Saturday, June 27, 2009

တွင်းတူးသမား စစ်အာဏာရှင်တို့၏ အခန်းဆက်မိုက်မဲမှုများ

စိုးနေလင်း

သံတမန်ဆက်ဆံရေးအပြောအဆို အပါအ၀င် မြန်မာနိုင်ငံက အာဏာရှင်စစ်ဗိုလ်ချုပ်တွေနဲ့ ပတ်သက်လို့ သ တင်းတွေ ကြားရဖတ်ရ မြင်ရတိုင်း ဒီမိုကရေစီချစ်မြတ်နိုးကြသူ ပြည်သူလူထုအားလုံး စိတ်ဆင်းရဲရ၊ စိတ်ဆိုး ရ၊ မခံချိမခံသာဖြစ်ရမှာ အသေအချာပဲလို့ ယုံကြည်ပါတယ်။

ခုရက်ပိုင်းအတွင်း ကျနော်ဖတ်ခဲ့ရတဲ့ ဆောင်းပါးရှင် Bertil Lintner ရဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ မြောက်ကိုရီး ယား မြေအောက်လိုဏ်ခေါင်းတူး ပညာရှင်တွေ ပူးပေါင်းတည်ဆောက်ဖောက်လုပ်နေတဲ့ ကြပ်ပြေးတောင်ကြီး စစ်အာဏာရှင်စနစ်ကာကွယ်ရေး မြေအောက်လိုဏ်ခေါင်းနဲ့ အဆောက်အအုံဆောက်လုပ်ရေး စီမံကိန်းကြီးအ ကြောင်း ဆောင်းပါးနဲ့ Larry Jagan ရဲ့ စစ်အစိုးရရဲ့ ကေအန်ယူအပြုတ်တိုက်ရေး ထိုးစစ်ကြောင့် စစ်ဆင်ရေး ဒေသနဲ့ အနီးပတ်ဝန်းကျင်က အရပ်သားအပြစ်မဲ့ ပြည်သူလူထုတွေ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက် ခို လှုံလာကြတဲ့အကြောင်း သတင်းဆောင်းပါးဖတ်ပြီး ကျနော်အထက်မှာ ပြောခဲ့တဲ့ စိတ်ခံစားမှုတွေကို ခံစားရ ဆောင်းပါးရေးချင်တဲ့ စိတ်ဆန္ဒပေါ်ပေါက်လာတာနဲ့ ဒီဆောင်းပါးကို ရေးဖြစ်တာပါ။

မြန်မာနိုင်ငံမှာ မတရားအာဏာရယူ အုပ်စိုးရနေကြတဲ့ အာဏာနဲ့ စည်းစိမ်ဥစ္စာကလွဲပြီး ဘာကိုမှ ဂရုမစိုက်တဲ့ ဘနဖူးသိုက်တူးနေကြတဲ့ (ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ရဲ့ ဖခင်ပါ) စစ်ဗိုလ်ချုပ်တွေဟာ ကျနော်တို့ စာရေး သူတွေ ဘယ်လိုမှနောက်ထပ် စကားလုံးအသစ် ရှာမရအောင်ကို ပြုပြင်လို့မရအောင် ကမ်းကုန်နေသော ရက် စက်ယုတ်မာသော ကောက်ကျစ်စဉ်းလဲသော အတ္တဗဟိုပြု အကုသိုလ်တုံးလူမိုက်တွေ ဖြစ်ပါတယ်။ ဒါကိုလည်း လူစိတ်ရှိကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုအားလုံးနဲ့ နိုင်ငံတကာက ပြည်သူလူထုအများ သိပြီးဖြစ်ကြပါ တယ်။ ခုတခါ သူတို့အတွက် သုံးစရာစကားလုံး တိုးလာပြန်ပြီလို့ဆိုရပါမယ်။ မိုက်တွင်းကို အနက်ရှိုင်းဆုံး တူး သူများ အဲ့ဒီလို ခေါ်လို့ရမယ်ထင်ပါတယ်။

မြန်မာနိုင်ငံက အာဏာရူးစစ်ဗိုလ်ချုပ်တွေဟာ မင်းရူးရူးပြီး သူတို့ ပြောင်းရွှေ့တည်ဆောက်လိုက်တဲ့ ကြပ်ပြေး နေပြည်တော်ကနေ စစ်အာဏာရှင်စနစ်နဲ့ သူတို့ရဲ့မိသားစုဝင်တွေ စည်းစိမ်ဥစ္စာတွေကို အကာအကွယ်ပေးဖို့ ခုခံဖို့ပြင်ဆင်တဲ့နေရာမှာ အခုအခါ ကမ္ဘာကျော်အာဏာရှင် ဆက်ဒမ်ဟူစိန်၊ ကမ္ဘာကျော် ဘာသာရေးအစွန်း ရောက် အကြမ်းဖက်သမား အိုစမာဘင်လာဒင်နဲ့ အစွန်းရောက် အကြမ်းဖက်ဝါဒီတွေရဲ့ နည်းနာကိုယူပြီး အခု ကြပ်ပြေးနေပြည်တော်ကနေ တောင်ကြီးအထိ မြေအောက်လိုဏ်ခေါင်းနဲ့ မြေအောက်ကွပ်ကဲရေးစခန်း အဆင့် ဆင့် တည်ဆောက်နေခဲ့ပြန်ပါပြီ။

မြန်မာတနိုင်ငံလုံးက ပြည်သူလူထုကြီးတရပ်လုံး စီးပွားရေးချွတ်ခြုံကျ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ အ ဆင့်အတန်း အလွန်နိမ့်ကျနေပြီး စစ်အာဏာရှင် လူနည်းစုနဲ့ အလိုတော်ရိဒေါက်တိုင်တွေ စီးပွားရေးသမားကြီး တွေကလွဲပြီး လူများစုကြီး ဆင်းရဲဒုက္ခနွံတွင်းမှာ နစ်နေတာကို သိသိကြီးနဲ့ ကြပ်ပြေးနေပြည်တော်ဆိုတာကို ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံဆောက်ရုံနဲ့တင် အားမရသေးဘဲ ပြည်သူလူထုပိုင် သဘာဝသယံဇာတ တွေ ပစ္စည်းတွေကို ရောင်းချ၊ စစ်လက်နက်ပစ္စည်းတွေနဲ့ လဲလှယ်ပစ်ပြီး သူတို့အာဏာတည်မြဲရေးအတွက်ပဲ ကြိုးစားနေကြတယ်ဆိုတာ ကိုယ့်တိုင်းပြည်က ပြည်သူလူထုအပေါ်မှာ လုံးဝစေတနာကင်းမဲ့တယ်ဆိုတာလည်း မြန်မာပြည်က ဖိနှိပ်ခံ ပြည်သူလူထုကြီးက သိမြင်သဘောပေါက်ထားခဲ့တာကတော့ ကာလရှည်ကြာလှပါပြီ။

ထိုင်းနိုင်ငံလို အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကတောင် သူ့နိုင်ငံနဲ့ ပြည်သူလူထုအကျိုးစီးပွားအတွက် စစ်အာဏာ ရှင်တွေနဲ့ မိတ်မပျက်အောင် ကြိုးစားနေထိုင်နေရသလို အိန္ဒယနဲ့ တရုတ်နိုင်ငံတွေကလည်း နိုင်ငံရေးပထ၀ီအ နေအထားအရ ဈေးကွက်နဲ့ ကိုယ်ကျိုးစီးပွားအရ စစ်အစိုးရကို ပြေလည်အောင် ဆက်ဆံကြတယ်ဆိုတာကို လည်း အားလုံးက သိနေခဲ့ကြပြီးဖြစ်ပါတယ်။ ရုရှားနိုင်ငံကတော့ တချိန်က အမေရိကန်နဲ့ အင်အားအရ ထိပ် တိုက်ရင်နေခဲ့ရတဲ့ မဟာအင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်ခဲ့ပေမယ့် ပြိုကွဲစစ်အေးတိုက်ပွဲ ပြီးဆုံးသွားပြီးတဲ့နောက် သူ့နိုင်ငံကို စီးပွားရေးပြန်လည်အားကောင်း ဖွံ့ဖြိုးလာအောင်လုပ်တဲ့နေရာမှာ သူ့ရဲ့ စစ်လက်နက်ပစ္စည်း ဟောင်း တိုက်လေယာဉ်ဟောင်းတွေကို မြန်မာနိုင်ငံက သတ်ချင်ဖြတ်ချင်နေတဲ့ (trigger happy) စစ်ဗိုလ်ချုပ် တွေကို ဈေးသက်သက်သာသာနဲ့ အကြွေးစနစ်နဲ့ ရောင်းချနေခဲ့တာကြာပါပြီ။ စစ်အာဏာရှင်တွေက မွေးထုတ် ပေးလိုက်တဲ့ အာဏာရူး ကိုယ်ကျိုးစီးပွားဝါဒီ ဗိုလ်ကလေးတွေကို ခေတ်မီစစ်ရေးနည်းပညာတွေနဲ့ နျူးကလီး ယား နည်းပညာတွေကို လက်ခံသင်ကြားပေးနေခဲ့တာ ကြာပါပြီ။ ဒါကိုလည်း သိမီသူတွေ အားလုံးသိပြီး ဖြစ်ပါ တယ်။ စစ်အစိုးရ ဗိုလ်ချုပ်တွေကို ထပ်ပြီး မျက်နှာသာပေး အကျိုးလိုလို့ ညောင်ရေလောင်းလာတာကတော့ မြောက်ကိုးရီးယားအာဏာရှင် ကင်ဂျုံအီအစိုးရပါပဲ။

မြောက်ကိုရီးယားပြည်သူတွေဟာ အာဏာရှင်အစိုးရလက်အောက်မှာ မြန်မာပြည်က ပြည်သူလူထုလိုပဲ ဆင်း ရဲတွင်းထဲမှာ နစ်နေကြတာပါ။ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ဖြစ်နေကြရသလို အာဏာရှင်ရဲ့ဖိနှိပ်မှုခံရလွန်းလို့ ပြည် သူလူထုဟာ အိမ်နီးချင်းတရုတ်နိုင်ငံက တဆင့် မြန်မာနိုင်ငံ အဲဒီကမှ ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက် ပြီး တောင်ကိုးရီးယားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံနေခဲ့ကြတာလည်း ကြာပါပြီ။ အာဏာရှင်အစိုးရကလည်း သူ့ ပြည်သူလူထုကို ၀လင်အောင် ကျွေးမွေးစောင့်ရှောက်ဖို့ထက် စစ်လက်နက်တိုးချဲ့တည်ဆောက် ခြိမ်းခြောက် ဖို့ ကြိုးစားရင်း ငွေရအောင်ရှာဖွေတဲ့နေရာမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်ဗိုလ်ချုပ်တွေကို သဘောကျပါ တယ်။

အမေရိကန်ဆန့်ကျင်ရေး လုပ်ဖို့အတွက် ဇက်ရဲလက်ရဲရှိတဲ့ ဗိုလ်ချုပ်တွေနဲ့ သူ့တို့တပ်ကို တပည့်မွေးချင်ပုံ လည်း ရပါတယ်။ ဒါကြောင့်လည်း သူတို့ရောင်းချလို့ရနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို အာ ဏာငမ်းဖမ်းနေတဲ့ စစ်ဗိုလ်ချုပ်တွေကို ရောင်းချပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေ ၀ယ်ယူနိုင်လောက်တဲ့ အခြေ အနေအထိ ဈေးနှုန်းနဲ့ အရောင်းအ၀ယ်ပုံစံကို လိုက်လျောပေးတဲ့အတွက် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အရောင်း အ၀ယ်လည်း ဖြစ်ခဲ့ပါတယ်။ တာဝေးပစ်အမြောက်တွေ မြေပြင်-မြေပြင်၊ မြေပြင်-ဝေဟင် ဒုံးကျည်တွေနဲ့ နျူ ကလီးယားနည်းပညာတွေကို ရောင်းချပေးနေခဲ့ပါတယ်။ နောက် ရောင်းကုန်ပစ္စည်းတခုကတော့ မြေအောက် လိုဏ်ခေါင်းနဲ့ မြေအောက်ကွပ်ကဲရေးစခန်း တည်ဆောက်ရေးနည်းပညာပါပဲ။

ဆောင်းပါးအရတော့ ကြပ်ပြေး-တောင်ကြီးနဲ့ တောင်ကြီးအခြေစိုက် မြေအောက်တည်ဆောက်ရေးဟာ ပြီးစီး သလောက်ဖြစ်နေပြီလို့ ယူဆရပါတယ်။ ဒါတွေကိုကြည့်ရင် စစ်အစိုးရဟာ လူထုအုံကြွပေါက်ကွဲမှုနဲ့ တော်လှန် ရေး နိုင်ငံတကာက စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ (ဖြစ်နိုင်ဖို့ ခက်ခဲပေမယ့်) ကို ဘယ်လောက် ကြောက်ရွံ့နေတယ်၊ အဲ့ဒီအတွက် ဘယ်တုန်းက စတင်ကြံစည်စိတ်ကူးခဲ့တယ် အကောင်အထည်ဖော်ခဲ့တယ် ဆိုတာကို သိနိုင်ပါတယ်။

နောက် စစ်အာဏာရှင်ဗိုလ်ချုပ်တွေ စနစ်တကျ စီစဉ်ဆောင်ရွက်နေတာကတော့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ပါပဲ။ ရွေးကောက်ပွဲမှာ အဓိက လူထုထောက်ခံမှုရထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို နည်းလမ်းပေါင်းစုံနဲ့ ညစ်ပတ်ကောက်ကျစ် ဖိနှိပ်အနိုင်ယူပြီး တရားဝင်စစ်အစိုးရ တည် ဆောက်ဖွဲ့စည်း မြန်မာနိုင်ငံက ပြည်သူတွေကို စစ်ကျွန်ဘ၀ ထာဝရသွတ်သွင်းပစ်ဖို့ပဲဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၈) ဖွဲ့လုံးက အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်တွဲဆန့်ကျင် သပိတ်မှောက်လိုက်မှာကိုလည်း စစ်အစိုးရက ကြောက်ပါတယ်။

အဲဒီလိုဆိုရင် သူထင်သလို ဖန်တီးကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကမှ ရနိုင်မယ့် သူ့အစိုးရအဖွဲ့ရဲ့ တရားဝင် ဖြစ်မှုကို အားနည်းလျော့ပါးသွားစေနိုင်တယ် ဆိုတာကို နားလည်ထားတဲ့ စစ်အစိုးရဟာ သူစည်းရုံး သိမ်းသွင်း လို့ ရနိုင်တဲ့ အင်အားနည်း လက်နက်ကိုင်အဖွဲ့အစည်းငယ်လေးတွေကို မက်လုံးပေး ခွဲထုတ်စည်းရုံး၊ ခေါင်းမာ ပြီး မက်လုံးပေးလို့ မရနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးတွေကို အပြုတ်တိုက်ခြေမှုန်းဖို့ ကြိုး စားနေပါတယ်။

ခုစစ်အစိုးရက DKBA နဲ့ပူးတွဲပြီး KNU ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ သာမန်နယ်မြေစိုးမိုးရေးထိုးစစ် မဟုတ်ပါဘူး။ KNU ကို အမြစ်ဖြတ် အပြုတ်တိုက်ဖို့ပါ။ စစ်ဆင်ရေးဒေသထဲမှာ နေထိုင်ကြတဲ့ အပြစ်မဲ့ ကရင် ပြည်သူလူထု ၄၀၀၀ ကျော်ဟာ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး ထိုင်းအစိုးရနဲ့ NGO အဖွဲ့အစည်းတ ချို့ရဲ့ စောင့်ရှောက်ထောက်ပံ့မှုနဲ့ အသက်ရှင်နေကြပါပြီ။ တောထဲမှာ ပုန်းရှောင်နေကြတဲ့ မိသားစုတွေလည်း ရှိနေသေးတဲ့အတွက် အရေအတွက်ဟာ ဒီ့ထက်အများကြီး များပြားနိုင်ပါသေးတယ်။

"သူတို့ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ အဆက်မပြတ် ကျရောက်နေတဲ့ လက်နက်ကြီးကျည်ဆံတွေကြောင့်သာ ထွက်ပြေးနေကြရတာမဟုတ်ဘဲ စစ်တပ်က သူတို့ကိုဖမ်းဆီးပြီး အထမ်းသမား (porter) တွေအဖြစ် အခိုင်းခံရ မှာကြောင့်လည်း ဖြစ်ပါတယ်" လို့ UNHCR ဒေသဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Ms Kitty Mc Kinsey က ပြောပါ တယ်။

“သူတို့အတွက် အရေးတကြီးလိုအပ်နေတာဟာ ခိုနားစရာဖြစ်ပြီး UNHCR က ယာယီခိုနားဖို့ မိုးကာ ပလပ်စ တစ်ဖျင်တွေ ပေးအပ်နေရပါတယ်။ ထွက်ပြေးတမ်းရှောင်လာသူတွေ အများဆုံးဟာ ထိုင်းနိုင်ငံထဲက ဒုက္ခသည် စခန်းတွေကို ၀င်ရောက်ပြီး တတိယနိုင်ငံတွေကို ထွက်ဖို့လည်း ဆန္ဒမရှိကြဘဲ ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်စဲ သွားရင် အလွယ်တကူ သူတို့ရဲ့မူရင်းဒေသ မြန်မာနိုင်ငံထဲ ပြန်ဝင်နိုင်ဖို့ နယ်စပ်နဲ့အနီးဆုံးမှာပဲ နေချင်ကြပါ တယ်။ ဒါပေမယ့် အများစုပြောစကားအရ သူတို့ရဲ့ကောက်ပဲသီးနှံတွေနဲ့ မွေးထားတဲ့ တိရစ္ဆာန်တွေကို စစ်တပ် က သိမ်းယူသွားကြပါပြီ။ သူတို့တွေ ကြောက်ရွံ့ထိတ်လန့်နေကြတာ ပေါ်လွင်နေပါတယ်။ ဒါပေမယ့် သူတို့အား လုံးဟာ အဲ့ဒီလို ကြောက်ရွံ့ထိတ်လန့်မှုနဲ့ပဲ တသက်လုံးနေကြရတာပါ။ ခုရွာသားတွေနဲ့ စကားပြော နေတုန်း မှာလည်း မော်တာပစ်သံတွေ အဆက်မပြတ် ကြားနေရပါတယ်” လို့ Ms Kinsey က ပြောပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာရှင် ဗိုလ်ချုပ်တွေကတော့ ဆက်ပြီး တွင်းတူးမိုက်ကြပါလိမ့်အုံးမယ်။ စဉ်းစားရမှာက စစ်အာဏာရှင်လက်အောက်က ကျနော်တို့ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ပြီး အမှန်တကယ် ဖွံ့ဖြိုးတိုး တက်တဲ့ ဒီမိုကရေစီနိုင်ငံတခုတည်ဆောက်နိုင်ဖို့ ဦးဆောင်နိုင်ငံရေးပါတီတွေ လက်နက်ကိုင်အင်အားစုတွေနဲ့ ပြည်သူလူထုကြီးအနေနဲ့ ဘယ်လိုမဟာဗျူဟာ နည်းဗျူဟာတွေ ချမှတ်ကျင့်သုံးကြပါမလဲ။ စစ်အာဏာရှင်စနစ် ကိုဆန့်ကျင်ပြီး ဒီမိုကရေစီကိုအားပေးတဲ့ နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှု အရေးယူမှုတွေကို ဘယ်လိုရအောင် ယူကြမှာပါလဲ။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ပါမှ ကျနော်တို့နိုင်ငံက ပြည်သူလူထုကြီးတရပ်လုံး လူချင်းတူတူ သူချင်းမျှမျှ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ နေနိုင်ကြမှာကတော့ အသေအချာပါပဲ။ အလှည့်အပြောင်းဖြစ် လာမှာကို မျှော်ပြီး စောင့်နေလို့တော့မရပါဘူး။ ပြည်သူလူထုကြီးတရပ်လုံးကလည်း ကိုယ့်မှာလည်း တာဝန်ရှိ နေပါလားဆိုတဲ့ အသိစိတ်နဲ့ ကိုယ်စွန့်လွှတ်အနစ်နာခံနိုင်သမျှ စွန့်လွှတ်အနစ်နာခံပြီး ကျားကုတ်ကျားခဲ ဇွဲ သတ္တိ အားမန် အတွေးအခေါ် ယုံကြည်မှုနဲ့ နည်းပညာတွေအသုံးချပြီး စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရှင်း လင်းပစ်ဖို့ ကြိုးစားကြရပါလိမ့်မယ်။

စစ်အာဏာရှင်တွေကတော့ မကြာမတင်မှာ သူတို့တူးနေတဲ့ မိုက်တွင်းနက်နက်ထဲမှာပဲ နိဂုံးချုပ်မိုက်ဇာတ်သိမ်း ကြရတော့မှာ အသေအချာပါပဲ။ ။

စိုးနေလင်း

2 comments:

Maung Maung Kyaw Win said...

What a shame and irresponsible authorities that the military regime can spend billion of dollars to build 800 underground tunnels and never think about installing an advanced forewarning system for natural catastrophy. Remember over one million of innocent people died of Nargis Storm that devastated some delta regions last year. Than Shwe and his followers must pay for this. Now they have dug the underground tunnels. People were taken away by the storm and these demons will be buried soon under the very tunnel they have built. They all will go to hell for sure. The act of god for them will be very different from other calamities. Wait and see. God knows the truth but wait.

Maung Maung Kyaw Win said...

What a shame and irresponsible authorities that the military regime can spend billion of dollars to build 800 underground tunnels and never think about installing an advanced forewarning system for natural catastrophy. Remember over one million of innocent people died of Nargis Storm that devastated some delta regions last year. Than Shwe and his followers must pay for this. Now they have dug the underground tunnels. People were taken away by the storm and these demons will be buried soon under the very tunnel they have built. They all will go to hell for sure. The act of god for them will be very different from other calamities. Wait and see. God knows the truth but wait.