ရွှေဆည်းဆာ (ရန်ကုန်မြို့)
ကျမငယ်ငယ်ကတည်းက ကြားဖူးခဲ့တဲ့ စကားတခွန်းရှိပါတယ်။ ဒီစကားကို လူတိုင်းလည်း ကြားဖူးကြမှာပါ။ ကျွန်သဘောက် (ကျွန်သားပေါက်)၊ ကျွန်သက်ရှည်တယ်။ ကျမတို့တတွေ ဘယ်လောက်ထိ ကျွန်သက်ရှည်နေ ကြဦးမှာလဲ။ နောင်လာမယ့် မျိုးဆက်တွေ ကျွန်သဘောက် ဆက်ဖြစ်နေကြရဦးမလား။ ကိုယ့်တိုင်းပြည်ကိုယ် နေရင်း ကျွန်ဖြစ်နေရတဲ့ ဘ၀တွေ။ ကျွန်ဆိုတာ ခိုင်းတာလုပ်၊ ကျွေးသမျှစား၊ ပေးတာယူ၊ ပြန်မပြောနဲ့ ဒီလိုဘ ၀တွေပဲ မဟုတ်လား။
နောက်တခွန်းက တိုင်းရေးပြည်ရေးကို ခန့်မှန်းတဲ့အခါ အကဲခတ်ရတာ ခက်လွန်းလို့ထင်ရဲ့။ “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကြွယ်” လို့ ပြောတတ်ကြတယ်။ ကျွန်မတော့ ကိုယ်နေထိုင်တဲ့ အမိမြန်မာပြည်အ ရေးတွေးမိရင် ဘလော့ဂ်တွေဖတ်မိရင် ဒီစကားလုံးလေးကို အမြဲတမ်းသတိရမိတယ်။ အခုလက်ရှိ မြန်မာနိုင်ငံ ရဲ့အခြေအနေလည်း ဒီလိုအနေအထားပဲ ဖြစ်မယ်ထင်တယ်။ ဘာရယ်လို့ တပ်အပ်သေချာပြောဖို့ကလည်း မ ရေရာ၊ ဘယ်လိုတွေ ရှေ့ဆက်စခန်းသွားကြမယ်ဆိုတာလည်း အားလုံးလေလှိုင်းထဲမှာနဲ့ အင်တာနက်စာမျက် နှာတွေပေါ်မှာပဲလေ။
တနေ့တနေ့ မြန်မာ့သတင်းတွေ ထုတ်ပြန်နေပါတယ်ဆိုတဲ့ အသံလွှင့်ဌာနတွေကိုလည်း မရမကဖမ်းပြီး နား စိုက်ရတာလည်း အမောတကော။ ဘာတွေများ လုပ်နိုင်ကြမှာပါလိမ့်။ ဘယ်လိုအချိုးအကွေ့ အပြောင်းအလဲ တွေများ ဖြစ်လာမှာပါလိမ့်။ ဒီလိုစိတ်တွေ တမျှော်မျှော်နဲ့ နားစွင့်ရတာလည်း အမောပါပဲ။ နားထောင်နေရတာ တွေကလည်း ဖြစ်နေတဲ့ အခြေအနေတွေကိုပဲ မေးမြန်းကြ၊ ရှင်းလင်းကြ၊ ဆွေးနွေးကြ။ တခြားသူတွေတော့ မ ပြောတတ်ဖူး။ ကျမတော့ သိပ်ပြီး အားမလိုအားမရ ဖြစ်တာပါပဲ (ဘေးထိုင် အားလျှော့တယ်ပြောလည်း ခံရမှာ ပဲ)။
ကျမကြားချင်တာက အခုဖြစ်နေတဲ့ အခြေအနေတွေကနေ ဘယ်လိုလွတ်လမ်းရှာကြမလဲ၊ ထွက်ပေါက်ရဖို့ကြိုး စား၊ ရနိုင်မယ့် အခွင့်အရေးတွေ နည်းလမ်းကောင်းတွေ ဘယ်လိုကြိုးစားရမယ်၊ ဘယ်လိုစည်းလုံးညီညွတ်မှု တွေ ပြကြရမယ်။ ပြည်သူက အားကိုးတဲ့ NLD က ပြည်သူတွေကို ဘယ်လိုဦးဆောင်လမ်းညွှန်မယ် ဆိုတာမျိုး တွေကို မျှော်လင့်စောင့်စားရင်း ကိုယ်နိုင်တဲ့ဘက်က တာဝန်ထမ်းဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အားခဲထားတာပါ။ ကျမလို လူမျိုးတွေလည်း ရှိမှာပါပဲလေ။ ကျမတို့က သာမန်ပြည်သူတွေဆိုတော့ ကိုယ့်ရှေ့က ဦးဆောင်မယ့် သူ၊ လမ်းညွှန်မယ့်သူကို မျှော်လင့်တာပါပဲ။
နအဖနဲ့ ပြည်သူရဲ့ အခြေအနေက အနှစ်နှစ်ဆယ်လောက်ကို နအဖရဲ့ လှည့်ကွက်ထဲမှာ နေလာရတော့ သူတို့ ဘယ်လှမ်းရင် ဘယ်အချိုးချိုးတယ်ဆိုတာ အားလုံးကသိနေတယ်။ ဒါ့ထက်ဆိုးတာက နအဖက ဒီပြည်သူတွေ ကို ဘယ်နေရာထောက်ရင် ဘယ်လိုပျော့ကွက်ဟာကွက်ရှိတယ်ဆိုတာ နောကြေပြီး ကိုင်တွယ်နိုင်တာက ပို တယ်။ ကျမဒီလိုပြောလိုက်တော့ ကိုယ့်အားနည်းချက်ကို ကိုယ်ဖော်တယ်ဆိုပြီး အပြစ်တင်တဲ့ သူတွေလည်း ရှိ ဦးမှာပဲ။ ဒါပေမယ့် ဒါက အမှန်ပဲလေ။ ကျမတို့ နှစ်ပေါင်းများစွာ စစ်ကျွန်ဖြစ်နေခဲ့ကြရတာကလည်း အရှိကိုအရှိ အတိုင်း လက်ခံကျင့်သုံးတာမျိုး မလုပ်ခဲ့ကြလို့၊ အမှန်ကိုအမှန်အတိုင်း ၀န်မခံခဲ့ကြလို့၊ အမှန်တရားအတွက် တာဝန်မယူခဲ့ကြလို့ပဲမဟုတ်လား။
ပြဿနာတခုကို အမှန်အတိုင်း မထောက်မကွယ် သေသေချာချာ လေ့လာသုံးသပ်လိုက်ရင် ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းတော့ ရှိလာတယ်ဆိုတာ ဆင်ခြင်တတ်သူတိုင်း သိပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် တာ ၀န်ယူဖြေရှင်းရမယ့် ကိစ္စကို ဟိုလူကူနိုး နိုး၊ ဒီလူ လာနိုးနိုးနဲ့ မျှော်လင့်နေတာမျိုး၊ ကိုယ့်ရဲ့အားနည်းချက် အား သာချက် စတဲ့ အခြေအနေမှန်တွေကို ပွင့်ပွင့်လင်းလင်း မဝေဖန်နိုင်သရွေ့တော့ ဒီပြဿနာရဲ့ အဖြေနဲ့ ဝေးနေ သလို ဘယ်တော့မှလဲ ဖြေရှင်းလို့မရနိုင်တော့ဘဲ တ၀ဲလည်လည် ဖြစ်နေမှာပါ။
ပြောနေတာတွေကလည်း အပ်ကြောင်းထပ်နေပါပြီ။ လူတိုင်းလူတိုင်း ကိုယ်မကြိုက်တဲ့၊ ကိုယ်မလိုချင်တဲ့ အ ခြေအနေကို မရအောင် ကြိုးစားဖို့ပဲလိုပါတယ်။ ကျမအရင်ကလည်း ရေးဖူးပါတယ်။ ကိုယ်တတ်နိုင်သလောက် မတရားတဲ့ ဥပဒေ၊ မတရားတဲ့ အမိန့်၊ မတရားတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်နိုင်ကြပါတယ်။ နအဖလုပ်တဲ့ပွဲတွေ မှန်သမျှ မသွားဘူး၊ မပါဝင်ဘူး၊ မပူးပေါင်းဘူး။ ဒါဆိုရင်ပဲ နအဖကို ဆန့်ကျင်တာပါပဲ။ ဆိုင်းဘုတ်ကိုင်ပြီး အလံ ကိုင်ပြီး အော်ဟစ်ဆန္ဒပြမှ နအဖကို ဆန့်ကျင်တာမဟုတ်ပါဘူး။
အခုလုပ်နေတဲ့ ဘောလုံးပွဲလို ပွဲမျိုးတွေကို ဆန့်ကျင်တာမျိုးတွေ လုပ်နိုင်ကြပါတယ်။ အဲဒါမျိုးတွေကို လူတိုင်း တနိုင်တပိုင် လုပ်ပေးကြမယ်ဆိုရင် တယောက်က စ တရာဆိုသလို အင်အားတခုအဖြစ် ပေါ်လွင်လာမှာပါ။
အခုတော့ နိုင်ငံတကာက နအဖကို အပြုသဘောဆောင်ဖို့ တောင်းဆိုလိုက်၊ ကုလသမဂ္ဂအဖွဲ့က တောင်းဆို လိုက်၊ နိုဘယ်ဆုရှင်များက တောင်းဆိုလိုက်၊ ဘယ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးမကလို့ ဘာကြီးဖြစ်ဖြစ်၊ ကုလ အဖွဲ့က အမည်ခံ အတွင်းရေးမှူးပဲဖြစ်ဖြစ်၊ သူ့ထက်ကြီးတဲ့ ဘယ်သူပဲဖြစ်ဖြစ် ဗိုလ်သန်းရွှေတို့ကတော့ ကျွဲပါး စောင်းတီး တိန်တိန်မြည်ထဲကပဲ။
အခုလောလောဆယ် အနေအထားကလည်း ဆိုးလာမလား၊ ကောင်းလာမလားဆိုတာ ပြောလို့မရတဲ့ အခြေအ နေ ဖြစ်နေတာပါ။ နည်းနည်းလေး တိမ်းစောင်းသွားတာနဲ့ တဘက်ဘက်ကို အလေးသာသွားနိုင်တယ်။ ဒီတော့ ပြည်သူလူထုနဲ့ လူထုကအားကိုးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်ကြမလဲ ဆိုတာသိချင်မိတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ရှာ၊ ဥပဒေနဲ့ မတရားအမှုဆင် ဖိနှိပ်နေတာ တွေအတွက် အဖွဲ့ချုပ်နဲ့ ပြည်သူတွေက တရားသဖြင့် ဖြစ်စေဖို့ လုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။ (ကျမအနေနဲ့ တော့ ကိုယ်တတ်နိုင်တဲ့ ပူပေါင်းမှု၊ လုပ်နို်င်တဲ့ တာဝန်ကို လုပ်ပေးဖို့ အမြဲတမ်း အသင့်ပြင်ထားပါတယ်။)
ကျမတို့ပြည်သူတွေ စည်းလုံးညီညွှတ်ရမယ့်အချိန်ရောက်ပြီ၊ လုပ်သင့်တဲ့ တာဝန်ကို တဦးချင်း တယောက်ချင်း မှသည် တနိုင်တပိုင် လုပ်ဆောင်ရမယ့်အချိန် ရောက်ပြီလို့ ပြောချင်ပါတယ်။ နိုင်ငံတကာဖိအားတွေကို ပြည်သူ့ အားနဲ့ ပေါင်းပြီး ပြည်သူကို ဂုတ်သွေးစုပ် အဆီယစ်နေတဲ့ နအဖ စစ်အာဏာရူးအဖွဲ့ကို ဖယ်ရှားဖို့ပါပဲ။ ဒီလိုမှ မ လုပ်ချင်ကြဘူး၊ မလုပ်နိုင်ကြဘူးဆိုရင်တော့ ကျမတို့တတွေ ဒီလိုပဲ ကျွန်သက်ဆက်ရှည်နေကြရဦးမှာပေါ့။
ရွှေဆည်းဆာ (ရန်ကုန်မြို့)
Saturday, July 25, 2009
စည်းလုံးညီညွှတ်ရမယ့် အချိန်ရောက်ပြီ
Subscribe to:
Post Comments (Atom)
3 comments:
မဆည်းဆာရေ ဒီမေးခွန်းကိုပဲ စောင့်နေတာ။ ပါဝင်ဖို့ အသင့်ပါ။ ခက်တာက ခေါင်းဆောင်ကောင်းကို မတွေ့သေးတာပဲ။ ဒီလိုနဲ့ပဲ ဖဲရိုဖဲရဲ ရင်ဆိုင် ပေးဆပ်။ ပွဲပြီး ဖျာခင်းဖို့ စောင့်နေတဲ့ အကြောင်းတွေပဲ သိနေရတယ်။
NCGUB က ရွေးကောက်ပွဲ ဝင်မယ် ဆုံးဖြတ်ထားပုံပဲ။ ရေးကောက်ပွဲ ပြီးရင် တိုင်းပြည်ကို ဘယ်လို ပြန်တည်ထောင်နိုင်မယ့် နည်းလမ်းတွေကို ဒေါ်လာ တစ်သိန်းနီးပါး အကုန်ပြပြီး ရေးဆွဲထားတာကို အဖွဲ့အစည်းတွေ ထောက်ခံဖို့ လိုက်စည်းရုံးနေတယ်လို့ သိရတယ်။ စစ်ပြိုင်အစိုးရ အမည်ခံတွေကို ဘယ်လိုယုံကြည် အားကိုးရမလဲ။
ဘယ်သူ့မှ အားမကိုးနဲ့...မိမိကိုယ်သာကိုးကွယ်ရာတဲ့...အဲဒီတော့ ကိုယ့်အလုပ်ကိုယ်သာလုပ်ပါ...မနက်ဖြန်ဆက်လက်ရှင်သန်ရေး တွက်သည် မိမိပေါ်တွင်သာ မူတည်သည်...တိုင်းပြည်တွေ ဘာတွေလျှောက်ပြောမနေနဲ့ ကိုယ့်မိသားစုဘ၀ကို ကောင်းအောင်အရင်လုပ်လိုက်အုံး...
ကိုကြီးကျော်ရေ
ကိုယ့်မိသားစုဘဝကိုလောက်ပဲ ကောင်းအောင် လုပ်တဲ့သူတွေ လာလည်တဲ့ နေရာ မဟုတ်ဘူး။ နိုင်ငံရေး စိတ်အခြေခံက ကိုယ့်မိသားစုဘဝရော ကိုယ်နေထိုင်ရာ ဒေသ၊ ကိုယ့်မွေးဖွားရာဒေသကို ကိုယ့်မိသားစုလို မြင်တတ်ပါ ကိုကြီးကျော်။
Post a Comment