ကိုလတ်
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
မြန်မာပြည်မှာ ဘောလုံးပြိုင်ပွဲတွေကို ပရိုစနစ်ပြောင်းပြီး ကျင်းပတော့မယ်ဆိုတဲ့ သတင်းကြားကာစက အရင် ဦးဆုံး ဘောလုံးနဲ့အသက်မွေးချင်သူတွေအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဘ၀တလျှောက်လုံး ဘော လုံးကို ဖက်တွယ်လာတဲ့ ကစားသမားတွေ၊ နည်းပြတွေရဲ့ ဘ၀ရပ်တည်ရေး ပိုပြီးအဆင်ပြေတော့မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ တပြိုင်နက်တည်းမှာပဲ စာရေးသူတို့လို ဘောလုံးဝါသနာအိုးတွေအတွက်လည်း ပွဲကြီးပွဲကောင်း တွေ ကြည့်ခွင့်ရတော့မယ်ဆိုပြီး ပီတိဖြစ်မိတာ အမှန်ပါ။
အဲသလို ပရိုစနစ်နဲ့ကျင်းပမယ့် ဘောလုံးပွဲတွေကို ကြည့်ရှုချင်တာမှန်ပေမယ့် လူစုလူဝေးဖြစ်မှာကို အင်မတန်မှ စိုးရွံ့ထိတ်လန့်တတ်တဲ့ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေက ပရိသတ်အုတ်အော်သောင်းတင်း ဖြစ်နိုင်တဲ့ ဒီလို ဘောလုံးပွဲမျိုးတွေကို ခွင့်ပြုပါ့မလားလို့လည်း စိုးရိမ်စိတ်ဖြစ်ပေါ်မိတယ်။ ဒါပေမယ့် တပ်ချုပ်ကြီး သန်းရွှေကိုယ် တိုင်က ပရိုစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အမိန့်ပေးစေခိုင်းတာ ဆိုတဲ့သတင်း ကြားရတော့မှ ဟုတ်ချင်ဟုတ်မှာပဲ ဆိုတဲ့စိတ်နဲ့ စောင့်ကြည့်နေမိတော့တယ်။
တပ်ချုပ်ကြီးရဲ့ အကြံအစည်ကတော့ သူတို့ရဲ့စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် ၂၀၁၀ ရွေး ကောက်ပွဲကျင်းပနိုင်ဖို့ လုံးပန်းနေချိန်မှာ မြန်မာပြည်သူတွေ နိုင်ငံရေးဘက်အာရုံမရောက်အောင် တနည်းတဖုံ လမ်းလွှဲချင်လို့ အခုလို ပရိုစနစ်နဲ့ ပရိသတ်စိတ်ဝင်စားစေမယ့် ပြိုင်ပွဲကို အမြန်ဆုံးအကောင်အထည်ဖော်ခိုင်း တာလို့ သိရပါတယ်။ အဲဒီတော့ အရင်ကတည်းက စနစ်တကျ ကြိုတင်ပြင်ဆင်ထားတာမျိုးမရှိတဲ့ မြန်မာဘော လုံးအဖွဲ့ချုပ်အနေနဲ့လည်း အထက်အမိန့်အရ ဘောလုံးအသင်းတွေ အမြန်ဖွဲ့ခိုင်းပြီး တက်သုတ်ရိုက် စီမံလုပ် ဆောင်တာကို တွေ့ရပါတော့တယ်။
မြန်မာပြည်မှာ ပရိုစနစ်ပြောင်းမယ်ဆိုတော့ ဘောလုံးအသင်းတွေကို ငွေအကြေးအမြောက်အမြား အကုန်အ ကျခံပြီး ဘယ်လိုလူတွေက တည်ထောင်မှာလဲဆိုတာကိုလည်း စိတ်ဝင်စားမိတယ်။ အဆင့်မီတဲ့ ဘောလုံးအ သင်းတသင်းကို တည်ထောင်ဖို့ဆိုတာ တော်ရုံတန်ရုံ ငွေကြေးပမာဏနဲ့ ရနိုင်တာမဟုတ်တော့ မြန်မာပြည်မှာ ပရိုဘောလုံးအသင်းတွေ တည်ထောင်နိုင်မယ့် ပုဂ္ဂိုလ်တွေ ရှိနိုင်ပါ့မလား၊ ရှိတယ်ဆိုရင်လည်း ဘယ်သူတွေဖြစ် မလဲဆိုတာကို စိတ်ဝင်စားမိတာအမှန်ပဲ။
နောက်ပြီး အချိန်တိုအတွင်း တည်ထောင်လုပ်ကိုင်ရမှာဆိုတော့ အဲသလောက် လျင်လျင်မြန်မြန် လုပ်ကိုင် ဆောင်ရွက်နိုင်လောက်အောင် ငွေကြေးချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်ဆိုလို့ နအဖစစ်ဗိုလ်တွေနဲ့ ပလဲနံပသင့် အောင်ပေါင်းပြီး ကိုယ်ကျိုးရှာအမြတ်ထုတ်၊ ခေတ်ပျက်မှာ သူဌေးလုပ်နေကြတဲ့ လက်တဆုပ်စာ လူတစု လောက်ပဲ ဒီလိုပရိုဘောလုံးအသင်းမျိုးတွေကို တည်ထောင်နိုင်လိမ့်မယ်လို့ တွေးနေမိရဲ့။
ထင်ထားတဲ့ အတိုင်းပါပဲ။ တကယ်တမ်း ဘောလုံးအသင်းတွေ ဖွဲ့တဲ့အခါမှာလည်း အဲဒီခေတ်ပျက်သူဌေး လက် တဆုပ်စာကိုပဲ နအဖစစ်ဗိုလ်ချုပ်တွေက by force နဲ့ ဖွဲ့စည်းခိုင်းပုံပေါ်တယ်။ သိပ်မကြာလိုက်ဘူး၊ တိုင်းကြီး (၈) တိုင်းကို အခြေခံဖွဲ့စည်းတဲ့ ဘောလုံးအသင်း (၈) သင်း ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်ထွက်လာပါတော့ တယ်။
အဲဒီ (၈) သင်းထဲမှာ ဒယ်လ်တာယူနိုက်တက်အသင်းတခုတည်းသာ အများပိုင်ဘောလုံးအသင်းဖြစ်ပြီး ကျန်တဲ့ (၇) သင်းက ခေတ်ပျက်သူဌေးတဦးစီ ပိုင်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ယူနိုက်တက်ကို ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့ သားသမက် ဦးတေဇ (ထူးထရေးဒင်းကုမ္ပဏီ)၊ ကမ္ဘောဇအက်ဖ်စီကို ဆရာကျောင်းလို့ လူသိ များတဲ့ ဦးအောင်ကိုဝင်းရဲ့သား ဦးဇော်ဝင်းနိုင် (ကမ္ဘောဇဘဏ်)၊ ရတနာပုံအက်ဖ်စီကို ဒေါက်တာစိုင်းဆမ်ထွန်း (လွယ်ဟိန်းကုမ္ပဏီ)၊ မကွေးအက်ဖ်စီကို ဘိန်းဘုရင်လော်စစ်ဟန် ရဲ့ သားဖြစ်တဲ့ ဦးထွန်းမြင့်နိုင် (အေးရှားဝေါ ကုမ္ပဏီ)၊ ဇေယျာရွှေမြေအက်ဖ်စီကို ဦးဝင်းမြင့် (ရွှေနဂါးမင်းကုမ္ပဏီ)၊ ဥဿာယူနိုက်တက်ကို ဦးအောင်ကျော် မိုး (IBTC) နဲ့ ဆောက်သမ်းမြန်မာအက်ဖ်စီကို ဦးဌေးမြင့် (ယုဇနကုမ္ပဏီ) တို့က ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။
အသင်းတွေ တည်ထောင်ပြီး မကြာခင်မှာပဲ ဘောလုံးသမားတွေနဲ့ နည်းပြတွေကို အမြင့်ဆုံးလစာ (၁၀) သိန်း ကနေ အောက်ထစ် (၂) သိန်းလောက်နဲ့ ခေါ်ယူစာချုပ်တဲ့ သတင်းတွေ ကြားရသလို နိုင်ငံခြားသားဘောလုံးသ မားတွေ၊ နည်းပြတွေကို ခေါ်ယူစာချုပ်သတင်းတွေလည်း ဖတ်လာရတယ်။ ဘောလုံးအသင်းတွေကို ပရိသတ် နဲ့ မိတ်ဆက်ပေးတဲ့ ပွဲတွေကိုလည်း တီးဝိုင်းတွေ၊ စတိတ်ရှိုးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလာကြတာကို တွေ့ ရတယ်။ မန္တလေးမှာကျင်းပတဲ့ ရတနာပုံအက်ဖ်စီအသင်း မိတ်ဆက်ပွဲ Iron Cross စတိတ်ရှိုးမှာတော့ ပရိ သတ်နဲ့ လုံထိန်းတွေ အကြီးအကျယ် ပြဿနာတက်တာကို တွေခဲ့ရပါတယ်။
အဲဒီလို လုံခြုံရေးပြဿနာတွေကြောင့်ပဲလို့ ယူဆရတယ်။ ပထမတုန်းက ဘောလုံးအသင်းဖွဲ့စည်းတဲ့ သက်ဆိုင် ရာ တိုင်းမြို့တွေက ဘောလုံးကွင်းတွေမှာ အိမ်ကွင်း၊ အဝေးကွင်း အပြန်အလှန် ကစားကြမယ်လို့ ကြားရပေ မယ့် ပြိုင်ပွဲတကယ်တမ်း ကျင်းပချိန်မှာတော့ ရန်ကုန်မှာရှိတဲ့ အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်းတို့မှာပဲ ကစားရ မယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက အမိန့်ထုတ်လာ ပါတယ်။ အခုနောက်ဆုံးကြားရတဲ့ သတင်းအရဆိုရင် ရန်ကုန်ယူနိုက်တက်နဲ့ ဥဿာယူနိုက်တက် ကစားတဲ့ပွဲမှာ ပြဿနာဖြစ်လို့ အောင်ဆန်းကွင်းမှာပါ ဘောလုံးက စားခွင့် ပိတ်လိုက်ပြီလို့ သိရပါတယ်။
တကယ်တမ်း ပရိုစနစ်ဆိုရင် အိမ်ကွင်း၊ အဝေးကွင်း အပြန်အလှန်ကစားပြီး သူ့ပရိသတ် ကိုယ့်ပရိသတ် မျှမျှ တတ အားပေးကြည့်ရှု နိုင်အောင် စီမံပေးရမှာဖြစ်ပါတယ်။ အခုဟာက စစ်အုပ်စုအနေနဲ့ မရဲဘဲ ကျွဲပြဲစီးတဲ့ကိစ္စ ဖြစ်နေတော့ လုံခြုံရေးမနိုင်မနင်းဖြစ်မှာကို စိုးရိမ်ပြီး ရန်ကုန်တမြို့တည်းမှာပဲ ကျင်းပခိုင်းတော့ ရန်ကုန်ယူနိုက် တက်အတွက် ပရိသတ်အားပေးခွင့်အနေအထား အသာစီးရသလို ဖြစ်နေတာပေါ့။ ကျန်တဲ့အသင်းတွေ ကန် တဲ့နေ့ဆိုရင် အသင်းပိုင်ရှင်သူဋ္ဌေးတွေက အခမဲ့ကြည့်ရှုမယ့်သူတွေကို ကားနဲ့ လိုက်ခေါ်နေရတယ်ဆိုတဲ့ ရယ် စရာသတင်းတွေ ကြားရပါတယ်။
သာမန်ပြည်သူတွေအဖို့တော့ ဘောလုံးပွဲကို ကြည့်ချင်တာတောင် ငွေးရေးကြေးရေး အခက်အခဲရှိနေတာမို့ အခုလို စီးပွားပျက်ကပ် ဆိုက်နေတဲ့အချိန်အခါမျိုးမှာ ဘောလုံးကွင်းထဲ လာရောက်အားပေးနိုင်ဖို့ဆိုတာ အိပ် မက်လိုဖြစ်နေပါတယ်။ အဲဒါကြောင့်မို့လည်း ဘောလုံးပိုင်ရှင်သူဋ္ဌေးတွေက အခမဲ့အားပေးကြည့်ရှုဖို့ ကားနဲ့ လိုက်ခေါ်နေရတာဖြစ်ပါတယ်။
ဖွင့်ပွဲစကျင်းပတုန်းက ဘောလုံးကွင်း လေးဘက်လေးတန် လူပြည့်လျှံနေရာကနေ အခုနောက်ပိုင်းပွဲတွေမှာဆို ရင် အထူးတန်း ပွဲကြည့်စင်ဘက်မှာသာ လူရှိတော့တာမို့ ကွင်းဝင်ကြေးအနေနဲ့ ခွက်ခွက်လန်အောင် အရှုံးပေါ် မယ်ဆိုတာကို ခန့်မှန်းလို့ရနေပါတယ်။ ဘောလုံးအသင်းပိုင်ရှင်တွေအတွက် ၀င်ငွေအနေနဲ့ ရပေါက်ရလမ်း တွေလည်း သိပ်ကြီးကြီးမားမား မတွေ့ရသေးတာမို့ ဘောလုံးသမားတွေ၊ နည်းပြတွေရဲ့အပြောင်းအရွှေ့စရိတ်၊ လစာတွေအတွက် သိန်းပေါင်းများစွာ အကုန်အကျခံပြီး မတည်ထားတဲ့ ခေတ်ပျက်သူဋ္ဌေးတွေအနေနဲ့ စစ်ဗိုလ် ချုပ်တွေ မငြိုငြင်အောင် အရှုံးခံပြီး လုပ်နေရတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
ဒါပေမယ့် ခေတ်ပျက်သူဌေးတွေ ဆိုတာကလည်း နအဖအတွက် ဆယ်ပြားဖိုးလောက် လုပ်ပေးပြီး တကျပ်ဖိုး လောက် အိတ်ထဲပြန်ထည့်ခွင့်ရအောင် လုပ်စားတတ်တဲ့ လူစားတွေဆိုတော့ ဘောလုံးအသင်းထောင်လို့ ရှုံးတဲ့ ငွေတွေကို တခြားဘက်က ပေါင်းစားပြီး ပြန်ရအောင်လုပ်မယ့်လူတွေပါ။ တကယ်တမ်း ပရိုစနစ်သက်ဆိုးမရှည် လို့ ပွဲပျက်ပြီဆိုရင်သာ ကစားသမားတွေ၊ နည်းပြတွေအဖို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ မျောက်သစ်ကိုင်း လွတ်မယ့် အနေအထားမျိုးတွေ ကြုံတွေ့ရမှာပါ။
နောက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်မရှိ၊ ဥပေဒစိုးမိုးတဲ့ မျှတတဲ့ တရားစီရင်ရေးစနစ်မရှိတဲ့ အခုလိုအခြေအနေ မျိုးမှာ လာဘ်စားတာမျိုး၊ လုပ်ပွဲကစားတာမျိုး၊ ပရိသတ်အဓိကရုဏ်းဖြစ်တာမျိုး ပြဿနာတခုခုနဲ့ ကြုံပြီဆိုရင် စစ်အုပ်စုအနေနဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းပေးမှာမဟုတ်ဘဲ သူတို့ဘက် ဦးမလှည့်လာရေးကိုသာ ဦးစားပေး လုပ်ဆောင်မှာ သေချာပါတယ်။ အခြေအနေဆိုးလာရင် ဘာကိုမှ ငဲ့ညှာနေမှာမဟုတ်ဘဲ ဘောလုံးပွဲတွေကို သာ တချက်လွှတ်အမိန့်နဲ့ ရပ်ဆိုင်းပစ်ခိုင်းမယ့် အနေအထားမျိုးပါ။
အဲဒါကြောင့် စစ်အုပ်စုထင်ရာစိုင်းနေတဲ့ အခုလိုကာလဆိုးကြီးမှာ ပရိုစနစ်ကူးပြောင်းဖို့ ရေခံမြေခံကောင်းတွေ ရှိမနေသေးတဲ့အတွက် ဘောလုံးသမားတွေ၊ နည်းပြတွေအဖို့ ရတုန်းယူထားလိုက်ဆိုတဲ့ အနေအထားကလွဲရင် ရှေရည်အာမခံချက်ရှိမယ့် အနေအထားမျိုး မတွေ့ရသေးကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ကိုလတ်
Friday, June 26, 2009
လက်ရှိအခြေအနေမှာ မြန်မာပရိုလိဂ် အခြေခိုင်နိုင်ပါ့မလား
Subscribe to:
Post Comments (Atom)
1 comment:
what a crap ignorant attitude from the author !! have you really researched about it before writing this article and can you really take responsibilities of your stupidity??
maybe that Myanmar League is done by a group of people who get alone with junta but it is getting really great and good for both the players and the fans where football is a part of their life.
so why the fcuk you typical demo are moaning about whilst you can't even do at least a thing good for the country???
Post a Comment