ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
လွတ်မြောက်နယ်မြေတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားတခွန်းကို ဆီသည်မ လက်သုတ်ဝတ် ဖြစ်လောက်အောင် ကိုးကားဖြေကြားနေမှုများ မကြာခဏ နားသောတဆင်နေရပါသည်။ အ ထိမ်းအမှတ် အခမ်းအနားများ၊ အောက်မေ့သတိရလွမ်းဆွတ်မှု အခမ်းအနားများ၊ နှစ်ပတ်လည် အခမ်းအနား များတွင် မကြာခဏဆိုသလို ကြားနေရ၍ ပြုံးချင်သလိုလို ဖြစ်နေမိပါသည် (ဒေါ်အောင်ဆန်းစုကြည်ကို မ ဟုတ်ပါ။ ကိုးကားပြောဆိုနေသူများကို ဖြစ်ပါသည်)။
များသောအားဖြင့် အခမ်းအနားတက်ရောက်လာသူများထဲမှ “လွတ်မြောက်နယ်မြေတွင် အဖွဲ့အစည်းအများ ကြီး၊ ခေါင်းဆောင်ကြီးများ အမြောက်အမြား ရှိပါလျက်ကယ်နှင့် အဘယ်ကြောင့် တော်လှန်ရေး မအောင်မြင် သေးပါသနည်း” ဟု အဓိပ္ပါယ်ရသော မေးမြန်းမှု (အဆိုပါမေးခွန်းကို များသောအားဖြင့် မျိုးဆက်သစ် ကျောင်း သားလူငယ်များက စိတ်ဝင်တစားမေးမြန်းတာ တွေ့ရပါသည်) အပေါ် အခမ်းအနားတက်ရောက်လာသည့် အဖွဲ့ အစည်းခေါင်းဆောင်အတော်များများက ပြန်လည်ဖြေကြားရာ၌ ထိုနှုတ်ထွက်စကားကိုသာ ကိုးကားဖြေကြား တတ်ကြခြင်းဖြစ်ပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားဆိုသည်မှာ “ပြည်သူတဦးက ဒေါ်အောင်ဆန်းစု ကြည်အား NLD အခု ဘာလုပ်နေပါသလဲဟု မေးမြန်းသည်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုတွေကော ဘာလုပ်နေသလဲ” ဟု ပြန်လည်မေးခွန်းထုတ် ဖြေကြားလိုက်သည့် စကားဖြစ်ပါသည် (ဒေါ် အောင်ဆန်းစုကြည်၏ ဖြေကြားမှုအတိုင်း အတိအကျမဟုတ်ပါ။ အခမ်းအနားများတွင် မကြာခဏကြားရပြီး အ လွတ်ရနေသည့် ဆိုလိုရင်းကိုသာ ရေးပြခြင်းဖြစ်ပါသည်)။ ထိုစကားကို မကြာခဏ ကိုးကားဖြေကြားနေကြ ခြင်းဖြစ်သည်။
ထိုသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်နှင့်တကွ ကိုင်ပေါက်ခံလိုက်ရသည့်အခါ မေးမြန်း သူ ကျောင်းသားကျောင်းသူလေးများခမျာ ဟဲဗီးဝိတ်လက်သီးကြီးတလုံး အုံးကနဲ ထိမှန်သွားသည့်အလား မည်သို့မှ အတွန့်မတက်ရဲကြတော့ဘဲ မျက်စိကလယ်ကလယ်နှင့် ငြိမ်သက်သွားကြသည်ကို တွေ့ရတတ်ပြီး ဖြေကြားသူများကိုတော့ အောင်နိုင်သူ စစ်သူကြီးများပမာ ရှုတည်တည် ပြန်ထိုင်နေကြသည်ကို တွေ့ရလေ့ရှိပါ သည်။ သို့သော် ထိုစကားကို ကြားကြားနေရသည့် ကျနော့်စိတ်ထဲတွင်မူ တစုံတခုကို ဘ၀င်မကျသလိုမျိုး အမြဲ လိုလို ခံစားခဲ့ရပါသည်။
ကျနော့်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားမှုသည် မမှားသော်လည်း ကာလံဒေသံနှင့် မလျော်ညီဟု ယူဆ၍ ဘ၀င်မကျမိခြင်းဖြစ်သည်ဟု အဖြေထုတ်မိပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တော်လှန်ရေး ကောင်စီ အာဏာသိမ်းယူသည့် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့နှင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ ကာလမတိုင်မီ ကြားကာလ၌ ထိုစကားကို ပြောဆိုသည်ဆိုလျှင် ကျနော့်အနေနှင့် တစိတ်တပိုင်း လက်ခံမိမည် ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က မြန်မာနိုင်ငံတွင် မဆလပါတီနှင့် အာဏာရှင်ဗိုလ်နေ၀င်း၏ မဆလအစိုး ရလက်အောက်ခံ အဖွဲ့အစည်းများမှအပ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုသည့် အဖွဲ့အစည်း အသင်း အပင်းများ ဖွဲ့စည်းခွင့်မရသေး၊ လူထုကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ မပေါ်ပေါက်သေး (ရှိခဲ့သည့် နိုင်ငံ ရေးပါတီများ၊ အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့ပြီး၊ လျှို့ဝှက်ဖွဲ့စည်းသည်များ ရှိလျှင်လည်း ရက်ရက်စက်စက် နှိပ်ကွပ်ထား) ၍ ဖြစ်ပါသည်။
ထိုသို့ လူထုကိုယ်စားပြု အဖွဲ့အစည်းများ၊ ခေါင်းဆောင်များ တရားဝင်ထွက်ပေါ်ခြင်း မရှိသေးသည့်အတွက် ထို အချိန်ကာလမျိုးမှာဆိုလျှင် မြန်မာပြည် ဒီမိုကရေစီစနစ်သို့ ကူပြောင်းအောင်ဆောင်ရွက်ခြင်းဟူသည့် အရေး ကိစ္စသည် ထိုစဉ်ကာလက ပြည်သူတဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နည်းတူ မြန်မာပြည်သူပြည်သား များအားလုံး၌ အညီအမျှတာဝန်ရှိသည်ဟု ယူဆပါသည်။ ထိုကာလ၌ အဆိုပါစကားကို ပြောဆိုခဲ့သည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်လည်း သာမန်ပြည်သူ၊ မေးမြန်းသူလည်း သာမန်ပြည်သူပင်ဖြစ်၍ လျော်ညီသည်ဟု ယူဆပါသည်။
သို့သော် ထိုစကားကို ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းကာလ၌ ပြောဆိုခဲ့ခြင်းဖြစ်၍ အခြေအနေ၊ အချိန် အခါနှင့် မလျော်ညီဟု ယူဆမိခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရှစ်လေးလုံးနောက်ပိုင်းကာလတွင် ဒေါ်အောင်ဆန်းစုကြည်သည် သာမန်ပြည်သူတဦးအနေအထား မဟုတ်တော့ဘဲ မြန်မာပြည်သူလူထုတရပ်လုံး က အားကိုးသည့် လူထုခေါင်းဆောင်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ သို့ဖြစ်၍ သာမန်ပြည်သူများနှင့် အညီအမျှ တာဝန်ရှိသည်မဟုတ်တော့ဘဲ သာမန်ပြည်သူများထက် အဆပေါင်းများစွာ တာဝန်ရှိသည့် အထင် ကရ ပြည်သူတဦးဖြစ်လာပြီဟု ပြောရမည်ဖြစ်ပါသည် (‘ဒီမိုကရေစီမရရင် ဒေါ်အောင်ဆန်းစုကြည်တာဝန်ပဲ’ ဟု ပုံချပြောဆိုခြင်းမျိုး မဟုတ်သည်ကိုတော့ အလိုအလျောက် နာလည်ပြီးဖြစ်လိမ့်မည်ဟု ယူဆပါသည်)။
ထို့အပြင် ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းကာလသည် အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အမြောက်အမြား သေကြေ အဖမ်းအဆီးခံရကာ၊ ဘ၀ တွေ စွန့်လွှတ်ကာ ပေးဆပ်ပြီးချိန်၊ ပေးဆပ်နေရချိန်ဖြစ်ပါသည်။ ထိုမှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟူ သည့် ပြည်သူတို့၏ အသက်သွေးချွေး ပေးဆပ်မှုများကြားမှ သီးပွင့်လာသော ဦးဆောင်ပါတီကြီးတရပ် ပေါ် ပေါက်လာချိန်၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲကြီး၌ ပြည်သူလူထုတရပ်လုံးက အားကိုးတကြီးဖြင့် မန်းဒိတ်အပြည့်ပေးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ခေါင်းဆောင် (၀ါ) လူထုအားအကိုးဆုံးဖြစ်သည့် ခေါင်းဆောင်တဦး ဖြစ်နေချိန်လည်း ဖြစ်ပေသည်။
တနည်းအားဖြင့် ပြောရမည်ဆိုလျှင် ပြည်သူလူထုအနေနှင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆန္ဒ ထုတ်ဖော်ပြသပြီးကြခြင်း၊ အခွင့်အရေးရလျှင်ရသလို မကျေနပ်မှုများကို ဆက်လက်ထုတ်ဖော်ပြသနေကြခြင်း၊ အသေခံ တိုက်ပွဲဝင်ခဲ့ပြီးကြခြင်း၊ အသည်းကြားမှမဲပြားများကို တခဲနက်ပုံအောပေးပြီးခြင်း တည်းဟူသည့် ပေး ဆပ်မှုမျိုးစုံကို ကမ်းကုန်အောင်ဆောင်ရွက်ပြီးခဲ့ကြသည့် ကာလဟု ပြောရမည်ဖြစ်ပါသည် (စကားချပ် - ၂၀၀၇ ခုနှစ်ကျမှ ဖြစ်သည့် ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်း ထပ်မံ တာဝန်ကျေခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ တာဝန်မကျေသူတွေ မည်သူတွေလဲဆိုသည်ကိုတော့ စာဖတ်သူများ မိမိဘာသာ ဆက်လက်စဉ်းစားကြပါကုန်)။
ထို့ပြင်တ၀ ပြည်သူလူထုတရပ်လုံးက NLD ကို မန်းဒိတ်အပြည့် ပေးထားပြီးချိန်ဖြစ်၍ ဒီမိုကရေစီစနစ်သို့ ကူး ပြောင်းရေး၏ အဆင့်တဆင့်ဖြစ်သော အာဏာလွှဲပြောင်းရယူနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် NLD ပါတီနှင့် ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်သည့် နအဖစစ်အုပ်စုတို့ အဓိက စီးချင်းထိုးရမည့်အ ချိန် (စစ်တုရင်စကားနှင့် ပြောရလျှင် အပြီးသတ် End Game အပိုင်းကို လှလှပပ ဉာဏ်ကစားပြီး ရွှေ့ရမည့် အချိန်) ဖြစ်သည်ဟု ယူဆပါသည်။ လူထုအနေနှင့် ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင်အရေးအခင်းမှစ၍ ၉၀ ပြည့်ရွေး ကောက်ပွဲအထိ အဆင့်ဆင့် ပေးဆပ်တိုက်ပွဲဝင်ခဲ့၍ ထိုသို့ စီးချင်းထိုးနိုင်မည့် အခြေအနေ အချိန်ကာလသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
ထိုအချိန်မျိုးတွင် အဆိုပါမေးမြန်းသူ ပြည်သူ (စစ်အုပ်စု၏ သူလျှိုဒလန် ပြည်သူဖြစ်ဖြစ်၊ ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူဖြစ်ဖြစ်၊ ရိုးရိုးသာမာန်ပြည်သူဖြစ်ဖြစ်) ၏ နံဘေး၌ ကျနော်ရှိမည်ဆိုလျှင် ကျနော်အားကိုးသည့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ NLD ပါတီ လုပ်ကိုင်ဆောင်ရွက်နေသည်များကို ရှင်းပြပြောဆိုပြီး “ကျမရဲ့ ဦးဆောင်မှုနောက်ကိုသာ ယုံယုံကြည်ကြည် လိုက်ခဲ့ကြပါ။ ကျမတို့ ညီညီညွတ်ညွတ် လုပ်ဆောင်ရင် ဒီမိုကရေစီ ရကိုရပါမယ်” ဟူသည့် အားရှိစရာ နှုတ်ထွက်စကားမျိုးကိုပဲ ကြားချင်မိမည်မှာ အမှန်ဖြစ်ပါသည်။
ထိုသို့ ကျနော်ကြားချင်သည့် နှုတ်ထွက်စကားမျိုးမဟုတ်ဘဲ “လူထုတွေကော ဘာလုပ်နေသလဲ” ဟူသည့် နှုတ် ထွက်အဖြေစကားကိုသာ ကြားခဲ့ရမည်ဆိုလျှင်တော့ ထိုစဉ်ကတည်းက ကျနော် ပါးစပ်အဟောင်းသားဖြစ်ပြီး စိတ်ကသိကအောက်ဖြစ်ကာ ဘ၀င်မကျဖြစ်နေခဲ့ရမည်ဟု ထင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ နှုတ်ထွက်စကားကို လွတ်မြောက်နယ်မြေရောက်မှ ကျယ်ကျယ်လောင်လောင် ကြားရသည့်အတွက် ဆယ်စု နှစ်တစုစာမျှ စိတ်သက်သာရာရခဲ့ခြင်းအပေါ် ကိုယ့်ကိုယ်ကိုယ်ပဲ ကျေးဇူးတင်ရတော့မည်လား မပြောတတ် တော့ပေ။
မည်သို့ပင်ဖြစ်စေ လူထုခေါင်းဆောင်၏ နှုတ်မှ အဆိုပါစကား ပြောဆိုခဲ့ခြင်းအတွက် ကျနော်အနေနှင့် ဒေါ် အောင်ဆန်းစုကြည်အပေါ် လေးစားမှု တပြားသားမှ လျော့ကျသွားမည်မဟုတ်သလို အားကိုးစိတ်လည်း မြူတ မှုန်စာမျှ လွင့်စင်သွားမည်မဟုတ်ပါ။ လေစားမြဲ လေးစားလျက်၊ ဦးညွတ်မြဲ ဦးညွတ်လျက်၊ အားကိုးမြဲ အားကိုး လျက်ပင် ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်က ကျမပြောတာ မမှားဘူးဟု နောင်တချိန်ဆိုလာ လျှင်လည်း ကျနော်အနေနှင့် ကျနော်တို့၏ လူထုခေါင်းဆောင်သည် ထက်မြက်သွက်လက်ပြီး တုန့်ပြန်မှု မြန် ဆန်လွန်းသွား၍သာ ထိုသို့ ပြောထွက်သွားခြင်းဖြစ်သည်ဟု ယခုကတည်းက တဘက်သတ် မှတ်ယူထားတော့ မည် ဖြစ်ပါသည် (သို့မှသာ ကျနော် စိတ်သက်သာရာ ရမည်ဖြစ်သည့်အတွက် ခွင့်လွှတ်ကြစေလိုပါသည်)။
နောက်တချက် စိတ်မသက်မသာဖြစ်ရသည့် အကြောင်းမှာ ထိုစကားကို လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်း ခေါင်းဆောင်များ တဖွဖွ ကိုးကားပြောဆိုနေခြင်းသည်လည်း နောက်ထပ် မဆီလျော်မှုတခုဟု ယူဆမိ၍ ဖြစ်ပါ သည်။ အဘယ့်ကြောင့်ဆိုသော် လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းခေါင်းဆောင်များ စည်းရုံးလှုပ်ရှားနိုင် သည့် အနေအထား၊ တိုက်ပွဲဝင်နိုင်ပုံ-၀င်ခဲ့ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးလှုပ်ရှားနိုင်သည့် အနေအ ထား၊ တိုက်ပွဲဝင်နိုင်ပုံ-၀င်ခဲ့ပုံတို့ များစွာကွာခြားလွန်နေ၍ ထိုသို့ယူဆမိခြင်းဖြစ်ပါသည်။
လွတ်မြောက်နယ်မြေမှ အဖွဲ့အစည်းခေါင်းဆောင်များအနေနှင့် လွတ်မြောက်နယ်မြေတွင် သန်းနှင့်ချီ (မြန်မာ ပြည်ပတ်ပတ်လည်၌ ခန့်မှန်းခြေ လေးသန်းခန့်ရှိမည်ထင်) သည့် လူထုကို ပြည်တွင်းမှာထက် လွတ်လွတ်လပ် လပ် စည်းရုံးလှုပ်ရှားနိုင်ခြင်း၊ အင်အားစုဆောင်းပြီး နည်းပေါင်းစုံဖြင့် တိုက်ပွဲဝင်ရန် ကြိုးစားနိုင်သည့် အခွင့်အ ရေးများရှိခြင်း စသဖြင့် အခြေအနေ တိုက်ပွဲဝင်နိုင်ပုံ၊ ၀င်ရပုံခြင်း များစွာမတူညီသည့်အလျောက် အနှစ် (၂၀) အတွင်း မိမိတို့ ရင်ဆိုင်ခဲ့ရသည့် အခက်အခဲများ၊ အောင်မြင်မှု ကျရှုံးမှု အတွေ့အကြုံများအပေါ် အခြေခံ၍သာ ရိုးရိုးသားသား ဖြေကြားသင့်သည်ဟု မြင်ပါသည်။ သို့မှသာ လွတ်မြောက်နယ်မြေတွင် ဆက်လက်တိုက်ပွဲဝင်ရ မည့် နောက်မျိုးဆက်များအနေဖြင့် လွတ်မြောက်နယ်မြေ၏ တိုက်ပွဲပုံသဏ္ဍာန် အခြေအနေအမှန်ကို သိရှိနိုင် မည်ဖြစ်ပါသည်။
ထိုသို့မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်၏ နှုတ်ထွက်စကားကိုသာ ဆီသည်မလက်သုတ်ဝတ်ဖြစ်အောင် ကိုး ကားဖြေကြားနေကြခြင်းသည် “ခေါင်းဆောင်ကြီးများအနေနဲ့ အခုအချိန်အထိ ဘာဖြစ်လို့ ညီညွတ်မှု မတည် ဆောက်နိုင်ကြတာလဲ၊ တခုတည်းသော တပ်ပေါင်းစု ဘာဖြစ်လို့ မဖွဲ့နိုင်ကြတာလဲ၊ ခေါင်းဆောင်ကြီးတွေ ဒိုနာ အလိုကျ ဗာဟီရတွေများနေလို့ ပြည်ပမှာရှိတဲ့ သန်းနဲ့ချီတဲ့ လူထုထဲဆင်းပြီး စည်းရုံးလုပ်ဆောင်ဖို့ မအားမလပ် ဖြစ်ခဲ့ကြတာလား၊ ရှိခဲ့ပြီးသား အင်အားစုတွေ ဘာဖြစ်လို့ လျော့နည်းသွားရတာလဲ၊ အမှန်တကယ် တော်လှန် ရေးလုပ်ချင်သူတွေ တတိယနိုင်ငံတွေဆီ ထွက်မသွားအောင် ခေါင်းဆောင်ကြီးများ ဘာဖြစ်လို့ မစည်းရုံးနိုင်ခဲ့ ကြတာလဲ။ ရွှေဝါရောင်တုန်းက ပြည်တွင်းကို ဘယ်လိုပံ့ပိုးခဲ့ပါသလဲ၊ နာဂစ်တုန်းက ဘယ်လိုဘယ်ပုံ ကူညီခဲ့ပါ သလဲ” စသည် … စသည် … ကဲ့သို့သော မေးခွန်းပေါင်းစုံ တရစပ်တက်လာမည်စိုး၍ ဒေါ်အောင်ဆန်းစုကြည် ၀ိတ်ကို အကာအကွယ်ယူ ပိတ်ဆို့ဖြေကြားနေကြခြင်းလားဆိုပြီး အတွေးပွားစရာဖြစ်နေပါသည်။ ထို့ကြောင့် ဆားထိမှာကြောက်သည့် တီကောင်များကို မျက်စိထဲပြေးမြင်ကာ ကျနော်ပြုံးချင်ချင် ဖြစ်မိခြင်းဖြစ်သလို နအဖ သတင်းစာရှင်းလင်းပွဲ၌ စစ်ဗိုလ်များ မဆီမလျော် တဘက်ပိတ် ဖြေကြားပုံမျိုးနှင့် ထူးမခြားနားဖြစ်နေ၍လည်း ပြုံးမိခြင်းဖြစ်ပါသည်။
အမှန်စင်စစ် ဒီမိုကရေစီတိုက်ပွဲ အောင်မြင်မှုမရရှိသေးသည့် အကြောင်းအရင်းများနှင့် ပတ်သက်၍ စိတ်ဝင်တ စား သိလိုလှသည့် မျိုးဆက်သစ်ကျောင်းသားလူငယ်လေးများ၏ ရိုးသားစွာမေးမြန်းမှုများအပေါ် ခေါင်းဆောင် မှုအခန်းကဏ္ဍ၌ တာဝန်ယူထားကြသူများ၊ တာဝန်ရှိသည်ဟု ခံယူထားကြသူများအနေနှင့် ကိုယ့်လိပ်ပြာ ကိုယ် လုံကြသည်ဆိုလျှင် မိမိတို့ တွေ့ကြုံခဲ့သည့် အမှားအယွင်းများ၊ အခက်အခဲများ၊ အောင်မြင်ခဲ့မှု၊ ဆုံးရှုံးခဲ့မှုများကို အရင်းအတိုင်း (မေးခွန်းတွေ ဘယ်လောက်တက်တက်) စိတ်ရှည်ရှည်နှင့် အကျေအလည် ဖြေကြားပေးသင့်၊ ဖြေကြားရဲသင့်သည်ဟု ယူဆမိပါသည်။
ထိုသို့ ရှေ့မျိုးဆက်များက မိမိတို့၏ အားနည်းချက်များ၊ အမှားများကို တာဝန်ယူရဲ၊ ရိုးရိုးသားသား ၀န်ခံ လက် ကမ်းရဲမှသာ ဆက်လက်တိုက်ပွဲဝင်လိုသည့် နောက်မျိုးဆက်သစ်များအနေနှင့် ထိုအမှားများ၊ အားနည်းချက် များကို သင်ခန်းစာယူ ရှောင်ရှားပြီး တိုက်ပွဲပုံသဏ္ဍာန်အသစ်များ ဖော်ဆောင်ဖို့၊ တော်လှန်ရေးကို တော်လှန် ရေးနှင့်တူအောင် ဆင်နွှဲဖို့ လမ်းပွင့်သွားမည်ဟု ယုံကြည်မိပါသည်။
ဒေါက်တာလွဏ်းဆွေ
Friday, July 10, 2009
ဆီသည်မလက်သုတ်ဝတ် ဖြစ်နေရသည့် လူထုခေါင်းဆောင်၏ နှုတ်ထွက်စကား တခွန်း
Subscribe to:
Post Comments (Atom)
27 comments:
ဒေါ်စုပြောခဲ့တဲ့စကာအဓိပ္ပါယ်က ဒီလိုပါ လူထုကဒီမိုကရေစီလွတ်လပ်ခွင့်ရဖို့ နအဖရဲ့ မတရားတဲ့အမိန့်အာဏာတွေကိုဘယ်လောက်မကြောက်မရွံ့ ဖီဆန်ပြီးပြီလဲ၊ လို့ပြန်မေးချင်တယ် လို့ကျွန်တော်နားလည်ပါတယ်၊ တစ်ဦးချင်းတစ်ယောက်ချင်းက ဘယ်သူဘာလုပ်လုပ်မလုပ်လုပ်၊ အချင်းချင်းမတွက်ကပ် မတိုက်ခိုက်ကြပဲနဲ့ မတရားတာတွေ့ရင်မကြောက်မရွုံ့ဖီဆန်လုပ်သွားကြရင် ဒီလူမျိုးလောက်လွတ်လပ်မှု့နဲ့ထိုက်တန်တာမရှိတော့ဘူး၊ လမ်းပေါ်ထွက်ဆန္ဒပြမှ ဆန့်ကျင်တာမဟုတ်ပါဘူး၊ ဥပမာ ဒေါ်စုမွေးနေ့ NLD ရုံးကို ဆွမ်းပင့်တာကိုမလိုက်ဖို့အာဏာပိုင်တွေကပင့်ဖိတ်ထားတဲ့ သံဃာတွေကို တားမြစ်တယ် ဆိုကြပါစို့၊ ဒါမျိုးကိုမတရားဘူးဆိုပြီး ဆန့်ကျင်ရဲရမယ်၊ ဘုရားရဲ့သားတော်တွေပီပီ ဘုရားစကားကိုနားထောင်တဲ့အနေနဲ့ ပင့်ဖိတ်တဲ့လူရှိရင်ကြွရဲရမယ်၊ လူထုကဒါလောက်လေးတွေမှမဆန့်ကျင်ရဲရင် ဒီလိုလူထုအခြေနေမျိုးမှာ ဒေါ်စုအဖေဗိုလ်ချုပ်အောင်ဆန်းလာပြီးဦးဆောင်ရင်တောင်နအဖကိုအေါင်မြင်နိုင်မယ်မထင်ဘူး၊
ဒေါ်စုနဲ့ ပတ်သက်ပြီး santun တွေးတာကို အပြည့်အ၀ ထောက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်လည်း အဲလိုတွေးခဲ့ ခံစားခဲ့လို့ပါ။ နေရာအတော်များများမှာ ဆန့်ကျင်အာခံနိုင်တဲ့ ဘောင်ထဲက ကိစ္စတွေကိုတောင် ပြည်သူတွေဘက်က မလုပ်ခဲ့တာအများကြီးပါ။ဒီဘက်က ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ကိုလွဏ်းဆွေတွေးတာကိုလည်း အပြည့်အ၀ ထောက်ခံပါတယ်..။
Sayar Lun Swe , I have the same opinion about the exile leaders(NOT ALL). But you are so so WRONG about Daw Aung San Su Kyi's words. Her words are absolutely right. There are thousands of people from NLD in the jails because of what they did for our country. If you think that only certain amounts of people can do the change, you are wrong. If you see all the events of the change, they are all due to people's power. Actually it's all our fault ( including us ). We have so much fun and not interested in politics. Although Daw Su is in prison, they have so much fun in thingyan and so much fun for football matches. How many people died in the Depaeyin masacre ? do u know most of the people are from NLD ? some are women ? there are many family destroyed by goverment just because of they are NLD memebers. I think you are not from political bacground family although your brother has been in jail for some political reasons Please think t before you write. Thanks
ကိုလွဏ်းဆွေလိုတော့ မရေးတတ်ဘူး။ ထပ်ပြီးမေးပေးပါ၊ ရေးပေးပါ။ “ခေါင်းဆောင်ကြီးများအနေနဲ့ အခုအချိန်အထိ ဘာဖြစ်လို့ ညီညွတ်မှု မတည် ဆောက်နိုင်ကြတာလဲ၊ တခုတည်းသော တပ်ပေါင်းစု ဘာဖြစ်လို့ မဖွဲ့နိုင်ကြတာလဲ၊ ခေါင်းဆောင်ကြီးတွေ ဒိုနာ အလိုကျ ဗာဟီရတွေများနေလို့ ပြည်ပမှာရှိတဲ့ သန်းနဲ့ချီတဲ့ လူထုထဲဆင်းပြီး စည်းရုံးလုပ်ဆောင်ဖို့ မအားမလပ် ဖြစ်ခဲ့ကြတာလား၊ ရှိခဲ့ပြီးသား အင်အားစုတွေ ဘာဖြစ်လို့ လျော့နည်းသွားရတာလဲ၊ အမှန်တကယ် တော်လှန် ရေးလုပ်ချင်သူတွေ တတိယနိုင်ငံတွေဆီ ထွက်မသွားအောင် ခေါင်းဆောင်ကြီးများ ဘာဖြစ်လို့ မစည်းရုံးနိုင်ခဲ့ ကြတာလဲ။ ရွှေဝါရောင်တုန်းက ပြည်တွင်းကို ဘယ်လိုပံ့ပိုးခဲ့ပါသလဲ၊ နာဂစ်တုန်းက ဘယ်လိုဘယ်ပုံ ကူညီခဲ့ပါ သလဲ” စသည် … စသည် … ကဲ့သို့သော မေးခွန်းပေါင်းစုံ
ထပ်ထပ်ပြီးမေးပါရစေ။
ဒေါ်မေငြိမ်းကတော့ အပြတ်ကို ထောက်ခံနေတာပဲ။
နှစ်ယောက်လုံးကိုတောင် တပြိုင်နက်ထဲ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို ကိုးကားတယ်ဆိုရအောင် ဒီဘက်က အချို့သော လူထုနောက်မြီးစွဲ ခေါင်းဆောင်အချို့ နဲ့ တူတူတန်တန် ရှိရဲ့လားဆိုတာကိုပါ။ ဒေါ်စုဟာ တိုက်ပွဲကရွေးချယ်တဲ့ ခေါင်းဆောင်ဆိုတာ ဒီပဲယင်းသမိုင်းဝင်လုပ်ကြံမှုကြီးက သက်သေပြခဲ့သလို ခုထိ လူထုရဲ့ ဒီမိုကရေစီအကျိုးစီးပွား ဘက်မှာအခိုင်အမာရပ်တည်နေ လို့ အင်းစိန်အကျဉ်းထောင်ထဲထိ ဖမ်းဆီးချုပ်နှေင်ခံထား ရတယ်မလား။ ကျနော်တို့လူထုကြီးကလည်း တာဝန်ကျေလွန်းတာ စက်တင်ဘာအုံကြွမှုကြီးက သက်သေခံခဲ့ပြီးမဟုတ်ပါလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုဟာ ခုဆို ခေါင်းနဲ့ကိုယ်ထည်လို ခွဲခြားမရအောင်ရှင်သန်နေတာပါ။ ဒါဟာ တိုက်ပွဲက ပေါင်းစည်းပေးလိုက်တာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုကို ဒေါ်စုက ခုလိုပြောခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ်ယူလို့ တိုက်ပွဲဝင်လူထုကို စော်ကားတဲ့ အပြောလုပ်ရပ်မျိုးကို ဒီကခေါင်းဆောင်ဆိုတဲ့လူကြီးများ ရပ်တန်းကရပ်ကြရင်ကောင်းပါမယ်။ မရပ်လည်း ကိုယ့်သဘောကိုယ်ဆောင်နေတဲ့ လောကမှာ လူတိုင်းအတွက် သူ့နေရာနဲ့သူရှိပြီးသားပါ။ သမိုင်းက အညာအတာကင်းတယ်လို့ ဆိုတယ်မဟုတ်ပါလား။
..ကိုလွဏ်းဆွေရေ့ 
မကျေနပ်တာတွေကိုကျေနပ်သွားအောင်…ဟောဒီက..ကိုလွမ်းဆွေကိုယ်တိုင်ရေးခဲ့တဲ့…ကဗျာဆရာညီမောင်သို့..အိတ်ဖွင့်ပေးစာ..ကဗျာလေးကိုဘဲ..ပြန်ဖတ်ကြည့်ကြရအောင်လား…
http://drlunswe.blogspot.com/2008/01/blog-post_7065.html
မေငြိမ်းရော၊ ခင်ဗျားရော၊ အတွင်းမှာတုန်းက
ထောင်ကျမှာ အလုပ်ပြုတ်မှာ ဆမပြုတ်မှာကြောက်ပြီး
ဘာမှမလုပ်ခဲ့ဘူး.....
အဲဒီ အပြင်ဘက်ရောက်မှ စွတ်ဆက်အော်မနေနဲ့ ....
ခင်ဗျားတို့ လည်း ဘို့ သမားတွေ....ငါဘို့ ဆိုတဲ့လူတွေ
သိပ်ပြီးမထင်ပေါ်ချင်နဲ့ ......
မစွန့် ပဲနဲ့ လျှောက်ပြောမနေနဲ့ ....
ကိုပေါ်ဦးတို့ လို စွန့် နိုင်တဲ့လူ ဒေါ်စုလို လက်တွေ့ စွန့် လွတ်ပေးစပ်နေတဲ့လူတွေ ပြောတာ လက်သင့်ခံတယ်...
ခင်ဗျားတို့ လို ဘို့ သမားတွေရှိနေလို့ 
တိုင်းပြည်မပြောင်းတာ.....
ပြည်သူတွေကို ပြောချင်ရင်....
အတွင်းကိုလာ....ကိုယ်တိုင်စွန့် ပြီးမှပြော....
မေငြိမ်းရော၊ ခင်ဗျားရော မအာနဲ့ ....
ကိုယ်တိုင်အတွင်းကိုလာ...
စွန့် ပြီးလုပ်၊ နောက် အဲဒီ ဒေါ်စု စကားကို ကိုးကားပြော...ဒါဆိုရင် လက်သင့်ခံတယ်...
ခင်ဗျားတို့ ကလည်း ငါကောင်းစားရေး နဲ့ ငါ လွတ်မြောက်ရေးဆိုတဲ့လူတွေ၊ ခင်ဗျားတို့ လည်း
ရေးတာနဲ့ လုပ်နေ၊ ပြောနေတာတွေက တခြားဆီပဲ...အလကား အချောင်သမား၊ ရေပေါ်ဆီ ဘို့  သမား တွေ....အတွင်းမှာလုပ်မယ်ဆိုရင်
အတိုင်းထက်အလွန် ခင်ဗျားတို့ ကို လုံးဝကြိုဆိုတယ်....
ဒေါ်စုက လူထုတွေကော ဘာလုပ်နေသလဲ ပြောတာက ကိုယ်တိုင်က အတွင်းမှာပေးစပ်နေတော့ သူက ပြောတာကို လုံးဝထောက်ခံတယ်.....ဒါပေမယ့် ကိုလွဏ်းဆွေ ခင်ဗျားက လူထုကို ပြောတယ်၊ နောက် တခြားလူတွေကို ယိုးမယ်ဖွဲ့ တာကတော့လွန်လွန်းတယ်၊
လူထုက တာဝန်ကျေခဲ့တယ်.....
၈၈ တုန်းကရော လူထုပါခဲ့လို့ အောင်မြင်ခဲ့တယ်...
မဆလ ပြိုကျသွားတယ်....
၂၀၀၇ တုန်းကလည်း လူထုက အသေခံထွက်ခဲ့တာကြည့် ထွက်လာခဲ့တာကြည့်....
ပေါက်ကရ ရှစ်ဆယ် အရူးချီးပန်း လျှောက် ရေးချင်ရာ ရေးမနေနဲ့ ဗျာ.....
အဆိပ်သင့်တယ်...
ဝေဖန်အကြံပြုပေးကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ အထူးသဖြင့် mike ၏ ဝေဖန်ထောက်ပြရေးသားမှုအပေါ် ပို၍ကျေးဇူးတင်မိပါသည်။ mike အား အထူးမေတ္တာရပ်ခံလိုသည်မှာ အချိန်အားရှိခဲ့ရင် ကျနော်၏ ဆောင်းပါးဆိုလိုရင်းကို ငုံမိအောင် နောက်ထပ်တခေါက်လောက် စိတ်အေးလက်အေး ဖတ်ရှုပေးစေလိုပါသည်။
ကျေးဇူးအထူးတင်ရှိစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
mike ပြောတာကိုလည်း ထောက်ခံပါတယ်။ ဒါပေမယ့် Dr. Lun Swe's ဆောင်းပါး ဆိုလိုရင်းနဲ့ မကိုက်ညီသလို ဖြစ်နေတယ်။
ဟုတ်တယ်ဗျ....
တစ်စုံ တစ်ခု ကိုမှီခို နေသလိုဘဲ.
ထုတ်လိုက် ရတဲ့ Statement တွေ ပျော့ဖတ်ဖြစ်ပြီး Arrow ဗလာစာအုပ် က သူဌေးဖြစ်နေပေါ့.
ကြာလာသည်နှင့် အမျှ
အသက်တွေသာကြီးကြီး လာတယ်
လူတွေလည်း ရွဲ...တိုင်းပြည်မွဲ
(ဝင်ဆွေးနွေးကြည့်တာပါ.ဘောင်မဝင် ဘူးဆိုလည်း လက်ဝင်သုတ် သွားတယ်လို့မှတ်ပါ)
အခုတလော ဒေါ်စုနဲ့ NLD အပေါ်အပြစ်တင်ဝေဖန်သံတွေ ဆက်တိုက်တွေ့နေ၇တယ်။အပြုသဘောထက်လူထုအထင်အမြင်လွဲစေမဲ့ဝေဖန်ေ၇းတွေကများနေတယ်။ ဒေါ်စုနဲ့ NLD ကို ပြည်သူလူ
ထုက Mandate ပေးထားတယ်ဆိုတဲ့ စကားကို တွင်
တွင်သုံးပြီး နအဖ သက်ဆိုး၇ှည်နေတာ ဒေါ်စုနဲ့ NLD
ကြောင့်လို့ လက်ညှိုးထိုး အပြစ်ပုံချဖို့ ကြိုးစားနေကြခြင်း
သာဖြစ်တယ်။ ကုလားမနိုင် ၇ခိုင်မဲ ဆိုတာလိုပေါ့။
ကိုယ်တိုင်လဲဘာလုပ်၇မှန်းမသိ...သူများလုပ်နေတာကို
လည်းဝေဖန်အပြစ်တင်နေသူတွေဟာ...နအဖ ခြေသလုံး ပြေးဖက်ဖို့ ဘဲလုပ်စ၇ာ၇ှိပါတော့တယ်။
The unscrupulous persons and unsavory elements bad instigated the innocent’s people throughout the period of disturbances. Those who instigated the innocents people and students to participate in revolutions lost neither a drop of sweat nor a drop of blood as they stayed in the safe confines of their homes and abroad but the innocents people and students used lot a of sweat and a lot of blood and had to run away from their homes and ended up in the jungle with their lives in ruin. People are getting tire to participate in revolutions. People like to stay in the safe confines of their homes. Who can provide for them?
to Sikonaing and Mike and Moe Aye,
ကိုလွဏ်းဆွေ ဆိုလိုချင်တာက နိုင်ငံရေး လောကထဲက လူထုခေါင်းဆောင်တွေလို့ နာမည်ခံယူသော ပြည်ပရောက် နိုင်ငံရေးသမားတွေရဲ့ ဦးဆောင်ကြိုးစားမှုကို အားမလို အားမရ ဖြစ်နေသော ပြည်သူ့ကိုယ်စား သူတို့ တတ်နိုင်တဲ့ ဆောင်းပါးပညာနဲ့ ရေးပြ မေးပြတာပါ။ သတင်းဌာနတွေက သူတို့မလုပ်ချင်လို့ ဌာန ပေါ်လစီကြောင့် လက်ရှောင်ရတာတွေကြောင့် လိုတော့ နားလည်မိတာပဲ။ အနှစ် ၂၀ ဆိုတဲ့ ခရီး အတွင်း ပြည်တွင်း ပြည်ပ ခေါင်းဆောင် အသီးသီးရဲ့နောက်ကို ပြည်သူတွေက စစ်အာဏရှင်ဆီက လွတ်မြောက်ချင်စိတ်တခုတည်းနဲ့ အန်တီစု (တယောက်တည်းတင် မဟုတ်ဘူး)နဲ့ ထောင်အကြိမ်ကြိမ် ကျခံနေတဲ့ ကြားက ဆက်လက် တိုက်ပွဲဝင်နေတဲ့ သူတွေအားလုံးကို လေးစားပြီးသားပါ။ တိုင်းပြည်ကို ချစ်စိတ်နဲ့ ကြိုးစားရပ်တည်ခဲ့တဲ့ ဘယ်သူကိုမဆို လေးစားချစ်ခင်ပါတယ်။ ဒီမိုကရေစီကို လိုချင်တဲ့ ပြည်သူတွေထဲက အခုလိုပါဝင် ဆွေးနွေးကြတဲ့ ဘယ်သူမဆို ဒီမိုကရေစီ စိတ်ထားလေး ကျင့်ကြံပြီး ဝင်ဆွေးနွေးရင် ဖတ်ရတဲ့သူ ဗဟုသုတရ အကျိုးများတာပေါ့။
ပြည်ပရောက် လူထုခေါင်းဆောင် တချို့ကိုပဲ ရည်ညွန်းတာပါ၊ နာမည်သေချာတတ်ပြီး တိုက်ခိုက်သလို မရေးခဲ့ပါဘူး။ ပြည်ပနိုင်ငံ အသီးသီးရောက် လူထုခေါင်းဆောင်တွေ အနေနဲ့ ပြည်ပရောက် ပြည်သူတွေ့ကို အင်းအားစုစည်းဖို့ အခွင့်အရေးအရဆုံးပါ။ ဒါရနေတဲ့ အခွင့်အရေးတွေ အများကြီးထဲက အလိုအပ်ဆုံးနဲ့ အလုပ်သင့်ဆုံးတခုကို ထောက်ပြတာပါ။ ဆောင်းပါးကို ထောက်ခံတယ်ဆိုတာ ဆောင်းပါးဆိုလိုရင်းကိုသိလို့ ခံယူချက် တူလို့ပါ။ အယူအဆအရနဲ့ မေးသင့် ထောက်သင့်တဲ့ အကြောင်းအရာတွေမို့ ထောက်ခံကြတာပါ။ ကိုလွဏ်းဆွေက လူထုခေါင်းဆောင် မဟုတ်တဲ့အတွက် ကိုလွဏ်းဆွေကိုတော့ ဝေဖန်စရာ မလိုအပ်ဖူးထင်လို့ပါ။
နောက် အန်တီစုရဲ့ စကားကိုထည်လဲသုံးပြီး ခေါင်းရှောင်တတ်တဲ့ လူထုခေါင်းဆောင်တွေရဲ့ လိုအပ်ချက်ကို နာမည်တတ်ပြီး တိုက်ရိုက်ဝေဖန်တာ မဟုတ်ခဲ့ပါ။
ဆောင်းပါးက အန်တီစုကို မကောင်းတခွန်းမှ မရည်ညွန်းခဲ့ပါ။
The Reader
မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုဖြစ်နေပြီ။
အောက်ပါအချက်နှစ်ချက်ကို စာဖတ်သူတွေကွက်ကွက်
ကွင်းကွင်းမြင်အောင် ကိုလွဏ်းဆွေ ကြိုးစားပမ်းစားေ၇း
ထားတယ်။
၁။ ပြည်သူတယောက်၇ဲ့အမေးကို ဒေါ်စု ပြန်ဖြေတဲ့အဖြေ
ကမှားတယ်။(ဒေါ်စု ဘယ်လိုဖြေသင့်တယ်ဆိုတာ
တောင် ကိုလွဏ်းဆွေ ကေ၇းထားသေးတယ်)
၂။ ပြည်ပေ၇ာက်ပြည်သူ့ခေါင်းဆောင်ဆိုသူတွေဟာ အဲ
ဒီအဖြေကိုတွင်တွင်သုံးပြီး ခေါင်းေ၇ှာင်တွေဖြစ်နေ
ကြတယ်။
ဒီနှစ်ချက်ကိုပေါ်လွင်အောင်ေ၇းထားတဲ့ ဝေဖန်ေ၇း
ဆောင်းပါးကောင်းတပုဒ်လို့ကျနော်မြင်တယ်။
ဒါပေမဲ့ ဒေါ်စုနဲ့ NLDကွိုအမြင်မကြည်မလင်
ဖြစ်စေမဲ့အေ၇းအသားတွေဟာ ပြည်သူလူထုကို နအဖ
ဘက်တွန်းပို့လိုက်တာနဲ့အတူတူဘဲလို့မြင်မိတယ်။
နအဖ ကိုတိုက်နေတဲ့ ၇ဲဘော်တယောက် ဒဏ်၇ာ ၇လာ
၇င် အဲဒီ၇ဲဘော်အမြန်ဆုံး နလံထူပြီး နောက်တိုက်ပွဲအ
တွက်အဆင်သင့်ဖြစ်အောင် ပြုစုပေးဖို့ဘဲ၇ှိတယ်။ မင်းညံ့
လို့မင်းခံ၇တာဆိုပြီးအပြစ်တင်ဝေဖန်ဖို့မသင့်ပါဘူး။
ဒေါ်စုနဲ့ NLD မှာ ဒဏ်၇ာတွေအပြည့်နဲ့ပါ။
ဝေဖန်ပေးတဲ့ Thaung ကို ကျေးဇူးစကား ဆိုပါရစေ။ Thaung အနေနဲ့ “ဒေါ်စုနဲ့ NLD ကို အမြင်မကြည်မလင်ဖြစ်စေမဲ့ အေ၇းအသားတွေဟာ ပြည်သူလူထုကို နအဖဘက် တွန်းပို့လိုက်တာနဲ့ အတူတူဘဲလို့ မြင်မိတယ်” လို့ ဝေဖန်တာဟာ မြန်မာပြည်သူလူထုကို စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ ငတုံးငအတွေလို့ မြင်ရာကျနေသလို အဲဒီလို အမြင်မကြည်မလင်ဖြစ်အောင် လုပ်တယ်ဆိုရင်လည်း အဲဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို မဆီမလျော် ကိုးကားပြောဆိုနေတဲ့ သူတွေရဲ့ တာဝန်ပဲလို့ ကျနော်မြင်ပါတယ်။ သူတို့မကိုးကား မပြောဆိုရင် ကျနော့်အနေနဲ့ ဒီဆောင်းပါးကို ရေးသားစရာ အကြောင်းမရှိပါဘူး။ လောလောလတ်လတ်မှာကို နားနဲ့ဆတ်ဆတ် ထပ်ကြားခဲ့ရလို့ ဒီဆောင်းပါးကို ရေးဖြစ်သွားတာပါ။ ကျနော့်ဆောင်းပါးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဘာမှ မထိုးနှက်မတိုက်ခိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောတယ်ဆိုတဲ့ (ဘယ်နေရာမှာ ဘယ်တုန်းက ပြောခဲ့မှန်းမသိတဲ့) သူတို့ကိုးကားနေတဲ့ စကားတခွန်းအပေါ် ကျနော့်အမြင်ကို အကျယ်တ၀င့် ဆွေးနွေးခဲ့ခြင်းသာဖြစ်ပါတယ်။
ကျေးဇူးတင်စွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
မြန်မာလိုရေးထားတဲ့ ဆောင်းပါးကို ဖတ်ပြီး မြန်မာလို နားမလည်တဲ့သူတွေ အများကြီးတွေ့ရတာ အံ့သြစရာကြီးပါ။
ဆောင်းပါးသည် စိတ်ဝင်စားဖွယ်ကောင်းပါသည် ဦးလွဏ်းဆွေ ။အားလုံးသည် မိမိအမြင် အယူအဆကို ဝေဖန်ရေးပြခြင်းဖြစ်လို့ လက်ခံပါတယ်။ဒါဟာ လူ့ တစ်ယောက်ရဲ့ အခွင့် အရေးပါ။လူတိုင်းပြောနေတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ပြောလည်းရမယ်ထင်ပါတယ်။လူတဦးကိုဖြစ်စေ ၊အဖွဲ့ အစည်းတခုကိုဖြစ်စေ (အထူးသဖြင့် နိုင်ငံရေးတွင်)ဝေဖန်ပြောဆိုခံရလို့ရှိရင် ခံရရသူအနေဖြင့် မှန်ရင်မှန်ကြောင်း မှားရင်မှားကြောင်း ပြောဆိုရမည်လို့ မြင်ပါသည်။မှားလျှင်လည်း အကြောင်းအချက်အလက်များဖြင့် မြန်လည်ချေပပြောဆိုရမည် ဖြစ်ပါသည်။ မင်းကဘယ်လောက်တက်လို့ ဝေဖန်တာလဲ ၊မင်းကရောဘာလုပ်နေလို့ လဲ။ လို့ ပြောဆိုနေသည်မှာ ကလေးသာသာ ရှိသော နိုင်ငံရေးလို့ ပြောပစေ ။ဒီလို့လူတွေ ကို မြန်မာ့နိုင်ငံရေးတွင် တွေ့ မြင်နေ့ရသရွေ့  စိတ်မကောင်းပါလို့ပြေချင်ပါသည်။ နောက်တခုရှိပါသေးသည် စစ်အစိုးရကို ဝေဖန်မှ ဒီမိုကရေစီကို နားလည်သူ ဒီမိုကရေစီလိုလားသူ တိုက်ပွဲဝင်နေသူလို့ မြင်နေသူများ NLD နင့် ဒေါ်စုကို ဝေဖန်ပါက ဒီမိုကရေစီကို ဆန့် ကျင်နေသည်ဟုယူဆသူများ ဒေါ်စုလုပ်သမျှပြောသမျှ မှန်သည်ဟု မျက်လုံးမိတ် ထောက်ခံနေသူများ ဒေါ်စုကို ထိလျှင် တိုင်းပြည်တခုလုံး မခံမရပ်ဘဲ ဆူပူအုံကြွလာမည်ဟု ထင်နေသော နိင်ငံရေးသမားများ။ မြန်မာပြည်ဒီမိုကရေစီရရှိရေး အဘွက် လုံခြုံရေးကောင်စီမှ ဘယ်တော့မှ မလုပ်မည့် စစ်ရေးအရ အရေးယူမှူကိုတမ်းတနေသော သူများ ။ထိုထိုသောသူများကို ပြောချင်သည်မှာ ပြည်သူများသည် ဦးလွဏ်းဆွေ ပြောသလို့ ငတုံး များမဟုတ်ပါလို့ ပြောချင်ပါသည်။ ရိုင်းသွားလျှင် အားလုံးကို တောင်းပန်ပါသည် ကျွန်တော့်၏ အမြင်သက်သက်မျှဖြစ်ပါ၏ ။မှားလျှင် ကျွန်တော် ဆက်လက် လေ့ လာပါအုံးမည်။ ကျေးဇူးတင်ပါသည်
လူပုဂ္ဂိလ်လေးစားယုံကည်မှုနှင့် ဘာမှမပက်သက်ပဲ ထောက်ပြဝေဖန်မှုကို ပညာသားပါပါ ရေးသားထားတာအရမ်းလေးစားမိပါတယ် လူတိုင်းလူတိုင်းအားနည်းချက်တွေ အားသာချက်တွေဆို တာရှိတာပါပဲ ဒီလိုရေးသားထောက်ပြနိုင်မှအဖွဲ့အစည်းတိုးတက်မယ် ထင်ပါသည်.. အားလုံးကောင်းပါသည်ခင်ဗျား ဆိုတာဒီမိုလိုလားသူတွေနှင့်လားလားမှမသက်ဆိုင်ပါ.
ဒေါသမသင့်ပဲရေးနိုင် ပြောနိုင်ကြပါစေ
မောင်လွှန်းဆွှေ၇ယ်၊ ခလေးတောင်မင်းဘာကို၇ည်၇ွှယ်
့ပြီးေ၇းတယ်ဆိုတာဖတ်၇င်နားလည်တယ်။မင်းေ၇းတာ
ကပေါ်တင်ကြီးဘဲ။မင်းစာကိုမင်းဘဲပြန်ဖတ်ကြည်.ပါအုံး။
လူဆိုတာမှားတတ်တော.မှားသွား၇င်တောင်းပန်စာလေး
ပြန်ေ၇းလိုက်ပေါ.။တမင်၇ည်၇ွှယ်ချက်၇ှိ၇ှိနဲ.အချိန်ကိုက်
ေ၇းတယ်ဆိုယင်တော.ဒီအတိုင်းဘဲနေလိုက်ပါ။
" မြန်မာပြည်သူလူထုကို စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ ငတုံးငအတွေလို့ မြင်ရာကျနေသလို "
" ပြည်သူများသည် ဦးလွဏ်းဆွေ ပြောသလို့ ငတုံး များမဟုတ်ပါ ".......ဆိုပြီးေ၇းလိုက်ခြင်းဟာ သန်းငါး
ဆယ်ကျော်သောပြည်သူလူထုထဲမှာ ငတုံးငအတွေမ၇ှိ
ဘူးလို့ အဓိပ္ပါ်ယ်ပေါက်နေတယ်။ပြန်စဉ်းစားဆင်ခြင်ပြီး
အမှားမပြင်၇င်ေ၇းတဲ့သူတွေ ငတုံးဖြစ်ကုန်မယ်။ စေတနာနဲ့ပြောတာပါ။
ထောင်နဲ့ချီတဲ့လူအုပ်ကြီးကဒီပဲယင်းမှာဒေါ်စုတို့ကိုလုပ်
ကြံကြတယ်...။ယောက်ျား မိန်းမ မေ၇ွး...ခလေး လူကြီး
သံဃာတော်မကျန် ငွေ သုံး-လေးထောင်ပေး၇င် ၇ိုက်
မယ် နှက်မယ်တကဲကဲဖြစ်နေတဲ့ စွမ်းအား၇ှင်နဲ့ ကြံ့ဖွံ့
တွေက တတိုင်းပြည်လုံးမှာ၇ှိနေတယ်။ ဗိုလ်ချုပ်တွေနဲ့
ပေါင်းပြီးစီးပွါးေ၇းလုပ်ချင်လို့ တန်းစီစောင့်နေတဲ့သူ
တွေက တပုံကြီိး။ ဒီဘက်ေ၇ာက်ပြီးမှ စစ်တပ်နဲ့ သွား
ပြန်ပေါင်းသူတွေေ၇ွးကောက်ပွဲဝင်ချင်နေသူတွေ.......
အဲဒါကြောင့် ဟိုဘက်ကိုတွန်းပို့သလိုဖြစ်သွားမယ်လို့
ကျနော်ေ၇းခဲ့တာဘဲ။
ကို Thaung .. ခင်ဗျား စကားအကျအန ကောက်၍သော်၎င်း ခင်ဗျားအမြင်အရ ကျွန်တော်ကို ငတုံးဟု ယူဆလျှင်သော်၎င်း ခင်ဗျား၏ အမြင်ဖြစ်၏
။ ကျွန်တော်ပြောချင်သည်မှာ အတိုက်အခံဘက်မှဖြစ်စေ ၊လက်ရှိတပ်မတော်အစိုးရမှဖြစ်စေ ပြုမှူလုပ်ဆောင်ပြောဆိုမှူမှန်သမျှကို ပြည်သူများက
ဘယ်ဟာမှားတယ်၊မှန်တယ် ဖြစ်သင့်တယ်။မဖြစ်သင့်ဘူးကို ဝေဖန်ပိုင်းခြားနိုင်သည်လို့ ဆိုလို၏။ စကားကပ်၍ ပြည်သူအားလုံးဟုလည်း မပြောပါ။
ပြောစရာလည်းလိုမည်မထင်ပါ။ဒေါ်စုအား ထောင်ချီသောလူထုက လုပ်ကြံခဲ့သည်၊ မခဲ့ သည်မှာ လည်းခင်ဗျားအမြင်ဖြစ်၏။ ခင်ဗျားကိုယ်တိုင်မျက်မြင်
တွေ့ ရှိခဲ့၍ ဆိုလျှင် မပြောလိုပါ။ထိုသူများသည် ခင်ဗျားပြောသလို ငတုံးများဖြစ်ချင်ဖြစ်နိုင်ပါသည်.။ငွေ သုံးလေးထောင်ရလို့ လုပ်တာလည်း ဖြစ်ခြင်
ဖြစ်နိုင်ပါသည်။အထက်ကလူကို ကြောက်၍လည်း ဖြစ်နိုင်ပါသည်။့ဖြစ်နိုင်ခြေများစွာရှိပါသည် မြေ့ပာလိုပါ။ခင်ဗျားကြည့်သော ရှူထောင့်မှနေ၍ သူတို့ 
သည် မှားယွင်းနေသူများ။လူ့ အခွင့် အရေးချိုးဖောက်သူများ၊ ဒီမိုကရေစီကိုနားမလည်သူများ၊အကြမ်းဖတ်သမားများစသည်စသည်ဖြင့် ခေါင်းစဉ်များစွာတပ်
နိုင်ပါလိမ့် မည်။ငတုံးများလည်း ဖြစ်နိုင်ပါသည်။ခင်ဗျားတို့ ကျွန်တော်တို့ နားလည်ရမည်မှာထိုသူများသည်လည်း ပြည်သူများဖြစ်၏။လက်ရှိ အချိန်အခါတွင်
ရင်ဆိုင်ခံစားနေရသောအနေအထား အနေအထားများကို လက်တွေ့ ကျကျ ရှူမြင်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဖြစ်သည်။လက်တွေ့ မကျသော
(IDEAL CASE) များကို ပြောနေပြီး ပြည်သူကို အဖြစ်ဖို့ နေဖို့ မဟုတ်ပါ။
ဒီနေရာမှာ အဓိက ထည့် စဉ်းစားရမည့်မှာ လူ့ သဘောသဘာဝ ဖြစ်တယ်။လက်ရှိအတိုက်အခံများ မအောင်မြင်ဖြစ်နေသည်မှာ
မြန်မာလူမျိုးများ၏ လူ့ နေမှူ လူ့ သဘောသဘာဝကို လျစ်လျူရှူနေသောကြောင့် ဖြစ်၏၊လို့ ကျွန်တော့် မြင်၏။တပ်မတော်သည် ၄င်းကို အသုံးကောင်းကောင်းချကာ
အာဏာကို ကြာရှည်စွာ ကိုင်ဆောင်ထားခဲ့ သည်။ တချို့ ၈၈နောက်ပိုင်းမှမွေးသောကလေးသည် အခုသက်နှစ်၂၀ အရွယ်ရောက်သည်အထိ စစ်တပ်သည်သာ
တိုင်ပြည်အုပ်ချုပ်ရသော သူများဟုတောင် ယောင်တောင်တောင်အထင်မှားလောက်အောင်ပင်ကာရှည်ခဲ့ ပြီဖြစ်၏။အချိန်သည် အကောင်ဆုံးသက်သေဖြစ်၏တဲ့ ။
နိုင်ငံသည် ခေတ်နောက်ကျ မွဲ၍ကျန်ခဲ့ သည်။နိုင်ငံသည် ရေမြေလည်းကောင်းပါ၏။လူဦးရေ မနိုင်မနင်းလည်း မဟုတ်၊ ရာသီဥတု သဘာဝဘေးဒဏ်များ
ခံရလွန်းသောကြောင့်လည်းမဟုတ်။နောက်ဆုံး အပြစ်အားလုံးပုံလိုက်သောအခါ စစ်အစိုးရကြောင့်လို့ ပြောကြမည့်သူသည် တော်တော်များမည်ဖြစ်ပါသည်။
မှန်ပါသည် ။အပြည့်အဝတော့မဟုတ်ဟု ကျွန်တော့ပြောချင်ပါသည်။ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးညံ့ ခဲ့ ၊ညံ့နေသောကြောင့် ဖြစ်၏ ။ဒါကို ကျွန်တော်တို့
လက်ခံရမည်ဖြစ်ပါ၏။ မိမိတို့ အားနည်းချက်တွေကို ပြင်ဖို့  အချိန်ရောက်နေပြီလို့ သာ မြင်ပါသည်။
အန်ကယ်ဒေါက်တာလွဏ်းဆွေရဲ့ ဆောင်းပါးကိုဖတ်ရတော့ အန်ကယ့်ရဲ့
မျိုးဆက်သစ်ကျောင်းသားလူငယ်တွေ အပေါ်ထားတဲ့ ယုံကြည်မျှော်လင့်ချက်နဲ့
စေတနာတွေကို တွေ့ရတဲ့ အတွက် အန်ကယ့်ကို အထူးပဲလေးစားမိပါတယ်ခင်ဗျ။
အန်ကယ် ဆက်လက်ပြီးတော့လည်း အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ရပ်တည်နိုင်ပါစေ။
အမှန်တရားကို လေးစားတန်ဖိုးထားတဲ့သူများ အန်ကယ်နဲ့
တသားတည်းရှိနေပါတယ်။ moe နဲ့ Thaung ကိုလည်း စာဖတ်သူအချင်းချင်း
အကြံပေးပါရစေ ခင်ဗျာ။ ဝေဖန်အကြံပြုချက်များ ရေးသားလိုပါလျှင် အရင်ဆုံး
စာလုံးပေါင်းသတ်ပုံ (အများကြီးရှိတဲ့ အထဲက တစ်ခုကိုပဲ ပြောလိုပါတယ်။
ရ=ရကောက် နှင့် ၇=ခုနှစ် ကို
ကွဲကွဲပြားပြားရေးစေလိုပါတယ်။)ကိုမှန်မှန်ကန်ကန်လေး ရေးစေချင်ပါတယ်ခင်ဗျ၊
လူကြီးမင်းတို့ အဲလိုအမှားမျိုး မှားတဲ့ အတွက် လူကြီးမင်းတို့ ပြောကြားလိုတဲ့
အဓိပ္ပယ်နဲ့ တခြားစီဖြစ်သွားပါတယ် ခင်ဗျ။ မြန်မာပြည်ကို ချစ်လျှင်
မြန်မာစာလုံးပေါင်းသတ်ပုံလေးတော့ မှန်အောင်ပေါင်းစေချင်ပါတယ် ခင်ဗျ။
အကြံပြုတာပါ ခင်ဗျ။ အမှားပါလျှင် သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ပါခင်ဗျာ။
လေးစားစွာဖြင့်-- 3ks
THREE ကရေးတယ်...
အန်ကယ်ဒေါက်တာလွဏ်းဆွေရဲ့ ဆောင်းပါးကိုဖတ်ရတော့ အန်ကယ့်ရဲ့
မျိုးဆက်သစ်ကျောင်းသားလူငယ်တွေ အပေါ်ထားတဲ့ ယုံကြည်မျှော်လင့်ချက်နဲ့
စေတနာတွေကို တွေ့ရတဲ့ အတွက် အန်ကယ့်ကို အထူးပဲလေးစားမိပါတယ်ခင်ဗျ။
အန်ကယ် ဆက်လက်ပြီးတော့လည်း အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ရပ်တည်နိုင်ပါစေ။
Dr Lun Swe က Singapore သံရုံးအခွန်ဆောင် ပေးစာ
Comment မှာဒီလိုရေးတယ်....
ညီညီညွတ်ညွတ် တိုက်ပွဲဝင် အရေးဆိုတတ်သည့် ကိစ္စမျိုး လုပ်လေ့လုပ်ထမရှိသည့် ကျနော်တို့နိုင်ငံသားများ၏ အားနည်းချက်အပေါ် အခွင့်ကောင်းယူ စော်ကားလွန်းသည့် လုပ်ရပ်ဟုလည်း ရှုမြင်ပါသည်။ စင်္ကာပူရောက် မြန်မာညီအစ်ကိုမောင်နှမများအားလုံး ညီညီညွတ်ညွတ် တိုက်ပွဲဝင်အရေးဆိုလျှင် နောက်နောင် ထိုသို့လုပ်ရဲတော့မည်မဟုတ်ဟု ကျနော့်အနေနှင့် ရိုးသားစွာ ရှုမြင်ပါသည်။ ....တဲ့။
THREE တယောက် အမှန်တရားကိုမြင်နိုင်ပါစေ...။
မြန်မာစာတော်တဲ့ THREE တယောက် ဖွတ် နဲ့ တောင်
ပို့ နဲ့ မခွဲခြားတတ်တာတော့စိတ်မကောင်းစရာဘဲ။
Daly--ခင်ဗျား
မြန်မာလို ရိုးရိုးလေးရေးသားထားတာကို နားမလည်နိုင်တာ စိတ်မကောင်းပါဘူးခင်ဗျာ။ လူကြီးမင်းအနေနဲ့ မြန်မာစာကိုဖတ်ရှုရာမှာ စေ့စေ့စပ်စပ်နဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်သဘောပေါက်အောင် ကြိုးစားစေချင်ပါတယ် ခင်ဗျ။
" ညီညီညွတ်ညွတ် တိုက်ပွဲဝင် အရေးဆိုတတ်သည့် ကိစ္စမျိုး လုပ်လေ့လုပ်ထမရှိသည့် ကျနော်တို့နိုင်ငံသားများ၏ အားနည်းချက်အပေါ်...."
ဒီလိုရေးထားတာ မှန်သလား...။ မှန်တယ်ထင်ရင်တော့
ဆက်ပြီးလေးစားပါ...။ တယောက်နဲ့တယောက် အမြင်
ခြင်းမတူနိုင်ပါ။
Post a Comment