ဦးဖိုးသာအောင် (နော်ဝေ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရထံ အချက် ၃ ချက်တောင်းဆိုမှုပါဝင်တဲ့ ရွှေဂုံတိုင်စာတမ်းကို ထုတ် ပြန်လိုက်ပါတယ်။ စာတမ်းဆိုတာမှ ရိုးရိုးစာတမ်းမျိုးမဟုတ်ပါ။ အင်နဲ့အားနဲ့ တက်ရောက်လာကြတဲ့ NLD ပါ တီဝင်တွေ တခဲနက်အတည်ပြုပြီး ဆုံးဖြတ်ချက်တွေနဲ့အတူ ထွက်ပေါ်လာတဲ့ စာတမ်းမျိုးပါ။ စာတမ်းအပေါ်မှာ ကန့်ကွက်မှုလည်း မကြားကြရပါ။ အမည်နာမနဲ့တကွ ပေါ်ထွက်လာတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း ဖြစ်လာပါ တယ်။ ဒါကြောင့် သာမန်စာတမ်းမျိုးမဟုတ်ဘဲ နောင်တချိန်မှာ အထင်အရှားကျန်ရစ်မယ့် သမိုင်းဝင်စာတမ်း ဖြစ်လာမည်မှာ မလွဲပါ။ နောင်မြန်မာ့သမိုင်းမှာ ဤကြေညာစာတမ်းဟာ လူထုအတွက် အကောင်းလား အဆိုး လားဆိုတာကိုတော့ လူထုကပဲ ဆုံးဖြတ်ကြမှာပါ။
ရွှေဂုံတိုင်ကြေညာစာတမ်းရဲ့ အနှစ်ချုပ်ကတော့ စစ်အစိုးရကို တောင်းဆိုတဲ့ အချက်သုံးချက်ပါပဲ။ နိုင်ငံရေးအ ကျဉ်းသားတွေ လွတ်ပေးရမယ်။ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေကို ပြင်ပေးရမယ်။ နိုင်ငံတကာက ကြီးကြပ်ပြု လုပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ့်ဆိုတဲ့ အချက်တွေပါ။ ဒီတောင်းဆိုချက်တွေဟာလည်း တ ကယ်တော့ ရိုးအီနေတဲ့ ဓာတ်ပြားဟောင်းကြီးကို ဖွင့်ပြနေသလိုပါပဲ။ နိုင်ငံတကာကြီးကြပ်မှုနဲ့ ရွေးကောက်ပွဲ လုပ်ရမယ်ဆိုတဲ့ အချက်ကလွဲရင်ပေါ့။
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံဥပဒေကို ပြင်ပေးရေးဆိုတဲ့ တောင်းဆိုချက်တွေဟာ အန် အယ်လ်ဒီက တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အချက်တွေပါ။ မရောင်းပါဘူးဆိုတဲ့ဟာကို ချိန်ပါ၊ ချိန်ပါလို့ ပြောနေသလို ဖြစ်နေပါတယ်။ ခုတပတ်ကျမှ ရွှေဂုံတိုင်ကြေညာစာတမ်းဆိုတာကို ခေါင်းစီးတပ်ပြီး ဒါကိုပဲ ထပ် ပြီးတောင်းဆိုတာပါပဲ။ ဒီတော့ အန်အယ်လ်ဒီရဲ့အပေါ်မှာ အများက သံသယရှိလာတာလည်း မဆန်းပါဘူး။ အန်အယ်လ်ဒီဟာ အထက်အောက် ဆက်ဆံရေးပုံစံ ပျက်နေတယ်ဆိုတာလည်း ကြာလှပါပြီ။ ဒီမိုကရေစီစနစ် ဆိုတာ ဝေလာဝေးလို့ ဗဟိုချုပ်ကိုင်မှုသက်သက်နဲ့ မလုပ်မရှုပ်မပြုတ် ပုံစံက ခေါက်ရိုးကျိုးနေပါတယ်။
ရွှေဂုံတိုင်အစည်းအဝေးရဲ့ အမြတ်ထွက်မှုကတော့ ပဲခူးဦးမြတ်လှတို့အုပ်စုက ဗဟိုက ဥက္ကဌနဲ့ အတွင်းရေးမှူး တို့ကို အလုပ်မဖြစ်လွန်းလို့ နှုတ်ထွက်ပေးရန် လူသိရှင်ကြားတောင်းဆိုမှုပါပဲ။ ဒီတောင်းဆိုဟာ စစ်အစိုးရကို တိုက်ပွဲမဝင်ခင်မှာ ပါတီတွင်းတိုက်ပွဲကို အရင်တိုက်ရမယ်ဆိုတဲ့ အယူအဆပါ။ မြန်မာပြည်မှာ လူလည်လုပ်ပြီး အရိုးစွဲအောင် ရိုက်သွင်းထားတဲ့ “ရန်သူရှိနေတယ်၊ မိမိတို့အချင်ချင်း သွေးကွဲစရာတွေ မလုပ်နဲ့” ဆိုတဲ့ နေရာ ရ ခေါင်းရှောင်ကြီးများကို ပထမဆုံး စတင်ထိုးနှက်ချက်ပါပဲ။ ဒါကို ဦးမြတ်လှတို့က စလိုက်ပါပြီ။ ဒါဟာ ဒီမိုက ရေစီရဲ့ အလင်းရောင်တခုပါပဲ။
ဒီမိုကရေစီဆိုတာ အထက်နဲ့ အောက် အပြန်အလှန် ညီညွတ်စွာ စီးဆင်းမှုရဲ့ ပြယုဂ်တခုပါ။ အထက်ကပဲ စီး ဆင်းနေရင် အာဏာရှင်ဖြစ်သလို အောက်ကပဲ စီးနေပြန်ရင်လည်း မင်းမဲ့ဖြစ်သွားနိုင်ပါတယ်။ အန်အယ်လ်ဒီရဲ့ သမိုင်းမှာ လူငယ်တွေက ဗဟိုကို မကြေလည်ကြလို့ ကန့်ကွက်နှုတ်ထွက်တာတွေ ရှိခဲ့ပြီးပါပြီ။ ယခုလည်း ဗဟို ကဥက္ကဌနဲ့ အတွင်းရေးမှူးတို့ကို အလုပ်ဖြစ်လာနိုင်သေးတယ်လို့ အယုံအကြည်မရှိတော့လို့ နှုတ်ထွက်ပေးပါ ရန် တောင်းဆိုတာတွေ ရှိလာပြန်ပါပြီ။ ဒါ ကောင်းတဲ့လက္ခဏာပါ။ အပြန်အလှန် အကြေအလည် ဆွေးနွေးဖို့ပဲ လိုပါတယ်။ ဒီကိစ္စကို မဆွေးနွေးဘူး၊ မညှိနှိုင်းကြဘူးဆိုရင်တော့ အန်အယ်လ်ဒီသည် ဒီမိုကရေစီကို ကျောပေး သလို ဖြစ်သွားပါလိမ့်မယ်။
ဦးအောင်ရွှေပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ် ဝေဖန်သင့်ရင် ဝေဖန်ရမှာပါ။ ဝေဖန်ရဲမှ ဒီမိုကရေစီနဲ့ နီးပါလိမ့်မယ်။ ပါတီဥက္ကဌပဲဖြစ်ဖြစ် လူထုကချစ်တဲ့ ခေါင်းဆောင်ပဲဖြစ်ဖြစ် ဝေဖန်ရေးတွေ အမြဲရှိနေမှ ဒီမိုက ရေစီကျင့်စဉ်က ခိုင်မြဲပါတယ်။ မြန်မာပြည်မှာက ခေါင်းဆောင်ဆိုသူကို ဝေဖန်ရင်ပဲ ဧရာမပြစ်မှုကြီးကို ကျူး လွန်လိုက်သလို အလွန်အကြူး ဝိုင်းဝန်းရှုတ်ချတတ်ပါတယ်။ ဒီအကျင့်ဆိုးတွေလည်း ပျောက်ချိန်တန်နေပါပြီ။ ယခုရွှေဂုံတိုင်အစည်းအဝေးဟာ စစ်အာဏာရှင်တွေအပေါ် တောင်းဆိုချက်တွေ ထုတ်တယ်ဆိုတာထက် ပါတီ တွင်း ဒီမိုကရေစီထူထောင်ရေးအလံကို စိုက်ထူလိုက်တဲ့ မှတ်တိုင်တခု ဖြစ်သွားပါပြီ။
သို့ပေမယ့် ရွှေဂုံတိုင်ကြေညာချက်ကတော့ "ဘာမျှရှာမရ သာရက မှန်စွာ ဆိုသလို ရေရာမှုမရှိပါဘူး .." ကြက် ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၏ " လို့ ဆိုတဲ့အတိုင်း ဘယ်လိုရလဒ်ကောင်းတွေကို မျှော်ကိုးပြီး ဒီရွှေဂုံတိုင်အစည်းအဝေးကြီးကို ပြုလုပ်ကြတာလဲဆိုတာတော့ ဦးဆောင်ခေါင်းရွက်ပြုသူတစုပဲ သိမှာဖြစ်ပါ တယ်။ ပရိသတ်နဲ့ လက်အောက်ငယ်သားတွေကတော့ မသိရှာကြပါဘူး။
"မသိမေး မစင်ဆေး" ဆိုတဲ့အတိုင်း မေးရမယ့်ဝတ္တရားရှိလို့ ဒေါက်တာလွဏ်းဆွေက ဦးဉာဏ်ဝင်းကို VOA ရေ ဒီယိုမှာ တရားဝင်မေးခဲ့ပါတယ်။ အကယ်၍ စစ်အစိုးရက အန်အယ်လ်ဒီရဲ့တောင်းဆိုချက်တွေကို မလိုက်လျော ရင် ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းပါ။ ဦးဉာဏ်ဝင်းရဲ့ ဖြေပုံလေးကလည်း နားထောင်လို့ ကောင်းလှပါတယ်။ ဒီလိုပါ ... ဒီမေးခွန်းက အလွန့်အလွန်ကိုအရေးကြီးတဲ့ မေးခွန်းပါ၊ တောင်းဆိုချက်တွေရရင် ကျွန်တော်တို့ ရည် ရွယ်ပါတယ်။ တောင်းဆိုချက်တွေ မရရင် မရည်ရွယ်ပါဘူး (ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးလို့ နားလည်ပါ တယ်) သို့သော် အန်အယ်လ်ဒီ ဘာဆက်လုပ်မလဲဆိုတာမျိုးဟာ ကျွန်တော်တို့ ဒီနိုင်ငံမှာ ဒီလောက်တောင် ပွင့် ပွင့်လင်းလင်း ကြိုတင်ပြောဖို့ ခက်ခဲပါတယ်။ အန်အယ်လ်ဒီမှာ စိတ်ကူးမရှိတာ မဟုတ်ပါဘူး၊ စီမံချက်မရှိတာ မဟုတ်ပါဘူး။ ဒါကိုတော့ နားလည်မှုပေးပါလို့ ပြောချင်တယ် … လို့ ဦးဥာဏ်ဝင်းက ဖြေကြားသွားပါတယ်။
တကယ်တော့ အန်အယ်လ်ဒီ ဘာလုပ်မှာလဲ၊ ဘာဆက်လုပ်မှာလဲ ဆိုတဲ့မေးခွန်းသည်ပင် အိုမင်းဟောင်းနွမ်း နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျကတည်းက ကျန်ရစ်သူ လူကြီးများ အကြိမ်ပေါင်းများစွာ အ မေးခံခဲ့ရတဲ့ မေးခွန်းပါ၊ အန်အယ်လ်ဒီ ဗဟို၊ တိုင်း၊ မြို့နယ်မှ အောက်ခြေလူထုအထိ အသိချင်ဆုံး မေးခွန်းမို့ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ မေးခဲ့တာ နှစ်ပေါင်းနှစ်ဆယ်လောက်ရှိပြီလို့ ဆိုချင်ပါတယ်။ အခု ဒေါက်တာ လွဏ်းဆွေမေးတာကလည်း အများသိသင့်တဲ့ မေးခွန်းမျိုး၊ ရိုးရှင်းလှတဲ့ မေးခွန်းမျိုးပါ။ အဖြေကလည်း … ယ ခင်က ဖေါ်မြူလာအတိုင်း မပြောင်းလဲဘဲ ကြိုတင်ပြောဖို့ ခက်ခဲတာကြောင့် ဒါကို နားလည်မှုပေးကြပါတဲ့။
ဟုတ်ကဲ့ ... အန်အယ်လ်ဒီရေ ... နားလည်မှုတွေ ပေးရပေါင်းများလွန်းလို့ ဘယ်လိုနားလည်ရမှန်းတောင် မသိ တော့ပါဘူးဗျာ။
ဦးဖိုးသာအောင် (နော်ဝေ)
၁၀-၅-၀၉
Monday, May 11, 2009
နားလည်မှုပေးပါတဲ့ ...
Subscribe to:
Post Comments (Atom)
3 comments:
ရဲရင်တဲ့ခေါင်ဆောင် အလိုရှိသည်။ လူငယ်တွေတက်။
ဒေါါ်စုနဲ့ ၈၈ ကျောင်းသား.သံဃာတော်နဲ့ဝိုင်ရန်
နအဖ ။ ဦးအောင်။ ဦးလွင်ဆင်တော့။
မျိုးချစ်လူငယ် ရဲရဲ ဦးဆောင်ပါ .သင်တို့နောက်တမှာုပည်သူတွေရှိတယ်။
သံဃာတွေရှိတယ်။
လူထူအောင်ပွဲ အတွက်ချီတက်ကြ။
ရဲ့အေ
တော်တော်ကောင်းတဲ့ ဘလော့ဂ်လေးမိုလို့ ကျွန်တော်နေ့တိုင်းလိုလို စာလာဖတ်ဖြစ်ပါတယ်။ http://phyowai-mmp.blogspot.com/
It is easy to say what to do next. It is very easy to ask questions what to do next if you don't have agreement from SPDC. Imagine how tight the situation in our country. What can we do ? Actually this is a good sign after 20 years and this is the largest meeting after Gandhi meeting.
If you guys ( Dr Lun Swe and U Phoe Thar Aung) really active and want to do something, please don't bark from outside and don't blame to those who are trying. Maybe some people like U Lwin and U Aung Shwe are hesitating but there are many people in CEC like U Win Tin , U Khin Maung Swe and more , they are moving NLD ahead. It is just starting and i will repeat that please go back to our country if you guys brave enough to do politics in our country.
Post a Comment