ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်စောင့်ရှောက်သူများရဲ့ တာဝန်အမှန်
(www.masumon.blogspot.com မှ ကူးယူဖော်ပြပါသည်။)
နိုင်ငံတကာသတင်းဌာနတွေနဲ့ ပြည်ပမီဒီယာတချို့မှာ နေအိမ်အကျယ်ချူပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အချူပ်ခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အဖွဲ့ဝင်များဖြစ်တဲ့ ဒေါ်ခင်ခင် ၀င်းနဲ့ သမီးဖြစ်သူ မ၀င်းမမကို အိမ်အကူ အိမ်ဖော်စတဲ့ အသုံးအနှုန်းတွေကို သတင်းတွေမှာ သုံးစွဲနေတာနဲ့ ပတ်သက်ပြီး မိသားစုနဲ့နီးစပ်သူမှ အဖွဲ့ချူပ်အဖွဲ့ဝင် ဒေါ်ခင်ခင်ဝင်းရဲ့ နိုင်ငံရေးဖြတ်သန်းခဲ့တဲ့ သမိုင်းအဆက် ဆက်ကို ပေးပို့လာပါတယ်။(www.masumon.blogspot.com မှ ကူးယူဖော်ပြပါသည်။)
ပြည်တွင်းပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့လည်း အခုလို နိုင်ငံခြားသတင်း ဌာနအချို့မှာပါ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ပြုစုစောင့်ရှောက်ပြီး ကာကွယ်ပေးနေတဲ့ အဖွဲ့ချူပ်အဖွဲ့ ၀င် ဒေါ်ခင်ခင်ဝင်းနဲ့ သမီးဖြစ်သူအပေါ် သေးသိမ်အောင် သုံးနှုန်းနေတဲ့အပေါ် ကူညီဖြေရှင်းပေးကြပါလို့ တောင်းဆိုပါတယ်။ဒေါ်ခင်ခင်ဝင်းဟာ မူလတန်းပြဆရာမ (ဆေးပင်စင်) ဖြစ်ပါတယ်။ ခင်ပွန်းသည်က အထက်တန်းကျောင်းအုပ် ရာထူးနဲ့ ဇနီးသည်ရဲ့ နိုင်ငံရေးတာဝန်ဆောင်ရွက်မှုများကြောင့် ပင်စင်အပေးခံခဲ့ရတာပါ။ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အတွက် ပဲခူးတိုင်းအတွင်း ၀က်ထီးကန်တိုက်နယ် (၅၁) အုပ်စုလုံးကို လှည့်ပတ်စည်းရုံးခဲ့ပြီး စည်းရုံး ရေးအင်အား သုံးထောင်ကျော်နဲ့ ပဲခူးတိုင်းအမျိုးသမီးခေါင်းဆောင်အဖြစ် အဆင့်ဆင့်တက်လာခဲ့သူ ဖြစ်ပါ တယ်။
၄၉ နှစ်မြောက် လွတ်လပ်ရေးပွဲမှာ သံရုံးကို အငြိမ့်ပွဲပါမယ်လို့ ဖိတ်ပြီးသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတည်အောင် ရွှေဒေါင်းညိုရဲ့ တပည့် မြဒေါင်းညို .. ဆိုပြီး ဒေါ်ခင်ခင်ဝင်းကိုယ်တိုင် ၀င်ကပေးနေတဲ့ပုံ
ဒေါ်ခင်ခင်ဝင်းရဲ့ အဖွဲ့ချူပ်လက်ရှိရာထူးက ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဖြစ်ပါတယ်။ (အမျိုးသမီးအဖွဲ့ဝင်အချို့က ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်းတာဝန်များကို ယူနေရသည့်အတွက် ရုံးတက်ပျက်ကွက်ခြင်းကို အ ကြောင်းပြပြီး ဗဟိုအမျိုးသမီးအဖွဲ့ဝင်အဖြစ်မှ လက်မှတ်ထိုး၍ ထွက်ခိုင်းသော်လည်း ဒေါ်အောင်ဆန်းစုကြည် က လက်မခံခဲ့ပါ။) ဒေါ်လှလှမိုးက ဥက္ကဋ္ဌ။ ပဲခူးတိုင်း အမျိုးသမီးအတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းစည်းအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အခု ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲမှာ ဒေါ်ခင်ခင်ဝင်းနဲ့အတူ လိုက်ပါကူညီစောင့်ရှောက်ပေးနေတဲ့ သမီး ၀င်းမမဟာလည်း လူငယ်စည်းရုံးရေးမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။ နိုင်ငံရေးလူပ်ရှားမူတွေမှာ မိ ခင်နှင့်အတူ တောက်လျှောက်လိုက်ပါခဲ့ပြီး အခုချိန်မှာ သူမအနေနဲ့ ကျန်းမာရေးမကောင်းတဲ့ကြားက မိခင်နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။











3 comments:
I always admire for those kinds of people who make a great deal of personal sacrifices for others. Long live DASSK, Daw Khin Win, Ma Win Pa Pa and other freedom fighters. I am really proud of being a Burmese because of those martyrs like you.
အတော်ထူးဆန်းပါလား။ ဒေါ်စုထိမ်းသိမ်းခံရကတည်းက မြန်မာသတင်းဌာန တွေအားလုံးက ဒီအကြောင်းကို ဘာလို့ မရေးကြတာ
လဲ။။ မသိလို့ လား။ သို့ မဟုတ် ထိမ်ချိန်ထားရမဲ့ အချက်လို့  ထင်လို့ လား။ သတင်းအမှန်ကို ပြည်တွင်းပြည်ပ ပြည်သူတွေသိအောင် လုပ်ပေးဖို့  တာဝန်ပျက်ကွက်သလို ဖြစ်ခဲ့ရပြီ။ အခုလို မိသားစုက တောင်းဆိုလာတာမျိုးဆိုတော့ မြန်မာသတင်းဌာနတွေအားလုံးအတွက် မကောင်းပါဘူး ပြန်သုံးသပ်သင့်ပါတယ် မှားတယ်လို့  ယုံကြည်ရင် ရဲရဲဝံ၀ံ တွက်ပြိး တောင်းပန်ရင်ကောင်းမလားလို့ myint2005
ဒီလိုသတင်းမျိုးကိုတင်ပေးတဲ့အတွက်ကျေးဇူးပါ၊
Post a Comment