Monday, June 29, 2009

“အန်အယ်လ်ဒီဌာနချုပ်ဟာ ဆွံ့အနားမကြားကျောင်းတခုလို ဖြစ်နေတယ်” လို့ ပြောလိုက်တဲ့ လူထုစိန်ဝင်းနဲ့ အင်တာဗျူး (အာရ်အက်ဖ်အေ)

“အန်အယ်လ်ဒီဌာနချုပ်ဟာ ဆွံ့အနားမကြားကျောင်းတခုလို ဖြစ်နေတယ်” လို့ ပြောလိုက်တဲ့ လူထုစိန်ဝင်းနဲ့ အင်တာဗျူး (အာရ်အက်ဖ်အေ)

ဟုတ်ကဲ့ ဆရာဦးစိန်ဝင်းခင်ဗျာ၊ အခု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကတော့ မြန်မာပြည်က ပြန်သွားပြီလို့သိရပါတယ်။ သူလာခဲ့တဲ့ ခရီးစဉ်နဲ့ အကျိုးဆက်တွေ ပေါ့၊ ဆရာ ဘယ်လိုမြင်ပါသလဲခင်ဗျာ။

ဒီအကြောင်းကိုတောဗျာ့ ကျနော် အရင်ကလည်းပဲ ဂမ်ဘာရီလာခဲ့တဲ့ အကြိမ်တွေမှာလည်း ကျနော် ခဏခဏ ပြောဖူးပါတယ်။ ဂမ်ဘာရီပဲ လာလာ၊ ဘန်ကီမွန်းပဲ လာလာ ဟုတ်လား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် တွေ တခုလုံးပဲ လာလာ၊ အခြေအနေတွေကတော့ ဘာမှထူးခြားမယ်လို့ ကျနော်ကတော့ မယူဆဘူးဗျ။ ဘာ ဖြစ်လို့လဲဆိုတော့ကာ ဒီကုလသမဂ္ဂကလည်းပဲ သူ့မှာက ဘာမှ တကယ်တမ်း သူက လုပ်ပေးနိုင်တဲ့ အခွင့်အာ ဏာ သူ့မှာ ဘာမှမရှိဘူး။ အရင်တုန်းက ဦးသန့်ပြောခဲ့ဖူးတဲ့ စကားလေးတခွန်း ရှိတယ်။ ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်နဲ့ ရှိနေစဉ်တုန်းက ဦးသန့်က ပြောခဲ့ဖူးတယ်။ သူ့မှာ ဘာမှ လုပ်ပိုင်ခွင့်အာဏာတွေ မရှိပါဘူးတဲ့။ သူ့အလုပ်ဟာ တကယ်တော့ ဂုဏ်ထူးဆောင် စာရေးတော်ကြီးအလုပ်ပါပဲတဲ့။ ဆိုတော့အခုလည်း ပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ ဘာတို့မှာက ဘာမှလုပ်ပိုင်ခွင့်တွေ၊ အခွင့်အာဏာတွေ မရှိဘူး။ ဒီလိုအခွင့် အာဏာတွေ မရှိတဲ့အတွက် ဒီအစိုးရကလည်း သူတို့ကို သိပ်ပြီးတော့ လေးစားမှု၊ အထင်ကြီးမှု မရှိဘူးခင်ဗျ။

နောက်ပြီးတော့ ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်အပေါ်မှာလည်း ပုဂ္ဂိုလ်ရေးအရကို ကျနော်က ဂမ်ဘာရီကို မယုံကြည် ဘူးဗျ။ သူဟာ စစ်မှန်တဲ့ ကုလသမဂ္ဂရဲ့ကိုယ်စားလှယ်လို့ ကျနော်က မယူဆတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူအရင်တုန်းက (၇) ကြိမ်လောက်လာခဲ့တယ်။ လာခဲ့တဲ့ အကြိမ်တိုင်းမှာလည်း သူက တိုးတက်ပါတယ် ပြော သွားတာပဲရှိတယ်။ တကယ်တမ်းတော့ ဘာမှ တိုးတက်တာတွေ ဖြစ်မလာဘူး။ အဲတော့ ကျနော်ကတော့ ဂမ် ဘာရီဟာ သူ့ကို စွဲချက်တောင်မှ (၂) ခုပဲ ကျနော်က တင်ချင်တယ်။ ပထမစွဲချက်ကတော့ လိမ်လည်မှု။ သူက ဟုတ်လား ဘာမှမတိုးတက်ဘဲနဲ့ အခြေအနေတွေက ဆိုးနေတာပဲရှိတယ်။ ဆိုးနေတာတွေကို ကောင်းပါတယ်၊ ကောင်းပါတယ်၊ တိုးတက်ပါတယ်ဆိုပြီး လိမ်ညာပြီးတော့ လုံခြုံရေးကောင်စီကို အစီရင်ခံနေတယ်။ ဒါတချက် ပေါ့။

နှစ်အချက်ကတော့ ဂမ်ဘာရီဟာ သူ့ကို လုံခြုံရေးကောင်စီက ပေးအပ်ထားတဲ့ အခွင့်အာဏာတွေမရှိဘဲနဲ့ အာ ဏာကို သူအလွဲသုံးစာလုပ်တယ်လို့ ကျနော်က ယူဆတယ်။ လုံခြုံရေးကောင်စီက အခွင့်အာဏာ ပေးထားတာ က၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြန်မာပြည်နိုင်ငံရေးမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ် လာစေဖို့ အဲဒီအတွက် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ ဒါကိုလုံးပမ်းဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထား တာ။ အခု ဂမ်ဘာရီတို့ ဘန်ကီမွန်းတို့က ဂမ်ဘာရီက ဘာတွေလုပ်ခဲ့လဲဆိုတော့ သူက ဒီဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေကို အသိအမှတ်ပြုပြီးတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲမှာ တရားမျှ တမှုဖြစ်ဖို့၊ နိုင်ငံတကာ ကြီးကြပ်သူတွေ လာဖို့တို့ ဒီအကြောင်းတွေကို သူက ပြောပြတယ်။ ဒါဟာ သူ့အခွင့်အာ ဏာထဲမှာ မပါဘူးဗျ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်း မထားဘူး၊ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်းမထားဘူး။ ဒါကြောင့်မို့ ကျ နော်ကတော့ ဂမ်ဘာရီကို ခုနက လိမ်ညာမှုရယ်၊ အာဏာအလွဲသုံးစားလုပ်မှုရယ်နဲ့ စွဲချက်တင်ပြီးတော့ ဒီနေ ရာကနေပြီးတော့ ဖယ်ရှားပစ်သင့်တယ်လို့ ကျနော်က ယူဆတယ်။

လက်ရှိ အဲတော့ဆရာ မြန်မာ့နိုင်ငံရေးမှာ ဒီကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေက ဘာမှ ထိရောက်မှုမရှိဘူးလို့များ ပြောနေတာလားခင်ဗျ။

ဟုတ်ကဲ့ ဘာမှထိရောက်မှု မရှိပါဘူးခင်ဗျ။ ဘာမှထိရောက်မှု မရှိပါဘူး။ ကုလသမဂ္ဂက အခုနက ဦးသန့်ပြောခဲ့ တဲ့အတိုင်းပါပဲ။ ဘာအခွင့်အာဏာမှမရှိတဲ့ toothless tiger ပါပဲ။

ဟုတ်ကဲ့ အဲဒါဆို မြန်မာပြည်သူလူထုအကျိုးအတွက်က ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲ ဖြစ်လာနိုင်မလဲ။

မြန်မာပြည်သူလူထု နော် တိုင်းပြည်အတွက်ကတော့ ကျနော်တို့ မြန်မာပြည်သူလူထုကိုယ်တိုင်ပဲ ဘယ်သူ့ကိုမှ အားမကိုးဘဲနဲ့ ကုလသမဂ္ဂကိုလည်း အားမကိုးဘဲနဲ့ အမေရိကန်ကိုလည်း အားမကိုးနဲ့ အီးယူကိုလည်း အားမ ကိုးနဲ့ ကိုယ့်ပြည်သူ့အားကိုပဲ ကိုယ်အားကိုးပြီးတော့ ကိုယ့်အချင်းချင်းပဲ ညှိနှိုင်းတိုင်ပင်ဆောင်ရွက် လုပ်သင့် တယ်လို့ ကျနော်က ယူဆတယ်။ အန်အယ်လ်ဒီအဖွဲ့အစည်းနဲ့ ဒီအစိုးရနဲ့ တိုင်းရင်းသားတွေနဲ့ အတူရှိနေကြတဲ့ သုံးပွင့်ဆိုင်တွေပေါ့ဗျာ။ ဒီလူတွေအချင်းချင်းကိုပဲ ကိုယ့်ဟာကိုယ် တွေ့ဆုံညှိနှိုင်းပြီးတော့ ဖြေရှင်းသင့်တယ်လို့ ကျနော်က ထင်တယ်။ ဒီကုလသမဂ္ဂတို့ ဘာတို့ကို အားကိုးပြီးတော့ အချိန်တွေက ကြာနေပြီ။ အနှစ် (၂၀) ရှိပြီ။ တိုင်းပြည်က နာသထက်နာနေပြီ။ လူတွေက ဒုက္ခရောက်သထက်ရောက်နေပြီ။

ဟုတ်ကဲ့ဆရာ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို အခုအချိန်အထိ လုံးဝ လက်မခံသလို လက်ခံမယ့် အလားအလာလည်း မတွေ့ရဘူးခင်ဗျ။ အဲတော့ ဒီကိစ္စက ဖြစ်နိုင်ခြေရှိ ပါ့မလား။

ဟုတ်ကဲ့ ဖြစ်နိုင်ခြေမရှိတာ၊ အခု အနှစ် (၂၀) လုံး ရေစုန်မျောနေတာက စစ်အစိုးရကလည်းပဲ ဒီ တွေ့ဆုံဆွေး နွေးရေးကို လက်မခံဘူး ငြင်းပယ်နေတာက ရှင်းရှင်းပြောရရင်တော့ အန်အယ်လ်ဒီကို သူတို့က လေးစားစရာ အဖွဲ့အစည်းလို့ မယူဆတော့လို့ပဲဗျ။ အန်အယ်လ်ဒီကို လေးစားစရာအဖွဲ့အစည်းတခုလို့ ယူဆရင် သူတို့ဒီလို ငါတကောမကောရဲပါဘူး။ အန်အယ်လ်ဒီကလည်း လေးစားစရာအဖွဲ့အစည်းလို့ မယူဆတာဟာ သူတို့အစိုးရရဲ့ အမှားလည်း မဟုတ်ဘူးဗျ။ ကျနော့်အမြင်ကလည်း အန်အယ်လ်ဒီ ကိုယ်နှိုက်က လေးစားစရာ အဖွဲ့အစည်းတ ရပ်လို့ လှုံ့ဆော်မှုပေါ့ဗျာ activities အနှစ် (၂၀) အတွင်းမှာ ဘာမှမရှိဘူးဗျ။ ရှင်းရှင်းပြောရရင် အန်အယ်လ်ဒီ ဋ္ဌာနချုပ်ကို သွားပြီးတော့ ကြည့်လိုက်လို့ရှိရင်လည်းပဲ နိုင်ငံရေးပါတီဌာနချုပ်နဲ့ မတူဘူး။ နိုင်ငံရေးပါတီအဖွဲ့အ စည်းတခုဆိုတာ သဘောတရားတွေ၊ လမ်းစဉ်တွေ ဆွေးနွေးနေရမယ်၊ ငြင်းခုံနေရမယ်၊ နေ့စဉ်နဲ့အမျှ ငြင်းခုံ ဆွေးနွေးပွဲတွေနဲ့ ရှုပ်ယှက်ခတ်နေရမယ်။ အခု အန်အယ်လ်ဒီဌာနချုပ်က ငြိမ်သက်ပြီးတော့ ဘာမှ ပြောသံဆို သံလည်း မရှိဘူး ဘာမှ လှုပ်ရှားမှုလည်းမရှိဘူး။ ဘာနဲ့တူလဲဆိုတော့ နိုင်ငံရေးပါတီဌာနချုပ်နဲ့ မတူဘဲနဲ့ ဆွံ့အ နားမကြားကျောင်းတခုလို ဖြစ်နေတယ်။

ဆရာ မရိုမသေ တခုဖြတ်မေးပါရစေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောက်လျှောက်ဆောင် ရွက် တောင်းဆိုပြောကြားချက်တွေကကော ထိရောက်မှုမရှိဘူးလို့ ပြောတာလားခင်ဗျ။

ဟုတ်ပါတယ်ခင်ဗျ။ ထိရောက်မှုမရှိပါဘူး။ ပါးစပ်နဲ့ ပြောနေတာပဲရှိတယ်။ အလုပ် လက်တွေ့မပါဘူးဗျ။ နော် ဟိုနေ့ဒီနေ့ကျရင် ကြေညာချက်ကလေးတွေ ထုတ်မယ်၊ နော် နအဖဥက္ကဌဆီကို စာပို့မယ်၊ ဒီဟာကလွဲလို့ နိုင်ငံ ရေးမလုပ်တတ်တော့ဘူးလို့ ကျနော်က ယူဆတယ်။

ဟုတ်ကဲ့ အဲဒါဆိုလို့ရှိရင် အန်အယ်လ်ဒီအနေနဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ ပေါ်လာအောင် ပထ မဦးဆုံးခြေလှမ်းအနေနဲ့ဆို ဘယ်လိုဟာမျိုးတွေ ဘယ်လိုလုပ်ငန်းမျိုးတွေ ဆောင်ရွက်သင့်ပါသလဲ ခင်ဗျာ။

အခုအန်အယ်လ်ဒီမှာရှိနေတဲ့ ခေါင်းဆောင်မှုက ခုနကကျနော်ပြောသလိုပဲ ဆွံ့အနားမကြားကျောင်းလို ဖြစ်နေ တယ်။ နော် ဘာမှလှုပ်ရှားမှုမရှိဘူး၊ နောက် အသက်တွေကလည်းပဲ လူတွေက ရှစ်ဆယ်ကျော်တွေ ကိုးဆယ် ကျော်တွေ ဖြစ်ကုန်ပြီဗျ။ သူတို့ ကျန်းမာရေးအခြေအနေအရရော အန်အယ်လ်ဒီကို စွမ်းစွမ်းတမံ ဦးဆောင်နိုင် တဲ့ အခြေအနေ မရှိတော့ပါဘူး။ ဆိုတော့ အန်အယ်ဒီမှာ အင်မတန်တော်တဲ့လူတွေ အောက်ခြေမှာ အများကြီး ရှိပါတယ်။ ဥပမာ အမျိုးသမီးတွေထဲကတောင်မှ ကျနော် လူချင်းမတွေ့ဖူးပါဘူး။ နာမည်တွေ ကျနော်မှတ်မိ တယ်။ မန္တလေးက ဒေါ်ဝင်းမြမြတို့၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးတို့၊ ဘားအံက ဒေါ်နန်းခင်ထွေးမြင့်တို့၊ ရေနံ ချောင်း မကွေးဘက်က ဒေါ်အုန်းမြတို့၊ ဒေါ်ခင်စောဋ္ဌေးတို့ တကယ့်အမျိုးသမီးတွေဟာ အင်မတန် တက်တက် ကြွကြွနဲ့ လုပ်နေတယ်။ အင်မတန်လည်း သတ္တိကောင်းကြတဲ့ အမျိုးသမီးတွေပါ။

ဒီလိုအောက်ခြေမှာရှိတဲ့ လူငယ်တွေနဲ့ ခုနက ခေါင်းဆောင်မှုကို ၀ိုင်းရံရမယ်။ လူငယ်တွေကို နေရာပေးရမယ်။ လူငယ်တွေကို လုပ်ကိုင်ခွင့်တွေ ပေးရမယ်။ အဲလိုဆိုရင် အန်အယ်လ်ဒီဟာ စွမ်းစွမ်းတမံ လုပ်နိုင်လိမ့်မယ်။ လုပ်နိုင်လို့ရှိရင် အစိုးရကလည်း လေးစားပြီးတော့ လာမှာပါပဲ။ ကျနော်မြင်တာကတော့ အန်အယ်လ်ဒီဟာ ပြည်သူလူထုက မန်းဒိတ်ပေးထားတဲ့ ပါတီအဖွဲ့အစည်းဖြစ်တယ်။ အဲတော့ကာ ဘာမှမလုပ်ဘဲနေရင် ပြည်သူ လူထုမန်းဒိတ်ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ရုံတင်မကဘူး ပြည်သူလူထုကို သစ္စာ ဖောက်ရာလည်းရောက်တယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီဟာ တက်တက်ကြွကြွ စွမ်းစွမ်းတမံ လုပ်ဆောင်နိုင် အောင် လူငယ်တွေကို ပြောခွင့်ပေးပါ၊ လုပ်ခွင့်ပေးပါ၊ လူငယ်တွေနဲ့ ၀န်းရံပါလို့ ကျနော်ကတော့ နောက်ဆုံး ပြောလိုက်ချင်တယ်။

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

1 comment:

HRmyanmar said...

ဂျပန်နှင့် တောင်ကိုရီးယားရောက် နိုင်ငံရေးလှုပ်ရှားသူများအတွက် Opportunities http://phyowai-mmp.blogspot.com/
may i know your email?