Tuesday, May 19, 2009

ဖာသည်ဘ၀ အလွတ်ရုန်းကြ

တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ မ၏ အကြမ်းမဖက်ရေးလမ်းကြောင်းပေါ်တွင် ပြည်သူလူထုအကျိုးစီးပွားနှင့် စစ်မှန်အေးချမ်းသော ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်မြောက်ရေးအတွက် နှလုံးရည် ၊ဇွဲ ၊ ရိုးသားအနစ်နာခံမှု၊ ခွင့်လွှတ်နားလည်မှုအပေါ် အခြေခံ သည့် သိမ်မွေ့နက်နဲသော တိုက်ပွဲလမ်းကြောင်းပေါ်မှ ဒေ၀ဒတ်နှင့် မယ်ကုဝဏ် စပ်ကျလာသော စစ်ဗိုလ်ချုပ် များအား သူမပြောခဲ့သည့်မူအတိုင်း အပြုံးမပျက်ဖြင့် အေးဆေးတည်ငြိမ်စွာ လူထုမျက်နှာတခုထဲအတွက် ကြံ့ ကြံ့ခိုင်ခိုင်ရင်ဆိုင်လျက် အိမ်တွင်းအကျယ်ချုပ်ချကာ မတရားသဖြင့် နှောင်ပိတ်မှုအား လူထုအကျိုးစီးပွားအ တွက် သည်းခံလျက် အချိန်တခုကို စောင့်ခဲ့၏။

ယခုတော့ နအဖသည် ဒေါ်အောင်ဆန်းစုကြည်၏ ခန္တီပါရမီကို ရေကုန်မီးကုန် ဖျက်ဆီးရန် သာမန်ယောက်ျား များ ဘယ်သောအခါမှ ကြံစည်မည်မဟုတ်သည့် အောက်တန်းကျ ယုတ်ကန်းလှသည့် လုပ်ရပ်ဖြင့် ကြိုးပမ်း လိုက်ပြန်၏။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချောက်ဆင် ဖမ်းသည်ဟု နောက်ဆုံးကြားရ၏။ ထိုသတင်းမကြားခင် နိုင်ငံ ခြားသတင်းဌာနများ ပြည်ပရောက် မြန်မာသတင်းဌာနများနှင့် ဗျူးကြသော ဦးဉာဏ်ဝင်းတို့၏ စကားများအား နားထောင်မိသောအခါ ဒီလူကြီး ဟုတ်မှဟုတ်သေးရဲ့လားဟုပင် တွေးမိလာ၏။ နအဖဘက်က ဘာပုဒ်မ ညာ ပုဒ်မနှင့် စွဲမည်ဆိုသည့် လေသံမထွက်သေး၊ ထောင်ချောက်ဆင်ပြီး ဂွင်သွင်းရန်သာ ကျန်တော့သည့် အခြေ အနေတွင် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဆရာသမားက ခပ်တည်တည်ပင် ပုဒ်မတပ်၊ နှစ်အပိုင်းအခြားပင် ကြို သတ်မှတ်ပေးလိုက်သေး၏။

သည်တော့ မတရားသည့်အမိန့်အာဏာဖြစ်နေလျက် မတရားသည့်အမိန့် အာဏာမှန်သမျှ တာဝန်အရ ဖီဆန် ရန် သတ္တိမရှိပေ၍လော၊ သို့မဟုတ် ညံ့လွန်းတုံးလွန်း၍ပင်လော၊ သို့မဟုတ် ပုလင်းတူဗူးစို့ ဖြစ်၍ပေလော ...။ အူတူတူ အတတ နိုင်လွန်းသည် တကယ်မှန်လျှင်လည်း NLD အနေဖြင့် ပြောရေးဆိုခွင့်ရှိသူ ပြောင်းသင့်ချိန် တန်ပေပြီ။

နအဖ၏ မတရားသည့် ဥပဒေများကို ကိုးကားကာ ပြောဆို မျှော်လင့် တစ်ပေး တွက်ချက်နေကြသည့် တော် လှန်ရေးခေါင်းဆောင်များ ဆိုတော့လည်း ခက်ဘူးလားလကွယ်ဟုပင် ညည်းရတော့မလို ...။

ကိုယ့်ထမင်းကိုယ် လက်ကြောတင်းအောင်ရှာ၍ တခါဖူးမျှ မစားခဲ့ဖူးသည့် ပြည်ပရောက် ကျွမ်းကျင်သူများဆို သည့် တချိန်တုန်းက ခေါင်းဆောင်ဖြစ်ခဲ့ဖူးသောသူများကလည်း ယခုအခါ ပုဂ္ဂိုလ်ရေးတည်ဆောက်မှုနှင့် အ နေအစားချောင်ရေးလောက်အတွက်သာ ရပ်တည်ကြတော့၏။

ဗျူးလိုက်ရတဲ့ အင်တာဗျူး၊ ခန့်မှန်းလိုက်ရတဲ့ ခန့်မှန်းချက်၊ ပေးလိုက်ရတဲ့ နှပ်ကြောင်း၊ ကျော်ဝင်း၊ ဇော်ဦး၊ တင်မောင်သန်း၊ ဇာနည်၊ ဇော်ဝင်းမောင်၊ အောင်သူငြိမ်း၊ အောင်နိုင်ဦး၊ ၀င်းမင်းနှင့် ထိုသူတို့၏ အဆွယ်အပွား များ အဟုတ်ကြီးထင်ကာ ကြိတ်လေးစားနေကြသော ကိုယ့်ကိုယ်ကိုယ် အကဲဒမစ်များ၊ အကဲဒမစ်ပေါက်စများ ဟုအသားလွတ် အထင်ရှိဟန်တူသောသူများ တတိယအုပ်စု၊ စတုတ္ထ ဥစုပ်များ၏ နအဖရွေးကောက်ပွဲ လမ်း ကြောင်းနောက်လိုက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မရှိသည့်အပြစ်ကို ရှာကြံပုံချရေးလောက်ကိုသာ လုပ်တတ်ကြပြီး တကယ်တမ်းတော့ ထိုသူတို့၏ ဘ၀တလျှောက်ပြန်ကြည့်လျှင် လူလည်၊ လူနပ်၊ လူပါး၊ လူ့မ လိုင်များသာဖြစ်ကြ၏။ လူ့မလိုင်များဘ၀သို့ မရောက်ရောက်အောင် မသွားခင်ကလည်း ချီးပုံထိပ်များက လေ သလပ်သည့် ပြောင်းဖူးစေ့များသာ ဖြစ်ကြ၏။

ကြည့်ပါ မ.က.ဒ.တ တွင် ဖြတ်သန်းခဲ့သော ထိုသူများ မ.က.ဒ.တတွင် ဖြတ်သန်းခဲ့သည့် သက်တမ်းတ လျှောက် တိုက်ပွဲမပြောနှင့်၊ ပွင့်လင်းကာလမဟုတ်သည့်အချိန် ရှေ့တန်းစခန်းတွင်ပင် တပတ်ပြည့်အောင် ရဲ ဘော်ရဲဘက်များနှင့် ရေခပ်၊ ထမင်းချက်၊ ကင်းစောင့်လုပ်ခဲ့ဖူးပါသလား။

ကျော်ဝင်းဆိုသည့်သူကလည်း အမေရိကန်နိုင်ငံမှ သေးသေးမွှားမွှား တက္ကသိုလ်လေးတခုတွင် သွားရောက်ခဲ့ စဉ်ကာလက မာ့က်စ်၊ လီနင်ဝါဒ ဘာဖြစ်သလေး ညာဖြစ်သလေးဖြင့် ကိုရွှေအမေရိကန်ကြီးများက မေးစေ့ ပွတ်ပြီး 'ကောင်လေး ... လိမ္မာလာပြီ' ဟူသောအကြည့်ဖြင့် အကြည့်ခံရရုံ ထိပ်ပုတ်ခေါင်းပုတ်ဖြင့် ဆက်ဆံခံ ရရုံလေးအတွက် (ထောင်ထဲတွင် အထုခံလိုက်ရသည်ကလည်း ရှိဆိုတော့ကာ ...) တချက်ထဲ အနီမှ တခါထဲ ပန်းရောင်ဖြစ်၍ ပန်းရောင်မှတဆင့် မျောက်ဖင်နီ ပျားတုတ်သလို အရောင်မျိုးစုံပြောင်းလျက် နအဖ၏ ငယ် မွေးခြံပေါက်ဘ၀သို့ ဘ၀မကူးဘဲ ခုန်ပြောင်းသွားရင်း ပလွေတိုတို့ ဘာဂျာကျယ်တို့ရေးသည့် စာအုပ်များကို အ ကိုးကားကြီး ကိုးကားရင်း ပြည်သူလူထုကို ဆရာကြီးလုပ် စော်ကားပြန်သေး၏။

တကယ်တော့ မြန်မာပြည်၏ အမျိုးသားပြသနာများသည် စစ်တပ်ကြောင့်လည်းမဟုတ်၊ ဒီမိုကရေစီလိုလားသူ ပြည်သူလူထုကြောင့်လည်းမဟုတ်၊ ဒီမိုကရေစီအင်အားစုများကြောင့်လည်းမဟုတ်၊ ကိုယ်ကျိုးစွန့်ရမည်ဆို လျှင် အိလေးကွလေးဖြင့် အလွယ်လမ်းလိုက်ကာ မှိန်းပြီး ဆရာကြီးလုပ် အကိုးကွယ်ခံချင်၊ အနေအစားချောင် ချင်သည့်သူများနှင့် တပ်မတော်ကြီးတရပ်လုံးအား အိမ်ကျွန်လို ခွေးလို နွားလို အနိုင်ကျင့် ဆက်ဆံနေသော စစ်အာဏာရှင်တစုကြောင့်သာလျှင် ရှင်းမရလောက်အောင် ခက်ခဲနေရခြင်းဖြစ်၏။

ထို့ပြင်တ၀ ပရောဂျက်နှင့် ပရိုပိုဇယ်နိုင်ငံရေးခေတ်ကို ထူထောင်ကာ မိန်းမပေါင်ပေါ် စတော်ဘယ်ရီသီးလျက် ခွေးလိုဟပ်ချင်သည့် ကောင်များကြောင့်လည်း ခက်ခဲနေရခြင်းဖြစ်၏။

တကယ်တမ်း တပ်မတော်မှ မည်သည့်အရာရှိ မည်သည့်ရဲဘော်နှင့်မျှ ဒီမိုကရေစီလိုလားသူ ပြည်သူလူထုတ ရပ်လုံးတွင် ပုဂ္ဂိ္ဂုလ်ရေး အာဃာတမရှိ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိုလ်ရေး အာဃာတမရှိ၊ ထို့ပြင် မည်သည့်လက်နက်ကိုင်အင်အားစုနှင့်မျှလည်း ပုဂ္ဂိုလ်ရေး အာဃာတမရှိ။

တပ်မတော်သည် စစ်အာဏာရှင်၏ ဖျက်ဆီးမှုဖြင့် ဖာသည်ဘ၀သို့ လုံးလုံးရောက်ရ၏။ တော်လှန်ရေးသည် ပရောဂျက် ပရိုပိုဇယ် နိုင်ငံရေးသမားတို့ကြောင့် ဖာသည်ဘ၀ လုံးလုံးရောက်ရ၏။ ပြည်သူလူထု၏ နား၊ မျက်စိ တို့သည်ကား တတိယအုပ်စုလို ကောင်များ၏ နေ့တဓူဝ မုဒိန်းကျင့်မှုဖြင့် ကြိုက်ကုန်းဘ၀သို့ရောက်ရ၏။ ထို ဖာသည်ဘ၀ ကြိုက်ကုန်းဘ၀များကို လုံးလုံးရပ်ကာ အေအိုင်ဒီအက်စ်နှင့်တူသည့် တမျိုးသားလုံး ပျက်သုဉ်း သိက္ခာကျ သေဆုံးခြင်းမဖြစ်ခင် ပြောင်းလဲမှုတရပ်အား ၀ိုင်းဝန်းကြိုးစားလုပ်ဆောင်မှသာလျှင် ကျနော်တို့တိုင်း ပြည်အား ပြန်လည်ကယ်တင်နိုင်မည်ဖြစ်၏။

သို့မဟုတ်ပါက ကျနော်တို့အားလုံး ဖာသည်များဘ၀ဖြင့်သာလျှင် ဖာဇာတ်လမ်းမဆုံးဘဲ ဖာဒီမိုကရေစီတိုင်း ပြည်ကြီးကို ဖာနည်းဖာဟန်ဖြင့် တည်ဆောက်ရုံသာ ရှိတော့သတည်း။

တုတ်ကြီး (တ္တေ - တာဝတိံသာ)

8 comments:

gtalkalwaysidle said...

Definitely Coreect!!
Agree 100%
If we got democracy ,All we have to do first is to prosecute those junta supporters (Kyaw Win,Chit Naing, and all the other Editors of State Media ) .

ko said...

အားလုံးခင်ဗျာ..
ကျွန်တော်ထင်တာဒါနောက်ဆုံးတိုက်ပွဲပဲ..ပြည်တွင်းပြည်ပအားလုံးဆန္ဒပြနေလို့နဲ့မပြီးတော့ဘူး..2007 saffron and 2008 nargis တုန်းကလည်း ဆန္ဒပြတာနဲ့ပဲပြီးသွားတယ်..အဲဒါကိုသိလို့ဒီကောင်တွေဒေါ်စုကိုလှမ်းကိုင်တာ.လူပေါင်းတစ်သိန်းကျော်သေလို့နိုင်ငံတကာက
အော်တာတောင် ဂရုမစိုက်တာဗျာ..
နှစ်ပေါင်း၂၀အတွင်းသူတို့ထိမရတဲ့ဟာက
ိုစကိုင်တယ်ဆိုကတည်းကကျွန်တော်တို့သိသင့်ပြီ..
အခု UN, China, India, US (Obama) တုတ်တုတ်တောင်မလှုပ်ဘူး..ဒီဟာတွေလှုပ်ဖို့ကိုချည်းပဲလုပ်မဲ့အစား..ချရတော့မယ်..
ဒေါ်စုသာထောင်ကျသွားကြည့်..ထောင်ထဲကကျွန်တော်တို့ရဲဘော်တွေ
ဒီတသက်မလွှတ်တော့ဘူး..
ပြည်ပကရဲဘော်တွေလည်းဘာလိုပဲပြောပြော..အိမ်ပြန်ချင်ရင်ခွေးတိုးပေါက်ဝင်သလိုပြန်ရတော့မယ်..
နယ်စပ်ကရဲဘော်တွေရော..? တောထဲမှာပဲဘဝတွေပျက်.လူမသိသူမသိသေတာပဲဖြစ်မယ် (Refugee Program will be gone soon)
ပြည်တွင်းကလူတွေရဲ့ဘဝကရော..စစ်သားကိုဘုရားလိုကိုးကွယ်ရတော့မဲ့အခြေအနေ..
(ဘုန်းကြီးတောင်ဂရုမစိုက်တာ)
အဲဒီတော့ဗျာကုန်ကုန်ပြောရရင်..ကျွန်တော်တို့ဘဝတွေ..လူဘဝ..ခွေးဘဝကနေ..ခွေးဝဲစားဘဝဖြစ်ရမဲ့အခြေအနေ..
အဖြစ်တော့မခံနိုင်ဘူးဆိုရင်..ကျွန်တော်တို့အကြမ်းဖက်ရတော့မယ်.အကြမ်းဖက်တာလုပ်ကိုလုပ်ရတော့မယ်
ဥပမာ..ထောင်ရှေ့မှာစောင့်နေတဲ့ခွေးသားတွေ..ဒလျှိုတွေကြားထဲကိုဗုံးပြစ်ထည့်တာမျိုး..
အားလုံးကိုပိုက်ဆံစုပြီးဗုံးတွေဝယ်ဖို့ပြောပေးပါ..

ပြည်သူပြည်သား said...

Dead Sure!

:-) said...

အရမ်းဟုတ်တဲ့ကိုတုတ်ကြီး

"ကိုယ့်ထမင်းကိုယ် လက်ကြောတင်းအောင်ရှာ၍ တခါဖူးမျှ မစားခဲ့ဖူးသည့် ပြည်ပရောက် ကျွမ်းကျင်သူများ"

ခင်ဗျားပြောတဲ့အတိုင်းပဲကိုယ်အဲဒီသူတွေ..အသံလွှင့်ကလူတွေ ကိုမေးဖူးတယ်..အပြင်ထွက်ရင်အခုရတဲ့ပိုက်ဆံရဖို့နေနေသာသာ..ထမင်းစားဖို့တောင်အနိုင်နိုင်ဆိုတာသိလို့
နေရာလု..သူ့ဆော်ငါ့ဆော်..သူ့ဖားငါ့ဖားလုပ်၇တာလို့ပြောတယ်..ကိုယ်ပြောတာမယုံရင်RFA, VOA, DVB ကလူတွေမေးကြည့်..တိုင်းပြည်အတွက်..ဒီမိုလှုပ်ရှားမှု့အတွက်.အသုံးမဝင်တော့မဲ့အတူတူ..
ခင်ဗျားတို့ထွက်ဗျာ..ဘာပြောကြမလဲဆိုတာ..
ဟား..ဟား

အဲဒါကြောင့် Project ပိုက်ဆံမရတော့မှာစိုးလို့..USA အစိုးရငြိုငြင်မှာစိုးလို့..နအဖငြိုငြင်မှာစိုးလို့..ဆိုပြီး..

မိုးသီးကို RFA/VOA က interview မပေးဘူးဆိုပဲ..
တချိန်လုံး ချကြဟေ့ လို့ အော်နေတာကြောင့်တဲ့..

မ မမ said...

မှန်တယ်
ကျမကိုယ်တိုင်RFA ကထွက်ခဲ့ လို့ ပိုသိတယ်

Unknown said...

Good day

သိပ်ကောင်းတဲ့ Post တစ်ခုပါ ။

Maung said...

ဒီမိုကရေစီ မရသေးတာ ဒီခွေးသတောင်းစားတွေ တော်လို့မဟုတ်ဘူး ၊ ကျုပ်တို့ ညံ့လို့ ။

Unknown said...

Dear Ko Tau Gyi,
I agree with you. Change is coming. Get Ready. We tried to kiss ass them first and them Military Ass.
Good job
Min Zaw