ အီရတ်ပြဿနာ ကို အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးပါတီကြီးနှစ်ခုလုံး ကောင်းကောင်းသိပါတယ်။ သူတို့သုံးခဲ့တဲ့ စစ်စရိတ်တွေနဲ့ အမေရိကန်ဟာ အထည်ကြီးပျက် ဖြစ်လာရတာလည်း တကြောင်းအပါအ၀င်ဖြစ်ပါတယ်။
တရုတ်၊ ကုလား၊ အိုဘားမားနှင့် အမေရိကန်ပေါ်လစီ
ဒီတော့ အမေရိကန်က အိုဘားမားရုံးအဖွဲ့ဟာ နအဖနဲ့ အင်မတန် ပတ်သက်စကားပြောချင်နေကြတာ ဖြစ်ပါ တယ်။ မြန်မာ့သယံဇာတနဲ့ လူသားအရင်းအမြစ်ဟာ အမေရိကန်လိုနိုင်ငံအတွက် ကြီးကြီးမားမားမက်လောက် စရာမရှိပေမယ့် ဒေသန္တရဆိုင်ရာ မဟာဗျူဟာမြောက်မှုကို ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတွေမှာ မြန်မာနိုင် ငံက ပိုင်ဆိုင်ထားပါတယ်။
ကမ္ဘာ့ရေပြင်ကြီးကို ပြိုင်ဖက်မရှိ လွှမ်းမိုးထားနိုင်တဲ့ အမေရိကန်ဟာ မြန်မာနိုင်ငံလို တိုင်းပြည်ကို မွေးစားခွင့်ရ လိုက်ရင် သူ့ရဲ့အဆင့်နေရာနဲ့ သြဇာလွှမ်းမိုးမှုကို ပိုချဲ့ထွင်လာနိုင်မှာဖြစ်သလို တရုတ်နဲ့ အိန္ဒယိကိုလည်း အ ချိန်မရွေး လှမ်းထောက်ထားလို့ရတဲ့ အနေအထားဖြစ်ပါတယ်။
တဘက်က တရုတ်ဟာ ကွန်မြူနစ်ပျက်နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အမျိုးသားဆိုရှယ်လစ်လမ်းကိုသွားနေတဲ့ နိုင် ငံတနိုင်ငံဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီဦးဆောင်တဲ့ လူရိုက်၊ ထမီရုတ်၊ ဇိမ်ခန်းထောင်၊ လူမိုက်မွေး၊ ပစ္စည်း သိမ်း၊ လောင်းကစားရုံထောင်တဲ့ မဟာဗျူဟာကြီးတွေနဲ့ စစ်အာဏာရှင်နိုင်ငံငယ်လေးတွေမှာ အလကားမတ် တင်းနဲ့ သွေးစုတ်နေတဲ့ တရုတ်နိုင်ငံဖြစ်ပါတယ်။
တရုတ်ဘက်က ပြန်မေးစရာတွေ ရှိလာပါလိမ့်မယ်။ ဒါဆို တခြား ထိုင်းတို့ အိန္ဒိယတို့က ၀င်ပြီးအမြတ်ထုတ်တာ ကျတော့ အိုကေတယ်ပေါ့ ဟလား .. ဟု မေးလာနိုင်ပါတယ်။ မအိုကေပါဘူး။ သို့သော် ကွန်မြူနစ်အလံထူထား တဲ့ တော်လှန်တဲ့ပါတီတရပ် ဦးဆောင်နေတယ်ဆိုတဲ့ နိုင်ငံဟာတော့ အဲသလောက် အောက်တန်းမကျသင့်ပါ ဘူးဆိုတဲ့အမြင်နဲ့ ဆွေးနွေးတာဖြစ်ပါတယ်။
စကားကို ပြန်ပြီး အစသတ်ရမယ်ဆိုရင် Jim လာတာဟာလည်း သူ့အကျိုးစီးပွားအတွက်ဖြစ်တယ်။ မြောက်ကို ရီးယားကိစ္စအတွက် မြန်မာစစ်တပ်ကို တဖက်လှည့်နဲ့သုံးပြီး ထောက်လှမ်းရေးအချက်အလက်တွေ လာယူတာ ပဲဖြစ်တယ်။ တဖက်က ယက်တောကို ပြန်ခေါ်သွားနိုင်တယ်ဆိုတဲ့ သံတမန်ရေးအောင်မြင်မှုကို အကြောင်းပြ တာလည်းဖြစ်တယ်။ ဒါဟာလည်း stereotype ပါပဲ။ impress ဖြစ်လောက်စရာမရှိပါဘူး ။ ဆက်ရက်တောင်ပံ ကျိုးက စောင့်နေတုန်း ကြောင်ခံတွင်းပျက်က ရောက်လာတဲ့သဘောပါပဲ။
အကျဉ်းချုပ် အချက်အလက်အနည်းငယ်ကို ဆွေးနွေးပါမယ်။ မိတ်ဆွေများလည်း မပျင်းအောင် ကျနော်လည်း လက်မညောင်းအောင်ပေါ့။
စကားကို ဆက်ရမယ်ဆိုရင် ဒေသဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုတွေ အစပျိုးဖို့အတွက်လာတဲ့ သံခင်းတမန် ခင်းလည်းဖြစ်တယ်။ ၂၀၁၀ရွေးကောက်ပွဲကို မြန်မာပြည်သူလူထုကြီးကလွဲလို့ တကမ္ဘာလုံးက ကိုယ်ကျိုးစီးပွား ကိုပဲကြည့်တဲ့ နိုင်ငံတိုင်းက အဆင်ပြေစေချင်ပါတယ်။ ဖြစ်မြောက်စေချင်ပါတယ်။ နအဖစစ်အာဏာရှင် ထာဝ ရ မြန်မာနိုင်ငံမှာ တည်ရှိအနိုင်ကျင့်နေတာ သူတို့အတွက် ပြဿနာမဟုတ်ပါဘူး။ အဲဒီပြဿနာက ကျနော်တို့ မြန်မာပြည်သူပြည်သားတွေအတွက်သာ ဖြစ်ပါတယ်။ သူတို့အတွက်ကတော့ ဘာဖြစ်ဖြစ် ဒီမိုကရေစီမျက်နှာ ဖုံးစွပ်ထားတဲ့ အသင်းအဖွဲ့ဆိုရင် နောက်မှာ မာဖီးယားပဲ ရှိနေရှိနေ သူတို့အနေနဲ့ အသိအမှတ်ပြု ဆက်ဆံအ မြတ်ထုတ်မှာဖြစ်ပါတယ်။ တောင်အမေရိက နိုင်ငံတနိုင်ငံမှာ အစိုးရကို ပြန်ဆန့်ကျင်တဲ့ သူပုန်တွေကို အမေရိ ကန်က အထူးတပ်ဖွဲ့တွေပို့ပေးပြီး ကူခဲ့ဖူးပါတယ်။
ရွာလုံးကျွတ်ကိုလည်း မီးရှို့သတ်ခဲ့တာတွေရှိပါတယ်။ အမေရိကန်ဆိုတာဟာ တကယ်တော့ သူတို့ဟာသူတို့ လူ့အခွင့်အရေးအလံထူပြီး ကမ္ဘာပတ် ရမ်းနေတဲ့ လူယဉ်ကျေးဝတ်စုံထဲက မာဖီးယားနိုင်ငံပဲဖြစ်ပါတယ်။
ဒီတော့ သူတို့အမေရိကန်ဟာ တရုတ်တွေလိုပဲ သူတို့တိုင်းပြည်အတွက် ကမ္ဘာ့မြေပုံပေါ်က တက္ကဆက်အရွယ် အစားလောက် မြန်မာပြည်လေးမှာ ဆင်းရဲမွဲတေစုတ်ပြတ်နေတာတွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နဲ့တကွ အားလုံးသော ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ အဲသဟာတွေကို တကယ်တမ်း သူတို့ရဲ့ algorithm မှာ ထည့်တွက်ထားတာ မဟုတ်ဘူး ဒီတော့ သူ့အလုပ်သူလာလုပ်ပြီး သူ့အကျိုးစီးပွားအ တွက် အပြန်အလှန် အာမခံချက်တွေပေးဖို့လာတာ ယူဖို့လာတာပဲဖြစ်ပါတယ်။
ပန်းတိုင်မပျောက်ရေး
ကျနော်တို့ မြန်မာလူမျိုးများလည်း မျှော်ရပေါင်းများလို့ လည်ပင်းညောင်ရေအိုးတွေ ဖြစ်နေကြပါပြီ။ မမျှော်ပါနဲ့၊ အမေရိကန်လာသွားပြီး သူ့လူသူ ခေါ်ထုတ်သွားလို့လည်း ဒေါသမဖြစ်ပါနဲ့။ သူ့ကိစ္စ သူလုပ်တာပါ ။ ကျနော်တို့ ကိစ္စကတော့ စစ်အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်မယ့် ကိစ္စမှန်သမျှကို ဆန့်ကျင်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်နိုင်သလောက် ဆန့်ကျင်သွားကြဖို့ပါပဲ။
၂၀၁၀ မဖြစ်ဘူး မပြောနိုင်သလို ဖြစ်မယ်လည်း တထစ်ချ မပြောနိုင်ပါဘူး။ ခုလောလောဆယ်မှာ မြန်မာ့မြေပုံ ကို မြင်ယောင်ကြည့်ပါ။ မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်အာဏာရှင်အစိုးရကြားမှာ တင်းမာနေပါတယ်။ အဲဒီတင်းမာ မှုကို နအဖဟာ ယာယီအနေနဲ့ ပြန်လျှော့ဖို့ကြိုးစားမှာပါ။ ရဟန်းသံဃာတွေဟာ ခုဆိုရင် ဒေါ်အောင်ဆန်းစု ကြည် အဘ ဦးတင်ဦးတို့နဲ့မခြား သူတို့သီတင်းသုံးတဲ့ ကျောင်းသင်္ခန်းတွေမှာ အနှစ်သာရအရ အကျယ်ချုပ်ကျ နေကြတာဖြစ်ပါတယ်။ အကျယ်ချုပ်ကျနေတဲ့ ရဟန်းသံဃာပေါင်း လေးသိန်းကျော်ရှိပါတယ်။ တပ်မတော်ကို စိတ်ပျက်ပြီး လတ်တလောအခြေအနေတွေ ဆုံးပါတော့လို့ ဆုတောင်းနေကြတဲ့ တပ်မတော်ကအရာရှိအရာခံ အကြပ်တပ်သားတွေဟာလည်း သိန်းနဲ့ချီရှိပါတယ်။
အလယ်တန်းကနေ တက္ကသိုလ်အထိ တက်နေတဲ့ ကျောင်းသားကျောင်းသူပေါင်း သန်းချီရှိပါတယ်။ နအဖစစ် အာဏာရှင်ကို မကြောက်ချင်တော့တဲ့ အဲဒီဘ၀ဆိုးကြီးကို ခါးသီးနေတဲ့ ပြည်သူလူထုတွေက လေးဆယ့်ကိုး သန်းခွဲလောက်ရှိပါတယ်။ ကျန်တဲ့ နအဖနဲ့ ပတ်သက်ပြီး အဆင်ပြေနေတဲ့သူတွေ၊ နအဖ အမာခံတွေကလွဲလို့ တကယ်တမ်းက အားလုံးသော အသက်ရှင်ရပ်တည်နေသူအပေါင်းက စစ်အာဏာရှင်စနစ်ဆိုးကြီးကို မလိုချင် တော့ပါဘူး။
ထိုလူထုကြီးနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှိနေသေးတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ ထောင်ထဲမှာ ထည့်ထားခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေပါသေးတယ်။ မူလတန်းအဆင့် ဓာတု ဗေဒစကားနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့မှာ အောက်ဆီဂျင်တွေ ရှိနေသလို ဟိုက်ဒြိုဂျင်တွေလည်း ရှိနေပါ တယ်။
မှန်ကန်အချိုးညီတဲ့ ပေါင်းစပ်ချက်နဲ့သာ ပေါင်းစပ်လိုက်ရင် အင်မတန်ကြီးမားတဲ့ မိုးသက်မုန်တိုင်းနဲ့ ပင်လယ် ကြီးတွေ နေ့ချင်းညချင်းဖြစ်လာပြီး အဲဒီကတဆင့် ကြီးမားတဲ့ ဆူနာမီလှိုင်းလုံးကြီးတွေနဲ့ စစ်အာဏာရှင်စနစ် ကို ဖြိုဖျက်ရှင်းလင်းပစ်နိုင်မှာ ဖြစ်ပါတယ်။
အတိုက်အခံဆိုသည် ...
နောက်ဆုံးတခုဆွေးနွေးချင်တာကတော့ ထိုင်းနယ်စပ်နဲ့တကွ နိုင်ငံတကာမှာရောက်ရှိနေကြတဲ့  ဆရာသမား များက ကိုယ့်ကိုယ်ကိုယ် အတိုက်အခံ အတိုက်အခံဆိုတဲ့ အသုံးအနှုန်းတွေကို လှိုင်လှိုင်သုံးနေသလို သတင်း ဌာနတွေကလည်း အတိုက်အခံဆိုတဲ့ စကားကို သုံးနေတာတွေ့ရပါတယ်။ ဘယ်ပုံဘယ်နည်းနဲ့ အတိုက်အခံလို့ အသိအမှတ်ပြုပြီး သုံးလာကြသလဲဆိုတာတော့ ကာယကံရှင်တွေပဲသိမှာဖြစ်ပါတယ်။ NLD အတွက်လည်း အတိုက်အခံ မရှိသေးပါဘူး ။ ပြည်ပက လူတွေအနေနဲ့လည်း အတိုက်အခံဆိုတာ တကယ်တော့မဟုတ်လှပါ ဘူး။နအဖဟာလည်း လွှတ်တော်မှာ တရားဝင် လူထုရွေးကောက်တင်မြှောက်မှုနဲ့ အာဏာရထားတဲ့ တရားဝင် အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ အတိုက်အခံဆိုတာ လွှတ်တော်တွင်း ဟိုဘက်ခြမ်းဒီဘက်ခြမ်း ထိုင်ပြီး မူတခု ပေါ်လစီတခုအပေါ်မှာ နိုင်ငံတော်ဆိုင်ရာ အရေးအရာတခုပေါ်မှာ ကိုယ်ယုံကြည်ရာ ကိုယ်ကိုင်စွဲရာ ပေါ်လစီ အတွက် ရပ်တည်ဆွေးနွေးပြီး ကိုယ့်မူ ကိုယ့်ပေါ်လစီကို အာမခံသူတွေကို ခေါ်ပါတယ်။
အတိုက်အခံရော အာဏာရပါတီရောဟာ တနည်းတဖုံ လူထုကို သူ့  အဓိပ္ပါယ်နဲ့သူ ကိုယ်စားပြုပါတယ်။ နှစ် (၂၀) ဆိုတဲ့ ကာလအတိုင်းအတာကလေးက ပကတိအဖြစ်မှန်တွေကို မှုန်ဝါးသွားလောက်အောင် မစွမ်းနိုင်ပါ ဘူး။ Illusions တွေကို မျက်စိမှိတ်ပြီး ဒါဟာတော့ reality ပဲလို့ လူထုကို ၀ိုင်းညာဖို့ မကြိုးစားသင့်ပါဘူး။ ညာ နေကြတာကိုလည်း လူထုက စိတ်ပျက်လက်ပျက်နဲ့ ရွံရှာတဲ့ မျက်လုံးတွေနဲ့ စောင့်ကြည့်နေတာပါ။
တကယ့်အနေအထားမှာက ကျနော်တို့ တိုင်းပြည်ရဲ့အရေးအရာမှာ အတိုက်အခံဆိုတဲ့ ဝေါဟာရကို သုံးဖို့ရာ တော်တော်ဂွကျပါတယ်။ NLD ပါတီဟာ ပြည်သူလူထုကို ခုထိ ကိုယ်စားပြုနေတုန်းဖြစ်သလို နအဖဟာလည်း ခုအထိ ပြည်သူလူထုကို အဓမ္မ နိုင်ထက်စီးနင်းပြုလုပ်နေတဲ့ အင်အားစုဖြစ်ပါတယ်။ ပြည်ပနဲ့နယ်စပ်ကိုရောက် လာကြတဲ့သူတွေဟာလည်း စစ်အာဏာရှင်ကို တနည်းတဖုံ ဆန့်ကျင်နေကြတဲ့ ဆန့်ကျင်ရေးသမားတွေဖြစ်ပါ တယ်။
တော်လှန်ရေးသမားလား၊ အတိုက်အခံလား၊ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိကြတော့တဲ့အခါ အတွေးအခေါ် ရှုပ်သွားတဲ့အခါ နအဖဆီက သနားသမှုနဲ့ ပေးများပေးလာမလားဆိုတဲ့ ကုလားထိုင်ကို မျှော်တော်မူတဲ့ စိတ် ဓာတ်တွေဟာ အဲဒီကနေလည်း တနည်းအားဖြင့် ဖြစ်တည်လာပါတယ်။
ပြည်သူလူထုတရပ်လုံး အတွေးအခေါ်ရှင်းအောင် ပြောရမယ်ဆိုရင်ဖြင့် နအဖ စစ်အာဏာရှင်လား၊ နအဖ စစ် အာဏာရှင်ရဲ့ အကိုင်းအခက်လား၊ နအဖ စစ်အာဏာရှင်နဲ့ အခြေအနေတခုကို အတူဖန်တီးယူနေကြသူတွေ လားဆိုတာနဲ့ ဒီဖက်က ဆရာများလည်း ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေးသမားလား၊ နိုင်ငံရေးအမှတ်တံဆိပ် တပ်ထားတဲ့ ကော်ပိုရေးရှင်းပိုင်ရှင်တွေလား၊ နအဖစစ်အာဏာရှင်နဲ့ ဝေစားမျှစားအတွက် သွားရေတမြားမြား ကျ အမြီးနှန့် တအီအီအသံပေး ခေါင်းကလေးတွေကို တိုးဝှေ့ပွတ်သပ်ပြီး ထိပ်ပုတ်ခေါင်းပုတ်ခံရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားနေသူတွေလား ဆိုတာကိုတော့ ပြန်ဆန်းစစ်ကြဖို့ နောက်မကျသေးဘူးဆိုတာ အသိပေး ရင်း ကျနော့်ဆွေးနွေးချက်ကို ဒီမျှနဲ့ ဆယ်မိနစ်စာ ဆွေးနွေးပြီး နိဂုန်းချုပ်လိုက်ပါတယ်။ ပြောရမယ် ပြင်ရမယ် တွက်ချက်ကြမယ်ဆိုရင်တော့ ကုန်နိုင်ဖွယ်မရှိသလို ဆက်လက်ပြီးတော့လည်း လုပ်ဆောင်သွားကြရမှာဖြစ်ပါ တယ်။
တုတ်ကြီး(ခေတ္တ-တာဝတိံသာ)
မှတ်ချက် ။ ။ အသည်းဘ၀င်က ဆဲချင်လှသော်လည်း မိတ်ဆွေများ၏ စိတ်အနေအထား ညှိုးလျော်မည်စိုးသ ဖြင့် မိုးပေါ်ကိုသာမော့ကြည့်ရင်း သီချင်းတပုဒ်ဖြင့် နားရင်းအုပ်ချင်စိတ်အားဖျောက်ထားကာ ထောက်ထားညှာ တာမှုအနည်းငယ်ဖြင့် အနှီဆောင်းပါးအား ရေးသားလိုက်ပါသည်။
Monday, August 17, 2009
ယဉ်ယဉ်လေး ပြောရမယ်ဆိုရင်တော့ဗျာ ဟောဒီမှာ ... ကလေးမဟုတ် အတွေး ရှုပ်တော့ ...
Subscribe to:
Post Comments (Atom)
8 comments:
Rite I support it.
ကြိုက်တယ်။ ဗိုလ်တုတ်ကြီး။
I`ve support it , too !
Thanks.
The Burmese gotta take Burmese Mindset, Burmese Culture &Traditions and Burmese Genes that themselves had destroyed Burma so far into consideration. Whoever comes in Power, it'll finally lead to more & more military coups. Without Solid & Reliable Constitution, the majority of the Burmese will always be struggling with Poverty as Corruptions and Injustice will be practiced to well in Burma as ever. It's also not much likely to have a Solid, Credible and Reliable Constitution because the majority of the Burmese has Burmese Supremacy and the Genes of the Burmese ain't that nice and strong enough to practice fairness & justice. As long as Burmese minded people are getting involved in Burmese Politics, they are still heading towards hell..alive.. None of the good things as well as Prosperity are reserved for the Burmese Minded Burmese who self-proclaimed that they are struggling for the Democracy as well as Army Thugs. People underestimated Burmese Mindset, Culture, Traditions and Impure Genes which is the Primary source of chaos and disasters of Pre and Post British Occupancy so it's just Doom on them ahead.. Sorry about Burma..
May God bless Burma..
မေရိကန်၊တရုတ်.......စတဲ့နိုင်ငံတွေနဲ့  နအဖ၊ပြည်ပရောက်နိုင်ငံရေးလုပ်သူတွေလည်းဘယ်သူမှာမကောင်းဘူး ကောင်းတာတခုမှာ
မရှိဘူးဆိုလိုထားတယ်။
ဘယ်လိုလုပ်ရင် ရနိုင်မလဲ ကောင်းမယ် ဆိုတာမတွေ့ ရဘူး ။
Dear Sayar,
I am your fan and followed your works since the days of the Cupid Magazine. Your revolutionary views and sharp critics on the pro-democracy movements are truly intriguing. Your bold comments deserve acknowledgement and not many Burmese have the guts to make such stands.
However, some of your views, calculations and estimates are, if I may say, far from the reality. Some are good propaganda, more or less like the publishing of the SPDC, but far from the truth nevertheless.
If the numbers of antigovernment people that you have calculated in this post are correct the SPDC would have been thrown down by this time. Yes, there are a great number of people who dislike the SPDC for various reasons but they are not active, united or politically enlighten.
More seriously, your opinions, on the global politic has surprised me. Well, it is not a secret that you are affiliated to the left but that wouldn’t justify the fact that your statements are imprudent. Do you sincerely believe that war in Iraq is easy compare to the war in Afghanistan? Do you really think the fighters from Afghanistan have higher moral?! And your comments on war crimes in Iraq! I was hoping you would be a more responsible and more informed author.
And it is naïve and needless to say that President Obama will protect and preserve the US interests. Of course he would, that is the whole purpose of his office.
And statements like “သူ တကယ်မလုပ်နိုင်တာတွေကတော့ သူ ပြောခဲ့သလိုဖြစ်တယ်” put you in the same category as ကပ္ပိယကံကောင်း I am sorry to say this but it is a fact. A self respecting author would never write like that.
Worse then this, look at the following sentence “အမေရိကန်ဟာ ကမ္ဘာ့အလယ်မှာ အထည်ကြီးပျက်ဖြစ်နေတာဖြစ် တယ်” This is mere stupidity. US economy still is the world’s strongest and this is a fact. (I am not pro-US but such blunders are disgraceful.)
စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ factors တွေက ဥရောပဘုံအဖွဲ့ရဲ့ နောက်မှာဖြစ်တယ်။ Phews! Please read more, that is all I can say.(May be လူမှုရေးဆိုင်ရာ factors is an exception.)
လူ့အခွင့်အရေးအလံကို မသိမသာ မိတ်ကပ်လိမ်း အရောင်ပြောင်းရ တဲ့ဘ၀ကို ရောက်လာတယ်။ If I had seen this in any other places I would think this is another work of ကပ္ပိယကံကောင်း Anybody who follow politics would know that President Obama is pragmatic. He is not an idealist. His policies will not be blunt like his predecessor. But I sincerely believe the human right banner is never flown higher in any other administration. (This doesn’t necessarily mean that US standard of human rights are perfect, and US is the best or blah blah blah.)
Well, Sayar, perhaps I was expecting too much from you. Or may be corruptions and crookedness of the border region has eroded you. Or you are just producing cheap propagandas. Or may be I am just crazy.
Cheers!
Dear William,
I never intend to answer any comment at all, not because I do not respect the readers, but rather kept quiet and buried myself in my work.
1)I never submitted my articles and satires to Cupid magazine.
2) I do not know layperson Mr. lucky.
3) My calculation is based on the population of the Burma. and my question is "Do you think the majority of the population in Burma love to live under military boots? "
4) One of the articles; Regarding Obama read this please -> http://online.wsj.com/article/SB10001424052970204683204574354383543314054.html?mod=googlenews_wsj
5)About American Economic, If you are trading in US market, European Market, Forex, Commodities, Crude oil, Future, Gold and metals, Tech sectors, then you will know.
6) European Union as a whole, you can compare with US.I did not say French, England or so and so.
7)One old movie called " Casualty of War" produced by Hollywood was one of the many examples for their human rights record, wheresoever you can dig online and gather data about their human rights record, if you want to know in depth.
8) " But I sincerely believe the human right banner is never flown higher in any other administration" It is what you said in your comment,do start your searching on google or go to near by library and get the clips of several speeches of US presidents who fought wars and now Mr. Obama's.
9) One of a few examples; Read this please.. for war crimes in Iraq http://www.commondreams.org/headline/2009/05/15-3
10) I neither believe nor support Afghan War( of either side)but I know one thing for sure that Afghan are not fighting in US soil.
11) I am just a patriot who loves his country so much as you do love our country, and I wishfully believe that we are in the same boat.
12)You should not underestimate and look down pure and simple freedom fighters from Burmese border areas, not all of them are crooked liars. For me I don't mind your comment upon my writing and my personal life, because "I don't care..!".But you seemed to be an innocent and curious man.
My humble request, before you comment on something, think deeply first, because they are giving their lives for what they believe and it is to change our country's fate in grateful way.
13) I do not seriously think you are a crazy man, and I am not trying to preach my doctrinal sermon,I just want our people, our Army, our ethnic minorities
see what really is going on from my point of view.They can have their own opinions as well.
14) I neither hate nor love Mr. Than Shwe or any individual from any organisations, I just wrote what I should write as a dutiful
citizen of Burma.
Lastly,as a grown, matured and honest person, I reply your comment because I respect your discussion and I consider that it is worthwhile to straighten out your perspective.More importantly, I welcome and appreciate your participation as a reader.
For the record, I do not hate America.I love all human beings. We all are the family; living and struggling in this small planet called Earth.
With Metta,
Tote Kyi (Tar Wa Tain Thar)
Post a Comment