မနေ့က နစ်နေမန်း စီဘောက်စ်မှာ ဖတ်လိုက်ရတဲ့ NLD CEC အဖွဲ့ဝင်တွေ ဘာလုပ်နေကြလဲ။ ဦးအောင်ရွှေတို့ ဘာလုပ်နေကြလဲဆိုတာတွေ့တော့ အခုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံတရားစွဲဆိုတဲ့ လုပ်ရပ်အ ပေါ်မှာ NLD မှာ ဦးဆောင်ခေါင်းရွက်လုပ်နေပါတယ်ဆိုတဲ့ ဦးအောင်ရွှေနဲ့တကွ NLD CEC အဖွဲ့တွေ ဘာတွေ လုပ်နေတယ်ဆိုတာ သိချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ရုံးထုတ်စစ်ဆေးတဲ့ နေ့ကစလို့ ဘဘဦး ၀င်းတင်ကို အင်းစိန်ထောင်ရှေ့မှာ အများပြည်သူတွေနဲ့အတူ နေ့တိုင်းတွေ့နေရပါတယ်။ ဒီအချိန်မှာ သိသာ ထင်ရှားတာကတော့ ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်ကို အထူးလေးစားမျှော်လင့်နေကြတယ် ဆိုတာပါပဲ။
ပထမဆုံး တရားရုံးထုတ်စစ်ဆေးတဲ့ တနင်္လာနေ့( ၁၈-၅-၀၉ )နံနက်ကစလို့ ပြည်သူတွေဟာ ဒေါ်အောင်ဆန်း စုကြည်အပေါ်မှာ သူတို့ဘယ်လိုသဘောထားရှိတယ်ဆိုတာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အများမြင်ကွင်းမှာထုတ် ဖော်ပြသခဲ့ကြပါတယ်။ အဲဒါကတော့ ရုံးထုတ်ချိန်မတိုင်ခင်ကတည်းထဲက တဖြည်းဖြည်းနဲ့ တယောက်စ နှစ် ယောက်စကနေ စုလာလိုက်ကြတာ ဓာတ်ပုံတွေထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။ နအဖဘက်က လမ်းပိတ် တံတား ပိတ်လက်နက်ကိုင်အပြည့်နဲ့ ရဲကားတွေကို လမ်းပေါ်မှာ အစုလိုက်အစုလိုက် နေရာခွဲချထားပြီး အင်အားပြခြိမ်း ခြောက်တဲ့ကြားက ဒီလောက်လူတွေရှိနေတာကို အံ့သြစရာပါ။
ရန်ကုန်လူထုအနေနဲ့က နအဖရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ခံခဲ့ရတဲ့ ၂၀၀၇ သံယာ့အရေးအခင်းဟာ ၂ နှစ် နီးပါးပဲ ရှိသေးတာမို့ မမေ့လောက်သေးပါဘူး။ ဒါပေမယ့် အဲဒီအကြောက်တရားအပေါ် ဒေါ်အောင်ဆန်းစုကြည် ကို မတရားစွပ်စွဲ ရုံးတင်စစ်ဆေးမယ်ဆိုတဲ့ သတင်းက တွန်းလှန်နိုင်ခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ အဲဒီ သတင်းကြောင့်ပဲ ပြည်သူအများက နအဖရဲ့ ချောက်လှန့်အင်အားပြမှုတွေကို ဂရုမစိုက်ဘဲ တရားရုံးထုတ်တာ ကို လာရောက်စောင့်ဆိုင်း နားစွင့်နေကြတာပါ။
ဒီနေ့ဆို ရုံးထုတ်တာ ၅ ရက်မြောက်ပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလို မတရားစွပ်စွဲ တရားဆိုင်စေတာ နဲ့ပတ်သက်လို့ ဒီအဖြစ်ပျက်ဟာ လုပ်ကြံမှုသက်သက်ဖြစ်ပြီး ချွင်းချက်မရှိ လွှတ်ပေးဖို့ နိုင်ငံတကာက တောင်း ဆိုနေပါတယ်။ နိုင်ငံတကာမှာ အထူးတလည်ဖေါ်ပြပေးနေတဲ့ သတင်းလည်း ဖြစ်ပါတယ်။ အခုလို နိုင်ငံတကာ က စိတ်ဝင်တစားနဲ့ သတင်းတွေရေးကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုကြ၊ လုပ်နေကြတဲ့ အချိန်မှာ NLD အနေနဲ့ လူထုနဲ့ပူးပေါင်းပြီး နအဖကို ဖယ်ရှားဖို့ ကိုင်လှုပ်နိုင်တဲ့အခွင့်အရေးအဖြစ် လုပ်ဆောင် ဖို့ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။
NLD ရဲ့ မြို့နယ်ပေါင်းစုံ ပါတီဝင်တွေ တစုတဝေးထဲ အင်အားပြနိုင်ခဲ့မယ်ဆိုရင် ပြည်သူလူထုတွေအနေနဲ့ ချက် ဆို နားခွက်ကမီးတောက်ဆိုသလို နအဖကိုဆန့်ကျင်နိုင်တဲ့ အခြေအနေတရပ်ကို လုပ်ဆောင်နိုင်ကြမှာပါ။ ဒီနေ ရာမှာ NLD ရဲ့ ဦးဆောင်လှုပ်ရှားမှု လိုအပ်နေပါပြီ။ NLD ရဲ့ လက်ရှိဥက္ကဋ္ဌ နဲ့ NLD သက်ဆိုင်ရာ မြို့နယ်ပါတီ ၀င်တွေ တစည်းတလုံးထဲ အင်အားပြပေးကြပါလို့ ကျွန်မက တောင်းဆိုချင်ပါတယ်။ အဓိက ကတော့ NLD နဲ့ ပြည်သူပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ရေး ဆောင်ရွက်နိုင်ဖို့ပါပဲ။ “နအဖဆင်တဲ့ အကွက် NLD အချက်” လို့ ကြိုးစားလုပ်ဆောင်ပေးကြပါ။ NLD ထိပ်သီးများကို ဆော်သြလိုက်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀ိုင်းဝန်းကြိုးပမ်းပေးကြပါရန်”
ရွှေဆည်းဆာ (ရန်ကုန်မြို့)
၂၂-၅-၀၉
Friday, May 22, 2009
“ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀ိုင်းဝန်းကြိုးပမ်းပေးကြပါရန်”
Posted by ဒေါက်တာလွဏ်းဆွေ at 11:18 PM
Labels: နှိုးဆော်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment