Wednesday, July 29, 2009

ပြည်သူတွေအနေနဲ့ ဒါတွေလုပ်စရာလား

မြင့်သိန်းကြူး

သမိုင်းတခေတ်ပြောင်းတယ်ဆိုတာ တဦးကောင်းတယောက်ကောင်း အစွမ်းကြောင့် မဟုတ်ပါဘူး။ ပြောင်းလို သူ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကြလို့ပါ။ လူထုအားကို ထိန်းကျောင်းမောင်းနှင်တဲ့ ဦးစီးပဲ့ကိုင်တော့ လိုတာ ပေါ့။ လူထုအုံကြွမှုတွေ (မအောင်မြင်သေးဘဲ) ပြီးဆုံးသွားတဲ့အခါမှာတော့ ပြည်သူတွေအနေနဲ့ ဦးစီးပဲ့ကိုင် ခေါင်းဆောင်တွေရဲ့ လုပ်ရပ်အပေါ်မှာချည်း တည်မှီမနေဘဲ တဦးချင်းစီ စွမ်းဆောင်နိုင်သလောက် မတရားတဲ့ အုပ်ချုပ်မှုကို ဆက်လက်ဆန့်ကျင်နေရပါမယ်။ ခေါင်းဆောင်ပိုင်းရဲ့ လုပ်ရပ်လို သိသာထင်ရှားမှ၊ အဖမ်းခံရမှ ဆန့်ကျင်တယ်လို့ ယူဆလို့မရပါဘူး။ အုပ်ချုပ်မှုယန္တရားကို ထိခိုက်စေပြီး ကိုယ့်ကိုယ်ကိုယ်လည်း အန္တရာယ်မ ဖြစ်စေတဲ့ နည်းတွေနဲ့ ဆန့်ကျင်နိုင်ပါတယ်။

စစ်အစိုးရရဲ့ လုပ်ငန်းစဉ် မအောင်မြင်အောင် သူတို့နဲ့ ပူးပေါင်းပါဝင်ပတ်သက်ခြင်းမရှိဘဲ နေရပါမယ်။ သူတို့ လုပ်ငန်းစဉ်ကို အားပေးထောက်ခံခြင်းလည်း မပြုဘူးဆိုရင် လည်ပတ်နေတဲ့ နအဖရဲ့ ယန္တရား အရှိန်လျော့စေ မှာ အမှန်ပါပဲ။ ဘယ်သူ့အပေါ်မှ တာဝန်ပုံချပေးတာမဟုတ်ဘဲ့ တဦးချင်း မျှဝေဆောင်ရွက်တဲ့ သဘောပါ။ ထိ ခိုက်နာကျင် မှုမရှိသလို လုပ်ကိုင်ရတာလည်း အပန်းမကြီးပါဘူး။


လူထုအုံကြွမှုတခုဟာ ဖြစ်ပေါ်ဖို့ ခဲယဉ်းသလို ဖြစ်လာခဲ့ရင်လည်း အစိုးရအပြောင်းအလဲ ဖြစ်နိုင်လောက်တဲ့အ ထိ အစွမ်းထက်ပါတယ်။ ဒါက တခြားနိုင်ငံတွေမှာပါ။ ကျနော်တို့နိုင်ငံမှာတော့ လူထုအုံကြွမှုဟာ အသေအ ပျောက်ကို ဖြစ်စေပြီး ရွေးကောက်ပွဲရလဒ်ဟာ အဖမ်းအဆီးအချုပ်အနှောင်ပဲ ဖြစ်နေပါသေးတယ်။ အပြီးသတ် အောင်ပွဲခံမှုအထိ မပို့ဆောင်နိုင်သေးပါဘူး။ တချို့ကတော့ ဒီလိုဖြစ်ရတာဟာ အရွေးကောက်ခံ ပုဂ္ဂိုလ်တွေရဲ့ လိုအပ်ချက်လို့ယူဆပြီး တချို့ကတော့ စစ်အစိုးရရဲ့ ညစ်ပတ်ယုတ်မာမှုလို့ ယူဆကြပါတယ်။ ဘာကြောင့်ပဲဖြစ် ဖြစ် အဆုံးအဖြတ်ပေးတဲ့အထိရောက်အောင် လူထုအနေနဲ့ ဆက်လက်ဆန့်ကျင် တိုက်ပွဲဝင်နေဖို့ လိုအပ်ပါ တယ်။

အရေးအခင်းပြီးတဲ့နောက် သွေးအေးမသွားဖို့ နအဖရဲ့ အသုံးချခံဖြစ်မသွားဖို့၊ သူတို့ခိုင်းတိုင်းမလုပ်ဖို့၊ မတရား တဲ့ အမိန့်ကို တတ်နိုင်သမျှ မနာခံဖို့၊ သူတို့လုပ်ငန်းစဉ်ကို အားပေးသလို မဖြစ်စေဖို့ လိုအပ်ပါတယ်။ ဒီကိစ္စက တော့ ပြည်သူတွေရဲ့ အသိဉာဏ်အဆင့်အတန်းနဲ့ သက်ဆိုင်သလို အတိုက်အခံအင်အားစုတွေရဲ့ ထဲထဲဝင်ဝင် စည်းရုံးနိုင်မှုနဲ့လည်း ပတ်သက်တယ်လို့ယူဆပါတယ်။ ဒါပေမယ့် တခါတရံ ကျနော်တို့လူမျိုးတွေဟာ (ဗိုလ်ချုပ် ပြောခဲ့သလို တလွဲဆံပင်ကောင်းနေကြတယ်) လို့ဆိုရင် (လူထုက တာဝန်ကျေပါတယ်) လို့ ပြောတဲ့ လူထု ဘက်သားတွေက ကြိုက်ကြလိမ့်မယ်မဟုတ်ဘူး။ ကျနော်လည်း လူထုထဲက တယောက်ပါ။

ပြည်သူတွေ ဒီမိုကရေလိုချင်တယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီတကယ်ရနိုင်တဲ့ အကျင့်စရ ဏမျိုးကောရှိရဲ့လား ဆိုတာတော့ ဆန်းစစ်ဖို့ လိုနေပါတယ်။ ဟိုတလောက ခေတ်ပျက်သူဌေးကြီးတွေပိုင်တဲ့ ဘောလုံးအသင်းပြိုင်ပွဲတွေ ကျင်းပတယ်။ ဗိုလ်သန်းရွှေ သဘောကျ တည်ထောင်ခိုင်းပြီး ကျင်းပရတဲ့ပွဲလည်း ဖြစ်သတဲ့။ ဖိုင်နယ်ပွဲဖြစ်တဲ့ ရန်ကုန်အသင်းနဲ့ မန္တလေးသင်း ကစားတဲ့နေ့မှာ တီဗွီမှာ ခဏမြင်လိုက်ရတာက ပရိ သတ်အတုရော အစစ်ရောဟာ ကွင်းလုံးပြည့်လို့ ထင်မိတယ်။ တီဗွီကြည့် ဘောပွဲပရိသတ်ရဲ့ ဂိုးဝင်တဲ့အခါ အော်လိုက်တဲ့ အသံကလည်း ဘ၀ဂ်ညံသွားတယ် ဆိုတာမျိုးပဲ။

အောင်ပွဲရ ရတနာပုံအသင်းကို ကြိုဆိုကြတဲ့သတင်း၊ ဂုဏ်ပြုဖို့အတွက် ငွေကောက်ခံတဲ့သတင်း၊ ရယကလူ ကြီးတွေ အမြတ်ထုတ်ကြတယ်ဆိုတဲ့ သတင်းတွေကြားနေရပါတယ်။ ဒီသတင်းတွေကို website တွေမှာလည်း တွေ့နေရပါတယ်။ ဒီသတင်းအဖြစ်အပျက်တွေဟာ နအဖ နားခံတွင်းတွေ့စရာတွေပါ။ ဒါမျိုးဖြစ်စရာလား။ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းက အသင်းကို အားပေးတယ်ဆိုပေမယ့် ဒီလိုဘောလုံးသင်း၊ ဘောလုံးပွဲဟာ ဘယ်လို နည်းနဲ့ ဘာ့ကြောင့်ဖြစ်လာရသလဲဆိုတာ သိကြသားပဲမဟုတ်လား။ ရန်သူအားပေး၊ သူခိုးဓားရိုးကမ်း၊ အဆိပ် ပင်ရေလောင်းဆိုတာ ဒါမျိုးကို ဆိုတာပါ။ ခါးစီးပြီးခံနေရတဲ့ ကိုယ့်ဒုက္ခ္ခကိုကျတော့ မေ့နေကြတယ်။

ဒါနဲ့အလားတူ အဖြစ်အပျက်တွေအများကြီးပါ။ ကိစ္စကြီးငယ်မဟူ နအဖလုပ်ရပ်မှန်သမျှ မပူးပေါင်းဘဲ ဆန့်ကျင် နေမှသာ စစ်အစိုးရယန္တရားကို ဖြိုဖျက်ရာရောက်မှာပါ။ လမ်းပေါ်ထွက်စရာမလိုဘဲ အသေခံစရာမလိုဘဲ လွယ် လွယ်နဲ့ ဆန့်ကျင်လို့ရနိုင်တဲ့ ဒီလိုကိစ္စမျိုးမှာတောင် “ပြည်သူတွေဘာလဲ ဘယ်လဲ” လို့ မေးစရာဖြစ်နေပါတယ်။ ယောင်တောင်ပေါင်တောင်တွေ ဖြစ်နေတုန်းပဲ ရှိကြသေးတယ်။ လူထုအုံမှုကြွဖြစ်ရုံလေးနဲ့ လူထုတာဝန်ကျေပြီ ဆိုရင် “ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဦးမှာပဲ။ ပန်းတိုင်မရောက်မချင်း လူမသိသူမသိ တော်လှန်ဆန့်ကျင်နေရ မှာပါ။ မီးတောက်ငြိမ်းသွားပေမယ့် မီးကျည်းနဲ့ တငွေ့ငွေ့ လောင်နေရမှာပါ။ ဒါမှသာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်ပါ။

အခုတော့ အချို့သူများဟာ ဘာသာရေးအကြောင်းပြလိုက်၊ ဓလေ့ထုံးစံ အကြောင်းပြလိုက်၊ အားကစား အ ကြောင်းပြလိုက်နဲ့ နအဖဆင်တဲ့ ခွင်ထဲဝင်နေပြီး နအဖ ရထားတွဲကို တွန်းပေးသလိုဖြစ်နေတယ်။

ဒီမိုကရေစီတကယ်လိုချင်တဲ့ ပြည်သူတွေ ဒါမျိုးတွေ လုပ်စရာလား …။

မြင့်သိန်းကြူး

17 comments:

santun said...

သိပ်ကောင်းတဲ့အချက်ပါ၊ ကျွန်တော်ပြောချင်နေတာကြာပြီ၊ ဆောင်းပါးရှင်ရေးတာတွေကိုသဘောတူပါတယ်၊ ဒေါ်စုပြောခဲ့တဲ့ " မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ " ဆိုတာမလုပ်နိုင်သေးတာတောင်အစိုးရလုပ်သမျှ ကိုမပူးပေါင်မးပါဝင်ဖို့တော့အနဲဆုံးလှုပ်ရှားသင့်တယ်၊ တစ်ဦးတစ်ယောက်ချင်းအသိစိတ်ဓါတ်နဲ့ကိုယ့်ဖာသာလုပ်ကြရမှာပါ၊
မြန်မာပြည်မလွတ်လပ်တာဟာ၊ NLDနဲ့ဒေါ်စုညံလို့လဲမဟုတ်ဘူး၊
နအဖတော်လွန်းဖိနှိပ်တတ်လွန်းလို့လဲမဟုတ်ဘူး၊ လူထုက အစိုးရကိုတကယ်မဆန့်ကျင်သေးလို့၊(မဆန့်ကျင်ရဲသေးလို့)ပါ၊ လမ်းပေါ်ထွက်ပြီးပေါက်ကွဲမှဆန့်ကျင်တာမဟုတ်ပါ၊ မတရားမှု့တွေကိုဖီဆန်ပါ၊ ကြောက်ပေမဲ့ကြောက်ကြောက်နဲ့ပဲလုပ်သင့်တာလုပ်ပါ၊
တရားတာကိုလုပ်ပါ၊ မြန်မာတွေဒီလိုသတ္တိရှိရှိလုပ်ပြီး လွတ်လပ်မှု့နဲ့ထိုက်တန်တဲ့
လူထုဖြစ်ကြောင်းပြသင့်တယ်၊

Dr.Nay Oo (Burma) said...

ကိုမြင့်သိန်းကြူးရေ

ဒီဆောင်းပါးကိုတော့ အပြည့်အ၀ ထောက်ခံပါတယ်။
ကောက်ရိုးမီးမျိုး၊ ဆော်ဒါလစ်မနစ်ပုလင်း ဖေါက်သလိုမျိုး လို့ အပြောလဲ ခံခဲ့ရဖူးပါရဲ့၊ ဗိုလ်ချုပ်ပြောသလို အဲဒီ အကျင့်မျိုးတွေက ဗမာ့စရိုက်လို့တောင်ပြောရမလားပဲ။

“ အုပ်ချုပ်မှုယန္တရားကို ထိခိုက်စေပြီး ကိုယ့်ကိုယ်ကိုယ်လည်း အန္တရာယ်မ ဖြစ်စေတဲ့ နည်းတွေနဲ့ ဆန့်ကျင်နိုင်ပါတယ်။ ”

အဲဒီနည်းလမ်းတွေကို အသေးစိတ် ချပြပြီး လှုံ့ဆော် ပေးဖို့လိုပါတယ်။ အရင်တုံးကတော့ လူထုအံတုမှု နည်းလမ်းတွေ အဖြစ် ပေါ်ထွက်လာဖူးပါတယ်။ အဲဒီနည်းလမ်းတွေကို ကိုယ့်တိုင်းပြည်နဲ့ ဆီလျော်သလို ကျင့်သုံးလုပ်ဆောင်သွားဖို့ ပြည်သူတရပ်လုံးကို မီဒီယာ အားလုံးက အရှိန် အဟုန်နဲ့ တစိုက်မတ်မတ် လုပ်ဆောင် သွားဖို့ လိုနေပါပြီ။ ရေတို လုပ်ငန်းစဉ် ၂၀၁၀ မတိုင်မီ မကပဲ၊ စစ်အာဏာရှင် စံနစ်ဆိုး အမြစ်တွယ် ရှင်သန်နေသမျှ ရေရှည် ကျင့်သုံးသွားရမယ့် တိုက်ပွဲ ဗျုဟာ ပါ။ လူတိုင်း ကိုယ့်အသိစိတ်ဓါတ်နဲ့ အန္တရယ် မကျရောက်အောင် သိုသိုသိပ်သိပ် လုပ်ဆောင်ရပါမယ်။ အသိအမှတ်ပြု ထုတ်ဖေါ် ချီးကျုးမှု မခံရပေမဲ့ ကိုယ်ဘယ်လောက် ထိရောက်အောင် လုပ်နိုင်သလဲ၊ ကိုယ်လိုလူမျိုး ဘယ်နှစ်ယောက် ပါဝင်လာသလဲ အပေါ်မူတည်ပြီး ထိထိရောက်ရောက်ဖြစ်အောင် တိုက်နိုင်ပါတယ်။

အပြောတွေတင်မကပဲ “ စ ” ကြရအောင်လား။ “ ချ ” ကြရအောင်လားဗျာ။ လူတိုင်းလူတိုင်း စစ်ကျွန်မခံချင် သူတိုင်း ပါဝင်နိုင်တာကို အဓိက ထား စည်းရုံးကြရမယ်။

ဒေါ်စုကိုယ်တိုင်တောင် တက္ကသိုလ်ကျောင်းသူဘ၀က ပန်းသီးဝယ်စားမလိုလုပ်တော့ သူငယ်ချင်းနိုင်ငံခြားသူ တယောက်က အဲဒီပန်းသီးကို ၀ယ်မစားပါနဲ့ဆိုတော့ ဘာကြောင့်လဲမေးကြည့်ခဲ့တယ်။ အဲဒီပန်းသီးက တောင်အာဖရိက နိုင်ငံက ထွက်တာလို့ တံဆိပ်ပါတယ်။ အဲဒီနိုင်ငံက လူလူချင်း အသားအရောင်ခွဲခြား နှိမ့်ချ ဆက်ဆံတာမို့ အားမပေးသင့်ဘူးလို့ ပြောပြလို့ သူကိုယ် တိုင် နိုင်ငံရေး အသိတိုးခဲ့ရတယ်လို့ပြောခဲ့ဖူးတယ်။

ဘောလုံးပွဲလည်း သိနေတာပဲဗျာ။ ကိုယ်ထိ လက်ရောက် အားမပေးသင့်ပါဘူး။ နောက်ဆုံးမနေနိုင်ရင်တောင် တီဗီက တိတ်တိတ် ဆိတ်ဆိတ် ကြည့်ကြပေါ့။

Zarrti said...

မှန်ပါတယ်၊ ဒီလိုလုပ်ဖို့ အများကြီး ပြည်သူကို ပညာပေး စည်းရုံးရပါလိမ့်မယ်။ ဒီလုပ်ငန်းအောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။ ဆန့်ကျင်သည့်လုပ်ရပ်မဟုတ်ပဲ မလုပ်ပဲနေသည် ဟုပြောနိုင်ပါတယ်။

Myo Win Zaw said...

မှန်တယ်ဗျာ နအဖကို တော်လှန်ရာမှာ အသေးအဖွဲ အာဏာရှင်လုပ်တဲ့ ဘောလုံးပွဲကိုတောင် အားမပေးသင့်ဘူး မြန်မာ့လက်ရွေးစင်အသင်း အာဆီယံမှာကန်ရင်တောင် ပြိုင်ဘက်တခြားအသင်း ကိုအားပေးသင့်တယ် အာဏာရှင်လက်ထပ် ဖလားရတယ် ဆိုတဲ့ ဟာမျိုးတောင်ဆန့်ကျင်ရမယ် တဦးကောင်းတဖွဲ့ကောင်းလုပ်လို့ နိုင်ငံပြောင်းလဲရင် အဲဒီတစ်ဦး တစ်ဖွဲ့ကို ကျေးဇူးတင်နေရမယ် ဖြစ်သလို အဲဒီတစ်ဦးတစ်ဖွဲ့ လွမ်းမိုးမှုကိုလည်း နှစ်အတော်ကြာခံနေရမှာဖြစ်တယ် နအဖလို့ ဆိုးရွားတဲ့ အာဏာရှင်မျိုးမဖြစ်တောင် semi dictatorship သဘောဖြစ်နေလိမ့်မယ် အဲလိုမဖြစ်အောင် ပြည်သူအာလုံး ပြောင်းလဲမှု ကို အမှန်တကယ်လိုနေရင် လိုခြင်ရင် အားလုံးပါဝင်ကြမှဖြစ်မယ် လမ်းပေါ်ထွက်မှ ဆန္ဒပြတာမဟုတ်ဘူး အာဏာရှင်လုပ်တဲ့ ပွဲတွေသပိတ်မှောက် အကယ်ဒမီပေးပွဲကအစ ဘောလုံးပွဲ ထီးတင်ပွဲ စတိတ်ရှိုးအဆုံး သပိတ်မှောက်ပါ တယောက်မသွားရင် အဲဒီတယောက် ဟာ တထီးတည်းဖြစ်နေမယ် ဒုက်ခရောက်သွားမယ် အားလုံး တညီတညွှတ်တည်းမသွားရင် အားလုံးကိုတော့ မဖမ်းနိုင်ဘူး

Anonymous said...

Do not underestimate the Myanmar people. They will not pay their blood and lives for communists. RED and YELLOW color remind them itself stay away from communists.

Communist Party of Britain flag
www.crwflags.com/fotw/Flags/gb%7Dcommp.html

New Communist Party of Yugoslavia (Serbia and Montenegro) flag
www.crwflags.com/fotw/Flags/gb%7Dcommp.html

North Koren Workers Party flag
http://flagspot.net/flags/kp%7D.html

German Communist Party (Germany)
http://flagspot.net/flags/de%7Ddkp.html

Communist Party of Burma flag
http://www.fotw.net/flags/mm%7D.html

National League for Democracy (NLD) flag
http://www.fotw.net/flags/mm%7D.html

Anonymous said...

An open letter dated 5-Jul-1989 was sent to U Tin Oo and Daw Aung San Suu Kyi from Thakin Soe wherein was written that "Our party (Communist Party) had committed great wrong Party during 1947 - 1970 and so had the responsibility to repay the debt of the wrong to the state, that our party had used head-on confrontation all the time, laying it out among the masses in all aspects such as philosophical, ideological, organizational and practical aspects, and that our party's "ideological and practical errors," physical, verbal and mental head-on confrontation and violent actions should well be taken as lessons by the National League for Democracy led by Daw Aung San Suu Kyi.

He said they were apprehensive that Daw Aung San Suu Kyi and NLD Party would commit the same mistakes as they themselves had made in 1946-48.

sway120 said...

To Anti,
What a load of crap!
The Article was talking about ways to revolt against the Fascist Na-A-Pha and yet you are insanely link between the communist party and NLD. You are a delusional.
It seems that some people in Burma did not realize the fact that the more they cheer in those kind of events the deeper they are descending into the trap laid out by the fascist goons.

Unknown said...

နအဖလုပ်တဲ့ ပွဲတွေကို အားပေးတဲ့၊ သင်္ကြန်တွေ ပွဲလမ်းသဘင်တွေ၊ စတိတ်ရှိုးတွေ၊ ဘောလုံးပွဲတွေမှာ ကဲနေကြတဲ့ နန့်ကြောဆွဲပြည်သူဆိုတာ တကယ်တော့ အနည်းစုပါ။ သန်း (၅၀) နီးပါးသော ပြည်သူအားလုံးကတော့ နအဖကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်နေကြတာပါပဲ။ ပြည်သူဆိုပြီး လုံးမတုပ်ဘဲ ခွဲပြောရင် ကောင်းမယ်။ နန့်ကြောဆွဲပြည်သူလို့ သီးသန့်သုံးနှုန်းရင် ပိုကောင်းမယ် ကိုမြင့်သိန်းကြူး။

monk said...

ဒေါ်အောင်ဆန်းစုကြည် မေးခဲ့တဲ့ ပြည်သူတွေကရောဘာလုပ်နေလဲဆိုတဲ့ စကားကို ပိုပြီး ခိုင်အောင် ရပ်ခံ အတည်ပြုချင်တာ
တစ်ခုထဲနဲ့တော့ပြည်သူလူထုကိုမစော်ကားသင့်ပါဘူး။

မြန်မာပြည်မှာ သန်းပေါင်းငါးဆယ်
ကျော်တဲ့ပြည်သူလူထု ကြီး နေထိုင်ပါတယ်။ သန်းပေါင်းငါးဆယ်မှာ ဘောလုံးကွင်း ထဲ ခြေချနိုင်တာ တစ်သန်းမရှိပါဘူး။


ဂျင်းရှပ်ရဲ့ အလုံးတွေနဲ့ စစ်ဖိနပ်အောက်က
ပြည်သူ တွေကို ပြည်သူတွေက ရော ဘာလဲ ဘယ်လဲ လို့ မေး နေတဲ့ သူတွေဟာ အင်မတန် မှ
အရှက်မဲ့ တဲ့ သူတွေဖြစ်တယ်။


ပြည်သူလူထုကို စော်ကားတာဖြစ်တယ်။
ပြည်သူလူထု ကို စော်ကားတဲ့ သူတွေဟာ ဘယ်သူပဲဖြစ်ဖြစ် ကျဆုံးရမှာအမှန်ပဲ။


နအဖ ရဲ့ နှစ်ပေါင်းနှစ်ဆယ် စာရိတ္တ ဖြို ဖျက်မှု ဒဏ်ရာဒဏ်ချက်နဲ့တကွ ၊ ငတ်မွတ်ခေါင်းပါးမှု၊ ကိုယ့်ဘ၀ကိုယ် သုံးနပ် စာ
လောက်ငှဖို့ မျက်ပြူးဆံပြာလုပ်နေရတဲ့ပြည်သူလူထုကို ခုလို ဗြောင်စော်ကားလိုက်သူဟာ သူကိုယ်တိုင်ရော၊ သူ့  အဖွဲ့ အစည်းရော ၊
သူ့ ယုံကြည်ချက်ဆိုတာရောဟာ ၊ ပြည်သူလူထု အတွက်အလုပ်အကြွေးပြုဖို့ ဆိုတာ တကယ်လား အဟုတ်လား ၊ အတည်လား ၊ အမှန်အကန်လားလို့ တောင် မှ ပြန် ဆန်းစစ်စရာဖြစ်လာပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းက ဘာပြောခဲ့တယ် ၊ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောခဲ့တယ် ၊ ဆိုတာတွေကို ကိုးကားပြီးတော့ လူထု ကို ခြေကန်စော်ကားမယ်ဆိုရင်တော့၊ ခင်ဗျားတို့ လောက် ဆိုးရွားတဲ့  နိုင်ငံရေးသမား တွေ ကိုရှာမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမှာ နအဖ ရဲ့ တပ်မတော် အမတ်တွေကိုပဲ
တွေ့ ရတော့မှာဖြစ်တယ်။


လူထု ကို အားမရ တဲ့ ခင်ဗျားတို့ ကရော ၊ ဘာတွေ လူထု အားရ အောင် ၊ လူထု က ယုံကြည် အောင် ၊ လူထု တရပ်လုံး က မျက်စိမှိတ် ရင်ကော့ ပြီး အသက်ပေးရအောင် ဘာတွေ များ ပြည်သူလူထု အတွက် ၊ တိုင်းပြည်အတွက် ၊
ဒီမိုကရေစီနဲ့တရားမျှတမှုအတွက်လုပ်နေကြလို့ လဲ ၊ မဲဆောက်မှာ မူး ပြီး နိုင်ငံရေးစကားပြောတာ ဘောင်မ၀င်ဘူး ။

နိုင်ငံခြား တိုင်းပြည်တပြည်က ၊ အိပ်ကောင်းခြင်းစားကောင်းခြင်းနဲ့ အာဘောင်အာရင်းသန်နေတာ ဘောင်မ၀င်ဘူး ။


ဒီတော့ ပြည်သူလူထုကို အပြစ်တင်မယ် လက်ညှိုးထိုးမယ် ၊ ဟေ့ မင်းတို့ ဘာမှ မလုပ်ဘူးလား ဆိုပြီး ပြစ်တင်မာန်မဲ ဆရာလုပ်နေမယ်ဆိုရင်တော့ ခင်ဗျားတို့ လို နိုင်ငံရေးသမားတွေ ဘယ်တော့မှ တိုင်းပြည်ကို ဒီမိုကရေစီရအောင်ဆောင်ရွက်နိုင်မှာမဟုတ်ဘူး ။


လူထု ကို ထပ်ပြီးတော့ စော်ကားလာရင်တော့ ၊ လူထုဖက်က ရပ်တည်ပြီး ရေးသား မယ့်သူတွေလဲ အများကြီးပါ။ ဘယ်သူ့ ကိုမှ မကိုးကွယ်ပဲ ၊ တိုင်းပြည်ကို ဒီမိုကရေစီ ရစေလိုတဲ့ စိတ်ရင်းနဲ့ 
အခြေအနေအချိန်အခါ ရင့်မှည့်လာမှုကို စောင့်နေသူတွေ ဖန်တီးယူနေသူတွေအများကြီးပါ။


တခုတော့ရှိတာပေါ့ဗျာ၊ ခင်ဗျားဟာ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တယောက် ဖြစ်ခဲ့ပြီး
လူထုက ခင်ဗျားတို့ ဦးဆောင်မှုနောက်မှာ မပါရကောင်းလား ဆိုတဲ့  ဒေါမနသဖြစ်နေတဲ့ သူဆိုရင်တော့ ၊ လူထု သည် လဒူ မဟုတ်ပါ၊ လူထု သည် ခိုင်မာသည့် ယုံကြည်ရသည့် တဦးတယောက်ကောင်းမဟုတ်သည့် ၊ လက်တွေ့ ကျကာ အာမများသည့် စုပေါင်းဦးဆောင်မှု ဖြင့် အကောင်အထည်ဖော်မည့် ခေါင်းဆောင်မှုတခု နောက်တွင် သာ ရဲရဲစွန့်လွှတ်ပါလိမ့်မည်။

လူထုကြီးမှာ အင်မတန် ပြည့်ဝတဲ့အတွေ့ အကြုံတွေရှိပြီးဖြစ်ပါသည်။

ဒီတော့ ပြည်သူလူထု ထဲက အပျော်အပါးလိုက်နိုင်တဲ့ရေပေါ်ဆီ လူ့ အလွှာဟာ ငါးသန်း မပြည့်ပါဘူး ဆယ်ရာခိုင်နှုန်းမပြည့်ပါဘူး၊ .၃၅ ရာခိုင်နှုန်းလောက် က ပျော်နိုင်ပါးနိုင် နေတာကို ကြည့်ပြီး ပြည်သူလူထု ကြီးဘာလုပ်နေသလဲလို့ .. ပြည်သူဘာလဲ ဘယ်လဲ လို့ မေးရင်ဖြင့် ဖြေခဲ့လိုက်ပါမယ် ။


ပြည်သူ သည်...
ဒီလူ နှင့် ဒီလူ၏ စကားများထက်
လက်တွေ့ ကျကျ ဘ၀ကို ဖြတ်သန်းနေရသည့်
မချောင်လည်သည့် လူစုလူဝေးကြီးဖြစ်ပါသဖြင့်....။

ပြည်သူလူထုကိုစော်ကားသူ မည်သူမဆို အော်တို ငုတ်တုတ်ကျဆုံးကြရသည်... မှတ်လော့ ကိုရင် ။

မဆုမွန် said...

အော်.....
ဖြစ်မှ ဖြစ်ရလေ..တရားကျဖို့ကောင်းလိုက်တာ
လက်ညိုးထိုးစရာ လူကုန်တော့
လက်ညိုးကတော့ နောက်ဆုံး ပြည်သူတွေဘက်ကို ပဲ ပြန်လှည့်နေပါတော့လား..

ကုန်ပြီလား တရားခံစာရင်း ပြုစုနေတာ.

နင့်ကြောင့် နင့်ကြောင့် နင့်ကြောင့်ဆိုပြီး တန်းစီ အရပ်ရှစ်မျက်နှာလှည့်ပြီး လက်ညိုးထိုးနေတဲ့လူတွေကို

အင်္ဂုလိမာလသာရှိရင် ဖြတ်စရာ လက်ညိုးပေါင်းတစ်ထောင် စက္ကန့်ပိုင်းနဲ့ တင် အပြီး ရှာလို့ရမယ်ထင်ပါရဲ့ .

အမူတွဲတွေ လိုက်ချိတ်တာ နောက်ဆုံး သန်းငါးဆယ်သော ပြည်သူတွေပါ အကုန်ပါပြီပေါ့...

Win said...

မြင့်သိန်းကြူး လိုလူမျိုးတွေသာ အစိုးရဖြစ်ရင်တော့ မလွယ်ဘူး ထင်တယ်ဗျို့ ကိုယ်မြင်တဲ့ရှုထောင့်လေးတစ်ခု ထဲကနေပြီး တလောကလုံးကို ဒုက်ခပေးလိုက်မယ့်ဖြစ်ခြင်း.........

Win said...
This comment has been removed by the author.
Anonymous said...

The whole country seen the video of Burma Communists Party’s Politburo meeting (10 September 1988) in Myanmar TV around 2nd week of November 1989. Ba Thein Tin, Chairman of the Burma Communists Party said "99% of the slogans are those our party has provided them.”Our intention is to get into this parallel government the revolutionary essence both as a parallel government and temporary government. We must make our slogans carry revolutionary essence. In order to do so, it is to be based on the ways and means of forming a temporary government." "

Since then hey learnt about the dirty tricks and realized that “Why don’t we pay our lives for an unlawful Burma Communists Party”.

Don't expect people to come out to the streets for revolutions. They will choose the Government in 2010 election instead.

Anti-Burma

Unknown said...

ကျုပ်တို့ပြည်သူတွေကို စေတနာနဲ့ အခုလိုလမ်းညွှန်အ
သိပေးတဲ့အတွက် ဆောင်းပါးရှင်ကို အထူးဘဲကျေးဇူး
တင်ပါတယ်။ အန္တရာယ်ကင်းစွာနဲ့ နအဖ ကိုဘယ်လိုဆန့်
ကျင်နိုင်တယ်ဆိုတာ ကျုပ်တို့ ပြည်သူတွေသိဖို့လိုအပ်နေ
တယ်။
ရှစ်လေးလုံး တုန်းကလို ပြည်သူတွေညီညီညွတ်ညွတ် သတ္တိ ရှိရှိနဲ့ လမ်းပေါ်ထွက်ဆန္ဒပြလိုက်ရင် နအဖတော့
ဆင်းပေးရမှာဘဲ လို့ထင်နေတဲ့သူတွေကိုပြောချင်တာက
တော့..." တခြားနည်းလမ်း ရွေးကြပါအုန်းဗျို့....။"

Dr.Nay Oo (Burma) said...

အင်း ..... ရေးရရင်တော့ အရှည်ကြီး ဖြစ်တော့မှာပဲ။
Don't expect people to come out to the streets for revolutions. They will choose the Government in 2010 election instead.

Anti-Burma
ဒီသဘောထားမှတ်ချက်ကို ဖတ်ရရင် အဝေးကပင် မြင်နိုင်ပါတယ် ဆိုတာမျိုးမို့ Burma ကို Anti ပြုနေသူကို နားလည်နိုင်ပါတယ်။

ဆောင်းပါးရှင်ကတော့ “ ဒီမိုကရေစီတကယ်လိုချင်တဲ့ ပြည်သူတွေ ဒါမျိုးတွေ လုပ်စရာလား ” လို့မေးလိုက်တာပါ။
ပြည်သူတရပ်လုံးကို တရားခံ စွပ်စွဲပြီး အပြစ်တင် ကြိမ်းမောင်းနေတယ်လို့ မထင်မိပါဘူး။ ကြိမ်းမောင်းပြစ်တင်၊ စွပ်စွဲနေရအောင်လဲ သူကဘာမို့လို့လဲ။
တခုခုကိုမှတ်ချက်ပေး ဝေဖန်ရင်လဲ စေတနာရင်းကို အဓိကကြည့်ပြီး ဆိုလိုရင်းကို လမ်းမလွဲအောင် ဝေဖန် အကြံပေးတာ ပိုကောင်းမယ်ထင်ပါတယ်။
ကျွန်တော်ကတော့ “ ဘယ်သူ့ကြောင့် ” ဆိုပြီး အရပ် ရှစ်မျက်နှာလှည့်ပြီး လက်ညိုးထိုးဖို့ ဆိုတာထက်၊ အမိနိုင်ငံ အနာဂတ်အတွက် အစဉ်ရတက်မအေး ဖြစ်နေမိသူမို့ “ ဘာလုပ်ကြရမလဲ ”ဆိုတာကို တွေးတော ကြံဆရင်း မှတ်ချက်ပြုလိုက်တာပါ။
လက်ရှိအနေအထားမှာတော့ ပြည်သူအများစုအတွက် ထွက်ပေါက်ဆိုတာ လုံးဝ ပျောက်နေပါတယ်။
ဦးဝင်းတင်ပြောခဲ့သလို ဖေါက်ထွက်ဖို့ကိုသာ ရွေးစရာရှိပါတော့တယ်။
ဘယ်သူ့ကိုမှ အားကိုးအားထားစရာ တွေ့နိုင်မှာ မဟုတ်ပါ။ဘန်ကီမွန်း၊ဂမ်ဘာရီ၊( ကုလသမဂ္ဂ) ဗီဇာမရရင် လာတောင် မလာနိုင်ဘူးဗျ။
အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာဆီယံ ဟောရင်းသာ ပျံတော်မူမယ်၊ ဆန်ဖြူတခွက် ထွက်လာမှာ မဟုတ်ပါ။
တိုင်းရင်းသား လက်နက်ကိုင်အင်အားစု ( ငြိမ်း၊မငြိမ်း )
ကိုယ့်အဖွဲ့အစည်း ရပ်တည်နိုင်ရေးအတွက် အနိုင်နိုင် နိုင်ငံရေးလမ်းစဉ်တောင် မကိုင်နိုင်ဘူးဗျာ။
အဓိက နိုင်ငံရေးပါတီ၊ အင်န်အယ်ဒီ၊ ဆိုင်းဘုတ်တောင် မတင်နိုင်၊ ရုံးခန်းတွေမှာ ချိပ်ပိတ်ထားလို့ ဖုန်တသောသောလှိုင်။ ခေါင်းဆောင်မှု အပြောင်းအလွဲမကိုင်နိုင်၊ ခွင့်ပြုချက်ကို စေါင့်ကာထိုင်။ အဖိအနှိပ်၊အထုအထောင်း သောင်းသောင်းရယ်ညံ ဗြောင်းဗြောင်းရယ်ဆန်သော်လည်း ဘယ်ပြည်သူမှ မကူရဲ၊ မတွဲရဲ။ မထူရဲ၊မဆွဲရဲ။ ကဲ ဘယ်လိုလုပ်မှာလဲ ။
တခါ ဖီဒယ်ရားမို့စ်လို ကူမယ်လားလို့ တပ်ထဲကိုမျှော် ငေးကြည့်လိုက်ပြန်တော့ (တပ်တော်ဦးဆီမော်၊ မျှော်ကြည့်လိုက်ပြန်တော့) သေနပ်ကိုင်တဲ့သူ၊ ဖိနပ်မပါရင် ချောင်းကို အသာထား၊ မြောင်းကိုပင် မကူးရဲ၊ သူလဲ ဆူးစူးမှာ ကြောက်နေသလို။
အတ္တာဟိ၊ အတ္တနော၊ နာထော။ မိမိကိုယ်သာ အားထား လုပ်နိုင်တာကို ပါးပါးလေးကစ၊ များများအစုအဝေးနဲ့ ကြွနိုင်တဲ့အထိ အများထု တသင်းညီရင်ဖြင့် အားစုတသင်း၊သံဃာ၊ ဘုရားတောင် မလွန်ဆန်နိုင်တာမို့၊ ဒီလိုနည်းနဲ့ဖေါက်ထွက် ပြည်မြန်မာ လွတ်လမ်းအတွက် အဖြေတချက် ရတန်ကောင်း ကြံကောင်းကြံရာ၊ ကြံစည်မိတယ်ဗျာ။

Dr.Nay Oo (Burma) said...

ကျွန်တော့် အတွေးနဲ့ အပ်စပ်မိတာက

“ စစ်အစိုးရရဲ့ လုပ်ငန်းစဉ် မအောင်မြင်အောင် သူတို့နဲ့ ပူးပေါင်းပါဝင်ပတ်သက်ခြင်းမရှိဘဲ နေရပါမယ်။ သူတို့လုပ်ငန်းစဉ်ကို အားပေးထောက်ခံခြင်းလည်း မပြုဘူးဆိုရင် လည်ပတ်နေတဲ့ နအဖရဲ့ ယန္တရား အရှိန်လျော့စေ မှာ အမှန်ပါပဲ။ ဘယ်သူ့အပေါ်မှ တာဝန်ပုံချပေးတာမဟုတ်ဘဲ့ တဦးချင်း မျှဝေဆောင်ရွက်တဲ့ သဘောပါ။ ထိ ခိုက်နာကျင် မှုမရှိသလို လုပ်ကိုင်ရတာလည်း အပန်းမကြီးပါဘူး။ ”

အဲသလိုတင်မက စစ်အာဏာရှင် အစိုးရရဲ့ ယန္တယားတခုလုံး ယိုယွင်းပျက်ဆီး ရပ်တန့် ဆန့်တငံ့ငံ့ ဖြစ်အောင်အထိ ရည်ရွယ်နှောက့်ယှက် ဟန့်တားရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ အတွက် ၀န်ဆောင်မှုတွေ ကိုတော့ အတတ်နိုင်ဆုံး အထိအခိုက် နည်းအောင်လဲ သတိပြု လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

“ ဂျင်းရှပ်ရဲ့ အလုံးတွေနဲ့ စစ်ဖိနပ်အောက်က
ပြည်သူ တွေကို ပြည်သူတွေက ရော ဘာလဲ ဘယ်လဲ လို့ မေး နေတဲ့ သူတွေဟာ အင်မတန် မှ
အရှက်မဲ့ တဲ့ သူတွေဖြစ်တယ်။ ”

ဟုတ်ကဲ့ ကျွန်တော်ကတော့ မရှက်ပါဘူးခင်ဗျ။ စစ်ဖိနပ် အောက်က ပြည်သူတွေကို ဒီစစ်ကျွန် ဆိုတဲ့ ၀ဋ်ကြွေးက ဘယ်လိုရုန်းထွက်ရအောင်လို့ အကြံပြု ဆွေးနွေးနေတာ ဖြစ်လို့ပါ။ ပြည်သူရဲ့ အခန်းကဏ္ဍကို အလေးမမူ၊ မကိုးစားရင်၊ ပစ်ပယ်မယ်ဆိုရင် ဒီလို အကြံပြု ဆွေးနွေးနေမှာ မဟုတ်ပါဘူး။
ဒါနဲ့ စကားမစပ် ဘာမှမဟုတ်တဲ့{ none} က ပြည်သူတွေဖက်က နာသလိုလိုရှိပေမဲ့ ဘာမှ အကြံပြု လမ်းညွှန်တာ မတွေ့မိဘူးဗျ။ ဘာတဲ့
“ ဘယ်သူ့ ကိုမှ မကိုးကွယ်ပဲ ၊ တိုင်းပြည်ကို ဒီမိုကရေစီ ရစေလိုတဲ့ စိတ်ရင်းနဲ့ 
အခြေအနေအချိန်အခါ ရင့်မှည့်လာမှုကို စောင့်နေသူတွေ ဖန်တီးယူနေသူတွေအများကြီးပါ။ ”
ဘာတွေများ ဘယ်လိုဖန်တီးနေတာ မသိရပေမဲ့ (ထိပ်တန်းလျှို့ဝှက်မို့လား) အများကြီး လေးစားမိသလို ကျွန်တော်ပြောနေတာလဲ ဒီဟာနဲ့ တလိုင်းထဲလို့များ မစဉ်းစားမိဘူးလားဗျာ။ အဲ ထိုင်စေါင့်နေလို့တော့ ကြွေကျလာမှာမဟုတ်ဘူးဗျ။ ဒီမိုကရေစီ သစ်သီးတွေ အဲသလိုများ ကြွေကျလာတတ်ရင် ကျုပ်တို့ကတော့ နေသာသပ လေညာက၊ ခင်ဗျားပြောသလို တနေ့ သုံးနပ်စားပြီး ဒူးကလေးနှံ့ စေါင့်မှာပေါဗျာ။ ပြောပြောက စောရောပေါ့။ သိပ်တော့လဲ စေါင့်ရတာ မကြာစေနဲ့ပေါ့ဗျာ။ ဘယ်နည်းမှန်း မသိရပေမဲ့ ကျွန်တော်တို့ စေါင့်ခဲ့ရတာ နှစ်၂၀ နီးနေပြီဆိုတာတော့ သတိလေးများ ထားစေချင်ပါရဲ့။
တကယ်တော့ ပြည်သူအများစုဟာ တနေ့ကို သုံးနပ် ဆိုတာထက် ၂ နပ်ကိုတောင် လူလူသူသူ စားရဖို့ ခက်နေပါပြီ။ တနပ်ကနေ နောက်တနပ်ကို ရင်တလေးလေးနဲ့ ကသီလင်တ အသက်ဆက် နေရတာပါ။
ကိုယ့်ပြည်အရေး၊ ရင်မလေးတတ်ရင်၊ခင်ဗျားပြောသလို

“ နိုင်ငံခြား တိုင်းပြည်တပြည်က ၊ အိပ်ကောင်းခြင်းစားကောင်းခြင်းနဲ့ အာဘောင်အာရင်းသန်နေတာ ဘောင်မ၀င်ဘူး ။”

ဆိုသလိုအာဘောင်အာရင်းသန်နေစရာ မရှိပါဘူး။ ကိုယ်က ဘယ် ပရိုပိုဇယ်၊ ဘယ်စပွန်ဆာရဲ့ အပေးအကမ်းနဲ့ ရပ်တည်နေတာမှ မဟုတ်ပဲ။ မျိုးချစ်စိတ် အစစ်အမှန် ဆိုတာ အိပ်ကောင်းခြင်း၊စားကောင်းခြင်း နဲ့ လားလားမှ မပတ်သက်ဘူးဆိုတာ နိုင်ငံတကာမှာ ကိုယ့်ဒူးကိုယ်ချွန် လုပ်ကိုင်နေထိုင်သူတွေ အများကြီးပါ။ သူတို့တွေ အကုန်လုံး အာဘောင်အာရင်းမသန်ကြပေမဲ့ ကိုယ့်နိုင်ငံအရေး ဖတ်မိ၊တွေ့မိ၊တွေးမိတိုင်း ရင်မှာမချိနိုင်ကြသူတွေပါပဲ။ နိုင်ငံရေးလုပ်စားတဲ့သူ က အနည်းစုပါဗျာ။
နောက်တခု မရှင်းတာက၊ဘာမဟုတ် ညာမဟုတ်ရေးတဲ့

“တခုတော့ရှိတာပေါ့ဗျာ၊ ခင်ဗျားဟာ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တယောက် ဖြစ်ခဲ့ပြီး
လူထုက ခင်ဗျားတို့ ဦးဆောင်မှုနောက်မှာ မပါရကောင်းလား ဆိုတဲ့  ဒေါမနသဖြစ်နေတဲ့ သူဆိုရင်တော့ ၊ လူထု သည် လဒူ မဟုတ်ပါ၊ လူထု သည် ခိုင်မာသည့် ယုံကြည်ရသည့် တဦးတယောက်ကောင်းမဟုတ်သည့် ၊ လက်တွေ့ ကျကာ အာမများသည့် စုပေါင်းဦးဆောင်မှု ဖြင့် အကောင်အထည်ဖော်မည့် ခေါင်းဆောင်မှုတခု နောက်တွင် သာ ရဲရဲစွန့်လွှတ်ပါလိမ့်မည်။ ” ဆိုတာ

ဘာကိုများရည်ညွှန်းပါသလဲ ? Anti-Burma လို
၂၀၁၀ လွတ်လပ်မျှတသော ရွေးကောက်ပွဲကြီးဖြင့် ခိုင်မာသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကြီးအရ ဖေါ်ဆောင်သွားမည့် စည်းကမ်းရှိသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကိုများ ဖေါ်ညွှန်းနေတာလား။

“ ပြည်သူဘာလဲ ဘယ်လဲ လို့ မေးရင်ဖြင့် ဖြေခဲ့လိုက်ပါမယ် ။
ပြည်သူ သည်...
ဒီလူ နှင့် ဒီလူ၏ စကားများထက်
လက်တွေ့ ကျကျ ဘ၀ကို ဖြတ်သန်းနေရသည့်
မချောင်လည်သည့် လူစုလူဝေးကြီးဖြစ်ပါသဖြင့်....။ ”
ဘာကိုဆိုလိုသလဲ ဥာဏ်နည်းတဲ့ ကျွန်တော် မသိပေမဲ့ အဲဒီ လူစုလူဝေးကြီးဟာ စစ်အာဏာရှင်စနစ်ဆိုးကို ဖေါက်မထွက်နိုင်ခဲ့ရင်တော့ အနာဂတ် မြန်ကိုရီးယား သမတနိုင်ငံကြီးမှာ စစ်ကျွန်အဖြစ် သားစဉ်မြေးဆက် နွံနစ်နေတော့မည်မှာ အမှန်ဖြစ်ကြောင်းပါခင်ဗျား။

Daly said...

ကိုမြင့်သိန်းကြူးရဲ့ ဒီဆောင်းပါးဟာ နအဖ ကိုဆန့်ကျင်
လိုတဲ့ပြည်သူအားလုံး လိုက်နာဆောင်ရွက်သင့်တဲ့ လုပ်
သင့်လုပ်ထိုက်တာတွေကို စေတနာနဲ့ရေးထားတာလို့
မြင်ပါတယ်။ မြန်မာပြည်တွင်းမှာဖြစ်ပျက်နေတာ
တွေကို အမှန်အတိုင်း အရှိကို အရှိအတိုင်းတင်ပြထားပြီး
ရည်ရွယ်ချက်ကောင်းသောဆောင်းပါးဖြစ်ပါတယ်။
Comment တွေထဲမှာတော့ Dr. Nay Oo (Burma) ရေး
ထားတာတွေဟာ မျှမျှတတရှိသလို မှတ်သားစရာတွေလဲ
ပါ ပါတယ်။ ဒါကြောင့် ကိုမြင့်သိန်းကြူးရော Dr. Nay Oo
ရော ဆက်ရေးကြပါလို့တိုက်တွန်းလိုပါတယ်။
ဒေါသလွှမ်းပြီး ရန်လိုတိုက်ခိုက်လိုသူ NONE ရဲ့ Comment ကတော့ ပြည်သူတွေအတွက် ဘာအကျိုးမှ
မရှိသလိုဘာအကြံပြုချက်မှလဲမပါတာကြောင့် "Nothing from NONE" ဖြစ်နေပါတယ်။
ပြည်သူတွေကိုအကျိုးပြုမဲ့ ဆောင်းပါးနဲ့ အကြံပေးစာများ
ရေးနိုင်ကြပါစေ။
ဲ