Sunday, June 21, 2009

ပေးစာ - မောင်မင်းအောင် (ထိုင်းနိုင်ငံတောင်ပိုင်း)

ဒေါက်တာလွဏ်းဆွေခင်ဗျား ...

ဆရာ့ရဲ့ (၁၈) ရက် ဇွန်လ ၂၀၀၉ နေ့က ခေတ်ပြိုင်ဝက်ဘ်ဆိုက်ထဲပါတဲ့ ဆောင်းပါးလေးဖတ်ရလို့ အခုလိုရေး ဖြစ်တာပါပဲ။ အရင်ဦးဆုံးပြောချင်တာကတော့ ဆောင်းပါးတခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် တကယ့်ကိုမှန်ကန် နေတဲ့ ဖြစ်စဉ်တွေမှန်း သိရပါတယ်။ နောက်ပြီး အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် နှစ် (၂၀) ၀န်းကျင် ကာလတလျှောက်လုံးမှာ မြင်နေ တွေ့နေ ကြားနေရတဲ့ အဖြစ်မှန်တွေပါပဲခင်ဗျား။ နောက်တခုကတော့ အဲဒီ ကိုခင်မောင်တိုးရဲ့ ‘အရွယ်လွန်ရွေ့လျား’ သီချင်းလေးဟာ ကျနော်တို့ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က အမြဲသီဆို ခဲ့တဲ့သီချင်းလေးလည်းဖြစ်ပြီး ရေးချင်စိတ်ပေါ်လာလို့ အခုလို ရေးလိုက်ရတာပါ၊

ဒီဘက်က အတိုက်အခံအမည်ခံတွေအားလုံး စစ်အစိုးရဆန့်ကျင်သူအားလုံး ( ပြည်တွင်းမှ လူတွေကိုတော့ ဒီ နေရာမှာ ခြွင်းချက်အနေနဲ့ ပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်က လူတွေလို လူ့အခွင့်အရေးဆို တာကို အကောင်အထည်ဖော်ရာမှာ မလွယ်ကူသူတွေဖြစ်လို့ပါပဲ) ယနေ့အထိ ရပ်တည်ချက် လုပ်ဆောင်မှု၊ ပေးဆပ်မှု၊ အားထုတ်မှု စတဲ့ လိုအပ်တဲ့ (နအဖကို ဆရာ့အပြောအရဆိုရင် လန့်အောင်) မိမိတို့ဘာသာ စည်းရုံး လုပ်နိုင်ခြင်း မရှိသေးတာတွေကြောင့်ပါပဲ။

တခုဝန်ခံချင်တာကတော့ အဲဒီစစ်အစိုးရကိုမုန်းတဲ့ ဆန့်ကျင်သူစာရင်းထဲမှာ ကျနော်လည်း ရှေ့တန်းတော့ မ ဟုတ်ပါ။ နောက်တန်းကနေပါဝင်ပြီး အထက်ကပြောခဲ့သလို အနစ်နာခံပေးဆပ်ခြင်းတွေကို ဒေါ်အောင်ဆန်းစု ကြည်လောက်မပြောနဲ့ အထဲက အဖမ်းဆီးခံနဲ့ အနည်းငယ်မျှသော ပေးဆပ်သူ အတိုက်အခံလူတချို့လောက် လုပ်ကိုင်အားထုတ်ခြင်းတော့ မရှိခဲ့သေးပေမယ့် ကျရာနဲ့ တတ်နိုင်သလောက်တော့ နိုင်ငံရေးအရမဟုတ် တောင် လူမှုရေးအလုပ်အချို့တော့ လုပ်ခဲ့ဖူး(လုပ်နေ)ကြောင်း ပြောပါရစေ။ သိုသော်လည်း ဆရာပြောသလို အဲဒီအချို့သော ပညာတတ် အတိုက်အခံ အထက်တန်းလွှာတွေထက်တော့ တကယ်လိုအပ်တဲ့ အနေအထား တွေမှာ စိတ်ဓာတ်ပိုင်းအနေနဲ့တော့ မနိမ့်သူတယောက်ဖြစ်ပါတယ်။

ကျနော်က နိုင်ငံရေးသမားတဦးမဟုတ်ပါဘူး။ ဒီဘက်ရောက် သာမန်အရပ်သားတဦးပါ။ ဒါပေမယ့် အကောင်း အဆိုးနဲ့ အကြောင်းအကျိုးကိုတော့ ယေဘုယျအားဖြင့် လုပ်ရပ်တခုမှန်တယ် မမှန်ဘူး၊ မကောင်းဘူး ကောင်း တယ်မှန်းတော့ သိမြင်တတ်ပါတယ်။ အရင်တုန်းက ထင်မိတာ ဒီဘက်မှာ ခေါင်းဆောင်ကောင်းတယောက် ဦး စီးဦးဆောင်ရှိပြီး မှန်ကန်တဲ့ ရပ်တည်ချက်နဲ့ အများလေးစားအားထားရမယ့်သူ ရှိမယ်လို့ထင်ခဲ့မိပါတယ်။ ဒါပေ မယ့်တကယ်တော့ အခုချိန်ထိ အဲဒီစံနဲ့ကိုက်တဲ့လူကို မတွေ့ခဲ့ရသေးပါဘူး။ တယောက်နဲ့ တယောက် အပြန်အ လှန်ဝေဖန် ဖော်ကောင်လုပ်နေသူတွေ များပါတယ်။

စကားတွေ ဘယ်ရောက်ကုန်သလဲတောင် မသိတော့ပါဘူး။ ပြောချင်တာက အများကြီးပါ။ သိချင်တာ မေးချင် တာလည်း အများကြီးပါ။ ဒီဘက်က လူတွေအနေနဲ့ မစည်းလုံးသရွေ့ မပေါင်းစပ်နိုင်သရွေ့တော့ အဲဒီစစ်တပ် ကို ဘယ်လိုမှ ဘယ်သောအခါမှ ဖြုတ်ချနိုင်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး အဲဒါတွေဟာလည်း နအဖက ကွဲ အောင်လုပ်ထားလို့ ဖြစ်နေရတာဆိုရင်လည်း အခုချိန်မှာ အဲဒီ စစ်တပ်ကို မတိုက်ခင် ကိုယ်တွေဘက်ကနေ အားလုံးသော အတိုက်အခံများဟာ စုစည်းတိုင်ပင်ညှိနှိုင်းပြီး ညီညွတ်နိုင်ပြီဆိုရင် (အများသိအောင် ကမ္ဘာက သိအောင်လုပ်နေခြင်းဟာ မကောင်ဘူးလို့မဆိုလိုပါ။ ဒါပေမယ့် ထိရောက်မယ့် အချက်ကြီးတော့ မဟုတ်ပါ) ကျနော်တို့ အဆင်သင့်ဖြစ်တာကို နအဖကသိပြီဆိုရင် အဲဒီအချိန်ဟာ နအဖဟာ အတိုက်အခံအင်အားစုတွေ ကို အမေရိကားဆန်ရှင်၊ အီးယူနဲ့ အာဆီယံဖိအားတွေထက် ကြောက်လန့် သွေးပျက်မယ့်ကိန်း ဆိုက်တဲ့အချိန် ဖြစ်ပီပေါ့ခင်ဗျား။

နောက်ပြီး တကယ်လို့ အဲဒီလိုဖြစ်ပြီဆိုတာကိုသာ ကြားရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော အထိန်း သိမ်းခံ ခေါင်းဆောင်တွေအားလုံးလည်း သူတို့ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ခါးသီးတဲ့ နေ့ရက်တွေကို ပျက်ရယ်ပြုနိုင်ကြ လိမ့်မယ်လို့ ထင်မိပါကြောင်းနဲ့ ပြည်သူတွေလည်း တန်ဖိုးထားမယ့် အတိုက်အခံသားကောင်းတွေ ဖြစ်လာမယ် ဆိုတာ ဆရာ့ထံသို့ ကျနော့်အမြင်နဲ့ ခံစားမှုလေးကို တင်ပြရေးသားလိုက်မိပါတယ်ခင်ဗျား။

လေးစားလျက် ...
မောင်မင်းအောင် (ထိုင်းနိုင်ငံတောင်ပိုင်း)

2 comments:

Anonymous said...

မောင်မင်းအောင် (ထိုင်းနိုင်ငံတောင်ပိုင်း) ရဲ့ စာကို ဖတ်တော့ (ဒီဘက်က အတိုက်အခံ အမည်ခံတွေ အားလုံး စစ်အစိုးရဆန့်ကျင်သူအားလုံး) ဒီအပိုဒ်လေး ကို နဲနဲ စောတက တက်မလို့ ပါ။ မောင်မင်းအောင်လို လူငယ်တယောက် အခုလို ဝေဖန်သုံးသပ်တာကိုလဲ ကြိုဆိုပါတယ်။

မောင်မင်းအောင်ကိုယ်တိုင်ဝန်ခံချက်အရ စစ်အစိုးရ ကိုမုန်းတဲ့ ဆန့်ကျင်သူစာရင်းထဲမှာ ရှေ့တန်းကလဲ မဟုတ်ဘူး။ နောက်တန်းကနေ အနစ်နာခံပေးဆပ်ခြင်း တွေကို ဒေါ်စု။ အဖမ်းဆီးခံများ။ အနည်းငယ်မျှသော ပေးဆပ်သူ အတိုက်အခံလူတချို့လောက် တောင် အားထုတ်ခြင်း မရှိခဲ့သေးသူ (တတ်နိုင်သလောက်တော့ နိုင်ငံရေးအရမဟုတ်တောင် လူမှုရေးအလုပ် အချို့ တော့ လုပ်ခဲ့ဖူး (လုပ်နေ) သူတယောက်အနေနဲ့ )
ဝေဖန်ခွင့်ရှိပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ လွတ်လပ် စွာပြောဆို ဝေဖန်ပိုင်ခွင့် ပြည်သူတိုင်းမှာ ရှိပါတယ်။ ပြည်သူတွေကိုလဲ အဲဒီလိုဝေဖန် ပြောကြားရဲတဲ့ ပြည်သူ တွေဖြစ်လာအောင် ဆောင်ရွက်နေကြရ တယ်။
တခုမေးစရာရှိတာက လူမှုရေးအလုပ် အချို့လောက် လုပ်နေတဲ့သူတယောက်က (အတိုက်အခံအမည်ခံတွေ အားလုံး စစ်အစိုးရဆန့်ကျင်သူအားလုံး) လို့ သုံးလိုက်တဲ့အခါကြတော့ အမည်တောင်မခံရဲတဲ့ မောင်မင်းအောင်ကို သူတို့  ဂရုစိုက်ပါ့မလား။ နောက်တခုက အတိုက်အခံအဖြစ် အမည်ခံရတယ်။ ဆန့်ကျင်သူစာရင်းကိုလဲ မ၀င်ချင်လို့ မရဘူး။ စာရင်းမပါဝင်ဘဲနဲ့ မောင်မင်းအောင်လို နေရင် အတိုက်အခံလဲ မဖြစ်သလို စစ်အစိုးရဆန့်ကျင်သူလဲ မဖြစ်ပါဘူး။
အတိုက်အခံအမည်ခံတွေထဲမှာ အစစ်အမှန်တွေလဲ ပါ နေနိုင်ပါတယ်။ အစစ်အမှန်တွေက ဘယ်လိုခံစားရမ လဲ။ အမည်ခံတွေကတော့ ဂရုမစိုက်ပါဘူး အတိုက်အခံအမည်ခံတွေလို့ ထင်ရင် ခင်ဗျားလာပြီး စစ်အစိုးရကို ဆန့် ကျင်တော်လှန်ပါလားဆိုရင်
မောင်မင်းအောင် ဖြေရခက်ပါလိပ့်မယ်။ စဉ်းစားပြီး အသုံးအနှုန်း မှန်ကန်စွာ ရေးရင်ပိုကောင်းလိမ့်မယ် လို့ အကြံပြု ပါရစေ။
အတိုက်အခံအစစ်အမှန်ဖြစ်ရန် အနှစ်၂၀ ကြိုးစား လာခဲ့သူတဦး